ကာလီဒါသ ဆုိေသာ ပညာရွိႀကီးအေၾကာင္း

Posted on

ကာလီဒါသ ဆုိတဲ့ ပညာရွိနာမည္ကုိ ကြ်န္ေတာ္တုိ႔ စာေပ က်မ္းဂန္ ပုံျပင္ေတြမွာ မၾကာခဏ ဖတ္ဖူးၾကပါလိမ့္မယ္။ သူဟာ ဘီစီ ၅ရာစု နဲ႔ ၄ရာစုၾကားေပၚထြန္းခဲ့တဲ့ အိႏၵိယစာေပပညာရွိႀကီးျဖစ္ပါတယ္။ သူအေၾကာင္းကိုေရးထားတဲ့ အိႏၵိယရဲ႕ နာမည္ေက်ာ္ဒ႑ာရီ၀တၳဳေလးကို မိတ္ေဆြမ်ားအတြက္ ျပန္လည္မွ်ေ၀လုိက္ပါတယ္။

တခါက ဗာရာဏသီျပည္မွာ နႏၵအမည္ရွိတဲ့မင္းႀကီးဟာ မင္းက်င့္တရား (၁၀)ပါးႏွင့္အညီ အုပ္ခ်ဳပ္မင္းလုပ္ခဲ့ပါတယ္။ အဲဒီမင္းႀကီးမွာ သားေတာ္တစ္ပါးထြန္းကားလို႔ သားေတာ္ေမာင္အရြယ္ေရာက္တဲ့အခါ တကၠသိုလ္ျပည္မွာ ပညာသင္ေစခဲ့ပါတယ္။ အဲဒီဗာရာဏသီျပည္မွာပဲ ပညာမဲ့ၿပီး ဆင္းရဲလွတဲ့ ေရထမ္းသမား ေမာင္ကာလီႏွင့္ ပညာကို အလြန္တန္ဖိုးထားတဲ့ ေဘာဂဗလ ဆိုတဲ့ သူေဌးႀကီးတစ္ဦးလဲ ရွိခဲ့ပါတယ္။ ေဘာဂဗလသူေဌးႀကီးမွာ အလြန္တရာေခ်ာေမာလွပတဲ့ မိတဆိုးသမီးေလးတစ္ေယာက္လဲ ရွိပါတယ္။ ေမာင္ကာလီဟာ ေရထမ္းသမားျဖစ္ေပမယ့္ သူေဌးသမီးနဲ႔ နီးစပ္ေအာင္ ၾကားဖူးနား၀ပညာစကားေလး တစ္ခြန္းတေလနဲ႔ သူေဌးႀကီးကို အေရာတ၀င္ လုပ္ခဲ့ပါတယ္။ သူေဌးႀကီးရဲ႕အိမ္က ေရအိုးမွန္သမွ်ကိုလဲ အၿမဲျပည့္ေနေအာင္ ျဖည့္ေပးပါတယ္။ သူေဌးႀကီးဟာ ေမာင္ကာလီရဲ႕ ေျပာပုံဆုိပုံႏွင့္ အလုပ္အကိုင္ကို သေဘာက်ၿပီး တစ္ဦးတည္းေသာ သမီးကို ေမာင္ကာလီႏွင့္ သေဘာတူ လက္ထပ္ေပးခဲ့ပါတယ္။

လက္ထပ္ၿပီးေတာ့ သူေဌးႀကီးဟာ ေမာင္ကာလီကို နိပါတ္ေတာ္၀တၳဳေတြကို ဖတ္ခိုင္းတဲ့အခါ စာမဖတ္တတ္သျဖင့္ မအားေယာင္ ေဆာင္ခဲ့ပါတယ္။ အဲဒီအခါ သူေဌးႀကီးရဲ႕သမီးဟာ ေမာင္ကာလီ စာဖတ္တတ္သလား မဖတ္တတ္သလား သိရွိဖို႔ စာတစ္ေစာင္ေရးၿပီး ေမာင္ကာလီကို ျပသဉာဏ္စမ္းခဲ့ရာ ေမာင္ကာလီက မိမိဇနီးသည္ ေပါက္ကရေရးျခစ္ထားသည္ကို မသိဘဲ ယုတၱိရွိေအာင္ ဖြဲ႕ႏြဲ႕ဖတ္ျပခဲ့ပါတယ္။ ေရးတာတျခား ဖတ္တာတျခား ျဖစ္ေနေတာ့ သူေဌးသမီးဟာ စာေတာင္ မဖတ္တတ္တဲ့ ေမာင္ကာလီရဲ႕ ဘ၀မွန္ကို သိသြားၿပီး ႀကိမ္းေမာင္းမာန္မဲလိုက္ပါတယ္။ ေမာင္ကာလီလဲ ကိုယ့္လိပ္ျပာ ကိုယ္ရွက္ၿပီး သူေဌးသမီးအလစ္တြင္ အိမ္မွ ထြက္ေျပးပါေတာ့တယ္။ ထြက္ေျပးလာရင္း ေတာအုပ္တစ္ခုတြင္ မ်က္စိလည္ လမ္းမွားေနရာ ယခင္ဘ၀က မိခင္ေတာ္စပ္ခဲ့ဖူးတဲ့ သူရႆတီ နတ္သမီးက လမ္းမွန္ကို ညႊန္ျပပါတယ္။ နတ္သမီးအသံကို ကာလီၾကားတဲ့အခါ တပ္မက္စိတ္ျဖစ္ေပၚလာၿပီး ကိုယ္ထင္ျပခိုင္းပါတယ္။ နတ္သမီးက သူ႔ကိုျမင္လွ်င္ ကာလီငရဲႀကီးမည္စိုးသျဖင့္ မျပလိုေၾကာင္း ျငင္းပယ္တယ္။ ကာလီက အတင္းေတာင္းဆိုသျဖင့္ ျပလိုက္တဲ့အခါ
“တယ္လွပါလား။ ဒီလိုလွတဲ့သူကေလးနဲ႔မ်ား အတူေနလိုက္ရလွ်င္ ေကာင္းမွာပဲ´´
လို႔ ျပစ္မွားလိုက္ပါတယ္။

