ဒုတိယဟစ္တလာလုိ႔ နာမည္ႀကီးတဲ့ ပုိေပါ့ရဲ႕ ရက္စက္မႈ (သုိ႔) လူသတ္ကြင္း

Posted on

Written By Chit Kyi Aye

ခမာတို႔ေျမကိုသြားၾကဖို႔ စီစဥ္ၿပီးတဲ့အခါ က်မ သိပ္ေရာက္ခ်င္ေနတဲ့ေနရာ တစ္ခုကို ေရာက္ေအာင္သြားမယ္ လို႔ စိတ္ထဲက ေတးထားလိုက္မိပါတယ္။ တကယ္တမ္းက်ေတာ့ က်မတို႔ Siem reapကေနႏြမ္ပန္(Phnom Penh)ကို ကားနဲ႔ ေျခာက္နာရီေက်ာ္ေက်ာ္ စီးလာခဲ့ရတာမို႔ ႏြမ္ပန္ေရာက္ခ်ိန္မွာ ညေန နီးပါးေလာက္ျဖစ္ေနပါၿပီ။ က်မသြားခ်င္တဲ့ Choeung Ek Genocidal Centerက ညေန ငါးနာရီခြဲ ပိတ္တယ္ဆိုတာနဲ႔ မမီေလာက္ေတာ့ပါဘူးဆိုၿပီး အေတာ္ေလး စိတ္ဓါတ္က်သြားပါတယ္။ ဒါေပမဲ့ မီလိုမီျငား ျမန္ျမန္ေလးေမာင္းေပးဖို႔ေတာ့ ကားသမားကို ေမတၱာရပ္ခံေနခဲ့မိျပန္ပါတယ္။ ေနာက္ဆံုးမေတာ့ ကံေကာင္းစြာပဲ ျပတိုက္မပိတ္ခင္ အခ်ိန္မီ အေရာက္သြားႏိူင္ခဲ့ၾကပါတယ္။

ေတာ္ေတာ္မ်ားမ်ား ၾကားဖူးၿပီးၾကမွာပါ။
လူသတ္ကြင္းတဲ့….ၾကားလိုက္တာနဲ႔တင္ မႏွစ္ၿမိဳ႕ခ်င္စရာ။ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့တဲ့ ခမာ႐ု ကြန္ျမဴနစ္ပါတီေခါင္းေဆာင္ ပိုေပါ့နဲ႔အဖဲြ႔ဝင္ေတြရဲ႕ အျပစ္မဲ့ခမာလူမ်ိဳးခ်င္း ကမ္းကုန္ေအာင္ ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့ၾကရာ ေနရာမ်ားစြာထဲက တစ္ခုျဖစ္တဲ့ Choeung Ek Genocidal Center ပါ။ လူသတ္ကြင္းေပါင္းမ်ားစြာထဲကလို႔ ေျပာရတာက Cambodiaမွာ ပိုေပါ့လက္ထက္က လူသတ္ကြင္းေပါင္း ၃၀၀ေက်ာ္ရွိခဲ့တယ္ ဆိုလို႔ပါပဲ။ က်မတို႔သြားခဲ့တဲ့ Choeung Ek Genocidal Centerဆိုတာ အရင္တုန္းက တရုတ္သခ်ၤိဳင္းေဟာင္း တစ္ခုကေန ပိုေပါ့လက္ထက္မွာေတာ့ S21မွာ ညွင္းပမ္းႏွိပ္စက္ၿပီးတဲ့သူေတြကို ေခၚေဆာင္လာၿပီး ျမွဳတ္ႏွံ သတ္ျဖတ္ရာေနရာတစ္ခု ျဖစ္ခဲ့ရတာ။ ခုေတာ့ အမွတ္တရျပတိုက္တစ္ခုအေနနဲ႔ ခမာေတြရဲ႕ ရင္တြင္းဒဏ္ရာျပသရာေနရာ တစ္ခု ျဖစ္ေနခဲ့ပါၿပီ။


S21 ဆိုတာကေတာ့ ပိုေပါ့လက္ထက္မွာ ေထာင္အျဖစ္ အသြင္ေျပာင္းျခင္းခံလိုက္ရတဲ့ အထက္တန္းေက်ာင္းေဟာင္း တစ္ခုပါ။ ခုေတာ့ Tuol Sleng S21 Genocide Museum အျဖစ္ ခရီးသြားေတြ သြားေရာက္ၾကည့္ရွဴ႕ရာေနရာတစ္ခု ျဖစ္ေနခဲ့ပါၿပီ။ က်မတို႔ အခ်ိန္မရတာေၾကာင့္ အဲ့ဒီေက်ာင္းကိုေတာ့ မေရာက္ခဲ့ၾကပါဘူး။ ေနာက္တစ္ေခါက္ ထပ္သြားဖို႔ အခြင့္သာရခဲ့ရင္ ခမာေတြရဲ႕ နာက်င္ေၾကကြဲမႈေတြကို မွ်ေဝခံစားဖို႔ က်မ အဲ့ဒီကို အေရာက္သြားခ်င္ပါေသးတယ္။


Choeung Ek Genocidal Centerကို ဝင္ဝင္ခ်င္းမွာပဲ ပတ္ပတ္လည္မွာ မွန္ေတြနဲ႔ ကာရံေဘာင္ခတ္ထားတဲ့ ေစတီပံုစင္ေပၚက အ႐ိုးေခါင္းေတြ ေတာင္လိုပံုထားတာ ေတြ႔လိုက္ရတယ္။ အရိုးေခါင္းေပါင္း ၅၀၀၀ေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။ ေတြ႔ရသမွ် အ႐ိုးေခါင္းခြံေတြဟာ တစ္ခုမွ အေကာင္း မ႐ိွပါဘူး။ ကဲြအက္ရာေတြနဲ႔၊ ေၾကမြေနတဲ့ အပိုင္းအစေတြနဲ႔ရယ္။ အနီးကပ္ၾကည့္ဖို႔ အထဲကိုတံခါးဖြင့္ဝင္လိုက္တာနဲ႔ ဆိုး႐ြားတဲ့ အနံ႔တစ္ခု (ထံုးေခ်ာက္နံ႔လိုလို ပုပ္အဲ့အဲ့) ႏွာေခါင္းထဲ တိုးေဝွ႔ဝင္လာတာမို႔ အသက္ေအာင့္ရင္း ၾကည့္ခဲ့ရတယ္။ အဲဒီမွာရွိတဲ့ အရိုးေခါင္းေပါင္း ၅၀၀၀ေက်ာ္ဟာ တကယ္ေတာ့ ပိုေပါ့တို႔ သတ္ခဲ့ၾကတဲ့ ခမာလူမ်ိဳးအေရအတြက္ရဲ႕ အဖ်ားအနားေလာက္ ရွိေသးတာရယ္။


