လင္ကြန္းအိပ္မက္ဆန္းထက္ ပုိထူးဆန္းတဲ့ မတ္ခ္တိြန္းရဲ႕အိပ္မက္

Posted on

သမၼတႀကီး ေအဗရာဟမ္လင္ကြန္းရဲ႕ အိပ္မက္ဆန္း ဆုိတဲ့ပုိစ့္ကုိ သုတဇုန္မွာ မၾကာခင္ကတင္ခဲ့ဖူးတာ မွတ္မိၾကမွာပါ။ ဒီတစ္ခါ မွ်ေ၀ခ်င္တာကေတာ့ လင္ကြန္းရဲ႕ အိပ္မက္ဆန္းထက္ ပုိထူးဆန္းတဲ့ စာေရးဆရာႀကီး မတ္ခ္တြိန္းရဲ႕ အိပ္မက္ျဖစ္ပါတယ္။ စာေရးဆရာႀကီးမတ္ခ္တြိန္းဟာ အေမရိကန္ရဲ႕ အေက်ာ္ၾကားဆုံးစာေရးဆရာေတြထဲက တစ္ေယာက္ဆုိတာ အားလုံးသိၿပီးျဖစ္ၾကမွာပါ။ ဒီထူးဆန္းတဲ့အိပ္မက္ကုိ သူငယ္စဥ္ အလုပ္လုပ္ေနခ်ိန္တုန္းက မက္ခဲ့တာပဲျဖစ္ပါတယ္။

မတ္ခ္တြိန္းရဲ႕ နာမည္အရင္းက Samuel Langhorne Clemens ျဖစ္ပါတယ္။ ဒါေပမယ့္ အားလုံးက သူ႔ကုိနာမည္အတုိေကာက္ Sam လုိ႔သာေခၚၾကပါတယ္။ အဲဒီတုန္းက ၁၈၅၈ခုႏွစ္ Sam က ၂၃ႏွစ္အရြယ္သာရွိပါေသးတယ္။ သူ႔ရဲ႕ညီအရင္း Henry နဲ႔ Sam တုိ႔ဟာ Pennsylvania ဆုိတဲ့ေရေႏြးေငြ႔သေဘၤာေပၚမွာ အတူအလုပ္လုပ္ခဲ့ၾကပါတယ္။ Sam က အကူပဲ့နင္း ၊ ညီ Henry က ေတာက္တုိမယ္ရ၀န္ထမ္းေပါ့။ အဲဒီလုိလုပ္ကုိင္ေနစဥ္ တစ္ညမွာေတာ့ Sam ဟာ ထူးျခားတဲ့အိပ္မက္တစ္ခုကို မက္ခဲ့ပါတယ္။ အိပ္မက္ထဲမွာ-
အခန္းတစ္ခုအတြင္းက သတၱဳေခါင္းအတြင္းမွာ ေသဆုံးေနၿပီျဖစ္တဲ့ ညီျဖစ္သူ Henry ကိုေတြ႔ခဲ့ပါတယ္။ Henry ၀တ္ထားတဲ့အ၀တ္က သူ႔ကိုယ္ပိုင္အ၀တ္မဟုတ္ပဲ သူတုိ႔၀မ္းကြဲအစ္ကုိတစ္ေယာက္၀တ္ေနၾက အ၀တ္ျဖစ္ေနတာကိုေတြ႔ရပါတယ္။ ရင္ဘတ္နားမွာေတာ့ အျဖဴေရာင္ႏွင္းဆီပန္းအျပည့္နဲ႔ ပန္းအုိးႀကီးတစ္အုိးရွိေနပါတယ္။ ထူးျခားတာကေတာ့ အဲဒီႏွင္းဆီျဖဴေတြရဲ႕ အလယ္မွာ အနီေရာင္ႏွင္းဆီတစ္ပြင့္ရွိေနတာပါ။
အဲဒီအခ်ိန္မွာပဲ Sam ႏိုးလာခဲ့ပါတယ္။ သူ႔ညီ Henry က သူ႔အနားမွာပဲ အရွင္လတ္လတ္ရွိေနတာေၾကာင့္ ဒါဟာအိပ္မက္ျဖစ္မွန္းသူသိခဲ့ပါတယ္။ ဒါေပမယ့္ မက္ခဲ့တဲ့ျမင္ကြင္းက ရွင္းလင္းျပတ္သားလြန္းတာေၾကာင့္ သူဘယ္လုိမွေဖ်ာက္လုိ႔မရခဲ့ပါဘူး။ ညီျဖစ္သူ ၊ မိသားစု နဲ႔ မိတ္ေဆြမ်ားကို ဒီအိပ္မက္အေၾကာင္းေျပာခဲ့ေပမယ့္ အားလုံးကဘာမွမဟုတ္တဲ့ ပုံမွန္အိပ္မက္တစ္ခုသာျဖစ္ေၾကာင္း စုိးရိမ္ဖုိ႔မလုိေၾကာင္း ေျဖာင္းဖ်ခဲ့ပါတယ္။ Sam ဘယ္လုိႀကဳိးစားေမ့ေပမယ့္ ဒီျမင္ကြင္းကုိ မၾကာခဏဆုိသလုိ သူ႔မ်က္လုံးထဲမွာ ျမင္ေယာင္ေနတတ္ပါတယ္။

