ေအအိုင္ဒီအက္စ္ ကူးစက္ခံ ကေလးငယ္ေပါင္း ၅၀၀၀ ရဲ႕ ကယ္တင္ရွင္

Posted on

သူမနာမည္က Rosie Mashale ..။ သာမန္ၾကည့္လုိက္ရင္ေတာ့ မိန္းမမည္းမည္း၀၀ႀကီး..ဒါေပမယ့္ သူမဟာ AIDS ကူးစက္ခံ ကေလးငယ္ေတြရဲ႕ကယ္တင္ရွင္ႀကီးျဖစ္ပါတယ္။

ငယ္ငယ္ကေတာ့ သူမဟာေက်ာင္းဆရာမတစ္ဦးပါ။ ေက်ာင္းဆရာမအလုပ္ကေနနားၿပီးေတာ့ ေတာင္ အာဖရိကႏုိင္ငံ ကိတ္ေတာင္းၿမဳိ႕အနီးက Khayelitsha ၿမဳိ႕ကိုေျပာင္းေရႊ႕ေနထုိင္ခဲ့တယ္။ အဲဒီမွာ သူမအရင္မေတြ႔ခဲ့ဖူးတဲ့ ဆုိးရြားတဲ့ျမင္ကြင္းေတြကိုေတြ႔ခဲ့ရပါတယ္။ ဒါကေတာ့ မိဘမဲ့ကေလးငယ္ေပါင္းမ်ားစြာ ေျမာင္းႀကဳိေျမာင္းၾကား အမႈိက္ပုံေတြၾကားမွ မရြံမရွာနဲ႔ စားစရာအၾကြင္းအက်န္ေတြကို လုိက္ရွာေနတဲ့ျမင္ကြင္းပါ။

ေတာင္အာဖရိက ႏုိင္ငံဟာ ဆင္းရဲတဲ့ႏုိင္ငံေတြထဲမွာပါ၀င္ၿပီး အဆုိးဆုံးကေတာ့ မိဘမဲ့ကေလးငယ္ေပါင္း ၃.၇သန္းေက်ာ္ ရွိေနတာပါ။ ဒီအထဲက ကေလးတစ္၀က္ေက်ာ္ရဲ႕မိဘေတြဟာ AIDS နဲ႔ ေသဆုံးသြားၾကသူေတြပါ။ ေထာက္ပံ့ကူညီေရးအဖြဲ႔အစည္းေတြကလည္း ဒီေလာက္မ်ားျပားလွတဲ့ မိဘမဲ့ကေလးအကုန္လုံးကို ကယ္တင္ဖုိ႔ရာမျဖစ္ႏုိင္ေသးပါဘူး။

၁၉၈၉ခုႏွစ္ ရဲ႕ တစ္ေန႔မွာေတာ့ Rosie ဟာ အဲဒီကေလးငယ္တခ်ဳိ႕ကုိလွမ္းေခၚလုိက္ပါတယ္။
“သူတို႔ကုိ ကြ်န္မလွမ္းေခၚလုိက္တယ္။ ၿပီးေတာ့ ကြ်န္မ မွာရွိတဲ့ေပါင္မုန္႔နဲ႔ ေသာက္စရာအရည္တခ်ဳိ႕ကိုေပးတယ္။ ၿပီးေတာ့သီခ်င္းေတြေတာင္ အတူတူဆိုလုိက္ၾကပါေသးတယ္။

ဒါဟာ ဒီေန႔မိဘမဲ့ကေလးေဂဟာ ျဖစ္ေပၚလာျခင္းရဲ႕အစပါ” လုိ႔ Rosie က ေျပာျပခဲ့ပါတယ္။ အဲဒီက စလုိ႔သူမရဲ႕အိမ္ဟာ အိမ္လုိ႔ဆုိေပမယ့္ မိဘမဲ့ကေလးေတြရဲ႕ ေန႔ကေလးထိန္းေက်ာင္းတစ္ခုလုိျဖစ္ေနခဲ့တာ ၁၀စုႏွစ္ တစ္ခုၾကာခဲ့ပါတယ္။ ဒီလုိေနရင္း သူမေအးေအးေဆးေဆးအနားယူသြားေတာ့မယ္လုိ႔ စိတ္ကူးခဲ့ပါတယ္။

