ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏ လူသိနည္းေသာျဖစ္ရပ္(၁၀) ခု

Posted on

Tomorrow Journal

(၁) ဗုိလ္ခ်ဳပ္ေအာင္ဆန္း တကၠသုိလ္မွ ဘဲြ႕ရ/မရ ျငင္းခံုမႈမ်ား
၂၀၁၅ ခု ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔တြင္ ႏွစ္ ၁၀၀ျပည့္ခဲ့သည့္ လြတ္လပ္ေရး ဗိသုကာ အမ်ဳိးသား ေခါင္းေဆာင္ႀကီး ဗုိလ္ခ်ဳပ္ေအာင္ဆန္းသည္ တကၠသုိလ္မွ ဘဲြ႕ရ/မရႏွင့္ ပတ္သက္ၿပီး ျငင္းခံုမႈမ်ား ျဖစ္ေပၚလ်က္ရွိသည္။ ယင္းကိစၥႏွင့္ ပတ္သက္ၿပီး ဗုိလ္ခ်ဳပ္ေအာင္ဆန္း ကုိယ္တုိင္ ေရးသားခဲ့ေသာ စာတြင္လည္း “ရန္ကုန္တကၠသုိလ္တြင္ ၆ ႏွစ္ခဲြေနခဲ့၍ ႏုိင္ငံေရး စိတ္သန္မႈေၾကာင့္ ေက်ာင္းစာမ်ား မေလ့က်က္သျဖင့္ ဘီေအအတန္းအထိ ေအာင္႐ုံသာ ေအာင္ခဲ့သည္”ဟု အတိအလင္း ေဖာ္ျပထားသည္။
“ေအာင္ဆန္းသည္ အခ်ိန္ျပည့္ ေက်ာင္းသားႏုိင္ငံေရး လုပ္ေနသည့္ၾကားမွ ၁၉၃၇ ခုႏွစ္ မတ္လတြင္ က်င္းပေသာ ဘီေအစာေမးပဲြကုိ အဂၤလိပ္စာေပ ေခတ္သစ္ ရာဇ၀င္၊ ႏုိင္ငံေရး ဘာသာေဗဒမ်ားျဖင့္ ေခ်ာေမာစြာ ေအာင္ျမင္သည္။၁၉၃၇-၃၈ ခုႏွစ္တြင္ ေအာင္ဆန္းသည္ ေက်ာင္းသား ႏုိင္ငံေရး သာမက တုိင္းျပည္လြတ္လပ္ေရး အတြက္ပါ ေဆာင္ရြက္ေနရကာ ဥပေဒ ပထမႏွစ္ စာေမးပဲြ ႐ႈံးေလသည္။ သူ၏ ပထမဦးဆံုးႏွင့္ ေနာက္ဆံုး ႐ႈံးျခင္းေပတည္း။ ေအာင္ဆန္းကား ေအာင္ထားေသာ ဘီေအဘဲြ႕ကုိပင္ ဘဲြ႕ႏွင္းသဘင္၌ တက္မယူေပ။ (ဗုိလ္ခ်ဳပ္အစ္ကုိျဖစ္သူ ဦးေအာင္သန္း ေရးသားခဲ့သည့္ တကၠသုိလ္ေက်ာင္းသား ဘ၀ ေအာင္ဆန္း မွတ္တမ္းမ်ားမွ)
ထုိ႔ေၾကာင့္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းသည္ ျမန္မာႏုိင္ငံ လြတ္လပ္ေရးရရွိရန္ တကၠသုိလ္ေက်ာင္း ပညာေရးအား စြန္႔ခြာ၍ ေက်ာင္းထြက္ၿပီး ႏုိင္ငံေရး လုပ္သည္ဆုိေသာ ေျပာဆုိခ်က္၊ ေရးသားခ်က္မ်ားသည္ မွားယြင္းေၾကာင္း ေတြ႕ရွိရသည္။

(၂) ဗုိလ္ခ်ဳပ္လူ တကယ္ သတ္/မသတ္
ဖက္ဆစ္ေတာ္လွန္ေရး၊ နယ္ခ်ဲ႕ဆန္႔က်င္ေရး ကာလအတြင္း ျမန္မာ့တပ္မေတာ္ကုိ တည္ေထာင္ခဲ့သည့္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းသည္ ေတာ္လွန္ေရးအတြင္း လူတကယ္ သတ္/မသတ္ ျငင္းခံုေျပာဆုိမႈမ်ား ရွိခဲ့သည္။
ထုိကိစၥႏွင့္ ပတ္သက္၍ “၁၉၄၅ ခု ႏုိ၀င္ဘာ ၁၄ ရက္တြင္ ျမန္မာႏုိင္ငံ အတြင္း၀န္ခ်ဳပ္က ၿဗိတိသွ် အစုိးရ ျမန္မာႏုိင္ငံ အတြင္း၀န္ထံ စာတစ္ေစာင္ ေရးသား ေပးပုိ႔သည့္ စာတြင္ ၁၉၄၂ ဂ်ပန္တပ္မေတာ္ႏွင့္ ျမန္မာ့ လြတ္လပ္ေရး တပ္မေတာ္ မုတၱမမွ သထံုသုိ႔ ခ်ီတက္လာစဥ္ သထံုခ႐ုိင္ ေပါင္ၿမိဳ႕နယ္ သဲျဖဴကုန္းရြာ (သထံုမွ ၃၃ မုိင္ အကြာ)တြင္ ဘာဘူႀကီး အဗၺဒူရာရွစ္အား သထံု ေဘာလံုးကြင္း အတြင္း သတ္ျဖတ္မႈ၌ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ပါ၀င္ ပတ္သက္ေနသည့္ အတြက္ တရားစဲြဆုိရန္ အႀကံျပဳထားသည္”
ဤကိစၥႏွင့္ ပတ္သက္၍ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ကုိယ္တုိင္ ဖဆပလအဖဲြ႕ ဥကၠ႒ တာ၀န္ယူေသာ အခ်ိန္၌ “သတင္းစံု”ဂ်ာနယ္ ေၾကညာခ်က္ေဆာင္းပါး “ကၽြႏ္ုပ္၏ လိပ္ျပာကား အစဥ္သန္႔ရွင္းလ်က္”ျဖင့္ အတိအလင္း ၀န္ခံထားၿပီး ျဖစ္သည္။
ယင္းျဖစ္စဥ္တြင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း လူသတ္မႈ က်ဴးလြန္သည္ကုိ ဘုရင္ခံ၏ ဆႏၵအရ လႊတ္ေတာ္တြင္ ကုိယ္စားလွယ္မ်ား အျဖစ္ တာ၀န္ယူေနေသာ သခင္ထြန္းအုပ္ႏွင့္ သခင္ ေက်ာ္စိန္တုိ႔က လုိအပ္လွ်င္ သက္ေသလုိက္ေပးမည္ဟု ေျပာဆုိၿပီး ဗုိလ္ခ်ဳပ္ကုိ ထုိးႏွက္ခဲ့ေသာ္လည္း အဂၤလိပ္အစုိးရ ေမွ်ာ္လင့္သလို ဗုိလ္ခ်ဳပ္သည္ လူသတ္မႈျဖင့္ ျပစ္ဒဏ္မက်ခဲ့ေပ။ ေနာက္ပုိင္းတြင္ ေသၿပီးသား အဂၤလိပ္ စစ္သား အေလာင္း ၃ ေလာင္းအား ေခါင္းျဖတ္ခဲ့ၿပီး သူရဲေကာင္း သဖြယ္ ျပဳမူခဲ့သည့္ သခင္ထြန္းအုပ္၏ အျဖစ္အပ်က္ကုိ သတင္းစာမ်ားက ထုတ္ေဖာ္ၿပီး အရွက္ခဲြခဲ့သည္။

