ျမန္မာႏုိင္ငံတြင္ ဘုိးဘြားရိပ္သာမ်ားျဖစ္ေပၚေစခဲ့သူ ေဒၚဦးဇြန္း

Posted on

” အမွန္ေတာ့ေလ ကြၽန္မတု႔ိ ဗုဒၶဘာသာျမန္မာလူမ်ဳိးေတြဆုိတာ အဆင္မသင့္လို႔ စင္ျမင့္ကဆင္းၿပီး သူတစ္ပါးလက္ေအာက္ခံႏိုင္ငံျဖစ္ေနရတာ။ ကြၽန္မတို႔ ေျခေထာက္ေပၚ ကြၽန္မတို႔ ရပ္ၿပီးေတာ့ ကြၽန္မတို႔ ကိုယ္တိုင္ဦးစီးတဲ့ ဗုဒၶဘာသာ လူအို႐ုံကို ဘာေၾကာင့္ တည္ေထာင္လို႔ မရရမွာလဲရွင္..”
အထက္ပါစကားကို ၁၉၁၅ ခုႏွစ္ မႏၲေလးၿမိဳ႕၌ ပထမဆုံး လူအို ႐ုံတည္ေဆာက္ေရးႏွင့္ပတ္သက္ၿပီး မႏၲေလးၿမိဳ႕မ်က္ႏွာဖုံး လူႀကီးႏွင့္ ေတြ႕ဆုံပြဲ တြင္ ေဒၚဦးဇြန္း က ေျပာ ခဲ့ျခင္း ျဖစ္သည္။

ေဒၚဦးဇြန္းသည္ ယေန႔ ျမန္မာႏိုင္ငံ၌ ထေျမာက္ေအာင္ျမင္စြာ ေဆာင္႐ြက္လ်က္ရွိေသာ ဘိုးဘြားမ်ား (ဝါ) လူအိုမ်ား ေစာင့္ေရွာက္ေရး လူမႈဝန္ထမ္းလုပ္ငန္းကို ျမန္မာလူမ်ိဳးမ်ားထံမွ ပထမဦးစြာ မ်ိဳးေစ့ခ်ခဲ့သူ ျဖစ္ေပသည္။ ေဒၚဦးဇြန္းသည္ တိုင္းက်ိဳးျပည္က်ိဳးေဆာင္ တီပီအက္စ္ဘြဲ႕ရ ျမန္မာႏိုင္ငံရွိ ဘိုးဘြားရိပ္သာမ်ားကို တည္ေထာင္ခဲ့သူ ျဖစ္သည္။ ပရဟိတလုပ္ငန္းတစ္ခုကို `ေဗြေဆာ္ဦး´ လုပ္ေဆာင္ခဲ့သူတစ္ေယာက္လည္းျဖစ္သည္။ ေဒၚဦးဇြန္းတည္ေထာင္ခဲ့ေသာ ဘိုးဘြားရိပ္သာမ်ားမွာ –
မင္းကြန္း ဘိုးဘြားရိပ္သာ၊ စစ္ကိုင္းၿမိဳ႕ – တည္ေထာင္ေသာခုႏွစ္(၁၉၁၅-ခုႏွစ္)

သုဝဏၰဘူမိ ဘိုးဘြားရိပ္သာ၊ သထုံၿမိဳ႕ – တည္ေထာင္ေသာခုႏွစ္(၁၉၂၃-ခုႏွစ္)
ေပါင္းတည္ ဘိုးဘြားရိပ္သာ၊ ေပါင္းတည္ၿမိဳ႕ – တည္ေထာင္ေသာခုႏွစ္(၁၉၂၉-ခုႏွစ္)
ႏွင္းဆီကုန္း ဘိုးဘြားရိပ္သာ၊ ရန္ကုန္ၿမိဳ႕ – တည္ေထာင္ေသာခုႏွစ္(၁၉၃၃-ခုႏွစ္)
ပခုကၠဴ ဘိုးဘြားရိပ္သာ၊ ပခုကၠဴၿမိဳ႕ – တည္ေထာင္ေသာခုႏွစ္(၁၉၃၇-ခုႏွစ္) တုိ႔ျဖစ္ၾကသည္။

ျမန္မာႏိုင္ငံ၌ ဗုဒၶဘာသာ လူအို႐ုံမ်ား (ျမန္မာ့ပထမဦးဆုံး ဘိုးဘြားရိပ္သာကို စစ္ႀကိဳေခတ္က သက္ႀကီး႐ြယ္အိုမ်ား စုေဝးေနထိုင္ရာဌာနျဖစ္၍ လူအို႐ုံဟု ေခၚခဲ့ၾကသည္။ လြတ္လပ္ေရးရၿပီး ေနာက္ပိုင္းမွ လူအို႐ုံအစား ဘိုးဘြားရိပ္သာဟု ေခၚၾကသည္။ ဘိုးဘြားရိပ္သာ ကို စတင္တည္ေထာင္ခဲ့သူ ေဒၚဦးဇြန္းသည္ ပၪၥမသဂၤါယနာတင္ ဘဝရွင္မင္းတရားႀကီးလက္ထက္တြင္ ရတနာပုံေနျပည္ေတာ္ (မႏၲေလးၿမိဳ႕)၌ အဘ ပိုးကုန္သည္ႀကီး ဦးအိႏွင့္ အမိေဒၚမၽွင္တို႔မွ ၁၂၃ဝ ျပည့္ႏွစ္ (၁၈၆၈ ခုႏွစ္)[၁] ဝါေခါင္လဆန္း (၅) ရက္၊ ေသာၾကာေန႔တြင္ ဖြားျမင္ေသာ တစ္ဦးတည္းေသာသမီး ျဖစ္သည္။

