အေလာင္းမင္းတရားႀကီး၏ ေနာက္ဆုံးအခ်ိန္မ်ား

Posted on

မင္းတရားတပ္မ်ားသည္ ပုေလာႏွင့္မာရိတ္ၿမိဳ႔မ်ားကို အလြယ္တကူပင္သိမ္းပိုက္ႏိုင္သည္။ မာရိတ္ၿမိဳ႕ကို ၿမိတ္ၿမိဳ႔ဟုအမည္ ေျပာင္းလဲ ေခၚေဝၚေစသည္။ အေရွ႕ေတာင္ဘက္သို႔ ဆက္လက္ခ်ီတက္ခဲ့ရာ ႏွစ္ရက္ၾကာလွ်င္ တနလၤာရီၿမိဳ႔သို႔ေရာက္သည္။ မင္းတရားတပ္မ်ားသည္ အရပ္အဆိုင္း မရွိဘဲ ဆက္လက္ခ်ီတက္ခဲ့ၾကရာ ၁၀ ရက္အၾကာတြင္ ျဗက္ဘီးၿမိဳ႔သို႔ ေရာက္ရွိသိမ္းယူၾကသည္။ ျဗက္ဘီးၿမိဳ႔မွဆက္လက္ခ်ီတက္ျပန္ရာ သံုးရက္အၾကာတြင္ ဘန္လြင္ရြာသို႔ေရာက္ခဲ့သည္။ ယင္းရြာတြင္ ရန္သူအလံုးအရင္းျဖင့္ ေတြ႕ဆံုခဲ့သည္။ သို႔ေသာ္မင္းတရားကိုယ္တိုင္ ဦးစီး၍ တိုက္ခိုက္ရာ ေအာင္ျမင္သည္။

ဘန္လြန္မွ တစ္ဖက္ ဆက္လက္ ခ်ီတက္ခဲ့ရာ သံုးရက္အၾကာတြင္ သဖန္းပုန္းၿမိဳ႔ကို ေရာက္ရွိ သိမ္းပိုက္ေတာ္မူသည္။ သဖန္းပုန္းမွ ဆက္လက္ ခ်ီတက္၍တာလန္ေခ်ာင္းသို႔ေရာက္လွ်င္ အင္အားအလြန္ေကာင္းေသာ ရန္သူတို႔က ၾကံ့ၾကံ့ခံခဲ့ၾကသည္။ သို႔ေသာ္ အင္အားႀကီးမားေသာ ယင္းရန္သူမ်ားကိုလည္း အေလာင္းမင္းတရားက ထိုးေဖာက္တိုက္ခိုက္ႏိုင္ျပန္သည္။ ယခုအခါတြင္ မင္းတရားတပ္မ်ားသည္ ၿမိဳ႔ေတာ္ အယုဒၶယၿမိဳ႔သို႔ အေရာက္ခ်ီေတာ္မူလာၾကသည္။

