ခ်ီးမြမ္း သံုးမိနစ္, ကဲ့ရဲ႕သံုးမိနစ္

Posted on

Written By ခိုင္ျငိမ္းျငိမ္းစံ

ေခတ္နဲ႔အညီ စကားပံုေျပာင္လဲျပစ္တာ မဟုတ္ပါဘူး။ သူတို႔ဘာသာ သူတို႔ ခုနစ္ရက္ပဲ ခ်ီးက်ဴးက်ဴး၊ ခုနစ္ႏွစ္ပဲ ခ်ီးမြမ္းမြမ္း၊ ကိုယ့္ဘက္ကေတာ့ မိနစ္ပိုင္းေလာက္ပဲ ခံစားမိပါေစလို႔ ေျပာခ်င္တာပါ။ လူရယ္လို႔ျဖစ္လာရင္ လူ႔ပတ္ဝန္းက်င္မွာ ေနရမယ္။ လူ႔အသိုင္းအဝိုင္းနဲ႔ ဆက္ဆံရမယ္။

လူ႔ပတ္ဝန္းက်င္ဆိုတာ လူေတြ အမ်ားႀကီးကို ဆိုလိုတာပါ။ လူအမ်ားႀကီးဆိုေတာ့ စိတ္ေတြလည္း အမ်ားႀကီး ရွိေနတာ မဆန္းပါဘူး။ ဒီေန႔ မင္းက အက်ႌအနီေရာင္ကေလး ဝတ္ထားတာကို တစ္ေယာက္က“အရမ္းလွတာပဲ၊ မင္းနဲ႔ အနီေရာင္ေလးနဲ႔ လိုက္ဖက္လိုက္တာ”လို႔ ေျပာေပမယ့္ အျခားတစ္ေယာက္က “ဟာ ဒီေကာင္ကြာ ကိုယ့္အသားမွ ကိုယ္အားမနာ၊ အနီေရာင္ေတာက္ေတာက္ႀကီး ဝတ္ထားရတယ္လို႔၊ ကၽြဲေဝွ႔ခံရမွ လွေနမယ္”လို႔ ေျပာရင္ မင္း ဘာလုပ္မွာလဲ။

၁။ အဲဒီအက်ႌကို ခ်က္ခ်င္းခၽြတ္ပစ္ျပီး လႊင့္ပစ္လိုက္မွာလား။
၂။ “ဒီလူႀကီး အသက္ႀကီးျပီး အခ်ိန္မစီးဘူး၊ ငါလွတာကို မနာလိုလို႔ ေနမွာ”ဆိုျပီး ေဒါသျဖစ္စရာ အေတြးကို ငရဲႀကီးခံျပီး ေတြးမွာလား။၃။ “ငါ တကယ္ပဲ အဲဒီအက်ႌနဲ႔ ေတာ္ေတာ္ၾကည့္ရ ဆိုးေနလား”ဆိုျပီး ကိုယ့္ကိုယ္ကို မလံုမလဲ ျဖစ္ဦးမွာလား။

ပထမတစ္ေယာက္ ခ်ီးက်ဴးတုန္းက မင္းၿပံဳးၿပံဳးေလးနဲ႔ ေနခဲ့မွာပါ။ ေနာက္တစ္ေယာက္ ကဲ့ရဲ႔ေတာ့ မင္း မဲ့သြားခဲ့ၿပီ။ အၾကာႀကီး ၿပံဳးေနရင္လည္း ရုပ္ဆိုးမယ္၊ ခ်ီးက်ဴးခံရလို႔ ဝမ္းသာတယ္ဆိုရင္လည္း အေတြးေတြ ဆင့္ကာဆင့္ကာ ပြားမေနဘဲ ဝမ္းသာစရာရွိတာကို ရိုးရိုးေလးပဲ ဝမ္းသာလိုက္ပါတယ္။ ကဲ့ရဲ႕ရႈတ္ခ်ခံရလို႔ ဝမ္းနည္းတယ္၊ မေက်မနပ္ျဖစ္တယ္ဆိုရင္လည္း သံုးမိနစ္ေလာက္ပဲ ခံစားလိုက္ပါ။
ေရွ႕ကအေၾကာင္း ေနာက္ကအၾကာင္းေတြ ဆြဲမထည့္မိပါေစနဲ႔။ လက္ရွိကိစၥကိုပဲ ခံစားပါ။ အဲဒါလည္း သံုးမိနစ္ေလာက္ထက္ မပိုပါေစနဲ႔။ သူမ်ားေၾကာင့္ ကိုယ့္အလုပ္ပ်က္ပါတယ္။ လူေတြကို သိပ္ဂရုစို္က္မိေနရင္ ကိုယ့္ကိုယ္ကို ဂရုစိုက္ပါေနာ္။ ကိုယ္ဘာျဖစ္ေနလဲ…စတဲ့ ကိစၥေတြက သူမ်ာခ်ီးမြမ္းတာ၊ ကဲ့ရဲ႔တာေတြထက္ ပိုအေရးႀကီးပါတယ္။

