ေရရွည္ေျပာင္းလဲမွဳအတြက္ နည္းလမ္းေကာင္းေလး (၅)ခု

Posted on

ေျပာင္းလဲမွဳအေတာ္မ်ားမ်ားဟာ အခ်ိန္ယူရပါတယ္။ သင္ဟာ ေပါင္ ၅၀ ေလာက္ ၀ိတ္က်ဖို႕ ႀကိဳးစားေနတာ ျဖစ္ခ်င္ျဖစ္မယ္။ ဒါမွမဟုတ္ အေၾကြးေတြ မရွိေအာင္ ႀကိဳးစားေနတာလည္း ျဖစ္ခ်င္ျဖစ္မယ္။ ႀကီးႀကီးမားမား ကိစၥတစ္ခုကို လုပ္ဖို႕ႀကိဳးစားေနတာလည္း ျဖစ္ခ်င္ျဖစ္မယ္၊ ဥပမာ- စာအုပ္တစ္အုပ္ ေရးဖို႕၊ ဒါမွမဟုတ္ အိမ္ကို အသစ္ျပန္ေဆာက္ဖို႕။ သင့္ရဲ႕ရည္မွန္းခ်က္ဟာ ဘာပဲျဖစ္ျဖစ္၊ အဲဒီရည္မွန္းခ်က္ဟာ သင့္ဘ၀မွာ ႀကီးမားတဲ့အေျပာင္းအလဲတစ္ခုကို ျဖစ္ေစမယ္လုိ႕ သင္ သိပါတယ္။

အဲဒီရည္မွန္းခ်က္ကို ျဖစ္ေျမာက္ေအာင္လုပ္ဖုိ႕ရာ အေၾကာင္းျပခ်က္ေတြလည္း သင့္မွာ ရွိမွာပါပဲ။ ဒါေပမဲ့ အဲဒါေတြက ဘယ္ေတာ့မွ မလုံေလာက္ပါဘူး။
သင့္ရည္မွန္းခ်က္ ေအာင္ျမင္ေစမယ့္ အလုပ္ေတြကို ေန႕စဥ္ေန႕တုိင္း စြဲစြဲၿမဲၿမဲလုပ္သြားဖို႕ဆုိတာ အမွန္တကယ္ပဲ ခက္ခဲႏုိင္ပါတယ္။ ဥပမာ – သင္ဟာ ေပါင္ ၅၀ ေလာက္၀ိတ္ခ်ဖို႕ ရည္မွန္းတယ္ဆုိပါစို႕။ ဒီကေန႕အတြက္ အခ်ိဳပြဲေလးကို မစားဘဲေနလုိက္ဖုိ႕ဆိုတာ ေပါင္ ၅၀ ၀ိတ္က်ဖို႕ဆိုတဲ့ ရည္မွန္းခ်က္အတြက္ သိပ္အေရးမပါေလာက္ဘူးလို႕ ထင္ရပါတယ္။ ဒါေပမဲ့ အဲဒီလိုလုပ္မယ္ဆုိရင္လည္း သင္ဟာ သင့္ရည္မွန္းခ်က္နဲ႕ အလွမ္းေ၀းေနဦးမွာပါပဲ။

အေၾကြးေဒၚလာ သုံးေသာင္းကို ဆပ္ဖို႕ လုိေနတယ္ဆိုပါစို႕။ ဒါဆိုရင္ ငါးေဒၚလာ ေကာ္ဖီတစ္ခြက္ကို ေခၽြတာဖို႕ဆိုတာဟာလည္း သိပ္အေရးမပါဘူးလုိ႕ ထင္ရပါတယ္။ ႀကီးမားတဲ့ရည္မွန္းခ်က္တုိင္းဟာ ဒီလိုမ်ိဳး ေျခလွမ္းေသးေသးေလးေတြနဲ႕ ေပါင္းစည္းၿပီးေတာ့မွသာ ေအာင္ျမင္သြားတာပါ။ သင္ ပုံမွန္စားေနက် အစားအစားေတြထဲမွာ အခ်ိဳပြဲေလးတစ္ပြဲေလာက္ ေလွ်ာ့စားလုိက္တာဟာ ၀ိတ္ခ်ဖို႕အတြက္ သိပ္အေရးမပါဘူးလို႕ ထင္ရတာေတာ့ မွန္ပါတယ္။