နတ္သမီးက –
“သင္သည္ ငါ့အား ျပစ္မွားခဲ့မိၿပီ။ ဘုန္းႀကီးလို႔ သက္မရွည္၊ သက္ရွည္လို႔ ဘုန္းမႀကီး။ ဟဲ့ … ကၽြန္မ်ဳိးဒါသ နင့္နာမည္ ယေန႔ကစလို႔ ကာလီနဲ႔ ဒါသ ေပါင္းၿပီး ကာလီဒါသလို႔ တြင္ရမည္။ သို႔ေပမယ့္ အမိေတာ္ခဲ့ဖူးတဲ့ ေက်းဇူးေၾကာင့္ ပညာမဲ့ေနတဲ့ မင္းကိုယ္မွာ ေဟာဒီကြမ္းယာကို စားတာနဲ႔ ပညာရွိတစ္ဦးျဖစ္လာၿပီး ဘုရင္၏ ပညာရွိအမတ္တစ္ဦး ျဖစ္လာမယ္။ ေနာက္ဆုံးမွာ မင္းဟာ မိန္းမသတ္လို႔ ေသရမယ့္သူ သြားေပေတာ့။´´
ကာလီဒါသဟာ နတ္သမီးရဲ႕ ႐ူပါ႐ုံကို တပ္မက္ၿပီး စိတ္နဲ႔ ျပစ္မွားခဲ့မိလို႔ မယ္ေတာ္က ဒဏ္ခတ္လိုက္ၿပီး လႊတ္လိုက္တဲ့အခါ ဗာရာဏသီကိုပဲ ျပန္ေရာက္လာပါတယ္။ ၿမိဳ႕တြင္းမွာ ေလွ်ာက္သြားရင္း အိမ္တစ္အိမ္မွာ ခ်စ္စရာေကာင္းတဲ့ အမ်ဳိးသမီးေလး တစ္ေယာက္ ေတြ႕တဲ့အခါ ခ်စ္တင္းႏွီးေႏွာမယ္ဆိုၿပီး အိမ္ေပၚတက္သြားပါတယ္။ အမ်ဳိးသမီးေလးကက ျပည့္တန္ဆာမေလးပါ။ ကာလီဒါသဟာအဲဒီျပည့္တန္ဆာမေလးနဲ႔ အတည္တက် ေပါင္းေဖာ္ေနထိုင္ပါတယ္။

