သက္တမ္း ႏွစ္ေပါင္း ၁၇၀၀ ရွိတဲ့ ဗုဒၶရုပ္ပြားေတာ္ကုိ Bhamala ေဒသမွ တူးေဖာ္ရရွိ

Posted on

ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ပါကစၥတန္ႏုိင္ငံ မွာ ႏွစ္ေပါင္း ၁၇၀၀ သက္တမ္းရွိတဲ့ ေလွ်ာင္းေတာ္မူ ဗုဒၶရုပ္ပြားေတာ္တစ္ဆူကို တူးေဖာ္ေတြ႔ရွိခဲ့ပါတယ္။ ပါကစၥတန္ႏုိင္ငံ Haripur ၿမဳိ႕အနီးမွာရွိတဲ့ Bhamala ဆုိတဲ့ေဒသကေန တူးေဖာ္ရရွိခဲ့တာျဖစ္ပါတယ္။ Bhamala ဟာ ဗုဒၶရုပ္ပြားေတာ္မ်ားတိမ္ျမဳပ္ေပ်ာက္ကြယ္ရာေနရာျဖစ္ၿပီး တူးေဖာ္မူေတြကုိ ၁၉၂၉(လြန္ခဲ့ေသာႏွစ္ေပါင္း ၈၈ႏွစ္) ကတည္းက စတင္ခဲ့တဲ့ေနရာလည္းျဖစ္ပါတယ္။

ဒီတစ္ခါ တူးေဖာ္ရရွိခဲ့တဲ့ေလ်ာင္းေတာ္မူဘုရားဟာ ဥာဏ္ေတာ္ ၄၈ေပ ရွိပါတယ္။
“ဒီေလ်ာင္းေတာ္မူ ဗုဒၶရုပ္ပြားေတာ္ဟာ ၃ရာစုက လက္ရာျဖစ္ၿပီး ႏွစ္ေပါင္း ၁၇၀၀ သက္တမ္းရွိတာေၾကာင့္ ေရွးအက်ဆုံးရုပ္ပြားေတာ္တစ္ဆူလည္းျဖစ္ပါတယ္။ ယခုဆုိရင္ ဒီေနရာတစ္၀ုိက္က တူးေဖာ္ရရွိခဲ့တဲ့ ဗုဒၶဘာသာဆုိင္ရာ အရာ၀ထၳဳေပါင္း ၅၀၀ခန္႔ကို တူးေဖာ္ရရွိခဲ့ၿပီးပါၿပီ” လုိ႔ Bhamla သုေတသနႏွင့္ ျပတုိက္အဖြဲ႔ေခါင္းေဆာင္ Abdul Samad က ဆုိပါတယ္။

ဒီေနရာတစ္၀ုိက္ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၃၀၀ ၀န္းက်င္က အာေသာကမင္းႀကီးရဲ႕ပုိင္နက္ျဖစ္ခဲ့ၿပီး ဗုဒၶဘာသာထြန္းကားရာေနရာလည္းျဖစ္ခဲ့ပါတယ္။ Bhamala သုေတသနေရွးေဟာင္းနယ္ေျမကို ထိမ္းသိမ္းသင့္တဲ့အေမြအႏွစ္ေဒသအျဖစ္ သတ္မွတ္ထားပါတယ္။ ဗုဒၶဘာသာ၀င္ေတြကေတာ့ ဒီေနရာကုိ ဂရုတစုိက္ျပဳျပင္ထိမ္းသိမ္းေစခ်င္ၾကၿပီး လာေရာက္ၾကည့္ရႈ႕လည္ပတ္လုိၾကပါတယ္။ ဒီႏုိင္ငံဟာ တစ္ခ်ိန္က ဗုဒၶဘာသာထြန္းကားခဲ့ေပမယ့္ ၂၀၁၂ခုႏွစ္ရဲ႕ စာရင္းအရေတာ့ ဗုဒၶဘာသာ၀င္ ၁၄၉၂ဦးသာ ရွိေတာ့ပါတယ္။

၁၉၂၉ခုႏွစ္မွာ ပထမဆုံးဒီေနရာကုိ တူးေဖာ္ခဲ့ၾကတဲ့ပညာရွင္ေတြကေတာ့ Sir Sufian Malik နဲ႔ Sir John Marshall တုိ႔ျဖစ္ၿပီး ၁၉၃၀ခုႏွစ္အထိ တူးေဖာ္ခဲ့ၾကပါတယ္။ အဲဒီေနာက္ပုိင္းမွာေတာ့ ထပ္မံတူးေဖာ္ျခင္းမျပဳၾကေတာ့ပဲ ၂၀၁၇ခုႏွစ္ေရာက္မွ ျပန္လည္တူးေဖာ္ခဲ့ၾကတာပဲျဖစ္ပါတယ္။ Bhamla ေရွးေဟာင္းနယ္ေျမဟာ ကမာၻ႔အေမြအႏွစ္ UNESCO စာရင္း၀င္ေနရာတစ္ခုျဖစ္ၿပီး Khyber Pakhtunkhwaျပည္နယ္အစုိးရရဲ႕လက္ေအာက္က သုေတသနနဲ႔ျပတုိက္ဌာနရဲ႕ ထိမ္းခ်ဳပ္မႈေအာက္မွာရွိေနပါတယ္။ တကၠသီလာေတာင္ၾကားမွာ အထိမ္းသိမ္းသင့္ဆုံးေနရာလုိ႔လည္း ဆုိႏုိင္ပါတယ္။ ပါကစၥတန္က ထင္ရွားတဲ့ အျခားဗုဒၶဘာသာနယ္ေျမႏွစ္ခုကေတာ့ တကၠသီလာ(Taxila) နဲ႔ Gandhara ေဒသတုိ႔ပဲျဖစ္ပါတယ္။


