ရထား စကၠန္႔ ၂၀ ေစာထြက္သြားမိတာေၾကာင့္ ခရီးသြားေတြကို ေတာင္းပန္လုိက္တဲ့ ရထားကုမၸဏီ

Posted on

ရထား စကၠန္႔ ၂၀ခန္႔ ေစာထြက္သြားတာေၾကာင့္ ခရီးသည္မ်ားအဆင္မေျပျဖစ္ခဲ့ရျခင္းအတြက္ အႏူးအညြတ္ေတာင္းပန္ေၾကာင္း ဂ်ပန္ႏုိင္ငံရထား ကုမၸဏီတစ္ခုက သူတုိ႔ကုမၸဏီ၀ဘ္ဆုိဒ္ကေန ေရးသားလုိက္ပါတယ္။ ရထားဟာ တုိက်ဳိၿမဳိ႕ နဲ႔ Tsukuba ၿမဳိ႕တုိ႔အၾကားေျပးဆြဲေနတဲ့ Metropolitan Intercity  ကုမၸဏီပုိင္ရထားျဖစ္ပါတယ္။ သူတုိ႔ရဲ႕အစီရင္ခံစာအရ ရထားဟာ ပုံမွန္ထြက္ရမယ့္ အခ်ိန္ ၉း၄၄း၄၀ မွာထြက္ရမယ့္အစား ၉း၄၄း၂၀ မွာထြက္သြားတာေၾကာင့္ စကၠန္႔ ၂၀ ေစာသြားတာျဖစ္ပါတယ္။ ကုမၸဏီရဲ႕ အမွားကုိ၀န္ခံရဲတဲ့ဒီအျပဳအမႈကို ခရီးသြားေတြအျပင္ ဆုိရွယ္မီဒီယာသုံးစြဲသူမ်ားကပါ ခ်ီးက်ဴးစကားေတြေျပာဆုိၾကပါတယ္။

ဒီလုိအမွားအယြင္းျဖစ္ရျခင္းမွာလည္း တာ၀န္က်၀န္ထမ္းဟာ အခ်ိန္ဇယားကို တိတိက်က်မၾကည့္မိပဲ မေတာ္တဆမွားယြင္းၾကည့္မိခဲဲ့လုိ႔ျဖစ္ပါတယ္။ ဒီလုိစကၠန္႔အနည္းငယ္ ရထားေစာထြက္သြားတဲ့ မွားယြင္းမႈအတြက္ ဘယ္ခရီးသည္ကမွ ေစာဒက မတက္ခဲ့ေပမယ့္ ကုမၸဏီကေတာင္းပန္ခဲ့တာပါ။ ေနာင္ကုိ ဒီလုိ ထပ္မံမျဖစ္ေအာင္ ၀န္ထမ္းေတြကို ပိုၿပီးသြန္သင္ဆုံးမသြားပါမယ္လုိ႔ ထပ္ေရးခဲ့ပါေသးတယ္။ Tsukuba Express ရထားလုိင္းဟာ တုိက်ဳိ Akihabara ကေန Tsukuba ၿမဳိ႕ကုိ ၾကာခ်ိန္ ၄၅မိနစ္နဲ႔ ေျပးဆြဲတဲ့ရထားလုိင္းျဖစ္ပါတယ္။ ဂ်ပန္မွာေတာ့ ဒီျဖစ္စဥ္ဟာ အလြန္ရွားပါးတဲ့ျဖစ္စဥ္ျဖစ္ၿပီး ဒါေၾကာင့္လည္း ဂ်ပန္ရထားလုိင္းေတြဟာ ကမာၻ႔ ယုံၾကည္စိတ္အခ်ရဆုံးရထားလုိင္းျဖစ္ေနတာ ျဖစ္ပါတယ္။

ဂ်ပန္ႏုိင္ငံက Tokaido ရထားလုိင္းဟာ တုိက်ဳိၿမဳိ႕ကေန ကိုေဘးၿမဳိ႕ကိုေျပးဆြဲလွ်က္ရွိၿပီး ကမာၻ႔အလုပ္အရႈပ္ဆုံးရထားလုိင္းလည္းျဖစ္ပါတယ္။ ႏွစ္စဥ္ ရထားခရီးသည္ေပါင္း သန္း ၁၅၀ခန္႔ကုိေျပးဆြဲေပးလွ်က္ရွိေပမယ့္ အဆင္မေျပမႈျဖစ္တယ္ဆုိတာကေတာ့ အလြန္ရွားပါးလွပါတယ္။ ဒီျဖစ္စဥ္ေၾကာင့္ ကမာၻတစ္၀ွမ္းက အျခားႏုိင္ငံမွာရွိတဲ့ ရထားလိုင္းေတြဟာ ဂ်ပန္ရထားလုိင္းေတြနဲ႔ ႏႈိင္းယွဥ္ေထာက္ျပျခင္းကို ခံခဲ့ရပါတယ္။