ငယ္အမည္မွာ မဦးဇြန္းပင္ ျဖစ္သည္။ ဦးအိသည္ အမရပူရၿမိဳ႕ ရက္ကန္းစင္မ်ားမွ ပိုးထည္၊ ခ်ည္ထည္တို႔ကို အေရာင္းအဝယ္ျပဳေသာ ပိုးကုန္သည္ႀကီး ျဖစ္ရာ ပစၥည္းဥစၥာ ႂကြယ္၀ခ်မ္းသာသည္။ ရတနာပုံ ေနျပည္ေတာ္တြင္ အိမ္ႀကီးရခိုင္ျဖင့္ ေနထိုင္ႏိုင္သည္။ ႐ုပ္ရည္႐ူပကာ လွပတင့္တယ္သည္ႏွင့္အမၽွ စိတ္ေနသေဘာထားလည္း ထူးျခား မြန္ျမတ္သူျဖစ္သည္။ ေဒၚဦးဇြန္း၏ အမူအက်င့္၊ စိတ္ေနသေဘာထားႏွင့္ ပတ္သက္၍ စာေပဗိမာန္ထုတ္ ‘ဖြားဦးဇြန္း’ အတၳဳပၸတၱိ၌ ဤသို႔ ေဖာ္ျပထားသည္ကို ေတြ႕ရသည္။ “သူမသည္ ႐ုပ္ရည္လည္း လွပတင့္တယ္၏။ သို႔ေသာ္ မာနေထာင္လႊားျခင္းမရွိ၊ စိတ္ေနသေဘာထား အမူအက်င့္ မြန္ျမတ္လွသည္။”

မဦးဇြန္းကေလးသည္ ငယ္စဥ္ကပင္ သူေတာ္ေကာင္းမိဘမ်ား၏ သြန္သင္ခ်က္အရ ဘာသာေရးကို အထူးကိုင္း႐ႈိင္းေသာ အမ်ိဳးေကာင္းသမီးျဖစ္ခဲ့သည္။ ခုနစ္ႏွစ္အ႐ြယ္ကပင္ ပုပၹာ႐ုံေက်ာင္းအမဝိသာခါထုံး ႏွလုံးမူကာ ေန႔စဥ္ ငါးပါးသီလကိုေစာင့္ထိန္း၍ ရွစ္ရက္သီတင္း လျပည့္လကြယ္တို႔၌ အဂၤါရွစ္ပါးႏွင့္ ျပည့္စုံေသာသီလကို အၿမဲမျပတ္ ေဆာက္တည္ခဲ့ေလသည္။ မိဘမ်ားအားလည္း မျပတ္လုပ္ေကၽြးျပဳစုေလသည္။ အသက္ ၁၆ ႏွစ္အ႐ြယ္မွစ၍ ေဒၚဦးဇြန္းသည္ မိဘလုပ္ငန္းျဖစ္ေသာ ပိုးကုန္သည္အလုပ္ကို ဦးစီးလုပ္ကိုင္ခဲ့သည္။ ပိုးထည္အေရာင္းအဝယ္ႏွင့္ စပ္လ်ဥ္း၍ အၿမိဳ႕ၿမိဳ႕သို႔ ကူးသန္းသြားလာရေသာေၾကာင့္ အၿမိဳ႕ၿမိဳ႕၌ မိတ္ေဆြမ်ားရွိသည္။

လူေပါင္းဆန္႔သည္။ ဗဟုသုတႂကြယ္ဝသည္။ မဂၤလာတရားေတာ္ႏွင့္အညီ ေမာက္ႂကြားဝင့္ဝါျခင္းမရွိ ၿခိဳးၿခံစြာက်င့္သုံးေနထိုင္၍ လႉသင့္လႉထိုက္ ေပးသင့္ေပးထိုက္သူအားမူ ရက္ေရာစြာေပးကမ္းတတ္သည္။ သို႔ရာတြင္ အိမ္ေထာင္သားေမြးကား မျပဳခဲ့။ အပ်ိဳႀကီးဘဝျဖင့္ အ႐ိုးထုတ္ခဲ့ေလသည္။ မဦးဇြန္း ၁၇ ႏွစ္သမီးအ႐ြယ္သို႔ ေရာက္ေသာအခါတြင္မွ သီေပါမင္း ပါေတာ္မူခဲ့ေလသည္။

ျမန္မာသကၠရာဇ္ ၁၂၅၂-ခုႏွစ္ (ခရစ္ႏွစ္ ၁၈၉၀-ျပည့္ႏွစ္) တြင္ မဦးဇြန္း အသက္ ၄၀ အ႐ြယ္တြင္ မိဘႏွစ္ပါးသည္ တစ္ႏွစ္အတြင္း ေရွ႕ဆင့္ေနာင္ဆင့္ ကြယ္လြန္ခဲ့သည္။ မိခင္ဘခင္တို႔ကြယ္လြန္ခ်ိန္တြင္ ေဒၚဦးဇြန္း၌ မိမိေနထိုင္ေသာတိုက္အိမ္၊ ေငြသားတစ္သိန္းခြဲခန္႔ႏွင့္ လယ္ယာေျမစေသာ အေမြအႏွစ္မ်ားကိုရလိုက္သည္။ အမရပူရၿမိဳ႕မွ ပိုးထည္စသည့္ကုန္တို႔ကို တစ္ဦးတည္း ကိုယ္စားလွယ္ယူကာ ရန္ကုန္၊ သထုံ၊ ေမာ္လၿမိဳင္၊ ပဲခူး၊ ပုသိမ္ စေသာ ေအာက္ျပည္နယ္မ်ားသို႔ ပို႔ေသာအလုပ္ကိုလုပ္သည္။ သို႔ရာတြင္ သူမသည္ စီးပြားေရးလုပ္ငန္းမ်ား မည္မၽွပင္ တိုးတက္ေကာင္းမြန္ေနေစကာမူ မိဘမ်ားကြယ္လြန္သည့္အခ်ိန္မွစ၍ မိဘမ်ားအား လြမ္းဆြတ္ေသာစိတ္ေၾကာင့္ ဘဝတြင္မေပ်ာ္ပိုက္၊ မိဘမ်ားကို လြမ္းဆြတ္တမ္းတေသာေၾကာင့္ စိတ္ေျပလက္ေပ်ာက္ ရန္ကုန္သို႔ သြားေရာက္ေလသည္။

