ဦးေခါင္းအမည္းနဲ႔လူမ်ဳိး (သုိ႔) ကမာၻ႔သမုိင္းထဲက ဆူမားရီးယန္းတုိ႔အေၾကာင္း

Posted on

ဆူမားရီးယန္း ( Sumerian ) ဟူေသာ အမည္ မွာ အျခား ေသာ လူမ်ိဳးစု မ်ားမွ ေခၚဆို ေသာအမည္ ျဖစ္သည္။ ဆူမားရီးယန္း မ်ား ကမူ သူတုိ႕ကုိ သူတုိ႕”ဆက္ ဂီ ဂ” ( Sag – gi – ga ) ဟု ေခၚေ၀ၚ ၾက၏။ အဓိပၸါယ္ မွာ ဦးေခါင္း အမည္း ႏွင့္ လူမ်ိဳး ( The Black-Headed ) ဟု အဓိပၸါယ္ ရၿပီး သူတုိ႕ ေနထုိင္ရာ နယ္ေျမ ကုိလည္း “ယဥ္ေက်းေသာ အရွင္သခင္မ်ား ၏ နယ္ေျမ´´ ( Place Of The Civilized Lords ) ဟု ေခၚေ၀ၚ ခဲ့ၾက ေလသည္။

သေဘာတရား သက္သက္ သာ မဟုတ္ဘဲ အလြန္ လက္ေတြ႕ဆန္ေသာ အေတြး အေခၚ ကုိ လြန္ခဲ႕ ေသာ ႏွစ္ေပါင္းေထာင္ခ်ီကတည္းက ရွိခဲ႕ေသာ ဆူမားရီးယန္း လူမ်ိဳးစု တုိ႕မွ သက္ေသ ထူခဲ႔ ၾက သည္။ ထို လူမ်ိဳးစု မ်ား၏ က်ဴနီေဖါင္း စာမ်ား၊ ေက်ာက္တုံးမ်ား ေပၚတြင္ ထြင္းထု ထားခ်က္မ်ား၊ ေက်ာက္ ႐ုပ္ထုမ်ား၊ နံရံမ်ား ေပၚတြင္ ဆြဲသား ထားခဲ႕သည္ ႐ုပ္ပုံမ်ား တြင္ လူသား မ်ားသည္ မႏုႆေဗဒ ပညာရွင္မ်ား ေတြးထင္ ထားခဲ့သလုိ ပင္လယ္ျပင္ မွ သက္ရွိမ်ား စတင္ ျဖစ္ေပၚ လာသည္ ဟူေသာ အယူအဆ ဒါ၀င္ ၏ ေမ်ာက္မ်ား မွ ဆင္းသက္ လာ သည့္ အယူအဆ တုိ႕မွ ဆန္႕က်င္လွ်က္ အာကာသ အတြင္း အသိဥာဏ္ ပညာ အားျဖင့္ အလြန္ ျမင့္မားေသာ ၿဂိဳလ္သားမ်ား ၏ မ်ိဳးဗီဇမ်ား ႏွင့္ ကမ႓ာ ေပၚတြင္ သမုိင္း အစ တည္ရွိ ေနေသာ သက္ရွိ သတၱ၀ါတုိ႕၏ မ်ိဳး႐ိုး ဗီဇ တုိ႕အား မ်ိဳး႐ိုး ဗီဇ အင္ဂ်င္နီယာ နည္း ( Genetic Engineering ) ျဖင့္ ဖန္တီး ထားေသာ မႏုႆ စက္႐ုပ္မ်ား ( Android Being ) သာ ျဖစ္သည္ ဟု ေဖၚျပထား ခဲ႔ ပါသည္။

ဆူမားရီးယန္းတုိ႔၏ သမုိင္းမွတ္တမ္းထဲမွ ျဂိဳဟ္ႀကီး နီဘီး႐ု ၊ ၿဂဳိဟ္သားမ်ားႏွင့္ ပတ္သတ္သည့္အခ်က္မ်ားမွာ စိတ္၀င္စားဖြယ္ေကာင္းလွသည္။ နကၡတ္တာရာႏွင့္ ပတ္သတ္လွ်င္ ဆူးမားရီးယန္းတုိ႔၏ ပညာသည္ ထိပ္ဆုံးဟုပင္သတ္မွတ္ႏုိင္သည္။ လြန္ခဲ့ေသာႏွစ္ေပါင္း ေထာင္ခ်ီကတည္းက ခန္႔မွန္းခ်က္အမ်ားစုသည္ ယခုတုိင္ေအာင္မွန္ကန္ေနဆဲ မဟုတ္ပါေလာ။

ဆီမိုက္အႏြယ္မ်ား မတိုင္မွီက လျခမ္းရပ္၏ အေရွ႕ဖက္ ႐ႈိင္းနားလြင္ျပင္အတြင္းသို႔ ေျမာက္ပိုင္းမွ ဆီမိုက္အႏြယ္မဟုတ္သည့္ လူမ်ိဳးမ်ားဝင္ေရာက္လာကာ ဆူမားေဒသ(Summer) တြင္ အေျခခ်သည္။ ၎တို႔အေျခခ်သည့္ေဒသကို အစြဲျပဳကာ ၎တို႔အား ဆူမားရီးယန္း ဟုေခၚၾကသည္။ ထိုသူတို႔သည္ ဂ်ဳံႏွင့္ ဘာလီ သီးႏွံမ်ားကို စိုက္ပ်ိဳးၾကၿပီး ႏြားျဖင့္ လယ္ယာထြန္ယက္ၾကသည္။ ေမြးျမဴေရးအေနျဖင့္ ဆိတ္၊သိုး၊ႏြား တို႔ကိုေမြးျမဴၾကသည္။ ဘာသာအယူအားျဖင့္လည္း ကိုးကြယ္ရာနတ္သမီးတြင္ ႏြားမ၏ ကိုယ္အဂၤါပါဝင္ၿပီး ထိုနတ္သမီးသည္ ဆိတ္၊သိုး၊ႏြားမ်ားကို ကာကြယ္ေစာင့္ေရွာက္သည္ဟု ယုံၾကည္ၾကသည္။

