လူဆုိးလူမုိက္ ေထာင္ထြက္ဘ၀မွ လူတုိင္းေလးစားရတဲ့ဘ၀သုိ႔ေျပာင္းလဲႏုိင္ခဲ့သူ (သုိ႔) ပခုကၠဴဦးအုန္းေဖ

Posted on

ေရးသားသူ – ဆရာဦးသိန္းေအး

ပခုကၠဴဦးအုံးေဖ ကုိ အဖ ဦးဖုိးယူ၊ အမိ ေဒၚၾကက္႐ုံးတုိ႔မွ ပခုကၠဴၿမိဳ႕နယ္၊ တင္းဂါတ္ေက်း႐ြာအုပ္စု၊ ထေနာင္း ကုန္းရွားေတာ႐ြာ၌ ျမန္မာသကၠရာဇ္ ၁၂၇၉ ခုႏွစ္၊ ကဆုန္လကြယ္ေန႔ (ခရစ္ႏွစ္ ၁၉၁၇ ခုႏွစ္၊ ေမလ ၂ဝ ရက္) တြင္ ဖြားျမင္ခဲ့သည္။ မိဘမ်ားမွာ ဆင္းရဲလွသျဖင့္ ၁ဝ ႏွစ္သားအထိ ပညာ မသင္ၾကားခဲ့ရေပ။ အသက္ ၁ဝ ႏွစ္ေက်ာ္မွ ပခုကၠဴၿမိဳ႕နယ္၊ စုိ႔ကြင္းေက်း႐ြာ ေျမာက္ေက်ာင္း ဆရာေတာ္ ဦးဇဝနထံတြင္ မိဘမ်ားက အပ္ႏွံေပးသျဖင့္ ၁၅ ႏွစ္သား အထိ စာေပပညာ သင္ၾကားခဲ့ရသည္။

ထုိ႔ေနာက္ ဆရာေတာ္ ဦးဇဝန၏ စီစဥ္ေပးခ်က္အရ ေရစႀကိဳၿမိဳ႕ ကုန္သည္ႀကီး တစ္ဦးအိမ္တြင္ ထမင္းေကြၽး အလုပ္သမားအျဖစ္ ႏွစ္ႏွစ္ေက်ာ္ ပင္ပန္းဆင္းရဲစြာ လုပ္ကုိင္ေနထုိင္ခဲ့ရသည္။ ေရစႀကိဳၿမိဳ႕မွ ထြက္ခြာလာၿပီး ရန္ကုန္ၿမိဳ႕၊ ဂြတၱလစ္လမ္း၊ ျမင္းထိန္းျခံတြင္ ျမင္းမ်ားကုိ အစာေကြၽးျခင္း၊ ထိန္းေက်ာင္းျပဳစုျခင္းစေသာ အလုပ္ၾကမ္းမ်ားကုိ ထမင္းေကြၽး လခမဲ့ျဖင့္ လုပ္ကိုင္ခဲ့ရျပန္သည္။

ယင္းအလုပ္မွာ အဆင္မေျပျပန္သျဖင့္ ရန္ကုန္ၿမိဳ႕ သိမ္ႀကီးေစ်း တစ္ဝုိက္တြင္ လွည့္လည္၍ ကြမ္းယာေရာင္းျခင္းျဖင့္ ဘဝကုိ ႐ုန္းကန္လႈပ္ရွားခဲ့ရ ျပန္သည္။ ထုိ႔ေနာက္ အသက္ ၂ဝ ေက်ာ္တြင္ ဇာတိ႐ြာသုိ႔ ျပန္ၿပီး ေတာင္သူလုပ္ျခင္း၊ ဘုံေဘဘားမား သစ္ေဖာင္တြင္ သုံးႏွစ္ခန္႔ ေဖာင္လုပ္သားဘဝျဖင့္ သက္စြန္႔ႀကိဳးပမ္း လုပ္ကုိင္ေဆာင္႐ြက္ခဲ့သည္။ ငယ္စဥ္က အေပါင္းအသင္းမက္သည္။ ဖဲ႐ုိက္သည္။ ဖဲ႐ႈံးလွ်င္ စိတ္ေတြပူလာၿပီး စာဖတ္သည္။ ဖဲ႐ႈံးတုိင္း စာဖတ္ျဖစ္သည္။ း က်ပန္းအလုပ္စုနဲ ့ဓားျပျဖစ္ျပီး ေထာင္သံုးၾကိမ္က်ဘူးခဲ့ဖူးသည္။

