ဘယ္ေတာ့မွ လက္ေျမာက္ အရံွဳးမေပးတတ္တဲ့သူ (သုိ႔) ဟြန္ဒါရဲ႕ဖခင္ႀကီး ဆိုခ်ီယို ဟြန္းဒါး

Posted on

Written By ဆရာ ဗန္းေမာ္သိန္းေဖ

ဂ်ပန္ႏိုင္ငံက ေမာ္ေတာ္ကားနဲ ႔ေမာ္ေတာ္ ဆိုင္ကယ္ေတြ တကမာၻလံုးကို တင္ပို႔ေနတဲ့ ဟြန္းဒါး(Honda) ဆိုတာ ၾကားဖူးၾကမွာပါ။
ဟြန္းဒါး ကုမၸဏီကို စတင္ တည္ေထာင္သူက ဂ်ပန္လူမိ်ဳး ဟြန္းဒါးပါ။ နာမည္ အျပည့္အစံုက Soichiro_Honda (ဆိုခ်ီယို ဟြန္းဒါး )ျဖစ္ပါတယ္။ ဟြန္းဒါးကို အေနာက္ႏိုင္ငံက သတင္းစာ မဂၢဇင္းေတြမွာ အခက္အခဲနဲ႔ ဘယ္ေလာက္ၾကံဳၾကံဳ ဘယ္ေတာ့မွ အရႈံမေပးတဲ့ လူလို႔ ခ်ီးက်ဴးေရးသား ၾကပါတယ္။ ဘာျဖစ္လို႔ ဂ်ပန္လူမိ်ဳးတေယာက္ကို အေနာက္ႏိုင္ငံေတြက ခ်ီးမြန္းေနရတာလဲ ဆိုတာ ေလ့လာၾကည့္ၾက ရေအာင္။

၁၉၃၈ခုႏွစ္မွာ အသက္၂၁ႏွစ္ အရြယ္ လူငယ္ေလး ဟြန္းဒါးဟာ ေမာ္ေတာ္ကား အင္ဂ်င္မွာသံုးတဲ့ ပစၥတင္ကြင္း (Piston_Ring )ေလးေတြကို သူ႔ရဲ႕ကားျပင္တဲ့ အလုပ္ရံုမွာ စမ္းသပ္ထုတ္လုပ္တယ္။ ေအာင္ျမင္ရင္ တိုယိုတာေမာ္ေတာ္ ကားကုမၸဏီႀကီးကို သူ႔ပစၥည္းေတြ သြင္းမယ္ေပါ့။
အလုပ္ရံုထဲမွာ တေယာက္ထဲ ေန႔ေရာ ညေရာ တကုပ္ကုပ္နဲ႔ႀကိဳးစား ပမ္းစားလုပ္တယ္။ ပိုက္ဆံမေလာက္လို႔ သူ႔မိန္းမရဲ႕ လက္ဝတ္ လက္စားေတြေရာင္းခ်ၿပီး ဆက္လုပ္တယ္။ ေနာက္ ဆံုးေအာင္ျမင္စြာ ထုတ္လုပ္ႏိုင္ခဲ့ၿပီ။ ပစၥည္းနမူနာအခ်ိဳ႕ကို ယူၿပီး တိုယိုတာ ကုမၸဏီကို သြားျပတယ္။ သူ႔ပစၥတင္ကြင္းေတြဟာ စမ္းသပ္ရင္း တခ်ိဳ႕က်ိဳးကုန္လို႔ Quality အရည္အေသြး မမွီဘူးဆိုၿပီး ပယ္ခ်လိုက္ပါတယ္။
သူစိတ္ပ်က္လက္ေလွ်ာ့ သြားၿပီလား။
—ႏိူး—