ဒါေပမယ့္ သူမရဲ႕အနားယူမယ့္စိတ္ကူးပ်က္သြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ ၂၀၀၀ခုုႏွစ္ရဲ႕တစ္ေန႔ သူမရဲ႕အိမ္ေရွ႕မွာ ၂ႏွစ္ ၃ႏွစ္အရြယ္မိဘမဲ့ကေလးတစ္ေယာက္ကုိ စြန္႔ပစ္သြားၾကလုိ႔ပါ။

“သူ႔ရဲ႕အသက္က ၂ႏွစ္၃ႏွစ္ပဲ ရွိဦးမွာပါ။ သနားစရာေကာင္းလုိက္တာမွ အ၀တ္အစားေတာင္မပါသလုိ တစ္ကုိယ္လုံးလည္းအနာေတြနဲ႔ျပည့္ေနပါတယ္။ အဲဒီကစလုိ႔ ကြ်န္မ အနားယူလုိ႔မျဖစ္ေတာ့ဘူး။ မိဘမဲ့ကေလးေတြအတြက္ ထိန္းသိမ္းေရးေဂဟာတစ္ခုကို တရား၀င္ေထာင္ေတာ့မယ္လုိ႔ ဆုံးျဖတ္လုိက္တယ္”

အဲဒီကေလးကို ေစာင့္ေရွာက္လုိ႔ သိပ္မၾကာခင္မွာပဲ ေနာက္ထပ္ကေလးႏွစ္ေယာက္ဟာ သူမရဲ႕အိမ္ေရွ႕ကိုေရာက္လာျပန္ပါတယ္။ ဒီလုိနဲ႔ မိဘမဲ့ကေလးေတြ တျဖည္းျဖည္းမ်ားလာလုိက္တာ အဲဒီႏွစ္အဆုံး Rosie ရဲ႕အိမ္မွာ ကေလးေပါင္း ၆၇ ေယာက္ျဖစ္လာခဲ့ပါတယ္။ တစ္ေယာက္တည္း မႏုိင္မနင္းျဖစ္ခဲ့ၿပီး အျခားတတ္ႏုိင္သူေတြရဲ႕ေထာက္ပံ့မႈေတြနဲ႔ အတူ ေစတနာ့၀န္ထမ္းေတြရဲ႕ အကူအညီပါယူခဲ့ရပါတယ္။

ကေလးငယ္ေတြထဲက တခ်ဳိ႕ဟာ AIDS ေရာဂါေၾကာင့္ေသဆုံးသြားတဲ့တဲ့ မိဘေတြကေမြးသူေတြျဖစ္တာေၾကာင့္ သီးသန္႔ခြဲကာ ဂရုစုိက္ရျပန္ပါတယ္။ သူမရဲ႕ေဆာင္ရြက္ခ်က္ေတြကုိ ဂရုျပဳမိတဲ့အဖြဲ႔အစည္းေတြ နဲ႔ ေစတနာရွင္ေတြရဲ႕၀ုိင္း၀န္းကူညီမႈေတြေၾကာင့္ သူမရဲ႕မိဘမဲ့ကေလးေဂဟာ ဟာ အခုဆုိရင္ အစြန္႔ပစ္ခံ ကေလးငယ္ေပါင္း ၅၀၀၀ ခန္႔(AIDS ကေလးငယ္ေတြအပါအ၀င္) ကို ျပည့္စုံစြာေစာင့္ေရွာက္ႏုိင္တဲ့ေဂဟာတစ္ခုျဖစ္လာခဲ့ပါၿပီ။

” ကြ်န္မကေတာ့ ဘယ္ႏွစ္ေယာက္လာလာေမြးစားမွာပါပဲ။ ဒီကေလးေတြကို ကုိယ့္ေသြးသားရင္းလုိေစာင့္ေရွာက္ပါမယ္လုိ႔ ဘုရားသခင္ကုိ ကတိေပးထားပါတယ္။ သူတုိ႔ကိုပညာေတြသင္ေပးမယ္။ အလုပ္ေတြကိုယ္တုိင္ကုိယ္က်လုပ္တတ္ေအာင္သင္ေပးမယ္။ စိတ္ဓာတ္ေတြကိုျမွင့္ေပးမယ္။