ရန္ကုန္ၿမိဳ႕သို႔ ေရာက္ေသာအခါ ကန္ေတာ္ကေလးရပ္ရွိ ျပင္သစ္ ခရစ္ယာန္ ဘုန္းႀကီးႏွင့္ သီလရွင္မ်ား သာသနာျပဳ လူအို႐ုံသို႔ သြားေရာက္ၾကည့္႐ႈရာမွ သားေထာက္သမီးခံမရွိေသာ လူအိုမ်ားအား မိဘမ်ားကိုယ္စား ေစာင့္ေရွာက္ေကၽြးေမြးရေသာ္ သင့္မည္ဟု အႀကံျဖစ္ေပၚလာေလသည္။ ထိုထက္ မိ႐ိုးဖလာအားျဖင့္ ငယ္စဥ္ကပင္ ဗုဒၶဘာသာျဖစ္လာၾကပါလ်က္ ျမန္မာႏိုင္ငံ၌ တစ္ခုတည္းသာရွိေသာ ျပင္သစ္သာသနာျပဳလူအို႐ုံတြင္ ခိုလႈံၾကရပါက ဘာသာေရးအခက္အခဲ ျဖစ္ၾကရေတာ့မည္ကို ယူႀကဳံးမရျဖစ္ခဲ့ရေလသည္။

ထို႔ေၾကာင့္ မိမိကိုးကြယ္ေသာဘာသာကိုလည္း မထိခိုက္ေစပဲ မိမိတို႔အလိုအေလ်ာက္ကိုးကြယ္လိုေသာဘာသာကို ကိုးကြယ္ခြင့္ရွိေစရန္ လူအိုမ်ားေစာင့္ေရွာက္ေရးဌာန တစ္ခုကို ဖြင့္လွစ္မည္၊ ျမန္မာလူမ်ိဳး ဗုဒၶဘာသာတြင္လည္း ထိုမၽွ မြန္ျမတ္ေသာ လုပ္ငန္းမ်ိဳးရွိသင့္သည္၊ မိမိကပင္ ဦးေဆာင္ဦး႐ြက္ျပဳမည္၊ ထိုမွသာ ကြယ္လြန္သူ မိဘႏွစ္ပါးကိုယ္စား ခိုကိုးရာမဲ့ သက္ႀကီး႐ြယ္အိုတို႔ကို ေစာင့္ေရွာက္ျခင္းျဖင့္ စိတ္ခ်မ္းသာမႈရႏိုင္ေတာ့မည္ဟု ဆုံးျဖတ္လိုက္သည္။

ေဒၚဦးဇြန္းသည္ ၁၂၆ဝ ျပည့္ႏွစ္ အသက္သုံးဆယ္အ႐ြယ္တြင္ မႏၲေလးၿမိဳ႕ ပတၱျမားဆရာေတာ္ ဘုရားႀကီးအား အုတ္ေက်ာင္း ေဆာက္လုပ္လႉဒါန္းသည္။ ထိုအခ်ိန္မွစ၍ ပတၱျမားအုတ္ေက်ာင္းအမ ေဒၚဦးဇြန္းဟူ၍ လူသိမ်ားလာသည္။ ေဒၚဦးဇြန္းသည္ ၁၉၁၅ ခုႏွစ္တြင္ မႏၲေလးၿမိဳ႕၌ ပထမဦးဆုံး လူအို႐ုံတည္ေဆာက္ေရးႏွင့္ ပတ္သက္၍ မႏၲေလးၿမိဳ႕ရွိ ၿမိဳ႕မ်က္ႏွာဖုံးလူႀကီးမ်ားႏွင့္ ေဆြးေႏြးတိုင္ပင္ခဲ့သည္။ ထိုေဆြးေႏြးပြဲတြင္ “ကၽြန္မတို႔ဗုဒၶဘာသာျမန္မာလူမ်ိဳးေတြဟာ အဆင္မသင့္လို႔ စင္ျမင့္ကေနဆင္းၿပီး သူတစ္ပါးလက္ေအာက္ခံႏိုင္ငံျဖစ္ေနရတာ၊ ကၽြန္မတို႔ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ၿပီး ကၽြန္မတို႔ကိုယ္တိုင္ ဦးစီးတဲ့ ဗုဒၶဘာသာလူအို႐ုံကို ဘာေၾကာင့္ တည္ေထာင္လို႔မရမွာလဲ၊ ရေအာင္ တည္ေထာင္မယ္။” ဆိုၿပီး ေဒၚဦးဇြန္းက ေျပာဆိုခဲ့သည္။