ၿမိဳ႔ေတာ္ေျမာက္ဖက္သို႔ေရာက္လွ်င္ တပ္ႀကီးတည္ၿပီးလွ်င္ ေထာက္မွီလွမ္းမွီမ်ား တည္ေစ၍ ၿမိဳ႔ေတာ္ကို ဝိုင္းရံ ထားသည္။ ၿမိဳ႔တြင္းရွိ လူမ်ားက မင္းတရားတပ္မ်ားအား ထြက္၍ မတိုက္ၾက။ ၿမိဳ႔တြင္းတြင္ အခိုင္အမာ တပ္စြဲေနၾကသည္။ ထိုအတြင္း မင္းတရားတပ္မ်ား၏အေျခအေနမွာ တစ္မ်ိဳးတစ္ဖံု ျဖစ္လာခဲ့သည္။ ေဒသအေျပာင္းအလဲ၊ ရာသီဥတုအေျပာင္းအလဲႏွင့္ ေဝးကြာေသာခရီးကို ခ်ီတက္ခဲ့ရသည့္သူမ်ားျဖစ္ေသာေၾကာင့္ တပ္သားအခ်ိဳ႔ က်န္းမာေရး ထိခိုက္ၾကသည္။ ၁၁ ရက္ သႀကၤန္အက်ေန႔သို႔ ေရာက္လာသည္။ အေလာင္းမင္းတရားမွာ အလြန္ စိတ္ဓာတ္ျပင္းထန္သူျဖစ္ရာ ယခု တစ္ႀကိမ္ စစ္ခ်ီရာတြင္ အလ်င္စလိုပင္ ခ်ီတက္ခဲ့သည္။ လိုအပ္ေသာ ဆင္ျမင္း၊ လက္နက္၊ လူသူအင္အားတို႔ကိုျပည့္စံုစြာ မစီမံေတာ္မူခဲ့ေခ်။ ထို႔ေၾကာင့္ ယခုကဲ့သို႔ ခံစစ္ကို လံုေအာင္တည္ၿပီး ခုခံေသာအခါ မင္းတရားအေနျဖင့္ ယခင္တိုက္ပြဲမ်ားကဲ့သို႔ဖိဖိစီးစီး တိုက္ခိုက္ႏိုင္ေလာက္ေအာင္ အင္အား မလံုမေလာက္ ျဖစ္ရသည္။ ထို႔ေၾကာင့္ ထိုးစစ္မဆင္သာဘဲ စစ္ဦးမွာ တန္႔ေနခဲ့ရသည္။

တစ္ဖန္အေရးႀကီးေသာ အျခားအေၾကာင္းအခ်က္တစ္ရပ္လည္း ရွိေသးသည္။ ယင္းအေၾကာင္းအခ်က္ကား အေလာင္းမင္းတရားကိုယ္ေတာ္ ကိုယ္လက္ မၾကည္သာ မက်န္းမာေတာ္မူလာျခင္းျဖစ္သည္။ ထိုအေျခအေနတြင္ ရာသီဥတုကလည္း ဆိုးရြားမည့္ပံု ေပၚလာသည္။ မိုးဥတုဆိုက္ေရာက္ေပေတာ့မည္၊ မိုးဥတုေရာက္လွ်င္ ေလမိုးျပင္းထန္စြာ က်ေရာက္ေပေတာ့မည္။ ေခ်ာင္းေရမ်ား၊ ျမစ္ေရမ်ားလွ်ံေတာ့မည္။ ၿမိဳ႔ေတာ္တစ္ဝိုက္တြင္ ေရလွ်ံမည္။ ေရမ်ားေဖြးေတာ့မည္။ လူမ်ား၊ တိရစၦာန္မ်ား ေနထိုင္စရာ ကုန္းေျမတို႔ ရွားပါးေပေတာ့မည္။ စားနပ္ရိကၡာမ်ားလည္း ပါးရွား၊ ခက္ခဲေတာ့မည္။

အေျခအေနတိုင္းကို မျပတ္ေလ့လာ ေစာင့္ၾကည့္ေနစၿမဲ ျဖစ္သည့္ အေလာင္းမင္းတရားက ယင္းအေျခအေနဆိုးကို တင္ႀကိဳျမင္သိသည္။ ထို႔ေၾကာင့္၁၁၂၂ ခုႏွစ္၊ ကဆုန္လဆန္း ၂ ရက္ေန႔၌ သားေတာ္ ဗိုလ္မွဴး၊ တပ္မွဴးတို႔ကို ေခၚယူေတာ္မူ၍ လုပ္ေရးၾကံေရးမ်ားကို ေဆြးေႏြးတိုင္ပင္ေတာ္မူသည္။ ထိုအခါ မင္းေခါင္ေနာ္ရထာက စစ္တို႔၏သေဘာမွာ ရုတ္တရက္၊ ေရွာင္တခင္ ေတြ႔ဆံုတိုက္ခိုက္ရေသာ္ အေရးၿပီးလြယ္ပါသည္။ သို႔ေသာ္ ဝိုင္းရံ၍ စစ္ေညာင္းလွ်င္ တပ္အိုမင္းၿပီး ျခင္ယင္လည္းထူသျဖင့္ အနာေရာဂါ ေရာက္တတ္ပါသည္။ ယခုတစ္ႀကိမ္ ေနျပည္ေတာ္သို႔ ျပန္ေတာ္မူၿပီး ေနာက္တစ္ႀကိမ္ ရန္သူတို႔၏ၿမိဳ႔ေတာ္ကို လုပ္ႀကံသင့္ပါသည္။ ေနာက္တစ္ႀကိမ္ လုပ္ၾကံလွ်င္ အလြယ္တကူပင္ေအာင္ျမင္ႏိုင္ပါမည္ဟု တင္ေလွ်ာက္သည္။

