၁မုိင္ေက်ာ္နက္တဲ့ ကမာၻ႔အနက္ဆုံးဂူ (သုိ႔) ကရူဘီယာဂူ

Posted on

ကရူဘီယာဂူဟာ ကမာၻ႔အနက္ဆုံးဂူျဖစ္ၿပီး ေဂ်ာဂီယာႏုိင္ငံ Abkhazia ေဒသက Arabika Massif ေတာင္မွာ တည္ရွိပါတယ္။ Arabika Massif ေတာင္ဟာ ထုံးေက်ာက္ေတာင္ျဖစ္ၿပီး ဒီေနရာမွာ ဂူေပါင္းရာနဲ႔ခ်ီရွိၿပီး အနက္ မီတာ ၁၀၀၀ အထက္ဂူ ၅ခုရွိပါတယ္။ အဲဒီအထဲမွာ ကရူဘီယာဂူက အနက္ဆုံးျဖစ္ပါတယ္။ သူ႔ကုိ Voronya ဂူ (သုိ႔) က်ီးကန္းဂူလုိ႔လည္းေခၚၾကပါေသးတယ္။ ဂူ၀မွာ က်ီးကန္းေထာင္ေပါင္းမ်ားစြာဟာ အသုိက္ဖြဲ႔ၿပီးေနခဲ့ၾကတာကိုေတြ႔ရွိခဲ့ၾကလုိ႔ျဖစ္ပါတယ္။ အနက္ေပေပါင္း ၇၂၀၈ေပ ခန္႔ ရွိတာေၾကာင့္ ကမာၻ႔အနက္ဆုံးဂူျဖစ္ၿပီး ကမာၻ႔အတြင္းပိုင္း၀င္ေပါက္လုိ႔ေတာင္တင္စားေခၚေ၀ၚၾကပါတယ္။

ကရူဘီယာဂူ လုိ႔အမည္ေပးထားရျခင္းကေတာ့ ဒီဂူကုိ ၁၉၆၀ခုႏွစ္က ပထမဆုံးရွာေဖြေတြ႔ရွိခဲ့တဲ့ ရုရွားဘူမိေဗဒပညာရွင္ Alexander Kruber ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ေပးထားျခင္းျဖစ္ပါတယ္။ Alexander Kruber ဟ ၁၉၁၀ခုႏွစ္တည္းက Arabika Massif အေၾကာင္းကုိေလ့လာေနခဲ့တာျဖစ္ၿပီး ၁၉၆၀ မွ ဒီဂူကုိေတြ႔ရွိခဲ့ျခင္းျဖစ္ပါတယ္။ သူတုိ႔စတင္ေတြ႔ရွိခ်ိန္က ဂူရဲ႕အနက္ဆုံးအျဖစ္ ၃၁၅ေပကုိသာ ေရာက္ရွိခဲ့ၾကပါတယ္။ ဂူရဲ႕ စုစုေပါင္း အရွည္ဟာ ၈.၃၄မုိင္ျဖစ္ၿပီး ေနရာအမ်ားစုရဲ႕အနက္ကေတာ့ ေပ ၃၀၀ ၀န္းက်င္ရွိပါတယ္။

ဒီဂူဟာ ေအာက္ဘက္မွာ လမ္းေၾကာင္းႏွစ္ခုကြဲထြက္သြားပါတယ္။ တစ္ခုကေတာ့ Novokuibyshevskaya ျဖစ္ၿပီး အနက္ေပ ၄၂၆၅ေပ ရွိၿပီး မူရင္းလမ္းေၾကာင္းကေတာ့ အနက္ေပ ၇၂၀၈ေပ ရွိပါတယ္။ အဲဒီေနာက္ေတာ့ ဘူမိေဗဒပညာရွင္အဆင့္ဆင့္ ႀကဳိးစားတုိင္းတာခဲ့ၿပီး အနက္ ၇၂၀၈ ေပကိုေရာက္ရွိခဲ့တာပါ။ ဒါေတာင္ မဆုံးေသးဘူးလုိ႔ သိရပါတယ္။ အနက္ဆုံးေနရာ(၇၂၀၈ေပ) ကို ေရာက္ရွိခဲ့သူကေတာ့ သဘာ၀ဂူေလ့လာေရးသမား နဲ႔ ကြ်မ္းက်င္သူ Gennady Samokhin ပဲျဖစ္ပါတယ္။