(၃) ဗုိလ္ခ်ဳပ္ အဂၤလိပ္စကားေျပာ ေကာင္း/မေကာင္း
ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ မေကြးတုိင္း နတ္ေမာက္ၿမိဳ႕နယ္တြင္ ေမြးဖြားခဲ့သည့္ အတြက္ အဂၤလိပ္စကား သင္ၾကားေပးရန္ ေက်ာင္းေကာင္းေကာင္း မရွိခဲ့ေပ။ အသက္ရွစ္ႏွစ္သား အရြယ္အထိ ေက်ာင္းမေနခဲ့ဘဲ ေနာက္မွသာ နတ္ေမာက္ရွိ ဒီပကၤရာေက်ာင္း ေခၚ ဦးေသာဘိတေက်ာင္းသုိ႔ တက္ေရာက္ ပညာသင္ၾကားသည္။ ထုိေက်ာင္းသည္ ဘုန္းႀကီးေက်ာင္း ျဖစ္ေသာ္လည္း အတန္းေက်ာင္း ျဖစ္ေသာေၾကာင့္ ေလာကဓာတ္ ေက်ာင္းဟု ေခၚေ၀ၚခ့ဲသည္။
ထုိ႔ေနာက္ ေရနံေခ်ာင္း အမ်ဳိးသားေက်ာင္းမွ ေအာင္ျမင္ၿပီး တကၠသိုလ္ ေရာက္သည့္အခါ တကၠသုိလ္ ေက်ာင္းေဆာင္ အမႈေဆာင္ ေရြးခ်ယ္ပဲြတြင္ ေအာင္ဆန္း၏ ႒ာန္က႐ုိဏ္း မက်ေသာ အဂၤလိပ္ စကားေၾကာင့္ ေက်ာင္းသားမ်ား၏ ေလွာင္ေျပာင္ျခင္း ခံခဲ့ရသည္။ သုိ႔ေသာ္ တကၠသုိလ္တြင္ ေက်ာင္းအုပ္ႀကီး မစၥတာ စေလာ့၏ ေခြးမ်ားကုိ ထိန္းေက်ာင္းရေသာ စေကာ့တလန္ လူမ်ဳိး ၀ီလီယံႏွင့္အတူ အင္းယား ကန္ေဘာင္တြင္ မနက္တုိင္း လုိက္ၿပီး ေလ့က်င့္ခဲ့သည့္အတြက္ ေအာင္ဆန္းသည္ အဂၤလိပ္ တစ္ဦး ႏွင့္မျခား ေျပာဆုိလာႏုိင္သည္။

(၄)မေအာင္ျမင္ေသာ အေမြ ေတာင္းခန္း
ဗုိလ္ခ်ဳပ္ေအာင္ဆန္းသည္ တုိင္းျပည္ေခါင္းေဆာင္ ျဖစ္လာေသာ္လည္း စီးပြားေရး ေကာင္းမြန္ေသာသူ မဟုတ္ေပ။ ေဒၚခင္ၾကည္ႏွင့္ အိမ္ေထာင္က်ၿပီးေနာက္ သားသမီးမ်ား တစ္ႏွစ္ တစ္ေယာက္ ထြန္းကားခဲ့သည္။ သားအႀကီး ႏွစ္ဦးျဖစ္ေသာ ေအာင္ဆန္းဦးႏွင့္ ေအာင္ဆန္းလင္းတုိ႔ ေမြးစဥ္က စိတ္မပူပန္ေသာ ဗုိလ္ခ်ဳပ္သည္ သမီးေလး ေအာင္ဆန္းစုၾကည္ ေမြးဖြားလာေသာအခါ သမီးေလး အတြက္ စိတ္ပူပန္တတ္လာသည္။ ထုိ႔ေၾကာင့္ သမီးေလး အရြယ္ ေရာက္ေသာအခါ ရွင္ျပဳနားသ လုပ္ရာတြင္ ၀တ္ဆင္စရာ မရွိမည္ စုိးသည့္အတြက္ နတ္ေမာက္ၿမိဳ႕ရွိ မိခင္ျဖစ္သူ ေဒၚစုထံ သြားေရာက္ၿပီး သမီးအတြက္ ေရႊနားေတာင္းကုိ အေမြေတာင္းခဲ့သည္။ မိခင္ ျဖစ္သူကလည္း သူ႔တြင္ ေအာင္ဆန္း တစ္ဦးတည္း ေမြးထားျခင္း မဟုတ္ဘဲ က်န္သားသမီးမ်ားပါ ရွိေနသည့္ အတြက္ မ်က္ႏွာလုိက္၍ အေမြမေပးႏုိင္ေၾကာင္း ေျပာဆုိသည့္အတြက္ ဗုိလ္ခ်ဳပ္၏ အေမြေတာင္းခန္းမွာ မေအာင္မျမင္ျဖင့္ စခန္းသိမ္းခဲ့ရသည္။

