ျမန္မာ့ ပထမဆုံး အမ်ဳိးသမီးခြဲစိတ္ဆရာ၀န္ လႊတ္ေတာ္အမတ္

Posted on

ကိုလိုနီေခတ္ဦးကာလက ျမန္မာအမ်ိဳးသမီး တစ္ဦးအေနျဖင့္ ဆရာဝန္ျဖစ္ဖို႔ အေရးမွာ အိပ္မက္သဖြယ္ ျဖစ္ပါသည္။ ေဆးပညာ F.R.C.S ဘြဲ႕ကို ပထမဦးဆုံး ဆြတ္ခူးခဲ့ေသာ ဆရာဝန္မႀကီးမွာ ေဒါက္တာေဒၚေစာဆ ျဖစ္ပါသည္။ ေဒၚေစာဆကို ျမန္မာသကၠရာဇ္ ၁၂၄၆-ခု၊ ဝါေခါင္လဆန္း (၁၀)ရက္၊ ခရစ္ႏွစ္ ၁၈၈၄-ခု၊ ဩဂုတ္လ (၁)ရက္ ေန႔ ျပည္ၿမိဳ႕တြင္ ေမြးဖြားခဲ့သည္။ ဖခင္မွာ ျပည္ၿမိဳ႕ နယ္ပိုင္ဝန္ေထာက္ ဦးဘိုးေစာ ျဖစ္ၿပီး မိခင္အမည္ကိုမူ မသိရေပ။ ဖခင္ ဦးဘိုးေစာက ထူးျခားသည္။ သူ႔တြင္သမီးေျခာက္ေယာက္ထြန္းကားရာ သမီးမ်ားအမည္ကို သူ႔အမည္ ေစာႏွင့္တြဲဖက္၍ ပါဠိဘာသာ ဂဏန္းအေခၚအေဝၚမ်ားျဖင့္ တြဲဖက္မွည့္ေခၚခဲ့သည္။ ပထမဆုံး သမီးကို ပါဠိဘာသာ (ဧက)ႏွင့္ တြဲဖက္ၿပီး မေစာအစ္၊ ဒုတိယသမီးကို မေစာေဒြး၊ တတိယသမီးကို မေစာတ စသည္ျဖင့္ မွည့္ေခၚခဲ့သည္။ ေနာက္ဆုံး ဆ႒မေျမာက္ သမီးမွာ မေစာဆ ျဖစ္လာခဲ့သည္။

ျမန္မာအမ်ိဳးသမီး ေခတ္ပညာတတ္မ်ား အလြန္ရွားပါးလွေသာ ေခတ္တြင္ ေဒၚေစာဆမွာ သာသနာျပဳေကာလိပ္ တက္ေရာက္ခြင့္ ရရွိခဲ့သည္။ ယင္းေကာလိပ္မွာ ရန္ကုန္ၿမိဳ႕၊ အလုံရပ္ရွိ ဘက္(ပ္)တစ္ေကာလိပ္ ျဖစ္ၿပီး ေနာင္တြင္ ရန္ကုန္တကၠသိုလ္ဝင္းအတြင္းသို႔ ဂ်က္ဆင္ေကာလိပ္အျဖစ္ ေျပာင္းေရႊ႕ဖြင့္လွစ္ခဲ့ပါသည္။ ၁၉၀၆ ခုႏွစ္တြင္ ေဒၚေစာဆသည္ သာသနာျပဳေကာလိပ္မွ (F.A) စာေမးပြဲကို ေအာင္ျမင္ခဲ့သည္။ ထိုအခ်ိန္တြင္ ျမန္မာနိုင္ငံ၌ ယူနီဘာစီတီဟူ၍ မရွိေသးေပ။ သို႔ျဖင့္ ေဒၚေစာဆက ဝါသနာပါရာ ေဆးေကာလိပ္ ဆက္တက္သည္။ ေနာင္ငါးႏွစ္အၾကာတြင္ ေဆးေကာလိပ္မွ (L.M.S) ဘြဲ႕ကို ၁၉၁၁ တြင္ရရွိခဲ့သည္။ စာအလြန္ေတာ္သူ ျဖစ္သျဖင့္ ေလဒီဒပ္ဖရင္ ပညာသင္ဆုကို ရရွိကာ အိုင္ယာလန္ျပည္၊ ဒဗၺလင္ၿမိဳ႕ရွိ ေတာ္ဝင္ေဆးေကာလိပ္ (Royal College of Surgcons)သို႔ ဆက္လက္တက္ေရာက္ ပညာဆည္းပူးခြင့္ ရရွိခဲ့သည္။ ထို႔ေနာက္ ၁၉၁၂-ခုႏွစ္တြင္ ခြဲစိတ္ပါရဂူဘြဲ႕ (F.R.C.S) ဘြဲ႕ကို ဆြတ္ခူးရရွိခဲ့သည္။ ေဒၚေစာဆကား ယင္းဘြဲ႕ကို ျမန္မာအမ်ိဳးသမီးမ်ားထဲမွ ပထမဆုံး ရရွိခဲ့သူျဖစ္သည္။