မႏၲေလးၿမိဳ႕၊ စစ္ကိုင္းေတာင္႐ိုး အရိယမဂၢင္ေခ်ာင္ ဆရာေတာ္ဘုရားႀကီးအား ေလၽွာက္ထား၍ မင္းကြန္းေခါင္းေလာင္းႀကီး တည္ရာအနီးတြင္ ဘီအိုင္ေအ ဦးေမာင္ႀကီး၊ ဦးဘခ်မ္း တို႔ႏွင့္အတူ ေဒၚဦးဇြန္းကိုယ္တိုင္ ခုတ္ထြင္ေျမၫွိၿပီးလၽွင္ ကမၼ႒ာန္းေက်ာင္းသုံးေက်ာင္း စတင္ေဆာက္လုပ္ကာ လူအို႐ုံကို ၁၂၇၈ ခုႏွစ္တြင္ စတင္တည္ေထာင္သည္။ ေရွးဦးစြာ အဖိုးအိုတစ္ေယာက္၊ အဖြားအို ႏွစ္ေယာက္ (အသက္ (၉၅) ႏွစ္ရွိ အဘိုး ဦးဖိုးဆင့္၊ အသက္ (၉၂) ႏွစ္ရွိ အဘြား ဖြားဆိုး၊ အသက္ (၈၁) ႏွစ္အ႐ြယ္ရွိ အဘြား ဖြားမယ္ တုိ႔ကုိ လက္ခံ၍ ေဒၚဦးဇြန္းကိုယ္တိုင္ အေဖာ္မိန္းကေလးတစ္ဦးႏွင့္ ဝတ္ႀကီးဝတ္ငယ္ျပဳ၍ေကၽြးေမြး ေစာင့္ေရွာက္ခဲ့ရာ ၁၂၈ဝ ျပည့္ႏွစ္သို႔ေရာက္ေသာအခါ လူအိုေပါင္း ၂ဝ ခန္႔ကို လက္ခံေစာင့္ေရွာက္ႏိုင္သည့္အေျခသို႔ ေရာက္ခဲ့ေလသည္။ ယင္းႏွစ္ႏွစ္အတြင္း ေဒၚဦးဇြန္းသည္ မိမိ၏ ကိုယ္ပိုင္ေငြျဖင့္ပင္ ျပဳစုပ်ိဳးေထာင္ခဲ့၍ ၁၂၈ဝ ျပည့္ႏွစ္တြင္မွ အလႉပါဝင္လိုသူမ်ားထံမွ သဒၶါေၾကးလက္ခံကာ လူအို႐ုံအသင္းကို စတင္တည္ေထာင္သည္။


၁၉၁၈ ခုႏွစ္တြင္ မင္းကြန္းလူအို႐ုံအသင္းကို စတင္ဖြဲ႕စည္းခဲ့သည္။ အသင္းတည္ေထာင္စဥ္က အားေပးကူညီသူနည္းပါးၿပီး ရွစ္ႏွစ္တြင္ ရန္ပုံေငြရွစ္ေထာင္က်ပ္သာရရွိခဲ့ၿပီး ကိုယ္တိုင္ ႐ုန္းကန္ေဆာင္႐ြက္ခဲ့ရသည္။ သို႔ေသာ္ မၾကာမီ ရန္ပုံေငြ ေလးသိန္းေက်ာ္အထိ တိုးရရွိခဲ့ၿပီး ဘိုးဘြား ၂၅၀ ထိ လက္ခံႏိုင္ခဲ့သည္။ မင္းကြန္းဗုဒၶဘာသာ လူအို႐ုံလုပ္ငန္း အေတာ္အထေျမာက္ ေအာင္ျမင္လာေသာအခါ ေဒၚဦးဇြန္းသည္ မူလရည္႐ြယ္ခ်က္မ်ားအတိုင္း ၁၂၈၉ ခုႏွစ္တြင္ သထုံၿမိဳ႕ ျမသပိတ္ေတာင္ေျခ၌လည္းေကာင္း၊ ၁၂၉ဝ ျပည့္ႏွစ္တြင္ ေပါင္းတည္ၿမိဳ႕၌ လည္းေကာင္း၊ ၁၂၉၅ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕ ႏွင္းဆီကုန္း၌ လည္းေကာင္း၊ ၁၂၉၉ ခုႏွစ္တြင္ ပခုကၠဴၿမိဳ႕၌လည္းေကာင္း အသီးသီး လူအို႐ုံမ်ားကို မိမိပိုင္ေငြျဖင့္ မတည္၍ ဖြင့္လွစ္ခဲ့သည္။ ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္း၊ မေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္း စုစုေပါင္း ႏွစ္သိန္းခန္႔ကို လူအို႐ုံမ်ားသို႔ လႉဒါန္းလိုက္ေလသည္။

၁၉၃၆ ခုႏွစ္ ဇြန္လ ၁၉ ရက္ေန႔တြင္ ျမန္မာျပည္ ဘုရင္ခံဝန္ႀကီးမ်ားျဖစ္ေသာ ပညာေရးဝန္ႀကီး ေဒါက္တာဘေမာ္၊ သစ္ေတာေရးရာဝန္ႀကီး ဦးဘေဖ၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ သခင္ႏုတို႔ မင္းကြန္းလူအို႐ုံသို႔ လာေရာက္ေလ့လာခဲ့သည္။ မင္းကြန္းလူအို႐ုံအသင္းႏွင့္ပတ္သက္၍ ေဒၚဦးဇြန္း၏ ေဆာင္႐ြက္ခ်က္မ်ားကို ခ်ီးက်ဴးဂုဏ္ျပဳမွတ္တမ္းေရးသားခဲ့သည္။ ထိုေနာက္ ၁၂၉ဝ ျပည့္ႏွစ္အသက္ ၆ဝ အ႐ြယ္တြင္ ေပါင္းတည္လူအို႐ုံ၌ ဝတ္ေၾကာင္ကိုစြန္႔၍ သီလရွင္ဝတ္လိုက္သည္။ သီလရွင္ဘြဲ႕မွာ ဖြားသုမာလာတည္း။ သို႔ရာတြင္ ေဒၚဦးဇြန္း ဟူေသာအမည္ျဖင့္ပင္ ထင္ရွားသည္။ ေက်ာင္းအမႀကီး ေဒၚဦးဇြန္း၏ ကိုယ္က်ိဳးစြန္႔ေသာ တိုင္းက်ိဳးျပည္က်ိဳးေဆာင္လုပ္ငန္းကို အဂၤလိပ္အစိုးရတို႔သည္ အသိအမွတ္ျပဳသည့္အေနျဖင့္ တီပီအက္စ္ေခၚ တိုင္းက်ိဳးျပည္က်ိဳးေဆာင္ဘြဲ႕ကို ခ်ီးျမႇင့္ေလသည္။ မီးရထား၊ မီးသေဘၤာတို႔ျဖင့္ ျမန္မာႏိုင္ငံအႏွံ႔အျပား ပထမတန္းမွ အခမဲ့ စီးနင္းသြားလာခြင့္ကိုလည္းေပးထားေလသည္။