ဒါေပမဲ့ အဲဒီလို ေန႕စဥ္ေန႕တုိင္း အခ်ိဳပြဲေတြ စားေနမယ္ဆိုရင္ေတာ့ ေရရွည္မွာ ၀ိတ္ခ်ဖို႕ဆိုတာ မျဖစ္ႏုိင္ပါဘူး။ အဲဒီလိုပါပဲ၊ သင့္မွာ အေၾကြးေတြအမ်ားႀကီးရွိေနတယ္၊ ငါးေဒၚလာေလာက္ သုံးလုိက္ဖို႕ဆုိတာ သိပ္အေရးမႀကီးဘူးလို႕ ထင္ရပါတယ္။ ဒါေပမဲ့ ေငြ ေသးေသးေလးေတြ စုေပါင္းလုိက္တဲ့အခါ အႀကီးႀကီးျဖစ္လာပါတယ္။ သင္ဟာ ေရရွည္ရည္မွန္းခ်က္တစ္ခုအတြက္ ရုန္းကန္ေနရတယ္ဆုိရင္ ဒီ နည္းလမ္းငါးခုထဲက တစ္ခု ဒါမွမဟုတ္ တစ္ခုထက္ပိုၿပီးေတာ့ ႀကိဳးစားၾကည့္ပါ။

၁။ သင့္ရဲ႕ “ဘာေၾကာင့္” ဆုိတာကို ခ်ေရးပါ

သင့္မွာ ေျပာင္းလဲမွဳအတြက္ အေၾကာင္းျပခ်က္တစ္ခုရွိပါတယ္။ အမ်ားႀကီးလည္း ျဖစ္ခ်င္ျဖစ္ႏုိင္ပါတယ္။ စာရြက္တစ္ရြက္ကို ယူလုိက္ပါ။ ဒါမွမဟုတ္ သင့္ရဲ႕ကြန္ပ်ဴတာထဲမွာပဲ document တစ္ခုကို ဖြင့္လုိက္ပါ။ ၿပီးေတာ့ အဲဒီေျပာင္းလဲမွဳဟာ သင့္အတြက္ ဘာေၾကာင့္အေရးရသလဲဆုိတာကို အတိအက် ခ်ေရးပါ။ အဲဒီေျပာင္းလဲမွဳကေန ရလာမယ့္ အက်ိဳးေက်းဇူးေတြက ဘာေတြလဲ? သင္ မေျပာင္းလဲဘူးဆိုရင္ ဘာဆိုးက်ိဳးေတြ ျဖစ္လာမလဲ ?
အဲဒါေတြကို သင္ဟာ စာရင္းတစ္ခုလို list လုပ္ၿပီးလည္း ေရးႏုိင္ပါတယ္။ ဒါမွမဟုတ္ သင့္ရဲ႕ ရည္မွန္းခ်က္ကို ေအာင္ျမင္သြားတဲ့အခါ သင့္ရဲ႕ဘ၀ဟာ ဘယ္လုိျဖစ္လာမလဲ၊ အဲဒါကို စာပိုဒ္တစ္ပုိဒ္လုိလည္း ခ်ေရးႏိုင္ပါတယ္။

ဥပမာ :
ရည္မွန္းခ်က္ – ေပါင္ ၅၀ ၀ိတ္က်ရန္
အေၾကာင္းျပခ်က္မ်ား –
– ပိုၿပီးေတာ့ က်န္းမာလာမယ္

– ခႏၶာကိုယ္အခ်ိဳးအစား က်နလာမယ္
– ပိုၿပီး ဆြဲေဆာင္မွဳရွိမယ္
– ကိုယ့္ကိုယ္ကိုယ္ ပိုၿပီး ယုံၾကည္မွဳရွိလာမယ္