လူငယ္ဘဝတြင္ အက်ဥ္းစံ ဘဝက်ေရာက္စဥ္ ေထာင္မွဴးႀကီးအိမ္တြင္ စာဖတ္ခြင့္ရခဲ့သည္။ သူဖတ္ခဲ့ရေသာ စာအုပ္တစ္အုပ္မွာ အက်ဳိးေဆာင္ေမာင္ျမတ္ ေရးသားေသာ စာအုပ္ျဖစ္သည္။ ေမာင္ျမတ္က ျမန္မာျပည္တြင္ သူေ႒းႀကီးမ်ားသည္ တ႐ုတ္၊ ကုလားေတြ ျဖစ္ေနသည္က မ်ားေၾကာင္း၊ ျမန္မာေတြလည္း ႀကဳိးစားလွ်င္ သူေ႒းျဖစ္ႏုိင္ေၾကာင္း ေရးထားသည့္ စာအုပ္ျဖစ္သည္။ ထုိစာအုပ္ကုိ ဖတ္ၿပီးေနာက္ပုိင္း သူေထာင္ကလြတ္လွ်င္ သူေ႒းျဖစ္ေအာင္လုပ္မည္ဟု ခုိင္ခုိင္မာမာ သႏၷိ႒ာန္ခ်ခဲ့သည္။

အလုပ္ႀကဳိးစားသည္။ ေငြကုိ စနစ္တက် သုံးစဲြသည္။ အမ်ားအက်ဳိးရွိမည့္ အလွဴမ်ားကုိ လွဴတန္းခဲ့သည္။ သူေထာင္က်စဥ္က ဖတ္ခဲ့ရေသာ အက်ဳိးေဆာင္ေမာင္ျမတ္၏ စာအုပ္ကုိ ေနာင္တြင္ ျပန္လည္႐ုိက္ႏွိပ္ၿပီး မိတ္ေဆြမ်ားအား အခမဲ့ ျဖန္႔ေဝေပးခဲ့သည္။ ၁၉၄၇ ခုႏွစ္တြင္ ဦးအုံးေဖသည္ ပခုကၠဴၿမိဳ႕နယ္၊ တင္းဂါတ္ ေက်း႐ြာအုပ္စု၊ သူႀကီးအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ျခင္း ခံရသည္။ ယင္းေနာက္အလံနီ ကြန္ျမဴနစ္မ်ား၏ ရန္ၿငိဳးဖြဲ႕ျခင္းကုိ ခံရသည့္အတြက္ ၁၉၄၉ ခုႏွစ္တြင္ ပခုကၠဴၿမိဳ႕သုိ႔ ေျပာင္းေ႐ႊ႕ေနထုိင္သည္။

ထုိ႔ေနာက္ ေစ်းေကာက္၊ ပြဲစား၊ ေဆး႐ြက္ႀကီးကုန္ သည္ စသျဖင့္ လုပ္ငန္းမ်ားေျပာင္းလဲလုပ္ကုိင္ခဲ့ရာ ၁၉၅၆ ခုႏွစ္တြင္ ပခုကၠဴၿမိဳ႕၌ ‘သိန္းတရာ ေဆးေပါင္း႐ုံ’ အမည္ျဖင့္ ဗာဂ်ီးနီးယား ေဆးေပါင္းလုပ္ငန္းႀကီးကုိ တည္ေထာင္ လုပ္ကိုင္ႏုိင္ခဲ့သည္။ ေဆး႐ြက္ႀကီး၊ ေဆးမ်ဳိးပင္မ်ား ေရာင္းဝယ္ေရးလုပ္ငန္းကုိ လုပ္ကုိင္ ေဆာင္႐ြက္ခဲ့သည္။