ေဒၚဦးဇြန္းသည္ “လူအိုမ်ားအက်ိဳးကို ဟန္ေဆာင္ကူညီၾကသည့္ ေလာဘအတၱသမားမ်ား ေတြ႕ရွိပါလၽွင္ ႏွိမ္ႏွင္းဖယ္ရွားႏိုင္ပါေစ” ဟု မိန္႔ၾကားခဲ့သည္။ ပင္ပန္းႀကီးစြာ ဗုဒၶဘာသာလူအို႐ုံတည္ေထာင္ခဲ့ေသာ လူအို႐ုံမ်ား၏မိခင္ ေက်ာင္းအမႀကီး ေဒၚဦးဇြန္းသည္ လူအိုမ်ားအတြက္ စည္းစိမ္ႏွင့္လုပ္အားကို ၂၈ ႏွစ္လုံးလုံး ေပးအပ္ေဆာင္႐ြက္ခဲ့ၿပီးေနာက္ ၁၃ဝ၆ ခုႏွစ္ ကဆုန္လျပည့္ေက်ာ္ ၅ ရက္ေန႔ (၁၉၄၄ ခုႏွစ္ ေမလ ၁၁ ရက္) တြင္ အသက္ ၇၆ ႏွစ္ အ႐ြယ္၌ မင္းကြန္းလူအို႐ုံတြင္ ကြယ္လြန္ေလသည္။ ေဒၚဦးဇြန္း၏ေၾကး႐ုပ္ကို ထုလုပ္၍ မင္းကြန္းလူအို႐ုံတြင္ ဂုဏ္ျပဳေသာအားျဖင့္ ထားရွိသည္ကို ေတြ႕ႏိုင္ေပသည္။

တကၠသိုလ္စိန္တင္ ၏ ဘြားဦးဇြန္း (၂၀၀၇၊ဒီဇင္ဘာလ)
ျမန္မာ့ဘိုးဘြားရိပ္သာမ်ား၏ မိခင္ ေဒၚဦးဇြန္း – ထြန္းလႈိင္ (ၿမိဳင္)
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၅)


မြန်မာနိုင်ငံရဲ့ မေတ္တာရှင်မကြီး (သို့) မြန်မာ့ဘိုးဘွားရိပ်သာများရဲ့မိခင်ဒေါ်ဦးဇွန်း (unicode)

” အမှန်တော့လေ ကျွန်မတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုတာ အဆင်မသင့်လို့ စင်မြင့်ကဆင်းပြီး သူတစ်ပါးလက်အောက်ခံနိုင်ငံဖြစ်နေရတာ။ ကျွန်မတို့ ခြေထောက်ပေါ် ကျွန်မတို့ ရပ်ပြီးတော့ ကျွန်မတို့ ကိုယ်တိုင်ဦးစီးတဲ့ ဗုဒ္ဓဘာသာ လူအိုရုံကို ဘာကြောင့် တည်ထောင်လို့ မရရမှာလဲရှင်..”
အထက်ပါစကားကို ၁၉၁၅ ခုနှစ် မန္တလေးမြို့၌ ပထမဆုံး လူအို ရုံတည်ဆောက်ရေးနှင့်ပတ်သက်ပြီး မန္တလေးမြို့မျက်နှာဖုံး လူကြီးနှင့် တွေ့ဆုံပွဲ တွင် ဒေါ်ဦးဇွန်း က ပြော ခဲ့ခြင်း ဖြစ်သည်။

ဒေါ်ဦးဇွန်းသည် ယနေ့ မြန်မာနိုင်ငံ၌ ထမြောက်အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ဘိုးဘွားများ (ဝါ) လူအိုများ စောင့်ရှောက်ရေး လူမှုဝန်ထမ်းလုပ်ငန်းကို မြန်မာလူမျိုးများထံမှ ပထမဦးစွာ မျိုးစေ့ချခဲ့သူ ဖြစ်ပေသည်။ ဒေါ်ဦးဇွန်းသည် တိုင်းကျိုးပြည်ကျိုးဆောင် တီပီအက်စ်ဘွဲ့ရ မြန်မာနိုင်ငံရှိ ဘိုးဘွားရိပ်သာများကို တည်ထောင်ခဲ့သူ ဖြစ်သည်။ ပရဟိတလုပ်ငန်းတစ်ခုကို `ဗွေဆော်ဦး´ လုပ်ဆောင်ခဲ့သူတစ်ယောက်လည်းဖြစ်သည်။ ဒေါ်ဦးဇွန်းတည်ထောင်ခဲ့သော ဘိုးဘွားရိပ်သာများမှာ –
မင်းကွန်း ဘိုးဘွားရိပ်သာ၊ စစ်ကိုင်းမြို့ – တည်ထောင်သောခုနှစ်(၁၉၁၅-ခုနှစ်)
သုဝဏ္ဏဘူမိ ဘိုးဘွားရိပ်သာ၊ သထုံမြို့ – တည်ထောင်သောခုနှစ်(၁၉၂၃-ခုနှစ်)
ပေါင်းတည် ဘိုးဘွားရိပ်သာ၊ ပေါင်းတည်မြို့ – တည်ထောင်သောခုနှစ်(၁၉၂၉-ခုနှစ်)
နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့ – တည်ထောင်သောခုနှစ်(၁၉၃၃-ခုနှစ်)
ပခုက္ကူ ဘိုးဘွားရိပ်သာ၊ ပခုက္ကူမြို့ – တည်ထောင်သောခုနှစ်(၁၉၃၇-ခုနှစ်) တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ လူအိုရုံများ (မြန်မာ့ပထမဦးဆုံး ဘိုးဘွားရိပ်သာကို စစ်ကြိုခေတ်က သက်ကြီးရွယ်အိုများ စုဝေးနေထိုင်ရာဌာနဖြစ်၍ လူအိုရုံဟု ခေါ်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှ လူအိုရုံအစား ဘိုးဘွားရိပ်သာဟု ခေါ်ကြသည်။ ဘိုးဘွားရိပ်သာ ကို စတင်တည်ထောင်ခဲ့သူ ဒေါ်ဦးဇွန်းသည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတရားကြီးလက်ထက်တွင် ရတနာပုံနေပြည်တော် (မန္တလေးမြို့)၌ အဘ ပိုးကုန်သည်ကြီး ဦးအိနှင့် အမိဒေါ်မျှင်တို့မှ ၁၂၃ဝ ပြည့်နှစ် (၁၈၆၈ ခုနှစ်)[၁] ဝါခေါင်လဆန်း (၅) ရက်၊ သောကြာနေ့တွင် ဖွားမြင်သော တစ်ဦးတည်းသောသမီး ဖြစ်သည်။ ငယ်အမည်မှာ မဦးဇွန်းပင် ဖြစ်သည်။ ဦးအိသည် အမရပူရမြို့ ရက်ကန်းစင်များမှ ပိုးထည်၊ ချည်ထည်တို့ကို အရောင်းအဝယ်ပြုသော ပိုးကုန်သည်ကြီး ဖြစ်ရာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသည်။ ရတနာပုံ နေပြည်တော်တွင် အိမ်ကြီးရခိုင်ဖြင့် နေထိုင်နိုင်သည်။ ရုပ်ရည်ရူပကာ လှပတင့်တယ်သည်နှင့်အမျှ စိတ်နေသဘောထားလည်း ထူးခြား မွန်မြတ်သူဖြစ်သည်။ ဒေါ်ဦးဇွန်း၏ အမူအကျင့်၊ စိတ်နေသဘောထားနှင့် ပတ်သက်၍ စာပေဗိမာန်ထုတ် ‘ဖွားဦးဇွန်း’ အတ္ထုပ္ပတ္တိ၌ ဤသို့ ဖော်ပြထားသည်ကို တွေ့ရသည်။ “သူမသည် ရုပ်ရည်လည်း လှပတင့်တယ်၏။ သို့သော် မာနထောင်လွှားခြင်းမရှိ၊ စိတ်နေသဘောထား အမူအကျင့် မွန်မြတ်လှသည်။”