စြမ္းရည္သတိၲႏွင့္ ျပည့္စံုလွေသာ ဗိုလ္ခ်ဳပ္ႀကီး မင္းေခါင္ေနာ္ရထာ၏ေလွ်ာက္ထားခ်က္ကို ၾကားသိရလွ်င္ အေလာင္းမင္းတရားက အမိန္႔ေတာ္ ခ်မွတ္သည္။ သို႔ျဖစ္လွ်င္ နက္ျဖန္ပင္ တပ္ဆုတ္ေတာ္မူမည္၊ ငါ့သားေတာ္ေျမးဒူးမင္း သားက ငါ့ေနာက္မွထက္ၾကပ္မကြာ လိုက္ေစ၊ မင္းေခါင္ေနာ္ရထာက ျမင္းငါးရာ၊ေသနတ္စြဲ ေျခာက္ေထာင္ျဖင့္လည္းေကာင္း၊ မင္းလွေနာ္ရထာက ျမင္းႏွစ္ရာ၊ ေသနတ္စြဲ သံုးေထာင္ျဖင့္လည္းေကာင္း ေထာက္မွီကမ္းမွီ ေနာက္မွလိုက္ခဲ့ရမည္။ ယင္းသို႔ မိန္႔ေတာ္မူ၍ ကဆုန္လဆန္း ၃ ရက္ေန႔တြင္ အေလာင္းမင္း တရား၏တပ္မ်ား ျပန္လည္ဆုတ္ခြာၾကသည္။ မင္းလွေနာ္ရထာမွာ တပ္မေတာ္ႏွင့္ ကမ္းမီလမ္းမီမွ လိုက္ပါလာခဲ့သည္။

မင္းေခါင္ေနာ္ရထာမွာ ၿမိဳ႔ေတာ္အျပင္တြင္ က်န္ရစ္သည္။ သူ႔တပ္မ်ားက ၿမိဳ႔တြင္းမွထြက္လာမည့္တပ္မ်ားကို ဟန္႔ထားရန္ တာဝန္ယူရသည္။ မင္းတရားႏွင့္တကြ တပ္မ်ား ၿမိဳ႔ေတာ္ကို ဝိုင္းထားရမွ ျပန္လည္ဆုတ္ခြာသြားၾကာင္း သိလွ်င္ၿမိဳ႔တြင္းမွ အလံုးအရင္းျဖင့္ ထြက္လာၿပီး လိုက္လံတိုက္ခိုက္ေကာင္း တိုက္ခိုက္ၾကေပလိမ့္မည္။ မင္းတရားကို အႏၱရယ္ျပဳႏိုင္ေကာင္း ျပဳႏိုင္မည္။ ယင္းအႏၱရယ္ကို မင္းေခါင္ေနာ္ရထာ၏တပ္မ်ားက ကာကြယ္ၾကရမည္ ျဖစ္သည္။ မင္းေခါင္ေနာ္ရထာတို႔ ခန္႔မွန္းခဲ့သည့္အတို္င္းပင္ တပ္မ်ား ဆုတ္ခြာသြားေၾကာင္း သိေသာအခါ ၿမိဳ႔တြင္းမွထြက္၍ မင္းေခါင္ေနာ္ရထာတို႔တပ္ကို တိုက္ခိုက္ခဲ့ၾကသည္။ သူတို႔က မင္းေခါင္ေနာ္ရထာ၏တပ္ကို ေလးဘက္ေလးတန္မွ ဝိုင္းၾကသည္။