သူဟာ သ တၱဳကိ်ဳစပ္နည္း ကိုေကာင္းေကာင္း မသိလို႔ျဖစ္မွာပဲ ဆိုၿပီး အင္ဂ်င္နီယာေက်ာင္း သြားတက္တယ္။ ေက်ာင္းက အင္ဂ်င္နီယာေတြက သူ႔ရဲ႕ ပစၥတင္ကြင္းကို ၾကည့္ၿပီး ဝိုင္းဟားၾကတယ္။ သူရွက္ၿပီး စိတ္ပ်က္သြားၿပီလား။
—ႏိူး—
၂ႏွစ္ၾကာေအာင္ သူ႔ရဲ ပစၥတင္ကြင္းေတြကို ဆက္လုပ္တယ္။ ေနာက္ဆံုး ေအာင္ျမင္သြားလို႔ တိုယိုတာ ကုမၸဏီက လက္ခံၿပီး ပစၥည္းေတြ သြင္းဖို႔ ကန္ထ႐ိုက္ စာခ်ဳပ္ခ်ဳပ္လိုက္တယ္။ အခု ဟြန္ဒါးဟာ ပစၥည္းထုတ္လုပ္ဖို႔ စက္ရံုတခုေဆာက္ဖို႔ လိုလာၿပီ။ ဒါေပမဲ့ အဲဒီအခိ်န္မွာ ဒုတိယက မာၻစစ္ႀကီးစတင္ေတာ့မွာမို႔ ဂ်ပန္စစ္တပ္က ဘိလပ္ေျမေတြ အကုန္ သိမ္းထားတယ္။ ဟြန္းဒါးဟာ ဘိလပ္ေျမကို ဘယ္မွာမွ ဝယ္လို႔မရေတာ့ဘူး။
ဟြန္းဒါး စိတ္ပ်က္ သြားၿပီလား။
—ႏိူးႏိူး—

သူဟာ ရတဲ့ ပစၥည္းနဲ႔ ဘိလပ္ေျမ ထုတ္လုပ္နည္းကို တီထြင္ လိုက္တယ္။ သူကိုယ္တိုင္ ထုတ္တဲ့ ဘိလပ္ေျမနဲ႔ စက္ရံုကိုကြန္ကရစ္ေလာင္းၿပီး အၿပီးတည္ေဆာက္ လိုက္တယ္။ စက္ရံုေဆာက္တာ ၿပီးသြားၿပီ။ ပစၥတင္ကြင္းေတြ စထုတ္ေတာ့မယ္။ ဒုတိယ ကမာၻစစ္ႀကီးျဖစ္ေနတံုးမို႔ သူ႔စက္ရံုဟာ အေမရိကန္စစ္ေလယဥ္ေတြ႕ရဲ႕ ဗံုးႀကဲခ်ျခင္းကို -၂ႀကိမ္တိုင္တိုင္ ခံလိုက္ရတယ္။ စက္ရံုဟာ အေတာ္ ပ်က္စီးသြားတယ္။ ပိုဆိုးတာက ပစၥတင္ကြင္းလုပ္ဖို႔ သံထည္ ပစၥည္းေတြ ရွာမရေတာ့ဘူး။ ဂ်ပန္စစ္တပ္က သံပစၥည္းေတြ အကုန္သိမ္းထားလိုက္ၿပီ။
သူစိတ္ဓါတ္က်ၿပီး လက္ေလွ်ာ့ လိုက္ၿပီလား။
—ႏိူးႏိူး—

သူဟာ အေမရိကန္ စစ္ေလယဥ္ေတြက ပစ္ခ်လိုက္တဲ့ ဓါတ္ဆီပံုး အလြတ္ေတြကို ေကာက္ထား သူေတြဆီကေန လိုက္ဝယ္တယ္။ အဲဒါေတြနဲ႔ ဓါတ္ဆီပံုးခြံေတြကို သံရည္ႀကိဳခ်က္ၿပီး ပစၥတင္ကြင္း စတင္ထုတ္လုပ္တယ္။ သိပ္မၾကာခင္မွာပဲ ေျမငလ်င္လႈပ္လို႔ သူစက္ရံုၿပိဳက် ပ်က္စီးသြားတယ္။
ငါ ဒီေလာက္ေတာင္ ကံဆိုးလွခ်ည္လားကြာ ဆိုၿပီး စိတ္ဓါတ္က်အရႈံးေပး လိုက္ၿပီလား။
—ႏိူးႏိူး—