ဦးအုံးေဖသည္ စာေပ ဝါသနာပါသျဖင့္ ငယ္စဥ္မွစ၍ ရရာစာအုပ္ကုိ ရသည့္အခ်ိန္တြင္ ဖတ္႐ႈေလ့လာ လုိက္စားခဲ့သည္။ သူသည္အလုပ္ လုပ္ရာတြင္ အလြန္ႀကိဳးစား၍ အပင္ပန္းခံ လုပ္ကုိင္ေဆာင္႐ြက္သလုိ ေငြေၾကးကိစၥတြင္လည္း စနစ္ဇယား က်နသူ ျဖစ္သည္။ ၁၉၄၈ ခုႏွစ္မွစ၍ ကြယ္လြန္ ခ်ိန္အထိ ေန႔စဥ္ မပ်က္မကြက္ မွတ္တမ္းေရးမွတ္သည္။ ဝင္ေငြ၊ ထြက္ေငြ စာရင္းတြင္လည္း တမူး တပဲ မက်န္ရေအာင္ ထည့္သြင္းသည္။ အဝတ္အစားအေန အထုိင္ အလြန္ ေခြၽတာသည္။ ကုိယ္ပုိင္ကား မစီးဘဲ စက္ဘီးျဖင့္သာ သြားလာသည္။ ေဆးပ်ဳိးခင္းမ်ားသုိ႔ ေန႔စဥ္ လမ္းေလွ်ာက္၍ သြားသည္။ ေနပူမေရွာင္၊ မုိး႐ြာမေရွာင္ ေဆးပ်ဳိးခင္းထဲတြင္ လုပ္သည္။ ဦးအုံးေဖသည္ ကုိယ္စြမ္း ဥာဏ္စြမ္းရွိသမွ်ႀကိဳးစား၍ စီးပြားရွာသည္။ ျဖစ္ထြန္းလာေသာ အက်ဳိးစီးပြားကုိလည္း စနစ္တက် အက်ဳိးရွိစြာ သုံးစြဲသည္။

ျမန္မာစာေပ ဖြံ႕ၿဖိဳးတုိးတက္ေရးကုိ ဦးတည္ရည္သန္၍ သူ၏ကုိယ္ပုိင္ေငြမွ ေငြသား ၇၆ သိန္းႏွင့္ ၁၂၇၉ က်ပ္ကုိ ႏုိင္ငံေတာ္သုိ႔ လႊဲအပ္ျခင္းျဖင့္ ‘ပခုကၠဴဦးအုံးေဖ စာေပဆု’ ဟု အမည္တြင္ေသာ စာေပရန္ပုံေငြ တစ္ရပ္ကုိ တည္ေထာင္ေပးခဲ့သည္။ ဦးအုံးေဖသည္ အျခားလူမႈေရးကိစၥအဝဝတြင္ ရက္ေရာစြာ လွဴဒါန္းခဲ့သည္။ ဦးေလးအုံးက အလွဴအတန္းလုပ္သည့္အခါတုိင္း သူ၏ ျမန္မာေမြးသကၠရာဇ္ျဖစ္ေသာ ၁၂၇၉ ခုႏွစ္ အထိမ္းအမွတ္အျဖစ္ ေငြ ၁၂၇၉ က်ပ္ကုိ အစြန္းထြက္ထည့္သြင္း လွဴတန္းေလ့ရွိသည္ကုိလည္း မွတ္မိေနသည္။

ထုိအခ်ိန္က လွဴတန္းခဲ့ေသာ ၇၆ သိန္းဆုိသည့္ ေငြပမာဏသည္ အေတာ္ေလးမ်ားျပားသည္ဟု ဆုိႏုိင္သည္။ ပတ္ဘလစ္ကာ ေမာ္ေတာ္ကားတစ္စီး၏ တန္ဖုိးမွာ က်ပ္ သုံးသိန္းဝန္းက်င္သာ ရွိေသးေသာ ကာလလည္း ျဖစ္ရာ ေငြတန္ဖုိးကုိ မွန္းဆၾကည့္ႏုိင္ပါသည္။ စာေပရန္ပုံေငြစတင္ထူေထာင္ လွဴဒါန္းသည့္ ၁၉၉၃ ခုႏွစ္သည္ ဦးေလးအုံး အသက္ ၇၆ ႏွစ္ျပည့္သည့္ႏွစ္လည္း ျဖစ္သည္။ ဦးေလးအုံး၏ ေမြးသကၠရာဇ္မွာ ခရစ္ႏွစ္အားျဖင့္ ၁၉၁၇ ခုႏွစ္၊ ေမ လ ၂ဝ ရက္ ျဖစ္ရာ အသက္ ၇၆ ႏွစ္ျဖစ္သည့္အတြက္ စာေပရန္ပုံေငြကုိ ၇၆ သိန္းႏွင့္ ၁၂၇၉ က်ပ္ လွဴဒါန္းခဲ့ျခင္းျဖစ္သည္ဟုလည္း သိရသည္။