ကဲ…ဒါဆို ဒီေန႔ကစျပီး “ခ်ီးမြမ္း သံုးမိနစ္၊ ကဲ့ရဲ႔ သံုးမိနစ္”ဆိုတဲ့ စကားပံုေလးကို အေကာင္အထည္ေဖာ္ၾကည့္မယ္ေနာ္။


ချီးမွမ်း သုံးမိနစ်, ကဲ့ရဲ့သုံးမိနစ် (unicode)

Written By ခိုင်ငြိမ်းငြိမ်းစံ

ခေတ်နဲ့အညီ စကားပုံပြောင်လဲပြစ်တာ မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ ခုနစ်ရက်ပဲ ချီးကျူးကျူး၊ ခုနစ်နှစ်ပဲ ချီးမွမ်းမွမ်း၊ ကိုယ့်ဘက်ကတော့ မိနစ်ပိုင်းလောက်ပဲ ခံစားမိပါစေလို့ ပြောချင်တာပါ။ လူရယ်လို့ဖြစ်လာရင် လူ့ပတ်ဝန်းကျင်မှာ နေရမယ်။ လူ့အသိုင်းအဝိုင်းနဲ့ ဆက်ဆံရမယ်။လူ့ပတ်ဝန်းကျင်ဆိုတာ လူတွေ အများကြီးကို ဆိုလိုတာပါ။ လူအများကြီးဆိုတော့ စိတ်တွေလည်း အများကြီး ရှိနေတာ မဆန်းပါဘူး။ ဒီနေ့ မင်းက အင်္ကျီအနီရောင်ကလေး ဝတ်ထားတာကို တစ်ယောက်က“အရမ်းလှတာပဲ၊ မင်းနဲ့ အနီရောင်လေးနဲ့ လိုက်ဖက်လိုက်တာ”လို့ ပြောပေမယ့် အခြားတစ်ယောက်က “ဟာ ဒီကောင်ကွာ ကိုယ့်အသားမှ ကိုယ်အားမနာ၊ အနီရောင်တောက်တောက်ကြီး ဝတ်ထားရတယ်လို့၊ ကျွဲဝှေ့ခံရမှ လှနေမယ်”လို့ ပြောရင် မင်း ဘာလုပ်မှာလဲ။

၁။ အဲဒီအင်္ကျီကို ချက်ချင်းချွတ်ပစ်ပြီး လွှင့်ပစ်လိုက်မှာလား။
၂။ “ဒီလူကြီး အသက်ကြီးပြီး အချိန်မစီးဘူး၊ ငါလှတာကို မနာလိုလို့ နေမှာ”ဆိုပြီး ဒေါသဖြစ်စရာ အတွေးကို ငရဲကြီးခံပြီး တွေးမှာလား။
၃။ “ငါ တကယ်ပဲ အဲဒီအင်္ကျီနဲ့ တော်တော်ကြည့်ရ ဆိုးနေလား”ဆိုပြီး ကိုယ့်ကိုယ်ကို မလုံမလဲ ဖြစ်ဦးမှာလား။

ပထမတစ်ယောက် ချီးကျူးတုန်းက မင်းပြုံးပြုံးလေးနဲ့ နေခဲ့မှာပါ။ နောက်တစ်ယောက် ကဲ့ရဲ့တော့ မင်း မဲ့သွားခဲ့ပြီ။ အကြာကြီး ပြုံးနေရင်လည်း ရုပ်ဆိုးမယ်၊ ချီးကျူးခံရလို့ ဝမ်းသာတယ်ဆိုရင်လည်း အတွေးတွေ ဆင့်ကာဆင့်ကာ ပွားမနေဘဲ ဝမ်းသာစရာရှိတာကို ရိုးရိုးလေးပဲ ဝမ်းသာလိုက်ပါတယ်။ ကဲ့ရဲ့ရှုတ်ချခံရလို့ ဝမ်းနည်းတယ်၊ မကျေမနပ်ဖြစ်တယ်ဆိုရင်လည်း သုံးမိနစ်လောက်ပဲ ခံစားလိုက်ပါ။ရှေ့ကအကြောင်း နောက်ကအကြာင်းတွေ ဆွဲမထည့်မိပါစေနဲ့။ လက်ရှိကိစ္စကိုပဲ ခံစားပါ။ အဲဒါလည်း သုံးမိနစ်လောက်ထက် မပိုပါစေနဲ့။ သူများကြောင့် ကိုယ့်အလုပ်ပျက်ပါတယ်။ လူတွေကို သိပ်ဂရုစ်ိုက်မိနေရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော်။ ကိုယ်ဘာဖြစ်နေလဲ…စတဲ့ ကိစ္စတွေက သူမျာချီးမွမ်းတာ၊ ကဲ့ရဲ့တာတွေထက် ပိုအရေးကြီးပါတယ်။ကဲ…ဒါဆို ဒီနေ့ကစပြီး “ချီးမွမ်း သုံးမိနစ်၊ ကဲ့ရဲ့ သုံးမိနစ်”ဆိုတဲ့ စကားပုံလေးကို အကောင်အထည်ဖော်ကြည့်မယ်နော်။

Leave a Reply