လူသိနည္းတဲ့ ကမာၻ႔ဒုတိယအျမင့္ဆုံးေတာင္ (သုိ႔) K2 ေတာင္အေၾကာင္း

Posted on

ကမာၻ႔အျမင့္ဆုံးေတာင္လုိ႔ ဆုိလုိက္ရင္ ဧ၀ရက္ေတာင္ ဆုိတာ အားလုံးသိၾကမွာျဖစ္ေပမယ့္ ကမာၻ႔ဒုတိယအျမင့္ဆုံးေတာင္ကိုေတာ့ သိတဲ့သူနည္းမွာပါ။

တကယ္ေတာ့ ကမာၻ႔ ဒုတိယအျမင့္ဆုံးေတာင္ဟာ ဧ၀ရက္ေတာင္တည္ရွိရာ နီေပါႏုိင္ငံရဲ႕ မနီးမေ၀း ပါကစၥတန္နဲ႔ တရုတ္နယ္စပ္မွာ တည္ရွိပါတယ္။

ဒီေတာင္ကိုေတာ့ အတုိေကာက္အေနနဲ႔ K2 လုိ႔ေခၚၾကသလုိ Mount Godwin-Austen ၊ Chhogori စတဲ့ နာမည္ေတြလည္းေခၚၾကပါေသးတယ္။

ပါကစၥတန္ ေျမာက္ပုိင္း Gilgit-Baltistan ေဒသ နဲ႔ တရုတ္ႏိုင္ငံ Xinjiang ေဒသအစပ္မွာ တည္ရွိတာျဖစ္ပါတယ္။

အမ်ားစု မသိၾကတဲ့ K2 ေတာင္ရဲ႕အေၾကာင္းကို သုတဇုန္မိတ္ေဆြမ်ားအတြက္ ဗဟုသုတအေနနဲ႔မွ်ေ၀သြားပါမယ္။

K2 ေတာင္ဟာ အျမင့္ ၈၆၁၁မီတာရွိၿပီး ဧ၀ရက္ေတာင္က ၈၈၄၈မီတာရွိတဲ့အတြက္ ဧ၀ရက္ေတာင္က၂၃၇မီတာပုိျမင့္ပါတယ္။

ဧ၀ရက္ေတာင္က ဟိမ၀ႏာၱေတာင္အစုမွာပါ၀င္သလုိ K2ေတာင္က Karakoram ေတာင္အစုမွာပါ၀င္ပါတယ္။

ဘူမိေဗဒပညာရွင္မ်ားရဲ႕စစ္ေဆးခ်က္အရ K2ေတာင္သက္တမ္းဟာ ႏွစ္သန္းေပါင္း ၁၁၅သန္း နဲ႔ ၁၂၀သန္း ၾကား ရွိၿပီလုိ႔သိရပါတယ္။

K2 ဆိုတဲ့နာမည္ကုိေတာ့ ၁၈၅၂ခုႏွစ္မွာ ၿဗိတိန္ ေျမျပင္စစ္ေဆးေရးသမား T.G. Montgomerie က ေပးခဲ့တာျဖစ္ပါတယ္။

ဒီေတာင္ရဲ႕ေတာင္အစု Karakoram က အေရွ႕စာလုံး K နဲ႔ ဒုတိယေတာင္ထြတ္မွာစာရင္းသြင္းတဲ့အတြက္ 2 ကုိေပါင္းၿပီး K2 လုိ႔ေပးခဲ့တာျဖစ္ပါတယ္။

Mount Godwin Austen ဆုိတဲ့အမည္ကေတာ့ ၁၉ရာစု အစပိုင္းက ပထမဆုံးစစ္ေဆးေရးသမား Col. H.H. Godwin Austen ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ေပးခဲ့တာပဲျဖစ္ပါတယ္။