ဦးအုံးေဖ လွဴဒါန္းသည့္ စာေပရန္ပုံေငြပမာဏသည္ ႏုိင္ငံေတာ္တြင္ မၾကံဳဖူး စံျပဳေလာက္ၿပီး စာေပက႑အတြက္ တန္ဖုိးမျဖတ္ႏုိင္ေသာ အက်ဳိးသက္ ေရာက္မႈမ်ား ရရွိေစခဲ့သည္။ ပခုကၠဴဦးအုံးေဖ စာေပဆုသည္ ျမန္မာစာေပကုိ ျမင့္မားတုိးတက္ေရးႏွင့္ ႂကြယ္ဝဖြံ႕ၿဖိဳးေရး၌ ထိေရာက္ေသာ အေထာက္အကူ တစ္ရပ္ ျဖစ္ေပသည္။

ဦးအုံးေဖသည္ စာေပဖံြ႕ၿဖိဳးတုိးတက္ေရးကုိ စိတ္အားထက္သန္သည္ႏွင့္အမွ် ကုိယ္တုိင္လည္း ေရးသားခဲ့သူျဖစ္သည္။ ကုိယ္တုိင္ေရး အတၴဳပၸတၱိ ေဆာင္းပါးမ်ား၊ ကုိယ္ေတြ႕ေဆာင္းပါးမ်ားတြင္ သူ၏ဘဝအေတြ႕အၾကံဳမ်ားကုိ မႁခြင္းမခ်န္ ေရးသားေဖာ္ျပထားၿပီး စာဖတ္သူတုိင္းကုိ အထူး ဆြဲေဆာင္ႏုိင္ သည္ကုိ ေတြ႕ရသည္။ ၁၉၉၃ ခုႏွစ္တြင္ လူမႈထူးခြၽန္ဆု ပထမအဆင့္ ရရွိခဲ့ၿပီး၊ ၁၉၉၆ ခုႏွစ္ ေမလ ၂၉ ရက္မွ ဇြန္လ ၁၂ ရက္အထိ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံသုိ႔ သြားေရာက္ခဲ့ေသာ ျမန္မာစာေရးဆရာကုိယ္စားလွယ္ အဖြဲ႕ဝင္အျဖစ္ လုိက္ပါ သြားေရာက္ခဲ့သည္။

၂ဝဝဝ ျပည့္ႏွစ္တြင္ ‘ေတြ႕ရၾကံဳရ ကြၽန္ေတာ့္ဘဝ’ ကုိ ေရးသားထုတ္ေဝၿပီး ဒုတိယတြဲလည္း ဆက္လက္ထုတ္ေဝခဲ့သည္။ ၁၉၉၇ ခုႏွစ္တြင္ပခုကၠဴဦးအုံးေဖ၏ ေဆာင္းပါးေပါင္းခ်ဳပ္(၁)၊ ၂ဝဝဝ ျပည့္ႏွစ္တြင္ ”ေတြ႕ရၾကံဳရ ကြၽန္ေတာ့္ဘဝ (ပထမတြဲ)”၊ ၂ဝဝ၂ ခုႏွစ္တြင္ ”ေတြ႕ရၾကံဳရ ကြၽန္ေတာ့္ဘဝ(ဒုတိယတြဲ)”၊ ၂ဝဝ၄ ခုႏွစ္တြင္ ”ငယ္ကခ်စ္ အႏွစ္တစ္ရာ မေမ့ပါႏွင့္ ကုိယ္ေတြ႕ေဆာင္းပါးမ်ား (ပထမအႀကိမ္)” ႏွင့္ ၂ဝဝ၅ ခုႏွစ္တြင္ ”ေတြ႕ရၾကံဳရ ကြၽန္ေတာ့္ဘဝ (တတိယတြဲ)” စာအုပ္မ်ားကုိလည္း ထုတ္ေဝခဲ့သည္။

စာေပအလွဴရွင္ ပခုကၠဴဦးအုန္းေဖသည္ ၂ဝဝ၈ ခုႏွစ္၊ ဧၿပီလ ၁၃ ရက္ ၊ အသက္ ၉၁ ႏွစ္တြင္ ကြယ္လြန္ခဲ့သည္။ ပခုကၠဴဦးအုံးေဖစာေပဆုသည္ သက္တမ္းရွည္စာေပဆုတစ္ခုျဖစ္ၿပီး ပခုကၠဴဦးအံုးေဖ တည္ေထာင္ေသာ ပခုကၠဴစာေပဆုအတြက္ ဆုေရြးခ်ယ္ရာတြင္ ကဗ်ာေပါင္းခ်ဳပ္၊ ဝတၴဳရွည္၊ ဝတၴဳတုိေပါင္းခ်ဳပ္၊ က်မ္းစာေပႏွင့္ သုေတသနစာေပ ဘာသာရပ္ ငါးမ်ိဳးအတြက္ ဆုေပါင္း ၁၅ ဆုကုိ ခ်ီးျမႇင့္ေပးအပ္ျခင္းျဖစ္ၿပီး တစ္သက္တာစာေပဆုကုိလည္း ခ်ီးျမႇင့္ေပးအပ္လ်က္ရွိသည္။