(၅) ဗုိလ္ခ်ဳပ္ အၿငိမ့္မင္း သမီးျဖင့္ အၿငိမ့္စင္ေပၚတြင္ ကျပျခင္း
၁၉၄၂ ခုႏွစ္က တပ္မေတာ္ အတြင္း အခမ္းအနားတစ္ခု ျပဳလုပ္ၿပီး ညပုိင္းတြင္ တပ္မေတာ္ အရာရွိမ်ားကုိ အၿငိမ့္ျဖင့္ ကျပ ေဖ်ာ္ေျဖခဲ့သည္။ ထုိအခ်ိန္က ဗမာ့တပ္မေတာ္အား ဂ်ပန္ကုိ ျပန္လည္ ေတာ္လွန္ရန္အတြက္ တိတ္တဆိတ္ အစီအစဥ္ ခ်မွတ္ေနရခ်ိန္ ျဖစ္သည္။ ဧည့္ခံပဲြသုိ႔ အစုိးရ အဓိပတိ ေဒါက္တာဘေမာ္ အပါအ၀င္ စစ္ေသနာပတိ ဗုိလ္ခ်ဳပ္ ေအာင္ဆန္းလည္း တက္ေရာက္ခဲ့သည္။ ဗမာ့တပ္မေတာ္၏ ထိပ္တန္းတပ္မွဴးမ်ား အျပင္ နယ္မွ ေရာက္ေနေသာ စစ္ဗုိလ္မ်ားလည္း ရွိေနၿပီး ဂ်ပန္ႏွင့္ နီးစပ္ေနေသာ ေဒါက္တာဘေမာ္ကုိ အျမင္ မၾကည္လင္သည့္ အခ်ိန္ ျဖစ္သည္။ ထုိ႔ေၾကာင့္ အရက္မူးေနေသာ ဗုိလ္ျမဟန္ ဦးေဆာင္ကာ အဓိပတိ ေဒါက္တာ ဘေမာ္အား အၿငိမ့္မင္းသမီးျဖင့္ သီခ်င္းတဲြဆုိရန္ ေတာင္းဆုိၾကသည္။ အဓိက ရည္ရြယ္ခ်က္မွာ ေဒါက္တာဘေမာ္အား သိကၡာခ်လုိ၍ ျဖစ္သည္။ ေဒါက္တာ ဘေမာ္ကလည္း ျငင္းဆုိ၍ မျဖစ္သည့္ အတြက္ စင္ေပၚတက္ၿပီး ျပင္သစ္သီခ်င္း တစ္ပုဒ္ကုိ သီဆုိေဖ်ာ္ေျဖခဲ့သည္။ သုိ႔ေသာ္ အရက္မူးေနေသာ တပ္မွဴးမ်ားက ေဒါက္တာဘေမာ္ကုိ ထပ္မံ ေတာင္းဆုိေနသည့္ အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေတာ္လွန္ေရး ကိစၥအား မရိပ္မိေစရန္ ဆူဆူေအာင့္ေအာင့္ျဖင့္ စင္ေပၚတက္လာၿပီး မင္းသမီး လက္ကုိဆဲြကာ အခ်ဳိးမက်ေသာ ပုံစံျဖင့္ တဲြဖက္ကျပခဲ့သည္။ ထုိအခါမွ အခမ္းအနားတြင္ ရွိေနေသာသူ အားလံုး ၿငိမ္သက္သြားခဲ့သည္။

(၆) ဗုိလ္ခ်ဳပ္ သတင္းစာ အဖတ္မွားျခင္း
တုိ႔ဗမာ အစည္းအ႐ုံးတြင္ တစ္ရက္၌ သခင္ေအာင္ဆန္းသည္ သတင္းစာ ဂ်ာနယ္မ်ားကုိ ဖတ္လ်က္ရွိသည္။ သတင္းစာ တစ္ေစာင္ကုိ ဖတ္ေနရင္း ေတာင္တြင္းႀကီးတြင္ မီးေလာင္သည္ဟု ဖတ္ၿပီး လႈပ္လႈပ္ရွားရွား ျဖစ္သြားသည္။ အဘယ့္ေၾကာင့္ဆုိေသာ္ ေတာင္တြင္းႀကီးတြင္ သခင္ ေအာင္ဆန္း၏ ေဆြမ်ဳိးမ်ား ရွိေနေသာေၾကာင့္ ျဖစ္သည္။ ထုိ႔ေၾကာင့္ သတင္းစာကုိ ပစ္ခ်ကာ ေတာင္တြင္းႀကီးသုိ႔ မီးေဘး သတင္းေမးရန္ အလ်င္စလို ထြက္ခြာသြားသည္။ တုိ႔ဗမာ အစည္းအ႐ုံးမွ လုပ္ေဖာ္ကုိင္ဘက္မ်ားက သတင္းစာကုိ ျပန္ဖတ္ၾကည့္ရာ မီးေလာင္ေသာၿမိဳ႕သည္ ေတာင္တြင္းႀကီး မဟုတ္ဘဲ ေတာင္ႀကီး ျဖစ္ေနသည္ကုိ ေတြ႕ရေလသည္။ ၃၊၄ရက္ ၾကာေသာအခါ သခင္ ေအာင္ဆန္းသည္ တုိ႔ဗမာ အစည္းအ႐ုံးသုိ႔ ျပန္ေရာက္လာၿပီး သတင္းစာ အဖတ္မွားၿပီး ေတာင္တြင္းႀကီး ေရာက္ခဲ့သည္ဟု ၿပံဳးၿဖဲၿဖဲျဖင့္ ဆုိရွာသည္။