မင္းေခါင္ေနာ္ရထာက ဝိုင္းထားေသာတပ္မ်ားကို မ်က္ႏွာေလးမ်က္ႏွာမွ ထိုးေဖာက္၍ ထြက္ႏိုင္ခဲ့သည္။ ထိုအတြင္း မင္းလွေနာ္ရထာကလည္း ေသနတ္သံမ်ားၾကား၍ မင္းေခါင္ေနာ္ရထာအား ကူညီရန္ ျပန္လည္ေရာက္လာခဲ့သည္။ သို႔ေသာ္ မင္းေခါင္ေနာ္ရထာက တာရွည္စြာ အခ်ိန္ဆြဲမထားဘဲ မင္းလွေနာ္ရထာ တပ္ကို မင္းတရားေနာက္သို႔ အျမန္လိုက္ေစသည္။ ရွင္းလင္းတိုက္ခိုက္ရန္ ရွိသည္မ်ားကို ေလးရက္ခန္႔ ရွင္းလင္းတိုက္ခိုက္ေအာင္ျမင္ၿပီးသည့္ေနာက္ မင္းေခါင္ေနာ္ရထာလည္း မင္းတရားေနာက္သို႔လိုက္ပါသြားသည္။

ယင္းသို႔ ဆုတ္ခြာစဥ္ကာလအတြင္း မင္းတရား၏က်န္းမာေရးအေျခအေနမွာ မ်ားစြာဆိုးရြားလာခဲ့သည္။ ေဝါေတာ္ေပၚ၌ လိုက္ပါရင္း သမားေတာ္မ်ား၏ေဆးဝါးကုသမႈမ်ားကို အမ်ိဳးမ်ိဳးခံယူေတာ္မူရင္း တစ္ေန႔ထက္တစ္ေန႔ ေရာဂါ အေျခအေနက သက္သာျခင္း မရွိခဲ့ေခ်။ မင္းတရားသည္ ၂၄ စခန္းႏွင့္မုတၲမသို႔ ေရာက္လာသည္။ ထိုမွတစ္ဆင့္ မုတၲမေက်း၊ ကင္းရြာသို႔ ၁၁၂၂ ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္ ၁၁ ရက္ေန႔တြင္ေရာက္ရွိေတာ္မူသည္။ ေနာက္တစ္ေန႔ ကဆုန္လျပည့္ေက်ာ္ ၁၂ ရက္ မိုးလင္းစအခ်ိန္တြင္ မင္းတရား နတ္ရြာစံေတာ္မူသည္။ မင္းတရား နတ္ရြာစံေတာ္မူေၾကာင္း အတြင္းလူမ်ားမွအပ မည္သူ႔ကိုမွ် အသိမေပးခဲ့ေခ်။ ကိုယ္ေတာ္အား မပုပ္မသိုးေအာင္ ျပင္ဆင္ၿပီး ေဆာင္ယူေတာ္ မူၿမဲ ေဝါေတာ္ႏွင့္ ဆက္လက္ေဆာင္ယူေတာ္မူသည္။