ဒါမွမဟုတ္ စာပိုဒ္နဲ႕ ေရးမယ္ဆုိရင္- ဥပမာ –
“ ငါ့မွာ အေၾကြးေတြမရွိေတာ့ဘူး။ ငါ အမ်ားႀကီး ပိုၿပီး ေပ်ာ္ရႊင္လာတယ္။ ညမွာလည္း ပိုၿပီး ေကာင္းေကာင္းအိပ္ေပ်ာ္တယ္။ အတက္အက် နည္းနည္းေလးေတြက ငါ့ကို စိတ္ဖိစီးမွဳ မျဖစ္ေစႏုိင္ဘူး။ အခုဆုိ ငါ့မွာ ေရြးခ်ယ္စရာေတြလည္း အမ်ားႀကီးရွိလာၿပီ။ ”

၂။ လြယ္ႏုိင္သမွ် လြယ္ကူေအာင္ လုပ္ပါ

ေျပာင္းလဲမွဳအားလုံးဟာ အလုပ္ကို လိုအပ္ပါတယ္။ ဒါေပမဲ့ သင္ဟာ အလုပ္ေတြကို ပိုၿပီးေတာ့ လြယ္လြယ္ကူကူလုပ္ႏုိင္ေလ၊ သင့္ရဲ႕ ရည္မွန္းခ်က္လမ္းေၾကာင္းမွာ ဆက္ရွိေနဖို႕အတြက္ အခြင့္အလမ္းေတြ ပိုရေလပါပဲ။ ႀကီးမားတဲ့ေျပာင္းလဲမွဳတစ္ခုရဲ႕အစမွာ အခ်ိန္နဲ႕ ခြန္အားေတြကို ရင္းႏွီးျမွဳပ္ႏွံျခင္းဟာလည္း ထုိက္တန္ပါတယ္။

သင္ဟာ အစားအေသာက္မွာ ေျပာင္းလဲဖို႕ဆုံးျဖတ္ထားတယ္ဆုိပါစို႕။ ဒါဆုိရင္ ပုံမွန္ သင္ခ်က္ျပဳတ္ႏုိင္မယ့္ က်န္းမာေစတဲ့ အစားအစားေတြကို ဘီရိုထဲမွာ ထည့္ထားပါ။ ခ်က္ျပဳတ္တဲ့အခါ သင့္ရဲ႕ ဘီရိုထဲမွာ အဲဒီအစားအစာေတြဟာ အဆင္သင့္ရွိေနတဲ့အတြက္ တျခားအရာေတြကို မခ်က္ျပဳတ္မိေတာ့ပါဘူး။ ဒါဟာ ပုိၿပီး လြယ္ကူေစပါတယ္။

၃။ ေရွ႕တစ္မုိင္အတြက္သာ ရည္မွန္းပါ

တစ္ခါတစ္ရံမွာ အဆုံးသတ္ပန္းတုိင္ဟာ အရမ္းအလွမ္းေ၀းေနေတာ့ သင္ အဲဒါကို မျမင္ႏုိင္ပါဘူး။
ရည္မွန္းခ်က္က ႀကီးမားလြန္းေနတဲ့အခါ အဲဒီရည္မွန္းခ်က္ကို ေအာင္ျမင္ဖုိ႕ လေတြ၊ ႏွစ္ေတြ ဘယ္ေလာက္ၾကာမယ္ဆုိတာကို စဥ္းစားလုိက္ရင္ စိတ္ဓာတ္က်စရာပါပဲ။

အဆုံးသတ္ပန္းတုိင္ကို စိတ္ပူေနမယ့္အစား ေရွ႕တစ္မုိင္ကို အာရုံစိုက္ပါ။ ဥပမာ – သင္ဟာ စာအုပ္တစ္အုပ္ ေရးဖို႕ရည္မွန္းထားတယ္ဆုိပါစို႕။ သင့္ရဲ႕ ပထမဆုံးတစ္မုိင္ဟာ စာမ်က္ႏွာ ၁၀ မ်က္ႏွာေလာက္ စေရးျဖစ္ဖို႕ပါပဲ။ အဲဒီေနာက္ ေနာက္ထပ္ ၁၀ မ်က္ႏွာ။ အဲဒီလိုမ်ိဳး ေရွ႕တစ္မုိင္ခ်င္းစီကို အာရုံစိုက္သြားပါ။

