မသိတာမရွိ မတတ္တာမရွိတဲ့ ဆရာေတာ္ (သုိ႔) ‘မ’တစ္လုံးေၾက ခင္ႀကီးေဖ်ာ္

Posted on

ကုန္းေဘာင္ေခတ္ဦးပိုင္းတြင္ အလြန္ဉာဏ္ပညာထက္ျမက္ၿပီး စြယ္စုံပညာရပ္မ်ားကို တတ္ေျမာက္ေသာ ဆရာေတာ္တစ္ပါး ေပၚေပါက္ခဲ့ဖူးပါတယ္။ သူ႔ကို ‘မ တစ္လုံးေၾကဆရာေတာ္ ၊ အတုလဆရာေတာ္ ၊ ေတာင္တြင္းဆရာေတာ္ ၊ မကာရေလာပ ” စသည္ျဖင့္ ေခၚၾကပါတယ္။ ငယ္ငယ္ရြယ္ရြယ္ ႏွင့္ ပိဋကတ္လည္း ႏွံ့စပ္ ၊ သဒၵါလည္းနိုင္နင္း ၊ အဘိဓမၼာလည္း ကၽြမ္းက်င္သည့္အျပင္ ေလာကီပညာရပ္အဖုံဖုံျဖစ္သည့္ ေဗဒင္ ၊ ေဆး ၊ ဓာတ္၊ အဂိရတ္ စသည့္ပညာရပ္မ်ားကိုလည္း တစ္ဖက္ကမ္းခတ္ ကၽြမ္းက်င္သူ ျဖစ္ပါတယ္။

ဆရာေတာ္အား ၁၇၂၄ခုႏွစ္ ၊ ဧၿပီ ၂၁ ရက္ေန႔မွာ ေတာင္တြင္းႀကီးၿမိဳ႕ ၊ ပုတီးကုန္းရြာမွာ ဖြားျမင္ခဲ့ပါတယ္။ ငယ္နာမည္ ေမာင္ေဖ်ာ္ ျဖစ္ပါတယ္။ ၇ ႏွစ္သားအရြယ္တည္းက ျမန္မာသင္ပုန္းႀကီးကို ခဏခ်င္း သင္ယူတတ္ေျမာက္ခဲ့သလို သုံးလအတြင္း ပရိတ္ႀကီး ၊ နမကၠရ ၊ ေလာကနီတိ ဆုံးမစာ၊ဇာတ္ႀကီး ဆယ္ဘြဲ႕ ပါဠိ အနက္တို႔ကို တက္ေျမာက္ခဲ့သျဖင့္ အံၾသဖြယ္ရာဉာဏ္ရည္ကို ပိုင္ဆိုင္ခဲ့သူျဖစ္ပါတယ္။ ၁၀ ႏွစ္ အရြယ္မွာေတာ့ ခက္လွပါသည္ ဆိုတဲ့ သဒၵါ ၊ သၿဂႋလ္ ၊ မာတိကာ ၊ အဘိဓာန္ ၊ ဆန္း ၊ အလကၤာ တို႔ကို ကၽြမ္းက်င္စြာတတ္ေျမာက္ေနခဲ့ပါၿပီ။ အသက္ ၂၀ ျပည့္၍ ရဟန္းဝတ္ေသာအခါ ဘြဲ႕အမည္ ဦးဉာဏ ျဖစ္ေသာ္လည္း ၊ ထိုအမည္ႏွင့္ မေက်ာ္ေဇာ ငယ္နာမည္ ေမာင္ေဖ်ာ္ကို ခင္ႀကီး(ဘုန္းႀကီး) ႏွင့္တြဲကာ ခင္ႀကီးေဖ်ာ္ လို႔နာမည္ေက်ာ္ပါတယ္။