မယ္ေတာ္ေကၽြးတဲ့ ကြမ္းယာအစြမ္းေၾကာင့္ ပညာေတြ တတ္လာၿပီး သူတစ္ပါးအခက္အခဲေတြကို အလြယ္တကူ ေျဖရွင္းေပးႏိုင္ခဲ့ပါတယ္။ ဒီသတင္းက နန္းေတာ္ထိ ေပါက္လာတဲ့အခါ ဘုရင္က ကာလီဒါသကို ေခၚခိုင္းၿပီး ပညာရွိအျဖစ္ ခန္႔အပ္ခဲ့ပါတယ္။
တခါမွာေတာ့ မိဖုရားႀကီးရဲ႕ ႐ုပ္ပုံကို ပန္းပုဆရာဆီ အပ္ႏွံတဲ့အခါ ကာလီဒါသ ပညာရွိဟာ ပန္းပုဆရာကို ႀကီးၾကပ္ညႊန္ျပေပး ပါတယ္။ ပန္းပုဆရာကလဲ ကာလီဒါသ ညႊန္ျပတဲ့အတိုင္း ထုလုပ္ဆက္သလိုက္တဲ့ခဲ့ပါတယ္။ ဘုရင္ႀကီးဟာ ႐ုပ္တုကို မိဖုရားႀကီးနဲ႔ ယွဥ္တြဲၿပီး ၾကည့္တဲ့အခါ တေသြမတိမ္းတူေနတဲ့အတြက္ ပန္းပုဆရာကို ဆုေတာင္ လာဘ္ေတာ္မ်ားစြာ ေပးခဲ့ပါတယ္။
႐ုပ္တုကို ေသခ်ာၾကည့္တဲ့အခါ မျမင္အပ္တဲ့ေနရာက မွည့္ေတာင္ ပါေနတဲ့အတြက္ ပန္းပုဆရာကို ေမးတဲ့အခါ ကာလီဒါသ ထည့္ခိုင္းတဲ့အေၾကာင္း ပန္းပုဆရာက ေလွ်ာက္ထားခဲ့ပါတယ္။ ဒါေၾကာင့္ ဘုရင္ႀကီးဟာ သူ႔မိဖုရားရဲ႕ မျမင္အပ္တဲ့ေနရာက မွည့္ကို သိေနတဲ့ကာလီဒါသကို သတ္ေစအမိန္႔ေတာ္ ခ်မွတ္ခဲ့ပါတယ္။ အာဏာသားေတြဟာ မသတ္ရက္လို႔ ၀ွက္ထားခဲ့ၿပီး ဘုရင္ႀကီးကုိေတာ့ သတ္ၿပီးတဲ့အေၾကာင္း ေလွ်ာက္ထားခဲ့ပါတယ္။
တကၠသိုလ္ျပည္မွ ျပန္လာေသာ နႏၵမင္းႀကီး၏သားေတာ္ ဥပရာဇာမင္းသားကေလး ေတာထဲတြင္ လမ္းမွားေနေလရာ ၀ံသူေတာ္ႏွင့္ ေတြ႕ၿပီး ကယ္တင္ထားပါတယ္။ က်ားငစဥ္းလဲက ၀ံသူေတာ္ရွိရာ သြားၿပီး-
“အသင္၀ံသူေတာ္ … နားရြက္တိုကိုလည္း မကယ္နဲ႔။ ေျခႏွစ္ေခ်ာင္းကိုလဲ မကယ္နဲ႔လို႔ စကားပုံရွိတယ္။ ဒီလူမင္းသားရဲ႕ အသားကို က်ဳပ္စားရန္ ေပးပါ´´
လို႔ သြားေျပာတယ္။ ၀ံသူေတာ္က မေပးဘဲ မင္းသားကေလးကို က်ားငစဥ္းလဲ၏ရန္မွ ေ၀းရန္ သစ္ပင္ေပၚတက္၍ သူ႔၏ေပါင္ေပၚမွာ သိပ္ထားလိုက္ တယ္။ ညဘက္ေရာက္တဲ့အခါ က်ားငစဥ္းလဲက ေနာက္တစ္ေခါက္ ထပ္လာၿပီး-
“အသင္မင္းသား …။ ဒီ၀ံႀကီးဟာ ၀ံသူေတာ္မဟုတ္။ ၀ံယုတ္မာႀကီး ျဖစ္တယ္။ မင္းသားေလးကို ကယ္ဆယ္တယ္ဆိုတာ အလကား ေျပာတာ။ မနက္က်ရင္ သင့္ကို စားလိမ့္မယ္။ အဲဒါေၾကာင့္ ေအာက္ကို တြန္းခ်လိုက္ပါ´´
လို႔ လာေျပာတယ္။ မင္းသားေလးလဲ က်ားငစဥ္းလဲစကားကို နားေယာင္ၿပီး သူ႔ကို ကယ္တင္ထားတဲ ၀ံသူေတာ္ကို တြန္းခ်လိုက္ပါတယ္။ ၀ံသူေတာ္က သစ္ကိုင္းကို ေျခေထာက္နဲ႔ ဆြဲခ်ိတ္ထားတဲ့အတြက္ ေအာက္ကို ျပဳတ္မက်ခဲ့ပါဘူး။ ၀ံသူေတာ္က မင္းသားေလးကို
“အသင္မင္းသားတြန္းခ်ေပမယ့္ ကၽြႏ္ုပ္ ေအာက္မက်ပါ။ အသင္မင္းသားဟာ ေက်းဇူးရွင္ကို ျပစ္မွားတဲ့ (သေသနိယ)ပဲ။ ဒါေပမယ့္ က်ဳပ္က ဂလဲ့စားမေခ်လိုပါ။ ေဟာဒီလမ္းအတိုင္းသြားလွ်င္ သင္သြားလိုတဲ့ ဗာရာဏသီကို ေရာက္ပါလိမ့္မယ္ …။ ကဲ … သြားေပေတာ့´´
လို႔ ေျပာၿပီး လႊတ္လိုက္ပါတယ္။

မင္းသားေလးဟာ ေက်းဇူးရွင္ကို ျပစ္မွားမိတဲ့အတြက္ စကားမေျပာႏိုင္ေတာ့ဘဲ သေသနိယ ဆိုတဲ့ ေလးလုံးကိုသာ ဆိုေနပါေတာ့တယ္။ မင္းသားေလးဟာ သူ႔တပည့္ေတြကိုလဲ မမွတ္မိေတာ့ဘဲ ကလိုက္ ခုန္လိုက္ ေျပးလႊားလိုက္ႏွင့္ နန္းေတာ္ႀကီးဆီ ဆိုက္ဆိုက္ ၿမိဳက္ၿမိဳက္ ေရာက္သြားပါတယ္။ ခမည္းေတာ္ မယ္ေတာ္တို႔ဟာ သားေတာ္ေလးရဲ႕ ျဖစ္ပ်က္ေနပုံကို ၾကည့္ၿပီး စိတ္မသက္မသာ ျဖစ္ေနၾကပါတယ္။ အမတ္ႀကီးေတြက ဒီေရာဂါမ်ဳိးကို ကာလီဒါသဆရာသာ ရွိလွ်င္ ေပ်ာက္ေအာင္ ကုႏိုင္မွာပဲဟု ေလွ်ာက္ထားၾကရာ ဘုရင္ႀကီးလဲ ေနာင္တေနမိသြားပါတယ္။