ကရူဘီယာလုိဏ္ဂူဟာ အလြန္နက္တဲ့ ေဒါင္လုိက္လုိဏ္ဂူတစ္ခုျဖစ္ပါတယ္။ တခ်ဳိ႕ေနရာေတြမွာ အလြန္က်ယ္၀န္းသလုိ တခ်ဳိ႕ေနရာေတြမွာေတာ့ လူတစ္ကုိယ္စာ၀င္ရုံေလာက္ပဲ ရွိပါတယ္။ ရာသီဥတုကလည္း စြတ္စိုၿပီး တစ္ခါတစ္ရံမွာႏွင္းေတြဟာ ဂူအ၀ေတြကို ထူထပ္စြာပိတ္ထားေလ့ရွိပါတယ္။ ဒါေၾကာင့္လည္း အမ်ားစု မဆင္းႏုိင္ၾကတာျဖစ္ပါတယ္။

ဂူႀကီးရဲ႕အနက္ဆုံးေနရာနီးပါး(၇၀၂၀ေပ) ကိုေရာက္ခဲ့ၿပီး စံခ်ိန္တင္ႏုိင္ခဲ့တဲ့အမ်ဳိးသမီးတစ္ဦးလည္းရွိပါေသးတယ္။ သူကေတာ့ လစ္သူေရးနီးယားႏုိင္ငံသူ Saul Pankene ျဖစ္ပါတယ္။ သူမကလည္း နက္ရႈိင္းတဲ့ဂူေတြကုိဆင္းရာမွာ အေတြ႕အႀကဳံရွိသူျဖစ္ၿပီး ကမာၻ႔အနက္ဆုံးဂူရဲ႕ေအာက္ေျခကိုေရာက္ရွိဖုိ႔အတြက္ေတာ့ အျခားဂူေလ့လာေရးကြ်မ္းက်င္သူ ၁၇ဦးရဲ႕ အကူအညီနဲ႔အတူ အခ်ိန္ ၁၃ရက္ ယူခဲ့ရပါတယ္။

ကရူဘီယာဂူႀကီးထဲမွာ အမ်ားဆုံးေတြ႔ရတဲ့တိရစာၦန္ကေတာ့ ကင္းၿမီးေကာက္ေတြျဖစ္ၿပီး မ်ဳိးစိတ္ေပါင္း ၁၂ခုေလာက္ေတြ႔ရပါတယ္။ လိပ္ျပာ ၊ ပင့္ကူမ်ားစြာရွိၿပီး ငွက္ေတြကေတာ့ ဂူႀကီးရဲ႕အ၀မွာ အသုိက္ဖြဲ႔ေလ့ရွိၿပီး မုိးနဲ႔ေဆာင္းရာသီေတြမွာ လာေရာက္ခုိနားေလ့ရွိၾကပါတယ္။


ကမ္ဘာ့အနက်ဆုံးဂူ (သို့) ကရူဘီယာဂူ (unicode)

ကရူဘီယာဂူဟာ ကမ္ဘာ့အနက်ဆုံးဂူဖြစ်ပြီး ဂျောဂီယာနိုင်ငံ Abkhazia ဒေသက Arabika Massif တောင်မှာ တည်ရှိပါတယ်။ Arabika Massifတောင်ဟာ ထုံးကျောက်တောင်ဖြစ်ပြီး ဒီနေရာမှာ ဂူပေါင်းရာနဲ့ချီရှိပြီး အနက် မီတာ ၁၀၀၀ အထက်ဂူ ၅ခုရှိပါတယ်။ အဲဒီအထဲမှာ ကရူဘီယာဂူက အနက်ဆုံးဖြစ်ပါတယ်။ သူ့ကို Voronya ဂူ (သို့) ကျီးကန်းဂူလို့လည်းခေါ်ကြပါသေးတယ်။ ဂူဝမှာ ကျီးကန်းထောင်ပေါင်းများစွာဟာ အသိုက်ဖွဲ့ပြီးနေခဲ့ကြတာကိုတွေ့ရှိခဲ့ကြလို့ဖြစ်ပါတယ်။ အနက်ပေပေါင်း ၇၂၀၈ပေ ခန့် ရှိတာကြောင့် ကမ္ဘာ့အနက်ဆုံးဂူဖြစ်ပြီး ကမ္ဘာ့အတွင်းပိုင်းဝင်ပေါက်လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။