မၾကာမီ ေဒၚေစာဆသည္ M.B.E(ေခၚ)Member of the British Empire ဘြဲ႕အျပင္ အထက္လႊတ္ေတာ္ အမတ္အျဖစ္ပါ ခန႔္အပ္ျခင္း ခံခဲ့ရသည္။ ၁၉၁၃-ခုႏွစ္ တြင္ (Royal College of Physicians) ေက်ာင္းမွ (D.P.H) ဘြဲ႕ကို ထပ္မံ ရရွိျပန္သည္။ ဆက္လက္၍ ေဆးပညာကို ဆည္းပူးခဲ့ရာ တစ္ႏွစ္ကာလအတြင္း၌ပင္ (Coombes Maternity Hospital) မွ (L.M) စာေမးပြဲထပ္မံ ေအာင္ျမင္ခဲ့သည္။

ေဒၚေစာဆသည္ ဆရာဝန္ႀကီး ျဖစ္လာၿပီးေနာက္ ရန္ကုန္ေဆး႐ုံႀကီးတြင္ အမ်ိဳးသမီးဌာန၏ လက္ေထာက္ ဆရာဝန္မႀကီး အျဖစ္၎၊ ဒပ္ဖရင္တြင္ ၁၉၁၄ မွ ၁၉၂၀ ထိ ေဆး႐ုံအုပ္အျဖစ္၎၊ (၇)ႏွစ္တိုင္တိုင္ အမႈထမ္းခဲ့သည္။ မ်က္ႏွာျဖဴမ်ားအၾကား ဘီးဆံထုံးႀကီးကားကားျဖင့္ ပဝါစုံခ်ကာ အမႈထမ္းရင္း ျပည္သူတို႔၏ အသက္ေပါင္းမ်ားစြာကို ကယ္တင္ခဲ့သည္။ ၁၉၂၁ တြင္ အေမရိကန္နိုင္ငံ၊ (A.B.W.F.M.S)၏ ေရႊရတုသဘင္ သို႔ ျမန္မာျပည္၏ ကိုယ္စားလွယ္အျဖစ္ တက္ေရာက္ခဲ့သည္။ ၁၉၂၂ အေမရိကန္မွ ျပန္ေရာက္လာေသာအခါ ကိုယ္ပိုင္သားဖြား ေဆးခန္းကို ဖြင့္လွစ္ခဲ့သည္။ ကိုယ္ပိုင္သားဖြားေဆးခန္း တည္ေထာင္ထားေသာ္လည္း ပုဇြန္ေတာင္ေဆး႐ုံ၊ ကၽြန္းေတာလမ္းေဆး႐ုံ စသည္တို႔တြင္ ကုသိုလ္ျဖစ္ သြားေရာက္ကုသေပးခဲ့သည္။