ဘုရင္ႀကီး ေနာင္တစိတ္ျဖစ္ေနစဥ္မွာပင္ အမတ္တစ္ဦးက ကာလီဒါသအား ေခၚေဆာင္၍ မင္းသားေလးအေျခအေနကို ျပရာ
“လူ၀ံ႐ုပ္ကို ရွိခိုးလွ်င္ ေပ်ာက္ကင္းႏိုင္ေၾကာင္း´´ ေျပာသျဖင့္ ခ်က္ခ်င္းပင္ လူ၀ံ႐ုပ္ကို ျပဳလုပ္ေစၿပီး ရွိခိုးေစရာ ေပ်ာက္ကင္း သြားပါတယ္။ ကာလီဒါသကို ေက်းဇူးလဲ တင္သြားၾကပါတယ္။ ကာလီဒါသကို မသတ္ဘဲ ကြယ္၀ွက္ထားတဲ့ အမတ္ႀကီးေတြ ကိုလဲ ေက်းဇူးတင္သြားၾကပါတယ္။
တစ္ေန႔မွာ ဘုရင္ႀကီးဟာ မဂၤလာကန္ေတာ္ကို ၾကည့္ေနတုန္း ေလမတိုက္ ဘာမတိုက္နဲ႔ ၾကာဖူးႏွစ္ဖူးထဲ ထူးထူးျခားျခားကြက္ၿပီး လႈပ္ေနတာ ျမင္ပါတယ္။ ဒီအျခင္းအရာကို ေျဖဆိုႏိုင္မယ့္သူကို ေမာင္းခတ္ေၾကျငာေစပါတယ္။ ေျဖဆိုႏိုင္မယ္ဆိုလွ်င္ မိန္းမဆိုပါက မိဖုရားအရာ ေျမွာက္တင္မယ္။ ေယာက္်ားဆိုပါက အိမ္ေရွ႕အရာ အပ္ႏွင္းမယ္။ ဘုန္းႀကီျဖစ္လွ်င္ ေရႊေက်ာင္းေဆာက္လွဴမယ္ ဆိုၿပီး ေၾကာ္ျငာေစပါတယ္။
ကာလီဒါသတေယာက္ ခ်စ္ဇနီးေလးနဲ႔ ၾကည္ႏူးၿပီး အိပ္ေပ်ာ္ေနခိုက္ ေမာင္းခတ္တဲ့အဖြဲ႕ဟာ အနားကို ေရာက္လာပါတယ္။ သူ႕ဇနီးျပည့္တန္ဆာမေလးဟာ မိဖုရားႀကီးျဖစ္ခ်င္တာေၾကာင့္ ကာလီဒါသကို ႏႈိးၿပီး ေမးျမန္းခဲ့ပါတယ္။ ကာလီဒါသက အေျခအေနကို သုံးသပ္ဆင္ျခင္ၿပီး-
“ၾကာဖူးတို႔ရဲ႕သဘာ၀ဟာ နံနက္ေစာေစာဆို ပြင့္တယ္။ ေနထြက္လာလွ်င္ ငုံသြားတတ္တယ္။ အဲဒီအခါ ပြင့္ေနတဲ့အခ်ိန္မွာ ၀င္ေနတဲ့ ပိတုန္းေတြဟာ ၾကာဖူးျပန္ငုံသြားတဲ့အခါ ျပန္ထြက္လို႔ မရလို႔ ႐ုန္းကန္ေနၾကတာေၾကာင့္ ၾကာဖူးေတြ လႈပ္ရတာျဖစ္ပါတယ္´´
လို႔ ေျဖပါတယ္။ ကာလီဒါသရဲ႕ဇနီးက အဲဒီစကားကို မွတ္ထားလိုက္ပါတယ္။ ၿပီးေတာ့ ကာလီဒါသ အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ ကတ္ေၾကးနဲ႔ ထိုးသတ္ၿပီး က်က်နနျခယ္သ၀တ္ဆင္ကာ နန္းေတာ္ရွိရာ လာခဲ့ပါတယ္။

ၾကာဖူးျဖစ္ပုံအလုံးစုံကို ေလွ်ာက္ထားလို႔ စုံစမ္းတဲ့အခါ မွန္ေနတာကို ေတြ႕ရပါတယ္။ မွန္ပင္ မွန္ေသာ္လည္း မိန္းကေလးရဲ႕ ႐ုပ္လကၡဏာက ဒီလို ျပႆနာမ်ဳိးေတြကို ေျဖႏိုင္မယ့္ လကၡဏာမ်ဳိးမရွိလို႔ စစ္ေဆးတဲ့အခါ မိဖုရားျဖစ္လိုစိတ္နဲ႔ လင္ေယာက္်ားျဖစ္သူ ကာလီဒါသကို ေမးၿပီး အေျဖမွန္ရတဲ့အခါ လင္ေယာက္်ားကို သတ္ခဲ့တာ ေပၚလြင္ခဲ့ပါတယ္။
ဒါေၾကာင့္ လင္ေယာက္်ားကို ျပစ္မွားတဲ့ အဲဒီအမ်ဳိးသမီးကို မေသမခ်င္း ဓားနဲ႔ ထိုသတ္ေစလို႔ အမိန္႔ေတာ္ ခ်မွတ္ခဲ့ပါတယ္။
အိႏၵိယရဲ႕ နာမည္ေက်ာ္ဒ႑ာရီ၀တၳဳေလးပါ။ ေက်းဇူးရွင္ကို ျပစ္မွားမိလွ်င္ ပညာဥစၥာဘယ္ေလာက္ပင္ ႀကီးမားေသာ္လည္း ကံတရားရဲ႕ တန္ျပန္ဒဏ္ခတ္ျခင္းကို ခံရတတ္ေၾကာင္း သင္ခန္းစာ ယူစရာ ေကာင္းလွပါေၾကာင္း အက်ဥ္းခ်ဳပ္၍ ဘာသာျပန္ တင္ျပလိုက္ပါတယ္။