(၇) တကသ ဥကၠ႒အား ဆဲဆုိ ႀကိမ္းေမာင္းျခင္း
ဗုိလ္ခ်ဳပ္ေအာင္ဆန္းသည္ တပ္မေတာ္မွထြက္ၿပီး ဖဆပလ ဥကၠ႒အျဖစ္ ျမန္မာႏုိင္ငံ လြတ္လပ္ေရးရရန္ အားသြန္ခြန္စုိက္ ေဆာင္ရြက္ေနခ်ိန္ ျဖစ္သည္။ ထုိအခ်ိန္တြင္ ရန္ကုန္ တကၠသုိလ္ရွိ ေက်ာင္းသားမ်ားႏွင့္ တကသ အဖဲြ႕အစည္းမ်ားကလည္း ဖဆပလကုိ ၀ုိင္း၀န္း ေထာက္ခံပံ့ပုိး ေနခ်ိန္ျဖစ္သည္။ သုိ႔ေသာ္ တကသ ဥကၠ႒ သူရိယ ဦးသန္းေမာင္ ေခါင္းေဆာင္ေသာ ေက်ာင္းသားမ်ားသည္ ဖဆပလ အစုိးရအဖဲြ႕ ကုိယ္စား ဗုိလ္ခ်ဳပ္ ေအာင္ဆန္းအား ေတြ႕ဆံုၿပီး ေတာင္းဆုိခ်က္ ၁၀ခ်က္ကုိ ေတာင္းဆုိခဲ့သည္။ ဗုိလ္ခ်ဳပ္သည္ ႏုိင္ငံလြတ္လပ္ေရးရရန္ အလုပ္ ႐ႈပ္ေနသည့္ အတြက္ ႐ုတ္တရက္ ေဒါသထြက္သြားၿပီး သူရိယ ဦးသန္းေမာင္ႏွင့္ ေက်ာင္းသားမ်ားကုိ ဆဲဆုိႀကိမ္းေမာင္းခဲ့သည္။ ထုိ႔ေနာက္ ေက်ာင္းသားမ်ား ေတာင္းဆုိေသာ အခ်က္မ်ားအား ဖတ္႐ႈၿပီး ပတ္ကားေဖာင္တိန္ျဖင့္ ျခစ္ကာ “ဒါရမယ္ ဒါရမယ္ ဒါမရဘူး ဒါမရဘူး ေတာ္ေတာ္ ေစာက္လုပ္႐ႈပ္တဲ့ သန္းေမာင္ သြား…….ျပန္ေတာ့”ဟု ေမာင္းထုတ္ ခဲ့ဖူးေၾကာင္း သူရိယ ဦးသန္းေမာင္မွ မကြယ္လြန္မီ အမွတ္တရ ေျပာျပခဲ့ဖူးသည္။

(၈)ဖဲြ႕စည္းပံု အေျခခံ ဥပေဒ ျပင္ဆင္ေရးႏွင့္ ဗုိလ္ခ်ဳပ္ ေအာင္ဆန္း
၁၉၄၇ ခုႏွစ္ ဖဲြ႕စည္းပံု အေျခခံ ဥပေဒကုိ ထုိအခ်ိန္က ေရွ႕ေနခ်ဳပ္ ဦးခ်န္ထြန္းမွ ေရးဆဲြခဲ့သည္။ ထုိဖဲြ႕စည္းပံု အေျခခံ ဥပေဒထဲတြင္ ႏုိင္ငံေတာ္၏ ဘာသာအျဖစ္ ဗုဒၶဘာသာအား ထည့္သြင္းထားျခင္းကုိ ဒီးဒုတ္ဦးဘခ်ဳိ ဦးေဆာင္ကာ ေရးဆဲြခဲ့သည္။ ထုိအခ်က္ႏွင့္ ပတ္သက္၍ ပင္လံုစာခ်ဳပ္ ျဖစ္ေျမာက္ေရး အတြက္ အေရးပါခဲ့ေသာ ဦးေဖခင္က အႀကီးအက်ယ္ ကန္႔ကြက္ခဲ့၍ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ကုိယ္တုိင္ အစည္းအေ၀း ေခၚယူခဲ့ရသည္။ ဗုိလ္ခ်ဳပ္က ဒီးဒုတ္ဦးဘခ်ဳိႏွင့္ ဦးခ်န္ထြန္းအား ေျဖာင့္ဖ်ၿပီး ျပင္ဆင္ေပးရန္ ႀကိဳးစားရာ ဦးခ်န္ထြန္းကလည္း အေလ်ာ့မေပးဘဲ တင္းခံေနခဲ့သည္။ ထိုအခ်ိန္တြင္ ဗုိလ္ခ်ဳပ္က စိတ္မရွည္ေတာ့ဘဲ “တခ်ဳိ႔ဟာေတြက မွန္ေပမယ့္ ဖဲြ႕စည္းပံု အေျခခံ ဥပေဒထဲေတာ့ ထည့္စရာမလုိဘူးလုိ႔ ကၽြန္ေတာ္ယူဆတယ္။ ဥပမာ ဦးခ်န္ထြန္း ေခ်းမစားဘူးဆုိတာ လူတိုင္းသိတယ္။ သို႔ေသာ္လည္း ဦးခ်န္ထြန္း ေခ်းမစားပါလုိ႔ေတာ့ ထည့္သြင္းေရးသားဖို႔ မသင့္ေတာ္ဘူး”ဟုဆုိကာ ဖဲြ႕စည္းပံုအေျခခံဥပေဒ ကိစၥအား ေျဖရွင္းေပးခဲ့သည္။

(၉) မႏၲေလးတြင္ ပုဆုိးကၽြတ္က်ျခင္း
နယ္ခ်ဲ႕ အစုိးရလက္ထက္ အတြင္း ဗမာႏုိင္ငံလံုးဆုိင္ရာ ေက်ာင္းသား သမဂၢ ညီလာခံကုိ မႏၲေလး၌ က်င္းပခဲ့သည္။ ထုိညီလာခံသုိ႔ အိႏိၵယႏုိင္ငံမွ လြတ္လပ္ေရး ႀကိဳးပမ္းမႈ ေခါင္းေဆာင္ မစၥတာေန႐ူးႏွင့္ သမီးျဖစ္သူ အင္ဒီယာ ဂႏၵီတုိ႔လည္း ေရာက္ရွိေနသည္။ ထုိညီလာခံတြင္ ေက်ာင္းသား ေခါင္းေဆာင္ ကုိေအာင္ဆန္း မိန္႔ခြန္း ေျပာၾကားေနစဥ္ သူ၏ပုဆုိးမွာ ေအာက္သုိ႔ တျဖည္းျဖည္း ေလွ်ာေလွ်ာၿပီး က်လာရာ ကၽြတ္ေတာ့မည့္ အေျခအေနသုိ႔ ေရာက္လာသည္။ သုိ႔ေသာ္ မိန႔္ခြန္းကုိ စိတ္ပါလက္ပါ ေျပာၾကားေနသည့္ ကုိေအာင္ဆန္းက သတိမထားမိေသာ္လည္း နားေထာင္ေနသည့္ ပရိသတ္မ်ားမွာ စုိးရိမ္ပူပန္မႈျဖင့္ စိတ္မသက္မသာ ျဖစ္ေနသည္။ သုိ႔ေသာ္ ကုိေအာင္ဆန္း၏ ထူးျခားေသာ ဆ႒မ အာ႐ုံအရ ကၽြတ္လုဆဲဆဲ အေျခအေနတြင္ ပုဆုိးကုိ ျပန္၀တ္ကာ မိန္႔ခြန္းကို ေရွာေရွာ႐ွဴ႐ွဴ ေျပာသြားႏုိင္ခဲ့သည္။

