မင္းတုန္းမင္းႀကီးရဲ႕ ေမြးစားသား ရစ္ပေလ ရဲ႕ စြမ္းေဆာင္ခ်က္မ်ား (သုိ႔) ဟံသာ၀တီပုံႏွိပ္တုိက္ႀကီးကို စတင္တည္ေထာင္သူ

Posted on

ဟံသာ၀တီ ဦး၀င္းတင္ ကိုေတာ့ အားလုံးသိႀကမွာပါ။ အဓိပၸါယ္က ေတာ့ အားလုံးသိတဲ့အတုိင္း ဟံသာ၀တီသတင္းစာ အယ္ဒီတာခ်ဳပ္ ဦး၀င္းတင္ ပဲ ၿဖစ္ပါတယ္။ ဦး၀င္းတင္ ေရွ႕က ဟံသာ၀တီသတင္း စာကုိ တည္ေထာင္ခဲ့သူဟာ မင္းတုန္းမင္းႀကီးရဲ႕ ေမြးစားသား မစၥတာ ရစ္ပေလပဲ ၿဖစ္ပါတယ္။ နာမည္အျပည့္အစုံက Philip H. Ripley ပါ။  ၁၈၆၀ ၿပည့္ႏွစ္တြင္ ရခုိင္ၿပည္နယ္ ၊ေက်ာက္ၿဖဴၿမဳိ႕မွာ ေမြးဖြားခဲ့ၿပီး သူ႔ရဲ႕ဖခင္မွာ ေက်ာက္ၿဖဴအေရးပုိင္အာေမးနီးယန္းလူမ်ဳိး တစ္ဦးၿဖစ္ပါတယ္။ ရခုိင္မွာ တာ၀န္ထမ္း ေဆာင္ရင္း ရခုိင္အမ်ဳိးသမီး နဲ႔ အိမ္ေထာင္က်ၿပီး ရစ္ပေလကုိ ေမြးဖြားခဲ့တာ ၿဖစ္ပါတယ္။

ရစ္ပေလရဲ႕ဖခင္ဟာ မင္းတုန္းမင္းနဲ႔ အဆင္ေၿပသူၿဖစ္ၿပီး မႏၱေလးကုိ သြားတုိင္း ရစ္ပေလကုိ မႀကာခဏေခၚသြားေလ့ရွိပါတယ္။ ဆံပင္နီရဲရဲနဲ႔ ရစ္ပေလကုိ မင္းတုန္းမင္းႀကီးဟာ ခ်စ္ၿမတ္ႏုိးၿပီး သားအၿဖစ္ ေမြးစားလုိက္ပါတယ္။ အရြယ္ေရာက္ေတာ့ သီေပါမင္းတုိ႔ ေတာင္သမန္လယ္စား ေမာင္ေဖငယ္တုိ႔နဲ႔ အတူ ဆရာမွတ္ႀကီးရဲ႕ သံတဲေက်ာင္းမွာ ပညာသင္ေစပါတယ္။ စာႀကဳိးစားသူ ရစ္ပေလကုိ ကင္း၀န္မင္းႀကီး နဲ႔ ၀က္မစြတ္၀န္ေထာက္မင္း တုိ႔က အထူးပင္ ခ်စ္ခင္ႀကပါတယ္။

