ဗီးနပ္စ္ၿဂဳိဟ္ (သုိ႔) ေသာၾကာၿဂဳိဟ္ႀကီးအေၾကာင္း သိေကာင္းစရာနဲ႔ ထူးျခားခ်က္မ်ား

Posted on

သုတဇုန္မိတ္ေဆြမ်ားအတြက္ ဂ်ဴပီတာ(http://wp.me/p92H0W-12j ၊ ေစတန္(http://wp.me/p92H0W-148) ၊ မားစ္ (http://wp.me/p92H0W-10V) စတဲ့ၿဂဳိဟ္ေတြရဲ႕ ထူးျခားခ်က္ေတြကုိ တင္ေပးခဲ့ၿပီးပါၿပီ။ ဒီတစ္ခါေတာ့ ေသာၾကာၿဂဳိဟ္ ေခၚ ဗီးနပ္စ္ၿဂဳိဟ္ရဲ႕အေၾကာင္း နဲ႔ ထူးျခားခ်က္ေတြကုိ ဗဟုသုတအေနနဲ႔ ေ၀မွ်ခ်င္ပါတယ္။

ေသာၾကာၿဂိဳဟ္ (သုိ႔) ဗီးနပ္စ္ၿဂဳိဟ္ ေနႏွင့္ဒုတိယအနီးဆုံးေသာၿဂိဳဟ္ျဖစ္၍ ေနမွပ်မ္းမၽွမိုင္ေပါင္း ၆၇၂ဝဝဝဝဝ မၽွသာကြာေဝးသည္။ ေက်ာက္တုံးေက်ာက္ခဲမ်ား၊ ခ်ိဳင့္ခြက္ႀကီးမ်ား၊ အလြန္ႀကီးမားေသာ မီးေတာင္ႀကီးမ်ား ရွိၿပီး ကာဗြန္ဒိုင္ေအာက္ဆိုက္ ဓာတ္ေငြ႕ႏွင့္ အဆိပ္ဓာတ္ျဖစ္ေသာ ဆာလဖ်ဴရစ္အက္ဆစ္တို႔ႏွင့္ ဖြဲ႕စည္းထားေသာ သိပ္သည္းမႈအား ျမင့္မားေသာ ေလထုရွိသည္။ ဆာလဖ်ဴရစ္အက္ဆစ္သည္ ေသာၾကာၿဂိဳဟ္၏ အပူခ်ိန္မွာ အလြန္ျမင့္မားသည့္အတြက္ အေငြ႕အသြင္ေျပာင္းလဲျခင္း ျဖစ္ေပၚၿပီး ထူထပ္ေသာ ဓာတ္ေငြ႕တိမ္တိုက္မ်ား ျဖစ္ေပၚေနသည္။ ထို အက္ဆစ္တိမ္တိုက္မ်ားသည္ တစ္နာရီလၽွင္ ၃၆၀ ကီလိုမီတာႏႈန္းျဖင့္ ေ႐ြ႕လ်ားလၽွက္ ရွိၾကသည္။ မွန္လုံအိမ္အက်ိဳးသက္ေရာက္မႈေၾကာင့္ ေသာၾကာၿဂိဳဟ္သည္ ေနအဖြဲ႕အစည္းတြင္ အပူျပင္းဆုံးၿဂိဳဟ္ အျဖစ္တည္ရွိသည္။ အလြန္ပူျပင္းလွသည့္ အတြက္ ကမၻာေပၚရွိ မည္သည့္အရာမၽွ ေသာၾကာၿဂိဳဟ္ေပၚတြင္ ရွင္သန္ႏိုင္မည္ မဟုတ္ေပ။ ေသာၾကာၿဂဳိဟ္ ႏွင့္ ၿဂဳိဟ္ပတ္လမ္းေၾကာင္း ကုိ ေရွးေဘဘီလုံ နကၡတ္ပညာရွင္မ်ားက ဘီစီ ၁၆၀၀ ၀န္းက်င္ကတည္းက ရွာေဖြေတြ႔ရွိခဲ့ၾကသည္။