၁၁၁၆ ခုႏွစ္တြင္ ‌ေနာက္ပါ အလုပ္အ‌ေကၽြး တကာတစ္‌ေယာက္ႏွင့္ပင္ စစ္ကိုင္းၿမိဳ႕သို႔ ႂကြ ‌ေရာက္ခဲ့ပါတယ္။ သုဓမၼာစရပ္တြင္ ဆရာ‌ေတာ္ႀကီးမ်ားႏွင့္ ‌ေတြ႕ ဆုံ၍ ဆရာ‌ေတာ္ႀကီးမ်ားက ‘ငါ့ရွင္၏ဂုဏ္သတင္းသည္ ‌ေ႐ႊၿမိဳ႕ ‌ေတာ္အထိ ပ်ံ႕ႏွံ႔‌ေက်ာ္ၾကား‌ေပသည္။ စာ‌ေပက်မ္းဂန္မ်ားကို အဘယ္မၽွ‌ေလာက္ သင္ၾကားခဲ့ဘူးပါသနည္း’ဟု ‌ေမးရာ၊ ‌ေတာင္တြင္းပုဂၢိဳလ္က ‘တပည့္‌ေတာ္သည္ ပိဋကတ္သုံးပုံတြင္ မသင္ဘူးသည့္က်မ္းမရွိပါ။ ‌ေမး‌ေတာ္မူရာကို ‌ေလၽွာက္ထားပါ မည္’ဆို၍ ဆရာ‌ေတာ္ႀကီးမ်ား ‌ေမးသမၽွကို ‌ေျဖဆို‌ပါတယ္။

ဆရာ‌ေတာ္ႀကီးမ်ားက ‘ေပ‌ေလးပင္ ရွင္‌ေလးပါး ထြန္းကားသည့္ ၿမိဳ႕မွာ ယခု‌ေပတစ္ပင္ ရွင္တစ္ပါး ထြန္းျပန္သည္’ဟု ခ်ီးက်ဴး ‌ေတာ္မူၾက‌ခဲ့ၾကပါတယ္။ ထို‌ေနာက္ ‌ေနာင္‌ေတာ္ႀကီးမင္းတရားက ဉာဏာ ဘိဓမၼလကၤာရ မဟာဓမၼရာဇဂု႐ုတံဆိပ္နာမံကို ကပ္လႉ ၍ သာသနာျပဳ သာသနာပိုင္အရာ တင္‌ေျမႇာက္ကိုးကြယ္ခဲ့ပါတယ္။ မဂလၤာဘုံသာ‌ေက်ာင္း‌ေတာ္ကိုလည္း တင္လႉခဲ့ပါတယ္။ ‌ေနျပည္‌ေတာ္တြင္ သုံးဝါခန္႔ သီတင္းသုံးၿပီး‌ေနာက္ သလုံး ၿမိဳ႕ ‌ေရငုံဆရာ‌ေတာ္ထံ ႂကြ‌ေရာက္၍ စာဝါခံၿပီးလၽွင္ သဒၵါက်မ္း ကို ထပ္မံသင္ယူ‌ေတာ္မူျပန္ခဲ့ပါတယ္။ ထို‌ေနာက္ ျမစ္စဥ္တစ္ ‌ေလၽွာက္ စုန္ဆင္းရာ ျပည္ၿမိဳ႕သို႔‌ေရာက္၍ ဟံသာဝတီ‌ေရာက္ မင္းတရားလက္ထက္ စစ္မက္အ‌ေရးပုံအတြင္းက ပ်က္စီး‌ေသာ ျပည္ၿမိဳ႕ ပိဋကတ္တိုက္ရွိ က်မ္းဂန္ပိဋကတ္မ်ား ပ်က္ျပား‌ေထြး ႐ႈပ္‌ေနသည္ကို ရဟန္းငယ္တက်ိပ္၏ အကူအညီျဖင့္ ‌ေပမ်ားကို တစ္ခ်ပ္စီ စစ္‌ေဆးၿပီးလၽွင္ ‌ေနရာတက်ရွိ‌ေအာင္ ျပဳျပင္စီစဥ္‌ေပး ခဲ့ပါတယ္။