၁၉၄၅ခုႏွစ္ ဒုတိယ ကမာၻစစ္ႀကီးၿပီးသြားၿပီ။ အဲဒီအခ်ိန္မွာ ဓါတ္ဆီ အရမ္းရွားသြားလို႔ ဂ်ပန္လူမိ်ဳးေတြဟာ ကုန္းေၾကာင္းေလွ်ာက္ရင္ေလွ်ာက္ မဟုတ္ရင္ စက္ဘီးစီးၿပီး သြားလာေနရတယ္။ဟြန္းဒါးက ဓါတ္ဆီအစား သက္သာတဲ့ အင္ဂ်င္အေသးေလး တလံုးကို ကိုယ္တိုင္ထုတ္လုပ္ၿပီး သူ႔စက္ဘီးမွာမွာ တပ္လိုက္ၿပီး တေနရာနဲ႔တေနရာကို သြားလာတယ္။ အိမ္နီးခ်င္းေတြက သေဘာက်ၿပီး သူ႔ကိုအဲဒီလို အင္ဂ်င္အေသးေလး တပ္ထားတဲ့ စက္ဘီးေတြလုပ္ၿပီး ေရာင္းေပးဖို႔ေျပာၾကတယ္။သူလဲ အဲဒီစက္ဘီးေလး (ေနာက္ေတာ့ ဆိုက္ကယ္လို႔ေခၚတယ္)ေတြ ေရာင္းေပးတယ္။
တျဖည္းျဖည္းနဲ႔ လူသိမ်ားလာၿပီ ေအာ္ဒါေတြ မွာၾကတယ္။ အင္ဂ်င္လုပ္ဖို႔ သံထည္ ရွားပါးတာရယ္ သူ႔မွာေငြေၾကး မေလာက္တာရယ္ေၾကာင့္ ဆိုင္ကယ္ေလးေတြ ထပ္မထုတ္ႏိုင္ေတာ့ဘူး။ ပစၥည္းေအာ္ဒါမွာ သူေတြကို ပစၥည္း မထုတ္ႏိုင္ေတာ့ေၾကာင္းေတာင္းပန္ရတယ္။သူစိတ္ပ်က္သြားၿပီလား။
—ႏိူးႏိူးႏိူး—

ဟြန္းဒါးဟာ စက္ဘီးဆိုင္ေပါင္း (၁၈,၀၀၀)က ဆိုင္ပိုင္ရွင္ေတြဆီကို စာပို႔လိုက္ပါတယ္။ စာထဲမွာ ဒုတိယ ကမာၻစစ္ရႈံးသြားတဲ့ ဂ်ပန္ႏိုင္ငံရဲ႕ စီးပြားေရးျပန္ လည္ေကာင္းလာဖို႔ သူႀကိဳးစားေနတာမို႔ သူ႔ကိုကူညီၿပီး အစုေငြထဲ့ ဝင္ၾကဖို႔ေရးထားပါတယ္။ ဆိုင္ရွင္ေပါင္း (၅,၀၀၀)ဆီက စာျပန္လာတယ္။ သူ႔ကို ကူညီမယ္ေပါ့။ သူ႔ဆီမွာ အစုေငြထည့္မယ္ေပါ့။ အစုေငြေတြနဲ႔ အေသးစား အင္ဂ်င္တပ္ ဆိုင္ကယ္ေလးေတြ ထုတ္တယ္။
ေရာင္းရလြန္းလုိ႔ SuperCub စူပါကပ္ ဆိုင္ကယ္ဆိုၿပီးနာမည္ေက်ာ္ သြားတယ္။ စူပါကပ္ေတြကို အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြကို အေျမာက္အမ်ား တင္ပို႔ေနရတယ္။ ဟြန္ဒါရဲ႕ အင္ဂ်င္နီယာပညာနဲ႔ မားကက္တင္း ပညာရပ္ေတြဟာ ဟြန္ဒါေမာ္ေတာ္ဆိုင္ကယ္ေတြကို Triumph နဲ႔ Harley Davidson တို႔ကို ေက်ာ္လြန္ၿပီးေရာင္းႏိုင္ခဲ့ပါတယ္။