Chhogori ကေတာ့ ေဒသခံေတြကေပးတဲ့နာမည္ျဖစ္ၿပီး Chhogo ဆုိတာ ‘ႀကီးမားေသာ’ ၊ Ri ဆုိတာ’ေတာင္’ ျဖစ္တာေၾကာင့္ ‘ႀကီးမားေသာေတာင္ ၊ ေတာင္ႀကီး’ လုိ႔အဓိပၸါယ္ရပါတယ္။

တက္ရခက္ခဲၿပီးလူေပါင္းမ်ားစြာကို ေသေစခဲ့တဲ့အတြက္ K2 ကို ရက္စက္ၾကမ္းၾကဳတ္ေသာေတာင္ လုိ႔လည္းေခၚၾကပါေသးတယ္။

တက္ေရာက္ေအာင္ျမင္သူ ၃၀၀ ၀န္းက်င္ရွိခဲ့ၿပီး မေအာင္ျမင္ပဲေသဆုံးသူက ၇၇ ေယာက္ရွိခဲ့ပါတယ္။

ေလးေယာက္တက္ႏုိင္တုိင္းမွာ ၁ေယာက္ေသဆုံးတဲ့ႏႈန္းျဖစ္ပါတယ္။

ေသဆုံးႏႈန္း ဒုတိယအမ်ားဆုံးေတာင္ျဖစ္ၿပီး ပထမေသဆုံးႏႈန္းအမ်ားဆုံးကေတာ့ ဒသမအျမင့္ဆုံးေတာင္ျဖစ္တဲ့ Annapurna ေတာင္ပဲျဖစ္ပါတယ္။

Annapurna ေတာင္ကုိ ၁၉၁ေယာက္တက္ေရာက္ေအာင္ျမင္ၿပီး ၆၁ေယာက္ေသဆုံးခဲ့ပါတယ္။

K2 ေတာင္ကို ပါကစၥတန္ဘက္ျခမ္းကေရာ တရုတ္ဘက္ျခမ္းကပါ တက္ေရာက္ႏုိင္ေပမယ့္ တရုတ္ဘက္ျခမ္းက တက္ဖုိ႔အလြန္ခက္တဲ့အတြက္ ေတာင္တက္သမားအမ်ားစုဟာ ပါကစၥတန္ဘက္ကသာ တက္ၾကပါတယ္။

ေတာင္တက္သမားေတြဟာ ေရခဲေတာင္ၿပဳိတာေတြ ၊ ႏွင္းမႈန္တုိင္းတုိက္တာေတြ အၿမဲျဖစ္ေလ့ရွိတဲ့ ေဆာင္းရာသီမွာ လုံး၀တက္ေလ့မရွိၾကပါဘူး။ အမ်ားဆုံးတက္ၾကတဲ့လကေတာ့ ဇူလုိင္လ နဲ႔ ၾသဂုတ္လေတြျဖစ္ပါတယ္။

အဆုိးဆုံးကေတာ့ ေအာက္ဆီဂ်င္ျပတ္တာျဖစ္ၿပီး ေတာင္ထိပ္ပုိင္းမွာ ေအာက္ဆီဂ်င္ဟာ ပုံမွန္ ၃ပုံ၁ပုံေတာင္ မရွိေတာ့ပါဘူး။

ဒုတိယအခက္အခဲကေတာ့ တစ္ခါတုိက္ရင္ ရက္ေပါင္းမ်ားစြာၾကာေလ့ရွိတဲ့ ႏွင္းမႈန္တုိင္းေတြရဲ႕အႏၱရာယ္ျဖစ္ၿပီး တတိယကေတာ့ မတ္ေစာက္လြန္းတာေၾကာင့္ မၾကာခဏေခ်ာ္ၾကႏုိင္တဲ့ ေက်ာက္ေဆာင္ေတြျဖစ္ပါတယ္။

ဒီေတာင္ထိပ္ေပၚကုိ ၁၉၀၂ခုႏွစ္တည္းက တက္ေရာက္ဖုိ႔အႀကိမ္ႀကိမ္ႀကဳိးစားခဲ့ၾကေပမယ့္ ၁၉၅၄ခုႏွစ္ထိ မည္သူမွေရာက္ခဲ့ျခင္းမရွိပဲ မေအာင္မျမင္ျဖစ္ခဲ့ၾကပါတယ္။