(၁၀) One Die, Nevermind
ဗမာ့ တပ္မေတာ္ ကာကြယ္ေရး ေခတ္တြင္ ဘီဒီေအ အရာရွိမ်ားကုိ မဂၤလာဒံုရွိ ဗုိလ္သင္တန္းေက်ာင္းတြင္ ေလ့က်င့္သင္ၾကားေပးသည္။ ထုိအခ်ိန္က သင္တန္းဆရာ အမ်ားစုမွာ ဂ်ပန္မ်ားျဖစ္ၿပီး ေနာင္တစ္ခ်ိန္တြင္ တပ္မေတာ္၏ တပ္မွဴးႀကီးမ်ား ျဖစ္လာမည့္ ဦးေအာင္ေရႊ၊ ဦးၾကည္ေမာင္၊ ဦးတင္ဦး၊ ေဒါက္တာေမာင္ေမာင္တုိ႔ အပါအ၀င္ တပ္မေတာ္ အရာရွိငယ္မ်ား သင္တန္း တက္ေရာက္လ်က္ရွိသည္။ ထုိသင္တန္းတြင္ ျပင္းထန္ေသာ စစ္ပညာမ်ားကုိ သင္ၾကားရသည့္ သင္တန္းသားမ်ားမွာ အထူး ပင္ပန္းလ်က္ရွိသည္။ သုိ႔ေသာ္ သင္တန္း ဆရာမ်ားက သင္တန္းသားမ်ားကုိ “One Die, Nevermind. Two Die, Nevermind. Three Die, Nevermind. All Die, Nevermind ဟု ေျပာၾကားသည့္အတြက္ အားလံုး မေက်မနပ္ ျဖစ္သြားသည္။ ေနာက္မွ ထုိစကားကုိ ဗုိလ္ခ်ဳပ္ေအာင္ဆန္းက ေျပာၾကားခုိင္းျခင္း ျဖစ္ၿပီး အေရအတြက္ထက္ အရည္အခ်င္းကုိ တန္ဖိုးထားေသာ တပ္မေတာ္ ျဖစ္ေစရန္ ေမွ်ာ္လင့္ထားေသာေၾကာင့္ ေျပာျခင္းျဖစ္ေၾကာင္း ရွင္းျပမွသာ အရာရွိ သင္တန္းသားမ်ား စိတ္ဆုိးေျပသြားၾကသည္။

Tomorrow Journal


ဗိုလ်ချုပ်အောင်ဆန်း၏ လူသိနည်းသောဖြစ်ရပ်(၁၀) ခု (unicode)

Tomorrow Journal

(၁) ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်မှ ဘွဲ့ရ/မရ ငြင်းခုံမှုများ
၂၀၁၅ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နှစ် ၁၀၀ပြည့်ခဲ့သည့် လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်မှ ဘွဲ့ရ/မရနှင့် ပတ်သက်ပြီး ငြင်းခုံမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးသားခဲ့သော စာတွင်လည်း “ရန်ကုန်တက္ကသိုလ်တွင် ၆ နှစ်ခွဲနေခဲ့၍ နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများ မလေ့ကျက်သဖြင့် ဘီအေအတန်းအထိ အောင်ရုံသာ အောင်ခဲ့သည်”ဟု အတိအလင်း ဖော်ပြထားသည်။
“အောင်ဆန်းသည် အချိန်ပြည့် ကျောင်းသားနိုင်ငံရေး လုပ်နေသည့်ကြားမှ ၁၉၃၇ ခုနှစ် မတ်လတွင် ကျင်းပသော ဘီအေစာမေးပွဲကို အင်္ဂလိပ်စာပေ ခေတ်သစ် ရာဇဝင်၊ နိုင်ငံရေး ဘာသာဗေဒများဖြင့် ချောမောစွာ အောင်မြင်သည်။၁၉၃၇-၃၈ ခုနှစ်တွင် အောင်ဆန်းသည် ကျောင်းသား နိုင်ငံရေး သာမက တိုင်းပြည်လွတ်လပ်ရေး အတွက်ပါ ဆောင်ရွက်နေရကာ ဥပဒေ ပထမနှစ် စာမေးပွဲ ရှုံးလေသည်။ သူ၏ ပထမဦးဆုံးနှင့် နောက်ဆုံး ရှုံးခြင်းပေတည်း။ အောင်ဆန်းကား အောင်ထားသော ဘီအေဘွဲ့ကိုပင် ဘွဲ့နှင်းသဘင်၌ တက်မယူပေ။ (ဗိုလ်ချုပ်အစ်ကိုဖြစ်သူ ဦးအောင်သန်း ရေးသားခဲ့သည့် တက္ကသိုလ်ကျောင်းသား ဘ၀ အောင်ဆန်း မှတ်တမ်းများမှ)
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် တက္ကသိုလ်ကျောင်း ပညာရေးအား စွန့်ခွာ၍ ကျောင်းထွက်ပြီး နိုင်ငံရေး လုပ်သည်ဆိုသော ပြောဆိုချက်၊ ရေးသားချက်များသည် မှားယွင်းကြောင်း တွေ့ရှိရသည်။

