ထူးထူးဆန္းဆန္း ေလးေထာင့္ပုံပင္စည္ရွိတဲ့ သစ္ပင္မ်ားေပါက္ရာေနရာ

Posted on

ပနားမားတူးေျမာင္းရဲ႕ မုိင္အနည္းငယ္အကြာအေ၀းမွာရွိတဲ့ El Valle de Anton ဆုိတဲ့ၿမဳိ႕ငယ္ေလးနားက ေတာအုပ္တစ္ခုမွာ ကမာၻလွည့္ခရီးသြားေတြကုိ ဆြဲေဆာင္တဲ့ေနရာတစ္ခုရွိပါတယ္။ အဲဒါကေတာ့ အဲဒီေနရာက သစ္ပင္အေတာ္မ်ားမ်ားရဲ႕ ပင္စည္ေတြဟာ သာမန္အ၀ုိင္းပုံမျဖစ္ပဲ ေလးေထာင့္ပုံျဖစ္ေနတဲ့ေတာအုပ္တစ္ခုျဖစ္ပါတယ္။ အဲဒီအနားမွာ El Valle de Anton ဆုိတဲ့ႀကီးမားတဲ့မီးေတာင္ရွင္တစ္ခုရွိၿပီး ဒီမီးေတာင္ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၀၀၀၀ ခန္႔က ေပါက္ကြဲခဲ့ဖူးပါတယ္။

ေလ့ေထာင့္ပုံပင္စည္ရွိတဲ့သစ္ပင္ဟာ မီးေတာင္ေပါက္ကြဲမႈကျဖစ္လာတဲ့ ေခ်ာ္ရည္ေျမဆီလႊာေပၚမွာ ေပါက္ေရာက္ေနတာပဲျဖစ္ပါတယ္။ အခ်ိန္မေရြးေပါက္ကြဲႏုိင္တာေၾကာင့္ အၿမဲေနထုိင္ရဲသူမရွိပဲ ေလ့လာတဲ့သိပၸံပညာရွင္ေတြနဲ႔ ခရီးသြားေတြသာလာတတ္တဲ့ေနရာျဖစ္ပါတယ္။ ဒီသစ္ပင္ေတြဟာ cottonwood မ်ဳိးႏြယ္ထဲက ရွားပါးမ်ဳိးႏြယ္ျဖစ္ပါတယ္။ ပင္စည္ပုံစံက ေလးေထာင့္ျဖစ္ရုံမကပါဘူး အတြင္းသားကိုျဖတ္လုိက္လုိ႔ေပၚလာတဲ့အရစ္အကြင္းေတြကလည္း ေလးေထာင့္ေတြသာျဖစ္ပါတယ္။ ဒါေပမယ့္ အပင္ေတြကို အျပင္မွာ ဒီအတုိင္းအေ၀းက ၾကည့္မယ္ဆုိရင္ေတာ့ ပုံမွန္အပင္ေတြလုိပဲ ထင္ရမွာျဖစ္ၿပီး အနီးကပ္တုိင္းၾကည့္မွသာ ေလးေထာင့္ပုံစံျဖစ္မွန္းသိရမွာပါ။

ဘာေၾကာင့္ ပင္စည္ေတြဟာ ေလးေထာင့္ျဖစ္ေနရသလဲ ဆုိတာကို တိတိက်က်အေျဖမရွာႏုိင္ၾကေသးပါဘူး။ ေသခ်ာတာကေတာ့ ပင္စည္ေတြဒီလုိ ထူးထူးဆန္းဆန္းပုံသ႑ာန္ျဖစ္ေနတာဟာ ေပါက္ေရာက္ရာေဒသနဲ႔ တုိက္ရုိက္သက္ဆုိင္ေနတယ္လုိ႔ သိရပါတယ္။ ဖေလာ္ရီဒါက သဘာ၀ကြ်မ္းက်င္ပညာရွင္ေတြဟာ ဒီသစ္ပင္ေတြရဲ႕ မ်ဳိးေစ့ေတြကုိယူၿပီး အျခားေဒသမွာစုိက္ၾကည့္တဲ့အခါမွာ ပုံမွန္အ၀ုိင္းပုံေတြသာေပါက္ခဲ့ပါတယ္။ ဒီအပင္ေတြကုိ ဘရာဇီး၊ ကိုလံဘီယာ၊ ကို႔စတာရီကာ၊ အီေကြေဒါ၊ ပနားမား၊ ပီ႐ူး၊ ဗင္နီဇြဲလားစတဲ့ နိုင္ငံေတြမွာေတြ႔ရတတ္ေပမယ့္အလြန္ရွားပါးၿပီး ပနားမားက ဒီေနရာမွာသာ အမ်ားဆုံးေတြ႔ႏုိင္တာပဲျဖစ္ပါတယ္။