သို႔ေသာ္ မုတၲမမွ ပဲခူးေရာက္၊ ပဲခူးမွ ရန္ကုန္သို႔ေရာက္ၿပီး ေဖာင္ေတာ္ေပၚသို႔ အေလာင္းေတာ္ကို တင္ေဆာက္ေသာအခါတြင္ အားလံုး သိကုန္ၾကေတာ့သည္။ ဆူပြက္ေအာင္ ပူေဆြး၊ ငိုေျြကးၾကေတာ့သည္။ အေလာင္းေတာ္ကို ေဖာင္ေတာ္ျဖင့္ ဆက္လက္ ပင့္ေဆာင္ခဲ့ရာ ေက်ာက္ေျမာင္းဆိပ္သို႔ ေရာက္သည္။ ယင္းမွတစ္ဆင့္ ေနျပည္ေတာ္သို႔ ဆက္လက္ပင့္ေဆာင္ခဲ့ၾကရာ ေနျပည္ေတာ္ေရာက္လွ်င္ ၿမိဳ႔ေျမာက္ဘက္လိႈင္သာတံခါးမွ သြင္းယူေတာ္မူသည္။ ထို႔ေနာက္ စၾကာဝေတး မႏၱတ္မင္းတို႔ကို သၿဂႋဟ္သကဲ့သို႔ ႀကီးက်ယ္ခမ္းနားစြာျဖင့္ လႊတ္ေတာ္ အေရွ႕ေျမာက္၊ ေျမာက္နန္းၿမိဳ႔ေတာ္အတြင္းတြင္သၿဂႋဳဟ္ေတာ္မူေလသည္။ အေလာင္းမင္းတရားသည္ သာမန္အရပ္သားအျဖစ္ အသက္၃၇ ႏွစ္ ႏွင့္ခုနစ္လေန၍ ထီးနန္းစည္းစိမ္ ရွစ္ႏွစ္ႏွင့္တစ္လ စံစားၿပီး သက္ေတာ္ ၄၅ ႏွစ္ရွစ္လ (၄၆)ႏွစ္တြင္ နတ္ရြာစံေတာ္မူျခင္း ျဖစ္သည္။

Ref:
တင္ေထြး – အေလာင္းမင္းရားႀကီး ဦးေအာင္ေဇယ်


အလောင်းမင်းတရား၏ နောက်ဆုံးနေ့များ(unicode)

မင်းတရားတပ်များသည် ပုလောနှင့်မာရိတ်မြို့များကို အလွယ်တကူပင်သိမ်းပိုက်နိုင်သည်။ မာရိတ်မြို့ကို မြိတ်မြို့ဟုအမည် ပြောင်းလဲ ခေါ်ဝေါ်စေသည်။ အရှေ့တောင်ဘက်သို့ ဆက်လက်ချီတက်ခဲ့ရာ နှစ်ရက်ကြာလျှင် တနင်္လာရီမြို့သို့ရောက်သည်။ မင်းတရားတပ်များသည် အရပ်အဆိုင်း မရှိဘဲ ဆက်လက်ချီတက်ခဲ့ကြရာ ၁၀ ရက်အကြာတွင် ဗြက်ဘီးမြို့သို့ ရောက်ရှိသိမ်းယူကြသည်။ ဗြက်ဘီးမြို့မှဆက်လက်ချီတက်ပြန်ရာ သုံးရက်အကြာတွင် ဘန်လွင်ရွာသို့ရောက်ခဲ့သည်။ ယင်းရွာတွင် ရန်သူအလုံးအရင်းဖြင့် တွေ့ဆုံခဲ့သည်။ သို့သော်မင်းတရားကိုယ်တိုင် ဦးစီး၍ တိုက်ခိုက်ရာ အောင်မြင်သည်။

ဘန်လွန်မှ တစ်ဖက် ဆက်လက် ချီတက်ခဲ့ရာ သုံးရက်အကြာတွင် သဖန်းပုန်းမြို့ကို ရောက်ရှိ သိမ်းပိုက်တော်မူသည်။ သဖန်းပုန်းမှ ဆက်လက် ချီတက်၍တာလန်ချောင်းသို့ရောက်လျှင် အင်အားအလွန်ကောင်းသော ရန်သူတို့က ကြံ့ကြံ့ခံခဲ့ကြသည်။ သို့သော် အင်အားကြီးမားသော ယင်းရန်သူများကိုလည်း အလောင်းမင်းတရားက ထိုးဖောက်တိုက်ခိုက်နိုင်ပြန်သည်။ ယခုအခါတွင် မင်းတရားတပ်များသည် မြို့တော် အယုဒ္ဓယမြို့သို့ အရောက်ချီတော်မူလာကြသည်။

