ဆြဲအားမရွိိတဲ့ အာကာသစခန္းမွာ လူေတြဘယ္လုိေနထုိင္ၾကသလဲ

Posted on


မနက္ဖက္မွာ အာကာသစခန္းက ၀န္ထမ္းဟာ ကမာၻေျမကလူေတြလုိပဲ တစ္ကုိယ္ေရသန္႔ရွင္းေရးကို လုပ္ေဆာင္ရပါတယ္။ သြားတုိက္ေဆးထည့္တဲ့အခါ သြားတုိက္ေဆးကုိေအာက္ကထား သြားတုိက္တံကုိ အေပၚကထားကာ ထည့္ရပါတယ္။ ဆြဲအားမရွိတဲ့အတြက္ေၾကာင့္ သြားတုိက္ေဆးဟာ ေအာက္ကုိ က်လာမွာမဟုတ္တဲ့ အတြက္ျဖစ္ပါတယ္။

ေရကုိေတာ့ အထူးျပဳလုပ္ထားတဲ့အိတ္ငယ္ေလးေတြနဲ႔ထည့္ထားၿပီး ေခြ်တာသုံးရပါတယ္။ သြားတုိက္ၿပီးရင္ေတာ့ အထူးျပဳလုပ္ထားတဲ့ စကၠဴတာ၀ါနဲ႔ သုတ္ရပါတယ္။

ေခါင္းေလွ်ာ္တဲ့အခါမွာေတာ့ ေရနဲ႔ေလွ်ာ္စရာမလုိတဲ့ rinseless ေခါင္းေလွ်ာ္ရည္အမ်ဳိးအစားကိုသုံးပါတယ္။ ဒီေခါင္းေလွ်ာ္ရည္ဟာ ကမာၻမွာေတာ့ ေရလုံး၀ခ်ဳိးလုိ႔မရတဲ့ ေဆးရုံကလူနာေတြပဲ သုံးတဲ့ေခါင္းေလွ်ာ္ရည္ျဖစ္ပါတယ္။

အာကာသမွာ ဆံပင္ကုိ ဘီးနဲ႔ ေခါင္းဖီးဖုိ႔မႀကဳိးစားပါနဲ႔။ ဆြဲအားမရွိတဲ့အတြက္ ဖီးလည္းဘာမွထူးမွာမဟုတ္ပဲ ဆံပင္ေတြက ေထာင္ၿမဲေထာင္ေနမွာျဖစ္တဲ့အတြက္ေၾကာင့္ပါ။

အိမ္သာတက္တဲ့အခါမွာ ခႏၶာကိုယ္ကို အိမ္သာခြက္ေပၚက (Velco) ဆုိတဲ့ ၾကိဳးနဲ႔ ခ်ည္ထားရၿပီး၊ ေရအစား ေလကို အသံုးျပဳကာ အိမ္သာခြက္သန္႔ရွင္းရပါတယ္။

ကမာၻေျမက အိမ္သာေတြလုိမဟုတ္ပဲ ပန္ကာစုပ္ခြက္နဲ႔ အထူးျပဳလုပ္ထားတဲ့အိမ္သာေတြျဖစ္ပါတယ္။ ဒီလုိမွလုပ္မထားရင္ေတာ့ အညစ္အေၾကးေတြဟာ ေလေပၚမွာပ်ံေနမွာ ျဖစ္ပါတယ္။

ေသာက္သုံးစရာအရည္ဟူသမွ်ကိုေတာ့ အလုံပိတ္ထားတဲ့ ေသတၱာေတြထဲမွာ ထည့္သိမ္းထားရပါတယ္။ အမႈန္႔မ်ားျပန္႔ႀကဲႏုိင္တဲ့အတြက္ ေၾကလြယ္ေသာ မုန္႔ၾကြပ္မ်ားကို စားလုိ႔မရပါဘူး။ အစားအစာေတြစားတဲ့အခါမွာေတာ့ ခႏၶာကိုယ္ကိုေဇာက္ထုိးအေနအထားနဲ႔ ေနၿပီးစားရပါတယ္။ ဒါမွသာ အလြယ္တကူမ်ဳိခ်လုိ႔ရမွာျဖစ္ပါတယ္။

အိပ္တဲ့အခါမွာလည္း အဆင္ေျပစြာအိပ္ႏုိင္ဖုိ႔အတြက္ နံရံဆက္ထားတဲ့ကုတင္နဲ႔ ခႏၶာကုိယ္ကိုႀကဳိးျဖင့္ပတ္ခ်ည္ေႏွာင္ၿပီးမွ အိပ္ရပါတယ္။ အိပ္တဲ့အခါမ်ဳိးမွာ မက္တဲ့အိပ္မက္ေကာင္း အိပ္မက္ဆုိးေတြကုိလည္း မွတ္တမ္းတင္ရပါတယ္။