VIDEO

—————————–

ထူးထူးဆန်းဆန်း လေးထောင့်ပုံပင်စည်ရှိတဲ့ သစ်ပင်များပေါက်ရာနေရာ

ပနားမားတူးမြောင်းရဲ့ မိုင်အနည်းငယ်အကွာအဝေးမှာရှိတဲ့ El Valle de Anton ဆိုတဲ့မြို့ငယ်လေးနားက တောအုပ်တစ်ခုမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ အဲဒီနေရာက သစ်ပင်အတော်များများရဲ့ ပင်စည်တွေဟာ သာမန်အဝိုင်းပုံမဖြစ်ပဲ လေးထောင့်ပုံဖြစ်နေတဲ့တောအုပ်တစ်ခုဖြစ်ပါတယ်။ အဲဒီအနားမှာ El Valle de Anton ဆိုတဲ့ကြီးမားတဲ့မီးတောင်ရှင်တစ်ခုရှိပြီး ဒီမီးတောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀ ခန့်က ပေါက်ကွဲခဲ့ဖူးပါတယ်။

လေ့ထောင့်ပုံပင်စည်ရှိတဲ့သစ်ပင်ဟာ မီးတောင်ပေါက်ကွဲမှုကဖြစ်လာတဲ့ ချော်ရည်မြေဆီလွှာပေါ်မှာ ပေါက်ရောက်နေတာပဲဖြစ်ပါတယ်။ အချိန်မရွေးပေါက်ကွဲနိုင်တာကြောင့် အမြဲနေထိုင်ရဲသူမရှိပဲ လေ့လာတဲ့သိပ္ပံပညာရှင်တွေနဲ့ ခရီးသွားတွေသာလာတတ်တဲ့နေရာဖြစ်ပါတယ်။ ဒီသစ်ပင်တွေဟာ cottonwood မျိုးနွယ်ထဲက ရှားပါးမျိုးနွယ်ဖြစ်ပါတယ်။ ပင်စည်ပုံစံက လေးထောင့်ဖြစ်ရုံမကပါဘူး အတွင်းသားကိုဖြတ်လိုက်လို့ပေါ်လာတဲ့အရစ်အကွင်းတွေကလည်း လေးထောင့်တွေသာဖြစ်ပါတယ်။ ဒါပေမယ့် အပင်တွေကို အပြင်မှာ ဒီအတိုင်းအဝေးက ကြည့်မယ်ဆိုရင်တော့ ပုံမှန်အပင်တွေလိုပဲ ထင်ရမှာဖြစ်ပြီး အနီးကပ်တိုင်းကြည့်မှသာ လေးထောင့်ပုံစံဖြစ်မှန်းသိရမှာပါ။

ဘာကြောင့် ပင်စည်တွေဟာ လေးထောင့်ဖြစ်နေရသလဲ ဆိုတာကို တိတိကျကျအဖြေမရှာနိုင်ကြသေးပါဘူး။ သေချာတာကတော့ ပင်စည်တွေဒီလို ထူးထူးဆန်းဆန်းပုံသဏ္ဍာန်ဖြစ်နေတာဟာ ပေါက်ရောက်ရာဒေသနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ သိရပါတယ်။ ဖလော်ရီဒါက သဘာဝကျွမ်းကျင်ပညာရှင်တွေဟာ ဒီသစ်ပင်တွေရဲ့ မျိုးစေ့တွေကိုယူပြီး အခြားဒေသမှာစိုက်ကြည့်တဲ့အခါမှာ ပုံမှန်အဝိုင်းပုံတွေသာပေါက်ခဲ့ပါတယ်။ ဒီအပင်တွေကို ဘရာဇီး၊ ကိုလံဘီယာ၊ ကို့စတာရီကာ၊ အီကွေဒေါ၊ ပနားမား၊ ပီရူး၊ ဗင်နီဇွဲလားစတဲ့ နိုင်ငံတွေမှာတွေ့ရတတ်ပေမယ့်အလွန်ရှားပါးပြီး ပနားမားက ဒီနေရာမှာသာ အများဆုံးတွေ့နိုင်တာပဲဖြစ်ပါတယ်။

 

 

Leave a Reply