ရစ္ပေလ ၁၇ ႏွစ္ ေရာက္ေတာ့ မႏၱေလးနန္းတြင္းေရးဟာ ရႈပ္ေထြးလာ တာေႀကာင့္ ရစ္ပေလဟာ ေအာက္ၿပည္ေအာက္ရြာ ရန္ကုန္ ကုိ စုန္ဆင္း လာခဲ့ပါတယ္။ ရန္ကုန္မွာပဲ မီးရထားဌာန ၊ အတြင္း၀န္ရုံး ၊ စာေတာ္ၿပန္ဌာန တုိ႔မွာ အလုပ္၀င္ၿပီး ႏွစ္ႏွစ္ခန္႔အႀကာမွာေတာ့ ပညာ့အလင္း မဂၢဇင္းမွာ လက္ေထာက္အယ္ဒီတာအၿဖစ္ ၀င္ေရာက္လုပ္ကုိင္ၿပန္ပါတယ္။ ထို႔ေနာက္ စာေတာ္ၿပန္၀န္ေထာက္ အၿဖစ္ေၿပာင္းေရြ႕လုပ္ကုိင္ခဲ့ ၿပန္ပါတယ္။ စာေတာ္ၿပန္၀န္ေထာက္ဘ၀မွာပဲ ရခုိင္အမ်ဳိးသမီး ေဒၚစီရဲ႕ သမီး အင္နီ နဲ႔ လက္ထပ္ခဲ့ပါတယ္။

၁၈၈၆ ခုႏွစ္တြင္ ရန္ကုန္ ၃၄ လမ္း၌ ဟံသာ၀တီ ပုံႏွိပ္တုိက္ကုိ စတင္ တည္ေထာင္ခဲ့ပါတယ္။ ၁၈၉၃ ခုႏွစ္ မွာေတာ့ ပုံႏွိပ္တုိက္လုန္းငန္း အတြက္လုိအပ္တဲ့ ခဲစာသြန္းလုပ္ေသာ ပညာႏွင့္ ပုံႏွိပ္ပညာ မ်ားကုိ အဂၤလန္သုိ႔ သြားေရာက္သင္ယူခဲ့ပါတယ္။ ၁၈၉၇ မွာေတာ့ ရန္ကုန္ကုိ ၿပန္ေရာက္လာၿပီး ဆူးေလဘုရားလမ္းမွာ ၀န္ထမ္း ၁၈၀ ခန္႔ရွိတဲ့ ဟံသာ၀တီပုံႏွိပ္တုိက္ႀကီး ကုိထပ္မံ တည္ေထာင္ခဲ့ၿပန္ပါတယ္။ မႀကာမီ ဟံသာ၀တီသတင္းစာ ကုိ ထုတ္ေ၀လုိက္ရာ လူႀကဳိက္မ်ားခဲ့ပါတယ္။ ဟံသာ၀တီပုံႏွိပ္တုိက္မွ ထုိေခတ္က နာမည္ႀကီးစာအုပ္မ်ားၿဖစ္တဲ့ ပဋာစာရီ၀ထၳဳ ၊ ပညာမင္းႀကီးဟန္တား၏ ဣႏၵိယ၊ ကင္း၀န္မင္းႀကီး၏ ဥေရာပသြား၊ လန္ဒန္သြား ၊ ၿပင္သစ္သြား ေန႔စဥ္မွတ္တမ္း စာအုပ္မ်ားကုိ ထုတ္ေ၀ႏုိင္ခဲ့ပါတယ္။

မစၥတာရစ္ပေလမွာ ဆႏၵတစ္ခုရွိပါတယ္။ ဒါကေတာ့ သူ႔ရဲ႕ေမြးစားဖခင္ မင္းတုန္းမင္းရဲ႕ ကုသုိလ္ၿဖစ္တဲ့ ကုသုိလ္ေတာ္ဘုရားအတြင္းမွာ  ေက်ာက္ထက္အကၡရာတင္ထားတဲ့ ပဥၥသဂၤါယနာတင္ ပိဋကတ္သုံးပုံကုိပုံႏွိပ္ထုတ္ေ၀ခ်င္တာပဲ ၿဖစ္ပါတယ္။ ေတာင္ခြင္သာသနာ ဆရာေတာ္ ႀကီးရဲ႕ ခြင့္ၿပဳမႈ ၊ လမ္းညႊန္မိန္႔ႀကားမႈၿဖင့္ ပုံႏွိပ္ထုတ္ေ၀ရန္ ကူးယူခဲ့ပါတယ္။ ကူးယူၿပီး ပရုဖတ္ၿခင္း(သဒၵါနဲ႔ စာလံုးေပါင္းသတ္ပံု မွန္မမွန္ စစ္ေဆးၿခင္း) ၿပဳလုပ္၌ မူရင္းေက်ာက္စာမ်ားႏွင့္ အေသအခ်ာ တုိက္ဆုိင္စစ္ေဆးခဲ့ပါ တယ္။ ရစ္ပေလရဲ႕ႀကဳိးစားမႈေႀကာင့္ ပိဋကတ္သုံးပုံစာအုပ္ေတြဟာ ၁၉၀၀ ၀န္းက်င္မွာ ေပၚထြက္လာခဲ့ပါတယ္။