၁၉၇၀ခုႏွစ္မွာ တကမာၻလံုးေရနံ ရွားပါးသြားတယ္။ အကြက္ျမင္တဲ့ ဟြန္းဒါးဟာ သူ႔ဟြန္းဒါး ကားကုမၸဏီကေန ဆီစားသက္သာတဲ့ ကားေသးေသးေလးေတြ စတင္ထုတ္လုပ္ၿပီး အေနာက္ႏိုင္ငံေတြကို တင္ပို႔ေတာ့တယ္။ အေနာက္ႏိုင္ငံေတြကလဲ ဆီစားသက္သာၿပီး ဒီဇိုင္းလွလွေလးေတြနဲ႔ ထုတ္လုပ္ထားတဲ့ ဟြန္းဒါးကားေလးေတြကို ႀကိဳက္ၾကလြန္းလို႔ အလုအယက္မွာၾကတယ္။ ဝယ္ၾကတယ္။
ဟြန္ဒါက သူ အနားမယူခင္ ၁၉၇၃ ခုႏွစ္အထိ ဥကၠ႒ တာဝန္ကို ထမ္းေဆာင္ခဲ့ၿပီး ေနာက္ပိုင္းမွာ ဒါ႐ိုက္တာအျဖစ္ရပ္တည္ခဲ့ကာ အႀကံေပးခ်ဳပ္အေနနဲ႔ ၁၉၈၃ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ People မဂၢဇင္းက ၁၉၈၀ ခုႏွစ္အတြင္း လ်ိဳ႕ဝွက္စြာ ျပဳလုပ္တတ္ေသာ သူ ၂၅ ဦး စာရင္းမွာတင္သြင္းထားၿပီး ဂ်ပန္ ဟယ္ရီဆင္ဖို႔ဒ္လို႔ တင္စားေခၚေဝၚထားပါတယ္။ အနားယူၿပီးေနာက္ပိုင္းမွာလည္း ဟြန္ဒါက သူ႕အလုပ္ေတြကို ဟြန္ဒါေဖာင္ေဒးရွင္းတည္ေထာင္ၿပီး အလုပ္လုပ္ႏိုင္ဖို႔အတြက္ ႀကိဳးပမ္းခဲ့ပါတယ္။

အသက္အတန္ႀကီးျမင့္ေနခ်ိန္မွာေတာင္ ဆြိဳင္ခ်ီ႐ိုနဲ႔ သူ႕အမ်ိဳးသမီး ဆာခ်ီတို႔ဟာ တဦးခ်င္းပိုင္းေလာ့ လိုင္စင္ကို ရယူထားႏိုင္ခဲ့ပါတယ္။ သူဟာ ႏွင္းေလ်ာစီးျခင္း၊ ဂလိုက္ဒါစီးျခင္းနဲ႔ မီးပုံးပ်ံ စီျခင္းတို႔ကို ၇၇ ႏွစ္ထိျပဳလုပ္ခဲ့ၿပီး အင္မတန္ လက္ရာေျမာက္တဲ့ အႏုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ သူနဲ႔ တာကီယို ဖူဂ်ီဆာဝါတို႔ဟာ သူတို႔ သားသမီးေတြကို သူတို႔ကုမၸဏီမွာ အတင္းအက်ပ္ သြင္းတာမ်ိဳး မလုပ္ဖို႔ ကတိျပဳခဲ့ၾကပါတယ္။ သူ႕သား ဟီ႐ိုတိုရွိ ဟြန္ဒါက မူဂ်န္ ၿပိဳင္ကားကို တည္ေထာင္သူျဖစ္ၿပီး ဦးေဆာင္ဒါ႐ိုက္တာေဟာင္းတစ္ဦးလည္းျဖစ္ပါတယ္။ မူဂ်န္က ဟြန္ဒါကားေတြကို ၿပိဳင္ကားျဖစ္ေအာင္ ေျပာင္းလဲေပးတာအျပင္ မူလဘူတ ၿပိဳင္ကားေတြကိုလည္း ထုတ္လုပ္ပါေသးတယ္။

ASME က ဆြိဳင္ခ်ီ႐ို ဟြန္ဒါဆုကို ဟြန္ဒါရဲ႕ လုပ္ကိုင္မႈေတြကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ၁၉၈၂ ခုႏွစ္မွာ စတင္ေပးပါတယ္။ ဒီဆုဟာ တစ္ကိုယ္ရည္သုံး သယ္ယူပို႔ေဆာင္ေရးပစၥည္းေတြ ထုတ္လုပ္မႈ တီထြင္မႈမွာ ထူးခၽြန္တဲ့သူေတြကို ေပးတာျဖစ္ပါတယ္။ ၁၉၈၉ ခုႏွစ္မွာ သူဟာ ဒက္တ႐ိုက္နားမွာရွိတဲ့ Automotive Hall of Fame အဖြဲ႕မွာ ပါဝင္ခဲ့ပါတယ္။ ၁၉၉၁ ခုႏွစ္ ဩဂုတ္လ ၅ ရက္ေန႔မွာ အသည္းေရာဂါနဲ႔ ကြယ္လြန္ခဲ့သူဟာ ကြယ္လြန္ၿပီးကာမွ တတိယဆင့္ ထူးခၽြန္သူ ဦးစားေပးအျဖစ္ Order of the Rising Sun ရဲ႕ Grand Cordon မွာ ေ႐ြးခ်ယ္ခံရပါတယ္။