ဘီစီ ၃၀၀၀ ခန္႔အေရာက္တြင္ အေရွ႕ဖက္ေတာင္ကုန္းေဒသမ်ားမွ ျမင္း ကို ရယူႏိုင္ၾကသည္။ သို႔ေသာ္ အသုံးမတြင္က်ယ္လာေသးေပ။ တစ္ခ်ိန္တည္းတြင္ ေၾကးနီကို ရွာေဖြေတြ႕ရွိကာ အသုံးျပဳခဲ့ၾကသည့္ အေထာက္အထားမ်ားအျဖစ္ ေၾကးနီျဖင့္ ျပဳလုပ္ထားသည့္ အိုးခြက္မ်ားလည္း ေတြ႕ရသည္။ သို႔ေသာ္ တစ္ဖက္ကလည္း ေက်ာက္ျဖစ္လက္နက္မ်ားကို မစြန္႔လႊတ္ႏိုင္ၾကေသးဘဲ ဆက္လက္ သုံးစြဲခဲ့ၾကသည္ကို ေတြ႕ရသည္။ အစဦး အိမ္ပုံစံမ်ားမွာ ႐ႊံျဖင့္မံကာ ေဆာက္လုပ္ထားသည့္ အိမ္မ်ားျဖစ္ကာ ေနာက္ပိုင္းတြင္ ေနလွန္းသည့္ ႐ႊံ႕အုတ္မ်ားျဖင့္ တည္ေဆာက္လာၾကသည္။

ဆူမားရီးယန္းတို႔အတြက္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတို႔သည္ အထူးအေရးပါသည္။ ထိုမွ တစ္ဆင့္တက္ကာ သိုးေမြးထည္ ယက္လုပ္ျခင္းကို တတ္ေျမာက္လာၾကၿပီး ထိုလုပ္ငန္းမွာလည္း အေရးပါသည့္ အသက္ေမြးမႈ စီးပြားေရး အျဖစ္သို႔ေရာက္ရွိလာသည္။ ထို႔အတူ ေၾကးနီအသုံးအေဆာင္မ်ား ထုတ္လုပ္ျခင္းသည္လည္း အေရးပါသည့္ လုပ္ငန္းျဖစ္လာသည္။ ထုတ္လုပ္ရရွိသည့္ ပစၥည္းမ်ားကို အျခားေဒသမ်ားသို႔ သြားေရာက္ေရာင္းခ်ျခင္းျဖင့္ ကုန္သြယ္ေရးပါ တိုးတက္လာသည္။

ထိုေခတ္က ဆူမားရီးယန္းတို႔၏ ကုန္သြယ္ေရးနယ္ပယ္သည္ အေရွ႕ဖက္ အိႏၵဳျမစ္ဝွမ္း အထိ က်ယ္ျပန္႔ခဲ့သည္။ အေနာက္ဖက္တြင္ ေျမထဲပင္လယ္ ကမ္းေျခအထိေရာက္ရွိသည္။ ထိုကုန္သြယ္ေရး ဧရိယာက်ယ္ျပန္႔မႈေၾကာင့္ လူမ်ိဳးတစ္မ်ိဳးႏွင့္ တစ္မ်ိဳး၊ ေဒသတစ္ခုႏွင့္ တစ္ခု၊ ယဥ္ေက်းမႈတစ္ခုႏွင့္ တစ္ခု ကူးလူးဆက္ဆံခြင့္ ရခဲ့သည္။ အထူးအျဖင့္ အီဂ်စ္ႏွင့္ ဆူမားရီးယန္းတို႔သည္ ေဒသကြာျခားေသာ္လည္း ယဥ္ေက်းမႈျခင္း ဖလွယ္ခဲ့ၾကသည့္အတြက္ အေတာ္ပင္တူညီေသာ ယဥ္ေက်းမႈမ်ားကို က်င့္သုံးခဲ့ၾကေၾကာင္း ေတြ႕ရသည္။

က်ဴနီေဖာင္းစာ ဘီစီ ၃၅၀၀ ခန္႔မွစတင္ကာ ဆူမားရီးယန္းတို႔သည္ စာေပအေရးအသားကို စတင္သုံးစြဲခဲ့ၾကသည္။ ႐ႊံျပားေျပာ့ေျပာ့မ်ားေပၚတြင္ ဝါးျဖင့္ ျပဳလုပ္ထားသည့္ စတိုင္လပ္စ္(Stylus) ကညစ္တံမ်ိဳးျဖင့္ ေရးသားကာ ၿပီးလၽွင္ မီးဖုတ္အပူေပးျခင္းျဖင့္ မာေက်ာသြားေအာင္ ျပဳလုပ္ေပးရသည္။ အေရးအသားပုံစံမွာ သပ္ကေလးမ်ားသဖြယ္ အေၾကာင္းငယ္ေလးမ်ားအား ဆက္စပ္ေရးသားျခင္းမ်ိဳးျဖစ္ၿပီး ထိုအေရးအသားအား က်ဴနီေဖာင္းအေရးအသား၊ က်ဴနီေဖာင္းစာ (Cuniform)ဟုေခၚၾကသည္။ (လက္တင္ဘာသာအားျဖင့္ သပ္ ကို က်ဴနီယပ္စ္(Cuneus) ဟုေခၚျခင္းမွာ ဤမွ ဆင္းသက္ျခင္းျဖစ္သည္။)