၄။ ေအာင္ျမင္မွဳ ႀကိဳးတန္းကို တည္ေဆာက္ပါ

သင္ဟာ စၿပီးေတာ့ ေအာင္ျမင္ၿပီဆုိရင္ သင့္ကို အဲဒီလမ္းေၾကာင္းေပၚမွာ ရွိေနေစမယ့္ အရာမွန္သမွ်ကို လုပ္ပါ။ သင့္ရဲ႕ ရည္မွန္းခ်က္အတြက္ သင္ အလုပ္လုပ္တဲ့ေန႕ရက္ေတြကို ေန႕စဥ္ သုိ႕မဟုတ္ အပတ္စဥ္တုိင္း ျပကၡဒိန္မွာ မွတ္သားထားပါ။
သင့္ရဲ႕ ရည္မွန္းခ်က္ဟာ စာအုပ္တစ္အုပ္ ေရးဖုိ႕လုိ႕ ဆိုၾကပါစို႕။ ဒီေတာ့ သင္ဟာ ေန႕စဥ္ေန႕တုိင္း စာလုံးေရ ၃၀၀ ေလာက္ ေရးဖို႕ ဆုံးျဖတ္လိုက္တယ္။ ဒါဟာ အမ်ားႀကီးမဟုတ္ပါဘူး ( ဒီစာရဲ႕ ငါးပုံတစ္ပုံေလာက္ပဲ ရွိပါတယ္ )။

ဒါေပမဲ့ အဲဒီ ေန႕စဥ္ေန႕တုိင္း စာလုံးေရး ၃၀၀ ဟာ (၇)လအတြင္းမွာ စာလုံးေရ ေျခာက္ေသာင္းရွိတဲ့ စာအုပ္တစ္အုပ္ ျဖစ္လာပါလိမ့္မယ္။ သင္ စိတ္မပါတဲ့အခါမ်ိဳးမွာ စာေရးဖို႕ အာသီသမရွိဘူးဆိုရင္ အဲဒီေန႕တစ္ေန႕ကို စာမေရးဘဲ ေနႏုိင္ပါတယ္။ အဲဒီေန႕ကို ျပကၡဒိန္မွာ မွတ္သားမထားပါနဲ႕။
သင့္ရည္မွန္းခ်က္အတြက္ လုပ္ေဆာင္တဲ့ ေန႕ရက္ေတြကိုသာ မွတ္သားထားပါ။ သင့္ရဲ႕ ျပကၡဒိန္က အမွတ္အသားေလးေတြဟာ ႀကိဳးတန္းေလးတစ္ခုလိုျဖစ္လာၿပီဆုိရင္ေတာ့ သင္ဟာ အဲဒီႀကိဳးတန္းေလးကို ျဖတ္ပစ္ခ်င္မွာ မဟုတ္ပါဘူး။

၅။ သင့္ေအာင္ျမင္မွဳကို ဆင္ႏႊဲပါ

သင္ဟာ သင့္ရည္မွန္းခ်က္အတြက္ တစ္ခုခုကို ေအာင္ျမင္တဲ့အခါတုိင္း အဲဒီေအာင္ျမင္မွဳကို ဆင္ႏႊဲပါ။ ညစာထြက္စားပါ။ သင္ သိမ္းထားတဲ့ ၀ိုင္ေကာင္းေကာင္း တစ္ပုလင္းကို ဖြင့္ေသာက္ပါ။ စာအုပ္အသစ္တစ္အုပ္ ဒါမွမဟုတ္ DVD ဇာတ္ကားသစ္တစ္ကားၾကည့္ပါ။ အပန္းေျဖခရီးထြက္ခ်င္ထြက္ပါ။ ဒါမွမဟုတ္ သင့္ ေငြေၾကးအေျခအေနအရ အဆင္ေျပမယ့္ တစ္ခုခုကိုလည္း လုပ္ႏုိ္င္ပါတယ္။