သူတုိ႔ရဲ႕တာ၀န္ေတြကေတာ့ ကမာၻလမ္းေၾကာင္းရဲ႕ ထူးျခားခ်က္ေတြကုိ ရွာေဖြျခင္း ၊ သုေတသနျပဳလုပ္ျခင္း ၊ ေျပာင္းလဲမႈမ်ားကိုေစာင့္ၾကည့္ျခင္း ၊ ေန႔စဥ္လုပ္ငန္းျဖစ္စဥ္မ်ားကို မွတ္တမ္းတင္ၿပီး ကမာၻေျမသုိ႔ေပးပုိ႔ျခင္း စတာေတြျဖစ္ပါတယ္။

အာကာသစခန္းမွာ ဆြဲအားမရွိတဲ့အတြက္ လမ္းေလွ်ာက္ဖုိ႔မလုိပါဘူး။ တစ္ေနရာနဲ႔ တစ္ေနရာကို အနည္းငယ္အားစုိက္လုိက္ရုံနဲ႔ ေရႊ႕လ်ားသြားႏုိင္ပါတယ္။

ဆုိးရြားတာကေတာ့ နံရံ ၊ ၾကမ္းျပင္၊အမုိး ၊ စင္စတာေတြကို အထက္ေအာက္ ေဘး ကြဲကြဲျပားျပားမသိႏုိင္ပဲ အားလုံးအတူတူျဖစ္ေနတာေၾကာင့္ျဖစ္ပါတယ္။

ခႏၶာကိုယ္အေလးခ်ိန္ကို အသုံးမခ်ရတဲ့အတြက္ ၾကာလာတာနဲ႔ အမွ် အာကာသစခန္းမွာ ေနထုိင္သူေတြဟာ အရုိး ၊ အေၾကာ ၊ ၾကြက္သားေတြ အားနည္းၿပီး ခ်ည့္နဲ႔လာတတ္ပါတယ္။

ဒီလုိမျဖစ္ေစဖုိ႔အတြက္ အာကာသစခန္းမွာလည္း ေျပးစက္ ၊ စက္ဘီးနင္းစက္ စတဲ့အားကစားပစၥည္းေတြကို ထားရွိၿပီး ၀န္ထမ္းတုိင္းဟာ က်န္းမာေရးအတြက္ ေန႔စဥ္အားကစားလုပ္ရပါတယ္။

အာကာသစခန္းမွာ ေနရလုိ႔ အဲဒီက၀န္ထမ္းေတြဟာ အၿမဲအလုပ္လုပ္ေနတယ္လုိ႔ မထင္ပါနဲ႔။ သူတုိ႔ဟာ အလွည့္က်သာ အလုပ္လုပ္တဲ့အတြက္ အားလပ္ခ်ိန္မ်ားစြာရတတ္ပါတယ္။ ဒီလိုအားလပ္ခ်ိန္ေတြမွာ မိမိႏွစ္သက္ရာကို လုပ္ခြင့္ရွိပါတယ္။ တစ္ခုခုကိုစမ္းသပ္တာ ၊ ႏွစ္သက္တဲ့ရုပ္ရွင္ၾကည့္တာ ၊ စာအုပ္ဖတ္ သီခ်င္းနားေထာင္တာ ၊ ဖဲကစားတာ ၊ ကမာၻေျမက မိသားစုေတြနဲ႔ စကားေျပာတာ စတာေတြကိုလုပ္ေဆာင္ႏုိင္ပါတယ္။

အာကာသစခန္းမွာ ေနထုိင္သူေတြဟာ ေနထြက္ ၁၆ခါခန္႔ ၊ ေန၀င္ ၁၆ခါခန္႔ ကို ေန႔စဥ္ေန႔တုိင္းျမင္ေနရမွာပါ။ အေၾကာင္းကေတာ့ အာကာသစခန္းဟာ တစ္နာရီကုိ ၁၇၂၀၀မုိင္ႏႈန္းနဲ႔ ၉၂မိနစ္ၾကာတုိင္း ကမာၻကုိတစ္ပတ္ပတ္ေနလုိ႔ ျဖစ္ပါတယ္။