ဆူမားရီးယန္းတို႔သည္ လအဆန္း၊ အဆုပ္ကို မူတည္တြက္ခ်က္သည့္ လျပကၡဒိန္ကို တီထြင္ခဲ့ၾကသည္။ တစ္ႏွစ္ကို ၁၂လ အျဖစ္ပိုင္းျခားၿပီး ဝါထပ္ႏွစ္ သေဘာအတိုင္းပင္ ရံဖန္ရံခါ လတိုးေလ့ရွိသည္။ ေရတြက္သည့္ သခ်ၤာစနစ္သည္လည္း ဆယ္လီစနစ္၊ ရာလီစနစ္ စသျဖင့္ မဟုတ္ဘဲ ေျခာက္ဆယ္ကို အေျခခံကာ ေရတြက္ၾကသည္။ ထိုမွ တစ္မိနစ္လၽွင္ စကၠန္႔ေျခာက္ဆယ္၊ တစ္နာရီလၽွင္ ေျခာက္ဆယ္မိနစ္ စသျဖင့္ အခ်ိန္နာရီ သတ္မွတ္ပုံ အစျပဳခဲ့သည္။

ထိုစဥ္က ဆူမားရီးယန္းတို႔သည္ ၿမိဳ႕ျပႏိုင္ငံစနစ္ အုပ္ခ်ဳပ္ေရးျဖင့္ အုပ္ခ်ဳပ္ၾကသည္။ အႀကီးအကဲျဖစ္သူအား ပါေတးစီ(Patesi) ဟုေခၚၾကသည္။ အဆိုပါ ပါေတးစီတို႔သည္ အခြန္အေကာက္ ၾကမ္းတမ္းကာ ႏိုင္ငံအေရးကိစၥမ်ားတြင္လည္း ေခါင္းမေရွာင္တမ္း တာဝန္ထမ္းသျဖင့္ အမ်ား၏ခ်စ္ေၾကာက္႐ိုေသမႈကို ခံယူရရွိသည္။ ထိုသူတို႔သည္ ကမၻာေပၚတြင္ ပထမဆုံး ျမင္းႏွစ္ေကာင္ဆြဲသည့္ ႏွစ္ဘီး(သို႔) ေလးဘီးတပ္ စစ္ရထားကို အသုံးျပဳခဲ့ၾကသူမ်ားလည္း ျဖစ္သည္။ ထိုစစ္ရထား ႏွင့္ အတူ ဖယ္လန္႔ဇ္(Phalanx) ဟုေခၚသည့္ ေျခလၽွင္တပ္မ်ားျဖင့္ ပါတြဲဖက္ တိုက္ခိုက္ၾကသည့္ အေၾကာင္းမ်ား၊ အဆိုပါ ပါေတးစီ တို႔၏ တိုက္ပြဲမ်ားအေၾကာင္းကို ဆူမားရီးယန္းတို႔က ေက်ာက္ထက္အကၡရာတင္ကာ မွတ္တမ္းျပဳခဲ့ၾကသည္။

ဆူမားရီးယန္းတို႔ ယဥ္ေက်းမႈတြင္ အီဂ်စ္တို႔ႏွင့္ မ်ားစြာ ဆင္တူသည္ကို ေတြ႕ရေပသည္။ အီဂ်စ္မွ ဖာ႐ိုးမ်ားနည္းတူ ပါေတးဆီ တို႔၏တာဝန္မွာ အုပ္ခ်ဳပ္ေရးတာဝန္သာမက လယ္ယာက႑အတြက္ ဆည္ေျမာင္းမ်ားအတြက္ ပါ စီမံခန္႔ခြဲရေသးသည္။ ထို႔အတူ ဘာသာေရးအရ ဂိုဏ္းခ်ဳပ္ဘုန္းႀကီး ရာထူးကိုလည္း ခံယူရသည္။ ပါေတးဆီေနာက္ ႏိုင္ငံအတြင္း ဩဇာရွိသူမ်ားမွာ အစိုးရအမႈထမ္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးမ်ားျဖစ္ၾကသည္။ ထိုေနာက္တြင္ ေျမပိုင္ရွင္မ်ား၊ ထိုေနာက္တြင္မွ သာမာန္အေျခခံလူတန္းစားမ်ားျဖစ္သည့္ ကၽြန္မ်ား၊ လယ္သမားမ်ား၊ အေစခံမ်ား အဆင့္ဆင့္ရွိၾကသည္။

အိမ္မ်ားကို ႐ႊံ႕အုတ္မ်ားျဖင့္ တည္ေဆာက္ၾကသျဖင့္ မိုးဒဏ္ေလဒဏ္ကို ေကာင္းစြာမခံႏိုင္သျဖင့္ ၿပိဳလဲပ်က္စီးတတ္သည္။ ထိုသို႔ပ်က္စီးလၽွင္ အပ်က္အစီးမ်ားကို ျပန္လည္ဖယ္ရွားသည္ မရွိေတာ့ဘဲ ေျမၫွိကာ ထိုေပၚမွ အိမ္သစ္ထပ္မံတည္ေဆာက္ေလ့ရွိသျဖင့္ ႏွစ္ကာလရွည္ၾကာလာသည္ႏွင့္အမၽွ ၿမိဳ႕ေနရာသည္ တစ္ျဖည္းျဖည္းျမင့္တက္လာသည္။ ဆူမားရီးယန္းတို႔၏ ၿမိဳ႕ေဟာင္းမ်ားမွာ ေတာင္ကုန္း၊ ေတာင္ပူစာမ်ားအေပၚတြင္ တည္ထားသကဲ့သို႔ ျဖစ္ေနေတာ့သည္။

