ရတုဘုရင္ နတ္သွ်င္ေနာင္အေၾကာင္း ႏွင့္ ဘာသာေျပာင္းခဲ့မေျပာင္းခဲ့

Posted on

နတ္သၽွင္ေနာင္သည္ ေတာင္ငူ ေ႐ႊနန္းတည္မင္း မင္းရဲသီဟသူႏွင့္ ဟံသာဝတီ ဆင္ျဖဴရွင္ ဘုရင့္ေနာင္မင္းတရား မိဖုရားႀကီး၏ သမီးေတာ္ ခင္ေစာတို႔မွ သကၠရာဇ္ ၉၄၀ ျပည့္ႏွစ္တြင္ ဖြားျမင္ေသာ သားေတာ္ႀကီးျဖစ္သည္။ နတ္သၽွင္ေနာင္သည္ ငယ္႐ြယ္စဥ္ကပင္ ဆင္စီး ျမင္းစီး၌လည္း ကၽြမ္းက်င္၏။ ဓားခုတ္ လွံထိုး၌လည္း ေတာ္၏။ လုပ္ရည္ႀကံရည္ႏွင့္လည္း ျပည့္စုံ၏။ ေစာင္းညင္း အတတ္ကိုလည္း ေကာင္းစြာ သီဆိုတီးမႈတ္တတ္သည္။

ငါးဆူဒါယကာ မင္းတရားႀကီး ယိုးဒယားသို႔ ခ်ီတက္လုပ္ႀကံေသာအခါ ၉-ႏွစ္သား အ႐ြယ္မၽွသာရွိေသးေသာ နတ္သၽွင္ေနာင္သည္ မိမိခမည္းေတာ္ ေတာင္ငူဘုရင္ႏွင့္အတူ ပါရသည္။ တပ္မႀကီး ျပန္လည္ဆုတ္ခြာေသာအခါတြင္ ေတာင္ငူဘုရင္ႏွင့္ သားေတာ္နတ္သၽွင္ေနာင္တို႔ တပ္က ေနာက္ခံတပ္ျပဳ၍ လိုက္လာေသာ ယိုးဒယားတပ္တို႔အား ျပန္လည္သြားေအာင္ တိုက္ခိုက္ေသာေၾကာင့္ ယိုးဒယားတို႔ မလိုက္ႏိုင္ဘဲ ျပန္သြားၾကရသည္။ မိုးေကာင္း ေစာ္ဘြားပုန္ကန္ေသာအခါတြင္လည္း နတ္သၽွင္ေနာင္သည္ ေတာင္ငူအားႏွင့္ တပ္တစ္တပ္အျဖစ္ျဖင့္ လိုက္ပါတိုက္ခိုက္ရာတြင္လည္း ေအာင္ပြဲရခဲ့သည္။ ထိုအခါနတ္သၽွင္ေနာင္မွာ ၁၂-ႏွစ္သားမၽွရွိေသးသည္။ ၉၅၄-ခုႏွစ္တြင္ ယိုးဒယားသို႔ ခ်ီတက္ေသာအခါတြင္လည္း ၁၄-ႏွစ္အ႐ြယ္ရွိ နတ္သၽွင္ေနာင္သည္ ၿမိဳ႕မွထြက္၍ တိုက္လာေသာ ယိုးဒယားဘုရင္ ျဗနရာဇ္ကို ခုခံတိုက္ခိုက္ရာ ျဗနရာဇ္မခံႏိုင္၍ ၿမိဳ႕တြင္းျပန္ဝင္ရသည္။ ဤတိုက္ပြဲသည္ နတ္သၽွင္ေနာင္၏ ေအာင္ပြဲတစ္ခုျဖစ္သည္။

သကၠရာဇ္ ၉၆၄-ခုႏွစ္တြင္ ေတာင္ငူဘုရင္ မင္းရဲသီဟသူသည္ ေကတုမတီေ႐ႊနန္းသစ္ကို တည္ေတာ္မူ၍ နန္းတက္ေတာ္မူသည္။ သားေတာ္အႀကီးနတ္သၽွင္ေနာင္ကိုလည္း အိမ္ေရွ႕မိဖုရားျဖစ္ဖူးေသာ ရာဇဓာတုကလ်ာႏွင့္ စုံဖက္၍ အိမ္ေရွ႕မင္းအျဖစ္ ေပးအပ္ေတာ္မူသည္။ ရာဇဓာတုကလ်ာကား နတ္သၽွင္ေနာင္ႏွင့္ ၇-လမၽွေနရ၍ လြန္ေတာ္မူရွာသည္။ ခမည္းေတာ္ နတ္႐ြာစံလြန္ေသာ္ နတ္သၽွင္ေနာင္သည္ ၉၇၁-ခုႏွစ္တြင္ ေတာင္ငူေ႐ႊထီးေ႐ႊနန္းကို သီဟသူရဘြဲ႕ခံၿပီး သိမ္းျမန္းစိုးစံေတာ္ မူသည္။ ညီေတာ္ႀကီး ေတာင္ငူမင္းရဲေက်ာ္စြာကို အိမ္ေရွ႕အရာေပးသည္။ သကၠရာဇ္ ၉၆၇ တြင္ အေနာက္ဘက္လြန္မင္းသည္ အင္းဝကို သိမ္းပိုက္ၿပီးေနာက္ ႏွစ္ႏွစ္မၽွအၾကာ သကၠရာဇ္ ၉၆၉၊ တန္ေဆာင္မုန္းလ တြင္ ဆက္လက္၍ ေတာင္ငူကို တိုက္ခိုက္သည္။ ေအာင္ျမင္ေသာအခါ ေတာင္ငူနန္းကို မွန္ကင္းအထြဋ္ခ်ၿပီး နတ္သၽွင္ေနာင္ကိုပင္ လက္ေအာက္ခံ ဘုရင္အျဖစ္ထားခဲ့၍ ရေဝရွင္ေထြး၊မင္းေဇယ်ရႏၲမိတ္၊ရွင္သံခို စာဆိုပညာရွင္မ်ားကို အင္းဝေနျပည္ေတာ္သို႔ မင္းတရားႀကီး ေခၚေဆာင္သြားေလသည္။ သန္လ်င္စား ငဇင္ကာသည္ သစၥာေတာ္ေဖာက္ဖ်က္၍ ေတာင္ငူကို တိုက္ခိုက္ၿပီး နတ္သၽွင္ေနာင္အား မိဖုရားအေႁခြအရံႏွင့္အတူ သန္လ်င္သို႔ ေခၚေဆာင္သြားရာ အေနာက္ဖက္လြန္မင္း စုန္ဆင္းလာ၍ သန္လ်င္ကို တိုက္ခိုက္ေအာင္ျမင္ေသာအခါ သန္လ်င္စားငဇင္ကာႏွင့္ နတ္သၽွင္ေနာင္ တို႔ပူးေပါင္း၍ သစၥာေဖာက္သည္ကို စစ္ေမးသိရွိရေသာေၾကာင့္ ၂-ဦးလုံးကိုပင္ ၉၇၅-ခုႏွစ္ တန္ခူးလျပည့္ေက်ာ္ ၃-ရက္စေနေန႔၌ ကြပ္မ်က္ေလသည္။ က်န္ရစ္သည့္ အေလာင္းကို ညီေတာ္တစ္ပါးျဖစ္သည့္ ေတာင္ငူမင္းရဲေက်ာ္ထင္က ျမႇဳပ္ႏွံေပးသည္။

နတ္ရွင္ေနာင္သည္ သူ႕ထီးနန္းကို သိမ္းယူေသာ အေနာက္ဘက္လြန္မင္းအား ပုန္ကန္ျခားနားရာတြင္ ငဇင္ကာ၏ အကူအညီရေစရန္အတြက္ (ဘုရားတိုင္ရတုမ်ားေရးခဲ့ေသာ္လည္း) ဗရင္ဂ်ီဘာသာ သို႔ ကူးေျပာင္းခဲ့သည္ဟုဆုိသည္။ ေနာင္ပုန္ကန္မႈကို မျပဳလၽွင္ ခြင့္လႊတ္၍ ယခင္အတိုင္း လက္ေအာက္ခံဘုရင္အျဖစ္ ျပန္ထားမည္ဟု အေနာက္ဘက္လြန္မင္းက ေျပာေသာ္လည္း မေတာင္းပန္သျဖင့္ ငဇင္ကာႏွင့္အတူ တံက်င္ထိုးခံရ၍ ေသခဲ့ရသည္။

အထက္ပါအေၾကာင္းအရာမ်ားသည္ အမ်ားစုသိၿပီးျဖစ္သည့္ နတ္သွ်င္ေနာင္၏ အေၾကာင္းျဖစ္သည္။ ရတုဘုရင္ဟု ဆုိေသာ္လည္း သစၥာေဖာက္ဟု ကင္ပြန္းတပ္ခံရသူျဖစ္သည္။ ဒီေနရာတြင္ နတ္သွ်င္ေနာင္ ဘာသာေျပာင္းခဲ့မေျပာင္းခဲ့သည္ႏွင့္ ပတ္သတ္၍ ဆရာ သန္း၀င္းလႈိင္ရဲ႕ ေရးသားခ်က္တခ်ဳိ႕ကို ေဖာ္ျပလုိပါသည္။

