ဒေါ်လာ သန်း ၃၀၀ တန်ဖိုးအကြီးဆုံး ကိုယ်ပိုင်လေယာဉ်ပေါ်ကို သွားလည်ကြရအောင်
Posted on
VIDEO
Photos : Sam Chui
———————-
ဒေါ်လာ သန်း ၃၀၀ တန်္တဲ့ တန်ဖိုးအကြီးဆုံး ကိုယ်ပိုင်လေယာဉ် (unicode)
ဒီလေယာဉ်ကတော့ boeing 787 လေယာဉ်ကို ပြန်လည်ဖန်တီးထားတဲ့ လေယာဉ်ဖြစ်ပြီး 2-DEER လို့အမည်ပေးထားပါတယ်။ Boeing 787 လေယာဉ်က ခရီးသည် ၂၄၀ ကနေ ၃၃၅ဦး ကိုတင်ဆောင်နိုင်တဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပေမယ့် အခုလေယာဉ်ကတော့ ခရီးသည် ၄၀ဦးကိုသာ တင်ဆောင်နိုင်ပါတော့မယ်။ Master Bedroom တွေ ၊ ဧည့်ခန်း နဲ့ စားသောက်ခန်းတွေ ပါဝင်ပြီး လေယာဉ်အတွင်းမှာ ကြယ်ငါးပွင့်ဟိုတယ်အဆင့် တန်ဖိုးကြီးအသုံးအဆောင်တွေကို ထည့်သွင်းထားလို့ပဲဖြစ်ပါတယ်။ ခေတ်မီအသုံးအဆောင်တွေအပြင် အဆင့်မြင့် နည်းပညာတွေကိုလည်း သုံးထားပါသေးတယ်။ စီးနင်းသူ ခရီးသွားတွေဟာ တီဗီ ၊ အဲကွန်း ၊ လျှပ်စစ်မီး စတာတွေကို တက်ပလက်တစ်လုံးနဲ့စိတ်ကြိုက်ထိန်းချုပ်ခွင့်ရှိပါတယ်။ လေယာဉ်တစ်စီးလုံးရဲ့တန်ဖိုးဟာ ဒေါ်လာ သန်း ၃၀၀ ဖြစ်ပါတယ်။ ဇိမ်ခံရွက်သင်္ဘော ၊ ဟယ်လီကော်ပတာ ၊ တန်ဖိုးကြီးလေယာဉ်တွေကို ထုတ်လုပ်တဲ့ တရုတ်နိုင်ငံက Deer Jet ကုမ္ပဏီက ပိုင်ဆိုတဲ့ ဒီလေယာဉ်ကို စင်းလုံးငှားနိုင်ပြီး တစ်နာရီ ငှားခကတော့ ဒေါ်လာ ၇၄၀၀၀ ဖြစ်ပါတယ်။
Photos : Sam Chui
Leave a Reply