ၿမိဳ႕၏အေရးအပါဆုံး အပိုင္းမွာ ဝတ္ေက်ာင္းျဖစ္ကာ ေမၽွာ္စင္ႀကီးမ်ားပါဝင္သည့္ တံတိုင္းႀကီးျဖင့္ ကာရံထားသည္။ ထိုေမၽွာ္စင္ႀကီး၏ ေရွ႕တြင္ ေပ ၁၅၀ခန္႔ရွည္သည္ ေလွကားျဖင့္ ဝတ္ေက်ာင္းတံခါးဝသို႔ ဝင္ေရာက္ရသည္။ ဝတ္ေက်ာင္းမ်ားသည္ ေလနတ္သား အင္လီ(Enlil) အား ရည္စူးသည္ျဖစ္ၿပီး ေခါင္မိုးပါရွိျခင္း မရွိၾကေပ။ ဝတ္ေက်ာင္းမႀကီး နံေဘးတြင္ လူအမ်ားဝတ္ျပဳရန္အတြက္ ခပ္ႏွိမ့္ႏွိမ့္ ဝတ္ေက်ာင္းခန္းမမ်ားရွိသည္။ ပူေဇာ္ပသျခင္းအေနျဖင့္ ဆိတ္၊ သိုး စသည္တို႔ကို သတ္ျဖတ္ကာ ယဇ္ပူေဇာ္ၾကရသည္။ စိုက္ပ်ိဳးေရးေအာင္ျမင္ျဖစ္ထြန္းေစရန္ ရည္႐ြယ္ကာ စြန္ပလြံအ႐ြက္စိမ္း ထိုးစိုက္ထားသည့္ ေရအိုးတစ္အိုးျဖင့္လည္း ပူေဇာ္ၾကသည္။

ဆူမားရီးယန္းတို႔ႏွင့္ အီဂ်စ္တို႔ကြာျခားခ်က္မွာ လူေသၿပီးေနာက္ က်န္ရွိ႐ုပ္အေလာင္းကို အမ်ားအားျဖင့္ အိမ္ေအာက္တြင္သာ ျမဳပ္ေလ့ရွိသည္ ျဖစ္သည္။ ထိုမွလြဲလၽွင္ အိမ္၏ေျမာက္ဖက္ တံတိုင္းအနား ေျမကြက္လပ္တြင္ ကပ္ကာ ျမဳပ္ႏွံတတ္သည္။ သို႔ေသာ္ အီဂ်စ္ကဲ့သို႔ပင္ ေသေသာလူ၏ အသုံးအေဆာင္၊ ကၽြဲ၊ ႏြား၊ အေစခံ စသျဖင့္ အတူတကြ ျမဳပ္ႏွံေပးသည့္ ဓေလ့ကို ေတြ႕ရသည္။ အားရ္ ၿမိဳ႕ျပႏိုင္ငံရွိ မင္းသားတစ္ပါး၏ သၿဂႋဳင္းဟု ယူဆရေသာ ေနရာအား တူးေဖာ္ရာ ေျမာက္မ်ားလွစြာေသာ အသုံးအေဆာင္မ်ားႏွင့္ အေစခံ၊ လွည္းတြင္ တပ္ဆင္လ်က္ရွိသည့္ ႏြားမ်ား စသျဖင့္ ထည့္သြင္းျမဳပ္ႏွံေပးထားသည္ကို ေတြ႕ရသည္။

ဆူမားရီးယန္းတို႔အနက္ အားရ္(Ur) ၿမိဳ႕ျပႏိုင္ငံသည္ ေခါင္းေဆာင္ျဖစ္သည္။ ယူဖေရးတီးျမစ္ကမ္းေပၚတြင္ တည္ရွိၿပီး ျမစ္ဝႏွင့္လည္း မေဝးလွေပ။ အားရ္ၿမိဳ႕၏ ပထမဆုံး အုပ္စိုးသည့္ မင္းဆက္အေၾကာင္းကိုမူ တိတိက်က် ရွာေဖြေဖာ္ထုတ္ႏိုင္ျခင္း မရွိေသးေသာ္လည္း ခန္႔မွန္းစပ္ဆက္မႈမ်ားအရ မက္-အင္နီ-ပက္ဒါ(Mes-anni-padda) သည္ ဘီစီ ၂၉၀၀ခန္႔က အုပ္စိုးသြားၿပီး ထိုမင္းဆက္တြင္ မင္းငါးပါးရွိေၾကာင္း သိရသည္။ ထိုၿမိဳ႕ေဟာင္းရာအား တူးေဖာ္ရာတြင္ ေျမေအာက္တြင္ အထပ္ထပ္တည္ရွိေနေသာ ၿမိဳ႕ေဟာင္းရာမ်ားေအာက္တြင္ သမိုင္းအဖိုးတန္ပစၥည္းမ်ားျဖစ္သည့္ လူ႕အသုံးအေဆာင္မ်ားကို ေတြ႕ရသည္။ လက္ရာအဆင့္အတန္းျမင့္မားၿပီး အီဂ်စ္မ်ားထက္ မႏွိမ့္ေၾကာင္း ေတြ႕ရသည္။ ေတြ႕ရွိရေသာ လက္ရာမ်ားအရ ထိုအခ်ိန္က အေရွ႕အာရွတြင္ ဆူမားရီးယန္းတို႔၏ ယဥ္ေက်းမႈမွာ အထြတ္အထိပ္ျဖစ္သည္ကို သိႏိုင္သည္။