ကြင္းႀကီးတစ္ခုလံုးထဲ ေလွ်ာက္ၾကည့္ၾကျပန္ေတာ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာ Massive Grave Yard လို႔ေခၚတဲ့ ေသသူေတြကို အစုလိုက္အျပံဳလိုက္ ျမႇဳတ္ႏံွထားရာေနရာေတြ အမ်ားႀကီးေတြ႔ခဲ့ရတယ္။ စုစုေပါင္း ၁၂၉ေနရာရွိပါတယ္။ ေသသူေတြလို႔သာ ေျပာရတယ္၊ တကယ္ေတာ့ မေသမ႐ွင္ေတြေရာ၊ ေသအံ့မူးမူးေတြေရာ၊ အ႐ွင္လတ္လတ္ေတြပါ အကုန္ စုပံုျမႇဳပ္ႏံွခဲ့ရာေနရာ ျဖစ္ပါသတဲ့။ မေသမရွင္ေတြနဲ႔ ေသအံ့မူးမူးေတြတဲ့…သူတို႔ ဘယ္ေလာက္ေတာင္မွ မခ်ိမဆန္႔ ခံစားသြားခဲ့ၾကရွာမလဲ၊ က်မ နာနာက်င္က်င္ ေတြးၾကည့္မိပါရဲ႕။


လူသတ္သစ္ပင္-Killing Tree ဆိုတာကိုလည္း ေတြ႔ခဲ့ရတယ္။ ကေလးသူငယ္ေတြ၊ မိန္းမေတြကို ေျခႏွစ္ေခ်ာင္းကကိုင္ၿပီး မေသမခ်င္း ပင္စည္နဲ႔ လဲႊ႐ိုက္ သတ္ျဖတ္ခဲ့ၾကတဲ့ အပင္ပါ။ ၾကားရတာနဲ႔တင္ ရင္ထဲ စူးကနဲ နာက်င္သြားခဲ့ရေစပါတယ္။ ရက္စက္လိုက္ၾကတာဆိုတာထက္ ပိုတဲ့ စကားလံုးမ်ား႐ိွရင္ ေျပာလိုက္ခ်င္ပါေသးတယ္…။ အဲဒီသစ္ပင္ကေတာ့ လူသတ္ကြင္းထဲမွာ ေတြ႔ခဲ့ရသမွ်ထဲ ရင္ထဲအထိရွဆံုး ေနရာပါပဲ။


S21-အက်ဥ္းေထာင္က ေသမိန္႔က်အက်ဥ္းသားေတြကို အားရေအာင္ႏိွပ္စက္႐ိုက္ႏွက္လို႔ ဝတဲ့အခါ ညစဥ္ ၈နာရီ-၉နာရီေလာက္က်မွ ထရပ္ကားတစ္စီးေပၚတင္ၿပီး Choeung Ekမွာ အၿပီးသတ္စုပံုျမွဳတ္ႏွံဖို႔ ေခၚေဆာင္လာေလ့ရွိတယ္။ အက်ဥ္းသားေတြကိုေတာ့ မ်က္လံုးမွာ အဝတ္စည္းၿပီး ေထာင္ေျပာင္းေရႊ႕ခ်ဳပ္ဖို႔ဆိုတာမ်ိဳးေလာက္သာ အသိေပးထားတာပါ။ ဒါမွလည္း ကားေပၚမွာ ၿငိမ္ၿငိမ္သက္သက္ လိုက္လာၾကမွာကိုး။ Choeung Ekေရာက္တဲ့အခါ ကားေပၚမွာ အေစာင့္ပါလာတဲ့ တာဝန္ရွိသူေတြက အက်ဥ္းသားေတြကို ကားေပၚက ဆင္းေစၿပီး နာမည္စာရင္းစစ္ပါတယ္။ အဲဒီနာမည္စာရင္းက ဘရာသာနံပါတ္ဝမ္းလို႔ေခၚတဲ့ ပိုေပါ့ရဲ႕ အမိန္႔အရ ေသဒဏ္ေပးရမဲ့ လူေတြရဲ႕ နာမည္စာရင္းပါပဲ။ အဲဒီစာရင္းအတိုင္း ဟုတ္ မဟုတ္ နာမည္ေခၚ လူစစ္ၿပီးမွ သတ္ျဖတ္ျမဳပ္ႏွံဖို႔ ျပင္ဆင္ၾကတာပါ။

အက်ဥ္းသားေတြကို အုပ္စုငယ္ေလးေတြခြဲၿပီး မ်က္ႏွာမွာ အဝတ္စည္းလို႔ တြင္းဝမွာ ဒူးတုတ္ထိုင္ေစပါတယ္။ လက္ကိုလည္း ေနာက္ျပန္ႀကိဳးတုတ္ထားပါေသးတယ္။ ၿပီးမွ လည္ၿမိဳကို ပိုင္းလို႔ အေသသတ္ၿပီး ႀကိဳတင္တူးထားတဲ့တြင္းထဲ ကန္ခ်တာမ်ိဳးနဲ႔ လက္စတံုးလုပ္ပစ္ၾကပါသတဲ့။ အဲဒီလို သတ္ျဖတ္ရာမွာ ေသနပ္ကို သံုးေလ့မရွိဘဲ ဓား ဒါမွမဟုတ္ ခၽြန္ထက္တဲ့ အသြားရွိတဲ့ လက္နက္ေတြကိုသာ သံုးေလ့ရွိၾကပါတယ္။ တြင္းထဲမွာ ကမ္မီကယ္အဆိပ္တစ္မ်ိဳးလည္း ထည့္သြင္းထားပါေသးတယ္။ အဲဒီ ကမ္မီကယ္က မေသမ႐ွင္ျဖစ္ေနသူေတြကို ေသေစၿပီး၊ ေသၿပီးသြားတဲ့အခါမွာ အပုပ္နံ႔ အနံ႔ဆိုးေတြ မထြက္ေစရေအာင္ ထည့္ထားျခင္း ျဖစ္ပါသတဲ့။ အနီးအနားပတ္ဝန္းက်င္ကို အနံ႔ဆိုးေတြ မထြက္ေအာင္ပါပဲ။

