ျမန္ႏႈန္းျမင့္ဖန္ေပါင္းေခ်ာင္ သယ္ယူပို႔ေဆာင္ေရးစနစ္ စတင္ေတာ့မယ့္ ေကာ္လုိရာဒုိ

Posted on

အေမရိကန္ေကာ္လုိရာဒုိ ျပည္နယ္ သယ္ယူပို႔ေဆာင္ေရးဌာန နဲ႔ နည္းပညာကုမၸဏီ Arrivo က ပူးေပါင္းၿပီး ဒီမွန္ေပါင္းေခ်ာင္ သယ္ယူပို႔ေဆာင္ေရးစနစ္ကုိ ဖန္တီးခဲ့တာျဖစ္ပါတယ္။ ဒီစနစ္ကုိ Hperloop စနစ္လုိ႔ေခၚၿပီး ယာဥ္ေၾကာပိတ္ၾကပ္ညပ္ေနေလ့ရွိတဲ့ၿမဳိ႕ႀကီးေတြမွာ အတားအဆီးမရွိပဲ အလွ်င္ျမန္ဆုံး သြားလာပို႔ေဆာင္ႏုိင္တဲ့စနစ္ျဖစ္ပါတယ္။ ေခတ္သစ္နည္းပညာတစ္ခုကို စတင္တယ္လုိ႔ဆုိရင္လည္း မမွားပါဘူး။

ပထမဆုံးအေနနဲ႔ အေမရိကန္ ေကာ္လုိရာဒုိက ဒန္ဗားၿမဳိ႕မွာ စတင္တည္ေဆာက္ေနတာျဖစ္ၿပီး မၾကာခင္မွာစမ္းသပ္ေတာ့မွာ ျဖစ္ပါတယ္။ လမ္းေၾကာင္းကေတာ့ ဖန္ျပြန္နဲ႔ပုံသ႑ာန္တူၿပီး ကုန္ပစၥည္း နဲ႔ ခရီးသည္ေတြကို အတြဲလုိက္ အတြဲလုိက္သယ္ေဆာင္ေပးသြားမွာျဖစ္ပါတယ္။ လွ်ပ္စစ္ဓာတ္အားနဲ႔ ဖိအားနည္းတဲ့ျပြန္ထဲမွာ သြားလာမွာျဖစ္ၿပီး ကြန္ပ်ဴတာစနစ္နဲ႔ထိမ္းခ်ဳပ္မယ့္ ဒီစနစ္ဟာ တစ္နာရီကုိ မုိင္၂၀၀ခန္႔အထိ ျမန္ႏႈန္းျမင့္သြားလာႏုိင္မွာျဖစ္ပါတယ္။ လမ္းေၾကာင္းေတြမွာလည္း သံလုိက္ဆြဲအားစနစ္ကုိထည့္ထားတာေၾကာင့္ အလြန္ျမန္ေပမယ့္ တုန္ခါမႈရွိမွာမဟုတ္ပါဘူး။ျပြန္ေခ်ာင္းအတြင္းတစ္ေလွ်ာက္သြားလာေစမွာ ျဖစ္တဲ့အတြက္ အႏၱရာယ္ျဖစ္မွာလည္း စုိးရိမ္စရာမရွိဘူးလုိ႔ သိရပါတယ္။

သူတုိ႔ေတြရဲ႕ရည္မွန္းခ်က္ကေတာ့ ဒီစနစ္ဟာ Denver ၿမဳိ႕ကမည္သည့္ေနရာကိုမဆုိ မိနစ္ ၂၀ ထက္ ပုိမသြားရေစဖုိ႔ျဖစ္ပါတယ္။ ေကာ္လုိရာဒို သယ္ယူပုိ႔ေဆာင္ေရးဌာန( CDOT) ရဲ႕ အႀကီးအကဲ Shailen Bhatt ကလည္း
“Denver ၿမဳိ႕မွာ အခုဆုိ ယာဥ္ေၾကာပိတ္ဆုိ႔မႈေတြအရမ္းျဖစ္ေနတယ္။ ဘာနဲ႔တူလဲဆုိရင္ ၁၉၅၀-၆၀ ကေဆာက္ထားတဲ့လမ္းေတြကုိ ၁၉၈၀လူဦးေရနဲ႔ အသုံးျပဳေနရသလုိပါပဲ။ ဒါေၾကာင့္ ဒီစနစ္သစ္ကို အေကာင္အထည္ေဖာ္ဖုိ႔ႀကဳိးစားေနတာျဖစ္ပါတယ္” လုိ႔ဆုိပါတယ္။

“ဒီနစ္သာ အဆင္ေျပေျပနဲ႔ ေအာင္ျမင္သြားရင္ေတာ့ လူေနထူထပ္ၿပီး ယာဥ္ေၾကာပိတ္ဆုိ႔မႈမ်ားတဲ့ၿမဳိ႕ႀကီးေတြအတြက္ အလြန္အဆင္ေျပေစမွာပါ။ ကြ်န္ေတာ္တုိ႔ Arrivo ကုမၸဏီကေန ၂၁ရာစုေခတ္မီနည္းပညာနဲ႔အတူ သြားခ်င္တဲ့ေနရာတုိင္းကို အခ်ိန္တုိအတြင္းသြားလာေစႏုိင္ဖုိ႔ ႀကဳိးပမ္းလွ်က္ရွိပါတယ္” လုိ႔ Arrivo ရဲ႕ CEO Brogan Bambrogan က ေျပာသြားပါတယ္။ ဒီစနစ္ကို ၂၀၂၀ခုႏွစ္ မတုိင္မီအေကာင္အထည္ေဖာ္စမ္းသပ္သြားမွာျဖစ္ၿပီး ၂၀၂၁ခုႏွစ္မွာ အားလုံးေအာင္ျမင္ၿပီး တရား၀င္ေျပးဆြဲႏုိင္ေစဖုိ႔ ရည္မွန္းထားတယ္လုိ႔ သိရပါတယ္။

