ဇင္ဘာေဘြကို ႏွစ္ ၄၀နီးပါး အုပ္စုိးခဲ့တဲ့ သမၼတမူဂါဘီရဲ႕ စံအိမ္ေတာ္

Posted on

အာဖရိက က ကုန္းတြင္းပိတ္ႏုိင္ငံ ျဖစ္တဲ့ ဇင္ဘာေဘြႏုိင္ငံမွာ သမၼတမူဂါဘီဟာ ႏွစ္ ၄၀ နီးပါး အာဏာရွင္အျဖစ္အုပ္ခ်ဳပ္ခဲ့ၿပီးတဲ့ေနာက္ အခုေတာ့ သူ႔ရဲ႕အာဏာကုိလက္လႊတ္ေပးခဲ့ပါၿပီ။ ဇင္ဘာေဘြဟာ ေငြေၾကးအလြန္ေဖာင္းပြၿပီး ဆင္းရဲတဲ့ႏိုင္ငံတစ္ႏုိင္ငံျဖစ္ေပမယ့္ အာဏာရွင္ မူဂါဘီကေတာ့ ဘီလ်ံနဲ႔ခ်ီၿပီးခ်မ္းသာခဲ့ပါတယ္။ သူေနခဲ့တဲ့ စံအိမ္တစ္ခုတည္းရဲ႕တန္ဖုိးတင္ ေပါင္ ၇.၅သန္း တန္ေၾကးရွိပါတယ္။

အခန္းေပါင္း ၂၅ခန္းပါတဲ့ သူ႔ရဲ႕စံအိမ္ေတာ္ကုိ အလွပဒီဇုိင္းအမ်ဳိးမ်ဳိးနဲ႔ တန္ဆာဆင္ထားပါတယ္။ ႀကီးမားတဲ့ေရကူးကန္ကိုလည္း သလင္းေက်ာက္ ၊ ေရႊရုိင္း ၊ ဆင္စြယ္ေရာင္အဆင္တန္ဆာေတြနဲ႔ မြမ္းမံထားပါတယ္။ စံအိမ္ရဲ႕အမုိးကေတာ့ တရုတ္ရုိးရာပုံစံျဖစ္ေနၿပီး ဒီအျပာေရာင္အုပ္ၾကြပ္ေတြကိုေတာ့ တရုတ္ႏုိင္ငံရွန္ဟုိင္းကေန တကူးတကတင္သြင္းထားတာပဲျဖစ္ပါတယ္။ ဒီစံအိမ္ေတာ္ကုိ ၂၀၀၃ခုႏွစ္က ဆာဘီးယားေဆာက္လုပ္ေရးကုမၸဏီတစ္ခုက တည္ေဆာက္ေပးခဲ့တာျဖစ္ပါတယ္။

အုပ္စုိးခဲ့စဥ္ ၃၇ႏွစ္အတြင္းမွာ ျပည္သူေထာင္ေပါင္းမ်ားစြာကို သတ္ျဖတ္ခဲ့တဲ့ ဒီအာဏာရွင္ဟာ သူ႔ရဲ႕အိမ္အတြင္းဘက္ကိုေတာ့ ေရႊေရာင္လႊမ္းေနေအာင္အလွဆင္ထားပါတယ္။ WikiLeak ရဲ႕ ထုတ္ျပန္မႈစာရင္းအရ ဇင္ဘာေဘြဟာ အဆင္းရဲဆုံးႏုိင္ငံျဖစ္ေပမယ့္ မူဂါဘီကေတာ့ ေဒၚလာ ၁.၇၅ဘီလ်ံခန္႔ခ်မ္းသာတယ္ လုိ႔သိရပါတယ္။ ဒါဟာ ဆြစ္ဇာလန္ဘဏ္မွာ လ်ဳိ႕၀ွက္အေကာင့္နဲ႔ အပ္ႏွံထားတဲ့စာရင္းမပါေသးပါဘူး။ တုိင္းျပည္ရဲ႕ စီးပြားေရးမွန္သမွ်ကိုလက္၀ါးႀကီးအုပ္ထားခဲ့ၿပီး Zimbabwe Consolidated စိန္ကုမၸဏီလုိ ၊ အာဖရိကရဲ႕အႀကီးဆုံး ႏုိ႔ထြက္ပစၥည္း နဲ႔ ေမြးျမဴေရးလုပ္ငန္းျဖစ္တဲ့ Omega Dairy farm တုိ႔ကိုပုိင္ဆုိင္ထားသူပါ။ အျခားႏုိင္ငံႀကီးေတြရဲ႕ၿမဳိ႕ေတြမွာလည္း ေဒၚလာသန္းခ်ီတန္တဲ့ အိိမ္ေပါင္းမ်ားစြာကုိ ၀ယ္ထားပါေသးတယ္္။ အခုေတာ့ သူဟာ သူ႔ရဲ႕အာဏာကိုလက္လႊတ္ေပးခဲ့ၿပီျဖစ္တဲ့အတြက္ တစ္တုိင္းျပည္လုံး၀မ္းသာေနၾကပါတယ္။ အာဏာရွင္ မူဂါဘီရဲ႕ စံအိမ္ေတာ္ပုံရိပ္ေတြကိုေအာက္မွာ ၾကည့္ႏုိင္ပါတယ္။

