ကမာၻ႔ဒုတိယ အခ်မ္းသာဆုံး သူေဌးႀကီး ၀ါးရင္ဘတ္ဖတ္(WARREN BUFFET) ရဲ႕ ထူးျခားခ်က္တခ်ဳိ႕

Posted on

၁။ ၀ါရင္း အသက္ ၁၁ မွာ သူ႔ရဲ႕ပထမဆုံး ရွယ္ယာကုိ၀ယ္ခဲ့တယ္ ။ အဲဒီအခ်ိန္က သူ၀ယ္ခဲ့တာေနာက္က်တယ္ဆုိၿပီး ၀မ္းနည္းခဲ့တယ္။

၂။ သူ ၁၄ႏွစ္သားမွာ ေျမကြက္ေလး တစ္ကြက္ကုိ သတင္းစာပုိ႔တာကေန ရတဲ့ပုိက္ဆံေတြနဲ႔ ၀ယ္ယူႏုိင္ခဲ့တယ္။

၃။ သူလက္ထပ္ၿပီး တဲ့အခ်ိန္မွာ ၀ယ္ခဲ့တဲ့ အိမ္က ေသးငယ္တဲ့ သုံးခန္းတြဲအိမ္ေလးသာ ျဖစ္တယ္။ မီးဖုိေတာင္မပါတဲ့အိမ္ပါ။

၄။ သူဟာ သူ႔ရဲ႕ကားကုိ ကုိယ္တုိင္ေမာင္းတယ္ ။ ဒရုိင္ဘာေတြ ၊ အေစာင့္ေတြ ထားေလ့မရွိဘူး။

၅။ သူဟာ ကမာၻ႔အႀကီးဆုံး ကုိယ္ပုိင္ဂ်က္ေလယာဥ္ ကုမၸဏီႀကီးကုိ ပုိင္ဆုိင္ထားေပမယ့္ သူကုိယ္တုိင္ေတာ့ ဘယ္ေတာ့မွ ကုိယ္ပုိင္ဂ်က္ေလယာဥ္နဲ႔ ခရီးသြားေလ့မရွိဘူး။

၆။ သူ႔ရဲ႕ ကုမၸဏီလက္ေအာက္မွာ ကုမၸဏီခြဲေပါင္း ၃၆ခုရွိတယ္။ သူဟာ ႏွစ္တုိင္းမွာ အဲဒီကုမၸဏီအသီးသီးက စီအီးအုိေတြအတြက္ သူ႔ရဲ႕မွာၾကားခ်က္ေတြကုိ စာတစ္ေစာင္သာ ေရးေလ့ရွိတယ္။ က်န္တဲ့အခ်ိန္ေတြမွာ လူခ်င္းမေတြ႔သလုိ ၊ ဖုန္းေခၚေလ့မရွိပဲ ၊ သူတုိ႔စိတ္တုိင္းက်လုပ္ခြင့္ျပဳထားတယ္။

၇။ သူ႔ရဲ႕ စီအီးအုိေတြအတြက္ စည္းမ်ဥ္းႏွစ္ခု ခ်ထားတယ္။
၁- ကုိယ့္ကုမၸဏီရဲ႕ ရွယ္ယာေတြကုိ တစ္ခုမွ မဆုံးရႈံးပါေစနဲ႔။
၂- နံပါတ္ ၁ အခ်က္ကုိ ဘယ္ေတာ့မွ မေမ့ပါနဲ႔။

၈။ သူဟာ လူခ်မ္းသာေတြရဲ႕ ဇိမ္ခံမႈနဲ႔ အသားက်ေလ့မရွိဘူး။ သူအိမ္ျပန္လာတဲ့အခါ ေျပာင္းဖူးေပါက္ေပါက္ကုိ ကုိယ္တုိင္လုပ္ၿပီး တီဗီထုိင္ၾကည့္ေလ့ရွိတယ္။

၉။ လြန္ခဲ့တဲ့ ၁၀ႏွစ္ေလာက္က ကမာၻ႔အခ်မ္းသာဆုံး သူေဌးႀကီးဘီဂိတ္စ္ က ၀ါရင္းနဲ႔ လာေတြ႔တယ္။ ၀ါရင္းကုိ ပုံမွန္သူေဌးတစ္ေယာက္လုိ႔ပဲ ထင္တာေၾကာင့္ ေတြ႔ဖုိ႔အခ်ိန္နာရီ၀က္ပဲ ယူခဲ့တယ္။ ဒါေပမယ့္ ၀ါရင္းရဲ႕ အေတြးအျမင္ ၊ ေနထုိင္ပုံေတြကို ျမင္ရၿပီးတဲ့ေနာက္မွာေတာ့ ေတြ႔ဆုံခ်ိန္ဟာ ၁၀နာရီ ၾကာခဲ့တယ္။ အဲဒီေနာက္ေတာ့ ဘီဂိတ္စ္ဟာလည္း ၀ါရင္းကုိ ၾကည္ညဳိေလးစားခဲ့ရတယ္။

၁၀။ ခ်မ္းသာခ်င္တဲ့လူငယ္ေတြကုိ သူေပးတဲ့အႀကံက “ေၾကြးေတြနဲ႔ ကင္းေအာင္ေနပါ။ အနာဂါတ္အတြက္ ကုိယ့္ကုိယ္ကုိ ရင္းႏွီးျမဳပ္ႏွံပါ” ဆုိတာပဲ ျဖစ္တယ္။