သင့္ရဲ႕ ေအာင္ျမင္မွဳကို တျခားလူေတြလည္း သိပါေစ။ Facebook မွာ ေၾကညာလိုက္ပါ။ ဒါမွမဟုတ္ သင့္ေအာင္ျမင္ခဲ့တာကို Blog ေရးပါ။ သင့္ကို ခ်ီးက်ဴးဂုဏ္ျပဳတဲ့ “Congratulations!” မက္ေဆ့ခ်္ေတြကို အမ်ားႀကီးရမွာ ေသခ်ာပါတယ္။ ဒါ့အျပင္ သင္ဟာ အျခားလူေတြကို သူတုိ႕ရဲ႕ ရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖုိ႕အတြက္ နည္းလမ္းျပေပးလိုက္သလုိလည္း ျဖစ္ေစႏုိင္ပါတယ္။

Via : Your Life Success


ရေရှည်ပြောင်းလဲမှုအတွက် နည်းလမ်း(၅)ခု (unicode)

ပြောင်းလဲမှုအတော်များများဟာ အချိန်ယူရပါတယ်။ သင်ဟာ ပေါင် ၅၀ လောက် ဝိတ်ကျဖို့ ကြိုးစားနေတာ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အကြွေးတွေ မရှိအောင် ကြိုးစားနေတာလည်း ဖြစ်ချင်ဖြစ်မယ်။ ကြီးကြီးမားမား ကိစ္စတစ်ခုကို လုပ်ဖို့ကြိုးစားနေတာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဥပမာ- စာအုပ်တစ်အုပ် ရေးဖို့၊ ဒါမှမဟုတ် အိမ်ကို အသစ်ပြန်ဆောက်ဖို့။ သင့်ရဲ့ရည်မှန်းချက်ဟာ ဘာပဲဖြစ်ဖြစ်၊ အဲဒီရည်မှန်းချက်ဟာ သင့်ဘဝမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို ဖြစ်စေမယ်လို့ သင် သိပါတယ်။

အဲဒီရည်မှန်းချက်ကို ဖြစ်မြောက်အောင်လုပ်ဖို့ရာ အကြောင်းပြချက်တွေလည်း သင့်မှာ ရှိမှာပါပဲ။ ဒါပေမဲ့ အဲဒါတွေက ဘယ်တော့မှ မလုံလောက်ပါဘူး။
သင့်ရည်မှန်းချက် အောင်မြင်စေမယ့် အလုပ်တွေကို နေ့စဉ်နေ့တိုင်း စွဲစွဲမြဲမြဲလုပ်သွားဖို့ဆိုတာ အမှန်တကယ်ပဲ ခက်ခဲနိုင်ပါတယ်။ ဥပမာ – သင်ဟာ ပေါင် ၅၀ လောက်ဝိတ်ချဖို့ ရည်မှန်းတယ်ဆိုပါစို့။ ဒီကနေ့အတွက် အချိုပွဲလေးကို မစားဘဲနေလိုက်ဖို့ဆိုတာ ပေါင် ၅၀ ဝိတ်ကျဖို့ဆိုတဲ့ ရည်မှန်းချက်အတွက် သိပ်အရေးမပါလောက်ဘူးလို့ ထင်ရပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်မယ်ဆိုရင်လည်း သင်ဟာ သင့်ရည်မှန်းချက်နဲ့ အလှမ်းဝေးနေဦးမှာပါပဲ။