ဆုိရလွ်င္ ဦးေလးအုံးသည္ စာေပအက်ဳိးေက်းဇူးေၾကာင့္ သူ႕ဘဝကုိ လူဆုိးႀကီးမွ လူေကာင္းဘဝသုိ႔ ေျပာင္းလဲေစခဲ့႐ုံသာမက၊ အမ်ားက ေလးစားျခင္းခံရေသာဘဝကုိပင္ ရရွိပုိင္ဆုိင္ေစခဲ့သည္။ ထုိေက်းဇူးကုိ သိလည္းသိသည္။ သိသည့္အားေလ်ာ္စြာ ေက်းဇူးရွိသူမ်ားကုိ ေက်းဇူးဆပ္ခဲ့ျခင္းလည္း ျဖစ္သည္။ ပခုကၠဴဦးအုံးေဖလုိ စာေပဆုအလွဴရွင္မ်ား ျမန္မာႏုိင္ငံတြင္ ေခတ္အဆက္ဆက္ ဆက္လက္ေပၚထြန္းလာပါေစဟု ဆႏၵျပဳလုိက္ရပါသည္။

သိန္းေအး
ရည္ညြန္း –
(၁) ‘ႏွစ္ဆယ္ရာစု ျမန္မာ စာေရးဆရာမ်ားႏွင့္ စာစုစာရင္း (ဒုတိယတြဲ)’ ၊ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ ဆက္ဆံေရး ဦးစီးဌာန (႐ံုးခ်ဳပ္)၊ စာတည္းအဖြဲ႕ (၂ဝဝ၆)၊
(၂) ကုိယ္ပုိင္မွတ္စုမ်ား

———–

လူဆိုးလူမိုက် ထောင်ထွက်ဘဝမှ လူတိုင်းလေးစားရတဲ့ဘဝသို့ပြောင်းလဲနိုင်ခဲ့သူ (သို့) ပခုက္ကူဦးအုန်းဖေ(unicode)

ရေးသားသူ – ဆရာဦးသိန်းအေး

ပခုက္ကူဦးအုံးဖေ ကို အဖ ဦးဖိုးယူ၊ အမိ ဒေါ်ကြက်ရုံးတို့မှ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာအုပ်စု၊ ထနောင်း ကုန်းရှားတောရွာ၌ မြန်မာသက္ကရာဇ် ၁၂၇၉ ခုနှစ်၊ ကဆုန်လကွယ်နေ့ (ခရစ်နှစ် ၁၉၁၇ ခုနှစ်၊ မေလ ၂ဝ ရက်) တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ ဆင်းရဲလှသဖြင့် ၁ဝ နှစ်သားအထိ ပညာ မသင်ကြားခဲ့ရပေ။ အသက် ၁ဝ နှစ်ကျော်မှ ပခုက္ကူမြို့နယ်၊ စို့ကွင်းကျေးရွာ မြောက်ကျောင်း ဆရာတော် ဦးဇဝနထံတွင် မိဘများက အပ်နှံပေးသဖြင့် ၁၅ နှစ်သား အထိ စာပေပညာ သင်ကြားခဲ့ရသည်။ ထို့နောက် ဆရာတော် ဦးဇဝန၏ စီစဉ်ပေးချက်အရ ရေစကြိုမြို့ ကုန်သည်ကြီး တစ်ဦးအိမ်တွင် ထမင်းကျွေး အလုပ်သမားအဖြစ် နှစ်နှစ်ကျော် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေထိုင်ခဲ့ရသည်။ ရေစကြိုမြို့မှ ထွက်ခွာလာပြီး ရန်ကုန်မြို့၊ ဂွတ္တလစ်လမ်း၊ မြင်းထိန်းခြံတွင် မြင်းများကို အစာကျွေးခြင်း၊ ထိန်းကျောင်းပြုစုခြင်းစသော အလုပ်ကြမ်းများကို ထမင်းကျွေး လခမဲ့ဖြင့် လုပ်ကိုင်ခဲ့ရပြန်သည်။