ေဒါက္တာေဒၚေစာဆသည္ ဆရာဝန္ႀကီး အျဖစ္သာမက ၁၉၂၃-ခုႏွစ္တြင္ ရန္ကုန္ျမဴနီစီပါယ္လူႀကီးအျဖစ္ပါ တာဝန္ထမ္းေဆာင္ခဲ့ေသးသည္။ ထိုစဥ္က ေဒါက္တာ ေဒၚေစာဆသည္ ျမန္မာအမ်ိဳးသမီးမ်ားထဲ၌ ပထမဆုံး ေရြးခ်ယ္တင္ေျမႇာက္ျခင္း ခံခဲ့ရသည့္ ျမဴနီစီပါယ္လူႀကီးျဖစ္ခဲ့သည္။

၁၉၂၃-ခုႏွစ္တြင္ အဂၤလန္နိုင္ငံ၊ လန္ဒန္ၿမိဳ႕၌ က်င္းပေသာ ျမန္မာနိုင္ငံဆိုင္ရာ မ်က္ႏွာစုံညီ အစည္းအေဝး (Round Table Conference)သို႔ အဖြဲ႕ဝင္တဦးအျဖစ္ တက္ေရာက္ခဲ့သည္။ ဒုတိယကမၻာစစ္ မတိုင္မီက ပါဝင္ေဆာင္ရြက္ခဲ့သည့္ ေစတနာ့ဝန္ထမ္း အဖြဲ႕အစည္းမ်ားမွာ အထူးမ်ားျပားလွေပသည္။ ၾကက္ေျခနီအသင္း၊ ၿဗိတိသၽွ အင္ပါယာ ကု႒ႏူနာကယ္ဆယ္ေရးအဖြဲ႕၊ ခရစ္ယာန္အမ်ိဳးသမီးအသင္း၊ ရန္ကုန္အမ်ိဳးသမီး ေစာင့္ေရွာက္ေရးအဖြဲ႕ စသည္တို႔တြင္ ကိုယ္အားဉာဏ္အားျဖင့္ ကူညီသည္။

၁၉၄၀-ျပည့္ႏွစ္တြင္ ႐ုတ္တရက္ ညာဘက္ကိုယ္တစ္ျခမ္း က်င္လာကာ ေလးလတိတိ အနားယူကာ ေဆးဝါးကုသခံယူခဲ့ရသည္။ တစ္စတစ္စ က်န္းမာလာၿပီးေနာက္ ဂ်ပန္ေခတ္တြင္ စလင္း၊ လည္ကိုင္း၊ ေညာင္ကိုင္း၊ မင္းဘူး စသည့္ေဒသမ်ားသို႔ စစ္ေျပးခဲ့ရသည္။ ထိုအခ်ိန္မ်ားတြင္လည္း အလကားမေနဘဲ အခမဲ့ေဆးကုေပးသည္။ ေဒၚေစာဆသည္ အလြန္စိတ္ရွည္သည္။ သို ့ေသာ္ ဆရာမေလးမ်ားကိုမူ ခပ္ႀကမ္းႀကမ္းေလး ခ်ဳပ္ကိုင္တတ္သည္။ လူနာေတြ နာက်င္သလို သူလဲ နာက်င္တတ္သည္။ တစ္ခါတစ္ရံ အဂၤလိပ္မ်ား လက္ေလွ်ာ့ထားသည္ကိုပင္ စိတ္မေလွ်ာ့ဘဲ ဆက္လက္ ကုသတတ္သည္။ အတတ္ႏိုင္ဆံုးကယ္ဆယ္ခဲ့သည္။