ညညေတြဆို သစ္ပင္တစ္ပင္ေပၚမွာ စပီကာႀကီးတခုကို ၿမိဳ႕ဘက္မ်က္ႏွာလွည့္ၿပီး သီခ်င္းသံေတြ ခပ္က်ယ္က်ယ္ ဖြင့္ထားေလ့လည္း႐ိွသတဲ့။ လူသတ္ကြင္းက ကယ္ပါယူပါ ငရဲတမွ် ေအာ္ဟစ္ညည္းတြားသံေတြကို ၿမိဳ႕ဘက္ကေန မၾကားေစရေအာင္ပါ။ အဲဒီအပင္ကိုေတာ့ Magic Tree လို႔ အမည္ေပးထားပါတယ္။
လူသတ္ကြင္းထဲ လွည့္လည္ၾကည့္ေနစဥ္ တစ္ေလွ်ာက္လံုး က်မနားထဲမွာ ေသသူေတြရဲ႕ ညည္းတြားသံ၊ ကယ္ပါ ယူပါ ေအာ္ဟစ္ ႐ုန္းထြက္သံေတြေတာင္ ၾကားမိသလိုလို။ နံေဘး ဝန္းက်င္မွာ မကြၽတ္မလြတ္ၾကေသးသူေတြရဲ႕ ဝိဉာဥ္ေတြမ်ား က်မတို႔အေပၚ စီးမိုးၾကည့္ေနသလိုလို။ အေတြးနဲ႔တင္ က်မ တကိုယ္လံုး ၾကက္သီးေတြ ျဖန္းကနဲ ျဖန္းကနဲ ထခဲ့မိတာ အခါခါရယ္။


ဒီရက္စက္မႈေတြရဲ႕ လက္သည္က ပိုေပါ့-Pol Pot နဲ႔ သူ႔ရဲ႕ ခမာ႐ု-Khmer Rouge ကြန္ျမဴနစ္ပါတီရဲ႕ ႏိူင္ငံ ျပန္လည္ထူေထာင္ေရးစီမံကိန္းေၾကာင့္ပဲ ျဖစ္ပါတယ္။ သူတို႔ဟာ ႏိူင္ငံတစ္ႏိုင္ငံမွာ တန္းတူညီမွ်မႈေတြ ရွိေစဖို႔ဆိုရင္ လူတိုင္းဟာ တန္းတူအဆင့္အတန္းမွာ ရွိေနရမယ္။ ဉာဏ္ရည္ကအစ၊ ပိုင္ဆိုင္မႈအဆံုး အမ်ားသူငါထက္ သာလြန္ေနသူေတြကို အမ်ိဳးျဖဳတ္ပစ္မွရမယ္။ ဒီလို သုတ္သင္ရွင္းလင္းေရးလုပ္ဖို႔အတြက္ အစကေန ျပန္စၾကရမယ္။ အဲဒီလို သုညကေန ျပန္စၾကမယ္ဆိုတဲ့ အေတြးအေခၚနဲ႔ စတင္ခဲ့တဲ့ႏွစ္ကို Year Zeroလို႔ တြင္ေစခဲ့တယ္။ အဲဒီ Year Zero ဆိုတဲ့ ႏိူင္ငံ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ထဲမွာ ေ႐ႊေငြ ဥစၥာပစၥည္း ဝတ္သူေတြ၊ သူတို႔ အစိုးရရဲ႕သေဘာထားကို ဆန္႔က်င္မဲ့ အရိပ္အေျခ႐ိွသူေတြ၊ ပညာတတ္ေတြ၊ (သူ႔အယူအဆက ပညာတတ္တဲ့ေကာင္ေတြဟာ အာဏာကို ျပန္လည္ထိုးေကာ္မဲ့သူေတြလို႔ ဆိုတယ္။ မ်က္မွန္တပ္သူဆိုရင္ပဲ စာဖတ္နာတဲ့ေကာင္၊ ကလိန္ကက်စ္က်မဲ့၊ လည္ပတ္လြန္းမဲ့၊ ဉာဏ္မ်ားမဲ့အေကာင္ဆိုၿပီး ဖမ္းဆီးသတ္ျဖတ္ရမဲ့ စာရင္းထဲသြင္းေတာ့တာ) အဲသလိုလူူေတြကို အကုန္လံုး အ႐ွင္မထားဘဲ သတ္မိန္႔ေပးၿပီး သတ္ေစခဲ့တယ္။ က်ဴပင္ခုတ္ က်ဴငုတ္မက်န္ ဆိုတာလို သူတို႔ သံသယ႐ိွလာရင္ မိသားစုဝင္အကုန္ ကေလးကအစ ရွင္းလင္းသတ္ျဖတ္ပစ္ခဲ့ၾကတယ္။

 

လူေပါင္း ၁.၇ သန္းခန္႔ဟာ ပိုေပါ့နဲ႔ သူ႔အစိုးရရဲ႕ ရက္စက္စြာ သတ္ျဖတ္ျခင္း ခံခဲ့ၾကရတယ္။ အဲဒီအခ်ိန္က ပိုေပါ့အစိုးရလက္ခ်က္နဲ႔ ေသဆံုးခဲ့ရသူေပါင္းဟာ ကေဗၶာဒီးယားႏိူင္ငံ စုစုေပါင္းလူဦးေရရဲ႕ ၂၁ ရာခိုင္ႏႈန္း ႐ိွပါတယ္။ လူသတ္စက္လို႔ ေခၚတြင္တဲ့ Killing Machine ကို တီထြင္ခဲ့ၾကတယ္။ ေလွ်ာလို နိ္မ့္ျမင့္သစ္သားခ်ပ္ေပၚမွာ အနိမ့္ဖက္ကို ေခါင္းထားၿပီး အိပ္ေစတယ္။ လက္ေျခေတြကို သံကြင္းေတြနဲ႔ မလႈပ္ႏိူင္ေအာင္ တြဲခတ္ထားတယ္။ ၿပီးမွ မ်က္ႏွာေပၚ ေရတစိမ့္စိမ့္ ေလာင္းခ်ေစတယ္။ ႐ုန္းရင္းကန္ရင္း လက္ျပတ္ထြက္သူေတြေတာင္ ႐ိွခဲ့တယ္လို႔ ဆိုပါတယ္။