ႏုိင္ငံတကာ အာကာသစခန္းမွာ လက္ရွိတာ၀န္ထမ္းေဆာင္ေနသူေတြကေတာ့ Joe Acaba ,Alexander Misurkin, Mark Vande Hei ,Sergey Ryazanskiy ,Commander Randy Bresnik , Paolo Nespoli တုိ႔ျဖစ္ၾကပါတယ္။ ႏုိင္ငံတကာ အာကာသစခန္းမွာေနထုိင္တဲ့ ၀န္ထမ္းေတြရဲ႕ လစာကေတာ့ တစ္ႏွစ္ကို ေဒၚလာ ၆၅၀၀၀ ကေန ၁သိန္းေက်ာ္အထိ ျဖစ္ပါတယ္။

ေအာက္မွာ အာကာသစခန္းမွာ ေနထုိင္ရတဲ့ပုံေတြကုိ ရွင္းျပထားတဲ့ ဗီဒီယုိကိုၾကည့္ရႈ႕ႏုိင္ပါတယ္။

VIDEO ၾကည့္ရႈ႕ရန္

——————–
ဆွဲအားမရှိတဲ့ အာကာသစခန်းမှာ လူတွေဘယ်လိုနေထိုင်ကြသလဲ (unicode)

မနက်ဖက်မှာ အာကာသစခန်းက ဝန်ထမ်းဟာ ကမ္ဘာမြေကလူတွေလိုပဲ တစ်ကိုယ်ရေသန့်ရှင်းရေးကို လုပ်ဆောင်ရပါတယ်။ သွားတိုက်ဆေးထည့်တဲ့အခါ သွားတိုက်ဆေးကိုအောက်ကထား သွားတိုက်တံကို အပေါ်ကထားကာ ထည့်ရပါတယ်။ ဆွဲအားမရှိတဲ့အတွက်ကြောင့် သွားတိုက်ဆေးဟာ အောက်ကို ကျလာမှာမဟုတ်တဲ့ အတွက်ဖြစ်ပါတယ်။ ရေကိုတော့ အထူးပြုလုပ်ထားတဲ့အိတ်ငယ်လေးတွေနဲ့ထည့်ထားပြီး ချွေတာသုံးရပါတယ်။ သွားတိုက်ပြီးရင်တော့ အထူးပြုလုပ်ထားတဲ့ စက္ကူတာဝါနဲ့ သုတ်ရပါတယ်။

ခေါင်းလျှော်တဲ့အခါမှာတော့ ရေနဲ့လျှော်စရာမလိုတဲ့ rinseless ခေါင်းလျှော်ရည်အမျိုးအစားကိုသုံးပါတယ်။ ဒီခေါင်းလျှော်ရည်ဟာ ကမ္ဘာမှာတော့ ရေလုံးဝချိုးလို့မရတဲ့ ဆေးရုံကလူနာတွေပဲ သုံးတဲ့ခေါင်းလျှော်ရည်ဖြစ်ပါတယ်။ အာကာသမှာ ဆံပင်ကို ဘီးနဲ့ ခေါင်းဖီးဖို့မကြိုးစားပါနဲ့။ ဆွဲအားမရှိတဲ့အတွက် ဖီးလည်းဘာမှထူးမှာမဟုတ်ပဲ ဆံပင်တွေက ထောင်မြဲထောင်နေမှာဖြစ်တဲ့အတွက်ကြောင့်ပါ။

အိမ်သာတက်တဲ့အခါမှာ ခန္ဓာကိုယ်ကို အိမ်သာခွက်ပေါ်က (Velco) ဆိုတဲ့ ကြိုးနဲ့ ချည်ထားရပြီး၊ ရေအစား လေကို အသုံးပြုကာ အိမ်သာခွက်သန့်ရှင်းရပါတယ်။ ကမ္ဘာမြေက အိမ်သာတွေလိုမဟုတ်ပဲ ပန်ကာစုပ်ခွက်နဲ့ အထူးပြုလုပ်ထားတဲ့အိမ်သာတွေဖြစ်ပါတယ်။ ဒီလိုမှလုပ်မထားရင်တော့ အညစ်အကြေးတွေဟာ လေပေါ်မှာပျံနေမှာ ဖြစ်ပါတယ်။