ယေန႔ ဟြန္းဒါးေမာ္ေတာ္ကား ကုမၸဏီႀကီဟာ ဂ်ပန္ႏိုင္ငံသာမကပဲ အေမရိကန္နဲ႔ဥေရာပႏိုင္ငံေတြမွာပါ ကားထုတ္လုပ္တဲ့ စက္ရံုေပါင္း မ်ားစြာေထာင္ၿပီး အဲဒီစက္ရံုေတြမွာ အလုပ္သမား သိန္းခ်ီ လုပ္ကိုင္ေနၾကပါတယ္။
မိတ္ေဆြတို႔ လုပ္ငန္းတခုခုလုပ္တာ မေအာင္ျမင္လို႔ လက္ေျမာက္ အရံႈးေပးခ်င္လာရင္ ဘယ္ေတာ့မွ အရႈံးမေပးတတ္တဲ့ ဆိုခ်ီယိုဟြန္းဒါးကို ေျပးျမင္ၾကည့္ လိုက္ၾကပါ။
ဟြန္းဒါးရဲ႕ မွတ္သားစရာစကား တခုကေတာ့
“ေအာင္ျမင္မႈမွာ ရႈံးနိမ့့္မႈ(၉၉)ရာခိုင္ႏူန္း ပါတယ္”တဲ့။

ဆရာဗန္းေမာ္သိန္းေဖ ရဲ႕ သူတုိ႔ဘာေၾကာင့္ ကမာၻေက်ာ္ခဲ့သလဲ စာအုပ္မွ

——————————

ဘယ်တော့မှ လက်မြောက် အရှုံးမပေးတတ်တဲ့သူ (သို့) ဟွန်ဒါရဲ့ဖခင်ကြီး ဆိုချီယို ဟွန်းဒါး (unicode)

Written By ဗန်းမော်သိန်းဖေ

ဂျပန်နိုင်ငံက မော်တော်ကားနဲ့မော်တော် ဆိုင်ကယ်တွေ တကမ္ဘာလုံးကို တင်ပို့နေတဲ့ ဟွန်းဒါး(Honda) ဆိုတာ ကြားဖူးကြမှာပါ။
ဟွန်းဒါး ကုမ္ပဏီကို စတင် တည်ထောင်သူက ဂျပန်လူမျိုး ဟွန်းဒါးပါ။ နာမည် အပြည့်အစုံက Soichiro_Honda (ဆိုချီယို ဟွန်းဒါး )ဖြစ်ပါတယ်။ ဟွန်းဒါးကို အနောက်နိုင်ငံက သတင်းစာ မဂ္ဂဇင်းတွေမှာ အခက်အခဲနဲ့ ဘယ်လောက်ကြုံကြုံ ဘယ်တော့မှ အရှုံမပေးတဲ့ လူလို့ ချီးကျူးရေးသား ကြပါတယ်။ ဘာဖြစ်လို့ ဂျပန်လူမျိုးတယောက်ကို အနောက်နိုင်ငံတွေက ချီးမွန်းနေရတာလဲ ဆိုတာ လေ့လာကြည့်ကြ ရအောင်။

