ေျမာက္ကုိရီးယားက ထူးထူးျခားျခား ၁၀၅ထပ္ ဟုိတယ္ႀကီးအေၾကာင္း

Posted on

ေျမာက္ကုိရီးယားရဲ႕ျမင္ကြင္းေတြကိုျပတဲ့အခါ ပိရမစ္ပုံစံ ခြ်န္ခြ်န္အေဆာက္အဦးႀကီးတစ္ခုကို အၿမဲလုိလုိျမင္ေတြ႔ၾကရမွာျဖစ္ပါတယ္။

ဒီအေဆာက္အဦးကေတာ့ Ryugyong ဟုိတယ္ျဖစ္ပါတယ္။

အဓိပၸါယ္ကေတာ့ မုိးမခပင္ေတြရဲ႕ၿမဳိ႕ေတာ္လုိ႔ အဓိပၸါယ္ရပါတယ္။

၁၀၅ထပ္ အေဆာက္အဦးျဖစ္တဲ့အတြက္ ကမာၻမွာေတာ့ ၁၀၅ထပ္ ဟိုတယ္လုိ႔သိၾကပါတယ္။

Ryugyong ဟိုတယ္ဆိုတာ ကင္ဂ်ံဳအမ္းရဲ႕အဘိုးျဖစ္သူရဲ႕ ညႊန္ၾကားခ်က္နဲ႔ ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး ကမာၻ႔အႀကီးဆုံးဟိုတယ္ေတြထဲက တစ္ခုအပါအ၀င္ျဖစ္ပါတယ္။

အျမင့္ေပ ၁၀၈၀ေပရွိၿပီး ပိရမစ္ပုံစံတည္ေဆာက္ထားတဲ့မုိးပ်ံအေဆာက္အဦးဟာ ေျမာက္ကုိရီးယားၿမဳိ႕ေတာ္ ၿပဳံးယမ္းမွာ တည္ရွိပါတယ္။

အေဆာက္အဦးရဲ႕ ေဘးပတ္ပတ္လည္မွာ ေတာင္ပံ ၃ခုပါရွိပါတယ္။ တစ္ခုစီကုိ အလ်ား ၃၃၀ေပ အနံ ၅၉ေပရွိၿပီး ၇၅ဒီဂရီစီေစာင္းကာ တည္ေဆာက္ထားပါတယ္။

အေဆာက္အဦးတစ္ခုလုံးရဲ႕အက်ယ္အ၀န္းဟာ ၃၆၀၀၀၀ စတုရန္းမီတာရွိပါတယ္။ ဟိုတယ္လုိ႔ဆုိေပမယ့္ အိပ္ခန္းေပါင္း ၃၀၀၀ အျပင္ စားေသာက္ဆုိင္ေတြ ၊ တုိက္ခန္းေတြ ၊ ရုံးခန္းေတြကိုလည္း ထည့္သြင္းတည္ေဆာက္ဖုိ႔ ဒီဇုိင္းဆြဲခဲ့ပါတယ္။

ဒီဟုိတယ္တည္ေဆာက္ၿပီးစီးတဲ့အခါ စီးပြားေရးလုပ္ငန္းေတြကုိ စုစည္းေစမွာျဖစ္တဲ့အျပင္ ခရီးသြားလုပ္ငန္းကေန ၀င္ေငြအေျမာက္အမ်ားရရွိေစလိမ့္မယ္ဆုိတဲ့ ရည္ရြယ္ခ်က္နဲ႔ပါ။

ဒီဟိုတယ္ႀကီးကို ၁၉၈၇ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၿပီး ၁၉၉၂ခုႏွစ္မွာေတာ့ ေျမာက္ကုိရီးယားကိုအေထာက္အပံ့ေပးေနတဲ့ ဆုိဗီယက္ၿပဳိကြဲၿပီးေနာက္ ေျမာက္ကိုရီးယားဟာ စီးပြားေရးအက်ပ္အတည္းထဲေရာက္ခဲ့တဲ့အတြက္ ဟိုတယ္တည္ေဆာက္ျခင္းကုိ ရပ္တန္႔ခဲ့ရပါတယ္။

အဲဒီအခ်ိန္တုန္းက ကမာၻ႔အျမင့္ဆုံးဟုိတယ္အျဖစ္ တည္ရွိခဲ့ပါတယ္။ ရပ္တန္႔ခဲ့တဲ့အခ်ိန္မွာ ျပတင္းေပါက္တစ္ေပါက္တစ္ေလနဲ႔ အတြင္းဘက္ျပင္ဆင္မႈေတြမၿပီးေသးပါဘူး။