နတ္သွ်င္ေနာင္သည္ မင္းက်င့္တရား (၁ဝ)ပါးတြင္ “အဝိေရာဓနံ”ဟူေသာ ျပည္သူျပည္သားတို႔၏ အလိုႏွင့္ မဆန္႔က်င္တတ္ေသာ အက်င့္သိကၡာေကာင္းရွိသူ ျဖစ္သည္။ ဤသို႔ တိုင္းျပည္ႏွင့္ မဆန္႔က်င္တတ္ရွိသူ ဘုရင္အား သစၥာေဖာက္ဘုရင္၊ စဥ္းလဲေကာက္က်စ္ေသာဘုရင္ ဟူ၍ ဆိုႏိုင္ပါမည္ေလာ။ နတ္သွ်င္ေနာင္သည္ ဗုဒၶဘာသာတရားေတာ္ျမတ္ကို ေလးစားသူ ျဖစ္သည္။ ရတနာသံုးပါးကို ဦးထိပ္ထားသူျဖစ္သည္။ သူ႔အား ဘရင္ဂ်ီဘာသာသို႔ ဝင္သည္။ ႏွစ္ျခင္းခံသည္။ ဗုဒၶဘာသာကို မေလးစားသူျဖစ္သည္ဟု စြပ္စြဲၾကသည္။ နတ္သွ်င္ေနာင္သည္ ဘရင္ဂ်ီဘာသာသို႔ ဝင္သည္ ဆိုသည္မွာ ပူတေက (ေပၚတူဂီ) ရာဇဝင္က တစ္ဖက္သတ္ ေရးထားျခင္းမွ်သာ ျဖစ္ပါသည္။ တစ္နည္းအားျဖင့္ဆိုေသာ္ ငဇင္ကာ၏ လုပ္ဇာတ္မွ်သာျဖစ္သည္။ နတ္သွ်င္ေနာင္၏ တရားျပည့္ဝ ႏွလံုးလွပံုႏွင့္ သံဃာေတာ္မ်ားအား ေလးစားသမႈျပဳခဲ့ပံုကို ရာဇဝင္တြင္ အထင္အရွားေတြ႕ရသည္။ ေတာင္ငူၿမိဳ႕ကို အေနာက္ဘက္လြန္မင္းက ဝိုင္းဝန္းထားသည့္အခါ နတ္သွ်င္ေနာင္သည္ အညံ့မခံလို၍ ထြက္တိုက္မည္ျပဳရာ ျပာသာဒ္ေက်ာင္းဆရာေတာ္က သတၱဝါတို႔၏ ဆင္းရဲအေၾကာင္းကို တရားေဟာသည္ႏွင့္ နတ္သွ်င္ေနာင္သည္ တရားႏွင့္ယွဥ္ကာ စိတ္ကိုထိန္းေတာ္မူခဲ့သည္။ သူသည္ သံဃာေတာ္ ဆရာေတာ္ႀကီးမ်ား၏ စကားကို နားေထာင္၍သာ သူ၏အလိုႏွင့္ဆန္႔က်င္၍ အေနာက္ဘက္လြန္မင္းကို အည့ံခံခဲ့ျခင္းျဖစ္သည္။ ဤအခ်က္ကိုေထာက္လွ်င္ သူ႔အား ဒိ႒ိဟူ၍ ဆိုရမည္ေလာ။
အေနာက္ဘက္လြန္မင္းက သန္လ်င္ကို ေအာင္ႏိုင္ၿပီးသည့္အခါတြင္ ငဇင္ကာက ‘နတ္သွ်င္ေနာင္’က ‘ေခၚပါလွည့္’ ဟူ၍ ဆိုေသာေၾကာင့္ ေတာင္ငူကို တိုက္ခိုက္သိမ္းယူၿပီး နတ္သွ်င္ေနာင္ကို သန္လ်င္သို႔ ေခၚေဆာင္လာခဲ့ပါသည္ဟူ၍ အစစ္ခံခဲ့သည္။
နတ္သွ်င္ေနာင္ကမူ ‘ေခၚပါလွည့္’ဟူ၍ မေစရေၾကာင္းကို ဆိုသည္။ နတ္သွ်င္ေနာင္သည္ ငဇင္ကာကဲ့သို႔ လုပ္ႀကံေျပာတတ္သူ မဟုတ္ပါ။ ‘ေခၚပါလွည့္’ ဟူေသာ စကားမွာ ငဇင္ကာက ဆင္ထားေသာ လုပ္ဇာတ္ျဖစ္သည္။ နတ္သွ်င္ေနာင္သည္ လုပ္ရဲလွ်င္ ေသရဲသူျဖစ္သည္။ ေသရမည္ကို ေၾကာက္သူမဟုတ္ေၾကာင္း အေနာက္ဘက္လြန္မင္းအား ျပန္လွန္၍ ေခ်ပေျပာဆိုသည့္အခ်က္ကို ေထာက္၍ အလြန္သိသာသည္။ ထို႔ေၾကာင့္ သူက ငဇင္ကာအား ေခၚပါလွည့္ဟူ၍မွာမိလွ်င္ သူမွာသည့္အတိုင္း ဘြင္းဘြင္းေျပာမည့္သူပင္ ျဖစ္သည္။ ယခုမွာမူ နတ္သွ်င္ေနာင္က ေခၚပါလွည့္ဟူ၍ သူမေစရေၾကာင္း ျငင္းဆုိသည္။

ငဇင္ကာက “ၾကက္႐ိုးပင္စားကိုသာလွ်င္ ေမးၾကည့္ပါေတာ့”ဟု ထပ္မံေျဖရွင္းသည္။ ၾကက္႐ိုးပင္စားကမူ နတ္သွ်င္ေနာင္က သူ႔အား ငဇင္ကာထံ ေစလႊတ္သည္မွာ မွန္ပါသည္။ သို႔ေသာ္ တပူတြင္ သကၠလတ္ျဖင့္ ပိတ္၍ထားေသာ သဝဏ္လႊာစာျဖစ္၍ မည္သည့္အေၾကာင္းအခ်က္မ်ား ပါရွိသည္ကိုမူ သူမသိရပါေၾကာင္း ေျဖသည္။ ေသအတူ ရွင္မကြာေနပါမည္ဆိုေသာ ငဇင္ကာသည္ နတ္သွ်င္ေနာင္အေပၚတြင္သာ အျပစ္ကို လံုးလံုးဖို႔ေနေပၿပီ။ ‘ေခၚပါလွည့္’ ဟူ၍ အကယ္၍ နတ္သွ်င္ေနာင္က မွာခဲ့သည့္တိုင္ ဤအခ်ိန္ ဤေနရာတြင္ သူ၏ မဟာမိတ္က ‘ေခၚပါလွည့္’ဆို၍ ေခၚရပါသည္ဟု ငဇင္ကာက အျပစ္ကိုပံု၍ ေျပာရက္ပါလွ်င္ ငဇင္ကာသည္သာလွ်င္ သူ၏ မဟာမိတ္ နတ္သွ်င္ေနာင္အေပၚ အဆင္းတြန္း၍ ေခ်ာက္ခ်တတ္ေသာ သစၥာေဖာက္ႀကီး ျဖစ္ေနပါေတာ့သည္။ နတ္သွ်င္ေနာင္သည္ ညီေတာ္ အိမ္ေရွ႕မင္း မင္းရဲေက်ာ္စြာကို လြန္စြာခ်စ္ခင္သည္။ ဤသို႔ျဖစ္လွ်င္ ငဇင္ကာအား ‘ေခၚပါလွည့္’ဟူ၍ မွာထားပါျငားအ့ံ။ သူ၏အႀကံကို ညီေတာ္ မင္းရဲေက်ာ္စြာအား ႀကိဳတင္အသိေပးထားရေပလိမ့္မည္။ ယခုေသာ္ကား ညီေတာ္ပင္ မသိရ။ ငဇင္ကာ လႊတ္လိုက္ေသာ ဇြင္ေဒကရီးသီးယား၏ တပ္သည္ ေတာင္ငူသို႔တက္လာ၍ မင္းရဲေက်ာ္စြာသည္ ေက်ာက္ေမာ္အရပ္က ခုခံရာတြင္ ရန္သူ၏ က်ည္သင့္၍ ဆင္ထက္က က်ဆံုးခဲ့ရွာသည္။

ထို႔ေနာက္ ႐ႈပါဦး …… ‘ေခၚပါလွည့္’ ဟူေသာေၾကာင့္ လာေခၚရပါသည္ဆိုေသာတပ္သည္ ေတာင္ငူကို မီး႐ိႈ႕ဖ်က္ဆီးလိုက္သည္။ ဘုရားပုထိုးမ်ားကို ေဖာက္၍ ဌာပနာမ်ားကိုပင္ ယူၾကသည္။ ၿမိဳ႕သူၿမိဳ႕သားတို႔ သတ္ျဖတ္၍ ေရႊေငြရတနာမ်ား အတင္းလုယူခဲ့သည္။ ‘ေခၚပါလွည့္’ဆို၍ လာေခၚရသူ၏ စည္းကမ္းႏွင့္ ကိုက္ညီပါ၏ေလာ။

ေတာင္ငူတြင္ ငဇင္ကာ လႊတ္လိုက္ေသာ တပ္သည္ (၁ဝ)ရက္ခန္႔ေန၍ နန္းေတာ္ကို မီးတိုက္ခဲ့သည္။ ေက်ာင္းကန္ဘုရားမ်ားကိုလည္း ဖ်က္ဆီးခဲ့သည္။ ဆင္၊ ျမင္း၊ လူသူ၊ ေရႊ၊ ေငြမ်ားကို အတင္းလုယူၿပီးမွ သန္လ်င္သို႔ နတ္သွ်င္ေနာင္အား ေခၚေဆာင္သြားသည္။ ပူတေကရာဇဝင္က နတ္သွ်င္ေနာင္သည္ သန္လ်င္သို႔ လူ (၃၀၀၀)၊ လက္နက္ အစံုအလင္ျဖင့္ ဝင္ေရာက္လာသည္ဟု ဆိုသည္။ ထိုအခ်က္ မမွန္ကန္ေခ်။ ျမန္မာရာဇဝင္မ်ားက နတ္သွ်င္ေနာင္အား သန္လ်င္သို႔ ေခၚေဆာင္ရာတြင္ ကိုယ္လုပ္ေတာ္ ႏွစ္ေယာက္၊ အလုပ္အေကၽြး (၁ဝ)ေယာက္သာ ပါေၾကာင္း တညီတညြတ္တည္း အတိအလင္း ေရးသားထားပါသည္။ ‘ေခၚပါလွည့္’ ဟူ၍သာ လာေရာက္ေခၚျခင္း ျဖစ္ပါလွ်င္ နတ္သွ်င္ေနာင္အား ဤမွ်ေလာက္ ကိုယ္လုပ္ေတာ္ အၿခံအရံ အနည္းငယ္မွ်ေလာက္ကိုသာ ငဇင္ကာက ခြင့္ျပဳပါသေလာ။ မဟာမိတ္အျဖစ္ျဖင့္ ေခၚသြားျခင္းေလာ။ ၾကက္ဖမ္း ငွက္ဖမ္းသကဲ့သို႔ပင္ ေခၚသြားျခင္းေပေလာ။ စဥ္းစားစရာပင္ ျဖစ္သည္။ စင္စစ္ ငဇင္ကာသည္ နတ္သွ်င္ေနာင္က ‘ေခၚပါလွည့္’ဟူေသာေၾကာင့္ ေခၚလာခဲ့ရပါသည္ဟူ၍ အသံေကာင္းဟစ္ျခင္းမွ်သာ ျဖစ္သည္။ နယ္ခ်ဲ႕သမားတို႔သည္ ဤကဲ့သို႔ပင္ သမာ႐ိုးက် အသံေကာင္းဟစ္တတ္ၾကပါသည္။