(၂) ဗိုလ်ချုပ်လူ တကယ် သတ်/မသတ်
ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး ကာလအတွင်း မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန်ရေးအတွင်း လူတကယ် သတ်/မသတ် ငြင်းခုံပြောဆိုမှုများ ရှိခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍ “၁၉၄၅ ခု နိုဝင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံ အတွင်းဝန်ချုပ်က ဗြိတိသျှ အစိုးရ မြန်မာနိုင်ငံ အတွင်းဝန်ထံ စာတစ်စောင် ရေးသား ပေးပို့သည့် စာတွင် ၁၉၄၂ ဂျပန်တပ်မတော်နှင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော် မုတ္တမမှ သထုံသို့ ချီတက်လာစဉ် သထုံခရိုင် ပေါင်မြို့နယ် သဲဖြူကုန်းရွာ (သထုံမှ ၃၃ မိုင် အကွာ)တွင် ဘာဘူကြီး အဗ္ဗဒူရာရှစ်အား သထုံ ဘောလုံးကွင်း အတွင်း သတ်ဖြတ်မှု၌ ဗိုလ်ချုပ်အောင်ဆန်း ပါဝင် ပတ်သက်နေသည့် အတွက် တရားစွဲဆိုရန် အကြံပြုထားသည်”
ဤကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖဆပလအဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူသော အချိန်၌ “သတင်းစုံ”ဂျာနယ် ကြေညာချက်ဆောင်းပါး “ကျွန်ုပ်၏ လိပ်ပြာကား အစဉ်သန့်ရှင်းလျက်”ဖြင့် အတိအလင်း ဝန်ခံထားပြီး ဖြစ်သည်။
ယင်းဖြစ်စဉ်တွင် ဗိုလ်ချုပ်အောင်ဆန်း လူသတ်မှု ကျူးလွန်သည်ကို ဘုရင်ခံ၏ ဆန္ဒအရ လွှတ်တော်တွင် ကိုယ်စားလှယ်များ အဖြစ် တာဝန်ယူနေသော သခင်ထွန်းအုပ်နှင့် သခင် ကျော်စိန်တို့က လိုအပ်လျှင် သက်သေလိုက်ပေးမည်ဟု ပြောဆိုပြီး ဗိုလ်ချုပ်ကို ထိုးနှက်ခဲ့သော်လည်း အင်္ဂလိပ်အစိုးရ မျှော်လင့်သလို ဗိုလ်ချုပ်သည် လူသတ်မှုဖြင့် ပြစ်ဒဏ်မကျခဲ့ပေ။ နောက်ပိုင်းတွင် သေပြီးသား အင်္ဂလိပ် စစ်သား အလောင်း ၃ လောင်းအား ခေါင်းဖြတ်ခဲ့ပြီး သူရဲကောင်း သဖွယ် ပြုမူခဲ့သည့် သခင်ထွန်းအုပ်၏ အဖြစ်အပျက်ကို သတင်းစာများက ထုတ်ဖော်ပြီး အရှက်ခွဲခဲ့သည်။

(၃) ဗိုလ်ချုပ် အင်္ဂလိပ်စကားပြော ကောင်း/မကောင်း
ဗိုလ်ချုပ်အောင်ဆန်းသည် မကွေးတိုင်း နတ်မောက်မြို့နယ်တွင် မွေးဖွားခဲ့သည့် အတွက် အင်္ဂလိပ်စကား သင်ကြားပေးရန် ကျောင်းကောင်းကောင်း မရှိခဲ့ပေ။ အသက်ရှစ်နှစ်သား အရွယ်အထိ ကျောင်းမနေခဲ့ဘဲ နောက်မှသာ နတ်မောက်ရှိ ဒီပင်္ကရာကျောင်း ခေါ် ဦးသောဘိတကျောင်းသို့ တက်ရောက် ပညာသင်ကြားသည်။ ထိုကျောင်းသည် ဘုန်းကြီးကျောင်း ဖြစ်သော်လည်း အတန်းကျောင်း ဖြစ်သောကြောင့် လောကဓာတ် ကျောင်းဟု ခေါ်ဝေါ်ခဲ့သည်။
ထို့နောက် ရေနံချောင်း အမျိုးသားကျောင်းမှ အောင်မြင်ပြီး တက္ကသိုလ် ရောက်သည့်အခါ တက္ကသိုလ် ကျောင်းဆောင် အမှုဆောင် ရွေးချယ်ပွဲတွင် အောင်ဆန်း၏ ဋ္ဌာန်ကရိုဏ်း မကျသော အင်္ဂလိပ် စကားကြောင့် ကျောင်းသားများ၏ လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ သို့သော် တက္ကသိုလ်တွင် ကျောင်းအုပ်ကြီး မစ္စတာ စလော့၏ ခွေးများကို ထိန်းကျောင်းရသော စကော့တလန် လူမျိုး ဝီလီယံနှင့်အတူ အင်းယား ကန်ဘောင်တွင် မနက်တိုင်း လိုက်ပြီး လေ့ကျင့်ခဲ့သည့်အတွက် အောင်ဆန်းသည် အင်္ဂလိပ် တစ်ဦး နှင့်မခြား ပြောဆိုလာနိုင်သည်။

(၄)မအောင်မြင်သော အမွေ တောင်းခန်း
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာသော်လည်း စီးပွားရေး ကောင်းမွန်သောသူ မဟုတ်ပေ။ ဒေါ်ခင်ကြည်နှင့် အိမ်ထောင်ကျပြီးနောက် သားသမီးများ တစ်နှစ် တစ်ယောက် ထွန်းကားခဲ့သည်။ သားအကြီး နှစ်ဦးဖြစ်သော အောင်ဆန်းဦးနှင့် အောင်ဆန်းလင်းတို့ မွေးစဉ်က စိတ်မပူပန်သော ဗိုလ်ချုပ်သည် သမီးလေး အောင်ဆန်းစုကြည် မွေးဖွားလာသောအခါ သမီးလေး အတွက် စိတ်ပူပန်တတ်လာသည်။ ထို့ကြောင့် သမီးလေး အရွယ် ရောက်သောအခါ ရှင်ပြုနားသ လုပ်ရာတွင် ဝတ်ဆင်စရာ မရှိမည် စိုးသည့်အတွက် နတ်မောက်မြို့ရှိ မိခင်ဖြစ်သူ ဒေါ်စုထံ သွားရောက်ပြီး သမီးအတွက် ရွှေနားတောင်းကို အမွေတောင်းခဲ့သည်။ မိခင် ဖြစ်သူကလည်း သူ့တွင် အောင်ဆန်း တစ်ဦးတည်း မွေးထားခြင်း မဟုတ်ဘဲ ကျန်သားသမီးများပါ ရှိနေသည့် အတွက် မျက်နှာလိုက်၍ အမွေမပေးနိုင်ကြောင်း ပြောဆိုသည့်အတွက် ဗိုလ်ချုပ်၏ အမွေတောင်းခန်းမှာ မအောင်မမြင်ဖြင့် စခန်းသိမ်းခဲ့ရသည်။