အကြွေးဒေါ်လာ သုံးသောင်းကို ဆပ်ဖို့ လိုနေတယ်ဆိုပါစို့။ ဒါဆိုရင် ငါးဒေါ်လာ ကော်ဖီတစ်ခွက်ကို ချွေတာဖို့ဆိုတာဟာလည်း သိပ်အရေးမပါဘူးလို့ ထင်ရပါတယ်။ ကြီးမားတဲ့ရည်မှန်းချက်တိုင်းဟာ ဒီလိုမျိုး ခြေလှမ်းသေးသေးလေးတွေနဲ့ ပေါင်းစည်းပြီးတော့မှသာ အောင်မြင်သွားတာပါ။ သင် ပုံမှန်စားနေကျ အစားအစားတွေထဲမှာ အချိုပွဲလေးတစ်ပွဲလောက် လျှော့စားလိုက်တာဟာ ဝိတ်ချဖို့အတွက် သိပ်အရေးမပါဘူးလို့ ထင်ရတာတော့ မှန်ပါတယ်။

ဒါပေမဲ့ အဲဒီလို နေ့စဉ်နေ့တိုင်း အချိုပွဲတွေ စားနေမယ်ဆိုရင်တော့ ရေရှည်မှာ ဝိတ်ချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီလိုပါပဲ၊ သင့်မှာ အကြွေးတွေအများကြီးရှိနေတယ်၊ ငါးဒေါ်လာလောက် သုံးလိုက်ဖို့ဆိုတာ သိပ်အရေးမကြီးဘူးလို့ ထင်ရပါတယ်။ ဒါပေမဲ့ ငွေ သေးသေးလေးတွေ စုပေါင်းလိုက်တဲ့အခါ အကြီးကြီးဖြစ်လာပါတယ်။ သင်ဟာ ရေရှည်ရည်မှန်းချက်တစ်ခုအတွက် ရုန်းကန်နေရတယ်ဆိုရင် ဒီ နည်းလမ်းငါးခုထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီးတော့ ကြိုးစားကြည့်ပါ။

၁။ သင့်ရဲ့ “ဘာကြောင့်” ဆိုတာကို ချရေးပါ

သင့်မှာ ပြောင်းလဲမှုအတွက် အကြောင်းပြချက်တစ်ခုရှိပါတယ်။ အများကြီးလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ စာရွက်တစ်ရွက်ကို ယူလိုက်ပါ။ ဒါမှမဟုတ် သင့်ရဲ့ကွန်ပျူတာထဲမှာပဲ document တစ်ခုကို ဖွင့်လိုက်ပါ။ ပြီးတော့ အဲဒီပြောင်းလဲမှုဟာ သင့်အတွက် ဘာကြောင့်အရေးရသလဲဆိုတာကို အတိအကျ ချရေးပါ။ အဲဒီပြောင်းလဲမှုကနေ ရလာမယ့် အကျိုးကျေးဇူးတွေက ဘာတွေလဲ? သင် မပြောင်းလဲဘူးဆိုရင် ဘာဆိုးကျိုးတွေ ဖြစ်လာမလဲ ?
အဲဒါတွေကို သင်ဟာ စာရင်းတစ်ခုလို list လုပ်ပြီးလည်း ရေးနိုင်ပါတယ်။ ဒါမှမဟုတ် သင့်ရဲ့ ရည်မှန်းချက်ကို အောင်မြင်သွားတဲ့အခါ သင့်ရဲ့ဘဝဟာ ဘယ်လိုဖြစ်လာမလဲ၊ အဲဒါကို စာပိုဒ်တစ်ပိုဒ်လိုလည်း ချရေးနိုင်ပါတယ်။

ဥပမာ :
ရည်မှန်းချက် – ပေါင် ၅၀ ဝိတ်ကျရန်
အကြောင်းပြချက်များ –
– ပိုပြီးတော့ ကျန်းမာလာမယ်

– ခန္ဓာကိုယ်အချိုးအစား ကျနလာမယ်
– ပိုပြီး ဆွဲဆောင်မှုရှိမယ်
– ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှုရှိလာမယ်