သောက်သုံးစရာအရည်ဟူသမျှကိုတော့ အလုံပိတ်ထားတဲ့ သေတ္တာတွေထဲမှာ ထည့်သိမ်းထားရပါတယ်။ အမှုန့်များပြန့်ကြဲနိုင်တဲ့အတွက် ကြေလွယ်သော မုန့်ကြွပ်များကို စားလို့မရပါဘူး။ အစားအစာတွေစားတဲ့အခါမှာတော့ ခန္ဓာကိုယ်ကိုဇောက်ထိုးအနေအထားနဲ့ နေပြီးစားရပါတယ်။ ဒါမှသာ အလွယ်တကူမျိုချလို့ရမှာဖြစ်ပါတယ်။ အိပ်တဲ့အခါမှာလည်း အဆင်ပြေစွာအိပ်နိုင်ဖို့အတွက် နံရံဆက်ထားတဲ့ကုတင်နဲ့ ခန္ဓာကိုယ်ကိုကြိုးဖြင့်ပတ်ချည်နှောင်ပြီးမှ အိပ်ရပါတယ်။ အိပ်တဲ့အခါမျိုးမှာ မက်တဲ့အိပ်မက်ကောင်း အိပ်မက်ဆိုးတွေကိုလည်း မှတ်တမ်းတင်ရပါတယ်။

သူတို့ရဲ့တာဝန်တွေကတော့ ကမ္ဘာလမ်းကြောင်းရဲ့ ထူးခြားချက်တွေကို ရှာဖွေခြင်း ၊ သုတေသနပြုလုပ်ခြင်း ၊ ပြောင်းလဲမှုများကိုစောင့်ကြည့်ခြင်း ၊ နေ့စဉ်လုပ်ငန်းဖြစ်စဉ်များကို မှတ်တမ်းတင်ပြီး ကမ္ဘာမြေသို့ပေးပို့ခြင်း စတာတွေဖြစ်ပါတယ်။ အာကာသစခန်းမှာ ဆွဲအားမရှိတဲ့အတွက် လမ်းလျှောက်ဖို့မလိုပါဘူး။ တစ်နေရာနဲ့ တစ်နေရာကို အနည်းငယ်အားစိုက်လိုက်ရုံနဲ့ ရွှေ့လျားသွားနိုင်ပါတယ်။ ဆိုးရွားတာကတော့ နံရံ ၊ ကြမ်းပြင်၊အမိုး ၊ စင်စတာတွေကို အထက်အောက် ဘေး ကွဲကွဲပြားပြားမသိနိုင်ပဲ အားလုံးအတူတူဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

ခန္ဓာကိုယ်အလေးချိန်ကို အသုံးမချရတဲ့အတွက် ကြာလာတာနဲ့ အမျှ အာကာသစခန်းမှာ နေထိုင်သူတွေဟာ အရိုး ၊ အကြော ၊ ကြွက်သားတွေ အားနည်းပြီး ချည့်နဲ့လာတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့အတွက် အာကာသစခန်းမှာလည်း ပြေးစက် ၊ စက်ဘီးနင်းစက် စတဲ့အားကစားပစ္စည်းတွေကို ထားရှိပြီး ဝန်ထမ်းတိုင်းဟာ ကျန်းမာရေးအတွက် နေ့စဉ်အားကစားလုပ်ရပါတယ်။

အာကာသစခန်းမှာ နေရလို့ အဲဒီကဝန်ထမ်းတွေဟာ အမြဲအလုပ်လုပ်နေတယ်လို့ မထင်ပါနဲ့။ သူတို့ဟာ အလှည့်ကျသာ အလုပ်လုပ်တဲ့အတွက် အားလပ်ချိန်များစွာရတတ်ပါတယ်။ ဒီလိုအားလပ်ချိန်တွေမှာ မိမိနှစ်သက်ရာကို လုပ်ခွင့်ရှိပါတယ်။ တစ်ခုခုကိုစမ်းသပ်တာ ၊ နှစ်သက်တဲ့ရုပ်ရှင်ကြည့်တာ ၊ စာအုပ်ဖတ် သီချင်းနားထောင်တာ ၊ ဖဲကစားတာ ၊ ကမ္ဘာမြေက မိသားစုတွေနဲ့ စကားပြောတာ စတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။ အာကာသစခန်းမှာ နေထိုင်သူတွေဟာ နေထွက် ၁၆ခါ ၊ နေဝင် ၁၆ခါကို နေ့စဉ်နေ့တိုင်းမြင်နေရမှာပါ။ နိုင်ငံတကာ အာကာသစခန်းမှာ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေကတော့ Joe Acaba ,Alexander Misurkin, Mark Vande Hei ,Sergey Ryazanskiy ,Commander Randy Bresnik , Paolo Nespoli တို့ဖြစ်ကြပါတယ်။ အောက်မှာ အာကာသစခန်းမှာ နေထိုင်ရတဲ့ပုံတွေကို ရှင်းပြထားတဲ့ ဗီဒီယိုကိုကြည့်ရှု့နိုင်ပါတယ်။

Leave a Reply