သူတုိ႔သေဘၤာရဲ႕ ကတ္ပတိန္ျဖစ္သူဟာ အလြန္ေမာက္မာတတ္သူျဖစ္ပါတယ္။ သေဘၤာသားေတြကုိ အၿမဲႏုိင့္ထက္စီးနင္းလုပ္ေလ့ရွိတာေၾကာင့္ မဟုတ္မခံတတ္တဲ့ Samရဲ႕ ညီျဖစ္သူ Henry နဲ႔ မၾကာခဏ ထိပ္တုိက္ေတြ႔ေလ့ရွိပါတယ္။ ေနာက္ဆုံးတစ္ေခါက္မွာေတာ့ အေသအေၾကတုိက္ခုိက္ၾကတဲ့အထိ ရန္ပြဲျဖစ္ပြားခဲ့ပါတယ္။ ဒါေၾကာင့္ Sam ဟာ သူတုိ႔ႏွစ္ဦး ဒီသေဘၤာဆက္စီးလုိ႔မျဖစ္ေတာ့ေၾကာင္း ဆုံးျဖတ္ခဲ့ပါတယ္။ ဒီတစ္ေခါက္သေဘၤာဆိပ္ကမ္းကပ္တဲ့အခါမွာေတာ့ ေျပာင္းဖုိ႔ႀကဳိးစားခဲ့ပါတယ္။ ဒါေပမယ့္ ကံဆုိးစြာနဲ႔ပဲ သေဘၤာအရာရွိေတြက Sam ကုိသာ သေဘၤာေျပာင္းေပးၿပီး Henry ကို မူလသေဘၤာကို ဆက္စီးေစခဲ့ပါတယ္။ ညီျဖစ္သူကို စိုးရိမ္တဲ့ Sam ဟာ ဂရုစုိက္ဖုိ႔ ၊ ဆင္ျခင္ဖုိ႔နဲ႔ ၊ ဘြဳိင္လာေတြကုိ သတိထားဖို႔မွာပါတယ္။ နည္းပညာမျမင့္ေသးတဲ့အခ်ိန္ျဖစ္တာေၾကာင့္ ဘြဳိင္လာေတြဟာ မၾကာခဏေပါက္တတ္လုိ႔ျဖစ္ပါတယ္။

