သင္မသိေသးတဲ့ ကမာၻ႔အျမင့္ဆုံးအေဆာက္အဦးႀကီး ရဲ႕ အေၾကာင္း

Posted on

ကမာၻေပၚမွာ အျမင့္ဆုံးလုိ႔ ဆုိလုိက္ရင္ ယူေအအီးႏုိင္ငံ ဒူဘုိင္းက Burj Khalifa တာ၀ါႀကီးဆုိတာ အားလုံးသိၾကမယ္ထင္ပါတယ္။ သူ႔ထက္ျမင့္တဲ့အေဆာက္အဦးေတြကို ထပ္ေဆာက္ဖုိ႔ အစီအစဥ္ေတြခ်ထားၾကေပမယ့္ ယခုအခ်ိန္အထိေတာ့ ဒီတာ၀ါႀကီးက အျမင့္ဆုံးျဖစ္ေနပါေသးတယ္။ Burj Khalifa မုိးေမွ်ာ္အေဆာက္အဦးနဲ႔ ပတ္သတ္တဲ့ ဗဟုသုတအခ်ဳိ႕ကုိ သုတဇုန္မိတ္ေဆြမ်ားအတြက္ေ၀မွ်ခ်င္ပါတယ္။

Burj Khalifa တာ၀ါဟာ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုႏုိင္ငံ(UAE) ဒူဘုိင္းၿမဳိ႕မွာတည္ရွိၿပီး အျမင့္ ၂၇၂၂ေပရွိတဲ့ ကမာၻ႔အျမင့္ဆုံးအေဆာက္အဦးျဖစ္ပါတယ္။ ၂၀၀၄ခုႏွစ္မွာ စတင္ေဆာက္လုပ္ခဲ့ၿပီး ေဆာက္လုပ္ခ်ိန္ ၆ႏွစ္ၾကာၿပီးေနာက္ ၂၀၁၀ ခုႏွစ္မွာ စတင္ဖြင့္လွစ္ႏုိင္ခဲ့ပါတယ္။ ဒီဇုိင္းဆြဲခဲ့တာကေတာ့ ကမာၻ႔အႀကီးဆုံး အေဆာက္အဦးဗိသုကာအဖြဲ႔ျဖစ္တဲ့ Skidmore, Owings & Merill (SOM) ကုမၸဏီျဖစ္ၿပီး အေမရိကန္ေဒၚလာ ၁.၅ဘီလ်ံကုန္က်ခဲ့ပါတယ္။ သဲကႏၱာရရဲ႕ အဓိကပန္းတစ္မ်ဳိးျဖစ္တဲ့ ပင့္ကူႏွင္းပန္း(Spider Lily) ရဲ႕ပုံစံကေန ဒီဇုိင္းထုတ္ထားျခင္းျဖစ္ပါတယ္။ အဓိကေဆာက္လုပ္ခဲ့တာကေတာ့ ကုိရီးယားေဆာက္လုပ္ေရးကုမၸဏီျဖစ္တဲ့ Samsung Engineering and Construction ျဖစ္ၿပီး ပုိင္ရွင္ကေတာ့ တန္ဖိုးႀကီးအိမ္ၿခံေျမကုမၸဏီျဖစ္တဲ့ Emaar ပါ။