ကြ်န္မေမွ်ာ္လင့္တာကေတာ့ သူတုိ႔အားလုံးပညာေရးဆုံးခန္းတုိင္ၿပီး ကိုယ့္ေျခေထာက္ေပၚကုိယ္ရပ္ရင္း တုိးတက္တဲ့ဘ၀ေတြျဖစ္လာဖို႔ပါ။ ဒါေၾကာင့္လည္း ကြ်န္မတုိ႔အဖြဲ႔ရဲ႕နာမည္ကုိ ငါတုိ႔တုိးတက္ရမယ္( Baphumelele) လုိ႔ နာမည္ေပးထားတာေပါ့ရွင္” လုိ႔ Rosie က ေျပာသြားပါတယ္။

VIDEO


လှပတဲ့နှလုံးသားနဲ့ မိဘမဲ့ AIDS ကလေးငယ်တွေရဲ့ ကယ်တင်ရှင် Mama Rosie (unicode)

သူမနာမည်က Rosie Mashale ..။ သာမန်ကြည့်လိုက်ရင်တော့ မိန်းမမည်းမည်း၀၀ကြီး..ဒါပေမယ့် သူမဟာ AIDS ကူးစက်ခံ ကလေးငယ်တွေရဲ့ကယ်တင်ရှင်ကြီးဖြစ်ပါတယ်။

ငယ်ငယ်ကတော့ သူမဟာကျောင်းဆရာမတစ်ဦးပါ။ ကျောင်းဆရာမအလုပ်ကနေနားပြီးတော့ တောင် အာဖရိကနိုင်ငံ ကိတ်တောင်းမြို့အနီးက Khayelitsha မြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့တယ်။ အဲဒီမှာ သူမအရင်မတွေ့ခဲ့ဖူးတဲ့ ဆိုးရွားတဲ့မြင်ကွင်းတွေကိုတွေ့ခဲ့ရပါတယ်။ ဒါကတော့ မိဘမဲ့ကလေးငယ်ပေါင်းများစွာ မြောင်းကြိုမြောင်းကြား အမှိုက်ပုံတွေကြားမှ မရွံမရှာနဲ့ စားစရာအကြွင်းအကျန်တွေကို လိုက်ရှာနေတဲ့မြင်ကွင်းပါ။ တောင်အာဖရိက နိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံတွေထဲမှာပါဝင်ပြီး အဆိုးဆုံးကတော့ မိဘမဲ့ကလေးငယ်ပေါင်း ၃.၇သန်းကျော် ရှိနေတာပါ။ ဒီအထဲက ကလေးတစ်ဝက်ကျော်ရဲ့မိဘတွေဟာ AIDS နဲ့ သေဆုံးသွားကြသူတွေပါ။ ထောက်ပံ့ကူညီရေးအဖွဲ့အစည်းတွေကလည်း ဒီလောက်များပြားလှတဲ့ မိဘမဲ့ကလေးအကုန်လုံးကို ကယ်တင်ဖို့ရာမဖြစ်နိုင်သေးပါဘူး။

၁၉၈၉ခုနှစ် ရဲ့ တစ်နေ့မှာတော့ Rosie ဟာ အဲဒီကလေးငယ်တချို့ကိုလှမ်းခေါ်လိုက်တပါတယ်။
“သူတို့ကို ကျွန်မလှမ်းခေါ်လိုက်တယ်။ ပြီးတော့ ကျွန်မ မှာရှိတဲ့ပေါင်မုန့်နဲ့ သောက်စရာအရည်တချို့ကိုပေးတယ်။ ပြီးတော့သီချင်းတွေတောင် အတူတူဆိုလိုက်ကြပါသေးတယ်။ ဒါဟာ ဒီနေ့မိဘမဲ့ကလေးဂေဟာ ဖြစ်ပေါ်လာခြင်းရဲ့အစပါ” လို့ Rosie က ပြောပြခဲ့ပါတယ်။ အဲဒီက စလို့သူမရဲ့အိမ်ဟာ အိမ်လို့ဆိုပေမယ့် မိဘမဲ့ကလေးတွေရဲ့ နေ့ကလေးထိန်းကျောင်းတစ်ခုလိုဖြစ်နေခဲ့တာ ၁ဝစုနှစ် တစ်ခုကြာခဲ့ပါတယ်။ ဒီလိုနေရင်း သူမအေးအေးဆေးဆေးအနားယူသွားတော့မယ်လို့ စိတ်ကူးခဲ့ပါတယ်။