ဒါေပမယ့္ Sam စုိးရိမ္တဲ့အတုိင္းျဖစ္လာခဲ့ပါတယ္။ Henry လုိက္ပါခဲ့တဲ့သေဘၤာဟာ စစထြက္ျခင္းမွာပဲ ဘြဳိင္လာအုိးေပါက္ခဲ့ၿပီး မီးေလာင္ခဲ့ပါတယ္။ မီးေလာင္ခံခဲ့ရသူေတြထဲမွာ Henry လည္းပါ၀င္ခဲ့ပါတယ္။ အခ်ိန္မီ ေဆးရုံတင္ႏုိင္ခဲ့ေပမယ့္ ထိထားတဲ့ ဒါဏ္ရာေတြဟာမ်ားလြန္းတဲ့အတြက္ မၾကာခင္မွာပဲ Henry ေသဆုံးသြားပါတယ္။ Sam ၾကားၾကားခ်င္း ညီျဖစ္သူရွိရာကို လုိက္သြားခဲ့ပါတယ္။ ညီျဖစ္သူအေလာင္းထားရာ အခန္းကိုေရာက္တဲ့အခါမွာေတာ့ အထူးဆန္းဆုံးျမင္ကြင္းတစ္ခုကို သူျမင္လုိက္ရပါေတာ့တယ္။ ဒါကေတာ့ သူအိပ္မက္ထဲက ျမင္ကြင္းအတုိင္း လုံး၀ခြ်တ္စြပ္တူေနတာပါ။ ညီျဖစ္သူအေလာင္းဟာ သတၱဳအေခါင္းထဲမွာရွိေနၿပီး အ၀တ္ကလည္း ၀မ္းကြဲအစ္ကုိရဲ႕အ၀တ္ကို ၀တ္ထားပါတယ္။ တစ္စုံတစ္ခုလုိေနေသးတယ္လုိ႔ သူေတြးမိခဲ့ပါတယ္။ လုိေနတာကေတာ့ ႏွင္းဆီျဖဴေတြရဲ႕ အလယ္မွာ ႏွင္းဆီနီတစ္ပြင့္ရွိေနတဲ့ပန္းအုိးျဖစ္ပါတယ္။ ဒါေပမယ့္ သူေတြးေနစဥ္မွာ အဲဒီအခန္းထဲကို မိန္းမပ်ဳိတစ္ေယာက္၀င္လာပါတယ္။ သူမရဲ႕လက္ထဲမွာေတာ့ ႏွင္းဆီျဖဴေတြရဲ႕အလယ္မွာ ႏွင္းဆီနီတစ္ပြင့္ထုိးထားတဲ့ ပန္းအုိးတစ္အုိးရွိေနၿပီး သူမဟာ ဒီပန္းအုိးကုိ Henry ရဲ႕ ရင္ဘတ္နားမွာ တင္လုိက္ၿပီး ျပန္ထြက္သြားပါေတာ့တယ္။

မိန္းမပ်ဳိေၾကာင့္ ျမင္ေနရတဲ့ျမင္ကြင္းဟာ မတ္ခ္တြိန္းရဲ႕ အိပ္မက္ႏွင့္လုံး၀ ထပ္တူက်သြားပါေတာ့တယ္။ ဒီျမင္ကြင္းကို သူတစ္ေလွ်ာက္လုံးျမင္ခဲ့ၿပီးျဖစ္သလုိ သူအၿမဲေျပာေလ့ရွိေသာ ထူးဆန္းေသာအိပ္မက္ထဲက အတုိင္းျဖစ္ေနေတာ့သည္။ ဒီအိပ္မက္အေၾကာင္းကုိ မတ္ခ္တြန္းဟာ သူ႔ဘ၀တစ္ေလွ်ာက္လုံး ေျပာခဲ့ေရးခဲ့ပါတယ္။ မတ္ခ္တြိန္းနာမည္ႀကီးလာတာနဲ႔အတူ သူ၏အိပ္မက္သည္ ထူးဆန္းေသာ ႀကဳိတင္သိအိပ္မက္တစ္ခု ျဖစ္ခဲ့ပါေတာ့တယ္။
(လင္ကြန္းရဲ႕ အိပ္မက္ဆန္းအေၾကာင္း မဖတ္ရေသးသူမ်ား ဒီမွာ(http://wp.me/p92H0W-El) သြားဖတ္ႏုိင္ပါတယ္ )

————-

လင်ကွန်းအိပ်မက်ဆန်းထက် ပိုထူးဆန်းတဲ့ မတ်ခ်တွိန်းရဲ့အိပ်မက် (unicode)

သမ္မတကြီး အေဗရာဟမ်လင်ကွန်းရဲ့ အိပ်မက်ဆန်း ဆိုတဲ့ပိုစ့်ကို သုတဇုန်မှာ မကြာခင်ကတင်ခဲ့ဖူးတာ မှတ်မိကြမှာပါ။ ဒီတစ်ခါ မျှဝေချင်တာကတော့ လင်ကွန်းရဲ့ အိပ်မက်ဆန်းထက် ပိုထူးဆန်းတဲ့ စာရေးဆရာကြီး မတ်ခ်တွိန်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ စာရေးဆရာကြီးမတ်ခ်တွိန်းဟာ အမေရိကန်ရဲ့ အကျော်ကြားဆုံးစာရေးဆရာတွေထဲက တစ်ယောက်ဆိုတာ အားလုံးသိပြီးဖြစ်ကြမှာပါ။ ဒီထူးဆန်းတဲ့အိပ်မက်ကို သူငယ်စဉ် အလုပ်လုပ်နေချိန်တုန်းက မက်ခဲ့တာပဲဖြစ်ပါတယ်။