မတတ္တာမရွိ မတစ္လုံးေၾကဟု ေက်ာ္ၾကားေသာ ဆရာေတာ္အား ေနာင္ေတာ္ႀကီးမင္းက အမ်ိဳးမ်ိဳးစမ္းသပ္ခဲ့ပါတယ္။ နန္းတြင္းအေက်ာ္ မင္းလက္ဝဲအေနာ္ရထာစေသာ ပုဂၢိဳလ္ႀကီးမ်ား၏ ခက္ရာခဲဆစ္ ေမးခြန္းမ်ားကို မဆိုင္းမတြခ်က္ခ်င္းေျဖဆို ျပခဲ့ပါတယ္။ ဆရာေတာ္ဟာ ပညာအရာမွာေတာ့ကၽြမ္းက်င္ပါတယ္ ၊ တျခားေလာကီပညာေတြကို တတ္မယ္မထင္ ဟု ေတြးမိၿပီး ေနာင္ေတာ္ႀကီးမင္းဟာ တစ္မ်ိဳးထပ္ႀကံပါတယ္။ သဘင္အတီးအမႈတ္ကိုေတာ့ ဆရာေတာ္နားမည္မွာ မဟုတ္ ၊ ဆိုင္းသမားမ်ား ဆရာေတာ္ေက်ာင္းတြင္ သြားတီးေစဟု ခိုင္းလိုက္ပါတယ္။ ေက်ာင္းေရာက္တဲ့အခါ ဆရာေတာ္က ဆိုင္းသမားမ်ားအား ဤအလုံးကိုေပါင္း ၊ဤအလုံးကိုခြဲ ၊ ဤအရာကိုတြဲ ၊ လက္ကဤသို႔ထားဟု ခိုင္းေစခဲ့ပါတယ္။ ဆိုင္းသမားမ်ားက ဆရာေတာ္ခိုင္းသည့္အတိုင္းတီးၾကည့္ရာ တစ္ခါမွ မၾကားဖူးေသာ တီးကြက္ ၊ တီးလက္မ်ားကို ရရွိသြားပါတယ္။ ထိုတီးကြက္ကို ေနာင္အခါျမဝတီမင္းႀကီးဦးစ က စာသားသြင္း၍ သမာေဒဝနတ္သီခ်င္းလို႔ ေက်ာ္ၾကားပါတယ္။

တစ္ႀကိမ္တြင္လည္း ဆရာေတာ္ အျခားပညာရပ္ေတြကို တစ္ဖက္ကမ္းခတ္တတ္မွာျဖစ္ေပမယ့္ ငါးဖမ္း ၊ တံငါအလုပ္ကဲ့သို႔ ရဟန္းတို႔ႏွင့္ မဆိုင္တဲ့ အလုပ္ကို ေတာ့တတ္မည္ မဟုတ္ဟု ဆိုၾကေလသည္။ ထိုအခါ ဆရာေတာ္က အကၽြမ္းက်င္ဆုံး တံငါသည္ကိုေခၚကာ ကြန္ကိုပစ္ေစပါတယ္။ ထိုတံငါသည္ ရလာတဲ့ ငါးအေရအတြက္ကို မွတ္သားေစပါတယ္။ အဲဒီေနာက္ေတာ့ ဘယ္ေနရာကို ဘယ္လိုပစ္ဟု ကပၸိယအား သင္ေပးၿပီးပစ္ေစရာကၽြမ္းက်င္တံငါသည္ထက္ ငါးမ်ားပိုရပါတယ္။ ထိုငါးေတြကို ေရထဲျပန္လႊတ္လိုက္ပါတယ္။

ေနာက္တစ္ႀကိမ္တြင္လည္း ဆရာေတာ္ဟာ စစ္တုရင္အတတ္ကိုကား တတ္မည္မဟုတ္ဟု ယူဆၿပီး စစ္တုရင္ဘက္တြင္ အကၽြမ္းက်င္ဆုံးဆိုသူအား စစ္တုရင္ပစၥည္းမ်ားနဲ႔ ဆရာေတာ္ရဲ့ေက်ာင္းကို ေစလႊတ္ျပန္ပါတယ္။ သို႔ျဖင့္ စစ္တုရင္ထိုးၾကရာ ပထမႏွစ္ပြဲ တြင္ သူမသာ ကိုယ္မသာျဖစ္ၿပီး ေနာက္ပိုင္းပြဲမ်ားတြင္ ဆရာေတာ္ကခ်ည္း ဆက္တိုက္နိုင္ခဲ့ပါတယ္။ ထိုအခါမွ ေနာင္ေတာ္ႀကီးမင္းက ဆရာေတာ္ဟာတကယ္ပဲ မ တစ္လုံးေၾကပါလား လို႔ ၾကည္ညိဳၿပီး ကိုးကြယ္ဆည္းကပ္ပါေတာ့တယ္။