ဒီအေဆာက္အဦးကုိ စေဆာက္တုန္းကေပးခဲ့တဲ့နာမည္က Burj Dubai ျဖစ္ပါတယ္။ Burj Khalifa လုိ႔ေျပာင္းခဲ့တာကေတာ့ ယူေအအီးသမၼတ Khalifa bin Zayed Al Nahyan ကိုဂုဏ္ျပဳတဲ့အေနနဲ႔ျဖစ္ပါတယ္။ အေဆာက္အဦးမွာပါ၀င္တဲ့အရာေတြကေတာ့ ဟုိတယ္ခန္းေတြ ၊ အိမ္ခန္း ရုံးခန္းေတြ ၊ ပန္းၿခံေတြ ၊ ေစ်း၀ယ္စင္တာေတြ နဲ႔ ေရကန္ေတြပဲျဖစ္ပါတယ္။ အေဆာက္အဦးမွာတပ္ဆင္ထားတဲ့ မွန္ခ်ပ္ေပါင္းကေတာ့ ၂၆၀၀၀ ရွိပါတယ္။ အထပ္ေပါင္း ၁၅၄ရွိၿပီး နကၡတ္တာရာေတြကုိၾကည့္ရႈ႕လုိ႔ရတဲ့ေနရာက အထပ္ ၁၄၈ထပ္ မွာရွိပါတယ္။ ေျမေအာက္ ၂ထပ္ကိုေတာ့ ကားပါကင္အျဖစ္ ထားရွိပါတယ္။ ကမာၻေက်ာ္ အႏုပညာရွင္ေပါင္း ၈၅ေယာက္ရဲ႕ အႏုပညာေတြကိုျပသထားတဲ့ ကမာၻ႔အျမင့္ဆုံးအႏုပညာျပခန္းလည္းရွိပါတယ္။ ကမာၻ႔အျမင့္ဆုံးစာၾကည့္တုိက္ကေတာ့ အထပ္ ၁၂၃ထပ္မွာ ရွိပါတယ္။

အေဆာက္အဦးတစ္ခုလုံးရဲ႕ အက်ုယ္အ၀န္းကေတာ့ ၃.၃သန္း စတုရန္းေပရွိပါတယ္။ ပုံမွန္ဓာတ္ေလွကား ၅၅စင္းနဲ႔ ႏွစ္ထပ္ဓာတ္ေလွကား ၂စင္းပါ၀င္ပါတယ္။ ဓာတ္ေလွကားေတြဟာ အထူးဒီဇုိင္းထုတ္ထားတဲ့ ဓာတ္ေလွကားေတြျဖစ္တာေၾကာင့္ အေရးေပၚအေျခအေနမွာေတာင္ အႏၱရာယ္ကင္းကင္းနဲ႔ အတက္အဆင္းလုပ္ႏုိင္မွာပါ။ ကမာၻ႔ဒုတိယအျမင့္ဆုံးေရကန္ကေတာ့ အထပ္ ၇၆ထပ္မွာရွိပါတယ္။ ဒီအေဆာက္အဦးမွာ Airbus A380 ေလယာဥ္ႀကီး ငါးစင္းစာနဲ႔ ညီမွ်တဲ့ အလူမီနီယမ္ေတြကို အသုံးျပဳထားပါတယ္။ ဒီအေဆာက္အဦးႀကီးအတြက္ ေဖ်ာ္စပ္ခဲ့တဲ့ကြန္ကရစ္ရဲ႕အေလးခ်ိန္ဟာ တန္ေပါင္း ၁၁၀၀၀၀ ျဖစ္ပါတယ္။

ေဆာက္လုပ္စဥ္က အလုပ္သမားေပါင္း ၁၂၀၀၀ ဟာ အလုပ္လုပ္ခ်ိန္နာရီေပါင္းကေတာ့ ၂၂သန္းေက်ာ္ကိုသုံးၿပီးေဆာက္လုပ္ခဲ့ပါတယ္။ ၂၅တန္အေလးခ်ိန္ကုိ မတင္ႏုိင္တဲ့ ကမာၻ႔အႀကီးဆုံး ကရိန္းႀကီး ၃ခုကိုလည္း သုံးခဲ့ပါေသးတယ္။ Burj Khalifa ဟာ အေမရိကန္ရဲ႕ Empire State အေဆာက္အဦးထက္ ၂ဆျမင့္မားသလုိ ပါရီက အီဖယ္ေမွ်ာ္စင္ထက္ ၃ဆပိုျမင့္ပါတယ္။ တာ၀ါတစ္ခုလုံးအတြက္ ေန႔စဥ္အသုံးျပဳတဲ့ေရာပမာဏကေတာ့ ဂါလံေပါင္း ၂၅၀၀၀၀ ရွိၿပီး လွ်ပ္စစ္မီးအေနနဲ႔ကလည္း မီးသီးမီးေခ်ာင္းခ်ည္းပဲ ၃၆၀၀၀၀ ရွိပါတယ္။ Burj Khalifa ဟာ လက္ရွိအခ်ိန္မွာ အျမင့္ဆုံးအေဆာက္အဦးအျဖစ္ ရပ္တည္ေနဆဲျဖစ္ေပမယ့္ မၾကာခင္မွာ သူ႔ရဲ႕ေနရာကုိ Kingdom Tower,Saudi က ယူေတာ့မွာျဖစ္ပါတယ္။ အျမင့္ေပ ၃၃၀၇ေပရွိတဲ့ Kingdom Tower ဟာ ၂၀၁၉ခုႏွစ္မွာ ၿပီးစီးေအာင္တည္ေဆာက္ႏုိင္ေတာ့မယ္လုိ႔ သိရပါတယ္။