ေသာၾကာၿဂိဳဟ္၏ အမည္ ဗီးနပ္စ္မွာ အခ်စ္ႏွင့္ အလွတရားတို႔ႏွင့္သက္ဆိုင္ေသာ ေရာမနတ္ဘုရားကို အစြဲျပဳ၍ ေခၚေဝၚျခင္း ျဖစ္သည္။ ဗီးနပ္စ္ၿဂဳိဟ္အား ကမာၻ၏ ညီအစ္မၾကယ္ဟုေခၚၾကသည္။ အေၾကာင္းမွာ ဗီးနပ္စ္ၿဂဳိဟ္၏ အရြယ္အစားမွာ ကမာၻ႔အရြယ္အစားနဲ႔ ၆၃၈ကီလုိမီတာသာ ကြာျခားတဲ့အျပင္ ဆြဲအားခ်င္းလည္းတူညီသလုိ central core နဲ႔ crust ေတြရွိတာခ်င္းလည္း တူညီလုိ႔ျဖစ္ပါတယ္။ အျခားၿဂဳိဟ္ေတြဟာ မိမိ၀န္ရုိးေပၚမွာ နာရီေျပာင္းျပန္လွည့္ပတ္ေပမယ့္ ဗီးနပ္စ္ၿဂဳိဟ္ကေတာ့ နာရီလက္တံအတုိင္း(ယူေရးနပ္စ္ၿဂဳိဟ္ကဲ့သုိ႔) အတည့္လွည့္ပတ္ပါတယ္။

ေသာၾကာၿဂိဳဟ္သည္ ေနကို တစ္ပတ္ပတ္ရန္ ၂၂၄.၆၅ ရက္ၾကာၿပီး ဝင္႐ိုးေပၚတြင္ တစ္ပတ္ပတ္ရန္ ၂၄၃ ရက္ၾကာသည့္အတြက္ ေသာၾကာၿဂိဳဟ္၏ ေန႔တစ္ေန႔သည္ ႏွစ္တစ္ႏွစ္ထက္ ပို၍ အခ်ိန္ၾကာသည္။ ေသာၾကာၿဂိဳဟ္ႏွင့္ ကမၻာတို႔၏ၾကားတြင္ ကီလိုမီတာေပါင္း သန္း ၄၀မၽွကြာေဝးသည္။ ေသာၾကာၿဂိဳဟ္၏ ဆြဲငင္အားသည္ ကမၻာေျမ၏ ဆြဲငင္အားႏွင့္ အတူတူခန္႔ရွိသည္။ သုိ႔ေသာ္ဗီးနပ္စ္ၿဂဳိဟ္သည္ ကမာၻႏွင့္အျခားၿဂဳိဟ္မ်ားကဲ့သုိ႔ ၿဂဳိဟ္ရံလ မရွိေခ်။(ၿဂဳိဟ္ရံလမရွိေသာ ေနာက္ထပ္ၿဂဳိဟ္မွာ မာက်ဴရီၿဂဳိဟ္ျဖစ္သည္)

ေသာၾကာၿဂိဳဟ္သည္ ကမၻာႏွင့္ အလြန္နီးသည့္အတြက္ ေကာင္းကင္ယံတြင္ အၿမဲလိုပင္ေတြ႕ျမင္ႏိုင္သည္။ မနက္မိုးမလင္းမီအခ်ိန္ႏွင့္ ေနဝင္ၿပီး နာရီအနည္းငယ္မၽွ ၾကာေသာအခ်ိန္တို႔တြင္ အထင္ရွားဆုံးျဖစ္သည္။ ေသာၾကာၿဂိဳဟ္သည္ ေကာင္းကင္၌ ေနႏွင့္လတို႔ မွအပ အလင္းလက္ဆုံး ျဖစ္သည္။ မနက္ခင္းႏွင့္ ညေနခင္းတို႔တြင္ မၾကာခဏျမင္ရေလ့ ရွိသည့္အျပင္ မွန္ေျပာင္း သို႔ တယ္လီစကုပ္ ျဖင့္ ၾကည့္႐ႈျခင္းမဟုတ္ပါက ၾကယ္ႏွင့္ ဆင္တူသည့္အတြက္ ၎ကို မနက္ၾကယ္ သို႔ ညေနၾကယ္အေနျဖင့္ အခ်ိဳ႕က ေခၚေဝၚၾကသည္။

