မာယာေရွးေဟာင္း ဘုရားေက်ာင္းေအာက္က လ်ဳိ႕၀ွက္ေျမေအာက္လမ္းကို ရွာေဖြေတြ႔ရွိ

Posted on

ကမာၻေပၚက ထူးျခားတဲ့လူမ်ဳိးစုတစ္စုျဖစ္တဲ့ မာယာလူမ်ဳိးေတြရဲ႕ၿမဳိ႕ေတာ္ Chichen Itza မွာရွိတဲ့ ကူကူတန္ေက်ာင္းေတာ္ေအာက္မွာ ေျမေအာက္လ်ဳိ႕၀ွက္လမ္းေၾကာင္းတစ္ခုကို သုေတသနပညာရွင္ေတြက ရွာေဖြေတြ႔ရွိခဲဲ့ၾကပါတယ္။ Chichen Itza ၿမဳိ႕ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၄၀၀ ၀န္းက်င္က အလြန္စည္ကားခဲ့တဲ့မာယာေတြရဲ႕ၿမဳိ႕ျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ မကၠဆီကုိႏုိင္ငံ ယူကာတန္ကြ်န္းဆြယ္မွာတည္ရွိေနပါတယ္။ သမုိင္းထဲက ထူးဆန္းစြာေပ်ာက္ဆုံးသြားတဲ့ မာယာလူမ်ဳိးေတြဟာ အေဆာက္အအုံေတြလြဲလုိ႔ ဘာမွတ္တမ္းမွတ္ရာမွ မထားခဲ့တာေၾကာင့္ အခုရွာေဖြေတြ႔ရွိမႈကေန မာယာလူမ်ဳိးေတြရဲ႕ သမုိင္းအခ်က္အလက္ေတြကိုေတြ႔ရမလားဆုိတာကေတာ့ စိတ္၀င္စားစရာပါ။

အခုေတြ႔ရတဲ့ လမ္းေၾကာင္းဟာ ကူကူတန္ေက်ာင္းေတာ္ေအာက္ ေျမေအာက္လိုဏ္ဂူထဲကို ဆက္ သြယ္ေပးထားတဲ့ လၽွိဳ႕ဝွက္လမ္းေၾကာင္း ျဖစ္ၿပီး ေရွးေဟာင္းသုေတသီ Guillermo de Anda နဲ႔ အဖြဲ႕က lidar လို႔အမည္ရတဲ့ ပုံ ရိပ္ေဖာ္နည္းပညာေတြကို အသုံးျပဳၿပီး ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ Lida နည္းပညာဟာ လၽွပ္စစ္သံလိုက္လႈိင္း အခ်က္ျပတဲ့ ေရဒါစနစ္အသုံးျပဳထားတဲ့ ေနာက္ဆုံးေပၚပုံရိပ္ေဖာ္နည္းပညာတစ္ခုျဖစ္ပါတယ္။ ေရေတြျပည့္ေနတဲ့ လိုဏ္ဂူ ေတြျဖစ္ၿပီး မာယာလူမ်ိဳးေတြရဲ႕ ေရွး ေဟာင္း အေမြအႏွစ္ေတြ အေထာက္အထားေတြ ရွိေနဖို႔ ေရွးေဟာင္းသုေတသီေတြက ေမၽွာ္ လင့္ေနၾကပါတယ္။ ရွာေဖြသူေတြဟာ ေလာေလာဆယ္မွာေတာ့ ဒီလ်ဳိ႕၀ွက္လမ္းေၾကာင္းရဲ႕ ၀င္ေပါက္ကိုရွာေဖြလွ်က္ရွိပါတယ္။ ဦးေဆာင္သူ ေဒါက္တာ de Anda ကေတာ့ ၀င္ေပါက္ေတြကို မာယာလူမ်ဳိးေတြကုိယ္တုိင္ ပိတ္ခဲ့တာျဖစ္ႏုိင္တယ္လုိ႔ ဆုိပါတယ္။

သုေတသနပညာရွင္ေတြဟာ ႏွစ္သက္တမ္း ၁၀၀၀ ေက်ာ္ၿပီျဖစ္တဲ့ ဒီေက်ာင္းေတာ္အနီးက တြင္းေပါက္ႀကီးကို ၂၀၁၅ခုႏွစ္တည္းက ေတြ႔ခဲ့တာျဖစ္ၿပီး လ်ဳိ႕၀ွက္လမ္းကိုေတာ့ အခုမွရွာေဖြႏုိင္ခဲ့ၾကတာပါ။ တြင္းေပါက္ႀကီးဟာ အနက္ ေပ ၁၁၄ ေပ ရွိပါတယ္။ ကူကူတန္ေက်ာင္းေတာ္ကုိ ကူကူတန္ပိရမစ္ (သုိ႔) El Castillo လုိ႔လည္းေခၚၾကပါေသးတယ္။ ေျမေအာက္ျမစ္တစ္စင္းေၾကာင့္ ေက်ာင္း ေတာ္ေအာက္လိုဏ္ဂူတြင္းမွာ တစ္ခ်ိန္က ေရေတြ ျပည့္ႏွက္ေနခဲ့တာျဖစ္ပါတယ္။ ဒီေျမေအာက္ျမစ္ေၾကာင့္ ကူကူကန္ ေက်ာင္းေတာ္ႀကီးရဲ႕တည္တံ့မႈအတြက္စုိးရိမ္ေနရၿပီး အခ်ိန္မေ႐ြး ၿပိဳက်သြားႏိုင္တဲ့အေျခအေနျဖစ္ခဲ့ရတာ လို႔ သုေတသီေတြက သုံးသပ္ၾကပါတယ္။ ေျမေအာက္ျမစ္ဟာ ေက်ာင္းေတာ္ႀကီးရဲ႕ေအာက္ အနက္ ၆၅ေပမွာ ရွိေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီပိရမစ္ႀကီးရဲ႕ေအာက္ဘက္မွာ ပိရမစ္ငယ္တစ္ခုရွိေနတာကိုလည္း သုေတသနပညာရွင္ေတြဟာ ၁၉၃၀ခုႏွစ္တည္းက သိထားၿပီးျဖစ္ပါတယ္။