မစၥတာရစ္ပေလ၏ ပုံႏွိပ္စက္မ်ားမွာ မင္က်မင္န အလြန္ေကာင္းၿပီး အၿခား ပုံႏွိပ္တုိက္မ်ားကုိ ၿဖစ္ကတတ္ဆန္း မဟုတ္ပါ။ ပုံႏွိပ္တုိက္က ထြက္တဲ့ စာအုပ္တုိင္း အမွန္ကန္ဆုံး ၿဖစ္ေစဖုိ႔ ၿမန္မာစာေပ အလြန္တတ္ကြ်မ္းတဲ့ လူၿပန္ေတာ္ပညာရွိ မ်ား ကုိ ေခၚယူခန္႔ထားပါတယ္။ ( ပုံမွန္ဘုန္းႀကီး ဘ၀မွ လူထြက္လာသူကို အရပ္အေခၚနဲ႔ ဘုန္းႀကီးလူထြက္လုိ႔ ေခၚႀကေပ မယ့္ စာတတ္က်မ္းတတ္ ပုဂၢဳဳိလ္မ်ားကိုေတာ့ လူၿပန္ေတာ္ လုိ႔ေခၚေႀကာင္းသိရပါတယ္)

ရစ္ပေလရဲ႕ ပုံႏွိပ္တုိက္မွ ထြက္တဲ့ စာအုပ္ေတြ ဘယ္ေလာက္ သဒၵါ သတ္ပုံ မွန္ကန္သလဲ ဆုိရင္ အမွားတစ္လုံးေတြ႔ရင္ ဆုေငြ ၅ က်ပ္
(ထုိေခတ္က အလြန္မ်ားတဲ့တန္ဖုိးပါ) ခ်ပါမယ္ ဆုိၿပီး စိန္ေခၚေႀကၿငာတဲ့ အထိပါပဲ။ ဒါေႀကာင့္လဲ ဟံသာ၀တီတုိက္ထြက္ စာအုပ္ေတြဟာ သဒၵါ သတ္ပုံ လွည့္ႀကည့္ေနစရာမလုိပဲ က်မ္းကုိးရင္ေတာင္ ‘ဟံသာ၀တီမူ’ ဆုိၿပီး တေလးတစားေဖာ္ၿပခံရပါတယ္။

ရစ္ပေလဟာ ၿမန္မာလူမ်ဳိးစစ္စစ္ မဟုတ္ေသာ္ၿငား ၿမန္မာဘုရင္ နဲ႔ ၿမန္မာစာေပကုိ အလြန္ေလးစားသူ ၿဖစ္ပါတယ္။ သူ႔ေမြးစားဖခင္ မင္းတုန္း မင္းႀကီး ကုိ ‘မင္းတုန္းမင္း’ လုိ႔ သူ႔ေရွ႕မွာ ဘယ္သူမွ မေခၚရဲပါ။ သူ ကုိယ္တုိင္ကလည္း ဘ၀ရွင္မင္းတရားႀကီး လုိ႔ပဲ ေခၚပါသတဲ့။ ၿမန္မာ့စာေပအက်ဳးိကုိ ေဆာင္ရြက္ခဲ့သူ ၊ ပိဋကတ္သုံးပုံေက်ာက္စာမ်ားကုိ ပထမဆုံး စက္တင္ပုံႏွိပ္ရန္ အႀကံရ ခဲ့သူ ခ်ီးက်ဴးဂုဏ္ၿပဳထုိက္ဖြယ္ မစၥတာရစ္ပေလ အေႀကာင္းကုိ ဗဟုသုတ အၿဖစ္ ေရးသားတင္ၿပလုိက္ပါတယ္။