မြို့တော်မြောက်ဖက်သို့ရောက်လျှင် တပ်ကြီးတည်ပြီးလျှင် ထောက်မှီလှမ်းမှီများ တည်စေ၍ မြို့တော်ကို ဝိုင်းရံ ထားသည်။ မြို့တွင်းရှိ လူများက မင်းတရားတပ်များအား ထွက်၍ မတိုက်ကြ။ မြို့တွင်းတွင် အခိုင်အမာ တပ်စွဲနေကြသည်။ ထိုအတွင်း မင်းတရားတပ်များ၏အခြေအနေမှာ တစ်မျိုးတစ်ဖုံ ဖြစ်လာခဲ့သည်။ ဒေသအပြောင်းအလဲ၊ ရာသီဥတုအပြောင်းအလဲနှင့် ဝေးကွာသောခရီးကို ချီတက်ခဲ့ရသည့်သူများဖြစ်သောကြောင့် တပ်သားအချို့ ကျန်းမာရေး ထိခိုက်ကြသည်။ ၁၁ ရက် သင်္ကြန်အကျနေ့သို့ ရောက်လာသည်။ အလောင်းမင်းတရားမှာ အလွန် စိတ်ဓာတ်ပြင်းထန်သူဖြစ်ရာ ယခု တစ်ကြိမ် စစ်ချီရာတွင် အလျင်စလိုပင် ချီတက်ခဲ့သည်။ လိုအပ်သော ဆင်မြင်း၊ လက်နက်၊ လူသူအင်အားတို့ကိုပြည့်စုံစွာ မစီမံတော်မူခဲ့ချေ။ ထို့ကြောင့် ယခုကဲ့သို့ ခံစစ်ကို လုံအောင်တည်ပြီး ခုခံသောအခါ မင်းတရားအနေဖြင့် ယခင်တိုက်ပွဲများကဲ့သို့ဖိဖိစီးစီး တိုက်ခိုက်နိုင်လောက်အောင် အင်အား မလုံမလောက် ဖြစ်ရသည်။ ထို့ကြောင့် ထိုးစစ်မဆင်သာဘဲ စစ်ဦးမှာ တန့်နေခဲ့ရသည်။

တစ်ဖန်အရေးကြီးသော အခြားအကြောင်းအချက်တစ်ရပ်လည်း ရှိသေးသည်။ ယင်းအကြောင်းအချက်ကား အလောင်းမင်းတရားကိုယ်တော် ကိုယ်လက် မကြည်သာ မကျန်းမာတော်မူလာခြင်းဖြစ်သည်။ ထိုအခြေအနေတွင် ရာသီဥတုကလည်း ဆိုးရွားမည့်ပုံ ပေါ်လာသည်။ မိုးဥတုဆိုက်ရောက်ပေတော့မည်၊ မိုးဥတုရောက်လျှင် လေမိုးပြင်းထန်စွာ ကျရောက်ပေတော့မည်။ ချောင်းရေများ၊ မြစ်ရေများလျှံတော့မည်။ မြို့တော်တစ်ဝိုက်တွင် ရေလျှံမည်။ ရေများဖွေးတော့မည်။ လူများ၊ တိရစ္ဆာန်များ နေထိုင်စရာ ကုန်းမြေတို့ ရှားပါးပေတော့မည်။ စားနပ်ရိက္ခာများလည်း ပါးရှား၊ ခက်ခဲတော့မည်။

အခြေအနေတိုင်းကို မပြတ်လေ့လာ စောင့်ကြည့်နေစမြဲ ဖြစ်သည့် အလောင်းမင်းတရားက ယင်းအခြေအနေဆိုးကို တင်ကြိုမြင်သိသည်။ ထို့ကြောင့်၁၁၂၂ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်နေ့၌ သားတော် ဗိုလ်မှူး၊ တပ်မှူးတို့ကို ခေါ်ယူတော်မူ၍ လုပ်ရေးကြံရေးများကို ဆွေးနွေးတိုင်ပင်တော်မူသည်။ ထိုအခါ မင်းခေါင်နော်ရထာက စစ်တို့၏သဘောမှာ ရုတ်တရက်၊ ရှောင်တခင် တွေ့ဆုံတိုက်ခိုက်ရသော် အရေးပြီးလွယ်ပါသည်။ သို့သော် ဝိုင်းရံ၍ စစ်ညောင်းလျှင် တပ်အိုမင်းပြီး ခြင်ယင်လည်းထူသဖြင့် အနာရောဂါ ရောက်တတ်ပါသည်။ ယခုတစ်ကြိမ် နေပြည်တော်သို့ ပြန်တော်မူပြီး နောက်တစ်ကြိမ် ရန်သူတို့၏မြို့တော်ကို လုပ်ကြံသင့်ပါသည်။ နောက်တစ်ကြိမ် လုပ်ကြံလျှင် အလွယ်တကူပင်အောင်မြင်နိုင်ပါမည်ဟု တင်လျှောက်သည်။