မတ်ခ်တွိန်းရဲ့ နာမည်အရင်းက Samuel Langhorne Clemens ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးက သူ့ကိုနာမည်အတိုကောက် Sam လို့သာခေါ်ကြပါတယ်။ အဲဒီတုန်းက ၁၈၅၈ခုနှစ် Sam က ၂၃နှစ်အရွယ်သာရှိပါသေးတယ်။ သူ့ရဲ့ညီအရင်း Henry နဲ့ Sam တို့ဟာ Pennsylvania ဆိုတဲ့ရေနွေးငွေ့သင်္ဘောပေါ်မှာ အတူအလုပ်လုပ်ခဲ့ကြပါတယ်။ Sam က အကူပဲ့နင်း ၊ ညီ Henry က တောက်တိုမယ်ရဝန်ထမ်းပေါ့။ အဲဒီလိုလုပ်ကိုင်နေစဉ် တစ်ညမှာတော့ Sam ဟာ ထူးခြားတဲ့အိပ်မက်တစ်ခုကို မက်ခဲ့ပါတယ်။ အိပ်မက်ထဲမှာ-
အခန်းတစ်ခုအတွင်းက သတ္တုခေါင်းအတွင်းမှာ သေဆုံးနေပြီဖြစ်တဲ့ ညီဖြစ်သူ Henry ကိုတွေ့ခဲ့ပါတယ်။ Henry ဝတ်ထားတဲ့အဝတ်က သူ့ကိုယ်ပိုင်အဝတ်မဟုတ်ပဲ သူတို့ဝမ်းကွဲအစ်ကိုတစ်ယောက်ဝတ်နေကြ အဝတ်ဖြစ်နေတာကိုတွေ့ရပါတယ်။ ရင်ဘတ်နားမှာတော့ အဖြူရောင်နှင်းဆီပန်းအပြည့်နဲ့ ပန်းအိုးကြီးတစ်အိုးရှိနေပါတယ်။ ထူးခြားတာကတော့ အဲဒီနှင်းဆီဖြူတွေရဲ့ အလယ်မှာ အနီရောင်နှင်းဆီတစ်ပွင့်ရှိနေတာပါ။
အဲဒီအချိန်မှာပဲ Sam နိုးလာခဲ့ပါတယ်။ သူ့ညီ Henry က သူ့အနားမှာပဲ အရှင်လတ်လတ်ရှိနေတာကြောင့် ဒါဟာအိပ်မက်ဖြစ်မှန်းသူသိခဲ့ပါတယ်။ ဒါပေမယ့် မက်ခဲ့တဲ့မြင်ကွင်းက ရှင်းလင်းပြတ်သားလွန်းတာကြောင့် သူဘယ်လိုမှဖျောက်လို့မရခဲ့ပါဘူး။ ညီဖြစ်သူ ၊ မိသားစု နဲ့ မိတ်ဆွေများကို ဒီအိပ်မက်အကြောင်းပြောခဲ့ပေမယ့် အားလုံးကဘာမှမဟုတ်တဲ့ ပုံမှန်အိပ်မက်တစ်ခုသာဖြစ်ကြောင်း စိုးရိမ်ဖို့မလိုကြောင်း ဖြောင်းဖျခဲ့ပါတယ်။ Sam ဘယ်လိုကြိုးစားမေ့ပေမယ့် ဒီမြင်ကွင်းကို မကြာခဏဆိုသလို သူ့မျက်လုံးထဲမှာ မြင်ယောင်နေတတ်ပါတယ်။

သူတို့သင်္ဘောရဲ့ ကတ်ပတိန်ဖြစ်သူဟာ အလွန်မောက်မာတတ်သူဖြစ်ပါတယ်။ သင်္ဘောသားတွေကို အမြဲနိုင့်ထက်စီးနင်းလုပ်လေ့ရှိတာကြောင့် မဟုတ်မခံတတ်တဲ့ Samရဲ့ ညီဖြစ်သူ Henry နဲ့ မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိပါတယ်။ နောက်ဆုံးတစ်ခေါက်မှာတော့ အသေအကြေတိုက်ခိုက်ကြတဲ့အထိ ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် Sam ဟာ သူတို့နှစ်ဦး ဒီသင်္ဘောဆက်စီးလို့မဖြစ်တော့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတစ်ခေါက်သင်္ဘောဆိပ်ကမ်းကပ်တဲ့အခါမှာတော့ ပြောင်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ သင်္ဘောအရာရှိတွေက Sam ကိုသာ သင်္ဘောပြောင်းပေးပြီး Henry ကို မူလသင်္ဘောကို ဆက်စီးစေခဲ့ပါတယ်။ ညီဖြစ်သူကို စိုးရိမ်တဲ့ Sam ဟာ ဂရုစိုက်ဖို့ ၊ ဆင်ခြင်ဖို့နဲ့ ၊ ဘွိုင်လာတွေကို သတိထားဖို့မှာပါတယ်။ နည်းပညာမမြင့်သေးတဲ့အချိန်ဖြစ်တာကြောင့် ဘွိုင်လာတွေဟာ မကြာခဏပေါက်တတ်လို့ဖြစ်ပါတယ်။