စစ္ေျပးတုန္းက ေဆးရံုကလည္း ရွားပါး ၊ ဒဏ္ရာရသူေတြကလည္း ေပါမ်ား ၊ တစ္ခါတစ္ရံ လူနာေခၚ၍ သြားရသည္။ ႀကမ္းက မခိုင္၍ ထိုင္ပင္ မထိုင္၀ံ ၊ ဒိုက္ဦးမွာေနႀကစဥ္ ေမြးလူနာတစ္ဦး လယ္ေတာတဲထဲမွာ အသည္းအသန္ ျဖစ္ေနသည္ဆို၍ လိုက္သြားရာ ေတာ္ေတာ္ႏွင့္ ျပန္မလာဘဲေနသည္။ တဲကေလးကလည္း ငံု ့၀င္မွ ရသည္။ ေညာင္ေလးပင္ေဆးရံုကလည္း မနီး ၊ ဒါႏွင့္ ေမ့ေဆးေပးျပီး ခြဲစိတ္ကုသေပးရသည္။ အ၀တ္သန္ ့သန္ ့မရွိသျဖင့္ အိမ္က အိပ္ယာခင္း ၊ စာပြဲခင္းမ်ားကို ဆုတ္ျပီး ေဆးရံုမွာကဲ့သို ့ တဲကေလးကို ေဆးခန္းလုပ္ျပီး ကုသေပးခဲ့ရသည္။ အဖ်ားမက်မခ်င္း အနားက မခြာ ကိုယ္ဖိရင္ဖိ ကုသခဲ့တယ္။ ” ဟု သူ ့သားခ်င္းမွာထံမွ ႀကားရပါသည္။ သူ ့ကို အားကိုးေသာေ၀ဒနာရွင္မ်ားအား ျပန္လည္ေလးစားခဲ့သည္။

ေ၀ဒနာသည္မ်ားမွာ သူ ့ကိုျမင္ရံုႏွင့္ အားတက္လာႀကသည္။ ေဆးထိုးရာ၍လည္း ထိုးမွန္မသိေအာင္ ညင္သာသည္ဟု တဆင့္စကား ႀကားရပါသည္။ ေဒၚေစာဆအား အသက္ရွင္ေနသေရြ ့ အလုပ္ႏွင့္လက္ ျပတ္သည္မရွိပါ။ အရြယ္ေထာက္လာသည့္တိုင္ေအာင္ သူ သံေယာဇဥ္ ရွိခဲ့ေသာ ေဆးခန္းကို ပစ္မထားဖို ့ အထပ္ထပ္မွာခဲ့သည္။ သူေရးသားျပဳစုေသာ သူနာျပဳ၀မ္းဆြဲ ဆရာမမ်ား လက္စြဲစာအုပ္မွာ ေနာင္လာေနာက္သားေတြ အတြက္ ႀကီးစြာေသာ အေထာက္အကူ ျဖစ္ခဲ့သည္။

သူ ့အတၳဳပၸတိၳေရးရန္ ဟယ္လ္ပင္လမ္း ( ယခုျပည္ေထာင္စုရိပ္သာလမ္း ) နံပါတ္ ( ၆၀ ) ရွိ သူ ့အိမ္သားမ်ားႏွင့္ သြားေတြ ့စဥ္က ကံေကာင္း၍ သူ ့လက္ေရးႏွင့္ စာရြက္ကေလးတစ္ခုကို ေတြ ့ခဲ့ရသည္။ “၁၉၄၆ခု ၊ စစ္အျပီး ရန္ကုန္ျပန္လာသည့္အခါ လင့္လမ္း ( ယခု လမ္း ) အမွတ္ (၃၀ ) ကြ်န္မတို ့အိမ္မွာ ဂ်ပန္ေတြ မီးရိႈ ့ပစ္ခဲ့တာ ေတြ ့ရသည္ ” ဟူေသာ မွတ္တမ္းေလးပင္ ျဖစ္၏။

သူ ့၏ ေစတနာ့၀န္ထမ္းအလုပ္မွာ ယခု ေခတ္စီးပြားေရးရႈ ့ေထာင့္ အသီးသီးမွ ေငြရရင္ျပီးေရာ မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါေသာ အသျပာဆရာ၀န္ေတြႏွင့္ကား ဘာမွ်မဆိုင္။ တစ္ဘာသာစီ ျခားေနဘိသည္။ ေဒၚေစာဆကဲ့သို ့ အတန္းအစားမေရႊး အနစ္နာခံကာ ေစတနာထားႏိုင္သူ ဆရာ၀န္ေတြ ယခုေခတ္မွာ ဘယ္ေလာက္ရွိမလဲ။ သူ ့နမူနာယူျပီး ဘယ္ႏွစ္ေယာက္ သူ ့ေျခရာနင္းႏ္ုင္မလည္း။ ဆရာ၀န္မႀကီး ေဒါက္တာေဒၚေစာဆကား သစ္ပင္ ပန္းပင္ စိုက္ပ်ိဳးရန္လည္း အလြန္၀ါသနာထံုသည္။ သို ့ေသာ္ အလြန္ပန္ဆင္ခဲသည္။ ငယ္စဥ္ကပင္ သူ ့ေမာ္ေတာ္ကား သူေမာင္းကာ တင္းနစ္ အျမဲရိုက္ကစား၍ က်န္းမာေရးေကာင္းခဲ့သူ ျဖစ္သည္။