မရီးနား (၂) အာကာသယာဥ္ကိုအေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ကင္နဒီအငူမွေန၍ ၁၉၆၂ခုႏွစ္ ဩဂုတ္လ ၂ရ ရက္ေန႔တြင္ အက္တလက္ဒုံးပ်ံႀကီး၏ ထိပ္တြင္ထည့္၍ပစ္လႊတ္ခဲ့ေလသည္။ မရီးနား (၂)၏ပန္းတိုင္မွာ ေသာၾကာၿဂိဳဟ္ပင္ျဖစ္သည္။ ေသာၾကာၿဂိဳဟ္အနီးမွ ျဖတ္သန္းသြားၿပီးလၽွင္ အခ်က္အလက္မ်ားကို သိပၸံပညာရွင္ မ်ားထံသို႔ပို႔ရမည္ျဖစ္သည္။ ယင္းတြင္ပါသြားေသာ ကရိယာမ်ားျဖင့္ အာကာသကိုစူးစမ္းရွာေဖြသြားရေပမည္။ အေမရိကန္အာကာသယာဥ္မရီးနား(၂)သည္ စီစဥ္ ထားသည့္အတိုင္း ၁၉၆၂ခုႏွစ္ ဒီဇင္ဘာလ ၁၅ရက္ေန႔၌ ေသာၾကာ ၿဂိဳဟ္အားမိုင္ေပါင္း ၂၁၅၉၄ အကြာမွေန၍ ၄၂မိနစ္ ၾကာမၽွျဖတ္သန္း စူးစမ္းခဲ့ၿပီးေနာက္ ေနကိုလွည့္ပတ္လ်က္ အဆုံးမရွိေသာခရီးကို ဆက္လက္ထြက္ခြာသြားေလသည္။ ေသာၾကာၿဂိဳဟ္ အနီးမွျဖတ္သန္းသြားခဲ့စဥ္မရီးနား (၂)ေပၚတြင္ ပါသြားေသာ သိပၸံပညာဆိုင္ရာ ကရိယာမ်ား၏ ေတြ႕ရွိခ်က္မ်ားကို သိပၸံပညာရွင္မ်ားထံသို႔ျပန္လည္ေပးပို႔ခဲ့သည္။ ထိုေနာက္တြင္ မရီးနား (၂) အာကသယာဥ္သည္ကမၻာမွ တျဖည္းျဖည္းေဝးသည္ထက္ေဝးကြာသြားၿပီးလၽွင္ ေျမျပင္ရွိ စခန္းမ်ားႏွင့္အဆက္အသြယ္လုံးဝမရွိေတာ့ေပ။

ဆိုဗီယက္ျပည္ေထာင္စုသည္လည္း ေသာၾကာၿဂိဳဟ္ စူးစမ္းမႈကို ၁၉၆၁ခုႏွစ္မွစတင္ခဲ့သည္။ ယေန႔အထိ အာကာသယာဥ္ ဆယ္စီးထက္မနည္းပစ္လႊတ္ခဲ့ၿပီးျဖစ္ရာ ၁၉၇၀တြင္ Venera 7အာကာသယာဥ္က ပထမဆုံးဆင္းသက္ႏုိင္ခဲ့သည္။
၁၉၇၂ခုႏွစ္ ဇူလိုင္လအတြင္း ေသာၾကာၿဂိဳဟ္ေပၚသို႔ ႐ုရွလုပ္ဗီးနပ္အာကာသယာဥ္ (၈)ေအာင္ျမင္စြာဆင္းသက္ခဲ့သည္။ ထိုအခ်ိန္မွစ၍ မိနစ္ ၅ဝၾကာမၽွ ကမၻာသို႔ေသာၾကာၿဂိဳဟ္၏ စိတ္ဝင္စားဖြယ္သိပၸံသတင္းဆန္းမ်ားကို ျပန္လည္ေပးပို႔ခဲ့သည္။ ယခင္ဗီးနပ္ (၇) Venera 7 ကိုပစ္လႊတ္ခဲ့စဥ္ကလည္း အလားတူပင္ သက္ဆင္းႏိုင္ခဲ့ေသာ္လည္း ၂၃ မိနစ္မၽွသာကမၻာသို႔ ျပန္လည္အသံလႊင့္ေပးႏိုင္ခဲ့သည္။ ယခုဆုိလွ်င္ အာကာသယာဥ္ေပါင္း ၄၀ေက်ာ္ခန္႔ ေစလႊတ္စူးစမ္းခဲ့ၿပီးျဖစ္သည္။ ေသာၾကာၿဂိဳဟ္ေပၚရွိ ဓာတ္ပစၥည္းမ်ားမွာကမၻာေပၚရွိ ဓာတ္ပစၥည္းမ်ားႏွင့္အလြန္တူသည္ဟုဆို၏။ ေသာၾကာၿဂိဳဟ္၏ မ်က္ႏွာျပင္အပူခ်ိန္သည္ ဖာရင္ဟိုက္ဒီဂရီ ၈၈ဝမၽွရွိသည္။