VIDEO

—————————-

သင်မသိသေးတဲ့ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးကြီး ရဲ့ ထူးခြားချက်များ (unicode)

ကမ္ဘာပေါ်မှာ အမြင့်ဆုံးလို့ ဆိုလိုက်ရင် ယူအေအီးနိုင်ငံ ဒူဘိုင်းက Burj Khalifa တာဝါကြီးဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ သူ့ထက်မြင့်တဲ့အဆောက်အဦးတွေကို ထပ်ဆောက်ဖို့ အစီအစဉ်တွေချထားကြပေမယ့် ယခုအချိန်အထိတော့ ဒီတာဝါကြီးက အမြင့်ဆုံးဖြစ်နေပါသေးတယ်။ Burj Khalifa မိုးမျှော်အဆောက်အဦးနဲ့ ပတ်သတ်တဲ့ ဗဟုသုတအချို့ကို သုတဇုန်မိတ်ဆွေများအတွက်ဝေမျှချင်ပါတယ်။

Burj Khalifa တာဝါဟာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(UAE) ဒူဘိုင်းမြို့မှာတည်ရှိပြီး အမြင့် ၂၇၂၂ပေရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးဖြစ်ပါတယ်။ ၂၀၀၄ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ်ချိန် ၆နှစ်ကြာပြီးနောက် ၂၀၁၀ ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီဇိုင်းဆွဲခဲ့တာကတော့ ကမ္ဘာ့အကြီးဆုံး အဆောက်အဦးဗိသုကာအဖွဲ့ဖြစ်တဲ့ Skidmore, Owings & Merill (SOM) ကုမ္ပဏီဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၅ဘီလျံကုန်ကျခဲ့ပါတယ်။ သဲကန္တာရရဲ့ အဓိကပန်းတစ်မျိုးဖြစ်တဲ့ ပင့်ကူနှင်းပန်း(Spider Lily) ရဲ့ပုံစံကနေ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါတယ်။ အဓိကဆောက်လုပ်ခဲ့တာကတော့ ကိုရီးယားဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Samsung Engineering and Construction ဖြစ်ပြီး ပိုင်ရှင်ကတော့ တန်ဖိုးကြီးအိမ်ခြံမြေကုမ္ပဏီဖြစ်တဲ့ Emaar ပါ။

ဒီအဆောက်အဦးကို စဆောက်တုန်းကပေးခဲ့တဲ့နာမည်က Burj Dubai ဖြစ်ပါတယ်။ Burj Khalifa လို့ပြောင်းခဲ့တာကတော့ ယူအေအီးသမ္မတ Khalifa bin Zayed Al Nahyan ကိုဂုဏ်ပြုတဲ့အနေနဲ့ဖြစ်ပါတယ်။ အဆောက်အဦးမှာပါဝင်တဲ့အရာတွေကတော့ ဟိုတယ်ခန်းတွေ ၊ အိမ်ခန်း ရုံးခန်းတွေ ၊ ပန်းခြံတွေ ၊ ဈေးဝယ်စင်တာတွေ နဲ့ ရေကန်တွေပဲဖြစ်ပါတယ်။ အဆောက်အဦးမှာတပ်ဆင်ထားတဲ့ မှန်ချပ်ပေါင်းကတော့ ၂၆၀၀၀ ရှိပါတယ်။ အထပ်ပေါင်း ၁၅၄ရှိပြီး နက္ခတ်တာရာတွေကိုကြည့်ရှု့လို့ရတဲ့နေရာက အထပ် ၁၄၈ထပ် မှာရှိပါတယ်။ မြေအောက် ၂ထပ်ကိုတော့ ကားပါကင်အဖြစ် ထားရှိပါတယ်။ ကမ္ဘာကျော် အနုပညာရှင်ပေါင်း ၈၅ယောက်ရဲ့ အနုပညာတွေကိုပြသထားတဲ့ ကမ္ဘာ့အမြင့်ဆုံးအနုပညာပြခန်းလည်းရှိပါတယ်။ ကမ္ဘာ့အမြင့်ဆုံးစာကြည့်တိုက်ကတော့ အထပ် ၁၂၃ထပ်မှာ ရှိပါတယ်။