ဒါမှမဟုတ် စာပိုဒ်နဲ့ ရေးမယ်ဆိုရင်- ဥပမာ –
“ ငါ့မှာ အကြွေးတွေမရှိတော့ဘူး။ ငါ အများကြီး ပိုပြီး ပျော်ရွှင်လာတယ်။ ညမှာလည်း ပိုပြီး ကောင်းကောင်းအိပ်ပျော်တယ်။ အတက်အကျ နည်းနည်းလေးတွေက ငါ့ကို စိတ်ဖိစီးမှု မဖြစ်စေနိုင်ဘူး။ အခုဆို ငါ့မှာ ရွေးချယ်စရာတွေလည်း အများကြီးရှိလာပြီ။ ”

၂။ လွယ်နိုင်သမျှ လွယ်ကူအောင် လုပ်ပါ

ပြောင်းလဲမှုအားလုံးဟာ အလုပ်ကို လိုအပ်ပါတယ်။ ဒါပေမဲ့ သင်ဟာ အလုပ်တွေကို ပိုပြီးတော့ လွယ်လွယ်ကူကူလုပ်နိုင်လေ၊ သင့်ရဲ့ ရည်မှန်းချက်လမ်းကြောင်းမှာ ဆက်ရှိနေဖို့အတွက် အခွင့်အလမ်းတွေ ပိုရလေပါပဲ။
ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုရဲ့အစမှာ အချိန်နဲ့ ခွန်အားတွေကို ရင်းနှီးမြှုပ်နှံခြင်းဟာလည်း ထိုက်တန်ပါတယ်။

သင်ဟာ အစားအသောက်မှာ ပြောင်းလဲဖို့ဆုံးဖြတ်ထားတယ်ဆိုပါစို့။ ဒါဆိုရင် ပုံမှန် သင်ချက်ပြုတ်နိုင်မယ့် ကျန်းမာစေတဲ့ အစားအစားတွေကို ဘီရိုထဲမှာ ထည့်ထားပါ။ ချက်ပြုတ်တဲ့အခါ သင့်ရဲ့ ဘီရိုထဲမှာ အဲဒီအစားအစာတွေဟာ အဆင်သင့်ရှိနေတဲ့အတွက် တခြားအရာတွေကို မချက်ပြုတ်မိတော့ပါဘူး။ ဒါဟာ ပိုပြီး လွယ်ကူစေပါတယ်။

၃။ ရှေ့တစ်မိုင်အတွက်သာ ရည်မှန်းပါ

တစ်ခါတစ်ရံမှာ အဆုံးသတ်ပန်းတိုင်ဟာ အရမ်းအလှမ်းဝေးနေတော့ သင် အဲဒါကို မမြင်နိုင်ပါဘူး။
ရည်မှန်းချက်က ကြီးမားလွန်းနေတဲ့အခါ အဲဒီရည်မှန်းချက်ကို အောင်မြင်ဖို့ လတွေ၊ နှစ်တွေ ဘယ်လောက်ကြာမယ်ဆိုတာကို စဉ်းစားလိုက်ရင် စိတ်ဓာတ်ကျစရာပါပဲ။

အဆုံးသတ်ပန်းတိုင်ကို စိတ်ပူနေမယ့်အစား ရှေ့တစ်မိုင်ကို အာရုံစိုက်ပါ။ ဥပမာ – သင်ဟာ စာအုပ်တစ်အုပ် ရေးဖို့ရည်မှန်းထားတယ်ဆိုပါစို့။ သင့်ရဲ့ ပထမဆုံးတစ်မိုင်ဟာ စာမျက်နှာ ၁၀ မျက်နှာလောက် စရေးဖြစ်ဖို့ပါပဲ။ အဲဒီနောက် နောက်ထပ် ၁၀ မျက်နှာ။ အဲဒီလိုမျိုး ရှေ့တစ်မိုင်ချင်းစီကို အာရုံစိုက်သွားပါ။