ေနမွလာေသာ ေရာင္ျခည္သုံးပုံႏွစ္ပုံသာ ေသာၾကာၿဂိဳဟ္၏ တိမ္ထုကိုေဖာက္၍မ်က္ႏွာျပင္ ေပၚသို႔ ေရာက္ႏိုင္ၾကသည္။ သို႔ေသာ္ ထိုတိမ္ထုကာဆီးထားသည့္အတြက္ပင္ ထိုရေသာေရာင္ျခည္မ်ား အာကာသ အတြင္းသို႔ ျပန္လည္ထုတ္လႊင့္ေသာအခါ၌ အတားအဆီးျဖစ္ ေနၿပီးလၽွင္ ကၽြႏ္ုပ္တို႔ ကမၻာႀကီးကဲ့သို႔ ေသာၾကာၿဂိဳဟ္ေပၚတြင္ သမေသာအပူခ်ိန္မရွိဘဲ အပူခ်ိန္လြန္ကဲ၍ေနသည္ဟုဆိုသည္။ ေသာၾကာၿဂိဳဟ္၏တစ္ေန႔တာမွာ ကမၻာမွရက္ေပါင္း ၁၁၆ရက္ႏွင့္ညီမၽွေအာင္ ရွည္လ်ားလွ၏။ ညဥ့္မ်ားသည္လည္း အလားတူပင္ရွည္ၾကာလွသည္။ ထိုသို႔ျဖစ္ရသည္မွာ ေသာၾကာ ၿဂိဳဟ္သည္မိမိဝင္႐ိုး ေပၚတြင္ ၂၄၃ ရက္တြင္မွ တစ္ပတ္ပတ္ႏိုင္ေသာေၾကာင့္ျဖစ္သည္ဟုဆို၏။ေသာၾကာၿဂိဳဟ္ ေပၚတြင္တိုက္ ခတ္ေနသည့္ေလအရွိန္မွာလည္း မုန္တိုင္း က်ေနသည္ဟုထင္ရေလာက္ေအာင္ ျပင္းလွသည္ဟုဆိုေလသည္။ ဗီးနပ္စ္ၿဂဳိဟ္ရဲ႕ ေလထုဖိအားဟာ ကမာၻထက္ အဆ ၉၀ခန္႔ျပင္းပါတယ္။


ဗီးနပ်စ်ဂြိုဟ် (သို့) သောကြာဂြိုဟ်ကြီးအကြောင်း သိကောင်းစရာနဲ့ ထူးခြားချက်များ (unicode)

သုတဇုန်မိတ်ဆွေများအတွက် ဂျူပီတာ(http://wp.me/p92H0W-12j) ၊ စေတန်(http://wp.me/p92H0W-148) ၊ မားစ် (http://wp.me/p92H0W-10V) စတဲ့ဂြိုဟ်တွေရဲ့ ထူးခြားချက်တွေကို တင်ပေးခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ သောကြာဂြိုဟ် ခေါ် ဗီးနပ်စ်ဂြိုဟ်ရဲ့အကြောင်း နဲ့ ထူးခြားချက်တွေကို ဗဟုသုတအနေနဲ့ ဝေမျှချင်ပါတယ်။