(၅) ဗိုလ်ချုပ် အငြိမ့်မင်း သမီးဖြင့် အငြိမ့်စင်ပေါ်တွင် ကပြခြင်း
၁၉၄၂ ခုနှစ်က တပ်မတော် အတွင်း အခမ်းအနားတစ်ခု ပြုလုပ်ပြီး ညပိုင်းတွင် တပ်မတော် အရာရှိများကို အငြိမ့်ဖြင့် ကပြ ဖျော်ဖြေခဲ့သည်။ ထိုအချိန်က ဗမာ့တပ်မတော်အား ဂျပန်ကို ပြန်လည် တော်လှန်ရန်အတွက် တိတ်တဆိတ် အစီအစဉ် ချမှတ်နေရချိန် ဖြစ်သည်။ ဧည့်ခံပွဲသို့ အစိုးရ အဓိပတိ ဒေါက်တာဘမော် အပါအဝင် စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်းလည်း တက်ရောက်ခဲ့သည်။ ဗမာ့တပ်မတော်၏ ထိပ်တန်းတပ်မှူးများ အပြင် နယ်မှ ရောက်နေသော စစ်ဗိုလ်များလည်း ရှိနေပြီး ဂျပန်နှင့် နီးစပ်နေသော ဒေါက်တာဘမော်ကို အမြင် မကြည်လင်သည့် အချိန် ဖြစ်သည်။ ထို့ကြောင့် အရက်မူးနေသော ဗိုလ်မြဟန် ဦးဆောင်ကာ အဓိပတိ ဒေါက်တာ ဘမော်အား အငြိမ့်မင်းသမီးဖြင့် သီချင်းတွဲဆိုရန် တောင်းဆိုကြသည်။ အဓိက ရည်ရွယ်ချက်မှာ ဒေါက်တာဘမော်အား သိက္ခာချလို၍ ဖြစ်သည်။ ဒေါက်တာ ဘမော်ကလည်း ငြင်းဆို၍ မဖြစ်သည့် အတွက် စင်ပေါ်တက်ပြီး ပြင်သစ်သီချင်း တစ်ပုဒ်ကို သီဆိုဖျော်ဖြေခဲ့သည်။ သို့သော် အရက်မူးနေသော တပ်မှူးများက ဒေါက်တာဘမော်ကို ထပ်မံ တောင်းဆိုနေသည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းက တော်လှန်ရေး ကိစ္စအား မရိပ်မိစေရန် ဆူဆူအောင့်အောင့်ဖြင့် စင်ပေါ်တက်လာပြီး မင်းသမီး လက်ကိုဆွဲကာ အချိုးမကျသော ပုံစံဖြင့် တွဲဖက်ကပြခဲ့သည်။ ထိုအခါမှ အခမ်းအနားတွင် ရှိနေသောသူ အားလုံး ငြိမ်သက်သွားခဲ့သည်။

(၆) ဗိုလ်ချုပ် သတင်းစာ အဖတ်မှားခြင်း
တို့ဗမာ အစည်းအရုံးတွင် တစ်ရက်၌ သခင်အောင်ဆန်းသည် သတင်းစာ ဂျာနယ်များကို ဖတ်လျက်ရှိသည်။ သတင်းစာ တစ်စောင်ကို ဖတ်နေရင်း တောင်တွင်းကြီးတွင် မီးလောင်သည်ဟု ဖတ်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် တောင်တွင်းကြီးတွင် သခင် အောင်ဆန်း၏ ဆွေမျိုးများ ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သတင်းစာကို ပစ်ချကာ တောင်တွင်းကြီးသို့ မီးဘေး သတင်းမေးရန် အလျင်စလို ထွက်ခွာသွားသည်။ တို့ဗမာ အစည်းအရုံးမှ လုပ်ဖော်ကိုင်ဘက်များက သတင်းစာကို ပြန်ဖတ်ကြည့်ရာ မီးလောင်သောမြို့သည် တောင်တွင်းကြီး မဟုတ်ဘဲ တောင်ကြီး ဖြစ်နေသည်ကို တွေ့ရလေသည်။ ၃၊၄ရက် ကြာသောအခါ သခင် အောင်ဆန်းသည် တို့ဗမာ အစည်းအရုံးသို့ ပြန်ရောက်လာပြီး သတင်းစာ အဖတ်မှားပြီး တောင်တွင်းကြီး ရောက်ခဲ့သည်ဟု ပြုံးဖြဲဖြဲဖြင့် ဆိုရှာသည်။

(၇) တကသ ဥက္ကဋ္ဌအား ဆဲဆို ကြိမ်းမောင်းခြင်း
ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှထွက်ပြီး ဖဆပလ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန် ဖြစ်သည်။ ထိုအချိန်တွင် ရန်ကုန် တက္ကသိုလ်ရှိ ကျောင်းသားများနှင့် တကသ အဖွဲ့အစည်းများကလည်း ဖဆပလကို ဝိုင်းဝန်း ထောက်ခံပံ့ပိုး နေချိန်ဖြစ်သည်။ သို့သော် တကသ ဥက္ကဋ္ဌ သူရိယ ဦးသန်းမောင် ခေါင်းဆောင်သော ကျောင်းသားများသည် ဖဆပလ အစိုးရအဖွဲ့ ကိုယ်စား ဗိုလ်ချုပ် အောင်ဆန်းအား တွေ့ဆုံပြီး တောင်းဆိုချက် ၁ဝချက်ကို တောင်းဆိုခဲ့သည်။ ဗိုလ်ချုပ်သည် နိုင်ငံလွတ်လပ်ရေးရရန် အလုပ် ရှုပ်နေသည့် အတွက် ရုတ်တရက် ဒေါသထွက်သွားပြီး သူရိယ ဦးသန်းမောင်နှင့် ကျောင်းသားများကို ဆဲဆိုကြိမ်းမောင်းခဲ့သည်။ ထို့နောက် ကျောင်းသားများ တောင်းဆိုသော အချက်များအား ဖတ်ရှုပြီး ပတ်ကားဖောင်တိန်ဖြင့် ခြစ်ကာ “ဒါရမယ် ဒါရမယ် ဒါမရဘူး ဒါမရဘူး တော်တော် စောက်လုပ်ရှုပ်တဲ့ သန်းမောင် သွား…….ပြန်တော့”ဟု မောင်းထုတ် ခဲ့ဖူးကြောင်း သူရိယ ဦးသန်းမောင်မှ မကွယ်လွန်မီ အမှတ်တရ ပြောပြခဲ့ဖူးသည်။