ယင်းအလုပ်မှာ အဆင်မပြေပြန်သဖြင့် ရန်ကုန်မြို့ သိမ်ကြီးဈေး တစ်ဝိုက်တွင် လှည့်လည်၍ ကွမ်းယာရောင်းခြင်းဖြင့် ဘဝကို ရုန်းကန်လှုပ်ရှားခဲ့ရ ပြန်သည်။ ထို့နောက် အသက် ၂ဝ ကျော်တွင် ဇာတိရွာသို့ ပြန်ပြီး တောင်သူလုပ်ခြင်း၊ ဘုံဘေဘားမား သစ်ဖောင်တွင် သုံးနှစ်ခန့် ဖောင်လုပ်သားဘဝဖြင့် သက်စွန့်ကြိုးပမ်း လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ငယ်စဉ်က အပေါင်းအသင်းမက်သည်။ ဖဲရိုက်သည်။ ဖဲရှုံးလျှင် စိတ်တွေပူလာပြီး စာဖတ်သည်။ ဖဲရှုံးတိုင်း စာဖတ်ဖြစ်သည်။ း ကျပန်းအလုပ်စုနဲ့ဓားပြဖြစ်ပြီး ထောင်သုံးကြိမ်ကျဘူးခဲ့ဖူးသည်။ လူငယ်ဘဝတွင် အကျဉ်းစံ ဘဝကျရောက်စဉ် ထောင်မှူးကြီးအိမ်တွင် စာဖတ်ခွင့်ရခဲ့သည်။ သူဖတ်ခဲ့ရသော စာအုပ်တစ်အုပ်မှာ အကျိုးဆောင်မောင်မြတ် ရေးသားသော စာအုပ်ဖြစ်သည်။ မောင်မြတ်က မြန်မာပြည်တွင် သူဋ္ဌေးကြီးများသည် တရုတ်၊ ကုလားတွေ ဖြစ်နေသည်က များကြောင်း၊ မြန်မာတွေလည်း ကြိုးစားလျှင် သူဋ္ဌေးဖြစ်နိုင်ကြောင်း ရေးထားသည့် စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို ဖတ်ပြီးနောက်ပိုင်း သူထောင်ကလွတ်လျှင် သူဋ္ဌေးဖြစ်အောင်လုပ်မည်ဟု ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချခဲ့သည်။

အလုပ်ကြိုးစားသည်။ ငွေကို စနစ်တကျ သုံးစွဲသည်။ အများအကျိုးရှိမည့် အလှူများကို လှူတန်းခဲ့သည်။ သူထောင်ကျစဉ်က ဖတ်ခဲ့ရသော အကျိုးဆောင်မောင်မြတ်၏ စာအုပ်ကို နောင်တွင် ပြန်လည်ရိုက်နှိပ်ပြီး မိတ်ဆွေများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဦးအုံးဖေသည် ပခုက္ကူမြို့နယ်၊ တင်းဂါတ် ကျေးရွာအုပ်စု၊ သူကြီးအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ယင်းနောက်အလံနီ ကွန်မြူနစ်များ၏ ရန်ငြိုးဖွဲ့ခြင်းကို ခံရသည့်အတွက် ၁၉၄၉ ခုနှစ်တွင် ပခုက္ကူမြို့သို့ ပြောင်းရွှေ့နေထိုင်သည်။ ထို့နောက် ဈေးကောက်၊ ပွဲစား၊ ဆေးရွက်ကြီးကုန် သည် စသဖြင့် လုပ်ငန်းများပြောင်းလဲလုပ်ကိုင်ခဲ့ရာ ၁၉၅၆ ခုနှစ်တွင် ပခုက္ကူမြို့၌ ‘သိန်းတရာ ဆေးပေါင်းရုံ’ အမည်ဖြင့် ဗာဂျီးနီးယား ဆေးပေါင်းလုပ်ငန်းကြီးကို တည်ထောင် လုပ်ကိုင်နိုင်ခဲ့သည်။ ဆေးရွက်ကြီး၊ ဆေးမျိုးပင်များ ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။