ဒါပေမယ့် Sam စိုးရိမ်တဲ့အတိုင်းဖြစ်လာခဲ့ပါတယ်။ Henry လိုက်ပါခဲ့တဲ့သင်္ဘောဟာ စစထွက်ခြင်းမှာပဲ ဘွိုင်လာအိုးပေါက်ခဲ့ပြီး မီးလောင်ခဲ့ပါတယ်။ မီးလောင်ခံခဲ့ရသူတွေထဲမှာ Henry လည်းပါဝင်ခဲ့ပါတယ်။ အချိန်မီ ဆေးရုံတင်နိုင်ခဲ့ပေမယ့် ထိထားတဲ့ ဒါဏ်ရာတွေဟာများလွန်းတဲ့အတွက် မကြာခင်မှာပဲ Henry သေဆုံးသွားပါတယ်။ Sam ကြားကြားချင်း ညီဖြစ်သူရှိရာကို လိုက်သွားခဲ့ပါတယ်။ ညီဖြစ်သူအလောင်းထားရာ အခန်းကိုရောက်တဲ့အခါမှာတော့ အထူးဆန်းဆုံးမြင်ကွင်းတစ်ခုကို သူမြင်လိုက်ရပါတော့တယ်။ ဒါကတော့ သူအိပ်မက်ထဲက မြင်ကွင်းအတိုင်း လုံးဝချွတ်စွပ်တူနေတာပါ။ ညီဖြစ်သူအလောင်းဟာ သတ္တုအခေါင်းထဲမှာရှိနေပြီး အဝတ်ကလည်း ဝမ်းကွဲအစ်ကိုရဲ့အဝတ်ကို ဝတ်ထားပါတယ်။ တစ်စုံတစ်ခုလိုနေသေးတယ်လို့ သူတွေးမိခဲ့ပါတယ်။ လိုနေတာကတော့ နှင်းဆီဖြူတွေရဲ့ အလယ်မှာ နှင်းဆီနီတစ်ပွင့်ရှိနေတဲ့ပန်းအိုးဖြစ်ပါတယ်။ ဒါပေမယ့် သူတွေးနေစဉ်မှာ အဲဒီအခန်းထဲကို မိန်းမပျိုတစ်ယောက်ဝင်လာပါတယ်။ သူမရဲ့လက်ထဲမှာတော့ နှင်းဆီဖြူတွေရဲ့အလယ်မှာ နှင်းဆီနီတစ်ပွင့်ထိုးထားတဲ့ ပန်းအိုးတစ်အိုးရှိနေပြီး သူမဟာ ဒီပန်းအိုးကို Henry ရဲ့ ရင်ဘတ်နားမှာ တင်လိုက်ပြီး ပြန်ထွက်သွားပါတော့တယ်။

မိန်းမပျိုကြောင့် မြင်နေရတဲ့မြင်ကွင်းဟာ မတ်ခ်တွိန်းရဲ့ အိပ်မက်နှင့်လုံး၀ ထပ်တူကျသွားပါတော့တယ်။ ဒီမြင်ကွင်းကို သူတစ်လျှောက်လုံးမြင်ခဲ့ပြီးဖြစ်သလို သူအမြဲပြောလေ့ရှိသော ထူးဆန်းသောအိပ်မက်ထဲက အတိုင်းဖြစ်နေတော့သည်။ ဒီအိပ်မက်အကြောင်းကို မတ်ခ်တွန်းဟာ သူ့ဘဝတစ်လျှောက်လုံး ပြောခဲ့ရေးခဲ့ပါတယ်။ မတ်ခ်တွိန်းနာမည်ကြီးလာတာနဲ့အတူ သူ၏အိပ်မက်သည် ထူးဆန်းသော ကြိုတင်သိအိပ်မက်တစ်ခု ဖြစ်ခဲ့ပါတော့တယ်။
(လင်ကွန်းရဲ့ အိပ်မက်ဆန်းအကြောင်း မဖတ်ရသေးသူများ ဒီမှာ(http://wp.me/p92H0W-El) သွားဖတ်နိုင်ပါတယ် )

Leave a Reply