https://en.wikipedia.org/wiki/K%C4%81lid%C4%81sa
https://www.poemhunter.com/kalidasa/biography/
https://www.britannica.com/biography/Kalidasa
Myanmarliteraturenote Blog


ကာလီဒါသ ဆိုသော ပညာရှိကြီးအကြောင်း (unicode)

ကာလီဒါသ ဆိုတဲ့ ပညာရှိနာမည်ကို ကျွန်တော်တို့ စာပေ ကျမ်းဂန် ပုံပြင်တွေမှာ မကြာခဏ ဖတ်ဖူးကြပါလိမ့်မယ်။ သူဟာ ဘီစီ ၅ရာစု နဲ့ ၄ရာစုကြားပေါ်ထွန်းခဲ့တဲ့ အိန္ဒိယစာပေပညာရှိကြီးဖြစ်ပါတယ်။ သူအကြောင်းကိုရေးထားတဲ့ အိန္ဒိယရဲ့ နာမည်ကျော်ဒဏ္ဍာရီဝတ္ထုလေးကို မိတ်ဆွေများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

တခါက ဗာရာဏသီပြည်မှာ နန္ဒအမည်ရှိတဲ့မင်းကြီးဟာ မင်းကျင့်တရား (၁၀)ပါးနှင့်အညီ အုပ်ချုပ်မင်းလုပ်ခဲ့ပါတယ်။ အဲဒီမင်းကြီးမှာ သားတော်တစ်ပါးထွန်းကားလို့ သားတော်မောင်အရွယ်ရောက်တဲ့အခါ တက္ကသိုလ်ပြည်မှာ ပညာသင်စေခဲ့ပါတယ်။ အဲဒီဗာရာဏသီပြည်မှာပဲ ပညာမဲ့ပြီး ဆင်းရဲလှတဲ့ ရေထမ်းသမား မောင်ကာလီနှင့် ပညာကို အလွန်တန်ဖိုးထားတဲ့ ဘောဂဗလ ဆိုတဲ့ သူဌေးကြီးတစ်ဦးလဲ ရှိခဲ့ပါတယ်။ ဘောဂဗလသူဌေးကြီးမှာ အလွန်တရာချောမောလှပတဲ့ မိတဆိုးသမီးလေးတစ်ယောက်လဲ ရှိပါတယ်။ မောင်ကာလီဟာ ရေထမ်းသမားဖြစ်ပေမယ့် သူဌေးသမီးနဲ့ နီးစပ်အောင် ကြားဖူးနားဝပညာစကားလေး တစ်ခွန်းတလေနဲ့ သူဌေးကြီးကို အရောတဝင် လုပ်ခဲ့ပါတယ်။ သူဌေးကြီးရဲ့အိမ်က ရေအိုးမှန်သမျှကိုလဲ အမြဲပြည့်နေအောင် ဖြည့်ပေးပါတယ်။ သူဌေးကြီးဟာ မောင်ကာလီရဲ့ ပြောပုံဆိုပုံနှင့် အလုပ်အကိုင်ကို သဘောကျပြီး တစ်ဦးတည်းသော သမီးကို မောင်ကာလီနှင့် သဘောတူ လက်ထပ်ပေးခဲ့ပါတယ်။