ဆရာေတာ္ဟာ ယေန႔ထိတိုင္စာသင္သားတို႔ လက္စြဲေနရေသာ သဒၵါက်မ္းေပါင္းမ်ားစြာကို ေရးသားျပဳစုခဲ့သလို ၊ အဘိဓမၼာက်မ္းမ်ား ၊ သၿဂိဳဟ္က်မ္းမ်ား အျပင္ ေဆးက်မ္းမ်ား ၊ ေဗဒင္က်မ္းမ်ားစသျဖင့္ ေလာကီ ၊ ေလာကုတၱရာပညာရပ္ေပါင္းမ်ားစြာကို ျပဳစုေတာ္မူခဲ့ပါတယ္။ ဆရာေတာ္ဟာသကၠရာဇ္ ၁၁၂၄ခု သက္ေတာ္ ၃၉ႏွစ္ ဝါေတာ္ ၁၈ ဝါ အရြယ္ေကာင္းတြင္ စစ္ကိုင္းၿမိဳ႕သို႔ ခဏႂကြသြားေတာ္မူခိုက္ ေလနာေရာဂါျဖင့္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူရရွာပါတယ္။ မည္သည့္လဟုအတိအက်မသိရေသာ္လည္း စစ္ကိုင္းၿမိဳ႕ရွိဆရာေတာ္အရိုး အိုးေစတီကို သကၠရာဇ္(၁၁၂၄)ခု၊ ျပာသိုလဆုတ္(၉)ရက္၊ (ခရစ္ႏွစ္ ၁၇၆၃ခု ဇန္နဝါရီလ ၇ရက္) ေသာၾကာေန႔တြင္တည္ေတာ္မူသည္ သိရွိရပါတယ္။

ဆရာေတာ္၏ ႂကြင္းက်န္ေသာအေလာင္းေတာ္ကို ဘုရင္မင္းတရားႀကီးကိုယ္တိုင္ ထီးျဖဴေလးစင္းအုပ္မိုးေတာ္မူ၍ ေရႊသံလ်င္းျဖင့္ေဆာင္ေတာ္မူၿပီးမီးသၿဂႋဟ္ေတာ္မူခဲ့ပါတယ္။ ထိုႏွစ္ျပာသိုလတြင္ ဆရာေတာ္၏အသုံးအေဆာင္ပရိေဘာဂတို႔ ျဖင့္လည္ေကာင္း၊ ဓါတ္ေတာ္တို႔ျဖင့္လည္းေကာင္း “စစ္ကိုင္းၿမိဳ႕ေျမာက္မုေ႒ာေနာက္၌ ေရႊေမွာက္ဘုန္းထင္ဆင္မ်ားရွင္ဘုရား၏ ေရွ႕တြင္မေဝး၊ လမ္းထိပ္ေမွး၌၊ ညႊတ္ေရွးစိတ္ၾကည္ ေစတီတည္ေတာ္မူသည္”ဟုအရိုးအိုးေစတီေက်ာက္၌ေဖာ္ျပထားပါတယ္။

————————————-

မသိတာမရှိ မတတ်တာမရှိတဲ့ ဆရာတော် (သို့) ‘မ’တစ်လုံးကြေ ခင်ကြီးဖျော် (unicode)

ကုန်းဘောင်ခေတ်ဦးပိုင်းတွင် အလွန်ဉာဏ်ပညာထက်မြက်ပြီး စွယ်စုံပညာရပ်များကို တတ်မြောက်သော ဆရာတော်တစ်ပါး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သူ့ကို ‘မ တစ်လုံးကြေဆရာတော် ၊ အတုလဆရာတော် ၊ တောင်တွင်းဆရာတော် ၊ မကာရလောပ ” စသည်ဖြင့် ခေါ်ကြပါတယ်။ ငယ်ငယ်ရွယ်ရွယ် နှင့် ပိဋကတ်လည်း နှံ့စပ် ၊ သဒ္ဒါလည်းနိုင်နင်း ၊ အဘိဓမ္မာလည်း ကျွမ်းကျင်သည့်အပြင် လောကီပညာရပ်အဖုံဖုံဖြစ်သည့် ဗေဒင် ၊ ဆေး ၊ ဓာတ်၊ အဂိရတ် စသည့်ပညာရပ်များကိုလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူ ဖြစ်ပါတယ်။

