လူေပါင္း ၁၀၀ေက်ာ္ကို ေသေစခဲ့တဲ့ မာဒတ္စကတ္က ပလိပ္ေရာဂါ အျခား ၉ႏုိင္ငံကုိ ျပန္႔ႏွံ႔ႏုိင္

Posted on

ၿပီးခဲ့တဲ့လက မာဒတ္စကတ္ကြ်န္းမွာျဖစ္ပြားခဲ့တဲ့ ပလိပ္ေရာဂါဟာ တျဖည္းျဖည္းေလ်ာ့က်သြားေပမယ့္ အျခားႏုိင္ငံ ၉ ႏုိင္ငံကုိ ဆက္လက္ျပန္႔ႏွံ႔ႏုိင္တယ္လုိ႔သိရပါတယ္။ မာဒတ္စကာကြ်န္းမွာ ျဖစ္ပြားခဲ့တဲ့ ပလိပ္ေရာဂါအမ်ဳိးအစားဟာ ပလိပ္ေရာဂါေတြထဲမွာ အျပင္းထန္ဆုံးျဖစ္ခဲ့ၿပီး လူေပါင္း ၁၆၅ဦး ေသဆုံးခဲ့ၿပီး ၂၀၀၀ ခန္႔ ကူးစက္ခံခဲ့ရတယ္လုိ႔ CNN သတင္းဌာနက ဆုိပါတယ္။ ပလိပ္ေရာဂါဟာ ေခ်ာင္းဆုိးရုံနဲ႔ လူတစ္ဦးကေန အျခားတစ္ဦးဆီလြယ္ကူစြာကူစက္ႏုိင္ပါတယ္။ ေခ်ာင္းဆုိးတဲ့အခါ ပါသြားတဲ့ေရာဂါပုိးကို အျခားသူကရႈရႈိက္ျခင္းအားျဖင့္ကူးေစမွာပါ။ ဒါအျပင္ ေခြးေတြ ေၾကာင္ေတြ ကုိပြတ္သပ္ျခင္းကလည္းကူးႏုိင္ပါတယ္။ တိရစာၦန္ခ်စ္တတ္တဲ့သူမ်ားကေတာ့ မိမိတုိ႔ရဲ႕ေခြးေလးေၾကာင္ေလးေတြကုိ ေလွးသန္းကင္းစင္ေအာင္ မၾကာခဏသန္႔ရွင္းေပးသင့္ပါတယ္။

ပလိပ္ေရာဂါဟာ Yersinia pestis ဆုိတဲ့ ဘက္တီးရီးယားေရာဂါပုိးေၾကာင့္ျဖစ္ၿပီး ေရာဂါရွိတဲ့ ၾကြက္ေတြ၊ ေခြးေတြ ၊ေၾကာင္ေတြ ရဲ႕ ခႏၶာကိုယ္ကေရာဂါပုိးေတြကုိ ေလွးသန္းေတြကသယ္ေဆာင္တာကေန ျပန္႔ပြားလာတယ္လုိ႔ သိရပါတယ္။ မာဒတ္စကတ္ကြ်န္းမွာျဖစ္တဲ့ ပလိပ္ေရာဂါကေတာ့ Pneumonic ပလိပ္ေရာဂါျဖစ္ၿပီး ကူးစက္ခံရသူေတြဟာ အဆုတ္ေရာင္ေရာဂါကုိ ျပင္းျပင္းထန္ထန္ခံစားရပါတယ္။ ေရာဂါလကၡဏာေတြကေတာ့ ဖ်ာနာခ်မ္းတုန္ျခင္း ၊ ေခါင္းကုိက္(သုိ႔) မူးေနာက္ျခင္း ၊ ခႏၶာကိုယ္နာက်င္ကုိက္ခဲျခင္း ၊ ခ်ဳိင္းၾကားေပါင္ၾကားမွာ အက်ိတ္ေတြထက္လာျခင္း ၊ အန္ျခင္း နဲ႔ ေနရင္းထုိင္ရင္း အလြန္ေမာပန္းႏြမ္းနယ္ေနျခင္း ေတြျဖစ္ပါတယ္။