သောကြာဂြိုဟ် (သို့) ဗီးနပ်စ်ဂြိုဟ် နေနှင့်ဒုတိယအနီးဆုံးသောဂြိုဟ်ဖြစ်၍ နေမှပျမ်းမျှမိုင်ပေါင်း ၆၇၂ဝဝဝဝဝ မျှသာကွာဝေးသည်။ ကျောက်တုံးကျောက်ခဲများ၊ ချိုင့်ခွက်ကြီးများ၊ အလွန်ကြီးမားသော မီးတောင်ကြီးများ ရှိပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့နှင့် အဆိပ်ဓာတ်ဖြစ်သော ဆာလဖျူရစ်အက်ဆစ်တို့နှင့် ဖွဲ့စည်းထားသော သိပ်သည်းမှုအား မြင့်မားသော လေထုရှိသည်။ ဆာလဖျူရစ်အက်ဆစ်သည် သောကြာဂြိုဟ်၏ အပူချိန်မှာ အလွန်မြင့်မားသည့်အတွက် အငွေ့အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်ပြီး ထူထပ်သော ဓာတ်ငွေ့တိမ်တိုက်များ ဖြစ်ပေါ်နေသည်။ ထို အက်ဆစ်တိမ်တိုက်များသည် တစ်နာရီလျှင် ၃၆၀ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလျှက် ရှိကြသည်။ မှန်လုံအိမ်အကျိုးသက်ရောက်မှုကြောင့် သောကြာဂြိုဟ်သည် နေအဖွဲ့အစည်းတွင် အပူပြင်းဆုံးဂြိုဟ် အဖြစ်တည်ရှိသည်။ အလွန်ပူပြင်းလှသည့် အတွက် ကမ္ဘာပေါ်ရှိ မည်သည့်အရာမျှ သောကြာဂြိုဟ်ပေါ်တွင် ရှင်သန်နိုင်မည် မဟုတ်ပေ။ သောကြာဂြိုဟ် နှင့် ဂြိုဟ်ပတ်လမ်းကြောင်း ကို ရှေးဘေဘီလုံ နက္ခတ်ပညာရှင်များက ဘီစီ ၁၆၀၀ ဝန်းကျင်ကတည်းက ရှာဖွေတွေ့ရှိခဲ့ကြသည်။

သောကြာဂြိုဟ်၏ အမည် ဗီးနပ်စ်မှာ အချစ်နှင့် အလှတရားတို့နှင့်သက်ဆိုင်သော ရောမနတ်ဘုရားကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ဗီးနပ်စ်ဂြိုဟ်အား ကမ္ဘာ၏ ညီအစ်မကြယ်ဟုခေါ်ကြသည်။ အကြောင်းမှာ ဗီးနပ်စ်ဂြိုဟ်၏ အရွယ်အစားမှာ ကမ္ဘာ့အရွယ်အစားနဲ့ ၆၃၈ကီလိုမီတာသာ ကွာခြားတဲ့အပြင် ဆွဲအားချင်းလည်းတူညီသလို central core နဲ့ crust တွေရှိတာချင်းလည်း တူညီလို့ဖြစ်ပါတယ်။ အခြားဂြိုဟ်တွေဟာ မိမိဝန်ရိုးပေါ်မှာ နာရီပြောင်းပြန်လှည့်ပတ်ပေမယ့် ဗီးနပ်စ်ဂြိုဟ်ကတော့ နာရီလက်တံအတိုင်း(ယူရေးနပ်စ်ဂြိုဟ်ကဲ့သို့) အတည့်လှည့်ပတ်ပါတယ်။

သောကြာဂြိုဟ်သည် နေကို တစ်ပတ်ပတ်ရန် ၂၂၄.၆၅ ရက်ကြာပြီး ဝင်ရိုးပေါ်တွင် တစ်ပတ်ပတ်ရန် ၂၄၃ ရက်ကြာသည့်အတွက် သောကြာဂြိုဟ်၏ နေ့တစ်နေ့သည် နှစ်တစ်နှစ်ထက် ပို၍ အချိန်ကြာသည်။ သောကြာဂြိုဟ်နှင့် ကမ္ဘာတို့၏ကြားတွင် ကီလိုမီတာပေါင်း သန်း ၄ဝမျှကွာဝေးသည်။ သောကြာဂြိုဟ်၏ ဆွဲငင်အားသည် ကမ္ဘာမြေ၏ ဆွဲငင်အားနှင့် အတူတူခန့်ရှိသည်။ သို့သော်ဗီးနပ်စ်ဂြိုဟ်သည် ကမ္ဘာနှင့်အခြားဂြိုဟ်များကဲ့သို့ ဂြိုဟ်ရံလ မရှိချေ။(ဂြိုဟ်ရံလမရှိသော နောက်ထပ်ဂြိုဟ်မှာ မာကျူရီဂြိုဟ်ဖြစ်သည်)