ဤသို ့ တစ္သက္လံုး အျငိမ္မေန လႈပ္ရွားခဲ့ေသာ ဆရာ၀န္မႀကီးမွာ ၁၉၆၂ခုႏွစ္ ၊ ေဖေဖာ္၀ါရီလ ၂၈ ရက္ေန ့့ အသက္ ၇၈ ႏွစ္အရြယ္ ေသြးတိုးေရာဂါ၏ ဖိစီးမႈ ့ေႀကာင့္ သူအလြန္ခ်စ္ျမတ္ႏိုးခဲ့ေသာ လူသားႏွင့္တကြ ေဆးပညာရပ္ေတြ ၊ ကယ္ဆယ္ကုသေရးလုပ္ငန္းေတြကို စြန္ ့လႊတ္ကာ ထာ၀ရအနားယူခဲ့သည္။

Ref;
Myanmar Wikipedia
ျမန္မာအမ်ဳိးသမီးမ်ား – ေစာမုံညွင္း

————————

မြန်မာ့ ပထမဆုံး အမျိုးသမီးခွဲစိတ်ဆရာဝန် လွှတ်တော်အမတ် (unicode)

ကိုလိုနီခေတ်ဦးကာလက မြန်မာအမျိုးသမီး တစ်ဦးအနေဖြင့် ဆရာဝန်ဖြစ်ဖို့ အရေးမှာ အိပ်မက်သဖွယ် ဖြစ်ပါသည်။ ဆေးပညာ F.R.C.S ဘွဲ့ကို ပထမဦးဆုံး ဆွတ်ခူးခဲ့သော ဆရာဝန်မကြီးမှာ ဒေါက်တာဒေါ်စောဆ ဖြစ်ပါသည်။ ဒေါ်စောဆကို မြန်မာသက္ကရာဇ် ၁၂၄၆-ခု၊ ဝါခေါင်လဆန်း (၁၀)ရက်၊ ခရစ်နှစ် ၁၈၈၄-ခု၊ ဩဂုတ်လ (၁)ရက် နေ့ ပြည်မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ပြည်မြို့ နယ်ပိုင်ဝန်ထောက် ဦးဘိုးစော ဖြစ်ပြီး မိခင်အမည်ကိုမူ မသိရပေ။ ဖခင် ဦးဘိုးစောက ထူးခြားသည်။ သူ့တွင်သမီးခြောက်ယောက်ထွန်းကားရာ သမီးများအမည်ကို သူ့အမည် စောနှင့်တွဲဖက်၍ ပါဠိဘာသာ ဂဏန်းအခေါ်အဝေါ်များဖြင့် တွဲဖက်မှည့်ခေါ်ခဲ့သည်။ ပထမဆုံး သမီးကို ပါဠိဘာသာ (ဧက)နှင့် တွဲဖက်ပြီး မစောအစ်၊ ဒုတိယသမီးကို မစောဒွေး၊ တတိယသမီးကို မစောတ စသည်ဖြင့် မှည့်ခေါ်ခဲ့သည်။ နောက်ဆုံး ဆဋ္ဌမမြောက် သမီးမှာ မစောဆ ဖြစ်လာခဲ့သည်။