လက်ထပ်ပြီးတော့ သူဌေးကြီးဟာ မောင်ကာလီကို နိပါတ်တော်ဝတ္ထုတွေကို ဖတ်ခိုင်းတဲ့အခါ စာမဖတ်တတ်သဖြင့် မအားယောင် ဆောင်ခဲ့ပါတယ်။ အဲဒီအခါ သူဌေးကြီးရဲ့သမီးဟာ မောင်ကာလီ စာဖတ်တတ်သလား မဖတ်တတ်သလား သိရှိဖို့ စာတစ်စောင်ရေးပြီး မောင်ကာလီကို ပြသဉာဏ်စမ်းခဲ့ရာ မောင်ကာလီက မိမိဇနီးသည် ပေါက်ကရရေးခြစ်ထားသည်ကို မသိဘဲ ယုတ္တိရှိအောင် ဖွဲ့နွဲ့ဖတ်ပြခဲ့ပါတယ်။ ရေးတာတခြား ဖတ်တာတခြား ဖြစ်နေတော့ သူဌေးသမီးဟာ စာတောင် မဖတ်တတ်တဲ့ မောင်ကာလီရဲ့ ဘဝမှန်ကို သိသွားပြီး ကြိမ်းမောင်းမာန်မဲလိုက်ပါတယ်။ မောင်ကာလီလဲ ကိုယ့်လိပ်ပြာ ကိုယ်ရှက်ပြီး သူဌေးသမီးအလစ်တွင် အိမ်မှ ထွက်ပြေးပါတော့တယ်။ ထွက်ပြေးလာရင်း တောအုပ်တစ်ခုတွင် မျက်စိလည် လမ်းမှားနေရာ ယခင်ဘဝက မိခင်တော်စပ်ခဲ့ဖူးတဲ့ သူရဿတီ နတ်သမီးက လမ်းမှန်ကို ညွှန်ပြပါတယ်။ နတ်သမီးအသံကို ကာလီကြားတဲ့အခါ တပ်မက်စိတ်ဖြစ်ပေါ်လာပြီး ကိုယ်ထင်ပြခိုင်းပါတယ်။ နတ်သမီးက သူ့ကိုမြင်လျှင် ကာလီငရဲကြီးမည်စိုးသဖြင့် မပြလိုကြောင်း ငြင်းပယ်တယ်။ ကာလီက အတင်းတောင်းဆိုသဖြင့် ပြလိုက်တဲ့အခါ
“တယ်လှပါလား။ ဒီလိုလှတဲ့သူကလေးနဲ့များ အတူနေလိုက်ရလျှင် ကောင်းမှာပဲ´´
လို့ ပြစ်မှားလိုက်ပါတယ်။

နတ်သမီးက –
“သင်သည် ငါ့အား ပြစ်မှားခဲ့မိပြီ။ ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီး။ ဟဲ့ … ကျွန်မျိုးဒါသ နင့်နာမည် ယနေ့ကစလို့ ကာလီနဲ့ ဒါသ ပေါင်းပြီး ကာလီဒါသလို့ တွင်ရမည်။ သို့ပေမယ့် အမိတော်ခဲ့ဖူးတဲ့ ကျေးဇူးကြောင့် ပညာမဲ့နေတဲ့ မင်းကိုယ်မှာ ဟောဒီကွမ်းယာကို စားတာနဲ့ ပညာရှိတစ်ဦးဖြစ်လာပြီး ဘုရင်၏ ပညာရှိအမတ်တစ်ဦး ဖြစ်လာမယ်။ နောက်ဆုံးမှာ မင်းဟာ မိန်းမသတ်လို့ သေရမယ့်သူ သွားပေတော့။´´
ကာလီဒါသဟာ နတ်သမီးရဲ့ ရူပါရုံကို တပ်မက်ပြီး စိတ်နဲ့ ပြစ်မှားခဲ့မိလို့ မယ်တော်က ဒဏ်ခတ်လိုက်ပြီး လွှတ်လိုက်တဲ့အခါ ဗာရာဏသီကိုပဲ ပြန်ရောက်လာပါတယ်။ မြို့တွင်းမှာ လျှောက်သွားရင်း အိမ်တစ်အိမ်မှာ ချစ်စရာကောင်းတဲ့ အမျိုးသမီးလေး တစ်ယောက် တွေ့တဲ့အခါ ချစ်တင်းနှီးနှောမယ်ဆိုပြီး အိမ်ပေါ်တက်သွားပါတယ်။ အမျိုးသမီးလေးကက ပြည့်တန်ဆာမလေးပါ။ ကာလီဒါသဟာအဲဒီပြည့်တန်ဆာမလေးနဲ့ အတည်တကျ ပေါင်းဖော်နေထိုင်ပါတယ်။