ပိုေပါ့ကိုယ္တိုင္ဟာလည္း ေက်ာင္းဆရာေဟာင္းတစ္ေယာက္ပါ။ ဗီယက္နာမ္ လ်ိဳ႕ဝွက္ဧဂ်င့္ တစ္ေယာက္ျဖစ္တယ္လို႔လည္း ဆိုၾကပါတယ္။ အဲဒါနဲ႔ပတ္သက္လို႔ သူ႔မွာ စာ႐ြက္စာတမ္း အေထာက္အထားေတြ႐ိွတယ္လို႔ ခမာ႐ုရဲေဘာ္ရဲဘက္ တစ္ေယာက္ျဖစ္တဲ့ Ta Mok က ထြက္ဆိုခဲ့တယ္။ အဲဒီအခ်ိန္က ကေဗၶာဒီးယားနဲ႔ ဗီယက္နာမ္ၾကား စစ္ပြဲေတြ၊ ခမာျဖဴ ၊ ခမာနီ၊ ခမာျပာရယ္လို႔ ျပည္တြင္းမွာ ကြဲျပားေနၾကတာေတြ၊(မွတ္ခ်က္ ခရိုနီ ခရိုျဖဴ ခရိုျပာမ်ား လံုးဝ မဟုတ္) မင္းသားႀကီးသီဟာႏုေနာက္ပိုင္းမွာ ဟြန္ဆန္အာဏာရသြားတာေတြ အဲသလိုအေျခအေနေတြနဲ႔ ခမာတို႔ရဲ႕ ႏိူင္ငံေရးအေျခအေနေတြ ဟာ ေပြလီရွဳပ္ေထြးလို႔ ေနခဲ့ပါတယ္။ ဟြန္ဆန္ကိုယ္တိုင္လည္း ပထမပိုင္းမွာ ပိုေပါ့အဖြဲ႕ဝင္ျဖစ္ခဲ့ ရာက ေနာက္ပိုင္းက်မွ ပိုေပါ့လုပ္ရပ္ေတြကို ရိပ္စားမိလာတာေၾကာင့္ ခမာရုထဲက ထြက္ေျပးလြတ္ေျမာက္ခဲ့သူပါ။

ပိုေပါ့ေခတ္တစ္ခုလံုးမွာ ေၾကာက္စရာသိပ္ေကာင္းတဲ့အခ်က္က အယူအဆမွား၊ အေတြးအေခၚမွားသူလက္ထဲ ေရာက္သြားတဲ့ အခ်ဳပ္အခ်ာအာဏာပါပဲ။ အာဏာလက္ကိုင္ထားၿပီး ထင္ရာစိုင္းခဲ့တဲ့အျဖစ္ဆိုးရဲ႕ သားေကာင္ျဖစ္ခဲ့ရတဲ့ ခမာလူမ်ိဳးေတြေနရာက က်မ ဝင္ေရာက္ခံစားမိခဲ့ပါတယ္။ နာက်င္လိုက္တာရွင္။ အဲဒီအခ်ိန္တုန္းက အိမ္တိုင္း အိမ္တိုင္းေတြမွာ ပိုေပါ့လက္ခ်က္နဲ႔ မိသားစုဝင္ေတြ မဆံုးရွဳံးဖူးတဲ့သူရယ္လို႔ မရွိေလာက္ဘူး။ အိမ္တိုင္းအိမ္တိုင္းမွာ သူ႔အပူ ကိုယ့္အပူေတြနဲ႔ သူ႔ ကိုယ္မကယ္ႏိူင္၊ ကိုယ့္ သူမကယ္ႏိူင္ ျဖစ္ခဲ့ၾကမွာ။

 

အဲဒီအခ်ိန္မွာ ျမန္မာလူမ်ိဳးတစ္ေယာက္ျဖစ္တဲ့ က်မရဲ႕စိတ္ႏွလံုးဟာ ရက္စက္စြာ သတ္ျဖတ္ခံခဲ့ရတဲ့ ခမာလူမ်ိဳးေတြရယ္၊ က်န္ရစ္သူမိသားစုဝင္ေတြရယ္နဲ႔အတူ တစ္ထပ္ထဲ ျဖစ္တည္ေနခဲ့တယ္။ ခမာရယ္ ျမန္မာရယ္ ခဲြျခားမျမင္ႏိူင္ေတာ့ဘဲ ဖိႏိွပ္သူနဲ႔ အဖိႏိွပ္ခံ၊ အုပ္ခ်ဳပ္သူနဲ႔ အုပ္ခ်ဳပ္ခံလူတန္းစား၊ လက္နက္႐ိွနဲ႔ လက္နက္မဲ့ လူတန္းစား ႏွစ္ရပ္ရယ္လို႔ပဲ ခံစားမိခဲ့ရတယ္။

၁၉၉၈-ပိုေပါ့တစ္ေယာက္ ေသဆံုးခ်ိန္မွာေတာ့ ဘယ္သူမွေတာင္ မသိလိုက္ရဘဲ ေတာစပ္ေလးတစ္ခုမွာ အေလာင္းကို ရွာေတြ႔ခဲ့ၾကရတာပါ။ ဥပေဒေၾကာင္းအရ အျပစ္ေပးတာကို မခံလိုက္ရေပမဲ့ ေသဆံုးခ်ိန္မွာ ဘယ္လိုဆိုးဆိုးဝါးဝါးရွိခဲ့လိမ့္မယ္ဆိုတာကိုေတာ့ ခန္႔မွန္းႏိူင္ခဲ့ၾကပါတယ္။ တီဗီသတင္းေတြကေန လူသတ္ကြင္းမွာ အဓိက သတ္ျဖတ္မႈေတြကို တာဝန္ယူလုပ္ေဆာင္ခဲ့ၾကတဲ့ Nuon Chea-ဘရားသား နံပါတ္ ၂နဲ႔ Duch တို႔ရဲ႕ ထြက္ဆိုမႈေတြကို ၾကည့္ခဲ့ရပါေသးတယ္။ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး၊ သူတို႔ထြက္ဆိုခဲ့တာေတြက သူတို႔မွာ အျပစ္မရွိေၾကာင္း၊ တာဝန္အရ ေက်ပြန္ေအာင္ အထက္အမိန္႔ကို နာခံခဲ့ရတာသာျဖစ္လို႔ ေနာင္တမရေၾကာင္း မတုန္မလႈပ္ေျပာခဲ့ၾကပါတယ္။