ကရူဘီယာဂူ လို့အမည်ပေးထားရခြင်းကတော့ ဒီဂူကို ၁၉၆ဝခုနှစ်က ပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ ရုရှားဘူမိဗေဒပညာရှင် Alexander Kruber ကို ဂုဏ်ပြုတဲ့အနေနဲ့ပေးထားခြင်းဖြစ်ပါတယ်။ Alexander Kruber ဟ ၁၉၁ဝခုနှစ်တည်းက Arabika Massif အကြောင်းကိုလေ့လာနေခဲ့တာဖြစ်ပြီး ၁၉၆၀ မှ ဒီဂူကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ သူတို့စတင်တွေ့ရှိချိန်က ဂူရဲ့အနက်ဆုံးအဖြစ် ၃၁၅ပေကိုသာ ရောက်ရှိခဲ့ကြပါတယ်။ ဂူရဲ့ စုစုပေါင်း အရှည်ဟာ ၈.၃၄မိုင်ဖြစ်ပြီး နေရာအများစုရဲ့အနက်ကတော့ ပေ ၃၀၀ ဝန်းကျင်ရှိပါတယ်။ ဒီဂူဟာ အောက်ဘက်မှာ လမ်းကြောင်းနှစ်ခုကွဲထွက်သွားပါတယ်။ တစ်ခုကတော့ Novokuibyshevskaya ဖြစ်ပြီး အနက်ပေ ၄၂၆၅ပေ ရှိပြီး မူရင်းလမ်းကြောင်းကတော့ အနက်ပေ ၇၂၀၈ပေ ရှိပါတယ်။ အဲဒီနောက်တော့ ဘူမိဗေဒပညာရှင်အဆင့်ဆင့် ကြိုးစားတိုင်းတာခဲ့ပြီး အနက် ၇၂၀၈ ပေကိုရောက်ရှိခဲ့တာပါ။ ဒါတောင် မဆုံးသေးဘူးလို့ သိရပါတယ်။ အနက်ဆုံးနေရာ(၇၂၀၈ပေ) ကို ရောက်ရှိခဲ့သူကတော့ သဘာဝဂူလေ့လာရေးသမား နဲ့ ကျွမ်းကျင်သူ Gennady Samokhin ပဲဖြစ်ပါတယ်။

ကရူဘီယာလိုဏ်ဂူဟာ အလွန်နက်တဲ့ ဒေါင်လိုက်လိုဏ်ဂူတစ်ခုဖြစ်ပါတယ်။ တချို့နေရာတွေမှာ အလွန်ကျယ်ဝန်းသလို တချို့နေရာတွေမှာတော့ လူတစ်ကိုယ်စာဝင်ရုံလောက်ပဲ ရှိပါတယ်။ ရာသီဥတုကလည်း စွတ်စိုပြီး တစ်ခါတစ်ရံမှာနှင်းတွေဟာ ဂူအဝတွေကို ထူထပ်စွာပိတ်ထားလေ့ရှိပါတယ်။ ဒါကြောင့်လည်း အများစု မဆင်းနိုင်ကြတာဖြစ်ပါတယ်။ ဂူကြီးရဲ့အနက်ဆုံးနေရာနီးပါး(၇၀၂၀ပေ) ကိုရောက်ခဲ့ပြီး စံချိန်တင်နိုင်ခဲ့တဲ့အမျိုးသမီးတစ်ဦးလည်းရှိပါသေးတယ်။ သူကတော့ လစ်သူရေးနီးယားနိုင်ငံသူ Saul Pankene ဖြစ်ပါတယ်။ သူမကလည်း နက်ရှိုင်းတဲ့ဂူတွေကိုဆင်းရာမှာ အတွေ့အကြုံရှိသူဖြစ်ပြီး ကမ္ဘာ့အနက်ဆုံးဂူရဲ့အောက်ခြေကိုရောက်ရှိဖို့အတွက်တော့ အခြားဂူလေ့လာရေးကျွမ်းကျင်သူ ၁၇ဦးရဲ့ အကူအညီနဲ့အတူ အချိန် ၁၃ရက် ယူခဲ့ရပါတယ်။

ကရူဘီယာဂူကြီးထဲမှာ အများဆုံးတွေ့ရတဲ့တိရစ္ဆာန်ကတော့ ကင်းမြီးကောက်တွေဖြစ်ပြီး မျိုးစိတ်ပေါင်း ၁၂ခုလောက်တွေ့ရပါတယ်။ လိပ်ပြာ ၊ ပင့်ကူများစွာရှိပြီး ငှက်တွေကတော့ ဂူကြီးရဲ့အဝမှာ အသိုက်ဖွဲ့လေ့ရှိပြီး မိုးနဲ့ဆောင်းရာသီတွေမှာ လာရောက်ခိုနားလေ့ရှိကြပါတယ်။

 

Leave a Reply