၁၁။ သူဟာ ေဒၚလာ ၃၁ဘီလီယံ ( ၃၁,၀၀၀ သန္း) ကုိ ကယ္ဆယ္ေစာင့္ေရွာက္ေနရး နဲ႔ ပရဟိတအဖြဲ႔အစည္းေတြကုိ လွဴဒါန္းခဲ့ၿပီးျဖစ္တယ္။


ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး သူဌေးကြီး ဝါးရင်ဘတ်ဖတ်(WARREN BUFFET) ရဲ့ ထူးခြားချက်တချို့ (unicode)

၁။ ဝါရင်း အသက် ၁၁ မှာ သူ့ရဲ့ပထမဆုံး ရှယ်ယာကိုဝယ်ခဲ့တယ် ။ အဲဒီအချိန်က သူဝယ်ခဲ့တာနောက်ကျတယ်ဆိုပြီး ဝမ်းနည်းခဲ့တယ်။
၂။ သူ ၁၄နှစ်သားမှာ မြေကွက်လေး တစ်ကွက်ကို သတင်းစာပို့တာကနေ ရတဲ့ပိုက်ဆံတွေနဲ့ ဝယ်ယူနိုင်ခဲ့တယ်။
၃။ သူလက်ထပ်ပြီး တဲ့အချိန်မှာ ဝယ်ခဲ့တဲ့ အိမ်က သေးငယ်တဲ့ သုံးခန်းတွဲအိမ်လေးသာ ဖြစ်တယ်။ မီးဖိုတောင်မပါတဲ့အိမ်ပါ။
၄။ သူဟာ သူ့ရဲ့ကားကို ကိုယ်တိုင်မောင်းတယ် ။ ဒရိုင်ဘာတွေ ၊ အစောင့်တွေ ထားလေ့မရှိဘူး။
၅။ သူဟာ ကမ္ဘာ့အကြီးဆုံး ကိုယ်ပိုင်ဂျက်လေယာဉ် ကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားပေမယ့် သူကိုယ်တိုင်တော့ ဘယ်တော့မှ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့မရှိဘူး။
၆။ သူ့ရဲ့ ကုမ္ပဏီလက်အောက်မှာ ကုမ္ပဏီခွဲပေါင်း ၃၆ခုရှိတယ်။ သူဟာ နှစ်တိုင်းမှာ အဲဒီကုမ္ပဏီအသီးသီးက စီအီးအိုတွေအတွက် သူ့ရဲ့မှာကြားချက်တွေကို စာတစ်စောင်သာ ရေးလေ့ရှိတယ်။ ကျန်တဲ့အချိန်တွေမှာ လူချင်းမတွေ့သလို ၊ ဖုန်းခေါ်လေ့မရှိပဲ ၊ သူတို့စိတ်တိုင်းကျလုပ်ခွင့်ပြုထားတယ်။
၇။ သူ့ရဲ့ စီအီးအိုတွေအတွက် စည်းမျဉ်းနှစ်ခု ချထားတယ်။
၁- ကိုယ့်ကုမ္ပဏီရဲ့ ရှယ်ယာတွေကို တစ်ခုမှ မဆုံးရှုံးပါစေနဲ့။
၂- နံပါတ် ၁ အချက်ကို ဘယ်တော့မှ မမေ့ပါနဲ့။
၈။ သူဟာ လူချမ်းသာတွေရဲ့ ဇိမ်ခံမှုနဲ့ အသားကျလေ့မရှိဘူး။ သူအိမ်ပြန်လာတဲ့အခါ ပြောင်းဖူးပေါက်ပေါက်ကို ကိုယ်တိုင်လုပ်ပြီး တီဗီထိုင်ကြည့်လေ့ရှိတယ်။
၉။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဘီဂိတ်စ် က ဝါရင်းနဲ့ လာတွေ့တယ်။ ဝါရင်းကို ပုံမှန်သူဌေးတစ်ယောက်လို့ပဲ ထင်တာကြောင့် တွေ့ဖို့အချိန်နာရီဝက်ပဲ ယူခဲ့တယ်။ ဒါပေမယ့် ဝါရင်းရဲ့ အတွေးအမြင် ၊ နေထိုင်ပုံတွေကို မြင်ရပြီးတဲ့နောက်မှာတော့ တွေ့ဆုံချိန်ဟာ ၁ဝနာရီ ကြာခဲ့တယ်။ အဲဒီနောက်တော့ ဘီဂိတ်စ်ဟာလည်း ဝါရင်းကို ကြည်ညိုလေးစားခဲ့ရတယ်။
၁၀။ ချမ်းသာချင်တဲ့လူငယ်တွေကို သူပေးတဲ့အကြံက “ကြွေးတွေနဲ့ ကင်းအောင်နေပါ။ အနာဂါတ်အတွက် ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံပါ” ဆိုတာပဲ ဖြစ်တယ်။
၁၁။ သူဟာ ဒေါ်လာ ၃၁ဘီလီယံ ( ၃၁,၀၀၀ သန်း) ကို ကယ်ဆယ်စောင့်ရှောက်နေရး နဲ့ ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းခဲ့ပြီးဖြစ်တယ်။

Leave a Reply