၄။ အောင်မြင်မှု ကြိုးတန်းကို တည်ဆောက်ပါ

သင်ဟာ စပြီးတော့ အောင်မြင်ပြီဆိုရင် သင့်ကို အဲဒီလမ်းကြောင်းပေါ်မှာ ရှိနေစေမယ့် အရာမှန်သမျှကို လုပ်ပါ။ သင့်ရဲ့ ရည်မှန်းချက်အတွက် သင် အလုပ်လုပ်တဲ့နေ့ရက်တွေကို နေ့စဉ် သို့မဟုတ် အပတ်စဉ်တိုင်း ပြက္ခဒိန်မှာ မှတ်သားထားပါ။
သင့်ရဲ့ ရည်မှန်းချက်ဟာ စာအုပ်တစ်အုပ် ရေးဖို့လို့ ဆိုကြပါစို့။ ဒီတော့ သင်ဟာ နေ့စဉ်နေ့တိုင်း စာလုံးရေ ၃၀၀ လောက် ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါဟာ အများကြီးမဟုတ်ပါဘူး ( ဒီစာရဲ့ ငါးပုံတစ်ပုံလောက်ပဲ ရှိပါတယ် )။

ဒါပေမဲ့ အဲဒီ နေ့စဉ်နေ့တိုင်း စာလုံးရေး ၃၀၀ ဟာ (၇)လအတွင်းမှာ စာလုံးရေ ခြောက်သောင်းရှိတဲ့ စာအုပ်တစ်အုပ် ဖြစ်လာပါလိမ့်မယ်။ သင် စိတ်မပါတဲ့အခါမျိုးမှာ စာရေးဖို့ အာသီသမရှိဘူးဆိုရင် အဲဒီနေ့တစ်နေ့ကို စာမရေးဘဲ နေနိုင်ပါတယ်။ အဲဒီနေ့ကို ပြက္ခဒိန်မှာ မှတ်သားမထားပါနဲ့။
သင့်ရည်မှန်းချက်အတွက် လုပ်ဆောင်တဲ့ နေ့ရက်တွေကိုသာ မှတ်သားထားပါ။ သင့်ရဲ့ ပြက္ခဒိန်က အမှတ်အသားလေးတွေဟာ ကြိုးတန်းလေးတစ်ခုလိုဖြစ်လာပြီဆိုရင်တော့ သင်ဟာ အဲဒီကြိုးတန်းလေးကို ဖြတ်ပစ်ချင်မှာ မဟုတ်ပါဘူး။

၅။ သင့်အောင်မြင်မှုကို ဆင်နွှဲပါ

သင်ဟာ သင့်ရည်မှန်းချက်အတွက် တစ်ခုခုကို အောင်မြင်တဲ့အခါတိုင်း အဲဒီအောင်မြင်မှုကို ဆင်နွှဲပါ။ ညစာထွက်စားပါ။ သင် သိမ်းထားတဲ့ ဝိုင်ကောင်းကောင်း တစ်ပုလင်းကို ဖွင့်သောက်ပါ။ စာအုပ်အသစ်တစ်အုပ် ဒါမှမဟုတ် DVD ဇာတ်ကားသစ်တစ်ကားကြည့်ပါ။ အပန်းဖြေခရီးထွက်ချင်ထွက်ပါ။ ဒါမှမဟုတ် သင့် ငွေကြေးအခြေအနေအရ အဆင်ပြေမယ့် တစ်ခုခုကိုလည်း လုပ်န်ိုင်ပါတယ်။
သင့်ရဲ့ အောင်မြင်မှုကို တခြားလူတွေလည်း သိပါစေ။ Facebook မှာ ကြေညာလိုက်ပါ။ ဒါမှမဟုတ် သင့်အောင်မြင်ခဲ့တာကို Blog ရေးပါ။ သင့်ကို ချီးကျူးဂုဏ်ပြုတဲ့ “Congratulations!” မက်ဆေ့ခ်ျတွေကို အများကြီးရမှာ သေချာပါတယ်။ ဒါ့အပြင် သင်ဟာ အခြားလူတွေကို သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် နည်းလမ်းပြပေးလိုက်သလိုလည်း ဖြစ်စေနိုင်ပါတယ်။

Your Life Success

Leave a Reply