သောကြာဂြိုဟ်သည် ကမ္ဘာနှင့် အလွန်နီးသည့်အတွက် ကောင်းကင်ယံတွင် အမြဲလိုပင်တွေ့မြင်နိုင်သည်။ မနက်မိုးမလင်းမီအချိန်နှင့် နေဝင်ပြီး နာရီအနည်းငယ်မျှ ကြာသောအချိန်တို့တွင် အထင်ရှားဆုံးဖြစ်သည်။ သောကြာဂြိုဟ်သည် ကောင်းကင်၌ နေနှင့်လတို့ မှအပ အလင်းလက်ဆုံး ဖြစ်သည်။ မနက်ခင်းနှင့် ညနေခင်းတို့တွင် မကြာခဏမြင်ရလေ့ ရှိသည့်အပြင် မှန်ပြောင်း သို့ တယ်လီစကုပ် ဖြင့် ကြည့်ရှုခြင်းမဟုတ်ပါက ကြယ်နှင့် ဆင်တူသည့်အတွက် ၎င်းကို မနက်ကြယ် သို့ ညနေကြယ်အနေဖြင့် အချို့က ခေါ်ဝေါ်ကြသည်။

မရီးနား (၂) အာကာသယာဉ်ကိုအမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကင်နဒီအငူမှနေ၍ ၁၉၆၂ခုနှစ် ဩဂုတ်လ ၂ရ ရက်နေ့တွင် အက်တလက်ဒုံးပျံကြီး၏ ထိပ်တွင်ထည့်၍ပစ်လွှတ်ခဲ့လေသည်။ မရီးနား (၂)၏ပန်းတိုင်မှာ သောကြာဂြိုဟ်ပင်ဖြစ်သည်။ သောကြာဂြိုဟ်အနီးမှ ဖြတ်သန်းသွားပြီးလျှင် အချက်အလက်များကို သိပ္ပံပညာရှင် များထံသို့ပို့ရမည်ဖြစ်သည်။ ယင်းတွင်ပါသွားသော ကရိယာများဖြင့် အာကာသကိုစူးစမ်းရှာဖွေသွားရပေမည်။ အမေရိကန်အာကာသယာဉ်မရီးနား(၂)သည် စီစဉ် ထားသည့်အတိုင်း ၁၉၆၂ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့၌ သောကြာ ဂြိုဟ်အားမိုင်ပေါင်း ၂၁၅၉၄ အကွာမှနေ၍ ၄၂မိနစ် ကြာမျှဖြတ်သန်း စူးစမ်းခဲ့ပြီးနောက် နေကိုလှည့်ပတ်လျက် အဆုံးမရှိသောခရီးကို ဆက်လက်ထွက်ခွာသွားလေသည်။ သောကြာဂြိုဟ် အနီးမှဖြတ်သန်းသွားခဲ့စဉ်မရီးနား (၂)ပေါ်တွင် ပါသွားသော သိပ္ပံပညာဆိုင်ရာ ကရိယာများ၏ တွေ့ရှိချက်များကို သိပ္ပံပညာရှင်များထံသို့ပြန်လည်ပေးပို့ခဲ့သည်။ ထိုနောက်တွင် မရီးနား (၂) အာကသယာဉ်သည်ကမ္ဘာမှ တဖြည်းဖြည်းဝေးသည်ထက်ဝေးကွာသွားပြီးလျှင် မြေပြင်ရှိ စခန်းများနှင့်အဆက်အသွယ်လုံးဝမရှိတော့ပေ။