မဦးဇွန်းကလေးသည် ငယ်စဉ်ကပင် သူတော်ကောင်းမိဘများ၏ သွန်သင်ချက်အရ ဘာသာရေးကို အထူးကိုင်းရှိုင်းသော အမျိုးကောင်းသမီးဖြစ်ခဲ့သည်။ ခုနစ်နှစ်အရွယ်ကပင် ပုပ္ဖာရုံကျောင်းအမဝိသာခါထုံး နှလုံးမူကာ နေ့စဉ် ငါးပါးသီလကိုစောင့်ထိန်း၍ ရှစ်ရက်သီတင်း လပြည့်လကွယ်တို့၌ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောသီလကို အမြဲမပြတ် ဆောက်တည်ခဲ့လေသည်။ မိဘများအားလည်း မပြတ်လုပ်ကျွေးပြုစုလေသည်။ အသက် ၁၆ နှစ်အရွယ်မှစ၍ ဒေါ်ဦးဇွန်းသည် မိဘလုပ်ငန်းဖြစ်သော ပိုးကုန်သည်အလုပ်ကို ဦးစီးလုပ်ကိုင်ခဲ့သည်။ ပိုးထည်အရောင်းအဝယ်နှင့် စပ်လျဉ်း၍ အမြို့မြို့သို့ ကူးသန်းသွားလာရသောကြောင့် အမြို့မြို့၌ မိတ်ဆွေများရှိသည်။ လူပေါင်းဆန့်သည်။ ဗဟုသုတကြွယ်ဝသည်။ မင်္ဂလာတရားတော်နှင့်အညီ မောက်ကြွားဝင့်ဝါခြင်းမရှိ ခြိုးခြံစွာကျင့်သုံးနေထိုင်၍ လှူသင့်လှူထိုက် ပေးသင့်ပေးထိုက်သူအားမူ ရက်ရောစွာပေးကမ်းတတ်သည်။ သို့ရာတွင် အိမ်ထောင်သားမွေးကား မပြုခဲ့။ အပျိုကြီးဘဝဖြင့် အရိုးထုတ်ခဲ့လေသည်။ မဦးဇွန်း ၁၇ နှစ်သမီးအရွယ်သို့ ရောက်သောအခါတွင်မှ သီပေါမင်း ပါတော်မူခဲ့လေသည်။