စွမ်းရည်သတ္တိနှင့် ပြည့်စုံလှသော ဗိုလ်ချုပ်ကြီး မင်းခေါင်နော်ရထာ၏လျှောက်ထားချက်ကို ကြားသိရလျှင် အလောင်းမင်းတရားက အမိန့်တော် ချမှတ်သည်။ သို့ဖြစ်လျှင် နက်ဖြန်ပင် တပ်ဆုတ်တော်မူမည်၊ ငါ့သားတော်မြေးဒူးမင်း သားက ငါ့နောက်မှထက်ကြပ်မကွာ လိုက်စေ၊ မင်းခေါင်နော်ရထာက မြင်းငါးရာ၊သေနတ်စွဲ ခြောက်ထောင်ဖြင့်လည်းကောင်း၊ မင်းလှနော်ရထာက မြင်းနှစ်ရာ၊ သေနတ်စွဲ သုံးထောင်ဖြင့်လည်းကောင်း ထောက်မှီကမ်းမှီ နောက်မှလိုက်ခဲ့ရမည်။ ယင်းသို့ မိန့်တော်မူ၍ ကဆုန်လဆန်း ၃ ရက်နေ့တွင် အလောင်းမင်း တရား၏တပ်များ ပြန်လည်ဆုတ်ခွာကြသည်။ မင်းလှနော်ရထာမှာ တပ်မတော်နှင့် ကမ်းမီလမ်းမီမှ လိုက်ပါလာခဲ့သည်။

မင်းခေါင်နော်ရထာမှာ မြို့တော်အပြင်တွင် ကျန်ရစ်သည်။ သူ့တပ်များက မြို့တွင်းမှထွက်လာမည့်တပ်များကို ဟန့်ထားရန် တာဝန်ယူရသည်။ မင်းတရားနှင့်တကွ တပ်များ မြို့တော်ကို ဝိုင်းထားရမှ ပြန်လည်ဆုတ်ခွာသွားကြာင်း သိလျှင်မြို့တွင်းမှ အလုံးအရင်းဖြင့် ထွက်လာပြီး လိုက်လံတိုက်ခိုက်ကောင်း တိုက်ခိုက်ကြပေလိမ့်မည်။ မင်းတရားကို အန္တရယ်ပြုနိုင်ကောင်း ပြုနိုင်မည်။ ယင်းအန္တရယ်ကို မင်းခေါင်နော်ရထာ၏တပ်များက ကာကွယ်ကြရမည် ဖြစ်သည်။ မင်းခေါင်နော်ရထာတို့ ခန့်မှန်းခဲ့သည့်အတိ်ုင်းပင် တပ်များ ဆုတ်ခွာသွားကြောင်း သိသောအခါ မြို့တွင်းမှထွက်၍ မင်းခေါင်နော်ရထာတို့တပ်ကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့က မင်းခေါင်နော်ရထာ၏တပ်ကို လေးဘက်လေးတန်မှ ဝိုင်းကြသည်။

မင်းခေါင်နော်ရထာက ဝိုင်းထားသောတပ်များကို မျက်နှာလေးမျက်နှာမှ ထိုးဖောက်၍ ထွက်နိုင်ခဲ့သည်။ ထိုအတွင်း မင်းလှနော်ရထာကလည်း သေနတ်သံများကြား၍ မင်းခေါင်နော်ရထာအား ကူညီရန် ပြန်လည်ရောက်လာခဲ့သည်။ သို့သော် မင်းခေါင်နော်ရထာက တာရှည်စွာ အချိန်ဆွဲမထားဘဲ မင်းလှနော်ရထာ တပ်ကို မင်းတရားနောက်သို့ အမြန်လိုက်စေသည်။ ရှင်းလင်းတိုက်ခိုက်ရန် ရှိသည်များကို လေးရက်ခန့် ရှင်းလင်းတိုက်ခိုက်အောင်မြင်ပြီးသည့်နောက် မင်းခေါင်နော်ရထာလည်း မင်းတရားနောက်သို့လိုက်ပါသွားသည်။