မယ်တော်ကျွေးတဲ့ ကွမ်းယာအစွမ်းကြောင့် ပညာတွေ တတ်လာပြီး သူတစ်ပါးအခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒီသတင်းက နန်းတော်ထိ ပေါက်လာတဲ့အခါ ဘုရင်က ကာလီဒါသကို ခေါ်ခိုင်းပြီး ပညာရှိအဖြစ် ခန့်အပ်ခဲ့ပါတယ်။
တခါမှာတော့ မိဖုရားကြီးရဲ့ ရုပ်ပုံကို ပန်းပုဆရာဆီ အပ်နှံတဲ့အခါ ကာလီဒါသ ပညာရှိဟာ ပန်းပုဆရာကို ကြီးကြပ်ညွှန်ပြပေး ပါတယ်။ ပန်းပုဆရာကလဲ ကာလီဒါသ ညွှန်ပြတဲ့အတိုင်း ထုလုပ်ဆက်သလိုက်တဲ့ခဲ့ပါတယ်။ ဘုရင်ကြီးဟာ ရုပ်တုကို မိဖုရားကြီးနဲ့ ယှဉ်တွဲပြီး ကြည့်တဲ့အခါ တသွေမတိမ်းတူနေတဲ့အတွက် ပန်းပုဆရာကို ဆုတောင် လာဘ်တော်များစွာ ပေးခဲ့ပါတယ်။
ရုပ်တုကို သေချာကြည့်တဲ့အခါ မမြင်အပ်တဲ့နေရာက မှည့်တောင် ပါနေတဲ့အတွက် ပန်းပုဆရာကို မေးတဲ့အခါ ကာလီဒါသ ထည့်ခိုင်းတဲ့အကြောင်း ပန်းပုဆရာက လျှောက်ထားခဲ့ပါတယ်။ ဒါကြောင့် ဘုရင်ကြီးဟာ သူ့မိဖုရားရဲ့ မမြင်အပ်တဲ့နေရာက မှည့်ကို သိနေတဲ့ကာလီဒါသကို သတ်စေအမိန့်တော် ချမှတ်ခဲ့ပါတယ်။ အာဏာသားတွေဟာ မသတ်ရက်လို့ ဝှက်ထားခဲ့ပြီး ဘုရင်ကြီးကိုတော့ သတ်ပြီးတဲ့အကြောင်း လျှောက်ထားခဲ့ပါတယ်။
တက္ကသိုလ်ပြည်မှ ပြန်လာသော နန္ဒမင်းကြီး၏သားတော် ဥပရာဇာမင်းသားကလေး တောထဲတွင် လမ်းမှားနေလေရာ ဝံသူတော်နှင့် တွေ့ပြီး ကယ်တင်ထားပါတယ်။ ကျားငစဉ်းလဲက ဝံသူတော်ရှိရာ သွားပြီး-
“အသင်ဝံသူတော် … နားရွက်တိုကိုလည်း မကယ်နဲ့။ ခြေနှစ်ချောင်းကိုလဲ မကယ်နဲ့လို့ စကားပုံရှိတယ်။ ဒီလူမင်းသားရဲ့ အသားကို ကျုပ်စားရန် ပေးပါ´´
လို့ သွားပြောတယ်။ ဝံသူတော်က မပေးဘဲ မင်းသားကလေးကို ကျားငစဉ်းလဲ၏ရန်မှ ဝေးရန် သစ်ပင်ပေါ်တက်၍ သူ့၏ပေါင်ပေါ်မှာ သိပ်ထားလိုက် တယ်။ ညဘက်ရောက်တဲ့အခါ ကျားငစဉ်းလဲက နောက်တစ်ခေါက် ထပ်လာပြီး-
“အသင်မင်းသား …။ ဒီဝံကြီးဟာ ဝံသူတော်မဟုတ်။ ဝံယုတ်မာကြီး ဖြစ်တယ်။ မင်းသားလေးကို ကယ်ဆယ်တယ်ဆိုတာ အလကား ပြောတာ။ မနက်ကျရင် သင့်ကို စားလိမ့်မယ်။ အဲဒါကြောင့် အောက်ကို တွန်းချလိုက်ပါ´´
လို့ လာပြောတယ်။ မင်းသားလေးလဲ ကျားငစဉ်းလဲစကားကို နားယောင်ပြီး သူ့ကို ကယ်တင်ထားတဲ ဝံသူတော်ကို တွန်းချလိုက်ပါတယ်။ ဝံသူတော်က သစ်ကိုင်းကို ခြေထောက်နဲ့ ဆွဲချိတ်ထားတဲ့အတွက် အောက်ကို ပြုတ်မကျခဲ့ပါဘူး။ ဝံသူတော်က မင်းသားလေးကို
“အသင်မင်းသားတွန်းချပေမယ့် ကျွန်ုပ် အောက်မကျပါ။ အသင်မင်းသားဟာ ကျေးဇူးရှင်ကို ပြစ်မှားတဲ့ (သသေနိယ)ပဲ။ ဒါပေမယ့် ကျုပ်က ဂလဲ့စားမချေလိုပါ။ ဟောဒီလမ်းအတိုင်းသွားလျှင် သင်သွားလိုတဲ့ ဗာရာဏသီကို ရောက်ပါလိမ့်မယ် …။ ကဲ … သွားပေတော့´´
လို့ ပြောပြီး လွှတ်လိုက်ပါတယ်။

မင်းသားလေးဟာ ကျေးဇူးရှင်ကို ပြစ်မှားမိတဲ့အတွက် စကားမပြောနိုင်တော့ဘဲ သသေနိယ ဆိုတဲ့ လေးလုံးကိုသာ ဆိုနေပါတော့တယ်။ မင်းသားလေးဟာ သူ့တပည့်တွေကိုလဲ မမှတ်မိတော့ဘဲ ကလိုက် ခုန်လိုက် ပြေးလွှားလိုက်နှင့် နန်းတော်ကြီးဆီ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားပါတယ်။ ခမည်းတော် မယ်တော်တို့ဟာ သားတော်လေးရဲ့ ဖြစ်ပျက်နေပုံကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေကြပါတယ်။ အမတ်ကြီးတွေက ဒီရောဂါမျိုးကို ကာလီဒါသဆရာသာ ရှိလျှင် ပျောက်အောင် ကုနိုင်မှာပဲဟု လျှောက်ထားကြရာ ဘုရင်ကြီးလဲ နောင်တနေမိသွားပါတယ်။

