ပင္လယ္ေသ အေၾကာင္း သိေကာင္းစရာ

Posted on

ပင္လယ္ေသ ကို ဆားပင္လယ္ ဟုလည္း ေခၚေဝၚၾကၿပီး အေရွ႕ဘက္တြင္ ေဂ်ာ္ဒန္ႏိုင္ငံ၊ အေနာက္ဘက္တြင္ ပါလက္စတိုင္း အေနာက္ကမ္းႏွင့္ အစၥေရးႏိုင္ငံ တို႔ျဖင့္ ဝန္းရံတည္ရွိေသာ ဆားေရကန္ႀကီးတစ္ခု ျဖစ္သည္။

သမုိင္းမတင္မီေခတ္ လြန္ခဲ့ေသာႏွစ္ေပါင္း ၂သန္းခန္႔ကတည္းက တည္ရွိခဲ့ေသာကန္ျဖစ္သည္ ဟု သိရသည္။

ထိုပင္လယ္ေသ၏ မ်က္ႏွာျပင္ ႏွင့္ ကမ္းပါးမွာ ပင္လယ္ေရမ်က္ႏွာျပင္ေအာက္ ၁,၃၈၈ ေပ (၄၂၃ မီတာ) မၽွ နိမ့္ၿပီး ကမၻာ့ေျမမ်က္ႏွာျပင္ေပၚတြင္ အနိမ့္ဆုံးေနရာ ျဖစ္သည္။

ပင္လယ္ေသသည္ ၁,၂၃၇ ေပ (၃၇၇ မီတာ) နက္ၿပီ: ကမၻာေပၚတြင္ အနက္ဆုံးေသာ ဆားငန္လြန္ေရကန္ တစ္ခု ျဖစ္သည္။ ဆားငန္ေရပါဝင္မႈ ၃၃.၇ ရာခိုင္ႏႈန္း ရွိသျဖင့္ ကမၻာေပၚတြင္ ဆားငန္မႈအမ်ားဆုံး ေရကန္မ်ားတြင္ တစ္ခု အပါအဝင္ ျဖစ္သည္။

သမုဒၵရာထက္ ၈.၆ ဆ မၽွ ပို၍ ဆားငန္မႈ မ်ားသည္။ ဆားငန္မႈ မ်ားျပားလြန္းသျဖင့္ သဘာဝ ပတ္ဝန္းက်င္ ၾကမ္းတမ္းၿပီး မည္သည့္သတၱဝါမွ မ်ိဳးပြား အသက္ရွင္ျခင္း မျပဳႏိုင္ေပ။

ေျမာက္မွ ေတာင္သို႔ စီးဆင္းေသာ ေဂ်ာ္ဒန္ျမစ္သည္ ေဂ်႐ူဆလမ္ၿမိဳ႕၏ အေရွ႕စူးစူး ၂၅ မိုင္ခန္႔ အကြာတြင္ ပင္လယ္ေသထဲသို႔ စီးဝင္သည္။ အေရွ႕ႏွင့္ အေနာက္ဘက္တို႔မွ လည္း ေခ်ာင္းငယ္ ျမစ္ငယ္ေပါင္း မ်ားစြာ စီးဝင္ၾကသည္။

တစ္ေန႔လၽွင္ ထိုျမစ္မ်ားမွ ေရခ်ိဳ တန္ခ်ိန္ ေျခာက္သန္းေက်ာ္ စီးဝင္သည့္ၾကားမွပင္ ပင္လယ္ေသ၏ ေရသည္ သမုဒၵရာ ေရထက္ ေျခာက္ဆခန္႔ပို၍ ငန္ေသးသည္။

ထိုျပင္ ျမစ္မ်ား ေခ်ာင္းမ်ားမွ ေရမည္မၽွပင္ စီးဝင္ေစကာမူ၊ ေရမ်က္ႏွာျပင္ ျမင့္တက္မလာေခ်။ အဘယ္ေၾကာင့္ဆိုေသာ္၊ ထိုေဒသ၏ ျပင္းထန္ေသာ အပူရွိန္ေၾကာင့္ ေရမ်ား အခိုးအေငြ႕ ျဖစ္ကာ၊ ခန္းေျခာက္ကုန္ေသာေၾကာင့္ ျဖစ္သည္။

ပင္လယ္ေသ၏ ေရတြင္ အစိုင္အခဲ၊ အမ်ားအားျဖင့္ ဆား ၂၄ ရာခိုင္ႏႈန္းခန္႔ ပါေနသျဖင့္ ေရသည္ ေစးရကား၊ လူ႕ခႏၶာကိုယ္သည္ပင္လၽွင္ မနစ္ဘဲ ေပၚေနႏိုင္ျခင္းျဖစ္သည္။