အားရ္ႏွင့္ ၿပိဳင္ဖက္ ၿမိဳ႕ျပႏိုင္ငံမွာ လာဂတ္စ္ၿမိဳ႕ျဖစ္သည္။ ထိုႏွစ္ၿမိဳ႕တို႔သည္ အျပန္အလွန္ စစ္ျပဳၿပိဳင္ဆိုင္ၾကၿပီး ေနာက္ဆုံးတြင္ အားရ္႐ႈံးႏွိမ့္ကာ ပ်က္သုဥ္းသြားသည္။ ထိုမွ အခ်င္းခ်င္းတိုက္ခိုက္မႈမ်ားအျပင္ ေျမာက္ဖက္မွ အက္ကတ္ဒီးယန္းမ်ား၏ က်ဴးေက်ာ္မႈကိုလည္း ရင္ဆိုင္ခဲ့ရၿပီး ဘီစီ ၂၇၅၀ခန္႔တြင္ အက္ကတ္ဒီးယန္း ဘုရင္ ဆာဂြန္ ၏တိုက္ခိုက္မႈေၾကာင့္ ဆူမားရီးယန္းတို႔၏ ၿမိဳ႕ျပႏိုင္ငံမ်ား ပ်က္စီးသြားရသည္။ သို႔ေသာ္ အက္ကတ္ဒီးယန္းမ်ားသည္ ဆူမားရီးယန္းတို႔ထံမွ စာေပႏွင့္ ယဥ္ေက်းမႈ၊ ဓေလ့ထုံးစံမ်ားကို ဆက္ခံရယူသျဖင့္ ထိုလူမ်ိဳးႏွစ္မ်ိဳးသည္ ေရရွည္တြင္ တစ္သားတည္းျဖစ္ကာ ဆူမားႏွင့္အက္ကတ္ ႏိုင္ငံကို တည္ေထာင္ခဲ့ၾကသည္။

မေျဖရွင္းႏုိင္ေသာ ကမာၻေက်ာ္ပေဟဠိမ်ား – ကိုေဆြ(ပန္ႏုိရားမား)
ျမန္မာ့စြယ္စုံက်မ္း


ဦးခေါင်းအမည်းနဲ့လူမျိုး (သို့) ဆူမားရီးယန်းတို့အကြောင်းတစေ့တစောင်း (unicode)

ဆူမားရီးယန်း ( Sumerian ) ဟူသော အမည် မှာ အခြား သော လူမျိုးစု များမှ ခေါ်ဆို သောအမည် ဖြစ်သည်။ ဆူမားရီးယန်း များ ကမူ သူတို့ကို သူတို့”ဆက် ဂီ ဂ” ( Sag – gi – ga ) ဟု ခေါ်ဝေါ် ကြ၏။ အဓိပ္ပါယ် မှာ ဦးခေါင်း အမည်း နှင့် လူမျိုး ( The Black-Headed ) ဟု အဓိပ္ပါယ် ရပြီး သူတို့ နေထိုင်ရာ နယ်မြေ ကိုလည်း “ယဉ်ကျေးသော အရှင်သခင်များ ၏ နယ်မြေ´´ ( Place Of The Civilized Lords ) ဟု ခေါ်ဝေါ် ခဲ့ကြ လေသည်။

သဘောတရား သက်သက် သာ မဟုတ်ဘဲ အလွန် လက်တွေ့ဆန်သော အတွေး အခေါ် ကို လွန်ခဲ့ သော နှစ်ပေါင်းထောင်ချီကတည်းက ရှိခဲ့သော ဆူမားရီးယန်း လူမျိုးစု တို့မှ သက်သေ ထူခဲ့ ကြ သည်။ ထို လူမျိုးစု များ၏ ကျူနီဖေါင်း စာများ၊ ကျောက်တုံးများ ပေါ်တွင် ထွင်းထု ထားချက်များ၊ ကျောက် ရုပ်ထုများ၊ နံရံများ ပေါ်တွင် ဆွဲသား ထားခဲ့သည် ရုပ်ပုံများ တွင် လူသား များသည် မနုဿဗေဒ ပညာရှင်များ တွေးထင် ထားခဲ့သလို ပင်လယ်ပြင် မှ သက်ရှိများ စတင် ဖြစ်ပေါ် လာသည် ဟူသော အယူအဆ ဒါဝင် ၏ မျောက်များ မှ ဆင်းသက် လာ သည့် အယူအဆ တို့မှ ဆန့်ကျင်လျှက် အာကာသ အတွင်း အသိဥာဏ် ပညာ အားဖြင့် အလွန် မြင့်မားသော ဂြိုလ်သားများ ၏ မျိုးဗီဇများ နှင့် ကမ႓ာ ပေါ်တွင် သမိုင်း အစ တည်ရှိ နေသော သက်ရှိ သတ္တဝါတို့၏ မျိုးရိုး ဗီဇ တို့အား မျိုးရိုး ဗီဇ အင်ဂျင်နီယာ နည်း ( Genetic Engineering ) ဖြင့် ဖန်တီး ထားသော မနုဿ စက်ရုပ်များ ( Android Being ) သာ ဖြစ်သည် ဟု ဖေါ်ပြထား ခဲ့ ပါသည်။ ဆူမားရီးယန်းတို့၏ သမိုင်းမှတ်တမ်းထဲမှ ဂြိုဟ်ကြီး နီဘီးရု ၊ ဂြိုဟ်သားများနှင့် ပတ်သတ်သည့်အချက်များမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ နက္ခတ်တာရာနှင့် ပတ်သတ်လျှင် ဆူးမားရီးယန်းတို့၏ ပညာသည် ထိပ်ဆုံးဟုပင်သတ်မှတ်နိုင်သည်။ လွန်ခဲ့သောနှစ်ပေါင်း ထောင်ချီကတည်းက ခန့်မှန်းချက်အများစုသည် ယခုတိုင်အောင်မှန်ကန်နေဆဲ မဟုတ်ပါလော။