ဦးအုံးဖေသည် စာပေ ဝါသနာပါသဖြင့် ငယ်စဉ်မှစ၍ ရရာစာအုပ်ကို ရသည့်အချိန်တွင် ဖတ်ရှုလေ့လာ လိုက်စားခဲ့သည်။ သူသည်အလုပ် လုပ်ရာတွင် အလွန်ကြိုးစား၍ အပင်ပန်းခံ လုပ်ကိုင်ဆောင်ရွက်သလို ငွေကြေးကိစ္စတွင်လည်း စနစ်ဇယား ကျနသူ ဖြစ်သည်။ ၁၉၄၈ ခုနှစ်မှစ၍ ကွယ်လွန် ချိန်အထိ နေ့စဉ် မပျက်မကွက် မှတ်တမ်းရေးမှတ်သည်။ ဝင်ငွေ၊ ထွက်ငွေ စာရင်းတွင်လည်း တမူး တပဲ မကျန်ရအောင် ထည့်သွင်းသည်။ အဝတ်အစားအနေ အထိုင် အလွန် ချွေတာသည်။ ကိုယ်ပိုင်ကား မစီးဘဲ စက်ဘီးဖြင့်သာ သွားလာသည်။ ဆေးပျိုးခင်းများသို့ နေ့စဉ် လမ်းလျှောက်၍ သွားသည်။ နေပူမရှောင်၊ မိုးရွာမရှောင် ဆေးပျိုးခင်းထဲတွင် လုပ်သည်။ ဦးအုံးဖေသည် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှကြိုးစား၍ စီးပွားရှာသည်။ ဖြစ်ထွန်းလာသော အကျိုးစီးပွားကိုလည်း စနစ်တကျ အကျိုးရှိစွာ သုံးစွဲသည်။

မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရည်သန်၍ သူ၏ကိုယ်ပိုင်ငွေမှ ငွေသား ၇၆ သိန်းနှင့် ၁၂၇၉ ကျပ်ကို နိုင်ငံတော်သို့ လွှဲအပ်ခြင်းဖြင့် ‘ပခုက္ကူဦးအုံးဖေ စာပေဆု’ ဟု အမည်တွင်သော စာပေရန်ပုံငွေ တစ်ရပ်ကို တည်ထောင်ပေးခဲ့သည်။ ဦးအုံးဖေသည် အခြားလူမှုရေးကိစ္စအဝဝတွင် ရက်ရောစွာ လှူဒါန်းခဲ့သည်။ ဦးလေးအုံးက အလှူအတန်းလုပ်သည့်အခါတိုင်း သူ၏ မြန်မာမွေးသက္ကရာဇ်ဖြစ်သော ၁၂၇၉ ခုနှစ် အထိမ်းအမှတ်အဖြစ် ငွေ ၁၂၇၉ ကျပ်ကို အစွန်းထွက်ထည့်သွင်း လှူတန်းလေ့ရှိသည်ကိုလည်း မှတ်မိနေသည်။ ထိုအချိန်က လှူတန်းခဲ့သော ၇၆ သိန်းဆိုသည့် ငွေပမာဏသည် အတော်လေးများပြားသည်ဟု ဆိုနိုင်သည်။ ပတ်ဘလစ်ကာ မော်တော်ကားတစ်စီး၏ တန်ဖိုးမှာ ကျပ် သုံးသိန်းဝန်းကျင်သာ ရှိသေးသော ကာလလည်း ဖြစ်ရာ ငွေတန်ဖိုးကို မှန်းဆကြည့်နိုင်ပါသည်။ စာပေရန်ပုံငွေစတင်ထူထောင် လှူဒါန်းသည့် ၁၉၉၃ ခုနှစ်သည် ဦးလေးအုံး အသက် ၇၆ နှစ်ပြည့်သည့်နှစ်လည်း ဖြစ်သည်။ ဦးလေးအုံး၏ မွေးသက္ကရာဇ်မှာ ခရစ်နှစ်အားဖြင့် ၁၉၁၇ ခုနှစ်၊ မေ လ ၂ဝ ရက် ဖြစ်ရာ အသက် ၇၆ နှစ်ဖြစ်သည့်အတွက် စာပေရန်ပုံငွေကို ၇၆ သိန်းနှင့် ၁၂၇၉ ကျပ် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဦးအုံးဖေ လှူဒါန်းသည့် စာပေရန်ပုံငွေပမာဏသည် နိုင်ငံတော်တွင် မကြုံဖူး စံပြုလောက်ပြီး စာပေကဏ္ဍအတွက် တန်ဖိုးမဖြတ်နိုင်သော အကျိုးသက် ရောက်မှုများ ရရှိစေခဲ့သည်။ ပခုက္ကူဦးအုံးဖေ စာပေဆုသည် မြန်မာစာပေကို မြင့်မားတိုးတက်ရေးနှင့် ကြွယ်ဝဖွံ့ဖြိုးရေး၌ ထိရောက်သော အထောက်အကူ တစ်ရပ် ဖြစ်ပေသည်။
ဦးအုံးဖေသည် စာပေဖွံ့ဖြိုးတိုးတက်ရေးကို စိတ်အားထက်သန်သည်နှင့်အမျှ ကိုယ်တိုင်လည်း ရေးသားခဲ့သူဖြစ်သည်။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဆောင်းပါးများ၊ ကိုယ်တွေ့ဆောင်းပါးများတွင် သူ၏ဘဝအတွေ့အကြုံများကို မခြွင်းမချန် ရေးသားဖော်ပြထားပြီး စာဖတ်သူတိုင်းကို အထူး ဆွဲဆောင်နိုင် သည်ကို တွေ့ရသည်။ ၁၉၉၃ ခုနှစ်တွင် လူမှုထူးချွန်ဆု ပထမအဆင့် ရရှိခဲ့ပြီး၊ ၁၉၉၆ ခုနှစ် မေလ ၂၉ ရက်မှ ဇွန်လ ၁၂ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သော မြန်မာစာရေးဆရာကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် လိုက်ပါ သွားရောက်ခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် ‘တွေ့ရကြုံရ ကျွန်တော့်ဘဝ’ ကို ရေးသားထုတ်ဝေပြီး ဒုတိယတွဲလည်း ဆက်လက်ထုတ်ဝေခဲ့သည်။ ၁၉၉၇ ခုနှစ်တွင်ပခုက္ကူဦးအုံးဖေ၏ ဆောင်းပါးပေါင်းချုပ်(၁)၊ ၂ဝဝဝ ပြည့်နှစ်တွင် ”တွေ့ရကြုံရ ကျွန်တော့်ဘဝ (ပထမတွဲ)”၊ ၂ဝဝ၂ ခုနှစ်တွင် ”တွေ့ရကြုံရ ကျွန်တော့်ဘဝ(ဒုတိယတွဲ)”၊ ၂ဝဝ၄ ခုနှစ်တွင် ”ငယ်ကချစ် အနှစ်တစ်ရာ မမေ့ပါနှင့် ကိုယ်တွေ့ဆောင်းပါးများ (ပထမအကြိမ်)” နှင့် ၂ဝဝ၅ ခုနှစ်တွင် ”တွေ့ရကြုံရ ကျွန်တော့်ဘဝ (တတိယတွဲ)” စာအုပ်များကိုလည်း ထုတ်ဝေခဲ့သည်။