အဂၤလိပ္နယ္ခ်ဲ႕သမားတို႔ကလည္း ဤကဲ့သို႔ပင္ မလိမ့္တပတ္ျပဳလုပ္၍ သီေပါမင္းတရားႏွင့္ မိဖုရားတို႔ကို ၾကက္ငွက္ဖမ္းသကဲ့သို႔ပင္ ဖမ္းခဲ့ဖူးပါသည္။ “စာခ်ဳပ္႐ံုမွ်သာ သူရိယသေဘာၤေပၚသို႔ ၾကြေတာ္မူပါ”ဟူ၍ မလိမ့္တပတ္လုပ္ၿပီး ရတနာဂီရိသို႔ သီေပါမင္းအား ပို႔ေဆာင္ခဲ့ဖူးပါသည္။
ငဇင္ကာကလည္း ထိုနည္းတူပင္ နတ္သွ်င္ေနာင္အား သန္လ်င္သို႔ ေခတၱလိုက္ခဲ့ပါ။ အင္းဝဘုရင္ကိုႏိုင္ေအာင္ ကူညီတိုက္ေပးပါမည္။ ေတာင္ငူျပည္သားမ်ားက သူ႔အေပၚ အထင္မေသးရေအာင္ နတ္သွ်င္ေနာင္က ‘ေခၚပါလွည့္’ဆို၍ လာေခၚရျခင္း ျဖစ္ေၾကာင္း အသံေကာင္းဟစ္၍ သူအယံုသြင္းသျဖင့္ ႐ိုးသားေသာ အႏုပညာရွင္ နတ္သွ်င္ေနာင္သည္ ယံုမိရွာသည္။ သန္လ်င္သို႔ လိုက္သြားရေကာင္းႏိုးႏိုး ထင္လာသည္။
ထိုအခ်ိန္က သူ၏ အလြန္ခ်စ္လွစြာေသာ ညီေတာ္ မင္းရဲေက်ာ္စြာလည္း ေက်ာက္ေမာ္တိုက္ပြဲတြင္ က်ဆံုးခဲ့ရေလၿပီ။ ခ်စ္သူ ရာဇဓာတုကလ်ာႏွင့္လည္း (၇)လမွ်သာ ေပါင္းရ၍ ေကြကြင္းခဲ့ရသည္။ အေနာက္ဘက္လြန္မင္းက သူ႔အား အႏိုင္က်င့္ကာ ေတာင္ငူကို တိုက္ခုိက္သိမ္းယူ႐ံုမွ်မက သူ၏ အလြန္ၾကည္ညိဳစြာ ကိုးကြယ္ထားေသာ ျမသပိတ္ႏွင့္ စြယ္ေတာ္ျမတ္ကို ပင့္ေဆာင္သြားခဲ့သည္။ သူသည္ပင္လွ်င္ ေတာင္ငူတြင္ အထီးက်န္ညႇိဳးစြာ စံပယ္ေတာ္မူခဲ့ရသည္။ ယခု ငဇင္ကာ လႊတ္လိုက္ေသာ ဇြင္ေဒကရီသီးယားတပ္က သူ႔အား ကိုယ္လုပ္ေတာ္ ႏွစ္ေယာက္၊ အလုပ္အေကၽြး (၁ဝ)ေယာက္မွ်သာ ခြင့္ျပဳၿပီး သန္လ်င္သို႔ ေခၚေဆာင္ခဲ့သည္။

သန္လ်င္တြင္ကား ပရိယာယ္မာယာမ်ားလွေသာ ငဇင္ကာသည္ ေစာင့္ေမွ်ာ္လ်က္ရွိေနသည္။ နတ္သွ်င္ေနာင္သည္ အသာတၾကည္မွ ပါလာလိမ့္မည္ေလာ။ ေတာင္ငူတြင္ပင္ အသက္အေသခံ၍ သန္လ်င္သို႔ လိုက္ပါရန္ ျငင္းဆန္ေနေပလိမ့္မည္ေလာ။ အကယ္၍ သန္လ်င္သို႔ ပါလာသည္ရွိေသာ္ မည္သို႔ျပဳမည္နည္း။ နတ္သွ်င္ေနာင္ သန္လ်င္သို႔ ပါလာသည္ကို သိသည္ႏွင့္ တစ္ၿပိဳင္နက္ ငဇင္ကာသည္ ပရိယာယ္တစ္မ်ိဳး ေျပာင္းလိုက္သည္။ နတ္သွ်င္ေနာင္၏ အက်ိဳးကို လိုလားဟန္၊ နတ္သွ်င္ေနာင္၏ မဟာမိတ္ျဖစ္ေလဟန္ နတ္သွ်င္ေနာင္အား အယံုသြင္း၍ မ်က္ႏွာခ်ိဳေသြးခဲ့သည္။ နတ္သွ်င္ေနာင္လည္း ယံုမိသည့္အေလ်ာက္ သူႏွင့္တကြပါလာေသာ ရတနာေက်ာက္ေကာင္းအျပည့္ ထည့္ထားသည့္ ကြမ္းအစ္ေတာ္ကို ငဇင္ကာအား ေပးသနားေတာ္မူသည္။ ငဇင္ကာသည္ မူလိုက္ေသးသည္။
“အရွင့္အမႈေတာ္ကို ကုန္ငေအာင္ ထမ္းေဆာင္ၿပီးဆံုးသည့္အခါမွ သနားသမွ်ကို လက္ခံပါမည္” ဟူ၍လည္း ဆိုလိုက္ေသးသည္။
နတ္သွ်င္ေနာင္သည္ ငဇင္ကာအေပၚတြင္ ေရွးကထက္ပို၍ ေလးစားယံုၾကည္သြားရွာသည္။ စင္စစ္မွာ သန္လ်င္သို႔ပါလာေသာ ပစၥည္းမွန္သမွ်သည္ ငဇင္ကာ၏ လက္တြင္းသို႔ ေရာက္ေနသည္ႏွင့္ အတူတူပင္ျဖစ္သည္။

နတ္သွ်င္ေနာင္၏ ေရႊေငြဘ႑ာမွန္သမွ်ကုိ တကယ္ပင္ ငဇင္ကာ မသိမ္းပိုက္ပါေလာ။ အထက္ေဖာ္ျပပါတို႔သည္ ပူတေကရာဇဝင္တြင္ ပါရွိသည့္အခ်က္တို႔ပင္ ျဖစ္သည္။ ပူတေကရာဇဝင္သည္ ငဇင္ကာကိုသာ အသားေပး၍ ေရးထားျခင္းမွ်သာျဖစ္သည္။ စင္စစ္ နတ္သွ်င္ေနာင္၏ ပါသမွ် ရတနာဘ႑ာမ်ားကို ငဇင္ကာသည္ အတင္းသိမ္းယူထားၿပီး ျဖစ္သည္။ ထိုအခ်က္ႏွင့္ ပတ္သက္၍ ခိုင္လံုေသာ အေထာက္အထားတစ္ခုမွာ ထိုအခ်ိန္အခါက ခရစ္ႏွစ္ ၁၆၀၀ျပည့္ႏွစ္တြင္ အေနာက္ႏိုင္ငံသာ သနာျပဳပုဂၢိဳလ္ မစၥတာဗုိဗစ္ (Mr.Bovis) ဟံသာဝတီသို႔ ေရာက္ရွိခဲ့ၿပီးေနာက္ သူေရးသားခဲ့ေသာ “ျမန္မာျပည္ေရာက္မွတ္တမ္းမ်ား” စာအုပ္၌ ငဇင္ကာအေၾကာင္းကို ဤသို႔ အေသးစိတ္ တင္ျပထားခဲ့ေလသည္။

ရခိုင္ဘုရင္သည္ စစ္ပြဲကို ေအာင္ႏိုင္ၿပီးသည့္အခါတြင္ သန္လ်င္ၿမိဳ႕ကို ပူတေကစစ္တပ္ခြဲမွဴးျဖစ္သူ ဇြင္ကာကူ (ငဇင္ကာ)လက္သို႔ ေပးအပ္လိုက္ေလေတာ့သည္။ သို႔ေသာ္ မ်ားမၾကာမီမွာပင္ ငဇင္ကာသည္ ရခုိင္ဘုရင္ႏွင့္ မသင့္မတင့္ရွိၾကၿပီးလွ်င္ ဂိုးအား (Goa) ဘုရင္ခံထံသို႔ သြားေရာက္၍ စစ္ကူေတာင္းေလသည္။ သူ မရွိသည့္အခုိက္တြင္ သူ၏ ေနာက္လိုက္မ်ားက သူ႔အား ဟံသာဝတီဘုရင္အျဖစ္ ေၾကညာၾကသည္။ ႏွစ္ေပါင္းၾကာျမင့္စြာလွ်င္ သူသည္ ဇက္ရဲလက္ရဲႏွင့္ လူစြာလုပ္ခဲ့သည္။ သူ၏ ေက်းဇူးရွင္ ရခိုင္ဘုရင္၏ သားေတာ္တစ္ဦးကို ဖမ္းဆီးၿပီးလွ်င္ ရခိုင္ဘုရင္အား ေငြငါးေသာင္းႏွင့္ ေရြးယူေစေလသည္။ ထိုမွ်မက သူသည္ သူႏွင့္ မဟာမိတ္ျဖစ္ေသာ ေတာင္ငူဘုရင္၏ ဘ႑ာေတာ္မ်ားကို အက်င့္တန္ သစၥာမဲ့စြာသိမ္းယူ၍ ေတာင္ငူဘုရင္ကိုလည္း သန္လ်င္သို႔ ဖမ္းယူေခၚေဆာင္သြားခဲ့ေလသည္။ သူ၏သား “ဆိုင္မြန္” (Simon) ကို မုတၱမဘုရင္၏ သမီးေတာ္တစ္ပါးႏွင့္ ထိမ္းျမားျခင္းလည္း ျပဳေလသည္။ ထိုအခါ မုတၱမျပည္နယ္သည္ ဟံသာဝတီမင္းဆက္ ျပတ္ၿပီးသည့္ေနာက္တြင္ လြတ္လပ္ေသာ ျပည္နယ္အျဖစ္ တစ္ရွိန္ထိုးတက္လာေသာ ျပည္နယ္ ျဖစ္ေလသည္။