၁၉၅၄ခုႏွစ္မွာေတာ့ အီတလီေတာင္တက္သမား Ardito Desio ဦးေဆာင္မႈနဲ႔အတူ Achille Compagnoni နဲ႔ Lino Lacedelli တုိ႔ပါ၀င္တဲ့ေတာင္တက္အဖြဲ႔က ပထမဆုံးေအာင္ျမင္စြာတက္ေရာက္ႏုိင္ခဲ့ၾကပါတယ္။

ပထမဆုံးေတာင္ထိပ္အထိ တက္ေရာက္ႏုိင္တဲ့အမ်ဳိးသမီးကေတာ့ ပိုလန္သူ Wanda Rutkiewicz ျဖစ္ပါတယ္။

အသက္အႀကီးဆုံးတက္ေရာက္ႏုိင္ခဲ့သူကေတာ့ ၂၀၀၄ခုႏွစ္မွာတက္ခဲ့တဲ့ အသက္ ၆၅ႏွစ္အရြယ္ စပိန္ေတာင္တက္သမား Carlos Soria Fontán ပဲျဖစ္ပါတယ္။

၁၉၈၆ခုႏွစ္ကေတာ့ K2 ေတာင္တက္သမားေတြ ကံဆုိးတဲ့ႏွစ္ျဖစ္ၿပီး တစ္ႏွစ္အတြင္း လူ ၁၃ဦးေသဆုံးခဲ့ပါတယ္။

ေနာက္ဆုံးတက္ခဲ့သူကေတာ့ ၿဗိတိန္-အေမရိကန္ေတာင္တက္သမ Vanessa O’Brien ျဖစ္ၿပီး ဇူလုိင္လ ၂၈ရက္ေန႔ ၂၀၁၇ရက္ေန႔တက္ေရာက္ခဲ့တာပဲျဖစ္ပါတယ္။

ဒီေအာင္ျမင္မႈေၾကာင့္သူမဟာ K2 ေတာင္ကုိ ပထမဆုံး ၿဗိတိန္-အေမရိကန္ ေတာင္တက္သမျဖစ္လာခဲ့ပါတယ္။

3D အျမင္နဲ႔ K2 ေတာင္ကိုတက္ၾကည့္ခ်င္ရင္ ေအာက္ကဗီဒီယုိကို ၾကည့္ႏုိင္ပါတယ္။

————————–
လူသိနည်းတဲ့ ကမ္ဘာ့ဒုတိယအမြင့်ဆုံးတောင် (သို့) K2 တောင်အကြောင်း (unicode)

ကမ္ဘာ့အမြင့်ဆုံးတောင်လို့ ဆိုလိုက်ရင် ဧဝရက်တောင် ဆိုတာ အားလုံးသိကြမှာဖြစ်ပေမယ့် ကမ္ဘာ့ဒုတိယအမြင့်ဆုံးတောင်ကိုတော့ သိတဲ့သူနည်းမှာပါ။ တကယ်တော့ ကမ္ဘာ့ ဒုတိယအမြင့်ဆုံးတောင်ဟာ ဧဝရက်တောင်တည်ရှိရာ နီပေါနိုင်ငံရဲ့ မနီးမဝေး ပါကစ္စတန်နဲ့ တရုတ်နယ်စပ်မှာ တည်ရှိပါတယ်။ ဒီတောင်ကိုတော့ အတိုကောက်အနေနဲ့ K2 လို့ခေါ်ကြသလို Mount Godwin-Austen ၊ Chhogori စတဲ့ နာမည်တွေလည်းခေါ်ကြပါသေးတယ်။ ပါကစ္စတန် မြောက်ပိုင်း Gilgit-Baltistan ဒေသ နဲ့ တရုတ်နိုင်ငံ Xinjiang ဒေသအစပ်မှာ တည်ရှိတာဖြစ်ပါတယ်။ အများစု မသိကြတဲ့ K2 တောင်ရဲ့အကြောင်းကို သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့မျှဝေသွားပါမယ်။