ေအာက္တုိဘာ ၃၀ နဲ႔ ႏုိ၀င္ဘာ ၃ရက္အတြင္းမွာ ေရာဂါကူးစက္သူ ၄၁ေယာက္ေတြ႔ရွိခဲ့ၿပီး ၃ဦးေသဆုံးခဲ့ရပါတယ္။ သူ႔မတုိင္ခင္အပတ္ကေတာ့ ေရာဂါကူးစက္ခံရသူ ၂၃၈ေယာက္ ေတြ႔ခဲ့ၿပီး ၁၂ဦးေသဆုံးခဲ့ပါတယ္။ ၿမဳိ႕ေတာ္ အန္တာနာနာရီဗိုနဲ႔ တိုအာမာစီနာတို႔မွာ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ၿပီး အခုေတာ့ တျဖည္းျဖည္းေလ်ာ့က်လာေနၿပီျဖစ္ပါတယ္။ စုိးရိမ္ရေတာ့ ဒီပလိပ္ေရာဂါဟာ အျခား ႏုိင္ငံေတြကို ကူးစက္ႏုိင္တယ္လုိ႔ ကမာၻ႔က်န္းမာေရးအဖြဲ႔(WHO) က သတိေပးထားတာပါ။ ကူးစက္ျပန္႔ႏွံ႔ႏုိင္တဲ့ ႏိုင္ငံေတြကေတာ့ Comoros, Ethiopia, Kenya, Mauritius, Mozambique, Réunion island, Seychelles, South Africa နဲ႔ Tanzania ႏုိင္ငံေတြပဲျဖစ္ပါတယ္။

အဂၤလန္ႏုိင္ငံ က်န္းမာေရးအဖြဲ႔က ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ Dilys Morgan ကေတာ့ ” မာဒတ္စကတ္ကြ်န္းဟာ ခရီးသြားေတြမၾကာခဏသြားေရာက္လည္ပတ္တဲ့ကြ်န္းျဖစ္ပါတယ္။ ဒါေပမယ့္ ဒီကူးစက္ေရာဂါျဖစ္ပြားေနစဥ္မွာေတာ့ သြားေရာက္လည္ပတ္ျခင္း မျပဳလုပ္သင့္ပါဘူး။ ဒီလုိလုပ္ျခင္းအားျဖင့္ ကူးစက္ေရာဂါေတြကို ပုိမုိမျပန္႔ႏွံ႔ေစမွာျဖစ္ပါတယ္” လုိ႔ ဆုိပါတယ္။


လူပေါင်း ၁၀၀ကျော်ကို သေစေခဲ့တဲ့ မာဒတ်စကတ်က ပလိပ်ရောဂါ အခြား ၉နိုင်ငံကို ပြန့်နှံ့နိုင် (unicode)