မြန်မာအမျိုးသမီး ခေတ်ပညာတတ်များ အလွန်ရှားပါးလှသော ခေတ်တွင် ဒေါ်စောဆမှာ သာသနာပြုကောလိပ် တက်ရောက်ခွင့် ရရှိခဲ့သည်။ ယင်းကောလိပ်မှာ ရန်ကုန်မြို့၊ အလုံရပ်ရှိ ဘက်(ပ်)တစ်ကောလိပ် ဖြစ်ပြီး နောင်တွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းသို့ ဂျက်ဆင်ကောလိပ်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၀၆ ခုနှစ်တွင် ဒေါ်စောဆသည် သာသနာပြုကောလိပ်မှ (F.A) စာမေးပွဲကို အောင်မြင်ခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၌ ယူနီဘာစီတီဟူ၍ မရှိသေးပေ။ သို့ဖြင့် ဒေါ်စောဆက ဝါသနာပါရာ ဆေးကောလိပ် ဆက်တက်သည်။ နောင်ငါးနှစ်အကြာတွင် ဆေးကောလိပ်မှ (L.M.S) ဘွဲ့ကို ၁၉၁၁ တွင်ရရှိခဲ့သည်။ စာအလွန်တော်သူ ဖြစ်သဖြင့် လေဒီဒပ်ဖရင် ပညာသင်ဆုကို ရရှိကာ အိုင်ယာလန်ပြည်၊ ဒဗ္ဗလင်မြို့ရှိ တော်ဝင်ဆေးကောလိပ် (Royal College of Surgcons)သို့ ဆက်လက်တက်ရောက် ပညာဆည်းပူးခွင့် ရရှိခဲ့သည်။ ထို့နောက် ၁၉၁၂-ခုနှစ်တွင် ခွဲစိတ်ပါရဂူဘွဲ့ (F.R.C.S) ဘွဲ့ကို ဆွတ်ခူးရရှိခဲ့သည်။ ဒေါ်စောဆကား ယင်းဘွဲ့ကို မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး ရရှိခဲ့သူဖြစ်သည်။
မကြာမီ ဒေါ်စောဆသည် M.B.E(ခေါ်)Member of the British Empire ဘွဲ့အပြင် အထက်လွှတ်တော် အမတ်အဖြစ်ပါ ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၁၃-ခုနှစ် တွင် (Royal College of Physicians) ကျောင်းမှ (D.P.H) ဘွဲ့ကို ထပ်မံ ရရှိပြန်သည်။ ဆက်လက်၍ ဆေးပညာကို ဆည်းပူးခဲ့ရာ တစ်နှစ်ကာလအတွင်း၌ပင် (Coombes Maternity Hospital) မှ (L.M) စာမေးပွဲထပ်မံ အောင်မြင်ခဲ့သည်။

ဒေါ်စောဆသည် ဆရာဝန်ကြီး ဖြစ်လာပြီးနောက် ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသမီးဌာန၏ လက်ထောက် ဆရာဝန်မကြီး အဖြစ်၎င်း၊ ဒပ်ဖရင်တွင် ၁၉၁၄ မှ ၁၉၂၀ ထိ ဆေးရုံအုပ်အဖြစ်၎င်း၊ (၇)နှစ်တိုင်တိုင် အမှုထမ်းခဲ့သည်။ မျက်နှာဖြူများအကြား ဘီးဆံထုံးကြီးကားကားဖြင့် ပဝါစုံချကာ အမှုထမ်းရင်း ပြည်သူတို့၏ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သည်။ ၁၉၂၁ တွင် အမေရိကန်နိုင်ငံ၊ (A.B.W.F.M.S)၏ ရွှေရတုသဘင် သို့ မြန်မာပြည်၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၂၂ အမေရိကန်မှ ပြန်ရောက်လာသောအခါ ကိုယ်ပိုင်သားဖွား ဆေးခန်းကို ဖွင့်လှစ်ခဲ့သည်။ ကိုယ်ပိုင်သားဖွားဆေးခန်း တည်ထောင်ထားသော်လည်း ပုဇွန်တောင်ဆေးရုံ၊ ကျွန်းတောလမ်းဆေးရုံ စသည်တို့တွင် ကုသိုလ်ဖြစ် သွားရောက်ကုသပေးခဲ့သည်။