ဆီမိုက်အနွယ်များ မတိုင်မှီက လခြမ်းရပ်၏ အရှေ့ဖက် ရှိုင်းနားလွင်ပြင်အတွင်းသို့ မြောက်ပိုင်းမှ ဆီမိုက်အနွယ်မဟုတ်သည့် လူမျိုးများဝင်ရောက်လာကာ ဆူမားဒေသ(Summer) တွင် အခြေချသည်။ ၎င်းတို့အခြေချသည့်ဒေသကို အစွဲပြုကာ ၎င်းတို့အား ဆူမားရီးယန်း ဟုခေါ်ကြသည်။ ထိုသူတို့သည် ဂျုံနှင့် ဘာလီ သီးနှံများကို စိုက်ပျိုးကြပြီး နွားဖြင့် လယ်ယာထွန်ယက်ကြသည်။ မွေးမြူရေးအနေဖြင့် ဆိတ်၊သိုး၊နွား တို့ကိုမွေးမြူကြသည်။ ဘာသာအယူအားဖြင့်လည်း ကိုးကွယ်ရာနတ်သမီးတွင် နွားမ၏ ကိုယ်အင်္ဂါပါဝင်ပြီး ထိုနတ်သမီးသည် ဆိတ်၊သိုး၊နွားများကို ကာကွယ်စောင့်ရှောက်သည်ဟု ယုံကြည်ကြသည်။

ဘီစီ ၃၀၀၀ ခန့်အရောက်တွင် အရှေ့ဖက်တောင်ကုန်းဒေသများမှ မြင်း ကို ရယူနိုင်ကြသည်။ သို့သော် အသုံးမတွင်ကျယ်လာသေးပေ။ တစ်ချိန်တည်းတွင် ကြေးနီကို ရှာဖွေတွေ့ရှိကာ အသုံးပြုခဲ့ကြသည့် အထောက်အထားများအဖြစ် ကြေးနီဖြင့် ပြုလုပ်ထားသည့် အိုးခွက်များလည်း တွေ့ရသည်။ သို့သော် တစ်ဖက်ကလည်း ကျောက်ဖြစ်လက်နက်များကို မစွန့်လွှတ်နိုင်ကြသေးဘဲ ဆက်လက် သုံးစွဲခဲ့ကြသည်ကို တွေ့ရသည်။ အစဦး အိမ်ပုံစံများမှာ ရွှံဖြင့်မံကာ ဆောက်လုပ်ထားသည့် အိမ်များဖြစ်ကာ နောက်ပိုင်းတွင် နေလှန်းသည့် ရွှံ့အုတ်များဖြင့် တည်ဆောက်လာကြသည်။

ဆူမားရီးယန်းတို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့သည် အထူးအရေးပါသည်။ ထိုမှ တစ်ဆင့်တက်ကာ သိုးမွေးထည် ယက်လုပ်ခြင်းကို တတ်မြောက်လာကြပြီး ထိုလုပ်ငန်းမှာလည်း အရေးပါသည့် အသက်မွေးမှု စီးပွားရေး အဖြစ်သို့ရောက်ရှိလာသည်။ ထို့အတူ ကြေးနီအသုံးအဆောင်များ ထုတ်လုပ်ခြင်းသည်လည်း အရေးပါသည့် လုပ်ငန်းဖြစ်လာသည်။ ထုတ်လုပ်ရရှိသည့် ပစ္စည်းများကို အခြားဒေသများသို့ သွားရောက်ရောင်းချခြင်းဖြင့် ကုန်သွယ်ရေးပါ တိုးတက်လာသည်။ ထိုခေတ်က ဆူမားရီးယန်းတို့၏ ကုန်သွယ်ရေးနယ်ပယ်သည် အရှေ့ဖက် အိန္ဒုမြစ်ဝှမ်း အထိ ကျယ်ပြန့်ခဲ့သည်။ အနောက်ဖက်တွင် မြေထဲပင်လယ် ကမ်းခြေအထိရောက်ရှိသည်။ ထိုကုန်သွယ်ရေး ဧရိယာကျယ်ပြန့်မှုကြောင့် လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ ဒေသတစ်ခုနှင့် တစ်ခု၊ ယဉ်ကျေးမှုတစ်ခုနှင့် တစ်ခု ကူးလူးဆက်ဆံခွင့် ရခဲ့သည်။ အထူးအဖြင့် အီဂျစ်နှင့် ဆူမားရီးယန်းတို့သည် ဒေသကွာခြားသော်လည်း ယဉ်ကျေးမှုခြင်း ဖလှယ်ခဲ့ကြသည့်အတွက် အတော်ပင်တူညီသော ယဉ်ကျေးမှုများကို ကျင့်သုံးခဲ့ကြကြောင်း တွေ့ရသည်။

ကျူနီဖောင်းစာ ဘီစီ ၃၅၀၀ ခန့်မှစတင်ကာ ဆူမားရီးယန်းတို့သည် စာပေအရေးအသားကို စတင်သုံးစွဲခဲ့ကြသည်။ ရွှံပြားပြော့ပြော့များပေါ်တွင် ဝါးဖြင့် ပြုလုပ်ထားသည့် စတိုင်လပ်စ်(Stylus) ကညစ်တံမျိုးဖြင့် ရေးသားကာ ပြီးလျှင် မီးဖုတ်အပူပေးခြင်းဖြင့် မာကျောသွားအောင် ပြုလုပ်ပေးရသည်။ အရေးအသားပုံစံမှာ သပ်ကလေးများသဖွယ် အကြောင်းငယ်လေးများအား ဆက်စပ်ရေးသားခြင်းမျိုးဖြစ်ပြီး ထိုအရေးအသားအား ကျူနီဖောင်းအရေးအသား၊ ကျူနီဖောင်းစာ (Cuniform)ဟုခေါ်ကြသည်။ (လက်တင်ဘာသာအားဖြင့် သပ် ကို ကျူနီယပ်စ်(Cuneus) ဟုခေါ်ခြင်းမှာ ဤမှ ဆင်းသက်ခြင်းဖြစ်သည်။)