ဆရာတော်အား ၁၇၂၄ခုနှစ် ၊ ဧပြီ ၂၁ ရက်နေ့မှာ တောင်တွင်းကြီးမြို့ ၊ ပုတီးကုန်းရွာမှာ ဖွားမြင်ခဲ့ပါတယ်။ ငယ်နာမည် မောင်ဖျော် ဖြစ်ပါတယ်။ ၇ နှစ်သားအရွယ်တည်းက မြန်မာသင်ပုန်းကြီးကို ခဏချင်း သင်ယူတတ်မြောက်ခဲ့သလို သုံးလအတွင်း ပရိတ်ကြီး ၊ နမက္ကရ ၊ လောကနီတိ ဆုံးမစာ၊ဇာတ်ကြီး ဆယ်ဘွဲ့ ပါဠိ အနက်တို့ကို တက်မြောက်ခဲ့သဖြင့် အံဩဖွယ်ရာဉာဏ်ရည်ကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ ၁၀ နှစ် အရွယ်မှာတော့ ခက်လှပါသည် ဆိုတဲ့ သဒ္ဒါ ၊ သင်္ဂြိလ် ၊ မာတိကာ ၊ အဘိဓာန် ၊ ဆန်း ၊ အလင်္ကာ တို့ကို ကျွမ်းကျင်စွာတတ်မြောက်နေခဲ့ပါပြီ။ အသက် ၂၀ ပြည့်၍ ရဟန်းဝတ်သောအခါ ဘွဲ့အမည် ဦးဉာဏ ဖြစ်သော်လည်း ၊ ထိုအမည်နှင့် မကျော်ဇော ငယ်နာမည် မောင်ဖျော်ကို ခင်ကြီး(ဘုန်းကြီး) နှင့်တွဲကာ ခင်ကြီးဖျော် လို့နာမည်ကျော်ပါတယ်။

၁၁၁၆ ခုနှစ်တွင် ‌နောက်ပါ အလုပ်အ‌ကျွေး တကာတစ်‌ယောက်နှင့်ပင် စစ်ကိုင်းမြို့သို့ ကြွ ‌ရောက်ခဲ့ပါတယ်။ သုဓမ္မာစရပ်တွင် ဆရာ‌တော်ကြီးများနှင့် ‌တွေ့ ဆုံ၍ ဆရာ‌တော်ကြီးများက ‘ငါ့ရှင်၏ဂုဏ်သတင်းသည် ‌ရွှေမြို့ ‌တော်အထိ ပျံ့နှံ့‌ကျော်ကြား‌ပေသည်။ စာ‌ပေကျမ်းဂန်များကို အဘယ်မျှ‌လောက် သင်ကြားခဲ့ဘူးပါသနည်း’ဟု ‌မေးရာ၊ ‌တောင်တွင်းပုဂ္ဂိုလ်က ‘တပည့်‌တော်သည် ပိဋကတ်သုံးပုံတွင် မသင်ဘူးသည့်ကျမ်းမရှိပါ။ ‌မေး‌တော်မူရာကို ‌လျှောက်ထားပါ မည်’ဆို၍ ဆရာ‌တော်ကြီးများ ‌မေးသမျှကို ‌ဖြေဆို‌ပါတယ်။