—————————–

ဇင်ဘာတွေကို နှစ် ၄ဝနီးပါး အုပ်စိုးခဲ့တဲ့ သမ္မတမူဂါဘီရဲ့ စံအိမ်တော် (unicode)

အာဖရိက က ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်တဲ့ ဇင်ဘာဘွေနိုင်ငံမှာ သမ္မတမူဂါဘီဟာ နှစ် ၄၀ နီးပါး အာဏာရှင်အဖြစ်အုပ်ချုပ်ခဲ့ပြီးတဲ့နောက် အခုတော့ သူ့ရဲ့အာဏာကိုလက်လွှတ်ပေးခဲ့ပါပြီ။ ဇင်ဘာဘွေဟာ ငွေကြေးအလွန်ဖောင်းပွပြီး ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် အာဏာရှင် မူဂါဘီကတော့ ဘီလျံနဲ့ချီပြီးချမ်းသာခဲ့ပါတယ်။ သူနေခဲ့တဲ့ စံအိမ်တစ်ခုတည်းရဲ့တန်ဖိုးတင် ပေါင် ၇.၅သန်း တန်ကြေးရှိပါတယ်။

အခန်းပေါင်း ၂၅ခန်းပါတဲ့ သူ့ရဲ့စံအိမ်တော်ကို အလှပဒီဇိုင်းအမျိုးမျိုးနဲ့ တန်ဆာဆင်ထားပါတယ်။ ကြီးမားတဲ့ရေကူးကန်ကိုလည်း သလင်းကျောက် ၊ ရွှေရိုင်း ၊ ဆင်စွယ်ရောင်အဆင်တန်ဆာတွေနဲ့ မွမ်းမံထားပါတယ်။ စံအိမ်ရဲ့အမိုးကတော့ တရုတ်ရိုးရာပုံစံဖြစ်နေပြီး ဒီအပြာရောင်အုပ်ကြွပ်တွေကိုတော့ တရုတ်နိုင်ငံရှန်ဟိုင်းကနေ တကူးတကတင်သွင်းထားတာပဲဖြစ်ပါတယ်။ ဒီစံအိမ်တော်ကို ၂၀၀၃ခုနှစ်က ဆာဘီးယားဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။

အုပ်စိုးခဲ့စဉ် ၃၇နှစ်အတွင်းမှာ ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ ဒီအာဏာရှင်ဟာ သူ့ရဲ့အိမ်အတွင်းဘက်ကိုတော့ ရွှေရောင်လွှမ်းနေအောင်အလှဆင်ထားပါတယ်။ WikiLeak ရဲ့ ထုတ်ပြန်မှုစာရင်းအရ ဇင်ဘာဘွေဟာ အဆင်းရဲဆုံးနိုင်ငံဖြစ်ပေမယ့် မူဂါဘီကတော့ ဒေါ်လာ ၁.၇၅ဘီလျံခန့်ချမ်းသာတယ် လို့သိရပါတယ်။ ဒါဟာ ဆွစ်ဇာလန်ဘဏ်မှာ လျို့ဝှက်အကောင့်နဲ့ အပ်နှံထားတဲ့စာရင်းမပါသေးပါဘူး။ တိုင်းပြည်ရဲ့ စီးပွားရေးမှန်သမျှကိုလက်ဝါးကြီးအုပ်ထားခဲ့ပြီး Zimbabwe Consolidated စိန်ကုမ္ပဏီလို ၊ အာဖရိကရဲ့အကြီးဆုံး နို့ထွက်ပစ္စည်း နဲ့ မွေးမြူရေးလုပ်ငန်းဖြစ်တဲ့ Omega Dairy farm တို့ကိုပိုင်ဆိုင်ထားသူပါ။ အခြားနိုင်ငံကြီးတွေရဲ့မြို့တွေမှာလည်း ဒေါ်လာသန်းချီတန်တဲ့ အိမ်ပေါင်းများစွာကို ဝယ်ထားပါသေးတယ်။ အခုတော့ သူဟာ သူ့ရဲ့အာဏာကိုလက်လွှတ်ပေးခဲ့ပြီဖြစ်တဲ့အတွက် တစ်တိုင်းပြည်လုံးဝမ်းသာနေကြပါတယ်။ အာဏာရှင် မူဂါဘီရဲ့ စံအိမ်တော်ပုံရိပ်တွေကိုအောက်မှာ ကြည့်နိုင်ပါတယ်။

Leave a Reply