ႏွစ္ေပါင္း ၁၆ႏွစ္နီးပါးရပ္တန္႔ခဲ့ၿပီး ၂၀၀၈ခုႏွစ္မွာေတာ့ ဟုိတယ္တည္ေဆာက္ေရးကို ျပန္လည္စတင္ခဲ့ၿပီး ၂၀၁၁ခုႏွစ္မွာေတာ့ အျပင္ပုိင္းတည္ေဆာက္မႈၿပီးစီးခဲ့ပါတယ္။

တပ္ထားတဲ့မွန္ေတြခ်ည္းပဲရဲ႕တန္ဖုိးတင္ ေဒၚလာ သန္း ၁၄၀ ၀န္းက်င္ရွိပါတယ္။

ဒီဟုိတယ္ႀကီးကို ၂၀၁၂ခုႏွစ္ ကုိရီးယားေခါင္းေဆာင္ Kim Il-sung ရဲ႕ ၁၀၀ႏွစ္ေျမာက္ ေမြးေန႔အမီဖြင့္ဖုိ႔ အစီအစဥ္ရွိခဲ့ေပမယ့္ လက္ေတြ႔မွာေတာ့ ျဖစ္မလာခဲ့ပါဘူး။

အဲဒီေနာက္ေတာ့ ၂၀၁၃ခုႏွစ္မွာ အျပည့္မဟုတ္ေတာင္ တစ္စိတ္တစ္ပုိင္းဖြင့္မယ္လုိ႔ ထပ္ေၾကျငာခဲ့ပါတယ္။

ဂ်ာမန္ ဟိုတယ္လုပ္ငန္း Kempinski AG နဲ႔ ေဆာက္လုပ္ခဲ့ေပမယ့္ ဒီအစီအစဥ္ဟာလည္းၿပီးဆုံးတဲ့အထိျဖစ္မလာပဲ ပ်က္စီးသြားခဲ့ျပန္ပါတယ္။

ယခု ၂၀၁၇ခုႏွစ္တုိင္ေအာင္ ဒီဟုိတယ္ႀကီးကို မဖြင့္လွစ္ရေသးသလုိ ၿပီးဆုံးေအာင္တည္ေဆာက္ျခင္းလည္း မျပဳလုပ္ေတာ့ပါဘူး။

ဒါေၾကာင့္လည္း Ryugyong ဟိုတယ္ကို ေဆာက္လုပ္မႈမၿပီးစီးတဲ့ ကမာၻ႔အျမင့္ဆုံးဟုိတယ္အျဖစ္ သတ္မွတ္ထားျခင္းျဖစ္ပါတယ္။

ကမာၻတစ္လႊားကမီဒီယာေတြမွာေတာ့ ဒီဟုိတယ္ကို အဆုိးရြားဆုံးဟုိတယ္ လူမေနႏုိင္တဲ့ Ghost ဟုိတယ္စသည္ျဖင့္ သတ္မွတ္ထားပါတယ္။

မၿပီးဆုံးတဲ့ ဒီဟုိတယ္တည္ေဆာက္မႈဟာ ေျမာက္ကိုရီးယားရဲ႕စီးပြားေရး ၃% က်ဆင္းေစခဲ့ပါတယ္။

VIDEO

————————————
မြောက်ကိုရီးယားက ထူးထူးခြားခြား ၁၀၅ထပ် ဟိုတယ်ကြီးအကြောင်း (unicode)

မြောက်ကိုရီးယားရဲ့မြင်ကွင်းတွေကိုပြတဲ့အခါ ပိရမစ်ပုံစံ ချွန်ချွန်အဆောက်အဦးကြီးတစ်ခုကို အမြဲလိုလိုမြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒီအဆောက်အဦးကတော့ Ryugyong ဟိုတယ်ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မိုးမခပင်တွေရဲ့မြို့တော်လို့ အဓိပ္ပါယ်ရပါတယ်။ ၁၀၅ထပ် အဆောက်အဦးဖြစ်တဲ့အတွက် ကမ္ဘာမှာတော့ ၁၀၅ထပ် ဟိုတယ်လို့သိကြပါတယ်။