Ref:
ရစ္ပေလမွ ဦး၀င္းတင္ထိ ႏွစ္ေပါင္း ၁၁၁ ႏွစ္ႀကာ ဟံသာ၀တီသတင္းစာ – ေမာင္စြမ္းရည္
ၿမန္မာ့သမုိင္း၀င္ သမုိင္းတင္ခဲ့ေသာ ၿဖစ္ရပ္မ်ား – နႏၵာမုိးႀကယ္
သုတဇုန္


 မင်းတုန်းမင်းကြီးရဲ့ မွေးစားသား ရစ်ပလေ ရဲ့ စွမ်းဆောင်ချက်များ (သို့) ဟံသာဝတီပုံနှိပ်တိုက်ကြီးကို စတင်တည်ထောင်သူ (unicode)

ဟံသာဝတီ ဦးဝင်းတင် ကိုတော့ အားလုံးသိကြမှာပါ။ အဓိပ္ပါယ်က တော့ အားလုံးသိတဲ့အတိုင်း ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် ဦးဝင်းတင် ပဲ ဖြစ်ပါတယ်။ ဦးဝင်းတင် ရှေ့က ဟံသာဝတီသတင်း စာကို တည်ထောင်ခဲ့သူဟာ မင်းတုန်းမင်းကြီးရဲ့ မွေးစားသား မစ္စတာ ရစ်ပလေပဲ ဖြစ်ပါတယ်။ နာမည်အပြည့်အစုံက Philip H. Ripley ပါ။  ၁၈၆၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ် ၊ကျောက်ဖြူမြို့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ဖခင်မှာ ကျောက်ဖြူအရေးပိုင်အာမေးနီးယန်းလူမျိုး တစ်ဦးဖြစ်ပါတယ်။ ရခိုင်မှာ တာဝန်ထမ်း ဆောင်ရင်း ရခိုင်အမျိုးသမီး နဲ့ အိမ်ထောင်ကျပြီး ရစ်ပလေကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ရစ်ပလေရဲ့ဖခင်ဟာ မင်းတုန်းမင်းနဲ့ အဆင်ပြေသူဖြစ်ပြီး မန္တလေးကို သွားတိုင်း ရစ်ပလေကို မကြာခဏခေါ်သွားလေ့ရှိပါတယ်။ ဆံပင်နီရဲရဲနဲ့ ရစ်ပလေကို မင်းတုန်းမင်းကြီးဟာ ချစ်မြတ်နိုးပြီး သားအဖြစ် မွေးစားလိုက်ပါတယ်။ အရွယ်ရောက်တော့ သီပေါမင်းတို့ တောင်သမန်လယ်စား မောင်ဖေငယ်တို့နဲ့ အတူ ဆရာမှတ်ကြီးရဲ့ သံတဲကျောင်းမှာ ပညာသင်စေပါတယ်။ စာကြိုးစားသူ ရစ်ပလေကို ကင်းဝန်မင်းကြီး နဲ့ ဝက်မစွတ်ဝန်ထောက်မင်း တို့က အထူးပင် ချစ်ခင်ကြပါတယ်။