ဒီပိုစ့္က ကၽြန္မေရးထားတာ အေတာ္ၾကာေနပါၿပီ။ ေရးရင္းနဲ႔ ေမာေမာလာလြန္းလို႔ စာၾကမ္းေတြထဲ ထိုးထည့္ထားတာ။ ခုမွပဲ ျပန္ထုတ္ၿပီး အေခ်ာသတ္၊ ပံုေတြျဖည့္ၿပီးတင္လိုက္ရပါတယ္။ ၾကားသိေနၿပီးသားတစ္ခု ျဖစ္ႏိူင္ေကာင္းေပမဲ့ ေရးၿပီးသားလည္း ျဖစ္တာမို႔ရယ္ ဘေလာ့ဂ္ေပၚမွာ တင္သိမ္းထားခ်င္တာရယ္ေၾကာင့္လည္း ပါပါတယ္။

ပိုစံုတဲ့ စာေတြနဲ႔ ပံုေတြဖတ္ခ်င္ ၾကည့္ခ်င္ရင္ေတာ့ ေအာက္ကလင့္ခ္ေတြမွာ သြားဖတ္ႏိူင္ၾကပါတယ္။
https://www.rustycompass.com/cambodia-travel-guide-37/phnom-penh-7/see-and-do-14/tuol-sleng-s21-genocide-museum-129#.WdmlJFuCzIV
https://commons.wikimedia.org/wiki/Category:Choeung_Ek
http://www.killingfieldsmuseum.com/s21-victims.html

_________________

ဒုတိယဟစ်တလာလို့ နာမည်ကြီးတဲ့ ပိုပေါ့ရဲ့ ရက်စက်မှု (သို့) လူသတ်ကွင်း (unicode)

Written By Chit Kyi Aye

ခမာတို့မြေကိုသွားကြဖို့ စီစဉ်ပြီးတဲ့အခါ ကျမ သိပ်ရောက်ချင်နေတဲ့နေရာ တစ်ခုကို ရောက်အောင်သွားမယ် လို့ စိတ်ထဲက တေးထားလိုက်မိပါတယ်။ တကယ်တမ်းကျတော့ ကျမတို့ Siem reapကနေနွမ်ပန်(Phnom Penh)ကို ကားနဲ့ ခြောက်နာရီကျော်ကျော် စီးလာခဲ့ရတာမို့ နွမ်ပန်ရောက်ချိန်မှာ ညနေ နီးပါးလောက်ဖြစ်နေပါပြီ။ ကျမသွားချင်တဲ့ Choeung Ek Genocidal Centerက ညနေ ငါးနာရီခွဲ ပိတ်တယ်ဆိုတာနဲ့ မမီလောက်တော့ပါဘူးဆိုပြီး အတော်လေး စိတ်ဓါတ်ကျသွားပါတယ်။ ဒါပေမဲ့ မီလိုမီငြား မြန်မြန်လေးမောင်းပေးဖို့တော့ ကားသမားကို မေတ္တာရပ်ခံနေခဲ့မိပြန်ပါတယ်။ နောက်ဆုံးမတော့ ကံကောင်းစွာပဲ ပြတိုက်မပိတ်ခင် အချိန်မီ အရောက်သွားနိူင်ခဲ့ကြပါတယ်။

တော်တော်များများ ကြားဖူးပြီးကြမှာပါ။
လူသတ်ကွင်းတဲ့….ကြားလိုက်တာနဲ့တင် မနှစ်မြို့ချင်စရာ။ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ခမာရု ကွန်မြူနစ်ပါတီခေါင်းဆောင် ပိုပေါ့နဲ့အဖွဲ့ဝင်တွေရဲ့ အပြစ်မဲ့ခမာလူမျိုးချင်း ကမ်းကုန်အောင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြရာ နေရာများစွာထဲက တစ်ခုဖြစ်တဲ့ Choeung Ek Genocidal Center ပါ။ လူသတ်ကွင်းပေါင်းများစွာထဲကလို့ ပြောရတာက Cambodiaမှာ ပိုပေါ့လက်ထက်က လူသတ်ကွင်းပေါင်း ၃၀၀ကျော်ရှိခဲ့တယ် ဆိုလို့ပါပဲ။ ကျမတို့သွားခဲ့တဲ့ Choeung Ek Genocidal Centerဆိုတာ အရင်တုန်းက တရုတ်သင်္ချိုင်းဟောင်း တစ်ခုကနေ ပိုပေါ့လက်ထက်မှာတော့ S21မှာ ညှင်းပမ်းနှိပ်စက်ပြီးတဲ့သူတွေကို ခေါ်ဆောင်လာပြီး မြှုတ်နှံ သတ်ဖြတ်ရာနေရာတစ်ခု ဖြစ်ခဲ့ရတာ။ ခုတော့ အမှတ်တရပြတိုက်တစ်ခုအနေနဲ့ ခမာတွေရဲ့ ရင်တွင်းဒဏ်ရာပြသရာနေရာ တစ်ခု ဖြစ်နေခဲ့ပါပြီ။

S21 ဆိုတာကတော့ ပိုပေါ့လက်ထက်မှာ ထောင်အဖြစ် အသွင်ပြောင်းခြင်းခံလိုက်ရတဲ့ အထက်တန်းကျောင်းဟောင်း တစ်ခုပါ။ ခုတော့ Tuol Sleng S21 Genocide Museum အဖြစ် ခရီးသွားတွေ သွားရောက်ကြည့်ရှူ့ရာနေရာတစ်ခု ဖြစ်နေခဲ့ပါပြီ။ ကျမတို့ အချိန်မရတာကြောင့် အဲ့ဒီကျောင်းကိုတော့ မရောက်ခဲ့ကြပါဘူး။ နောက်တစ်ခေါက် ထပ်သွားဖို့ အခွင့်သာရခဲ့ရင် ခမာတွေရဲ့ နာကျင်ကြေကွဲမှုတွေကို မျှဝေခံစားဖို့ ကျမ အဲ့ဒီကို အရောက်သွားချင်ပါသေးတယ်။
Choeung Ek Genocidal Centerကို ဝင်ဝင်ချင်းမှာပဲ ပတ်ပတ်လည်မှာ မှန်တွေနဲ့ ကာရံဘောင်ခတ်ထားတဲ့ စေတီပုံစင်ပေါ်က အရိုးခေါင်းတွေ တောင်လိုပုံထားတာ တွေ့လိုက်ရတယ်။ အရိုးခေါင်းပေါင်း ၅၀၀၀ကျော်ရှိတယ်လို့ ဆိုပါတယ်။ တွေ့ရသမျှ အရိုးခေါင်းခွံတွေဟာ တစ်ခုမှ အကောင်း မရှိပါဘူး။ ကွဲအက်ရာတွေနဲ့၊ ကြေမွနေတဲ့ အပိုင်းအစတွေနဲ့ရယ်။ အနီးကပ်ကြည့်ဖို့ အထဲကိုတံခါးဖွင့်ဝင်လိုက်တာနဲ့ ဆိုးရွားတဲ့ အနံ့တစ်ခု (ထုံးချောက်နံ့လိုလို ပုပ်အဲ့အဲ့) နှာခေါင်းထဲ တိုးဝှေ့ဝင်လာတာမို့ အသက်အောင့်ရင်း ကြည့်ခဲ့ရတယ်။ အဲဒီမှာရှိတဲ့ အရိုးခေါင်းပေါင်း ၅၀၀၀ကျော်ဟာ တကယ်တော့ ပိုပေါ့တို့ သတ်ခဲ့ကြတဲ့ ခမာလူမျိုးအရေအတွက်ရဲ့ အဖျားအနားလောက် ရှိသေးတာရယ်။