အထက္ပါ ေဖာ္ျပခ်က္ကို ၾကည့္ပါက ငဇင္ကာသည္ ေတာင္ငူဘုရင္ နတ္သွ်င္ေနာင္ကို မဟာမိတ္ဖြဲ႕ၿပီးမွ သစၥာမဲ့စြာ ေတာင္ငူကို တိုက္ခိုက္သိမ္းယူခဲ့၍ နတ္သွ်င္ေနာင္ကို ဖမ္းဆီးေခၚေဆာင္လာၿပီးလွ်င္ ေရႊေငြရတနာမ်ားကိုလည္း သိမ္းယူေၾကာင္း မ်က္ျမင္ကိုယ္ေတြ႔အားျဖင့္ အဂတိမလိုက္စားဘဲ ပြင့္လင္းစြာ ေရးသားထားသည္ကို ေတြ႔ရပါသည္။ ထိုနည္းတူစြာ ‘ပီတာဝီလ်ံဆန္ဖေလာရစ္’ (Peter Williamson Floris) ဆိုသူက Relations of Strange Occurance စာအုပ္တြင္ –
“ငဇင္ကာသည္ အာဂနယ္ခ်ဲ႕သမားႀကီး ျဖစ္သည္။ သူသည္ အေကာက္ႀကံလိုလွ်င္ သူ႔ေက်းဇူး ကိုယ့္ေက်းဇူး ရွိသည္၊ မရွိသည္ကို မၾကည့္။ မည္သည္ကိုမွ် အေရးမစိုက္ဘဲ အလြန္အက်င့္တန္သည့္ သတၱဝါႀကီးျဖစ္သည္”ဟူ၍ ေရးသားထားေလသည္။

ဤသည္ကိုေထာက္၍ ပူတေကရာဇဝင္တြင္ ေဖာ္ျပထားသမွ်ကို အမွန္ခ်ည္းဟူ၍ မယူဆသင့္ပါ။ ျမန္မာႏိုင္ငံသို႔ ခရစ္ႏွစ္ ၁၅၄၅တြင္ ေရာက္ရွိလာေသာ ေပၚတူဂီလူမ်ိဳး “ဖာဒီနင္မင္းဒတ္စ္ပင္တို” (Ferdin Mendez Pinto) သည္ ျမန္မာျပည္အေၾကာင္း မႈိခ်ိဳးမွ်စ္ခ်ိဳး မဟုတ္မမွန္ လုပ္ႀကံေရးသားထားေသာ မွတ္တမ္းမ်ား ရွိသည္။ ျမန္မာရာဇဝင္တြင္လည္း နတ္သွ်င္ေနာင္အေၾကာင္းကို အမွန္ေရးသည္ဟု တထစ္ခ် မဆိုႏိုင္ပါ။ ျမန္မာရာဇဝင္၌ ငဇင္ကာအေၾကာင္း၊ နတ္သွ်င္ေနာင္ အေၾကာင္းကို ရွာေဖြေရးသားရာ၌ ပူတေကရာဇဝင္ကိုသာ ကိုးကားေရးၾကသည္ မ်ားသည္။ အေနာက္ဘက္လြန္မင္းလက္ထက္က ေရးသားေသာ ရာဇဝင္မ်ား၌ မိမိတို႔၏ အရွင္သခင္ကိုသာ အသားေပး၍ ေရးၾကေပလိမ့္မည္။ နတ္သွ်င္ေနာင္အေပၚတြင္ အေနာက္ဘက္လြန္မင္း၏ အႏိုင္က်င့္ပံုကိုကား ေရးသားၾကလိမ့္မည္ မဟုတ္ေပ။ ထို႔ေၾကာင့္ ရာဇဝင္အဆိုအရ နတ္သွ်င္ေနာင္ သစၥာေဖာက္သည္ဟူေသာ အခ်က္သည္ ျမန္မာမင္းကို ပုန္ကန္သူတစ္ေယာက္အေနျဖင့္ အေနာက္ဘက္လြန္မင္းကို အသာေပးၿပီး ေရးထားျခင္းမွ်သာ ျဖစ္ေပလိမ့္မည္။

စင္စစ္ဆိုေသာ္ ငဇင္ကာသည္ နတ္သွ်င္ေနာင္ကို အေကာက္ႀကံ၍ သန္လ်င္သို႔ ေခၚေဆာင္လာျခင္းမွ်သာ ျဖစ္သည္။ နတ္သွ်င္ေနာင္က ‘ေခၚပါလွည့္’ ဟူေသာေၾကာင့္ ေခၚရပါသည္ဟူေသာ အခ်က္သည္ လံုးဝမွန္ႏိုင္မည္ မဟုတ္ေခ်။ အဘယ့္ေၾကာင့္ဟူမူ သကၠရာဇ္ ၉၆၅ခုတြင္ ရခိုင္ဘုရင္ႏွင့္ နတ္သွ်င္ေနာင္၏ ခမည္းေတာ္ ေတာင္ငူေရႊနန္းတည္မင္းတို႔ ပူးေပါင္း၍ ငဇင္ကာကို တိုက္ခိုက္ၾကရာတြင္ ရခိုင္ဘုရင္၏ သားေတာ္ကို ငဇင္ကာက ဖမ္းဆီးေလသည္။ ထိုအခ်ိန္က သန္လ်င္ကိုတိုက္စဥ္က ေတာင္ငူတပ္ကို ကြပ္ကဲအုပ္ခ်ဳပ္သူမွာ အိမ္ေရွ႕စံ နတ္သွ်င္ေနာင္ပင္ ျဖစ္ေလသည္။ ထိုစဥ္ကပင္ ငဇင္ကာသည္ နတ္သွ်င္ေနာင္အေပၚ အၿငိဳးထားခဲ့ေလသည္။ ငဇင္ကာသည္ ထိုစဥ္က မည္မွ်စိတ္ႀကီးဝင္ေနသနည္းဟူမူ ရခိုင္ဘုရင္၏ သားေတာ္ကို ဖမ္းဆီးထားသျဖင့္ ရခုိင္ဘုရင္က သားေတာ္ လြတ္ေျမာက္ေရးအတြက္ အေရးဆိုေသာ စကားကမ္းလွမ္းခ်က္တြင္ ငဇင္ကာအား “ငါ့ကၽြန္“ ဟူေသာ စကားကို ေခၚဆိုခဲ့သည္။ “ငါ့ကၽြန္ဟူ၍ မေခၚပါလင့္၊ သို႔မဟုတ္လွ်င္ အေရးမဆိုပါႏွင့္ေတာ့” ဟူ၍ စာျပန္ေၾကာင္း ရာဇဝင္တြင္ ပါရွိေလသည္။

နတ္သွ်င္ေနာင္သည္ ဘရင္ဂ်ီဘာသာသို႔ ဝင္သည္ဟူ၍ လည္းေကာင္း၊ ဘရင္ဂ်ီဘုန္းႀကီးႏွစ္ပါးက သူ႔အား ဘရင္ဂ်ီဘာသာသို႔ သြတ္သြင္းေပးသည္ ဟူ၍ လည္းေကာင္း ပူတေကရာဇဝင္က ေဖာ္ျပခဲ့သည္။ ဤအခ်က္တို႔မွာ ပူတေကရာဇဝင္၏ အဆိုမွ်သာျဖစ္ပါသည္။ သူ႔လက္ေအာက္ သူ႔ျပည္သူ႔ရြာတြင္ သူ႔သေဘာကို လိုက္ေလ်ာညီေထြ က်င့္တတ္ေစဟူ၍ ပညာရွိတို႔ ဆံုးမခ်က္အရသာလွ်င္ နတ္သွ်င္ေနာင္သည္ ဘရင္ဂ်ီဘာသာကို အေရးေပးေပလိမ့္မည္။ ဤဘာသာကို မယံုၾကည္ေသာ္လည္း မဆန္႔က်င္ေအာင္ သူေနေပလိမ့္မည္။

နတ္သွ်င္ေနာင္ ဗုဒၶဘာသာကို စြန္႔ပယ္၍ ဘရင္ဂ်ီဘာသာသို႔ ဝင္သည္ဟူ၍ ပူတေကရာဇဝင္က ေရးသားထားသည့္တိုင္ေအာင္ မဟုတ္မမွန္ေၾကာင္းကို –
“ဘဝဂ္ရပ္သူ၊ နတ္လူဝွန္ေခ်ာက္၊ ညြတ္ေရာက္သည္၊ က်ိဳက္ေခါက္ေကာင္းကင့္ ထြက္ခ်ာေသာ္ဝ္”ဟူေသာ သန္လ်င္ေရာက္မွ ဖြဲ႕ဆိုသည့္ က်ိဳက္ေခါက္ဘုရားတိုင္ရတုက သက္ေသခံလ်က္ရွိသည္။
“ရွင့္ပင့္စေတ၊ ခုႏွစ္ေနတိ၊ မီး ေရ ေလဆံုး၊ ေျခာက္ဘံုလံုးက၊ ရြက္က်ံဳးရွစ္ဦး၊ ေတဘုန္းထူးကို၊ မဖူးၾကားကာ၊ သည္သာစက္၌ ႀကံဳႀကိဳက္ေတြ႔ရ၊ ဆယ္ဆဆယ္ျပန္၊ က်ဴးလြန္စံုမက္၊ ေရွးထက္ဝမ္းေျမာက္၊ ျပည္ဆူေလွ်ာက္သည္”ဟူ၍လည္း သူရွိခိုးဆုေတာင္းခဲ့ေသးေၾကာင္း အထင္အရွား ေရးသားေဖာ္ျပ ထားပါေသးသည္။