ဒေါက်တာဒေါ်စောဆသည် ဆရာဝန်ကြီး အဖြစ်သာမက ၁၉၂၃-ခုနှစ်တွင် ရန်ကုန်မြူနီစီပါယ်လူကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ထိုစဉ်က ဒေါက်တာ ဒေါ်စောဆသည် မြန်မာအမျိုးသမီးများထဲ၌ ပထမဆုံး ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည့် မြူနီစီပါယ်လူကြီးဖြစ်ခဲ့သည်။
၁၉၂၃-ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေး (Round Table Conference)သို့ အဖွဲ့ဝင်တဦးအဖြစ် တက်ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ပါဝင်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှာ အထူးများပြားလှပေသည်။ ကြက်ခြေနီအသင်း၊ ဗြိတိသျှ အင်ပါယာ ကုဋ္ဌနူနာကယ်ဆယ်ရေးအဖွဲ့၊ ခရစ်ယာန်အမျိုးသမီးအသင်း၊ ရန်ကုန်အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့ စသည်တို့တွင် ကိုယ်အားဉာဏ်အားဖြင့် ကူညီသည်။

၁၉၄၀-ပြည့်နှစ်တွင် ရုတ်တရက် ညာဘက်ကိုယ်တစ်ခြမ်း ကျင်လာကာ လေးလတိတိ အနားယူကာ ဆေးဝါးကုသခံယူခဲ့ရသည်။ တစ်စတစ်စ ကျန်းမာလာပြီးနောက် ဂျပန်ခေတ်တွင် စလင်း၊ လည်ကိုင်း၊ ညောင်ကိုင်း၊ မင်းဘူး စသည့်ဒေသများသို့ စစ်ပြေးခဲ့ရသည်။ ထိုအချိန်များတွင်လည်း အလကားမနေဘဲ အခမဲ့ဆေးကုပေးသည်။ ဒေါ်စောဆသည် အလွန်စိတ်ရှည်သည်။ သို့သော် ဆရာမလေးများကိုမူ ခပ်ကြမ်းကြမ်းလေး ချုပ်ကိုင်တတ်သည်။ လူနာတွေ နာကျင်သလို သူလဲ နာကျင်တတ်သည်။ တစ်ခါတစ်ရံ အင်္ဂလိပ်များ လက်လျှော့ထားသည်ကိုပင် စိတ်မလျှော့ဘဲ ဆက်လက် ကုသတတ်သည်။ အတတ်နိုင်ဆုံးကယ်ဆယ်ခဲ့သည်။ စစ်ပြေးတုန်းက ဆေးရုံကလည်း ရှားပါး ၊ ဒဏ်ရာရသူတွေကလည်း ပေါများ ၊ တစ်ခါတစ်ရံ လူနာခေါ်၍ သွားရသည်။ ကြမ်းက မခိုင်၍ ထိုင်ပင် မထိုင်ဝံ ၊ ဒိုက်ဦးမှာနေကြစဉ် မွေးလူနာတစ်ဦး လယ်တောတဲထဲမှာ အသည်းအသန် ဖြစ်နေသည်ဆို၍ လိုက်သွားရာ တော်တော်နှင့် ပြန်မလာဘဲနေသည်။ တဲကလေးကလည်း ငုံ့ဝင်မှ ရသည်။ ညောင်လေးပင်ဆေးရုံကလည်း မနီး ၊ ဒါနှင့် မေ့ဆေးပေးပြီး ခွဲစိတ်ကုသပေးရသည်။ အဝတ်သန့်သန့်မရှိသဖြင့် အိမ်က အိပ်ယာခင်း ၊ စာပွဲခင်းများကို ဆုတ်ပြီး ဆေးရုံမှာကဲ့သို့ တဲကလေးကို ဆေးခန်းလုပ်ပြီး ကုသပေးခဲ့ရသည်။ အဖျားမကျမချင်း အနားက မခွာ ကိုယ်ဖိရင်ဖိ ကုသခဲ့တယ်။ ” ဟု သူ့သားချင်းမှာထံမှ ကြားရပါသည်။ သူ့ကို အားကိုးသောဝေဒနာရှင်များအား ပြန်လည်လေးစားခဲ့သည်။