ဆူမားရီးယန်းတို့သည် လအဆန်း၊ အဆုပ်ကို မူတည်တွက်ချက်သည့် လပြက္ခဒိန်ကို တီထွင်ခဲ့ကြသည်။ တစ်နှစ်ကို ၁၂လ အဖြစ်ပိုင်းခြားပြီး ဝါထပ်နှစ် သဘောအတိုင်းပင် ရံဖန်ရံခါ လတိုးလေ့ရှိသည်။ ရေတွက်သည့် သင်္ချာစနစ်သည်လည်း ဆယ်လီစနစ်၊ ရာလီစနစ် စသဖြင့် မဟုတ်ဘဲ ခြောက်ဆယ်ကို အခြေခံကာ ရေတွက်ကြသည်။ ထိုမှ တစ်မိနစ်လျှင် စက္ကန့်ခြောက်ဆယ်၊ တစ်နာရီလျှင် ခြောက်ဆယ်မိနစ် စသဖြင့် အချိန်နာရီ သတ်မှတ်ပုံ အစပြုခဲ့သည်။

ထိုစဉ်က ဆူမားရီးယန်းတို့သည် မြို့ပြနိုင်ငံစနစ် အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ကြသည်။ အကြီးအကဲဖြစ်သူအား ပါတေးစီ(Patesi) ဟုခေါ်ကြသည်။ အဆိုပါ ပါတေးစီတို့သည် အခွန်အကောက် ကြမ်းတမ်းကာ နိုင်ငံအရေးကိစ္စများတွင်လည်း ခေါင်းမရှောင်တမ်း တာဝန်ထမ်းသဖြင့် အများ၏ချစ်ကြောက်ရိုသေမှုကို ခံယူရရှိသည်။ ထိုသူတို့သည် ကမ္ဘာပေါ်တွင် ပထမဆုံး မြင်းနှစ်ကောင်ဆွဲသည့် နှစ်ဘီး(သို့) လေးဘီးတပ် စစ်ရထားကို အသုံးပြုခဲ့ကြသူများလည်း ဖြစ်သည်။ ထိုစစ်ရထား နှင့် အတူ ဖယ်လန့်ဇ်(Phalanx) ဟုခေါ်သည့် ခြေလျှင်တပ်များဖြင့် ပါတွဲဖက် တိုက်ခိုက်ကြသည့် အကြောင်းများ၊ အဆိုပါ ပါတေးစီ တို့၏ တိုက်ပွဲများအကြောင်းကို ဆူမားရီးယန်းတို့က ကျောက်ထက်အက္ခရာတင်ကာ မှတ်တမ်းပြုခဲ့ကြသည်။

ဆူမားရီးယန်းတို့ ယဉ်ကျေးမှုတွင် အီဂျစ်တို့နှင့် များစွာ ဆင်တူသည်ကို တွေ့ရပေသည်။ အီဂျစ်မှ ဖာရိုးများနည်းတူ ပါတေးဆီ တို့၏တာဝန်မှာ အုပ်ချုပ်ရေးတာဝန်သာမက လယ်ယာကဏ္ဍအတွက် ဆည်မြောင်းများအတွက် ပါ စီမံခန့်ခွဲရသေးသည်။ ထို့အတူ ဘာသာရေးအရ ဂိုဏ်းချုပ်ဘုန်းကြီး ရာထူးကိုလည်း ခံယူရသည်။ ပါတေးဆီနောက် နိုင်ငံအတွင်း ဩဇာရှိသူများမှာ အစိုးရအမှုထမ်းများနှင့် ဘုန်းတော်ကြီးများဖြစ်ကြသည်။ ထိုနောက်တွင် မြေပိုင်ရှင်များ၊ ထိုနောက်တွင်မှ သာမာန်အခြေခံလူတန်းစားများဖြစ်သည့် ကျွန်များ၊ လယ်သမားများ၊ အစေခံများ အဆင့်ဆင့်ရှိကြသည်။

အိမ်များကို ရွှံ့အုတ်များဖြင့် တည်ဆောက်ကြသဖြင့် မိုးဒဏ်လေဒဏ်ကို ကောင်းစွာမခံနိုင်သဖြင့် ပြိုလဲပျက်စီးတတ်သည်။ ထိုသို့ပျက်စီးလျှင် အပျက်အစီးများကို ပြန်လည်ဖယ်ရှားသည် မရှိတော့ဘဲ မြေညှိကာ ထိုပေါ်မှ အိမ်သစ်ထပ်မံတည်ဆောက်လေ့ရှိသဖြင့် နှစ်ကာလရှည်ကြာလာသည်နှင့်အမျှ မြို့နေရာသည် တစ်ဖြည်းဖြည်းမြင့်တက်လာသည်။ ဆူမားရီးယန်းတို့၏ မြို့ဟောင်းများမှာ တောင်ကုန်း၊ တောင်ပူစာများအပေါ်တွင် တည်ထားသကဲ့သို့ ဖြစ်နေတော့သည်။ မြို့၏အရေးအပါဆုံး အပိုင်းမှာ ဝတ်ကျောင်းဖြစ်ကာ မျှော်စင်ကြီးများပါဝင်သည့် တံတိုင်းကြီးဖြင့် ကာရံထားသည်။ ထိုမျှော်စင်ကြီး၏ ရှေ့တွင် ပေ ၁၅ဝခန့်ရှည်သည် လှေကားဖြင့် ဝတ်ကျောင်းတံခါးဝသို့ ဝင်ရောက်ရသည်။ ဝတ်ကျောင်းများသည် လေနတ်သား အင်လီ(Enlil) အား ရည်စူးသည်ဖြစ်ပြီး ခေါင်မိုးပါရှိခြင်း မရှိကြပေ။ ဝတ်ကျောင်းမကြီး နံဘေးတွင် လူအများဝတ်ပြုရန်အတွက် ခပ်နှိမ့်နှိမ့် ဝတ်ကျောင်းခန်းမများရှိသည်။ ပူဇော်ပသခြင်းအနေဖြင့် ဆိတ်၊ သိုး စသည်တို့ကို သတ်ဖြတ်ကာ ယဇ်ပူဇော်ကြရသည်။ စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းစေရန် ရည်ရွယ်ကာ စွန်ပလွံအရွက်စိမ်း ထိုးစိုက်ထားသည့် ရေအိုးတစ်အိုးဖြင့်လည်း ပူဇော်ကြသည်။