ရစ်ပလေ ၁၇ နှစ် ရောက်တော့ မန္တလေးနန်းတွင်းရေးဟာ ရှုပ်ထွေးလာ တာကြောင့် ရစ်ပလေဟာ အောက်ပြည်အောက်ရွာ ရန်ကုန် ကို စုန်ဆင်း လာခဲ့ပါတယ်။ ရန်ကုန်မှာပဲ မီးရထားဌာန ၊ အတွင်းဝန်ရုံး ၊ စာတော်ပြန်ဌာန တို့မှာ အလုပ်ဝင်ပြီး နှစ်နှစ်ခန့်အကြာမှာတော့ ပညာ့အလင်း မဂ္ဂဇင်းမှာ လက်ထောက်အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ပြန်ပါတယ်။ ထို့နောက် စာတော်ပြန်ဝန်ထောက် အဖြစ်ပြောင်းရွေ့လုပ်ကိုင်ခဲ့ ပြန်ပါတယ်။ စာတော်ပြန်ဝန်ထောက်ဘဝမှာပဲ ရခိုင်အမျိုးသမီး ဒေါ်စီရဲ့ သမီး အင်နီ နဲ့ လက်ထပ်ခဲ့ပါတယ်။

၁၈၈၆ ခုနှစ်တွင် ရန်ကုန် ၃၄ လမ်း၌ ဟံသာဝတီ ပုံနှိပ်တိုက်ကို စတင် တည်ထောင်ခဲ့ပါတယ်။ ၁၈၉၃ ခုနှစ် မှာတော့ ပုံနှိပ်တိုက်လုန်းငန်း အတွက်လိုအပ်တဲ့ ခဲစာသွန်းလုပ်သော ပညာနှင့် ပုံနှိပ်ပညာ များကို အင်္ဂလန်သို့ သွားရောက်သင်ယူခဲ့ပါတယ်။ ၁၈၉၇ မှာတော့ ရန်ကုန်ကို ပြန်ရောက်လာပြီး ဆူးလေဘုရားလမ်းမှာ ဝန်ထမ်း ၁၈၀ ခန့်ရှိတဲ့ ဟံသာဝတီပုံနှိပ်တိုက်ကြီး ကိုထပ်မံ တည်ထောင်ခဲ့ပြန်ပါတယ်။ မကြာမီ ဟံသာဝတီသတင်းစာ ကို ထုတ်ဝေလိုက်ရာ လူကြိုက်များခဲ့ပါတယ်။ ဟံသာဝတီပုံနှိပ်တိုက်မှ ထိုခေတ်က နာမည်ကြီးစာအုပ်များဖြစ်တဲ့ ပဋာစာရီဝထ္ထု ၊ ပညာမင်းကြီးဟန်တား၏ ဣန္ဒိယ၊ ကင်းဝန်မင်းကြီး၏ ဥရောပသွား၊ လန်ဒန်သွား ၊ ပြင်သစ်သွား နေ့စဉ်မှတ်တမ်း စာအုပ်များကို ထုတ်ဝေနိုင်ခဲ့ပါတယ်။

မစ္စတာရစ်ပလေမှာ ဆန္ဒတစ်ခုရှိပါတယ်။ ဒါကတော့ သူ့ရဲ့မွေးစားဖခင် မင်းတုန်းမင်းရဲ့ ကုသိုလ်ဖြစ်တဲ့ ကုသိုလ်တော်ဘုရားအတွင်းမှာ  ကျောက်ထက်အက္ခရာတင်ထားတဲ့ ပဥ္စသင်္ဂါယနာတင် ပိဋကတ်သုံးပုံကိုပုံနှိပ်ထုတ်ဝေချင်တာပဲ ဖြစ်ပါတယ်။ တောင်ခွင်သာသနာ ဆရာတော် ကြီးရဲ့ ခွင့်ပြုမှု ၊ လမ်းညွှန်မိန့်ကြားမှုဖြင့် ပုံနှိပ်ထုတ်ဝေရန် ကူးယူခဲ့ပါတယ်။ ကူးယူပြီး ပရုဖတ်ခြင်း(သဒ္ဒါနဲ့ စာလုံးပေါင်းသတ်ပုံ မှန်မမှန် စစ်ဆေးခြင်း) ပြုလုပ်၌ မူရင်းကျောက်စာများနှင့် အသေအချာ တိုက်ဆိုင်စစ်ဆေးခဲ့ပါ တယ်။ ရစ်ပလေရဲ့ကြိုးစားမှုကြောင့် ပိဋကတ်သုံးပုံစာအုပ်တွေဟာ ၁၉၀၀ ဝန်းကျင်မှာ ပေါ်ထွက်လာခဲ့ပါတယ်။