ယင်းသို့ ဆုတ်ခွာစဉ်ကာလအတွင်း မင်းတရား၏ကျန်းမာရေးအခြေအနေမှာ များစွာဆိုးရွားလာခဲ့သည်။ ဝေါတော်ပေါ်၌ လိုက်ပါရင်း သမားတော်များ၏ဆေးဝါးကုသမှုများကို အမျိုးမျိုးခံယူတော်မူရင်း တစ်နေ့ထက်တစ်နေ့ ရောဂါ အခြေအနေက သက်သာခြင်း မရှိခဲ့ချေ။ မင်းတရားသည် ၂၄ စခန်းနှင့်မုတ္တမသို့ ရောက်လာသည်။ ထိုမှတစ်ဆင့် မုတ္တမကျေး၊ ကင်းရွာသို့ ၁၁၂၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်နေ့တွင်ရောက်ရှိတော်မူသည်။ နောက်တစ်နေ့ ကဆုန်လပြည့်ကျော် ၁၂ ရက် မိုးလင်းစအချိန်တွင် မင်းတရား နတ်ရွာစံတော်မူသည်။ မင်းတရား နတ်ရွာစံတော်မူကြောင်း အတွင်းလူများမှအပ မည်သူ့ကိုမျှ အသိမပေးခဲ့ချေ။ ကိုယ်တော်အား မပုပ်မသိုးအောင် ပြင်ဆင်ပြီး ဆောင်ယူတော် မူမြဲ ဝေါတော်နှင့် ဆက်လက်ဆောင်ယူတော်မူသည်။

သို့သော် မုတ္တမမှ ပဲခူးရောက်၊ ပဲခူးမှ ရန်ကုန်သို့ရောက်ပြီး ဖောင်တော်ပေါ်သို့ အလောင်းတော်ကို တင်ဆောက်သောအခါတွင် အားလုံး သိကုန်ကြတော့သည်။ ဆူပွက်အောင် ပူဆွေး၊ ငြွေိုကးကြတော့သည်။ အလောင်းတော်ကို ဖောင်တော်ဖြင့် ဆက်လက် ပင့်ဆောင်ခဲ့ရာ ကျောက်မြောင်းဆိပ်သို့ ရောက်သည်။ ယင်းမှတစ်ဆင့် နေပြည်တော်သို့ ဆက်လက်ပင့်ဆောင်ခဲ့ကြရာ နေပြည်တော်ရောက်လျှင် မြို့မြောက်ဘက်လှိုင်သာတံခါးမှ သွင်းယူတော်မူသည်။ ထို့နောက် စကြာဝတေး မန္တတ်မင်းတို့ကို သင်္ဂြိဟ်သကဲ့သို့ ကြီးကျယ်ခမ်းနားစွာဖြင့် လွှတ်တော် အရှေ့မြောက်၊ မြောက်နန်းမြို့တော်အတွင်းတွင်သင်္ဂြိုဟ်တော်မူလေသည်။ အလောင်းမင်းတရားသည် သာမန်အရပ်သားအဖြစ် အသက်၃၇ နှစ် နှင့်ခုနစ်လနေ၍ ထီးနန်းစည်းစိမ် ရှစ်နှစ်နှင့်တစ်လ စံစားပြီး သက်တော် ၄၅ နှစ်ရှစ်လ (၄၆)နှစ်တွင် နတ်ရွာစံတော်မူခြင်း ဖြစ်သည်။

Ref:
တင်ထွေး – အလောင်းမင်းရားကြီး ဦးအောင်ဇေယျ

Leave a Reply