K2 တောင်ဟာ အမြင့် ၈၆၁၁မီတာရှိပြီး ဧဝရက်တောင်က ၈၈၄၈မီတာရှိတဲ့အတွက် ဧဝရက်တောင်က၂၃၇မီတာပိုမြင့်ပါတယ်။ ဧဝရက်တောင်က ဟိမ၀န္တာတောင်အစုမှာပါဝင်သလို K2တောင်က Karakoram တောင်အစုမှာပါဝင်ပါတယ်။ ဘူမိဗေဒပညာရှင်များရဲ့စစ်ဆေးချက်အရ K2တောင်ဟာ နှစ်သန်းပေါင်း ၁၁၅သန်း နဲ့ ၁၂ဝသန်း ကြား ရှိပြီလို့သိရပါတယ်။

K2 ဆိုတဲ့နာမည်ကိုတော့ ၁၈၅၂ခုနှစ်မှာ ဗြိတိန် မြေပြင်စစ်ဆေးရေးသမား T.G. Montgomerie က ပေးခဲ့တာဖြစ်ပါတယ်။ ဒီတောင်ရဲ့တောင်အစု Karakoram က အရှေ့စာလုံး K နဲ့ ဒုတိယတောင်ထွတ်မှာစာရင်းသွင်းတဲ့အတွက် 2 ကိုပေါင်းပြီး K2 လို့ပေးခဲ့တာဖြစ်ပါတယ်။

Mount Godwin Austen ဆိုတဲ့အမည်ကတော့ ၁၉ရာစု အစပိုင်းက ပထမဆုံးစစ်ဆေးရေးသမား Col. H.H. Godwin Austen ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးခဲ့တာပဲဖြစ်ပါတယ်။ Chhogori ကတော့ ဒေသခံတွေကပေးတဲ့နာမည်ဖြစ်ပြီး Chhogo ဆိုတာ ‘ကြီးမားသော’ ၊ Ri ဆိုတာ’တောင်’ ဖြစ်တာကြောင့် ‘ကြီးမားသောတောင် ၊ တောင်ကြီး’ လို့အဓိပ္ပါယ်ရပါတယ်။

တက်ရခက်ခဲပြီးလူပေါင်းများစွာကို သေစေခဲ့တဲ့အတွက် K2 ကို ရက်စက်ကြမ်းကြုတ်သောတောင် လို့လည်းခေါ်ကြပါသေးတယ်။ တက်ရောက်အောင်မြင်သူ ၃၀၀ ဝန်းကျင်ရှိခဲ့ပြီး မအောင်မြင်ပဲသေဆုံးသူက ၇၇ ယောက်ရှိခဲ့ပါတယ်။ လေးယောက်တက်နိုင်တိုင်းမှာ ၁ယောက်သေဆုံးတဲ့နှုန်းဖြစ်ပါတယ်။ သေဆုံးနှုန်း ဒုတိယအများဆုံးတောင်ဖြစ်ပြီး ပထမသေဆုံးနှုန်းအများဆုံးကတော့ ဒသမအမြင့်ဆုံးတောင်ဖြစ်တဲ့ Annapurna တောင်ပဲဖြစ်ပါတယ်။ Annapurna တောင်ကို ၁၉၁ယောက်တက်ရောက်အောင်မြင်ပြီး ၆၁ယောက်သေဆုံးခဲ့ပါတယ်။