၁၉၃၈ခုနှစ်မှာ အသက်၂၁နှစ် အရွယ် လူငယ်လေး ဟွန်းဒါးဟာ မော်တော်ကား အင်ဂျင်မှာသုံးတဲ့ ပစ္စတင်ကွင်း (Piston_Ring )လေးတွေကို သူ့ရဲ့ကားပြင်တဲ့ အလုပ်ရုံမှာ စမ်းသပ်ထုတ်လုပ်တယ်။ အောင်မြင်ရင် တိုယိုတာမော်တော် ကားကုမ္ပဏီကြီးကို သူ့ပစ္စည်းတွေ သွင်းမယ်ပေါ့။
အလုပ်ရုံထဲမှာ တယောက်ထဲ နေ့ရော ညရော တကုပ်ကုပ်နဲ့ကြိုးစား ပမ်းစားလုပ်တယ်။ ပိုက်ဆံမလောက်လို့ သူ့မိန်းမရဲ့ လက်ဝတ် လက်စားတွေရောင်းချပြီး ဆက်လုပ်တယ်။ နောက် ဆုံးအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီ။ ပစ္စည်းနမူနာအချို့ကို ယူပြီး တိုယိုတာ ကုမ္ပဏီကို သွားပြတယ်။ သူ့ပစ္စတင်ကွင်းတွေဟာ စမ်းသပ်ရင်း တချို့ကျိုးကုန်လို့ Quality အရည်အသွေး မမှီဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။
သူစိတ်ပျက်လက်လျှော့ သွားပြီလား။
—နိူး—
သူဟာ သ တ္တုကျိုစပ်နည်း ကိုကောင်းကောင်း မသိလို့ဖြစ်မှာပဲ ဆိုပြီး အင်ဂျင်နီယာကျောင်း သွားတက်တယ်။ ကျောင်းက အင်ဂျင်နီယာတွေက သူ့ရဲ့ ပစ္စတင်ကွင်းကို ကြည့်ပြီး ဝိုင်းဟားကြတယ်။ သူရှက်ပြီး စိတ်ပျက်သွားပြီလား။
—နိူး—
၂နှစ်ကြာအောင် သူ့ရဲ ပစ္စတင်ကွင်းတွေကို ဆက်လုပ်တယ်။ နောက်ဆုံး အောင်မြင်သွားလို့ တိုယိုတာ ကုမ္ပဏီက လက်ခံပြီး ပစ္စည်းတွေ သွင်းဖို့ ကန်ထရိုက် စာချုပ်ချုပ်လိုက်တယ်။ အခု ဟွန်ဒါးဟာ ပစ္စည်းထုတ်လုပ်ဖို့ စက်ရုံတခုဆောက်ဖို့ လိုလာပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာ ဒုတိယက မ္ဘာစစ်ကြီးစတင်တော့မှာမို့ ဂျပန်စစ်တပ်က ဘိလပ်မြေတွေ အကုန် သိမ်းထားတယ်။ ဟွန်းဒါးဟာ ဘိလပ်မြေကို ဘယ်မှာမှ ဝယ်လို့မရတော့ဘူး။
ဟွန်းဒါး စိတ်ပျက် သွားပြီလား။
—နိူးနိူး—

သူဟာ ရတဲ့ ပစ္စည်းနဲ့ ဘိလပ်မြေ ထုတ်လုပ်နည်းကို တီထွင် လိုက်တယ်။ သူကိုယ်တိုင် ထုတ်တဲ့ ဘိလပ်မြေနဲ့ စက်ရုံကိုကွန်ကရစ်လောင်းပြီး အပြီးတည်ဆောက် လိုက်တယ်။ စက်ရုံဆောက်တာ ပြီးသွားပြီ။ ပစ္စတင်ကွင်းတွေ စထုတ်တော့မယ်။ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်နေတုံးမို့ သူ့စက်ရုံဟာ အမေရိကန်စစ်လေယဉ်တွေ့ရဲ့ ဗုံးကြဲချခြင်းကို -၂ကြိမ်တိုင်တိုင် ခံလိုက်ရတယ်။ စက်ရုံဟာ အတော် ပျက်စီးသွားတယ်။ ပိုဆိုးတာက ပစ္စတင်ကွင်းလုပ်ဖို့ သံထည် ပစ္စည်းတွေ ရှာမရတော့ဘူး။ ဂျပန်စစ်တပ်က သံပစ္စည်းတွေ အကုန်သိမ်းထားလိုက်ပြီ။
သူစိတ်ဓါတ်ကျပြီး လက်လျှော့ လိုက်ပြီလား။
—နိူးနိူး—

သူဟာ အမေရိကန် စစ်လေယဉ်တွေက ပစ်ချလိုက်တဲ့ ဓါတ်ဆီပုံး အလွတ်တွေကို ကောက်ထား သူတွေဆီကနေ လိုက်ဝယ်တယ်။ အဲဒါတွေနဲ့ ဓါတ်ဆီပုံးခွံတွေကို သံရည်ကြိုချက်ပြီး ပစ္စတင်ကွင်း စတင်ထုတ်လုပ်တယ်။ သိပ်မကြာခင်မှာပဲ မြေငလျင်လှုပ်လို့ သူစက်ရုံပြိုကျ ပျက်စီးသွားတယ်။
ငါ ဒီလောက်တောင် ကံဆိုးလှချည်လားကွာ ဆိုပြီး စိတ်ဓါတ်ကျအရှုံးပေး လိုက်ပြီလား။
—နိူးနိူး—