ကွင်းကြီးတစ်ခုလုံးထဲ လျှောက်ကြည့်ကြပြန်တော့ နေရာတော်တော်များများမှာ Massive Grave Yard လို့ခေါ်တဲ့ သေသူတွေကို အစုလိုက်အပြုံလိုက် မြှုတ်နှံထားရာနေရာတွေ အများကြီးတွေ့ခဲ့ရတယ်။ စုစုပေါင်း ၁၂၉နေရာရှိပါတယ်။ သေသူတွေလို့သာ ပြောရတယ်၊ တကယ်တော့ မသေမရှင်တွေရော၊ သေအံ့မူးမူးတွေရော၊ အရှင်လတ်လတ်တွေပါ အကုန် စုပုံမြှုပ်နှံခဲ့ရာနေရာ ဖြစ်ပါသတဲ့။ မသေမရှင်တွေနဲ့ သေအံ့မူးမူးတွေတဲ့…သူတို့ ဘယ်လောက်တောင်မှ မချိမဆန့် ခံစားသွားခဲ့ကြရှာမလဲ၊ ကျမ နာနာကျင်ကျင် တွေးကြည့်မိပါရဲ့။

လူသတ်သစ်ပင်-Killing Tree ဆိုတာကိုလည်း တွေ့ခဲ့ရတယ်။ ကလေးသူငယ်တွေ၊ မိန်းမတွေကို ခြေနှစ်ချောင်းကကိုင်ပြီး မသေမချင်း ပင်စည်နဲ့ လွှဲရိုက် သတ်ဖြတ်ခဲ့ကြတဲ့ အပင်ပါ။ ကြားရတာနဲ့တင် ရင်ထဲ စူးကနဲ နာကျင်သွားခဲ့ရစေပါတယ်။ ရက်စက်လိုက်ကြတာဆိုတာထက် ပိုတဲ့ စကားလုံးများရှိရင် ပြောလိုက်ချင်ပါသေးတယ်…။ အဲဒီသစ်ပင်ကတော့ လူသတ်ကွင်းထဲမှာ တွေ့ခဲ့ရသမျှထဲ ရင်ထဲအထိရှဆုံး နေရာပါပဲ။

S21-အကျဉ်းထောင်က သေမိန့်ကျအကျဉ်းသားတွေကို အားရအောင်နှိပ်စက်ရိုက်နှက်လို့ ဝတဲ့အခါ ညစဉ် ၈နာရီ-၉နာရီလောက်ကျမှ ထရပ်ကားတစ်စီးပေါ်တင်ပြီး Choeung Ekမှာ အပြီးသတ်စုပုံမြှုတ်နှံဖို့ ခေါ်ဆောင်လာလေ့ရှိတယ်။ အကျဉ်းသားတွေကိုတော့ မျက်လုံးမှာ အဝတ်စည်းပြီး ထောင်ပြောင်းရွှေ့ချုပ်ဖို့ဆိုတာမျိုးလောက်သာ အသိပေးထားတာပါ။ ဒါမှလည်း ကားပေါ်မှာ ငြိမ်ငြိမ်သက်သက် လိုက်လာကြမှာကိုး။ Choeung Ekရောက်တဲ့အခါ ကားပေါ်မှာ အစောင့်ပါလာတဲ့ တာဝန်ရှိသူတွေက အကျဉ်းသားတွေကို ကားပေါ်က ဆင်းစေပြီး နာမည်စာရင်းစစ်ပါတယ်။ အဲဒီနာမည်စာရင်းက ဘရာသာနံပါတ်ဝမ်းလို့ခေါ်တဲ့ ပိုပေါ့ရဲ့ အမိန့်အရ သေဒဏ်ပေးရမဲ့ လူတွေရဲ့ နာမည်စာရင်းပါပဲ။ အဲဒီစာရင်းအတိုင်း ဟုတ် မဟုတ် နာမည်ခေါ် လူစစ်ပြီးမှ သတ်ဖြတ်မြုပ်နှံဖို့ ပြင်ဆင်ကြတာပါ။

အကျဉ်းသားတွေကို အုပ်စုငယ်လေးတွေခွဲပြီး မျက်နှာမှာ အဝတ်စည်းလို့ တွင်းဝမှာ ဒူးတုတ်ထိုင်စေပါတယ်။ လက်ကိုလည်း နောက်ပြန်ကြိုးတုတ်ထားပါသေးတယ်။ ပြီးမှ လည်မြိုကို ပိုင်းလို့ အသေသတ်ပြီး ကြိုတင်တူးထားတဲ့တွင်းထဲ ကန်ချတာမျိုးနဲ့ လက်စတုံးလုပ်ပစ်ကြပါသတဲ့။ အဲဒီလို သတ်ဖြတ်ရာမှာ သေနပ်ကို သုံးလေ့မရှိဘဲ ဓား ဒါမှမဟုတ် ချွန်ထက်တဲ့ အသွားရှိတဲ့ လက်နက်တွေကိုသာ သုံးလေ့ရှိကြပါတယ်။ တွင်းထဲမှာ ကမ်မီကယ်အဆိပ်တစ်မျိုးလည်း ထည့်သွင်းထားပါသေးတယ်။ အဲဒီ ကမ်မီကယ်က မသေမရှင်ဖြစ်နေသူတွေကို သေစေပြီး၊ သေပြီးသွားတဲ့အခါမှာ အပုပ်နံ့ အနံ့ဆိုးတွေ မထွက်စေရအောင် ထည့်ထားခြင်း ဖြစ်ပါသတဲ့။ အနီးအနားပတ်ဝန်းကျင်ကို အနံ့ဆိုးတွေ မထွက်အောင်ပါပဲ။