မြန်မာသက္ကရာဇ် ၁၂၅၂-ခုနှစ် (ခရစ်နှစ် ၁၈၉၀-ပြည့်နှစ်) တွင် မဦးဇွန်း အသက် ၄၀ အရွယ်တွင် မိဘနှစ်ပါးသည် တစ်နှစ်အတွင်း ရှေ့ဆင့်နောင်ဆင့် ကွယ်လွန်ခဲ့သည်။ မိခင်ဘခင်တို့ကွယ်လွန်ချိန်တွင် ဒေါ်ဦးဇွန်း၌ မိမိနေထိုင်သောတိုက်အိမ်၊ ငွေသားတစ်သိန်းခွဲခန့်နှင့် လယ်ယာမြေစသော အမွေအနှစ်များကိုရလိုက်သည်။ အမရပူရမြို့မှ ပိုးထည်စသည့်ကုန်တို့ကို တစ်ဦးတည်း ကိုယ်စားလှယ်ယူကာ ရန်ကုန်၊ သထုံ၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ် စသော အောက်ပြည်နယ်များသို့ ပို့သောအလုပ်ကိုလုပ်သည်။ သို့ရာတွင် သူမသည် စီးပွားရေးလုပ်ငန်းများ မည်မျှပင် တိုးတက်ကောင်းမွန်နေစေကာမူ မိဘများကွယ်လွန်သည့်အချိန်မှစ၍ မိဘများအား လွမ်းဆွတ်သောစိတ်ကြောင့် ဘဝတွင်မပျော်ပိုက်၊ မိဘများကို လွမ်းဆွတ်တမ်းတသောကြောင့် စိတ်ပြေလက်ပျောက် ရန်ကုန်သို့ သွားရောက်လေသည်။ ရန်ကုန်မြို့သို့ ရောက်သောအခါ ကန်တော်ကလေးရပ်ရှိ ပြင်သစ် ခရစ်ယာန် ဘုန်းကြီးနှင့် သီလရှင်များ သာသနာပြု လူအိုရုံသို့ သွားရောက်ကြည့်ရှုရာမှ သားထောက်သမီးခံမရှိသော လူအိုများအား မိဘများကိုယ်စား စောင့်ရှောက်ကျွေးမွေးရသော် သင့်မည်ဟု အကြံဖြစ်ပေါ်လာလေသည်။ ထိုထက် မိရိုးဖလာအားဖြင့် ငယ်စဉ်ကပင် ဗုဒ္ဓဘာသာဖြစ်လာကြပါလျက် မြန်မာနိုင်ငံ၌ တစ်ခုတည်းသာရှိသော ပြင်သစ်သာသနာပြုလူအိုရုံတွင် ခိုလှုံကြရပါက ဘာသာရေးအခက်အခဲ ဖြစ်ကြရတော့မည်ကို ယူကြုံးမရဖြစ်ခဲ့ရလေသည်။ ထို့ကြောင့် မိမိကိုးကွယ်သောဘာသာကိုလည်း မထိခိုက်စေပဲ မိမိတို့အလိုအလျောက်ကိုးကွယ်လိုသောဘာသာကို ကိုးကွယ်ခွင့်ရှိစေရန် လူအိုများစောင့်ရှောက်ရေးဌာန တစ်ခုကို ဖွင့်လှစ်မည်၊ မြန်မာလူမျိုး ဗုဒ္ဓဘာသာတွင်လည်း ထိုမျှ မွန်မြတ်သော လုပ်ငန်းမျိုးရှိသင့်သည်၊ မိမိကပင် ဦးဆောင်ဦးရွက်ပြုမည်၊ ထိုမှသာ ကွယ်လွန်သူ မိဘနှစ်ပါးကိုယ်စား ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတို့ကို စောင့်ရှောက်ခြင်းဖြင့် စိတ်ချမ်းသာမှုရနိုင်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

ဒေါ်ဦးဇွန်းသည် ၁၂၆ဝ ပြည့်နှစ် အသက်သုံးဆယ်အရွယ်တွင် မန္တလေးမြို့ ပတ္တမြားဆရာတော် ဘုရားကြီးအား အုတ်ကျောင်း ဆောက်လုပ်လှူဒါန်းသည်။ ထိုအချိန်မှစ၍ ပတ္တမြားအုတ်ကျောင်းအမ ဒေါ်ဦးဇွန်းဟူ၍ လူသိများလာသည်။ ဒေါ်ဦးဇွန်းသည် ၁၉၁၅ ခုနှစ်တွင် မန္တလေးမြို့၌ ပထမဦးဆုံး လူအိုရုံတည်ဆောက်ရေးနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ မြို့မျက်နှာဖုံးလူကြီးများနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် “ကျွန်မတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ အဆင်မသင့်လို့ စင်မြင့်ကနေဆင်းပြီး သူတစ်ပါးလက်အောက်ခံနိုင်ငံဖြစ်နေရတာ၊ ကျွန်မတို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကျွန်မတို့ကိုယ်တိုင် ဦးစီးတဲ့ ဗုဒ္ဓဘာသာလူအိုရုံကို ဘာကြောင့် တည်ထောင်လို့မရမှာလဲ၊ ရအောင် တည်ထောင်မယ်။” ဆိုပြီး ဒေါ်ဦးဇွန်းက ပြောဆိုခဲ့သည်။

မန္တလေးမြို့၊ စစ်ကိုင်းတောင်ရိုး အရိယမဂ္ဂင်ချောင် ဆရာတော်ဘုရားကြီးအား လျှောက်ထား၍ မင်းကွန်းခေါင်းလောင်းကြီး တည်ရာအနီးတွင် ဘီအိုင်အေ ဦးမောင်ကြီး၊ ဦးဘချမ်း တို့နှင့်အတူ ဒေါ်ဦးဇွန်းကိုယ်တိုင် ခုတ်ထွင်မြေညှိပြီးလျှင် ကမ္မဋ္ဌာန်းကျောင်းသုံးကျောင်း စတင်ဆောက်လုပ်ကာ လူအိုရုံကို ၁၂၇၈ ခုနှစ်တွင် စတင်တည်ထောင်သည်။ ရှေးဦးစွာ အဖိုးအိုတစ်ယောက်၊ အဖွားအို နှစ်ယောက် (အသက် (၉၅) နှစ်ရှိ အဘိုး ဦးဖိုးဆင့်၊ အသက် (၉၂) နှစ်ရှိ အဘွား ဖွားဆိုး၊ အသက် (၈၁) နှစ်အရွယ်ရှိ အဘွား ဖွားမယ် တို့ကို လက်ခံ၍ ဒေါ်ဦးဇွန်းကိုယ်တိုင် အဖော်မိန်းကလေးတစ်ဦးနှင့် ဝတ်ကြီးဝတ်ငယ်ပြု၍ကျွေးမွေး စောင့်ရှောက်ခဲ့ရာ ၁၂၈ဝ ပြည့်နှစ်သို့ရောက်သောအခါ လူအိုပေါင်း ၂ဝ ခန့်ကို လက်ခံစောင့်ရှောက်နိုင်သည့်အခြေသို့ ရောက်ခဲ့လေသည်။ ယင်းနှစ်နှစ်အတွင်း ဒေါ်ဦးဇွန်းသည် မိမိ၏ ကိုယ်ပိုင်ငွေဖြင့်ပင် ပြုစုပျိုးထောင်ခဲ့၍ ၁၂၈ဝ ပြည့်နှစ်တွင်မှ အလှူပါဝင်လိုသူများထံမှ သဒ္ဓါကြေးလက်ခံကာ လူအိုရုံအသင်းကို စတင်တည်ထောင်သည်။