အလယ္ခတ္ ခရီးသည္မ်ား၏ အဆိုအရ၊ ပင္လယ္ေသ ေပၚ၌ တိုက္ခတ္ေသာ ေလသည္ အဆိပ္ အခိုးအေငြ႕မ်ား ပါသျဖင့္၊ ငွက္မ်ားပင္ ယင္းပင္လယ္ေပၚမွ ျဖတ္၍ ပ်ံသန္း ျခင္း မျပဳဟု သိရသည္။

ယခုေခတ္တြင္မူ၊ ငွက္တို႔သည္ ပင္လယ္ေသသို႔ မလာၾကသည္မွာ အမွန္ျဖစ္ေသာ္လည္း၊ ထိုသို႔ မလာၾကသည္မွာ ယင္းပင္လယ္သည္ ဆားငန္လြန္းသျဖင့္၊ မည္သည့္ ငါးႏွင့္ ေရေပါက္အပင္မ်ိဳးမွ မရွိေသာေၾကာင့္ ျဖစ္သည္ကို သိရေလသည္။

ပင္လယ္ေသထဲတြင္ အဖိုးတန္ ဓာတ္သတၱဳမ်ားရွိသည္။ သာမန္ဆားအျပင္၊ မက္ဂနီဇီယမ္ကလို႐ိုက္၊ ပိုတက္ဆီယမ္ ကလို႐ိုက္ႏွင့္ မက္ဂနီဇီယမ္ဗ႐ိုမိုက္တို႔လည္း ရႏိုင္သည္။ ကမ္းေျခတစ္ဝိုက္တြင္လည္း ေခ်ာ္၊ ကန္႔ႏွင့္ သိေႏၶာဆားမ်ား ရႏိုင္သည္။

ေရထဲ၌ ယင္းသို႔ ဓာတ္သတၱဳမ်ား ရွိေနရာ၊ ေရမ်က္ႏွာျပင္မွ ထြက္ေသာ ေရေငြ႕သည္ အနံ႔မေကာင္းေခ်။

သို႔ရာတြင္ ပင္လယ္ေသ၏ ေရသည္ ေရာဂါအခ်ိဳ႕ကို ေပ်ာက္ကင္းေစႏိုင္သည္ဟု အယူရွိၾကသျဖင့္၊ ပင္လယ္၏ အေရွ႕ဘက္ရွိ ကယ္လီယာၿမိဳ႕တြင္ က်န္းမာေရး စခန္းတစ္ခု ဖြင့္ထားသည္။

ပင္လယ္ေရသည္ ေစးထန္း၍ အနံ႔ျပင္းေသာ္လည္း၊ ပင္လယ္ေသ၏ ႐ႈခင္းသည္ သာယာသည္။ ေရျပင္သည္ ေတာက္ပလ်က္ ရွိသည္။


ပင်လယ်သေ အကြောင်း သိကောင်းစရာ (unicode)

ပင်လယ်သေ ကို ဆားပင်လယ် ဟုလည်း ခေါ်ဝေါ်ကြပြီး အရှေ့ဘက်တွင် ဂျော်ဒန်နိုင်ငံ၊ အနောက်ဘက်တွင် ပါလက်စတိုင်း အနောက်ကမ်းနှင့် အစ္စရေးနိုင်ငံ တို့ဖြင့် ဝန်းရံတည်ရှိသော ဆားရေကန်ကြီးတစ်ခု ဖြစ်သည်။ သမိုင်းမတင်မီခေတ် လွန်ခဲ့သောနှစ်ပေါင်း ၂သန်းခန့်ကတည်းက တည်ရှိခဲ့သောကန်ဖြစ်သည် ဟု သိရသည်။ ထိုပင်လယ်သေ၏ မျက်နှာပြင် နှင့် ကမ်းပါးမှာ ပင်လယ်ရေမျက်နှာပြင်အောက် ၁,၃၈၈ ပေ (၄၂၃ မီတာ) မျှ နိမ့်ပြီး ကမ္ဘာ့မြေမျက်နှာပြင်ပေါ်တွင် အနိမ့်ဆုံးနေရာ ဖြစ်သည်။ ပင်လယ်သေသည် ၁,၂၃၇ ပေ (၃၇၇ မီတာ) နက်ပြီ: ကမ္ဘာပေါ်တွင် အနက်ဆုံးသော ဆားငန်လွန်ရေကန် တစ်ခု ဖြစ်သည်။ ဆားငန်ရေပါဝင်မှု ၃၃.၇ ရာခိုင်နှုန်း ရှိသဖြင့် ကမ္ဘာပေါ်တွင် ဆားငန်မှုအများဆုံး ရေကန်များတွင် တစ်ခု အပါအဝင် ဖြစ်သည်။ သမုဒ္ဒရာထက် ၈.၆ ဆ မျှ ပို၍ ဆားငန်မှု များသည်။ ဆားငန်မှု များပြားလွန်းသဖြင့် သဘာဝ ပတ်ဝန်းကျင် ကြမ်းတမ်းပြီး မည်သည့်သတ္တဝါမှ မျိုးပွား အသက်ရှင်ခြင်း မပြုနိုင်ပေ။