ဆရာ‌တော်ကြီးများက ‘ပေ‌လေးပင် ရှင်‌လေးပါး ထွန်းကားသည့် မြို့မှာ ယခု‌ပေတစ်ပင် ရှင်တစ်ပါး ထွန်းပြန်သည်’ဟု ချီးကျူး ‌တော်မူကြ‌ခဲ့ကြပါတယ်။ ထို‌နောက် ‌နောင်‌တော်ကြီးမင်းတရားက ဉာဏာ ဘိဓမ္မလင်္ကာရ မဟာဓမ္မရာဇဂုရုတံဆိပ်နာမံကို ကပ်လှူ ၍ သာသနာပြု သာသနာပိုင်အရာ တင်‌မြှောက်ကိုးကွယ်ခဲ့ပါတယ်။ မဂင်္လာဘုံသာ‌ကျောင်း‌တော်ကိုလည်း တင်လှူခဲ့ပါတယ်။ ‌နေပြည်‌တော်တွင် သုံးဝါခန့် သီတင်းသုံးပြီး‌နောက် သလုံး မြို့ ‌ရေငုံဆရာ‌တော်ထံ ကြွ‌ရောက်၍ စာဝါခံပြီးလျှင် သဒ္ဒါကျမ်း ကို ထပ်မံသင်ယူ‌တော်မူပြန်ခဲ့ပါတယ်။ ထို‌နောက် မြစ်စဉ်တစ် ‌လျှောက် စုန်ဆင်းရာ ပြည်မြို့သို့‌ရောက်၍ ဟံသာဝတီ‌ရောက် မင်းတရားလက်ထက် စစ်မက်အ‌ရေးပုံအတွင်းက ပျက်စီး‌သော ပြည်မြို့ ပိဋကတ်တိုက်ရှိ ကျမ်းဂန်ပိဋကတ်များ ပျက်ပြား‌ထွေး ရှုပ်‌နေသည်ကို ရဟန်းငယ်တကျိပ်၏ အကူအညီဖြင့် ‌ပေများကို တစ်ချပ်စီ စစ်‌ဆေးပြီးလျှင် ‌နေရာတကျရှိ‌အောင် ပြုပြင်စီစဉ်‌ပေး ခဲ့ပါတယ်။

မတတ်တာမရှိ မတစ်လုံးကြေဟု ကျော်ကြားသော ဆရာတော်အား နောင်တော်ကြီးမင်းက အမျိုးမျိုးစမ်းသပ်ခဲ့ပါတယ်။ နန်းတွင်းအကျော် မင်းလက်ဝဲအနော်ရထာစသော ပုဂ္ဂိုလ်ကြီးများ၏ ခက်ရာခဲဆစ် မေးခွန်းများကို မဆိုင်းမတွချက်ချင်းဖြေဆို ပြခဲ့ပါတယ်။ ဆရာတော်ဟာ ပညာအရာမှာတော့ကျွမ်းကျင်ပါတယ် ၊ တခြားလောကီပညာတွေကို တတ်မယ်မထင် ဟု တွေးမိပြီး နောင်တော်ကြီးမင်းဟာ တစ်မျိုးထပ်ကြံပါတယ်။ သဘင်အတီးအမှုတ်ကိုတော့ ဆရာတော်နားမည်မှာ မဟုတ် ၊ ဆိုင်းသမားများ ဆရာတော်ကျောင်းတွင် သွားတီးစေဟု ခိုင်းလိုက်ပါတယ်။ ကျောင်းရောက်တဲ့အခါ ဆရာတော်က ဆိုင်းသမားများအား ဤအလုံးကိုပေါင်း ၊ဤအလုံးကိုခွဲ ၊ ဤအရာကိုတွဲ ၊ လက်ကဤသို့ထားဟု ခိုင်းစေခဲ့ပါတယ်။ ဆိုင်းသမားများက ဆရာတော်ခိုင်းသည့်အတိုင်းတီးကြည့်ရာ တစ်ခါမှ မကြားဖူးသော တီးကွက် ၊ တီးလက်များကို ရရှိသွားပါတယ်။ ထိုတီးကွက်ကို နောင်အခါမြဝတီမင်းကြီးဦးစ က စာသားသွင်း၍ သမာဒေဝနတ်သီချင်းလို့ ကျော်ကြားပါတယ်။

တစ်ကြိမ်တွင်လည်း ဆရာတော် အခြားပညာရပ်တွေကို တစ်ဖက်ကမ်းခတ်တတ်မှာဖြစ်ပေမယ့် ငါးဖမ်း ၊ တံငါအလုပ်ကဲ့သို့ ရဟန်းတို့နှင့် မဆိုင်တဲ့ အလုပ်ကို တော့တတ်မည် မဟုတ်ဟု ဆိုကြလေသည်။ ထိုအခါ ဆရာတော်က အကျွမ်းကျင်ဆုံး တံငါသည်ကိုခေါ်ကာ ကွန်ကိုပစ်စေပါတယ်။ ထိုတံငါသည် ရလာတဲ့ ငါးအရေအတွက်ကို မှတ်သားစေပါတယ်။ အဲဒီနောက်တော့ ဘယ်နေရာကို ဘယ်လိုပစ်ဟု ကပ္ပိယအား သင်ပေးပြီးပစ်စေရာကျွမ်းကျင်တံငါသည်ထက် ငါးများပိုရပါတယ်။ ထိုငါးတွေကို ရေထဲပြန်လွှတ်လိုက်ပါတယ်။