ပြီးခဲ့တဲ့လက မာဒတ်စကတ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ပလိပ်ရောဂါဟာ တဖြည်းဖြည်းလျော့ကျသွားပေမယ့် အခြားနိုင်ငံ ၉ နိုင်ငံကို ဆက်လက်ပြန့်နှံ့နိုင်တယ်လို့သိရပါတယ်။ မာဒတ်စကာကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ပလိပ်ရောဂါအမျိုးအစားဟာ ပလိပ်ရောဂါတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး လူပေါင်း ၁၆၅ဦး သေဆုံးခဲ့ပြီး ၂၀၀၀ ခန့် ကူးစက်ခံခဲ့ရတယ်လို့ CNN သတင်းဌာနက ဆိုပါတယ်။ ပလိပ်ရောဂါဟာ ချောင်းဆိုးရုံနဲ့ လူတစ်ဦးကနေ အခြားတစ်ဦးဆီလွယ်ကူစွာကူစက်နိုင်ပါတယ်။ ချောင်းဆိုးတဲ့အခါ ပါသွားတဲ့ရောဂါပိုးကို အခြားသူကရှုရှိုက်ခြင်းအားဖြင့်ကူးစေမှာပါ။ ဒါအပြင် ခွေးတွေ ကြောင်တွေ ကိုပွတ်သပ်ခြင်းကလည်းကူးနိုင်ပါတယ်။ တိရစ္ဆာန်ချစ်တတ်တဲ့သူများကတော့ မိမိတို့ရဲ့ခွေးလေးကြောင်လေးတွေကို လှေးသန်းကင်းစင်အောင် မကြာခဏသန့်ရှင်းပေးသင့်ပါတယ်။ ပလိပ်ရောဂါဟာ Yersinia pestis ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးကြောင့်ဖြစ်ပြီး ရောဂါရှိတဲ့ ကြွက်တွေ၊ ခွေးတွေ ၊ကြောင်တွေ ရဲ့ ခန္ဓာကိုယ်ကရောဂါပိုးတွေကို လှေးသန်းတွေကသယ်ဆောင်တာကနေ ပြန့်ပွားလာတယ်လို့ သိရပါတယ်။ မာဒတ်စကတ်ကျွန်းမှာဖြစ်တဲ့ ပလိပ်ရောဂါကတော့ Pneumonic ပလိပ်ရောဂါဖြစ်ပြီး ကူးစက်ခံရသူတွေဟာ အဆုတ်ရောင်ရောဂါကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဖျာနာချမ်းတုန်ခြင်း ၊ ခေါင်းကိုက်(သို့) မူးနောက်ခြင်း ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း ၊ ချိုင်းကြားပေါင်ကြားမှာ အကျိတ်တွေထက်လာခြင်း ၊ အန်ခြင်း နဲ့ နေရင်းထိုင်ရင်း အလွန်မောပန်းနွမ်းနယ်နေခြင်း တွေဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ နဲ့ နိုဝင်ဘာ ၃ရက်အတွင်းမှာ ရောဂါကူးစက်သူ ၄၁ယောက်တွေ့ရှိခဲ့ပြီး ၃ဦးသေဆုံးခဲ့ရပါတယ်။ သူ့မတိုင်ခင်အပတ်ကတော့ ရောဂါကူးစက်ခံရသူ ၂၃၈ယောက် တွေ့ခဲ့ပြီး ၁၂ဦးသေဆုံးခဲ့ပါတယ်။ မြို့တော် အန်တာနာနာရီဗိုနဲ့ တိုအာမာစီနာတို့မှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး အခုတော့ တဖြည်းဖြည်းလျော့ကျလာနေပြီဖြစ်ပါတယ်။ စိုးရိမ်ရတော့ ဒီပလိပ်ရောဂါဟာ အခြား နိုင်ငံတွေကို ကူးစက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က သတိပေးထားတာပါ။ ကူးစက်ပြန့်နှံ့နိုင်တဲ့ နိုင်ငံတွေကတော့ Comoros, Ethiopia, Kenya, Mauritius, Mozambique, Réunion island, Seychelles, South Africa နဲ့ Tanzania နိုင်ငံတွေပဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ ကျန်းမာရေးအဖွဲ့က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Dilys Morgan ကတော့ ” မာဒတ်စကတ်ကျွန်းဟာ ခရီးသွားတွေမကြာခဏသွားရောက်လည်ပတ်တဲ့ကျွန်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီကူးစက်ရောဂါဖြစ်ပွားနေစဉ်မှာတော့ သွားရောက်လည်ပတ်ခြင်း မပြုလုပ်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ကူးစက်ရောဂါတွေကို ပိုမိုမပြန့်နှံ့စေမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

 

Leave a Reply