၁၉၄၅ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီးပြီးသွားပြီ။ အဲဒီအချိန်မှာ ဓါတ်ဆီ အရမ်းရှားသွားလို့ ဂျပန်လူမျိုးတွေဟာ ကုန်းကြောင်းလျှောက်ရင်လျှောက် မဟုတ်ရင် စက်ဘီးစီးပြီး သွားလာနေရတယ်။ဟွန်းဒါးက ဓါတ်ဆီအစား သက်သာတဲ့ အင်ဂျင်အသေးလေး တလုံးကို ကိုယ်တိုင်ထုတ်လုပ်ပြီး သူ့စက်ဘီးမှာမှာ တပ်လိုက်ပြီး တနေရာနဲ့တနေရာကို သွားလာတယ်။ အိမ်နီးချင်းတွေက သဘောကျပြီး သူ့ကိုအဲဒီလို အင်ဂျင်အသေးလေး တပ်ထားတဲ့ စက်ဘီးတွေလုပ်ပြီး ရောင်းပေးဖို့ပြောကြတယ်။သူလဲ အဲဒီစက်ဘီးလေး (နောက်တော့ ဆိုက်ကယ်လို့ခေါ်တယ်)တွေ ရောင်းပေးတယ်။
တဖြည်းဖြည်းနဲ့ လူသိများလာပြီ အော်ဒါတွေ မှာကြတယ်။ အင်ဂျင်လုပ်ဖို့ သံထည် ရှားပါးတာရယ် သူ့မှာငွေကြေး မလောက်တာရယ်ကြောင့် ဆိုင်ကယ်လေးတွေ ထပ်မထုတ်နိုင်တော့ဘူး။ ပစ္စည်းအော်ဒါမှာ သူတွေကို ပစ္စည်း မထုတ်နိုင်တော့ကြောင်းတောင်းပန်ရတယ်။သူစိတ်ပျက်သွားပြီလား။
—နိူးနိူးနိူး—

ဟွန်းဒါးဟာ စက်ဘီးဆိုင်ပေါင်း (၁၈,၀၀၀)က ဆိုင်ပိုင်ရှင်တွေဆီကို စာပို့လိုက်ပါတယ်။ စာထဲမှာ ဒုတိယ ကမ္ဘာစစ်ရှုံးသွားတဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးပြန် လည်ကောင်းလာဖို့ သူကြိုးစားနေတာမို့ သူ့ကိုကူညီပြီး အစုငွေထဲ့ ဝင်ကြဖို့ရေးထားပါတယ်။ ဆိုင်ရှင်ပေါင်း (၅,၀၀၀)ဆီက စာပြန်လာတယ်။ သူ့ကို ကူညီမယ်ပေါ့။ သူ့ဆီမှာ အစုငွေထည့်မယ်ပေါ့။ အစုငွေတွေနဲ့ အသေးစား အင်ဂျင်တပ် ဆိုင်ကယ်လေးတွေ ထုတ်တယ်။
ရောင်းရလွန်းလို့ SuperCub စူပါကပ် ဆိုင်ကယ်ဆိုပြီးနာမည်ကျော် သွားတယ်။ စူပါကပ်တွေကို အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို အမြောက်အများ တင်ပို့နေရတယ်။ ဟွန်ဒါရဲ့ အင်ဂျင်နီယာပညာနဲ့ မားကက်တင်း ပညာရပ်တွေဟာ ဟွန်ဒါမော်တော်ဆိုင်ကယ်တွေကို Triumph နဲ့ Harley Davidson တို့ကို ကျော်လွန်ပြီးရောင်းနိုင်ခဲ့ပါတယ်။

၁၉၇ဝခုနှစ်မှာ တကမ္ဘာလုံးရေနံ ရှားပါးသွားတယ်။ အကွက်မြင်တဲ့ ဟွန်းဒါးဟာ သူ့ဟွန်းဒါး ကားကုမ္ပဏီကနေ ဆီစားသက်သာတဲ့ ကားသေးသေးလေးတွေ စတင်ထုတ်လုပ်ပြီး အနောက်နိုင်ငံတွေကို တင်ပို့တော့တယ်။ အနောက်နိုင်ငံတွေကလဲ ဆီစားသက်သာပြီး ဒီဇိုင်းလှလှလေးတွေနဲ့ ထုတ်လုပ်ထားတဲ့ ဟွန်းဒါးကားလေးတွေကို ကြိုက်ကြလွန်းလို့ အလုအယက်မှာကြတယ်။ ဝယ်ကြတယ်။
ဟွန်ဒါက သူ အနားမယူခင် ၁၉၇၃ ခုနှစ်အထိ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ဒါရိုက်တာအဖြစ်ရပ်တည်ခဲ့ကာ အကြံပေးချုပ်အနေနဲ့ ၁၉၈၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ People မဂ္ဂဇင်းက ၁၉၈၀ ခုနှစ်အတွင်း လျို့ဝှက်စွာ ပြုလုပ်တတ်သော သူ ၂၅ ဦး စာရင်းမှာတင်သွင်းထားပြီး ဂျပန် ဟယ်ရီဆင်ဖို့ဒ်လို့ တင်စားခေါ်ဝေါ်ထားပါတယ်။ အနားယူပြီးနောက်ပိုင်းမှာလည်း ဟွန်ဒါက သူ့အလုပ်တွေကို ဟွန်ဒါဖောင်ဒေးရှင်းတည်ထောင်ပြီး အလုပ်လုပ်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်။