မြောက်မှ တောင်သို့ စီးဆင်းသော ဂျော်ဒန်မြစ်သည် ဂျေရူဆလမ်မြို့၏ အရှေ့စူးစူး ၂၅ မိုင်ခန့် အကွာတွင် ပင်လယ်သေထဲသို့ စီးဝင်သည်။ အရှေ့နှင့် အနောက်ဘက်တို့မှ လည်း ချောင်းငယ် မြစ်ငယ်ပေါင်း များစွာ စီးဝင်ကြသည်။ တစ်နေ့လျှင် ထိုမြစ်များမှ ရေချို တန်ချိန် ခြောက်သန်းကျော် စီးဝင်သည့်ကြားမှပင် ပင်လယ်သေ၏ ရေသည် သမုဒ္ဒရာ ရေထက် ခြောက်ဆခန့်ပို၍ ငန်သေးသည်။ ထိုပြင် မြစ်များ ချောင်းများမှ ရေမည်မျှပင် စီးဝင်စေကာမူ၊ ရေမျက်နှာပြင် မြင့်တက်မလာချေ။ အဘယ်ကြောင့်ဆိုသော်၊ ထိုဒေသ၏ ပြင်းထန်သော အပူရှိန်ကြောင့် ရေများ အခိုးအငွေ့ ဖြစ်ကာ၊ ခန်းခြောက်ကုန်သောကြောင့် ဖြစ်သည်။ ပင်လယ်သေ၏ ရေတွင် အစိုင်အခဲ၊ အများအားဖြင့် ဆား ၂၄ ရာခိုင်နှုန်းခန့် ပါနေသဖြင့် ရေသည် စေးရကား၊ လူ့ခန္ဓာကိုယ်သည်ပင်လျှင် မနစ်ဘဲ ပေါ်နေနိုင်ခြင်းဖြစ်သည်။

အလယ်ခတ် ခရီးသည်များ၏ အဆိုအရ၊ ပင်လယ်သေ ပေါ်၌ တိုက်ခတ်သော လေသည် အဆိပ် အခိုးအငွေ့များ ပါသဖြင့်၊ ငှက်များပင် ယင်းပင်လယ်ပေါ်မှ ဖြတ်၍ ပျံသန်း ခြင်း မပြုဟု သိရသည်။ ယခုခေတ်တွင်မူ၊ ငှက်တို့သည် ပင်လယ်သေသို့ မလာကြသည်မှာ အမှန်ဖြစ်သော်လည်း၊ ထိုသို့ မလာကြသည်မှာ ယင်းပင်လယ်သည် ဆားငန်လွန်းသဖြင့်၊ မည်သည့် ငါးနှင့် ရေပေါက်အပင်မျိုးမှ မရှိသောကြောင့် ဖြစ်သည်ကို သိရလေသည်။ ပင်လယ်သေထဲတွင် အဖိုးတန် ဓာတ်သတ္တုများရှိသည်။ သာမန်ဆားအပြင်၊ မက်ဂနီဇီယမ်ကလိုရိုက်၊ ပိုတက်ဆီယမ် ကလိုရိုက်နှင့် မက်ဂနီဇီယမ်ဗရိုမိုက်တို့လည်း ရနိုင်သည်။ ကမ်းခြေတစ်ဝိုက်တွင်လည်း ချော်၊ ကန့်နှင့် သိန္ဓောဆားများ ရနိုင်သည်။ ရေထဲ၌ ယင်းသို့ ဓာတ်သတ္တုများ ရှိနေရာ၊ ရေမျက်နှာပြင်မှ ထွက်သော ရေငွေ့သည် အနံ့မကောင်းချေ။ သို့ရာတွင် ပင်လယ်သေ၏ ရေသည် ရောဂါအချို့ကို ပျောက်ကင်းစေနိုင်သည်ဟု အယူရှိကြသဖြင့်၊ ပင်လယ်၏ အရှေ့ဘက်ရှိ ကယ်လီယာမြို့တွင် ကျန်းမာရေး စခန်းတစ်ခု ဖွင့်ထားသည်။ ပင်လယ်ရေသည် စေးထန်း၍ အနံ့ပြင်းသော်လည်း၊ ပင်လယ်သေ၏ ရှုခင်းသည် သာယာသည်။ ရေပြင်သည် တောက်ပလျက် ရှိသည်။

Leave a Reply