(၈)ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ဗိုလ်ချုပ် အောင်ဆန်း
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိုအချိန်က ရှေ့နေချုပ် ဦးချန်ထွန်းမှ ရေးဆွဲခဲ့သည်။ ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲတွင် နိုင်ငံတော်၏ ဘာသာအဖြစ် ဗုဒ္ဓဘာသာအား ထည့်သွင်းထားခြင်းကို ဒီးဒုတ်ဦးဘချို ဦးဆောင်ကာ ရေးဆွဲခဲ့သည်။ ထိုအချက်နှင့် ပတ်သက်၍ ပင်လုံစာချုပ် ဖြစ်မြောက်ရေး အတွက် အရေးပါခဲ့သော ဦးဖေခင်က အကြီးအကျယ် ကန့်ကွက်ခဲ့၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အစည်းအဝေး ခေါ်ယူခဲ့ရသည်။ ဗိုလ်ချုပ်က ဒီးဒုတ်ဦးဘချိုနှင့် ဦးချန်ထွန်းအား ဖြောင့်ဖျပြီး ပြင်ဆင်ပေးရန် ကြိုးစားရာ ဦးချန်ထွန်းကလည်း အလျော့မပေးဘဲ တင်းခံနေခဲ့သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်က စိတ်မရှည်တော့ဘဲ “တချို့ဟာတွေက မှန်ပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲတော့ ထည့်စရာမလိုဘူးလို့ ကျွန်တော်ယူဆတယ်။ ဥပမာ ဦးချန်ထွန်း ချေးမစားဘူးဆိုတာ လူတိုင်းသိတယ်။ သို့သော်လည်း ဦးချန်ထွန်း ချေးမစားပါလို့တော့ ထည့်သွင်းရေးသားဖို့ မသင့်တော်ဘူး”ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စအား ဖြေရှင်းပေးခဲ့သည်။

(၉) မန္တလေးတွင် ပုဆိုးကျွတ်ကျခြင်း
နယ်ချဲ့ အစိုးရလက်ထက် အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ညီလာခံကို မန္တလေး၌ ကျင်းပခဲ့သည်။ ထိုညီလာခံသို့ အိန္ဒိယနိုင်ငံမှ လွတ်လပ်ရေး ကြိုးပမ်းမှု ခေါင်းဆောင် မစ္စတာနေရူးနှင့် သမီးဖြစ်သူ အင်ဒီယာ ဂန္ဒီတို့လည်း ရောက်ရှိနေသည်။ ထိုညီလာခံတွင် ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်း မိန့်ခွန်း ပြောကြားနေစဉ် သူ၏ပုဆိုးမှာ အောက်သို့ တဖြည်းဖြည်း လျှောလျှောပြီး ကျလာရာ ကျွတ်တော့မည့် အခြေအနေသို့ ရောက်လာသည်။ သို့သော် မိန့်ခွန်းကို စိတ်ပါလက်ပါ ပြောကြားနေသည့် ကိုအောင်ဆန်းက သတိမထားမိသော်လည်း နားထောင်နေသည့် ပရိသတ်များမှာ စိုးရိမ်ပူပန်မှုဖြင့် စိတ်မသက်မသာ ဖြစ်နေသည်။ သို့သော် ကိုအောင်ဆန်း၏ ထူးခြားသော ဆဋ္ဌမ အာရုံအရ ကျွတ်လုဆဲဆဲ အခြေအနေတွင် ပုဆိုးကို ပြန်ဝတ်ကာ မိန့်ခွန်းကို ရှောရှောရှူရှူ ပြောသွားနိုင်ခဲ့သည်။

(၁၀) One Die, Nevermind
ဗမာ့ တပ်မတော် ကာကွယ်ရေး ခေတ်တွင် ဘီဒီအေ အရာရှိများကို မင်္ဂလာဒုံရှိ ဗိုလ်သင်တန်းကျောင်းတွင် လေ့ကျင့်သင်ကြားပေးသည်။ ထိုအချိန်က သင်တန်းဆရာ အများစုမှာ ဂျပန်များဖြစ်ပြီး နောင်တစ်ချိန်တွင် တပ်မတော်၏ တပ်မှူးကြီးများ ဖြစ်လာမည့် ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဒေါက်တာမောင်မောင်တို့ အပါအဝင် တပ်မတော် အရာရှိငယ်များ သင်တန်း တက်ရောက်လျက်ရှိသည်။ ထိုသင်တန်းတွင် ပြင်းထန်သော စစ်ပညာများကို သင်ကြားရသည့် သင်တန်းသားများမှာ အထူး ပင်ပန်းလျက်ရှိသည်။ သို့သော် သင်တန်း ဆရာများက သင်တန်းသားများကို “One Die, Nevermind. Two Die, Nevermind. Three Die, Nevermind. All Die, Nevermind ဟု ပြောကြားသည့်အတွက် အားလုံး မကျေမနပ် ဖြစ်သွားသည်။ နောက်မှ ထိုစကားကို ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခိုင်းခြင်း ဖြစ်ပြီး အရေအတွက်ထက် အရည်အချင်းကို တန်ဖိုးထားသော တပ်မတော် ဖြစ်စေရန် မျှော်လင့်ထားသောကြောင့် ပြောခြင်းဖြစ်ကြောင်း ရှင်းပြမှသာ အရာရှိ သင်တန်းသားများ စိတ်ဆိုးပြေသွားကြသည်။

Tomorrow Journal

Leave a Reply