VIDEO


မာယာရှေးဟောင်း ဘုရားကျောင်းအောက်က လျို့ဝှက်မြေအောက်လမ်းကို ရှာဖွေတွေ့ရှိ (unicode)

ကမ္ဘာပေါ်က ထူးခြားတဲ့လူမျိုးစုတစ်စုဖြစ်တဲ့ မာယာလူမျိုးတွေရဲ့မြို့တော် Chichen Itza မှာရှိတဲ့ ကူကူတန်ကျောင်းတော်အောက်မှာ မြေအောက်လျို့ဝှက်လမ်းကြောင်းတစ်ခုကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Chichen Itza မြို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ဝန်းကျင်က အလွန်စည်ကားခဲ့တဲ့မာယာတွေရဲ့မြို့ဖြစ်ပြီး လက်ရှိအချိန်မှာတော့ မက္ကဆီကိုနိုင်ငံ ယူကာတန်ကျွန်းဆွယ်မှာတည်ရှိနေပါတယ်။ သမိုင်းထဲက ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ မာယာလူမျိုးတွေဟာ အဆောက်အအုံတွေလွဲလို့ ဘာမှတ်တမ်းမှတ်ရာမှ မထားခဲ့တာကြောင့် အခုရှာဖွေတွေ့ရှိမှုကနေ မာယာလူမျိုးတွေရဲ့ သမိုင်းအချက်အလက်တွေကိုတွေ့ရမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

အခုတွေ့ရတဲ့ လမ်းကြောင်းဟာ ကူကူတန်ကျောင်းတော်အောက် မြေအောက်လိုဏ်ဂူထဲကို ဆက် သွယ်ပေးထားတဲ့ လျှို့ဝှက်လမ်းကြောင်း ဖြစ်ပြီး ရှေးဟောင်းသုတေသီ Guillermo de Anda နဲ့ အဖွဲ့က lidar လို့အမည်ရတဲ့ ပုံ ရိပ်ဖော်နည်းပညာတွေကို အသုံးပြုပြီး ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Lida နည်းပညာဟာ လျှပ်စစ်သံလိုက်လှိုင်း အချက်ပြတဲ့ ရေဒါစနစ်အသုံးပြုထားတဲ့ နောက်ဆုံးပေါ်ပုံရိပ်ဖော်နည်းပညာတစ်ခုဖြစ်ပါတယ်။ ရေတွေပြည့်နေတဲ့ လိုဏ်ဂူ တွေဖြစ်ပြီး မာယာလူမျိုးတွေရဲ့ ရှေး ဟောင်း အမွေအနှစ်တွေ အထောက်အထားတွေ ရှိနေဖို့ ရှေးဟောင်းသုတေသီတွေက မျှော် လင့်နေကြပါတယ်။ ရှာဖွေသူတွေဟာ လောလောဆယ်မှာတော့ ဒီလျို့ဝှက်လမ်းကြောင်းရဲ့ ဝင်ပေါက်ကိုရှာဖွေလျှက်ရှိပါတယ်။ ဦးဆောင်သူ ဒေါက်တာ de Anda ကတော့ ဝင်ပေါက်တွေကို မာယာလူမျိုးတွေကိုယ်တိုင် ပိတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သုတေသနပညာရှင်တွေဟာ နှစ်သက်တမ်း ၁၀၀၀ ကျော်ပြီဖြစ်တဲ့ ဒီကျောင်းတော်အနီးက တွင်းပေါက်ကြီးကို ၂၀၁၅ခုနှစ်တည်းက တွေ့ခဲ့တာဖြစ်ပြီး လျို့ဝှက်လမ်းကိုတော့ အခုမှရှာဖွေနိုင်ခဲ့ကြတာပါ။ တွင်းပေါက်ကြီးဟာ အနက် ပေ ၁၁၄ ပေ ရှိပါတယ်။ ကူကူတန်ကျောင်းတော်ကို ကူကူတန်ပိရမစ် (သို့) El Castillo လို့လည်းခေါ်ကြပါသေးတယ်။ မြေအောက်မြစ်တစ်စင်းကြောင့် ကျောင်း တော်အောက်လိုဏ်ဂူတွင်းမှာ တစ်ချိန်က ရေတွေ ပြည့်နှက်နေခဲ့တာဖြစ်ပါတယ်။ ဒီမြေအောက်မြစ်ကြောင့် ကူကူကန် ကျောင်းတော်ကြီးရဲ့တည်တံ့မှုအတွက်စိုးရိမ်နေရပြီး အချိန်မရွေး ပြိုကျသွားနိုင်တဲ့အခြေအနေဖြစ်ခဲ့ရတာ လို့ သုတေသီတွေက သုံးသပ်ကြပါတယ်။ မြေအောက်မြစ်ဟာ ကျောင်းတော်ကြီးရဲ့အောက် အနက် ၆၅ပေမှာ ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပိရမစ်ကြီးရဲ့အောက်ဘက်မှာ ပိရမစ်ငယ်တစ်ခုရှိနေတာကိုလည်း သုတေသနပညာရှင်တွေဟာ ၁၉၃ဝခုနှစ်တည်းက သိထားပြီးဖြစ်ပါတယ်။

 

Leave a Reply