စက္ကန့် ၂၀ ရထားစောထွက်သွားမိတာကြောင့် ခရီးသွားတွေကို တောင်းပန်လိုက်တဲ့ ရထားကုမ္ပဏီ (unicode)

ရထား စက္ကန့် ၂ဝခန့် စောထွက်သွားတာကြောင့် ခရီးသည်များအဆင်မပြေဖြစ်ခဲ့ရခြင်းအတွက် အနူးအညွတ်တောင်းပန်ကြောင်း ဂျပန်နိုင်ငံရထား ကုမ္ပဏီတစ်ခုက သူတို့ကုမ္ပဏီဝဘ်ဆိုဒ်ကနေ ရေးသားလိုက်ပါတယ်။ ရထားဟာ တိုကျိုမြို့ နဲ့ Tsukuba မြို့တို့အကြားပြေးဆွဲနေတဲ့ Metropolitan Intercity  ကုမ္ပဏီပိုင်ရထားဖြစ်ပါတယ်။ သူတို့ရဲ့အစီရင်ခံစာအရ ရထားဟာ ပုံမှန်ထွက်ရမယ့် အချိန် ၉း၄၄း၄၀ မှာထွက်ရမယ့်အစား ၉း၄၄း၂၀ မှာထွက်သွားတာကြောင့် စက္ကန့် ၂၀ စောသွားတာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အမှားကိုဝန်ခံရဲတဲ့ဒီအပြုအမှုကို ခရီးသွားတွေအပြင် ဆိုရှယ်မီဒီယာသုံးစွဲသူများကပါ ချီးကျူးစကားတွေပြောဆိုကြပါတယ်။

ဒီလိုအမှားအယွင်းဖြစ်ရခြင်းမှာလည်း တာဝန်ကျဝန်ထမ်းဟာ အချိန်ဇယားကို တိတိကျကျမကြည့်မိပဲ မတော်တဆမှားယွင်းကြည့်မိခဲ့လို့ဖြစ်ပါတယ်။ ဒီလိုစက္ကန့်အနည်းငယ် ရထားစောထွက်သွားတဲ့ မှားယွင်းမှုအတွက် ဘယ်ခရီးသည်ကမှ စောဒက မတက်ခဲ့ပေမယ့် ကုမ္ပဏီကတောင်းပန်ခဲ့တာပါ။ နောင်ကို ဒီလို ထပ်မံမဖြစ်အောင် ဝန်ထမ်းတွေကို ပိုပြီးသွန်သင်ဆုံးမသွားပါမယ်လို့ ထပ်ရေးခဲ့ပါသေးတယ်။ Tsukuba Express ရထားလိုင်းဟာ တိုကျို Akihabara ကနေ Tsukuba မြို့ကို ကြာချိန် ၄၅မိနစ်နဲ့ ပြေးဆွဲတဲ့ရထားလိုင်းဖြစ်ပါတယ်။ ဂျပန်မှာတော့ ဒီဖြစ်စဉ်ဟာ အလွန်ရှားပါးတဲ့ဖြစ်စဉ်ဖြစ်ပြီး ဒါကြောင့်လည်း ဂျပန်ရထားလိုင်းတွေဟာ ကမ္ဘာ့ ယုံကြည်စိတ်အချရဆုံးရထားလိုင်းဖြစ်နေတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက Tokaido ရထားလိုင်းဟာ တိုကျိုမြို့ကနေ ကိုဘေးမြို့ကိုပြေးဆွဲလျှက်ရှိပြီး ကမ္ဘာ့အလုပ်အရှုပ်ဆုံးရထားလိုင်းလည်းဖြစ်ပါတယ်။ နှစ်စဉ် ရထားခရီးသည်ပေါင်း သန်း ၁၅ဝခန့်ကိုပြေးဆွဲပေးလျှက်ရှိပေမယ့် အဆင်မပြေမှုဖြစ်တယ်ဆိုတာကတော့ အလွန်ရှားပါးလှပါတယ်။ ဒီဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝှမ်းက အခြားနိုင်ငံမှာရှိတဲ့ ရထားလိုင်းတွေဟာ ဂျပန်ရထားလိုင်းတွေနဲ့ နှိုင်းယှဉ်ထောက်ပြခြင်းကို ခံခဲ့ရပါတယ်။

Leave a Reply