၁၉၁၈ ခုနှစ်တွင် မင်းကွန်းလူအိုရုံအသင်းကို စတင်ဖွဲ့စည်းခဲ့သည်။ အသင်းတည်ထောင်စဉ်က အားပေးကူညီသူနည်းပါးပြီး ရှစ်နှစ်တွင် ရန်ပုံငွေရှစ်ထောင်ကျပ်သာရရှိခဲ့ပြီး ကိုယ်တိုင် ရုန်းကန်ဆောင်ရွက်ခဲ့ရသည်။ သို့သော် မကြာမီ ရန်ပုံငွေ လေးသိန်းကျော်အထိ တိုးရရှိခဲ့ပြီး ဘိုးဘွား ၂၅၀ ထိ လက်ခံနိုင်ခဲ့သည်။ မင်းကွန်းဗုဒ္ဓဘာသာ လူအိုရုံလုပ်ငန်း အတော်အထမြောက် အောင်မြင်လာသောအခါ ဒေါ်ဦးဇွန်းသည် မူလရည်ရွယ်ချက်များအတိုင်း ၁၂၈၉ ခုနှစ်တွင် သထုံမြို့ မြသပိတ်တောင်ခြေ၌လည်းကောင်း၊ ၁၂၉ဝ ပြည့်နှစ်တွင် ပေါင်းတည်မြို့၌ လည်းကောင်း၊ ၁၂၉၅ ခုနှစ်တွင် ရန်ကုန်မြို့ နှင်းဆီကုန်း၌ လည်းကောင်း၊ ၁၂၉၉ ခုနှစ်တွင် ပခုက္ကူမြို့၌လည်းကောင်း အသီးသီး လူအိုရုံများကို မိမိပိုင်ငွေဖြင့် မတည်၍ ဖွင့်လှစ်ခဲ့သည်။ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်း စုစုပေါင်း နှစ်သိန်းခန့်ကို လူအိုရုံများသို့ လှူဒါန်းလိုက်လေသည်။

၁၉၃၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာပြည် ဘုရင်ခံဝန်ကြီးများဖြစ်သော ပညာရေးဝန်ကြီး ဒေါက်တာဘမော်၊ သစ်တောရေးရာဝန်ကြီး ဦးဘဖေ၊ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုတို့ မင်းကွန်းလူအိုရုံသို့ လာရောက်လေ့လာခဲ့သည်။ မင်းကွန်းလူအိုရုံအသင်းနှင့်ပတ်သက်၍ ဒေါ်ဦးဇွန်း၏ ဆောင်ရွက်ချက်များကို ချီးကျူးဂုဏ်ပြုမှတ်တမ်းရေးသားခဲ့သည်။ ထိုနောက် ၁၂၉ဝ ပြည့်နှစ်အသက် ၆ဝ အရွယ်တွင် ပေါင်းတည်လူအိုရုံ၌ ဝတ်ကြောင်ကိုစွန့်၍ သီလရှင်ဝတ်လိုက်သည်။ သီလရှင်ဘွဲ့မှာ ဖွားသုမာလာတည်း။ သို့ရာတွင် ဒေါ်ဦးဇွန်း ဟူသောအမည်ဖြင့်ပင် ထင်ရှားသည်။ ကျောင်းအမကြီး ဒေါ်ဦးဇွန်း၏ ကိုယ်ကျိုးစွန့်သော တိုင်းကျိုးပြည်ကျိုးဆောင်လုပ်ငန်းကို အင်္ဂလိပ်အစိုးရတို့သည် အသိအမှတ်ပြုသည့်အနေဖြင့် တီပီအက်စ်ခေါ် တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ကို ချီးမြှင့်လေသည်။ မီးရထား၊ မီးသင်္ဘောတို့ဖြင့် မြန်မာနိုင်ငံအနှံ့အပြား ပထမတန်းမှ အခမဲ့ စီးနင်းသွားလာခွင့်ကိုလည်းပေးထားလေသည်။

ဒေါ်ဦးဇွန်းသည် “လူအိုများအကျိုးကို ဟန်ဆောင်ကူညီကြသည့် လောဘအတ္တသမားများ တွေ့ရှိပါလျှင် နှိမ်နှင်းဖယ်ရှားနိုင်ပါစေ” ဟု မိန့်ကြားခဲ့သည်။ ပင်ပန်းကြီးစွာ ဗုဒ္ဓဘာသာလူအိုရုံတည်ထောင်ခဲ့သော လူအိုရုံများ၏မိခင် ကျောင်းအမကြီး ဒေါ်ဦးဇွန်းသည် လူအိုများအတွက် စည်းစိမ်နှင့်လုပ်အားကို ၂၈ နှစ်လုံးလုံး ပေးအပ်ဆောင်ရွက်ခဲ့ပြီးနောက် ၁၃ဝ၆ ခုနှစ် ကဆုန်လပြည့်ကျော် ၅ ရက်နေ့ (၁၉၄၄ ခုနှစ် မေလ ၁၁ ရက်) တွင် အသက် ၇၆ နှစ် အရွယ်၌ မင်းကွန်းလူအိုရုံတွင် ကွယ်လွန်လေသည်။ ဒေါ်ဦးဇွန်း၏ကြေးရုပ်ကို ထုလုပ်၍ မင်းကွန်းလူအိုရုံတွင် ဂုဏ်ပြုသောအားဖြင့် ထားရှိသည်ကို တွေ့နိုင်ပေသည်။

တက္ကသိုလ်စိန်တင် ၏ ဘွားဦးဇွန်း (၂၀၀၇၊ဒီဇင်ဘာလ)
မြန်မာ့ဘိုးဘွားရိပ်သာများ၏ မိခင် ဒေါ်ဦးဇွန်း – ထွန်းလှိုင် (မြိုင်)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)

Leave a Reply