အဆောက်အဦးတစ်ခုလုံးရဲ့ အကျုယ်အဝန်းကတော့ ၃.၃သန်း စတုရန်းပေရှိပါတယ်။ ပုံမှန်ဓာတ်လှေကား ၅၅စင်းနဲ့ နှစ်ထပ်ဓာတ်လှေကား ၂စင်းပါဝင်ပါတယ်။ ဓာတ်လှေကားတွေဟာ အထူးဒီဇိုင်းထုတ်ထားတဲ့ ဓာတ်လှေကားတွေဖြစ်တာကြောင့် အရေးပေါ်အခြေအနေမှာတောင် အန္တရာယ်ကင်းကင်းနဲ့ အတက်အဆင်းလုပ်နိုင်မှာပါ။ ကမ္ဘာ့ဒုတိယအမြင့်ဆုံးရေကန်ကတော့ အထပ် ၇၆ထပ်မှာရှိပါတယ်။ ဒီအဆောက်အဦးမှာ Airbus A380 လေယာဉ်ကြီး ငါးစင်းစာနဲ့ ညီမျှတဲ့ အလူမီနီယမ်တွေကို အသုံးပြုထားပါတယ်။ ဒီအဆောက်အဦးကြီးအတွက် ဖျော်စပ်ခဲ့တဲ့ကွန်ကရစ်ရဲ့အလေးချိန်ဟာ တန်ပေါင်း ၁၁၀၀၀၀ ဖြစ်ပါတယ်။

ဆောက်လုပ်စဉ်က အလုပ်သမားပေါင်း ၁၂၀၀၀ ဟာ အလုပ်လုပ်ချိန်နာရီပေါင်းကတော့ ၂၂သန်းကျော်ကိုသုံးပြီးဆောက်လုပ်ခဲ့ပါတယ်။ ၂၅တန်အလေးချိန်ကို မတင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ကရိန်းကြီး ၃ခုကိုလည်း သုံးခဲ့ပါသေးတယ်။ Burj Khalifa ဟာ အမေရိကန်ရဲ့ Empire State အဆောက်အဦးထက် ၂ဆမြင့်မားသလို ပါရီက အီဖယ်မျှော်စင်ထက် ၃ဆပိုမြင့်ပါတယ်။ တာဝါတစ်ခုလုံးအတွက် နေ့စဉ်အသုံးပြုတဲ့ရောပမာဏကတော့ ဂါလံပေါင်း ၂၅၀၀၀၀ ရှိပြီး လျှပ်စစ်မီးအနေနဲ့ကလည်း မီးသီးမီးချောင်းချည်းပဲ ၃၆၀၀၀၀ ရှိပါတယ်။ Burj Khalifa ဟာ လက်ရှိအချိန်မှာ အမြင့်ဆုံးအဆောက်အဦးအဖြစ် ရပ်တည်နေဆဲဖြစ်ပေမယ့် မကြာခင်မှာ သူ့ရဲ့နေရာကို Kingdom Tower,Saudi က ယူတော့မှာဖြစ်ပါတယ်။ အမြင့်ပေ ၃၃၀၇ပေရှိတဲ့ Kingdom Tower ဟာ ၂၀၁၉ခုနှစ်မှာ ပြီးစီးအောင်တည်ဆောက်နိုင်တော့မယ်လို့ သိရပါတယ်။

Leave a Reply