Ryugyong ဟိုတယ်ဆိုတာ ကင်ဂျုံအမ်းရဲ့အဘိုးဖြစ်သူရဲ့ ညွှန်ကြားချက်နဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးဟိုတယ်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အမြင့်ပေ ၁၀၈၀ပေရှိပြီး ပိရမစ်ပုံစံတည်ဆောက်ထားတဲ့မိုးပျံအဆောက်အဦးဟာ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်းမှာ တည်ရှိပါတယ်။ အဆောက်အဦးရဲ့ ဘေးပတ်ပတ်လည်မှာ တောင်ပံ ၃ခုပါရှိပါတယ်။ တစ်ခုစီကို အလျား ၃၃၀ပေ အနံ ၅၉ပေရှိပြီး ၇၅ဒီဂရီစီစောင်းကာ တည်ဆောက်ထားပါတယ်။ အဆောက်အဦးတစ်ခုလုံးရဲ့အကျယ်အဝန်းဟာ ၃၆၀၀၀၀ စတုရန်းမီတာရှိပါတယ်။ ဟိုတယ်လို့ဆိုပေမယ့် အိပ်ခန်းပေါင်း ၃၀၀၀ အပြင် စားသောက်ဆိုင်တွေ ၊ တိုက်ခန်းတွေ ၊ ရုံးခန်းတွေကိုလည်း ထည့်သွင်းတည်ဆောက်ဖို့ ဒီဇိုင်းဆွဲခဲ့ပါတယ်။ ဒီဟိုတယ်တည်ဆောက်ပြီးစီးတဲ့အခါ စီးပွားရေးလုပ်ငန်းတွေကို စုစည်းစေမှာဖြစ်တဲ့အပြင် ခရီးသွားလုပ်ငန်းကနေ ဝင်ငွေအမြောက်အများရရှိစေလိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။

ဒီဟိုတယ်ကြီးကို ၁၉၈၇ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၂ခုနှစ်မှာတော့ မြောက်ကိုရီးယားကိုအထောက်အပံ့ပေးနေတဲ့ ဆိုဗီယက်ပြိုကွဲပြီးနောက် မြောက်ကိုရီးယားဟာ စီးပွားရေးအကျပ်အတည်းထဲရောက်ခဲ့တဲ့အတွက် ဟိုတယ်တည်ဆောက်ခြင်းကို ရပ်တန့်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် တည်ရှိခဲ့ပါတယ်။ ရပ်တန့်ခဲ့တဲ့အချိန်မှာ ပြတင်းပေါက်တစ်ပေါက်တစ်လေနဲ့ အတွင်းဘက်ပြင်ဆင်မှုတွေမပြီးသေးပါဘူး။ နှစ်ပေါင်း ၁၆နှစ်နီးပါးရပ်တန့်ခဲ့ပြီး ၂၀၀၈ခုနှစ်မှာတော့ ဟိုတယ်တည်ဆောက်ရေးကို ပြန်လည်စတင်ခဲ့ပြီး ၂၀၁၁ခုနှစ်မှာတော့ အပြင်ပိုင်းတည်ဆောက်မှုပြီးစီးခဲ့ပါတယ်။ တပ်ထားတဲ့မှန်တွေချည်းပဲရဲ့တန်ဖိုးတင် ဒေါ်လာ သန်း ၁၄၀ ဝန်းကျင်ရှိပါတယ်။ ဒီဟိုတယ်ကြီးကို ၂၀၁၂ခုနှစ် ကိုရီးယားခေါင်းဆောင် Kim Il-sung ရဲ့ ၁၀၀နှစ်မြောက် မွေးနေ့အမီဖွင့်ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။

အဲဒီနောက်တော့ ၂၀၁၃ခုနှစ်မှာ အပြည့်မဟုတ်တောင် တစ်စိတ်တစ်ပိုင်းဖွင့်မယ်လို့ ထပ်ကြေငြာခဲ့ပါတယ်။ ဂျာမန် ဟိုတယ်လုပ်ငန်း Kempinski AG နဲ့ ဆောက်လုပ်ခဲ့ပေမယ့် ဒီအစီအစဉ်ဟာလည်းပြီးဆုံးတဲ့အထိဖြစ်မလာပဲ ပျက်စီးသွားခဲ့ပြန်ပါတယ်။ ယခု ၂၀၁၇ခုနှစ်တိုင်အောင် ဒီဟိုတယ်ကြီးကို မဖွင့်လှစ်ရသေးသလို ပြီးဆုံးအောင်တည်ဆောက်ခြင်းလည်း မပြုလုပ်တော့ပါဘူး။ ဒါကြောင့်လည်း Ryugyong ဟိုတယ်ကို ဆောက်လုပ်မှုမပြီးစီးတဲ့ ကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားကမီဒီယာတွေမှာတော့ ဒီဟိုတယ်ကို အဆိုးရွားဆုံးဟိုတယ် လူမနေနိုင်တဲ့ Ghost ဟိုတယ်စသည်ဖြင့် သတ်မှတ်ထားပါတယ်။ မပြီးဆုံးတဲ့ ဒီဟိုတယ်တည်ဆောက်မှုဟာ မြောက်ကိုရီးယားရဲ့စီးပွားရေး ၃% ကျဆင်းစေခဲ့ပါတယ်။

Leave a Reply