ညညတွေဆို သစ်ပင်တစ်ပင်ပေါ်မှာ စပီကာကြီးတခုကို မြို့ဘက်မျက်နှာလှည့်ပြီး သီချင်းသံတွေ ခပ်ကျယ်ကျယ် ဖွင့်ထားလေ့လည်းရှိသတဲ့။ လူသတ်ကွင်းက ကယ်ပါယူပါ ငရဲတမျှ အော်ဟစ်ညည်းတွားသံတွေကို မြို့ဘက်ကနေ မကြားစေရအောင်ပါ။ အဲဒီအပင်ကိုတော့ Magic Tree လို့ အမည်ပေးထားပါတယ်။
လူသတ်ကွင်းထဲ လှည့်လည်ကြည့်နေစဉ် တစ်လျှောက်လုံး ကျမနားထဲမှာ သေသူတွေရဲ့ ညည်းတွားသံ၊ ကယ်ပါ ယူပါ အော်ဟစ် ရုန်းထွက်သံတွေတောင် ကြားမိသလိုလို။ နံဘေး ဝန်းကျင်မှာ မကျွတ်မလွတ်ကြသေးသူတွေရဲ့ ဝိဉာဉ်တွေများ ကျမတို့အပေါ် စီးမိုးကြည့်နေသလိုလို။ အတွေးနဲ့တင် ကျမ တကိုယ်လုံး ကြက်သီးတွေ ဖြန်းကနဲ ဖြန်းကနဲ ထခဲ့မိတာ အခါခါရယ်။

ဒီရက်စက်မှုတွေရဲ့ လက်သည်က ပိုပေါ့-Pol Pot နဲ့ သူ့ရဲ့ ခမာရု-Khmer Rouge ကွန်မြူနစ်ပါတီရဲ့ နိူင်ငံ ပြန်လည်ထူထောင်ရေးစီမံကိန်းကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ နိူင်ငံတစ်နိုင်ငံမှာ တန်းတူညီမျှမှုတွေ ရှိစေဖို့ဆိုရင် လူတိုင်းဟာ တန်းတူအဆင့်အတန်းမှာ ရှိနေရမယ်။ ဉာဏ်ရည်ကအစ၊ ပိုင်ဆိုင်မှုအဆုံး အများသူငါထက် သာလွန်နေသူတွေကို အမျိုးဖြုတ်ပစ်မှရမယ်။ ဒီလို သုတ်သင်ရှင်းလင်းရေးလုပ်ဖို့အတွက် အစကနေ ပြန်စကြရမယ်။ အဲဒီလို သုညကနေ ပြန်စကြမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ စတင်ခဲ့တဲ့နှစ်ကို Year Zeroလို့ တွင်စေခဲ့တယ်။ အဲဒီ Year Zero ဆိုတဲ့ နိူင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ထဲမှာ ရွှေငွေ ဥစ္စာပစ္စည်း ဝတ်သူတွေ၊ သူတို့ အစိုးရရဲ့သဘောထားကို ဆန့်ကျင်မဲ့ အရိပ်အခြေရှိသူတွေ၊ ပညာတတ်တွေ၊ (သူ့အယူအဆက ပညာတတ်တဲ့ကောင်တွေဟာ အာဏာကို ပြန်လည်ထိုးကော်မဲ့သူတွေလို့ ဆိုတယ်။ မျက်မှန်တပ်သူဆိုရင်ပဲ စာဖတ်နာတဲ့ကောင်၊ ကလိန်ကကျစ်ကျမဲ့၊ လည်ပတ်လွန်းမဲ့၊ ဉာဏ်များမဲ့အကောင်ဆိုပြီး ဖမ်းဆီးသတ်ဖြတ်ရမဲ့ စာရင်းထဲသွင်းတော့တာ) အဲသလိုလူတွေကို အကုန်လုံး အရှင်မထားဘဲ သတ်မိန့်ပေးပြီး သတ်စေခဲ့တယ်။ ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုတာလို သူတို့ သံသယရှိလာရင် မိသားစုဝင်အကုန် ကလေးကအစ ရှင်းလင်းသတ်ဖြတ်ပစ်ခဲ့ကြတယ်။

