ကမာၻ႔အႀကီးဆုံးေလသေဘၤာႀကီး Airlander 10 မေတာ္တဆမႈျဖစ္ကာ ပ်က္က်

Posted on

ကမာၻ႔အႀကီးဆုံး ေလသေဘၤာႀကီး Airlander 10 ဟာ ၿပီးခဲ့တဲ့ ႏို၀င္ဘာလ ၁၈ရက္ေန႔က Bedfordshire ေလယာဥ္ကြင္းမွာ မေတာ္တဆမႈတစ္ခုနဲ႔ ႀကဳံခဲ့ၿပီး ေျမေပၚကုိပ်က္က်ခဲ့ပါတယ္။ ပ်က္က်ခဲ့တယ္ဆုိေပမယ့္ ႀကီးႀကီးမားမားမဟုတ္ပဲ ေလသေဘၤာဆုိက္ကပ္တဲ့ေနရာမွာခ်ည္ထားတဲ့ ႀကဳိးျပဳတ္ထြက္ကာ ေလသေဘၤာႀကီးဟာ ေျမေပၚကုိက်ခဲ့ျခင္းျဖစ္ပါတယ္။ ဒီလုိျပဳတ္ထြက္စဥ္မွာ အလုိေလွ်ာက္အခ်က္ေပးစနစ္ေၾကာင့္ ေလေလ်ာ့ၿပီးျပဳတ္က်ခဲ့ရာမွာ ေလယာဥ္အမႈထမ္းႏွစ္ဦးအနည္းငယ္ ဒါဏ္ရာရခဲ့ပါတယ္။ ေလသေဘၤာႀကီး Airlander 10 ဟာ ေနာက္ထပ္စမ္းသပ္ပ်ံသန္းျခင္းအဆင့္ကုိ ႏုိ၀င္ဘာ ၁၇ ရက္ေန႔က စတင္ခဲ့ၿပီးေနာက္ အခုလုိျဖစ္ခဲ့တာပဲျဖစ္ပါတယ္။

အခုလုိ မေတာ္တဆမႈျဖစ္တာ ပထမဆုံးအႀကိမ္ေတာ့မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ၂၀၁၆ခုႏွစ္ ၾသဂုတ္လ ၂၄ရက္ေန႔တုန္း ကလည္း တစ္ႀကိမ္ျဖစ္ကာ ေအာက္ကို ဦးစုိက္ေဇာက္ထုိးဆင္းခဲ့ရပါေသးတယ္။ ေလသေဘၤာႀကီးသြားႏုိင္တဲ့အျမင့္ထက္ ပိုမုိပ်ံသန္းခဲ့လုိ႔ျဖစ္ပါတယ္။ Airlander 10 ဟာ ေလသေဘၤာတစ္ပိုင္း၊ ေလယာဥ္တစ္ပိုင္း ျဖစ္ေၾကာင္း၊ ေလယာဥ္ထက္ဆီစားသက္ သာသည့္အျပင္ သယ္ေဆာင္နုိင္ေသာ ၀န္ပမာဏမွာ ေလယာဥ္ထက္မ်ားစြာပိုေၾကာင္း သိရပါတယ္။ အရွည္ ၃၀၂ ေပရွိၿပီး ဟီလီယံဓါတ္ေငြ ့ကိုအဓိကအသုံးျပဳကာ ပ်ံသန္းႏုိင္တဲ့ ကမၻာ့ အၾကီးဆံုးေလသေဘၤာအျဖစ္ စံခ်ိန္တင္ထားပါတယ္။

ေပါင္ ၂၅ သန္း အကုန္အက်ခံ တည္ေဆာင္ထားတဲ့ အဲလန္ဒါ ၁၀ ဟာ ေဘာလံုးကြင္း ၁ ကြင္းစာ အရွည္ ရွိၿပီး ၄၄,၁၀၀ ေပါင္ အေလးခ်ိန္ရွိကာ လူနဲ႔ ပစၥည္း စုစုေပါင္း ၂၂,၀၅၀ ေပါင္ခ်ိန္ သယ္ေဆာင္ႏိုင္ပါတယ္။ ခရီးသည္ခ်ည္းပဲ ဆုိရင္ေတာ့ ၄၈ဦးစီးႏုိင္မွာျဖစ္ပါတယ္။ အျမင့္ေပ ၂၀,၀၀၀ အထိ တက္ႏိုင္ၿပီး ေလထဲမွာ ၅ ရက္ ဆက္တိုက္ ပ်ံသန္းႏိုင္ပါတယ္။ အျမန္ႏႈန္းက ၁ နာရီကို ၁၄၈ ကီလိုမီတာ ပါ။ ၂၀၁၇ခုႏွစ္ ေမလ စမ္းသပ္ေမာင္းႏွင္မႈ မွာေတာ့ ေလသေဘၤာႀကီးဟာ ေလထဲမွာ ၃နာရီနီးပါး ေအာင္ျမင္စြာပ်ံသန္းႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့ ထပ္မံျပင္ဆင္မႈေတြ နဲ႔ အတူစမ္းသပ္ေမာင္းႏွင္မႈေတြကို ျပဳလုပ္ရပါဦးမယ္ လုိ႔ ေလယာဥ္ကိုထုတ္လုပ္တဲ့ Hybrid Air Vehicles ကုမၸဏီက ဆုိပါတယ္။