နောက်တစ်ကြိမ်တွင်လည်း ဆရာတော်ဟာ စစ်တုရင်အတတ်ကိုကား တတ်မည်မဟုတ်ဟု ယူဆပြီး စစ်တုရင်ဘက်တွင် အကျွမ်းကျင်ဆုံးဆိုသူအား စစ်တုရင်ပစ္စည်းများနဲ့ ဆရာတော်ရဲ့ကျောင်းကို စေလွှတ်ပြန်ပါတယ်။ သို့ဖြင့် စစ်တုရင်ထိုးကြရာ ပထမနှစ်ပွဲ တွင် သူမသာ ကိုယ်မသာဖြစ်ပြီး နောက်ပိုင်းပွဲများတွင် ဆရာတော်ကချည်း ဆက်တိုက်နိုင်ခဲ့ပါတယ်။ ထိုအခါမှ နောင်တော်ကြီးမင်းက ဆရာတော်ဟာတကယ်ပဲ မ တစ်လုံးကြေပါလား လို့ ကြည်ညိုပြီး ကိုးကွယ်ဆည်းကပ်ပါတော့တယ်။

ဆရာတော်ဟာ ယနေ့ထိတိုင်စာသင်သားတို့ လက်စွဲနေရသော သဒ္ဒါကျမ်းပေါင်းများစွာကို ရေးသားပြုစုခဲ့သလို ၊ အဘိဓမ္မာကျမ်းများ ၊ သဂြိုဟ်ကျမ်းများ အပြင် ဆေးကျမ်းများ ၊ ဗေဒင်ကျမ်းများစသဖြင့် လောကီ ၊ လောကုတ္တရာပညာရပ်ပေါင်းများစွာကို ပြုစုတော်မူခဲ့ပါတယ်။ ဆရာတော်ဟာသက္ကရာဇ် ၁၁၂၄ခု သက်တော် ၃၉နှစ် ဝါတော် ၁၈ ဝါ အရွယ်ကောင်းတွင် စစ်ကိုင်းမြို့သို့ ခဏကြွသွားတော်မူခိုက် လေနာရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူရရှာပါတယ်။ မည်သည့်လဟုအတိအကျမသိရသော်လည်း စစ်ကိုင်းမြို့ရှိဆရာတော်အရိုး အိုးစေတီကို သက္ကရာဇ်(၁၁၂၄)ခု၊ ပြာသိုလဆုတ်(၉)ရက်၊ (ခရစ်နှစ် ၁၇၆၃ခု ဇန်နဝါရီလ ၇ရက်) သောကြာနေ့တွင်တည်တော်မူသည် သိရှိရပါတယ်။

ဆရာတော်၏ ကြွင်းကျန်သောအလောင်းတော်ကို ဘုရင်မင်းတရားကြီးကိုယ်တိုင် ထီးဖြူလေးစင်းအုပ်မိုးတော်မူ၍ ရွှေသံလျင်းဖြင့်ဆောင်တော်မူပြီးမီးသင်္ဂြိဟ်တော်မူခဲ့ပါတယ်။ ထိုနှစ်ပြာသိုလတွင် ဆရာတော်၏အသုံးအဆောင်ပရိဘောဂတို့ ဖြင့်လည်ကောင်း၊ ဓါတ်တော်တို့ဖြင့်လည်းကောင်း “စစ်ကိုင်းမြို့မြောက်မုဋ္ဌောနောက်၌ ရွှေမှောက်ဘုန်းထင်ဆင်များရှင်ဘုရား၏ ရှေ့တွင်မဝေး၊ လမ်းထိပ်မှေး၌၊ ညွှတ်ရှေးစိတ်ကြည် စေတီတည်တော်မူသည်”ဟုအရိုးအိုးစေတီကျောက်၌ဖော်ပြထားပါတယ်။

Leave a Reply