သူ႔အား သစၥာေဖာက္ႀကီး၊ လူဆိုးဘုရင္ႀကီး၊ လူ႔စဥ္းလဲႀကီး စသည္ျဖင့္ ရာဇဝင္က ေရးခဲ့ေသာ္လည္း သူသစၥာမေဖာက္ေၾကာင္း ႏိုင္ငံျခားစာဆိုတို႔၏ ေရးသားမွတ္တမ္းတင္ခ်က္မ်ားက သက္ေသခံလ်က္ ရွိသည္။ နတ္သွ်င္ေနာင္သည္ သာသနာဖ်က္ႀကီးတစ္ေယာက္ မဟုတ္ေၾကာင္းကို သူနတ္ရြာစံလွ်င္စံခ်င္း သူ၏ေက်းကၽြန္မ်ားက တည္ေဆာက္ခဲ့ေသာ သူ၏ အ႐ိုးအိုးေစတီကလည္း ယခုတိုင္ သက္ေသခံလ်က္ ရွိသည္။ သူ သန္လ်င္ေရာက္မွ စပ္ဆိုေသာ က်ိဳက္ေခါက္ဘုရားတိုင္ရတုကလည္း သက္ေသခံလ်က္ ရွိပါသည္။ တိုင္းသူျပည္သားႏွင့္ မဆန္႔က်င္ေသာ အဝိေရာဓနံတရားႏွင့္ယွဥ္လ်က္ အေနာက္လြန္မင္းကို အညံ့ခံခဲ့ဲျခင္း၊ ဆရာေတာ္ သံဃာေတာ္တို႔၏စကားကို မပယ္ရွားျခင္းတို႔က သက္ေသခံေနသျဖင့္ နတ္သွ်င္ေနာင္သည္ သစၥာမေဖာက္ေၾကာင္း သမိုင္းက သက္ေသခံလ်က္ ရွိေနပါေတာ့သည္ မဟုတ္ပါေလာ။

——————————–

ရတုဘုရင် နတ်သျှင်နောင်အကြောင်း နှင့် ဘာသာပြောင်းခဲ့မပြောင်းခဲ့ (unicode)

နတ်သျှင်နောင်သည် တောင်ငူ ရွှေနန်းတည်မင်း မင်းရဲသီဟသူနှင့် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရား မိဖုရားကြီး၏ သမီးတော် ခင်စောတို့မှ သက္ကရာဇ် ၉၄၀ ပြည့်နှစ်တွင် ဖွားမြင်သော သားတော်ကြီးဖြစ်သည်။ နတ်သျှင်နောင်သည် ငယ်ရွယ်စဉ်ကပင် ဆင်စီး မြင်းစီး၌လည်း ကျွမ်းကျင်၏။ ဓားခုတ် လှံထိုး၌လည်း တော်၏။ လုပ်ရည်ကြံရည်နှင့်လည်း ပြည့်စုံ၏။ စောင်းညင်း အတတ်ကိုလည်း ကောင်းစွာ သီဆိုတီးမှုတ်တတ်သည်။

ငါးဆူဒါယကာ မင်းတရားကြီး ယိုးဒယားသို့ ချီတက်လုပ်ကြံသောအခါ ၉-နှစ်သား အရွယ်မျှသာရှိသေးသော နတ်သျှင်နောင်သည် မိမိခမည်းတော် တောင်ငူဘုရင်နှင့်အတူ ပါရသည်။ တပ်မကြီး ပြန်လည်ဆုတ်ခွာသောအခါတွင် တောင်ငူဘုရင်နှင့် သားတော်နတ်သျှင်နောင်တို့ တပ်က နောက်ခံတပ်ပြု၍ လိုက်လာသော ယိုးဒယားတပ်တို့အား ပြန်လည်သွားအောင် တိုက်ခိုက်သောကြောင့် ယိုးဒယားတို့ မလိုက်နိုင်ဘဲ ပြန်သွားကြရသည်။ မိုးကောင်း စော်ဘွားပုန်ကန်သောအခါတွင်လည်း နတ်သျှင်နောင်သည် တောင်ငူအားနှင့် တပ်တစ်တပ်အဖြစ်ဖြင့် လိုက်ပါတိုက်ခိုက်ရာတွင်လည်း အောင်ပွဲရခဲ့သည်။ ထိုအခါနတ်သျှင်နောင်မှာ ၁၂-နှစ်သားမျှရှိသေးသည်။ ၉၅၄-ခုနှစ်တွင် ယိုးဒယားသို့ ချီတက်သောအခါတွင်လည်း ၁၄-နှစ်အရွယ်ရှိ နတ်သျှင်နောင်သည် မြို့မှထွက်၍ တိုက်လာသော ယိုးဒယားဘုရင် ဗြနရာဇ်ကို ခုခံတိုက်ခိုက်ရာ ဗြနရာဇ်မခံနိုင်၍ မြို့တွင်းပြန်ဝင်ရသည်။ ဤတိုက်ပွဲသည် နတ်သျှင်နောင်၏ အောင်ပွဲတစ်ခုဖြစ်သည်။

သက္ကရာဇ် ၉၆၄-ခုနှစ်တွင် တောင်ငူဘုရင် မင်းရဲသီဟသူသည် ကေတုမတီရွှေနန်းသစ်ကို တည်တော်မူ၍ နန်းတက်တော်မူသည်။ သားတော်အကြီးနတ်သျှင်နောင်ကိုလည်း အိမ်ရှေ့မိဖုရားဖြစ်ဖူးသော ရာဇဓာတုကလျာနှင့် စုံဖက်၍ အိမ်ရှေ့မင်းအဖြစ် ပေးအပ်တော်မူသည်။ ရာဇဓာတုကလျာကား နတ်သျှင်နောင်နှင့် ၇-လမျှနေရ၍ လွန်တော်မူရှာသည်။ ခမည်းတော် နတ်ရွာစံလွန်သော် နတ်သျှင်နောင်သည် ၉၇၁-ခုနှစ်တွင် တောင်ငူရွှေထီးရွှေနန်းကို သီဟသူရဘွဲ့ခံပြီး သိမ်းမြန်းစိုးစံတော် မူသည်။ ညီတော်ကြီး တောင်ငူမင်းရဲကျော်စွာကို အိမ်ရှေ့အရာပေးသည်။ သက္ကရာဇ် ၉၆၇ တွင် အနောက်ဘက်လွန်မင်းသည် အင်းဝကို သိမ်းပိုက်ပြီးနောက် နှစ်နှစ်မျှအကြာ သက္ကရာဇ် ၉၆၉၊ တန်ဆောင်မုန်းလ တွင် ဆက်လက်၍ တောင်ငူကို တိုက်ခိုက်သည်။ အောင်မြင်သောအခါ တောင်ငူနန်းကို မှန်ကင်းအထွဋ်ချပြီး နတ်သျှင်နောင်ကိုပင် လက်အောက်ခံ ဘုရင်အဖြစ်ထားခဲ့၍ ရဝေရှင်ထွေး၊မင်းဇေယျရန္တမိတ်၊ရှင်သံခို စာဆိုပညာရှင်များကို အင်းဝနေပြည်တော်သို့ မင်းတရားကြီး ခေါ်ဆောင်သွားလေသည်။ သန်လျင်စား ငဇင်ကာသည် သစ္စာတော်ဖောက်ဖျက်၍ တောင်ငူကို တိုက်ခိုက်ပြီး နတ်သျှင်နောင်အား မိဖုရားအခြွေအရံနှင့်အတူ သန်လျင်သို့ ခေါ်ဆောင်သွားရာ အနောက်ဖက်လွန်မင်း စုန်ဆင်းလာ၍ သန်လျင်ကို တိုက်ခိုက်အောင်မြင်သောအခါ သန်လျင်စားငဇင်ကာနှင့် နတ်သျှင်နောင် တို့ပူးပေါင်း၍ သစ္စာဖောက်သည်ကို စစ်မေးသိရှိရသောကြောင့် ၂-ဦးလုံးကိုပင် ၉၇၅-ခုနှစ် တန်ခူးလပြည့်ကျော် ၃-ရက်စနေနေ့၌ ကွပ်မျက်လေသည်။ ကျန်ရစ်သည့် အလောင်းကို ညီတော်တစ်ပါးဖြစ်သည့် တောင်ငူမင်းရဲကျော်ထင်က မြှုပ်နှံပေးသည်။

နတ်ရှင်နောင်သည် သူ့ထီးနန်းကို သိမ်းယူသော အနောက်ဘက်လွန်မင်းအား ပုန်ကန်ခြားနားရာတွင် ငဇင်ကာ၏ အကူအညီရစေရန်အတွက် (ဘုရားတိုင်ရတုများရေးခဲ့သော်လည်း) ဗရင်ဂျီဘာသာ သို့ ကူးပြောင်းခဲ့သည်ဟုဆိုသည်။ နောင်ပုန်ကန်မှုကို မပြုလျှင် ခွင့်လွှတ်၍ ယခင်အတိုင်း လက်အောက်ခံဘုရင်အဖြစ် ပြန်ထားမည်ဟု အနောက်ဘက်လွန်မင်းက ပြောသော်လည်း မတောင်းပန်သဖြင့် ငဇင်ကာနှင့်အတူ တံကျင်ထိုးခံရ၍ သေခဲ့ရသည်။

အထက်ပါအကြောင်းအရာများသည် အများစုသိပြီးဖြစ်သည့် နတ်သျှင်နောင်၏ အကြောင်းဖြစ်သည်။ ရတုဘုရင်ဟု ဆိုသော်လည်း သစ္စာဖောက်ဟု ကင်ပွန်းတပ်ခံရသူဖြစ်သည်။ ဒီနေရာတွင် နတ်သျှင်နောင် ဘာသာပြောင်းခဲ့မပြောင်းခဲ့သည်နှင့် ပတ်သတ်၍ ဆရာ သန်းဝင်းလှိုင်ရဲ့ ရေးသားချက်တချို့ကို ဖော်ပြလိုပါသည်။