ဘုရင်ကြီး နောင်တစိတ်ဖြစ်နေစဉ်မှာပင် အမတ်တစ်ဦးက ကာလီဒါသအား ခေါ်ဆောင်၍ မင်းသားလေးအခြေအနေကို ပြရာ
“လူဝံရုပ်ကို ရှိခိုးလျှင် ပျောက်ကင်းနိုင်ကြောင်း´´ ပြောသဖြင့် ချက်ချင်းပင် လူဝံရုပ်ကို ပြုလုပ်စေပြီး ရှိခိုးစေရာ ပျောက်ကင်း သွားပါတယ်။ ကာလီဒါသကို ကျေးဇူးလဲ တင်သွားကြပါတယ်။ ကာလီဒါသကို မသတ်ဘဲ ကွယ်ဝှက်ထားတဲ့ အမတ်ကြီးတွေ ကိုလဲ ကျေးဇူးတင်သွားကြပါတယ်။
တစ်နေ့မှာ ဘုရင်ကြီးဟာ မင်္ဂလာကန်တော်ကို ကြည့်နေတုန်း လေမတိုက် ဘာမတိုက်နဲ့ ကြာဖူးနှစ်ဖူးထဲ ထူးထူးခြားခြားကွက်ပြီး လှုပ်နေတာ မြင်ပါတယ်။ ဒီအခြင်းအရာကို ဖြေဆိုနိုင်မယ့်သူကို မောင်းခတ်ကြေငြာစေပါတယ်။ ဖြေဆိုနိုင်မယ်ဆိုလျှင် မိန်းမဆိုပါက မိဖုရားအရာ မြှောက်တင်မယ်။ ယောက်ျားဆိုပါက အိမ်ရှေ့အရာ အပ်နှင်းမယ်။ ဘုန်းကြီဖြစ်လျှင် ရွှေကျောင်းဆောက်လှူမယ် ဆိုပြီး ကြော်ငြာစေပါတယ်။
ကာလီဒါသတယောက် ချစ်ဇနီးလေးနဲ့ ကြည်နူးပြီး အိပ်ပျော်နေခိုက် မောင်းခတ်တဲ့အဖွဲ့ဟာ အနားကို ရောက်လာပါတယ်။ သူ့ဇနီးပြည့်တန်ဆာမလေးဟာ မိဖုရားကြီးဖြစ်ချင်တာကြောင့် ကာလီဒါသကို နှိုးပြီး မေးမြန်းခဲ့ပါတယ်။ ကာလီဒါသက အခြေအနေကို သုံးသပ်ဆင်ခြင်ပြီး-
“ကြာဖူးတို့ရဲ့သဘာဝဟာ နံနက်စောစောဆို ပွင့်တယ်။ နေထွက်လာလျှင် ငုံသွားတတ်တယ်။ အဲဒီအခါ ပွင့်နေတဲ့အချိန်မှာ ဝင်နေတဲ့ ပိတုန်းတွေဟာ ကြာဖူးပြန်ငုံသွားတဲ့အခါ ပြန်ထွက်လို့ မရလို့ ရုန်းကန်နေကြတာကြောင့် ကြာဖူးတွေ လှုပ်ရတာဖြစ်ပါတယ်´´
လို့ ဖြေပါတယ်။ ကာလီဒါသရဲ့ဇနီးက အဲဒီစကားကို မှတ်ထားလိုက်ပါတယ်။ ပြီးတော့ ကာလီဒါသ အိပ်ပျော်နေတဲ့အချိန်မှာ ကတ်ကြေးနဲ့ ထိုးသတ်ပြီး ကျကျနနခြယ်သဝတ်ဆင်ကာ နန်းတော်ရှိရာ လာခဲ့ပါတယ်။

ကြာဖူးဖြစ်ပုံအလုံးစုံကို လျှောက်ထားလို့ စုံစမ်းတဲ့အခါ မှန်နေတာကို တွေ့ရပါတယ်။ မှန်ပင် မှန်သော်လည်း မိန်းကလေးရဲ့ ရုပ်လက္ခဏာက ဒီလို ပြဿနာမျိုးတွေကို ဖြေနိုင်မယ့် လက္ခဏာမျိုးမရှိလို့ စစ်ဆေးတဲ့အခါ မိဖုရားဖြစ်လိုစိတ်နဲ့ လင်ယောက်ျားဖြစ်သူ ကာလီဒါသကို မေးပြီး အဖြေမှန်ရတဲ့အခါ လင်ယောက်ျားကို သတ်ခဲ့တာ ပေါ်လွင်ခဲ့ပါတယ်။
ဒါကြောင့် လင်ယောက်ျားကို ပြစ်မှားတဲ့ အဲဒီအမျိုးသမီးကို မသေမချင်း ဓားနဲ့ ထိုသတ်စေလို့ အမိန့်တော် ချမှတ်ခဲ့ပါတယ်။
အိန္ဒိယရဲ့ နာမည်ကျော်ဒဏ္ဍာရီဝတ္ထုလေးပါ။ ကျေးဇူးရှင်ကို ပြစ်မှားမိလျှင် ပညာဥစ္စာဘယ်လောက်ပင် ကြီးမားသော်လည်း ကံတရားရဲ့ တန်ပြန်ဒဏ်ခတ်ခြင်းကို ခံရတတ်ကြောင်း သင်ခန်းစာ ယူစရာ ကောင်းလှပါကြောင်း အကျဉ်းချုပ်၍ ဘာသာပြန် တင်ပြလိုက်ပါတယ်။

https://en.wikipedia.org/wiki/K%C4%81lid%C4%81sa
https://www.poemhunter.com/kalidasa/biography/
https://www.britannica.com/biography/Kalidasa
Myanmarliteraturenote Blog

Leave a Reply