ဒါပေမယ့် သူမရဲ့အနားယူမယ့်စိတ်ကူးပျက်သွားခဲ့ပါတယ်။ အကြောင်းကတော့ ၂၀၀ဝခုနှစ်ရဲ့တစ်နေ့ သူမရဲ့အိမ်ရှေ့မှာ ၂နှစ် ၃နှစ်အရွယ်မိဘမဲ့ကလေးတစ်ယောက်ကို စွန့်ပစ်သွားကြလို့ပါ။
“သူ့ရဲ့အသက်က ၂နှစ်၃နှစ်ပဲ ရှိဦးမှာပါ။ သနားစရာကောင်းလိုက်တာမှ အဝတ်အစားတောင်မပါသလို တစ်ကိုယ်လုံးလည်းအနာတွေနဲ့ပြည့်နေပါတယ်။
အဲဒီကစလို့ ကျွန်မ အနားယူလို့မဖြစ်တော့ဘူး။ မိဘမဲ့ကလေးတွေအတွက် ထိန်းသိမ်းရေးဂေဟာတစ်ခုကို တရားဝင်ထောင်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်”
အဲဒီကလေးကို စောင့်ရှောက်လို့ သိပ်မကြာခင်မှာပဲ နောက်ထပ်ကလေးနှစ်ယောက်ဟာ သူမရဲ့အိမ်ရှေ့ကိုရောက်လာပြန်ပါတယ်။ ဒီလိုနဲ့ မိဘမဲ့ကလေးတွေ တဖြည်းဖြည်းများလာလိုက်တာ အဲဒီနှစ်အဆုံး Rosie ရဲ့အိမ်မှာ ကလေးပေါင်း ၆၇ ယောက်ဖြစ်လာခဲ့ပါတယ်။ တစ်ယောက်တည်း မနိုင်မနင်းဖြစ်ခဲ့ပြီး အခြားတတ်နိုင်သူတွေရဲ့ထောက်ပံ့မှုတွေနဲ့ အတူ စေတနာ့ဝန်ထမ်းတွေရဲ့ အကူအညီပါယူခဲ့ရပါတယ်။

ကလေးငယ်တွေထဲက တချို့ဟာ AIDS ရောဂါကြောင့်သေဆုံးသွားတဲ့တဲ့ မိဘတွေကမွေးသူတွေဖြစ်တာကြောင့် သီးသန့်ခွဲကာ ဂရုစိုက်ရပြန်ပါတယ်။ သူမရဲ့ဆောင်ရွက်ချက်တွေကို ဂရုပြုမိတဲ့အဖွဲ့အစည်းတွေ နဲ့ စေတနာရှင်တွေရဲ့ဝိုင်းဝန်းကူညီမှုတွေကြောင့် သူမရဲ့မိဘမဲ့ကလေးဂေဟာ ဟာ အခုဆိုရင် အစွန့်ပစ်ခံ ကလေးငယ်ပေါင်း ၅၀၀၀ ခန့်(AIDS ကလေးငယ်တွေအပါအဝင်) ကို ပြည့်စုံစွာစောင့်ရှောက်နိုင်တဲ့ဂေဟာတစ်ခုဖြစ်လာခဲ့ပါပြီ။
” ကျွန်မကတော့ ဘယ်နှစ်ယောက်လာလာမွေးစားမှာပါပဲ။ ဒီကလေးတွေကို ကိုယ့်သွေးသားရင်းလိုစောင့်ရှောက်ပါမယ်လို့ ဘုရားသခင်ကို ကတိပေးထားပါတယ်။ သူတို့ကိုပညာတွေသင်ပေးမယ်။ အလုပ်တွေကိုယ်တိုင်ကိုယ်ကျလုပ်တတ်အောင်သင်ပေးမယ်။ စိတ်ဓာတ်တွေကိုမြှင့်ပေးမယ်။ ကျွန်မမျှော်လင့်တာကတော့ သူတို့အားလုံးပညာရေးဆုံးခန်းတိုင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရင်း တိုးတက်တဲ့ဘ၀တွေဖြစ်လာဖို့ပါ။ ဒါကြောင့်လည်း ကျွန်မတို့အဖွဲ့ရဲ့နာမည်ကို ငါတို့တိုးတက်ရမယ်( Baphumelele) လို့ နာမည်ပေးထားတာပေါ့ရှင်” လို့ Rosie က ပြောသွားပါတယ်။

Leave a Reply