နတ်သျှင်နောင်သည် မင်းကျင့်တရား (၁ဝ)ပါးတွင် “အဝိရောဓနံ”ဟူသော ပြည်သူပြည်သားတို့၏ အလိုနှင့် မဆန့်ကျင်တတ်သော အကျင့်သိက္ခာကောင်းရှိသူ ဖြစ်သည်။ ဤသို့ တိုင်းပြည်နှင့် မဆန့်ကျင်တတ်ရှိသူ ဘုရင်အား သစ္စာဖောက်ဘုရင်၊ စဉ်းလဲကောက်ကျစ်သောဘုရင် ဟူ၍ ဆိုနိုင်ပါမည်လော။ နတ်သျှင်နောင်သည် ဗုဒ္ဓဘာသာတရားတော်မြတ်ကို လေးစားသူ ဖြစ်သည်။ ရတနာသုံးပါးကို ဦးထိပ်ထားသူဖြစ်သည်။ သူ့အား ဘရင်ဂျီဘာသာသို့ ဝင်သည်။ နှစ်ခြင်းခံသည်။ ဗုဒ္ဓဘာသာကို မလေးစားသူဖြစ်သည်ဟု စွပ်စွဲကြသည်။ နတ်သျှင်နောင်သည် ဘရင်ဂျီဘာသာသို့ ဝင်သည် ဆိုသည်မှာ ပူတကေ (ပေါ်တူဂီ) ရာဇဝင်က တစ်ဖက်သတ် ရေးထားခြင်းမျှသာ ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ငဇင်ကာ၏ လုပ်ဇာတ်မျှသာဖြစ်သည်။ နတ်သျှင်နောင်၏ တရားပြည့်ဝ နှလုံးလှပုံနှင့် သံဃာတော်များအား လေးစားသမှုပြုခဲ့ပုံကို ရာဇဝင်တွင် အထင်အရှားတွေ့ရသည်။ တောင်ငူမြို့ကို အနောက်ဘက်လွန်မင်းက ဝိုင်းဝန်းထားသည့်အခါ နတ်သျှင်နောင်သည် အညံ့မခံလို၍ ထွက်တိုက်မည်ပြုရာ ပြာသာဒ်ကျောင်းဆရာတော်က သတ္တဝါတို့၏ ဆင်းရဲအကြောင်းကို တရားဟောသည်နှင့် နတ်သျှင်နောင်သည် တရားနှင့်ယှဉ်ကာ စိတ်ကိုထိန်းတော်မူခဲ့သည်။ သူသည် သံဃာတော် ဆရာတော်ကြီးများ၏ စကားကို နားထောင်၍သာ သူ၏အလိုနှင့်ဆန့်ကျင်၍ အနောက်ဘက်လွန်မင်းကို အညံ့ခံခဲ့ခြင်းဖြစ်သည်။ ဤအချက်ကိုထောက်လျှင် သူ့အား ဒိဋ္ဌိဟူ၍ ဆိုရမည်လော။
အနောက်ဘက်လွန်မင်းက သန်လျင်ကို အောင်နိုင်ပြီးသည့်အခါတွင် ငဇင်ကာက ‘နတ်သျှင်နောင်’က ‘ခေါ်ပါလှည့်’ ဟူ၍ ဆိုသောကြောင့် တောင်ငူကို တိုက်ခိုက်သိမ်းယူပြီး နတ်သျှင်နောင်ကို သန်လျင်သို့ ခေါ်ဆောင်လာခဲ့ပါသည်ဟူ၍ အစစ်ခံခဲ့သည်။
နတ်သျှင်နောင်ကမူ ‘ခေါ်ပါလှည့်’ဟူ၍ မစေရကြောင်းကို ဆိုသည်။ နတ်သျှင်နောင်သည် ငဇင်ကာကဲ့သို့ လုပ်ကြံပြောတတ်သူ မဟုတ်ပါ။ ‘ခေါ်ပါလှည့်’ ဟူသော စကားမှာ ငဇင်ကာက ဆင်ထားသော လုပ်ဇာတ်ဖြစ်သည်။ နတ်သျှင်နောင်သည် လုပ်ရဲလျှင် သေရဲသူဖြစ်သည်။ သေရမည်ကို ကြောက်သူမဟုတ်ကြောင်း အနောက်ဘက်လွန်မင်းအား ပြန်လှန်၍ ချေပပြောဆိုသည့်အချက်ကို ထောက်၍ အလွန်သိသာသည်။ ထို့ကြောင့် သူက ငဇင်ကာအား ခေါ်ပါလှည့်ဟူ၍မှာမိလျှင် သူမှာသည့်အတိုင်း ဘွင်းဘွင်းပြောမည့်သူပင် ဖြစ်သည်။ ယခုမှာမူ နတ်သျှင်နောင်က ခေါ်ပါလှည့်ဟူ၍ သူမစေရကြောင်း ငြင်းဆိုသည်။

ငဇင်ကာက “ကြက်ရိုးပင်စားကိုသာလျှင် မေးကြည့်ပါတော့”ဟု ထပ်မံဖြေရှင်းသည်။ ကြက်ရိုးပင်စားကမူ နတ်သျှင်နောင်က သူ့အား ငဇင်ကာထံ စေလွှတ်သည်မှာ မှန်ပါသည်။ သို့သော် တပူတွင် သက္ကလတ်ဖြင့် ပိတ်၍ထားသော သဝဏ်လွှာစာဖြစ်၍ မည်သည့်အကြောင်းအချက်များ ပါရှိသည်ကိုမူ သူမသိရပါကြောင်း ဖြေသည်။ သေအတူ ရှင်မကွာနေပါမည်ဆိုသော ငဇင်ကာသည် နတ်သျှင်နောင်အပေါ်တွင်သာ အပြစ်ကို လုံးလုံးဖို့နေပေပြီ။ ‘ခေါ်ပါလှည့်’ ဟူ၍ အကယ်၍ နတ်သျှင်နောင်က မှာခဲ့သည့်တိုင် ဤအချိန် ဤနေရာတွင် သူ၏ မဟာမိတ်က ‘ခေါ်ပါလှည့်’ဆို၍ ခေါ်ရပါသည်ဟု ငဇင်ကာက အပြစ်ကိုပုံ၍ ပြောရက်ပါလျှင် ငဇင်ကာသည်သာလျှင် သူ၏ မဟာမိတ် နတ်သျှင်နောင်အပေါ် အဆင်းတွန်း၍ ချောက်ချတတ်သော သစ္စာဖောက်ကြီး ဖြစ်နေပါတော့သည်။ နတ်သျှင်နောင်သည် ညီတော် အိမ်ရှေ့မင်း မင်းရဲကျော်စွာကို လွန်စွာချစ်ခင်သည်။ ဤသို့ဖြစ်လျှင် ငဇင်ကာအား ‘ခေါ်ပါလှည့်’ဟူ၍ မှာထားပါငြားအံ့။ သူ၏အကြံကို ညီတော် မင်းရဲကျော်စွာအား ကြိုတင်အသိပေးထားရပေလိမ့်မည်။ ယခုသော်ကား ညီတော်ပင် မသိရ။ ငဇင်ကာ လွှတ်လိုက်သော ဇွင်ဒေကရီးသီးယား၏ တပ်သည် တောင်ငူသို့တက်လာ၍ မင်းရဲကျော်စွာသည် ကျောက်မော်အရပ်က ခုခံရာတွင် ရန်သူ၏ ကျည်သင့်၍ ဆင်ထက်က ကျဆုံးခဲ့ရှာသည်။

ထို့နောက် ရှုပါဦး …… ‘ခေါ်ပါလှည့်’ ဟူသောကြောင့် လာခေါ်ရပါသည်ဆိုသောတပ်သည် တောင်ငူကို မီးရှို့ဖျက်ဆီးလိုက်သည်။ ဘုရားပုထိုးများကို ဖောက်၍ ဌာပနာများကိုပင် ယူကြသည်။ မြို့သူမြို့သားတို့ သတ်ဖြတ်၍ ရွှေငွေရတနာများ အတင်းလုယူခဲ့သည်။ ‘ခေါ်ပါလှည့်’ဆို၍ လာခေါ်ရသူ၏ စည်းကမ်းနှင့် ကိုက်ညီပါ၏လော။

တောင်ငူတွင် ငဇင်ကာ လွှတ်လိုက်သော တပ်သည် (၁ဝ)ရက်ခန့်နေ၍ နန်းတော်ကို မီးတိုက်ခဲ့သည်။ ကျောင်းကန်ဘုရားများကိုလည်း ဖျက်ဆီးခဲ့သည်။ ဆင်၊ မြင်း၊ လူသူ၊ ရွှေ၊ ငွေများကို အတင်းလုယူပြီးမှ သန်လျင်သို့ နတ်သျှင်နောင်အား ခေါ်ဆောင်သွားသည်။ ပူတကေရာဇဝင်က နတ်သျှင်နောင်သည် သန်လျင်သို့ လူ (၃၀၀၀)၊ လက်နက် အစုံအလင်ဖြင့် ဝင်ရောက်လာသည်ဟု ဆိုသည်။ ထိုအချက် မမှန်ကန်ချေ။ မြန်မာရာဇဝင်များက နတ်သျှင်နောင်အား သန်လျင်သို့ ခေါ်ဆောင်ရာတွင် ကိုယ်လုပ်တော် နှစ်ယောက်၊ အလုပ်အကျွေး (၁ဝ)ယောက်သာ ပါကြောင်း တညီတညွတ်တည်း အတိအလင်း ရေးသားထားပါသည်။ ‘ခေါ်ပါလှည့်’ ဟူ၍သာ လာရောက်ခေါ်ခြင်း ဖြစ်ပါလျှင် နတ်သျှင်နောင်အား ဤမျှလောက် ကိုယ်လုပ်တော် အခြံအရံ အနည်းငယ်မျှလောက်ကိုသာ ငဇင်ကာက ခွင့်ပြုပါသလော။ မဟာမိတ်အဖြစ်ဖြင့် ခေါ်သွားခြင်းလော။ ကြက်ဖမ်း ငှက်ဖမ်းသကဲ့သို့ပင် ခေါ်သွားခြင်းပေလော။ စဉ်းစားစရာပင် ဖြစ်သည်။ စင်စစ် ငဇင်ကာသည် နတ်သျှင်နောင်က ‘ခေါ်ပါလှည့်’ဟူသောကြောင့် ခေါ်လာခဲ့ရပါသည်ဟူ၍ အသံကောင်းဟစ်ခြင်းမျှသာ ဖြစ်သည်။ နယ်ချဲ့သမားတို့သည် ဤကဲ့သို့ပင် သမာရိုးကျ အသံကောင်းဟစ်တတ်ကြပါသည်။