အသက်အတန်ကြီးမြင့်နေချိန်မှာတောင် ဆွိုင်ချီရိုနဲ့ သူ့အမျိုးသမီး ဆာချီတို့ဟာ တဦးချင်းပိုင်းလော့ လိုင်စင်ကို ရယူထားနိုင်ခဲ့ပါတယ်။ သူဟာ နှင်းလျောစီးခြင်း၊ ဂလိုက်ဒါစီးခြင်းနဲ့ မီးပုံးပျံ စီခြင်းတို့ကို ၇၇ နှစ်ထိပြုလုပ်ခဲ့ပြီး အင်မတန် လက်ရာမြောက်တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူနဲ့ တာကီယို ဖူဂျီဆာဝါတို့ဟာ သူတို့ သားသမီးတွေကို သူတို့ကုမ္ပဏီမှာ အတင်းအကျပ် သွင်းတာမျိုး မလုပ်ဖို့ ကတိပြုခဲ့ကြပါတယ်။ သူ့သား ဟီရိုတိုရှိ ဟွန်ဒါက မူဂျန် ပြိုင်ကားကို တည်ထောင်သူဖြစ်ပြီး ဦးဆောင်ဒါရိုက်တာဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ မူဂျန်က ဟွန်ဒါကားတွေကို ပြိုင်ကားဖြစ်အောင် ပြောင်းလဲပေးတာအပြင် မူလဘူတ ပြိုင်ကားတွေကိုလည်း ထုတ်လုပ်ပါသေးတယ်။

ASME က ဆွိုင်ချီရို ဟွန်ဒါဆုကို ဟွန်ဒါရဲ့ လုပ်ကိုင်မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ၁၉၈၂ ခုနှစ်မှာ စတင်ပေးပါတယ်။ ဒီဆုဟာ တစ်ကိုယ်ရည်သုံး သယ်ယူပို့ဆောင်ရေးပစ္စည်းတွေ ထုတ်လုပ်မှု တီထွင်မှုမှာ ထူးချွန်တဲ့သူတွေကို ပေးတာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူဟာ ဒက်တရိုက်နားမှာရှိတဲ့ Automotive Hall of Fame အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့သူဟာ ကွယ်လွန်ပြီးကာမှ တတိယဆင့် ထူးချွန်သူ ဦးစားပေးအဖြစ် Order of the Rising Sun ရဲ့ Grand Cordon မှာ ရွေးချယ်ခံရပါတယ်။

ယနေ့ ဟွန်းဒါးမော်တော်ကား ကုမ္ပဏီကြီဟာ ဂျပန်နိုင်ငံသာမကပဲ အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာပါ ကားထုတ်လုပ်တဲ့ စက်ရုံပေါင်း များစွာထောင်ပြီး အဲဒီစက်ရုံတွေမှာ အလုပ်သမား သိန်းချီ လုပ်ကိုင်နေကြပါတယ်။
မိတ်ဆွေတို့ လုပ်ငန်းတခုခုလုပ်တာ မအောင်မြင်လို့ လက်မြောက် အရှုံးပေးချင်လာရင် ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ ဆိုချီယိုဟွန်းဒါးကို ပြေးမြင်ကြည့် လိုက်ကြပါ။
ဟွန်းဒါးရဲ့ မှတ်သားစရာစကား တခုကတော့
“အောင်မြင်မှုမှာ ရှုံးနိမ့်မှု(၉၉)ရာခိုင်နူန်း ပါတယ်”တဲ့။

ဗန်းမော်သိန်းဖေ

Leave a Reply