K2 တောင်ကို ပါကစ္စတန်ဘက်ခြမ်းကရော တရုတ်ဘက်ခြမ်းကပါ တက်ရောက်နိုင်ပေမယ့် တရုတ်ဘက်ခြမ်းက တက်ဖို့အလွန်ခက်တဲ့အတွက် တောင်တက်သမားအများစုဟာ ပါကစ္စတန်ဘက်ကသာ တက်ကြပါတယ်။ တောင်တက်သမားတွေဟာ ရေခဲတောင်ပြိုတာတွေ ၊ နှင်းမှုန်တိုင်းတိုက်တာတွေ အမြဲဖြစ်လေ့ရှိတဲ့ ဆောင်းရာသီမှာ လုံးဝတက်လေ့မရှိကြပါဘူး။ အများဆုံးတက်ကြတဲ့လကတော့ ဇူလိုင်လ နဲ့ ဩဂုတ်လတွေဖြစ်ပါတယ်။ အဆိုးဆုံးကတော့ အောက်ဆီဂျင်ပြတ်တာဖြစ်ပြီး တောင်ထိပ်ပိုင်းမှာ အောက်ဆီဂျင်ဟာ ပုံမှန် ၃ပုံ၁ပုံတောင် မရှိတော့ပါဘူး။ ဒုတိယအခက်အခဲကတော့ တစ်ခါတိုက်ရင် ရက်ပေါင်းများစွာကြာလေ့ရှိတဲ့ နှင်းမှုန်တိုင်းတွေရဲ့အန္တရာယ်ဖြစ်ပြီး တတိယကတော့ မတ်စောက်လွန်းတာကြောင့် မကြာခဏချော်ကြနိုင်တဲ့ ကျောက်ဆောင်တွေဖြစ်ပါတယ်။

ဒီတောင်ထိပ်ပေါ်ကို ၁၉၀၂ခုနှစ်တည်းက တက်ရောက်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ကြပေမယ့် ၁၉၅၄ခုနှစ်ထိ မည်သူမှရောက်ခဲ့ခြင်းမရှိပဲ မအောင်မမြင်ဖြစ်ခဲ့ကြပါတယ်။ ၁၉၅၄ခုနှစ်မှာတော့ အီတလီတောင်တက်သမား Ardito Desio ဦးဆောင်မှုနဲ့အတူ Achille Compagnoni နဲ့ Lino Lacedelli တို့ပါဝင်တဲ့တောင်တက်အဖွဲ့က ပထမဆုံးအောင်မြင်စွာတက်ရောက်နိုင်ခဲ့ကြပါတယ်။ ပထမဆုံးတောင်ထိပ်အထိ တက်ရောက်နိုင်တဲ့အမျိုးသမီးကတော့ ပိုလန်သူ Wanda Rutkiewicz ဖြစ်ပါတယ်။ အသက်အကြီးဆုံးတက်ရောက်နိုင်ခဲ့သူကတော့ ၂၀၀၄ခုနှစ်မှာတက်ခဲ့တဲ့ အသက် ၆၅နှစ်အရွယ် စပိန်တောင်တက်သမား Carlos Soria Fontán ပဲဖြစ်ပါတယ်။ ၁၉၈၆ခုနှစ်ကတော့ K2 တောင်တက်သမားတွေ ကံဆိုးတဲ့နှစ်ဖြစ်ပြီး တစ်နှစ်အတွင်း လူ ၁၃ဦးသေဆုံးခဲ့ပါတယ်။ နောက်ဆုံးတက်ခဲ့သူကတော့ ဗြိတိန်-အမေရိကန်တောင်တက်သမ Vanessa O’Brien ဖြစ်ပြီး ဇူလိုင်လ ၂၈ရက်နေ့ ၂၀၁၇ရက်နေ့တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအောင်မြင်မှုကြောင့်သူမဟာ K2 တောင်ကို ပထမဆုံး ဗြိတိန်-အမေရိကန် တောင်တက်သမဖြစ်လာခဲ့ပါတယ်။

အမြင်နဲ့ K2 တောင်ကိုတက်ကြည့်ချင်ရင် အောက်ကဗီဒီယိုကို ကြည့်နိုင်ပါတယ်။

Leave a Reply