အင်္ဂလိပ်နယ်ချဲ့သမားတို့ကလည်း ဤကဲ့သို့ပင် မလိမ့်တပတ်ပြုလုပ်၍ သီပေါမင်းတရားနှင့် မိဖုရားတို့ကို ကြက်ငှက်ဖမ်းသကဲ့သို့ပင် ဖမ်းခဲ့ဖူးပါသည်။ “စာချုပ်ရုံမျှသာ သူရိယသဘောၤပေါ်သို့ ကြွတော်မူပါ”ဟူ၍ မလိမ့်တပတ်လုပ်ပြီး ရတနာဂီရိသို့ သီပေါမင်းအား ပို့ဆောင်ခဲ့ဖူးပါသည်။
ငဇင်ကာကလည်း ထိုနည်းတူပင် နတ်သျှင်နောင်အား သန်လျင်သို့ ခေတ္တလိုက်ခဲ့ပါ။ အင်းဝဘုရင်ကိုနိုင်အောင် ကူညီတိုက်ပေးပါမည်။ တောင်ငူပြည်သားများက သူ့အပေါ် အထင်မသေးရအောင် နတ်သျှင်နောင်က ‘ခေါ်ပါလှည့်’ဆို၍ လာခေါ်ရခြင်း ဖြစ်ကြောင်း အသံကောင်းဟစ်၍ သူအယုံသွင်းသဖြင့် ရိုးသားသော အနုပညာရှင် နတ်သျှင်နောင်သည် ယုံမိရှာသည်။ သန်လျင်သို့ လိုက်သွားရကောင်းနိုးနိုး ထင်လာသည်။
ထိုအချိန်က သူ၏ အလွန်ချစ်လှစွာသော ညီတော် မင်းရဲကျော်စွာလည်း ကျောက်မော်တိုက်ပွဲတွင် ကျဆုံးခဲ့ရလေပြီ။ ချစ်သူ ရာဇဓာတုကလျာနှင့်လည်း (၇)လမျှသာ ပေါင်းရ၍ ကွေကွင်းခဲ့ရသည်။ အနောက်ဘက်လွန်မင်းက သူ့အား အနိုင်ကျင့်ကာ တောင်ငူကို တိုက်ခိုက်သိမ်းယူရုံမျှမက သူ၏ အလွန်ကြည်ညိုစွာ ကိုးကွယ်ထားသော မြသပိတ်နှင့် စွယ်တော်မြတ်ကို ပင့်ဆောင်သွားခဲ့သည်။ သူသည်ပင်လျှင် တောင်ငူတွင် အထီးကျန်ညှိုးစွာ စံပယ်တော်မူခဲ့ရသည်။ ယခု ငဇင်ကာ လွှတ်လိုက်သော ဇွင်ဒေကရီသီးယားတပ်က သူ့အား ကိုယ်လုပ်တော် နှစ်ယောက်၊ အလုပ်အကျွေး (၁ဝ)ယောက်မျှသာ ခွင့်ပြုပြီး သန်လျင်သို့ ခေါ်ဆောင်ခဲ့သည်။

သန်လျင်တွင်ကား ပရိယာယ်မာယာများလှသော ငဇင်ကာသည် စောင့်မျှော်လျက်ရှိနေသည်။ နတ်သျှင်နောင်သည် အသာတကြည်မှ ပါလာလိမ့်မည်လော။ တောင်ငူတွင်ပင် အသက်အသေခံ၍ သန်လျင်သို့ လိုက်ပါရန် ငြင်းဆန်နေပေလိမ့်မည်လော။ အကယ်၍ သန်လျင်သို့ ပါလာသည်ရှိသော် မည်သို့ပြုမည်နည်း။ နတ်သျှင်နောင် သန်လျင်သို့ ပါလာသည်ကို သိသည်နှင့် တစ်ပြိုင်နက် ငဇင်ကာသည် ပရိယာယ်တစ်မျိုး ပြောင်းလိုက်သည်။ နတ်သျှင်နောင်၏ အကျိုးကို လိုလားဟန်၊ နတ်သျှင်နောင်၏ မဟာမိတ်ဖြစ်လေဟန် နတ်သျှင်နောင်အား အယုံသွင်း၍ မျက်နှာချိုသွေးခဲ့သည်။ နတ်သျှင်နောင်လည်း ယုံမိသည့်အလျောက် သူနှင့်တကွပါလာသော ရတနာကျောက်ကောင်းအပြည့် ထည့်ထားသည့် ကွမ်းအစ်တော်ကို ငဇင်ကာအား ပေးသနားတော်မူသည်။ ငဇင်ကာသည် မူလိုက်သေးသည်။
“အရှင့်အမှုတော်ကို ကုန်ငအောင် ထမ်းဆောင်ပြီးဆုံးသည့်အခါမှ သနားသမျှကို လက်ခံပါမည်” ဟူ၍လည်း ဆိုလိုက်သေးသည်။
နတ်သျှင်နောင်သည် ငဇင်ကာအပေါ်တွင် ရှေးကထက်ပို၍ လေးစားယုံကြည်သွားရှာသည်။ စင်စစ်မှာ သန်လျင်သို့ပါလာသော ပစ္စည်းမှန်သမျှသည် ငဇင်ကာ၏ လက်တွင်းသို့ ရောက်နေသည်နှင့် အတူတူပင်ဖြစ်သည်။

နတ်သျှင်နောင်၏ ရွှေငွေဘဏ္ဍာမှန်သမျှကို တကယ်ပင် ငဇင်ကာ မသိမ်းပိုက်ပါလော။ အထက်ဖော်ပြပါတို့သည် ပူတကေရာဇဝင်တွင် ပါရှိသည့်အချက်တို့ပင် ဖြစ်သည်။ ပူတကေရာဇဝင်သည် ငဇင်ကာကိုသာ အသားပေး၍ ရေးထားခြင်းမျှသာဖြစ်သည်။ စင်စစ် နတ်သျှင်နောင်၏ ပါသမျှ ရတနာဘဏ္ဍာများကို ငဇင်ကာသည် အတင်းသိမ်းယူထားပြီး ဖြစ်သည်။ ထိုအချက်နှင့် ပတ်သက်၍ ခိုင်လုံသော အထောက်အထားတစ်ခုမှာ ထိုအချိန်အခါက ခရစ်နှစ် ၁၆၀၀ပြည့်နှစ်တွင် အနောက်နိုင်ငံသာ သနာပြုပုဂ္ဂိုလ် မစ္စတာဗိုဗစ် (Mr.Bovis) ဟံသာဝတီသို့ ရောက်ရှိခဲ့ပြီးနောက် သူရေးသားခဲ့သော “မြန်မာပြည်ရောက်မှတ်တမ်းများ” စာအုပ်၌ ငဇင်ကာအကြောင်းကို ဤသို့ အသေးစိတ် တင်ပြထားခဲ့လေသည်။

ရခိုင်ဘုရင်သည် စစ်ပွဲကို အောင်နိုင်ပြီးသည့်အခါတွင် သန်လျင်မြို့ကို ပူတကေစစ်တပ်ခွဲမှူးဖြစ်သူ ဇွင်ကာကူ (ငဇင်ကာ)လက်သို့ ပေးအပ်လိုက်လေတော့သည်။ သို့သော် များမကြာမီမှာပင် ငဇင်ကာသည် ရခိုင်ဘုရင်နှင့် မသင့်မတင့်ရှိကြပြီးလျှင် ဂိုးအား (Goa) ဘုရင်ခံထံသို့ သွားရောက်၍ စစ်ကူတောင်းလေသည်။ သူ မရှိသည့်အခိုက်တွင် သူ၏ နောက်လိုက်များက သူ့အား ဟံသာဝတီဘုရင်အဖြစ် ကြေညာကြသည်။ နှစ်ပေါင်းကြာမြင့်စွာလျှင် သူသည် ဇက်ရဲလက်ရဲနှင့် လူစွာလုပ်ခဲ့သည်။ သူ၏ ကျေးဇူးရှင် ရခိုင်ဘုရင်၏ သားတော်တစ်ဦးကို ဖမ်းဆီးပြီးလျှင် ရခိုင်ဘုရင်အား ငွေငါးသောင်းနှင့် ရွေးယူစေလေသည်။ ထိုမျှမက သူသည် သူနှင့် မဟာမိတ်ဖြစ်သော တောင်ငူဘုရင်၏ ဘဏ္ဍာတော်များကို အကျင့်တန် သစ္စာမဲ့စွာသိမ်းယူ၍ တောင်ငူဘုရင်ကိုလည်း သန်လျင်သို့ ဖမ်းယူခေါ်ဆောင်သွားခဲ့လေသည်။ သူ၏သား “ဆိုင်မွန်” (Simon) ကို မုတ္တမဘုရင်၏ သမီးတော်တစ်ပါးနှင့် ထိမ်းမြားခြင်းလည်း ပြုလေသည်။ ထိုအခါ မုတ္တမပြည်နယ်သည် ဟံသာဝတီမင်းဆက် ပြတ်ပြီးသည့်နောက်တွင် လွတ်လပ်သော ပြည်နယ်အဖြစ် တစ်ရှိန်ထိုးတက်လာသော ပြည်နယ် ဖြစ်လေသည်။