ဆူမားရီးယန်းတို့နှင့် အီဂျစ်တို့ကွာခြားချက်မှာ လူသေပြီးနောက် ကျန်ရှိရုပ်အလောင်းကို အများအားဖြင့် အိမ်အောက်တွင်သာ မြုပ်လေ့ရှိသည် ဖြစ်သည်။ ထိုမှလွဲလျှင် အိမ်၏မြောက်ဖက် တံတိုင်းအနား မြေကွက်လပ်တွင် ကပ်ကာ မြုပ်နှံတတ်သည်။ သို့သော် အီဂျစ်ကဲ့သို့ပင် သေသောလူ၏ အသုံးအဆောင်၊ ကျွဲ၊ နွား၊ အစေခံ စသဖြင့် အတူတကွ မြုပ်နှံပေးသည့် ဓလေ့ကို တွေ့ရသည်။ အားရ် မြို့ပြနိုင်ငံရှိ မင်းသားတစ်ပါး၏ သင်္ဂြိုင်းဟု ယူဆရသော နေရာအား တူးဖော်ရာ မြောက်များလှစွာသော အသုံးအဆောင်များနှင့် အစေခံ၊ လှည်းတွင် တပ်ဆင်လျက်ရှိသည့် နွားများ စသဖြင့် ထည့်သွင်းမြုပ်နှံပေးထားသည်ကို တွေ့ရသည်။

ဆူမားရီးယန်းတို့အနက် အားရ်(Ur) မြို့ပြနိုင်ငံသည် ခေါင်းဆောင်ဖြစ်သည်။ ယူဖရေးတီးမြစ်ကမ်းပေါ်တွင် တည်ရှိပြီး မြစ်ဝနှင့်လည်း မဝေးလှပေ။ အားရ်မြို့၏ ပထမဆုံး အုပ်စိုးသည့် မင်းဆက်အကြောင်းကိုမူ တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း ခန့်မှန်းစပ်ဆက်မှုများအရ မက်-အင်နီ-ပက်ဒါ(Mes-anni-padda) သည် ဘီစီ ၂၉၀ဝခန့်က အုပ်စိုးသွားပြီး ထိုမင်းဆက်တွင် မင်းငါးပါးရှိကြောင်း သိရသည်။ ထိုမြို့ဟောင်းရာအား တူးဖော်ရာတွင် မြေအောက်တွင် အထပ်ထပ်တည်ရှိနေသော မြို့ဟောင်းရာများအောက်တွင် သမိုင်းအဖိုးတန်ပစ္စည်းများဖြစ်သည့် လူ့အသုံးအဆောင်များကို တွေ့ရသည်။ လက်ရာအဆင့်အတန်းမြင့်မားပြီး အီဂျစ်များထက် မနှိမ့်ကြောင်း တွေ့ရသည်။ တွေ့ရှိရသော လက်ရာများအရ ထိုအချိန်က အရှေ့အာရှတွင် ဆူမားရီးယန်းတို့၏ ယဉ်ကျေးမှုမှာ အထွတ်အထိပ်ဖြစ်သည်ကို သိနိုင်သည်။

အားရ်နှင့် ပြိုင်ဖက် မြို့ပြနိုင်ငံမှာ လာဂတ်စ်မြို့ဖြစ်သည်။ ထိုနှစ်မြို့တို့သည် အပြန်အလှန် စစ်ပြုပြိုင်ဆိုင်ကြပြီး နောက်ဆုံးတွင် အားရ်ရှုံးနှိမ့်ကာ ပျက်သုဉ်းသွားသည်။ ထိုမှ အချင်းချင်းတိုက်ခိုက်မှုများအပြင် မြောက်ဖက်မှ အက်ကတ်ဒီးယန်းများ၏ ကျူးကျော်မှုကိုလည်း ရင်ဆိုင်ခဲ့ရပြီး ဘီစီ ၂၇၅ဝခန့်တွင် အက်ကတ်ဒီးယန်း ဘုရင် ဆာဂွန် ၏တိုက်ခိုက်မှုကြောင့် ဆူမားရီးယန်းတို့၏ မြို့ပြနိုင်ငံများ ပျက်စီးသွားရသည်။ သို့သော် အက်ကတ်ဒီးယန်းများသည် ဆူမားရီးယန်းတို့ထံမှ စာပေနှင့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဆက်ခံရယူသဖြင့် ထိုလူမျိုးနှစ်မျိုးသည် ရေရှည်တွင် တစ်သားတည်းဖြစ်ကာ ဆူမားနှင့်အက်ကတ် နိုင်ငံကို တည်ထောင်ခဲ့ကြသည်။

မဖြေရှင်းနိုင်သော ကမ္ဘာကျော်ပဟေဠိများ – ကိုဆွေ(ပန်နိုရားမား)
မြန်မာ့စွယ်စုံကျမ်း

Leave a Reply