လူပေါင်း ၁.၇ သန်းခန့်ဟာ ပိုပေါ့နဲ့ သူ့အစိုးရရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ကြရတယ်။ အဲဒီအချိန်က ပိုပေါ့အစိုးရလက်ချက်နဲ့ သေဆုံးခဲ့ရသူပေါင်းဟာ ကဗ္ဓောဒီးယားနိူင်ငံ စုစုပေါင်းလူဦးရေရဲ့ ၂၁ ရာခိုင်နှုန်း ရှိပါတယ်။ လူသတ်စက်လို့ ခေါ်တွင်တဲ့ Killing Machine ကို တီထွင်ခဲ့ကြတယ်။ လျှောလို နိ်မ့်မြင့်သစ်သားချပ်ပေါ်မှာ အနိမ့်ဖက်ကို ခေါင်းထားပြီး အိပ်စေတယ်။ လက်ခြေတွေကို သံကွင်းတွေနဲ့ မလှုပ်နိူင်အောင် တွဲခတ်ထားတယ်။ ပြီးမှ မျက်နှာပေါ် ရေတစိမ့်စိမ့် လောင်းချစေတယ်။ ရုန်းရင်းကန်ရင်း လက်ပြတ်ထွက်သူတွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပိုပေါ့ကိုယ်တိုင်ဟာလည်း ကျောင်းဆရာဟောင်းတစ်ယောက်ပါ။ ဗီယက်နာမ် လျို့ဝှက်ဧဂျင့် တစ်ယောက်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ အဲဒါနဲ့ပတ်သက်လို့ သူ့မှာ စာရွက်စာတမ်း အထောက်အထားတွေရှိတယ်လို့ ခမာရုရဲဘော်ရဲဘက် တစ်ယောက်ဖြစ်တဲ့ Ta Mok က ထွက်ဆိုခဲ့တယ်။ အဲဒီအချိန်က ကဗ္ဓောဒီးယားနဲ့ ဗီယက်နာမ်ကြား စစ်ပွဲတွေ၊ ခမာဖြူ ၊ ခမာနီ၊ ခမာပြာရယ်လို့ ပြည်တွင်းမှာ ကွဲပြားနေကြတာတွေ၊(မှတ်ချက် ခရိုနီ ခရိုဖြူ ခရိုပြာများ လုံးဝ မဟုတ်) မင်းသားကြီးသီဟာနုနောက်ပိုင်းမှာ ဟွန်ဆန်အာဏာရသွားတာတွေ အဲသလိုအခြေအနေတွေနဲ့ ခမာတို့ရဲ့ နိူင်ငံရေးအခြေအနေတွေ ဟာ ပွေလီရှုပ်ထွေးလို့ နေခဲ့ပါတယ်။ ဟွန်ဆန်ကိုယ်တိုင်လည်း ပထမပိုင်းမှာ ပိုပေါ့အဖွဲ့ဝင်ဖြစ်ခဲ့ ရာက နောက်ပိုင်းကျမှ ပိုပေါ့လုပ်ရပ်တွေကို ရိပ်စားမိလာတာကြောင့် ခမာရုထဲက ထွက်ပြေးလွတ်မြောက်ခဲ့သူပါ။
ပိုပေါ့ခေတ်တစ်ခုလုံးမှာ ကြောက်စရာသိပ်ကောင်းတဲ့အချက်က အယူအဆမှား၊ အတွေးအခေါ်မှားသူလက်ထဲ ရောက်သွားတဲ့ အချုပ်အချာအာဏာပါပဲ။ အာဏာလက်ကိုင်ထားပြီး ထင်ရာစိုင်းခဲ့တဲ့အဖြစ်ဆိုးရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ခမာလူမျိုးတွေနေရာက ကျမ ဝင်ရောက်ခံစားမိခဲ့ပါတယ်။ နာကျင်လိုက်တာရှင်။ အဲဒီအချိန်တုန်းက အိမ်တိုင်း အိမ်တိုင်းတွေမှာ ပိုပေါ့လက်ချက်နဲ့ မိသားစုဝင်တွေ မဆုံးရှုံးဖူးတဲ့သူရယ်လို့ မရှိလောက်ဘူး။ အိမ်တိုင်းအိမ်တိုင်းမှာ သူ့အပူ ကိုယ့်အပူတွေနဲ့ သူ့ ကိုယ်မကယ်နိူင်၊ ကိုယ့် သူမကယ်နိူင် ဖြစ်ခဲ့ကြမှာ။

အဲဒီအချိန်မှာ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ ကျမရဲ့စိတ်နှလုံးဟာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ ခမာလူမျိုးတွေရယ်၊ ကျန်ရစ်သူမိသားစုဝင်တွေရယ်နဲ့အတူ တစ်ထပ်ထဲ ဖြစ်တည်နေခဲ့တယ်။ ခမာရယ် မြန်မာရယ် ခွဲခြားမမြင်နိူင်တော့ဘဲ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစား၊ လက်နက်ရှိနဲ့ လက်နက်မဲ့ လူတန်းစား နှစ်ရပ်ရယ်လို့ပဲ ခံစားမိခဲ့ရတယ်။

၁၉၉၈-ပိုပေါ့တစ်ယောက် သေဆုံးချိန်မှာတော့ ဘယ်သူမှတောင် မသိလိုက်ရဘဲ တောစပ်လေးတစ်ခုမှာ အလောင်းကို ရှာတွေ့ခဲ့ကြရတာပါ။ ဥပဒေကြောင်းအရ အပြစ်ပေးတာကို မခံလိုက်ရပေမဲ့ သေဆုံးချိန်မှာ ဘယ်လိုဆိုးဆိုးဝါးဝါးရှိခဲ့လိမ့်မယ်ဆိုတာကိုတော့ ခန့်မှန်းနိူင်ခဲ့ကြပါတယ်။ တီဗီသတင်းတွေကနေ လူသတ်ကွင်းမှာ အဓိက သတ်ဖြတ်မှုတွေကို တာဝန်ယူလုပ်ဆောင်ခဲ့ကြတဲ့ Nuon Chea-ဘရားသား နံပါတ် ၂နဲ့ Duch တို့ရဲ့ ထွက်ဆိုမှုတွေကို ကြည့်ခဲ့ရပါသေးတယ်။ အံ့ဩစရာတော့ မဟုတ်ပါဘူး၊ သူတို့ထွက်ဆိုခဲ့တာတွေက သူတို့မှာ အပြစ်မရှိကြောင်း၊ တာဝန်အရ ကျေပွန်အောင် အထက်အမိန့်ကို နာခံခဲ့ရတာသာဖြစ်လို့ နောင်တမရကြောင်း မတုန်မလှုပ်ပြောခဲ့ကြပါတယ်။

ဒီပိုစ့်က ကျွန်မရေးထားတာ အတော်ကြာနေပါပြီ။ ရေးရင်းနဲ့ မောမောလာလွန်းလို့ စာကြမ်းတွေထဲ ထိုးထည့်ထားတာ။ ခုမှပဲ ပြန်ထုတ်ပြီး အချောသတ်၊ ပုံတွေဖြည့်ပြီးတင်လိုက်ရပါတယ်။ ကြားသိနေပြီးသားတစ်ခု ဖြစ်နိူင်ကောင်းပေမဲ့ ရေးပြီးသားလည်း ဖြစ်တာမို့ရယ် ဘလော့ဂ်ပေါ်မှာ တင်သိမ်းထားချင်တာရယ်ကြောင့်လည်း ပါပါတယ်။

ပိုစုံတဲ့ စာတွေနဲ့ ပုံတွေဖတ်ချင် ကြည့်ချင်ရင်တော့ အောက်ကလင့်ခ်တွေမှာ သွားဖတ်နိူင်ကြပါတယ်။
https://www.rustycompass.com/cambodia-travel-guide-37/phnom-penh-7/see-and-do-14/tuol-sleng-s21-genocide-museum-129#.WdmlJFuCzIV
https://commons.wikimedia.org/wiki/Category:Choeung_Ek
http://www.killingfieldsmuseum.com/s21-victims.html

Leave a Reply