မစ္စတာရစ်ပလေ၏ ပုံနှိပ်စက်များမှာ မင်ကျမင်န အလွန်ကောင်းပြီး အခြား ပုံနှိပ်တိုက်များကို ဖြစ်ကတတ်ဆန်း မဟုတ်ပါ။ ပုံနှိပ်တိုက်က ထွက်တဲ့ စာအုပ်တိုင်း အမှန်ကန်ဆုံး ဖြစ်စေဖို့ မြန်မာစာပေ အလွန်တတ်ကျွမ်းတဲ့ လူပြန်တော်ပညာရှိ များ ကို ခေါ်ယူခန့်ထားပါတယ်။ ( ပုံမှန်ဘုန်းကြီး ဘဝမှ လူထွက်လာသူကို အရပ်အခေါ်နဲ့ ဘုန်းကြီးလူထွက်လို့ ခေါ်ကြပေ မယ့် စာတတ်ကျမ်းတတ် ပုဂ္ဂိုလ်များကိုတော့ လူပြန်တော် လို့ခေါ်ကြောင်းသိရပါတယ်)

ရစ်ပလေရဲ့ ပုံနှိပ်တိုက်မှ ထွက်တဲ့ စာအုပ်တွေ ဘယ်လောက် သဒ္ဒါ သတ်ပုံ မှန်ကန်သလဲ ဆိုရင် အမှားတစ်လုံးတွေ့ရင် ဆုငွေ ၅ ကျပ်
(ထိုခေတ်က အလွန်များတဲ့တန်ဖိုးပါ) ချပါမယ် ဆိုပြီး စိန်ခေါ်ကြေငြာတဲ့ အထိပါပဲ။ ဒါကြောင့်လဲ ဟံသာဝတီတိုက်ထွက် စာအုပ်တွေဟာ သဒ္ဒါ သတ်ပုံ လှည့်ကြည့်နေစရာမလိုပဲ ကျမ်းကိုးရင်တောင် ‘ဟံသာဝတီမူ’ ဆိုပြီး တလေးတစားဖော်ပြခံရပါတယ်။

ရစ်ပလေဟာ မြန်မာလူမျိုးစစ်စစ် မဟုတ်သော်ငြား မြန်မာဘုရင် နဲ့ မြန်မာစာပေကို အလွန်လေးစားသူ ဖြစ်ပါတယ်။ သူ့မွေးစားဖခင် မင်းတုန်း မင်းကြီး ကို ‘မင်းတုန်းမင်း’ လို့ သူ့ရှေ့မှာ ဘယ်သူမှ မခေါ်ရဲပါ။ သူ ကိုယ်တိုင်ကလည်း ဘဝရှင်မင်းတရားကြီး လို့ပဲ ခေါ်ပါသတဲ့။ မြန်မာ့စာပေအကျုးိကို ဆောင်ရွက်ခဲ့သူ ၊ ပိဋကတ်သုံးပုံကျောက်စာများကို ပထမဆုံး စက်တင်ပုံနှိပ်ရန် အကြံရ ခဲ့သူ ချီးကျူးဂုဏ်ပြုထိုက်ဖွယ် မစ္စတာရစ်ပလေ အကြောင်းကို ဗဟုသုတ အဖြစ် ရေးသားတင်ပြလိုက်ပါတယ်။

Ref:
ရစ်ပလေမှ ဦးဝင်းတင်ထိ နှစ်ပေါင်း ၁၁၁ နှစ်ကြာ ဟံသာဝတီသတင်းစာ – မောင်စွမ်းရည်
မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သော ဖြစ်ရပ်များ – နန္ဒာမိုးကြယ်
သုတဇုန်

Leave a Reply