စာပေအလှူရှင် ပခုက္ကူဦးအုန်းဖေသည် ၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၁၃ ရက် ၊ အသက် ၉၁ နှစ်တွင် ကွယ်လွန်ခဲ့သည်။ ပခုက္ကူဦးအုံးဖေစာပေဆုသည် သက်တမ်းရှည်စာပေဆုတစ်ခုဖြစ်ပြီး ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုအတွက် ဆုရွေးချယ်ရာတွင် ကဗျာပေါင်းချုပ်၊ ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကျမ်းစာပေနှင့် သုတေသနစာပေ ဘာသာရပ် ငါးမျိုးအတွက် ဆုပေါင်း ၁၅ ဆုကို ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပြီး တစ်သက်တာစာပေဆုကိုလည်း ချီးမြှင့်ပေးအပ်လျက်ရှိသည်။ ဆိုရလျှင် ဦးလေးအုံးသည် စာပေအကျိုးကျေးဇူးကြောင့် သူ့ဘဝကို လူဆိုးကြီးမှ လူကောင်းဘဝသို့ ပြောင်းလဲစေခဲ့ရုံသာမက၊ အများက လေးစားခြင်းခံရသောဘဝကိုပင် ရရှိပိုင်ဆိုင်စေခဲ့သည်။ ထိုကျေးဇူးကို သိလည်းသိသည်။ သိသည့်အားလျော်စွာ ကျေးဇူးရှိသူများကို ကျေးဇူးဆပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ပခုက္ကူဦးအုံးဖေလို စာပေဆုအလှူရှင်များ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ဆက်လက်ပေါ်ထွန်းလာပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

သိန်းအေး
ရည်ညွန်း –
(၁) ‘နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)’ ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ (၂ဝဝ၆)၊
(၂) ကိုယ်ပိုင်မှတ်စုများ

Leave a Reply