VIDEO

————————————–

ကမ္ဘာ့အကြီးဆုံးလေသင်္ဘောကြီး Airlander 10 မတော်တဆမှုဖြစ်ကာ ပျက်ကျ (unicode)

ကမ္ဘာ့အကြီးဆုံး လေသင်္ဘောကြီး Airlander 10 ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ရက်နေ့က Bedfordshire လေယာဉ်ကွင်းမှာ မတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ပြီး မြေပေါ်ကိုပျက်ကျခဲ့ပါတယ်။ ပျက်ကျခဲ့တယ်ဆိုပေမယ့် ကြီးကြီးမားမားမဟုတ်ပဲ လေသင်္ဘောဆိုက်ကပ်တဲ့နေရာမှာချည်ထားတဲ့ ကြိုးပြုတ်ထွက်ကာ လေသင်္ဘောကြီးဟာ မြေပေါ်ကိုကျခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုပြုတ်ထွက်စဉ်မှာ အလိုလျှောက်အချက်ပေးစနစ်ကြောင့် လေလျော့ပြီးပြုတ်ကျခဲ့ရာမှာ လေယာဉ်အမှုထမ်းနှစ်ဦးအနည်းငယ် ဒါဏ်ရာရခဲ့ပါတယ်။ လေသင်္ဘောကြီး Airlander 10 ဟာ နောက်ထပ်စမ်းသပ်ပျံသန်းခြင်းအဆင့်ကို နိုဝင်ဘာ ၁၇ ရက်နေ့က စတင်ခဲ့ပြီး အခုလိုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

အခုလို မတော်တဆမှုဖြစ်တာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် ဩဂုတ်လ ၂၄ရက်နေ့တုန်း ကလည်း တစ်ကြိမ်ဖြစ်ကာ အောက်ကို ဦးစိုက်ဇောက်ထိုးဆင်းခဲ့ရပါသေးတယ်။ လေသင်္ဘောကြီးသွားနိုင်တဲ့အမြင့်ထက် ပိုမိုပျံသန်းခဲ့လို့ဖြစ်ပါတယ်။ Airlander 10 ဟာ လေသင်္ဘောတစ်ပိုင်း၊ လေယာဉ်တစ်ပိုင်း ဖြစ်ကြောင်း၊ လေယာဉ်ထက်ဆီစားသက် သာသည့်အပြင် သယ်ဆောင်နိုင်သော ဝန်ပမာဏမှာ လေယာဉ်ထက်များစွာပိုကြောင်း သိရပါတယ်။ အရှည် ၃၀၂ ပေရှိပြီး ဟီလီယံဓါတ်ငွေ့ကိုအဓိကအသုံးပြုကာ ပျံသန်းနိုင်မယ့်  ကမ္ဘာ့ အကြီးဆုံးလေသင်္ဘောအဖြစ် စံချိန်တင်ထားပါတယ်။

ပေါင် ၂၅ သန်း အကုန်အကျခံ တည်ဆောင်ထားတဲ့ အဲလန်ဒါ ၁၀ ဟာ ဘောလုံးကွင်း ၁ ကွင်းစာ အရှည် ရှိပြီး ၄၄,၁၀၀ ပေါင် အလေးချိန်ရှိကာ လူနဲ့ ပစ္စည်း စုစုပေါင်း ၂၂,၀၅၀ ပေါင်ချိန် သယ်ဆောင်နိုင်ပါတယ်။ ခရီးသည်ချည်းပဲ ဆိုရင်တော့ ၄၈ဦးစီးနိုင်မှာဖြစ်ပါတယ်။ အမြင့်ပေ ၂၀,၀၀၀ အထိ တက်နိုင်ပြီး လေထဲမှာ ၅ ရက် ဆက်တိုက် ပျံသန်းနိုင်ပါတယ်။ အမြန်နှုန်းက ၁ နာရီကို ၁၄၈ ကီလိုမီတာ ပါ။ ၂၀၁၇ခုနှစ် မေလ စမ်းသပ်မောင်းနှင်မှု မှာတော့ လေသင်္ဘောကြီးဟာ လေထဲမှာ ၃နာရီနီးပါး အောင်မြင်စွာပျံသန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ထပ်မံပြင်ဆင်မှုတွေ နဲ့ အတူစမ်းသပ်မောင်းနှင်မှုတွေကို ပြုလုပ်ရပါဦးမယ် လို့ လေယာဉ်ကိုထုတ်လုပ်တဲ့ Hybrid Air Vehicles ကုမ္ပဏီက ဆိုပါတယ်။

Leave a Reply