အထက်ပါ ဖော်ပြချက်ကို ကြည့်ပါက ငဇင်ကာသည် တောင်ငူဘုရင် နတ်သျှင်နောင်ကို မဟာမိတ်ဖွဲ့ပြီးမှ သစ္စာမဲ့စွာ တောင်ငူကို တိုက်ခိုက်သိမ်းယူခဲ့၍ နတ်သျှင်နောင်ကို ဖမ်းဆီးခေါ်ဆောင်လာပြီးလျှင် ရွှေငွေရတနာများကိုလည်း သိမ်းယူကြောင်း မျက်မြင်ကိုယ်တွေ့အားဖြင့် အဂတိမလိုက်စားဘဲ ပွင့်လင်းစွာ ရေးသားထားသည်ကို တွေ့ရပါသည်။ ထိုနည်းတူစွာ ‘ပီတာဝီလျံဆန်ဖလောရစ်’ (Peter Williamson Floris) ဆိုသူက Relations of Strange Occurance စာအုပ်တွင် –
“ငဇင်ကာသည် အာဂနယ်ချဲ့သမားကြီး ဖြစ်သည်။ သူသည် အကောက်ကြံလိုလျှင် သူ့ကျေးဇူး ကိုယ့်ကျေးဇူး ရှိသည်၊ မရှိသည်ကို မကြည့်။ မည်သည်ကိုမျှ အရေးမစိုက်ဘဲ အလွန်အကျင့်တန်သည့် သတ္တဝါကြီးဖြစ်သည်”ဟူ၍ ရေးသားထားလေသည်။

ဤသည်ကိုထောက်၍ ပူတကေရာဇဝင်တွင် ဖော်ပြထားသမျှကို အမှန်ချည်းဟူ၍ မယူဆသင့်ပါ။ မြန်မာနိုင်ငံသို့ ခရစ်နှစ် ၁၅၄၅တွင် ရောက်ရှိလာသော ပေါ်တူဂီလူမျိုး “ဖာဒီနင်မင်းဒတ်စ်ပင်တို” (Ferdin Mendez Pinto) သည် မြန်မာပြည်အကြောင်း မှိုချိုးမျှစ်ချိုး မဟုတ်မမှန် လုပ်ကြံရေးသားထားသော မှတ်တမ်းများ ရှိသည်။ မြန်မာရာဇဝင်တွင်လည်း နတ်သျှင်နောင်အကြောင်းကို အမှန်ရေးသည်ဟု တထစ်ချ မဆိုနိုင်ပါ။ မြန်မာရာဇဝင်၌ ငဇင်ကာအကြောင်း၊ နတ်သျှင်နောင် အကြောင်းကို ရှာဖွေရေးသားရာ၌ ပူတကေရာဇဝင်ကိုသာ ကိုးကားရေးကြသည် များသည်။ အနောက်ဘက်လွန်မင်းလက်ထက်က ရေးသားသော ရာဇဝင်များ၌ မိမိတို့၏ အရှင်သခင်ကိုသာ အသားပေး၍ ရေးကြပေလိမ့်မည်။ နတ်သျှင်နောင်အပေါ်တွင် အနောက်ဘက်လွန်မင်း၏ အနိုင်ကျင့်ပုံကိုကား ရေးသားကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရာဇဝင်အဆိုအရ နတ်သျှင်နောင် သစ္စာဖောက်သည်ဟူသော အချက်သည် မြန်မာမင်းကို ပုန်ကန်သူတစ်ယောက်အနေဖြင့် အနောက်ဘက်လွန်မင်းကို အသာပေးပြီး ရေးထားခြင်းမျှသာ ဖြစ်ပေလိမ့်မည်။

စင်စစ်ဆိုသော် ငဇင်ကာသည် နတ်သျှင်နောင်ကို အကောက်ကြံ၍ သန်လျင်သို့ ခေါ်ဆောင်လာခြင်းမျှသာ ဖြစ်သည်။ နတ်သျှင်နောင်က ‘ခေါ်ပါလှည့်’ ဟူသောကြောင့် ခေါ်ရပါသည်ဟူသော အချက်သည် လုံးဝမှန်နိုင်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဟူမူ သက္ကရာဇ် ၉၆၅ခုတွင် ရခိုင်ဘုရင်နှင့် နတ်သျှင်နောင်၏ ခမည်းတော် တောင်ငူရွှေနန်းတည်မင်းတို့ ပူးပေါင်း၍ ငဇင်ကာကို တိုက်ခိုက်ကြရာတွင် ရခိုင်ဘုရင်၏ သားတော်ကို ငဇင်ကာက ဖမ်းဆီးလေသည်။ ထိုအချိန်က သန်လျင်ကိုတိုက်စဉ်က တောင်ငူတပ်ကို ကွပ်ကဲအုပ်ချုပ်သူမှာ အိမ်ရှေ့စံ နတ်သျှင်နောင်ပင် ဖြစ်လေသည်။ ထိုစဉ်ကပင် ငဇင်ကာသည် နတ်သျှင်နောင်အပေါ် အငြိုးထားခဲ့လေသည်။ ငဇင်ကာသည် ထိုစဉ်က မည်မျှစိတ်ကြီးဝင်နေသနည်းဟူမူ ရခိုင်ဘုရင်၏ သားတော်ကို ဖမ်းဆီးထားသဖြင့် ရခိုင်ဘုရင်က သားတော် လွတ်မြောက်ရေးအတွက် အရေးဆိုသော စကားကမ်းလှမ်းချက်တွင် ငဇင်ကာအား “ငါ့ကျွန်“ ဟူသော စကားကို ခေါ်ဆိုခဲ့သည်။ “ငါ့ကျွန်ဟူ၍ မခေါ်ပါလင့်၊ သို့မဟုတ်လျှင် အရေးမဆိုပါနှင့်တော့” ဟူ၍ စာပြန်ကြောင်း ရာဇဝင်တွင် ပါရှိလေသည်။

နတ်သျှင်နောင်သည် ဘရင်ဂျီဘာသာသို့ ဝင်သည်ဟူ၍ လည်းကောင်း၊ ဘရင်ဂျီဘုန်းကြီးနှစ်ပါးက သူ့အား ဘရင်ဂျီဘာသာသို့ သွတ်သွင်းပေးသည် ဟူ၍ လည်းကောင်း ပူတကေရာဇဝင်က ဖော်ပြခဲ့သည်။ ဤအချက်တို့မှာ ပူတကေရာဇဝင်၏ အဆိုမျှသာဖြစ်ပါသည်။ သူ့လက်အောက် သူ့ပြည်သူ့ရွာတွင် သူ့သဘောကို လိုက်လျောညီထွေ ကျင့်တတ်စေဟူ၍ ပညာရှိတို့ ဆုံးမချက်အရသာလျှင် နတ်သျှင်နောင်သည် ဘရင်ဂျီဘာသာကို အရေးပေးပေလိမ့်မည်။ ဤဘာသာကို မယုံကြည်သော်လည်း မဆန့်ကျင်အောင် သူနေပေလိမ့်မည်။

နတ်သျှင်နောင် ဗုဒ္ဓဘာသာကို စွန့်ပယ်၍ ဘရင်ဂျီဘာသာသို့ ဝင်သည်ဟူ၍ ပူတကေရာဇဝင်က ရေးသားထားသည့်တိုင်အောင် မဟုတ်မမှန်ကြောင်းကို –
“ဘဝဂ်ရပ်သူ၊ နတ်လူဝှန်ချောက်၊ ညွတ်ရောက်သည်၊ ကျိုက်ခေါက်ကောင်းကင့် ထွက်ချာသော်ဝ်”ဟူသော သန်လျင်ရောက်မှ ဖွဲ့ဆိုသည့် ကျိုက်ခေါက်ဘုရားတိုင်ရတုက သက်သေခံလျက်ရှိသည်။
“ရှင့်ပင့်စတေ၊ ခုနှစ်နေတိ၊ မီး ရေ လေဆုံး၊ ခြောက်ဘုံလုံးက၊ ရွက်ကျုံးရှစ်ဦး၊ တေဘုန်းထူးကို၊ မဖူးကြားကာ၊ သည်သာစက်၌ ကြုံကြိုက်တွေ့ရ၊ ဆယ်ဆဆယ်ပြန်၊ ကျူးလွန်စုံမက်၊ ရှေးထက်ဝမ်းမြောက်၊ ပြည်ဆူလျှောက်သည်”ဟူ၍လည်း သူရှိခိုးဆုတောင်းခဲ့သေးကြောင်း အထင်အရှား ရေးသားဖော်ပြ ထားပါသေးသည်။

သူ့အား သစ္စာဖောက်ကြီး၊ လူဆိုးဘုရင်ကြီး၊ လူ့စဉ်းလဲကြီး စသည်ဖြင့် ရာဇဝင်က ရေးခဲ့သော်လည်း သူသစ္စာမဖောက်ကြောင်း နိုင်ငံခြားစာဆိုတို့၏ ရေးသားမှတ်တမ်းတင်ချက်များက သက်သေခံလျက် ရှိသည်။ နတ်သျှင်နောင်သည် သာသနာဖျက်ကြီးတစ်ယောက် မဟုတ်ကြောင်းကို သူနတ်ရွာစံလျှင်စံချင်း သူ၏ကျေးကျွန်များက တည်ဆောက်ခဲ့သော သူ၏ အရိုးအိုးစေတီကလည်း ယခုတိုင် သက်သေခံလျက် ရှိသည်။ သူ သန်လျင်ရောက်မှ စပ်ဆိုသော ကျိုက်ခေါက်ဘုရားတိုင်ရတုကလည်း သက်သေခံလျက် ရှိပါသည်။ တိုင်းသူပြည်သားနှင့် မဆန့်ကျင်သော အဝိရောဓနံတရားနှင့်ယှဉ်လျက် အနောက်လွန်မင်းကို အညံ့ခံခဲ့ခြင်း၊ ဆရာတော် သံဃာတော်တို့၏စကားကို မပယ်ရှားခြင်းတို့က သက်သေခံနေသဖြင့် နတ်သျှင်နောင်သည် သစ္စာမဖောက်ကြောင်း သမိုင်းက သက်သေခံလျက် ရှိနေပါတော့သည် မဟုတ်ပါလော။

Leave a Reply