ဝေဒနာသည်များမှာ သူ့ကိုမြင်ရုံနှင့် အားတက်လာကြသည်။ ဆေးထိုးရာ၍လည်း ထိုးမှန်မသိအောင် ညင်သာသည်ဟု တဆင့်စကား ကြားရပါသည်။ ဒေါ်စောဆအား အသက်ရှင်နေသရွေ့ အလုပ်နှင့်လက် ပြတ်သည်မရှိပါ။ အရွယ်ထောက်လာသည့်တိုင်အောင် သူ သံယောဇဉ် ရှိခဲ့သော ဆေးခန်းကို ပစ်မထားဖို့ အထပ်ထပ်မှာခဲ့သည်။ သူရေးသားပြုစုသော သူနာပြုဝမ်းဆွဲ ဆရာမများ လက်စွဲစာအုပ်မှာ နောင်လာနောက်သားတွေ အတွက် ကြီးစွာသော အထောက်အကူ ဖြစ်ခဲ့သည်။
သူ့အတ္ထုပ္ပတ္ထိရေးရန် ဟယ်လ်ပင်လမ်း ( ယခုပြည်ထောင်စုရိပ်သာလမ်း ) နံပါတ် ( ၆၀ ) ရှိ သူ့အိမ်သားများနှင့် သွားတွေ့စဉ်က ကံကောင်း၍ သူ့လက်ရေးနှင့် စာရွက်ကလေးတစ်ခုကို တွေ့ခဲ့ရသည်။ “၁၉၄၆ခု ၊ စစ်အပြီး ရန်ကုန်ပြန်လာသည့်အခါ လင့်လမ်း ( ယခု လမ်း ) အမှတ် (၃၀ ) ကျွန်မတို့အိမ်မှာ ဂျပန်တွေ မီးရှို့ပစ်ခဲ့တာ တွေ့ရသည် ” ဟူသော မှတ်တမ်းလေးပင် ဖြစ်၏။

သူ့၏ စေတနာ့ဝန်ထမ်းအလုပ်မှာ ယခု ခေတ်စီးပွားရေးရှု့ထောင့် အသီးသီးမှ ငွေရရင်ပြီးရော မျက်နှာကြီးရာ ဟင်းဖတ်ပါသော အသပြာဆရာဝန်တွေနှင့်ကား ဘာမျှမဆိုင်။ တစ်ဘာသာစီ ခြားနေဘိသည်။ ဒေါ်စောဆကဲ့သို့ အတန်းအစားမရွှေး အနစ်နာခံကာ စေတနာထားနိုင်သူ ဆရာဝန်တွေ ယခုခေတ်မှာ ဘယ်လောက်ရှိမလဲ။ သူ့နမူနာယူပြီး ဘယ်နှစ်ယောက် သူ့ခြေရာနင်းန်ုင်မလည်း။ ဆရာဝန်မကြီး ဒေါက်တာဒေါ်စောဆကား သစ်ပင် ပန်းပင် စိုက်ပျိုးရန်လည်း အလွန်ဝါသနာထုံသည်။ သို့သော် အလွန်ပန်ဆင်ခဲသည်။ ငယ်စဉ်ကပင် သူ့မော်တော်ကား သူမောင်းကာ တင်းနစ် အမြဲရိုက်ကစား၍ ကျန်းမာရေးကောင်းခဲ့သူ ဖြစ်သည်။
ဤသို့ တစ်သက်လုံး အငြိမ်မနေ လှုပ်ရှားခဲ့သော ဆရာဝန်မကြီးမှာ ၁၉၆၂ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အသက် ၇၈ နှစ်အရွယ် သွေးတိုးရောဂါ၏ ဖိစီးမှု့ကြောင့် သူအလွန်ချစ်မြတ်နိုးခဲ့သော လူသားနှင့်တကွ ဆေးပညာရပ်တွေ ၊ ကယ်ဆယ်ကုသရေးလုပ်ငန်းတွေကို စွန့်လွှတ်ကာ ထာဝရအနားယူခဲ့သည်။

Ref;
Myanmar Wikipedia
မြန်မာအမျိုးသမီးများ – စောမုံညှင်း

Leave a Reply