VIDEO


မြန်နှုန်းမြင့်ဖန်ပေါင်းချောင် သယ်ယူပို့ဆောင်ရေးစနစ် စတင်တော့မယ့် ကော်လိုရာဒို (unicode)

အမေရိကန်ကော်လိုရာဒို ပြည်နယ် သယ်ယူပို့ဆောင်ရေးဌာန နဲ့ နည်းပညာကုမ္ပဏီ Arrivo က ပူးပေါင်းပြီး ဒီမှန်ပေါင်းချောင် သယ်ယူပို့ဆောင်ရေးစနစ်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီစနစ်ကို Hperloop စနစ်လို့ခေါ်ပြီး ယာဉ်ကြောပိတ်ကြပ်ညပ်နေလေ့ရှိတဲ့မြို့ကြီးတွေမှာ အတားအဆီးမရှိပဲ အလျှင်မြန်ဆုံး သွားလာပို့ဆောင်နိုင်တဲ့စနစ်ဖြစ်ပါတယ်။ ခေတ်သစ်နည်းပညာတစ်ခုကို စတင်တယ်လို့ဆိုရင်လည်း မမှားပါဘူး။ ပထမဆုံးအနေနဲ့ အမေရိကန် ကော်လိုရာဒိုက ဒန်ဗားမြို့မှာ စတင်တည်ဆောက်နေတာဖြစ်ပြီး မကြာခင်မှာစမ်းသပ်တော့မှာ ဖြစ်ပါတယ်။ လမ်းကြောင်းကတော့ ဖန်ပြွန်နဲ့ပုံသဏ္ဍာန်တူပြီး ကုန်ပစ္စည်း နဲ့ ခရီးသည်တွေကို အတွဲလိုက် အတွဲလိုက်သယ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားနဲ့ ဖိအားနည်းတဲ့ပြွန်ထဲမှာ သွားလာမှာဖြစ်ပြီး ကွန်ပျူတာစနစ်နဲ့ထိမ်းချုပ်မယ့် ဒီစနစ်ဟာ တစ်နာရီကို မိုင်၂၀ဝခန့်အထိ မြန်နှုန်းမြင့်သွားလာနိုင်မှာဖြစ်ပါတယ်။ လမ်းကြောင်းတွေမှာလည်း သံလိုက်ဆွဲအားစနစ်ကိုထည့်ထားတာကြောင့် အလွန်မြန်ပေမယ့် တုန်ခါမှုရှိမှာမဟုတ်ပါဘူး။ပြွန်ချောင်းအတွင်းတစ်လျှောက်သွားလာစေမှာ ဖြစ်တဲ့အတွက် အန္တရာယ်ဖြစ်မှာလည်း စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

သူတို့တွေရဲ့ရည်မှန်းချက်ကတော့ ဒီစနစ်ဟာ Denver မြို့ကမည်သည့်နေရာကိုမဆို မိနစ် ၂၀ ထက် ပိုမသွားရစေဖို့ဖြစ်ပါတယ်။ ကော်လိုရာဒို သယ်ယူပို့ဆောင်ရေးဌာန( CDOT) ရဲ့ အကြီးအကဲ Shailen Bhatt ကလည်း
“Denver မြို့မှာ အခုဆို ယာဉ်ကြောပိတ်ဆို့မှုတွေအရမ်းဖြစ်နေတယ်။ ဘာနဲ့တူလဲဆိုရင် ၁၉၅၀-၆၀ ကဆောက်ထားတဲ့လမ်းတွေကို ၁၉၈ဝလူဦးရေနဲ့ အသုံးပြုနေရသလိုပါပဲ။ ဒါကြောင့် ဒီစနစ်သစ်ကို အကောင်အထည်ဖော်ဖို့ကြိုးစားနေတာဖြစ်ပါတယ်” လို့ဆိုပါတယ်။ဒီနစ်သာ အဆင်ပြေပြေနဲ့ အောင်မြင်သွားရင်တော့ လူနေထူထပ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများတဲ့မြို့ကြီးတွေအတွက် အလွန်အဆင်ပြေစေမှာပါ။ ကျွန်တော်တို့ Arrivo ကုမ္ပဏီကနေ ၂၁ရာစုခေတ်မီနည်းပညာနဲ့အတူ သွားချင်တဲ့နေရာတိုင်းကို အချိန်တိုအတွင်းသွားလာစေနိုင်ဖို့ ကြိုးပမ်းလျှက်ရှိပါတယ်” လို့ Arrivo ရဲ့ CEO Brogan Bambrogan က ပြောသွားပါတယ်။ ဒီစနစ်ကို ၂၀၂ဝခုနှစ် မတိုင်မီအကောင်အထည်ဖော်စမ်းသပ်သွားမှာဖြစ်ပြီး ၂၀၂၁ခုနှစ်မှာ အားလုံးအောင်မြင်ပြီး တရားဝင်ပြေးဆွဲနိုင်စေဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

Leave a Reply