သက်တမ်း နှစ်ပေါင်း ၁၇၀၀ ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို Bhamala ဒေသမှ တူးဖော်ရရှိ (unicode)

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပါကစ္စတန်နိုင်ငံ မှာ နှစ်ပေါင်း ၁၇၀၀ သက်တမ်းရှိတဲ့ လျှောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံ Haripur မြို့အနီးမှာရှိတဲ့ Bhamala ဆိုတဲ့ဒေသကနေ တူးဖော်ရရှိခဲ့တာဖြစ်ပါတယ်။ Bhamala ဟာ ဗုဒ္ဓရုပ်ပွားတော်များတိမ်မြုပ်ပျောက်ကွယ်ရာနေရာဖြစ်ပြီး တူးဖော်မူတွေကို ၁၉၂၉(လွန်ခဲ့သောနှစ်ပေါင်း ၈၈နှစ်) ကတည်းက စတင်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။

ဒီတစ်ခါ တူးဖော်ရရှိခဲ့တဲ့လျောင်းတော်မူဘုရားဟာ ဥာဏ်တော် ၄၈ပေ ရှိပါတယ်။
“ဒီလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ဟာ ၃ရာစုက လက်ရာဖြစ်ပြီး နှစ်ပေါင်း ၁၇၀၀ သက်တမ်းရှိတာကြောင့် ရှေးအကျဆုံးရုပ်ပွားတော်တစ်ဆူလည်းဖြစ်ပါတယ်။ ယခုဆိုရင် ဒီနေရာတစ်ဝိုက်က တူးဖော်ရရှိခဲ့တဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အရာဝထ္ထုပေါင်း ၅၀ဝခန့်ကို တူးဖော်ရရှိခဲ့ပြီးပါပြီ” လို့ Bhamla သုတေသနနှင့် ပြတိုက်အဖွဲ့ခေါင်းဆောင် Abdul Samad က ဆိုပါတယ်။

ဒီနေရာတစ်ဝိုက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ ဝန်းကျင်က အာသောကမင်းကြီးရဲ့ပိုင်နက်ဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာထွန်းကားရာနေရာလည်းဖြစ်ခဲ့ပါတယ်။ Bhamala သုတေသနရှေးဟောင်းနယ်မြေကို ထိမ်းသိမ်းသင့်တဲ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီနေရာကို ဂရုတစိုက်ပြုပြင်ထိမ်းသိမ်းစေချင်ကြပြီး လာရောက်ကြည့်ရှု့လည်ပတ်လိုကြပါတယ်။ ဒီနိုင်ငံဟာ တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့ပေမယ့် ၂၀၁၂ခုနှစ်ရဲ့ စာရင်းအရတော့ ဗုဒ္ဓဘာသာဝင် ၁၄၉၂ဦးသာ ရှိတော့ပါတယ်။

၁၉၂၉ခုနှစ်မှာ ပထမဆုံးဒီနေရာကို တူးဖော်ခဲ့ကြတဲ့ပညာရှင်တွေကတော့ Sir Sufian Malik နဲ့ Sir John Marshall တို့ဖြစ်ပြီး ၁၉၃ဝခုနှစ်အထိ တူးဖော်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ထပ်မံတူးဖော်ခြင်းမပြုကြတော့ပဲ ၂၀၁၇ခုနှစ်ရောက်မှ ပြန်လည်တူးဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။ Bhamla ရှေးဟောင်းနယ်မြေဟာ ကမ္ဘာ့အမွေအနှစ် UNESCO စာရင်းဝင်နေရာတစ်ခုဖြစ်ပြီး Khyber Pakhtunkhwaပြည်နယ်အစိုးရရဲ့လက်အောက်က သုတေသနနဲ့ပြတိုက်ဌာနရဲ့ ထိမ်းချုပ်မှုအောက်မှာရှိနေပါတယ်။ တက္ကသီလာတောင်ကြားမှာ အထိမ်းသိမ်းသင့်ဆုံးနေရာလို့လည်း ဆိုနိုင်ပါတယ်။ ပါကစ္စတန်က ထင်ရှားတဲ့ အခြားဗုဒ္ဓဘာသာနယ်မြေနှစ်ခုကတော့ တက္ကသီလာ(Taxila) နဲ့ Gandhara ဒေသတို့ပဲဖြစ်ပါတယ်။

Leave a Reply