ဆိုဗီယက်ပြည်ထောင်စုသည်လည်း သောကြာဂြိုဟ် စူးစမ်းမှုကို ၁၉၆၁ခုနှစ်မှစတင်ခဲ့သည်။ ယနေ့အထိ အာကာသယာဉ် ဆယ်စီးထက်မနည်းပစ်လွှတ်ခဲ့ပြီးဖြစ်ရာ ၁၉၇ဝတွင် Venera 7အာကာသယာဉ်က ပထမဆုံးဆင်းသက်နိုင်ခဲ့သည်။
၁၉၇၂ခုနှစ် ဇူလိုင်လအတွင်း သောကြာဂြိုဟ်ပေါ်သို့ ရုရှလုပ်ဗီးနပ်အာကာသယာဉ် (၈)အောင်မြင်စွာဆင်းသက်ခဲ့သည်။ ထိုအချိန်မှစ၍ မိနစ် ၅ဝကြာမျှ ကမ္ဘာသို့သောကြာဂြိုဟ်၏ စိတ်ဝင်စားဖွယ်သိပ္ပံသတင်းဆန်းများကို ပြန်လည်ပေးပို့ခဲ့သည်။ ယခင်ဗီးနပ် (၇) Venera 7 ကိုပစ်လွှတ်ခဲ့စဉ်ကလည်း အလားတူပင် သက်ဆင်းနိုင်ခဲ့သော်လည်း ၂၃ မိနစ်မျှသာကမ္ဘာသို့ ပြန်လည်အသံလွှင့်ပေးနိုင်ခဲ့သည်။ ယခုဆိုလျှင် အာကာသယာဉ်ပေါင်း ၄၀ကျော်ခန့် စေလွှတ်စူးစမ်းခဲ့ပြီးဖြစ်သည်။ သောကြာဂြိုဟ်ပေါ်ရှိ ဓာတ်ပစ္စည်းများမှာကမ္ဘာပေါ်ရှိ ဓာတ်ပစ္စည်းများနှင့်အလွန်တူသည်ဟုဆို၏။ သောကြာဂြိုဟ်၏ မျက်နှာပြင်အပူချိန်သည် ဖာရင်ဟိုက်ဒီဂရီ ၈၈ဝမျှရှိသည်။

နေမှလာသော ရောင်ခြည်သုံးပုံနှစ်ပုံသာ သောကြာဂြိုဟ်၏ တိမ်ထုကိုဖောက်၍မျက်နှာပြင် ပေါ်သို့ ရောက်နိုင်ကြသည်။ သို့သော် ထိုတိမ်ထုကာဆီးထားသည့်အတွက်ပင် ထိုရသောရောင်ခြည်များ အာကာသ အတွင်းသို့ ပြန်လည်ထုတ်လွှင့်သောအခါ၌ အတားအဆီးဖြစ် နေပြီးလျှင် ကျွန်ုပ်တို့ ကမ္ဘာကြီးကဲ့သို့ သောကြာဂြိုဟ်ပေါ်တွင် သမသောအပူချိန်မရှိဘဲ အပူချိန်လွန်ကဲ၍နေသည်ဟုဆိုသည်။ သောကြာဂြိုဟ်၏တစ်နေ့တာမှာ ကမ္ဘာမှရက်ပေါင်း ၁၁၆ရက်နှင့်ညီမျှအောင် ရှည်လျားလှ၏။ ညဉ့်များသည်လည်း အလားတူပင်ရှည်ကြာလှသည်။ ထိုသို့ဖြစ်ရသည်မှာ သောကြာ ဂြိုဟ်သည်မိမိဝင်ရိုး ပေါ်တွင် ၂၄၃ ရက်တွင်မှ တစ်ပတ်ပတ်နိုင်သောကြောင့်ဖြစ်သည်ဟုဆို၏။သောကြာဂြိုဟ် ပေါ်တွင်တိုက် ခတ်နေသည့်လေအရှိန်မှာလည်း မုန်တိုင်း ကျနေသည်ဟုထင်ရလောက်အောင် ပြင်းလှသည်ဟုဆိုလေသည်။ ဗီးနပ်စ်ဂြိုဟ်ရဲ့ လေထုဖိအားဟာ ကမ္ဘာထက် အဆ ၉ဝခန့်ပြင်းပါတယ်။

 

Leave a Reply