ရုရွားျပည္က မာနီစိန္တြင္းႀကီးအေၾကာင္း

Posted on

ကမာၻေက်ာ္ မာနီ စိန္တြင္းႀကီးဟာ ရုရွားႏုိင္ငံ ဆုိက္ေဘးရီးယားအေရွ႕ပုိင္း Sakha ေဒသက မာနီ(Mirny ) ၿမဳိ႕အနီးမွာတည္ရွိပါတယ္။ သူ႔ကုိ Mirny mine လုိ႔ေခၚသလုိ Mir mine လုိ႔လည္းေခၚပါတယ္။

တြင္း၀င္အက်ယ္ ၃၉၀၀ေပ ရွိၿပီး အနက္ကေတာ့ ၁၇၂၂ေပ ရွိပါတယ္။ ကမာၻေပၚက လူေတြတူးေဖၚခဲ့သမွ်တြင္းႀကီးေတြထဲမွာ ဒုတိယအႀကီးဆုံးျဖစ္ၿပီး စတုတၱအနက္ဆုံးတြင္းလည္းျဖစ္ပါတယ္။ ပထမအႀကီးဆုံးမုိင္းတြင္းကေတာ့ အေမရိကန္ႏုိင္ငံမွာရွိတဲ့ အက်ယ္ ၂.၅မုိင္ရွိၿပီး မုိ၀က္ခန္႔နက္တဲ့ Bingham Canyon Mine ျဖစ္ပါတယ္။

ဒီေနရာမွာစိန္ေတြရွိေနေၾကာင္း ရွာေဖြေတြ႔ရွိခဲ့တဲ့ ဆုိဗီယက္ဘူမိေဗဒပညာရွင္ေတြကေတာ့ Ekaterina Elagina, Yuri Khabardin, နဲ႔ Viktor Avdeenko တုိ႔ျဖစ္ပါတယ္။ မာနီ စိန္တြင္း ကုိ ၁၉၅၇ခုႏွစ္မွာစတင္ဖြင့္လွစ္ခဲ့ၿပီး စိန္မ်ားတူးေဖာ္ခဲ့ပါတယ္။ ဒီလုိစတင္တူးေဖာ္တဲ့ ၇လမွာေတာ့ ေတာ္ေတာ္ဒုကၡေရာက္ခဲ့ရပါတယ္။

ေဆာင္းတြင္းရာသီဥတုအလြန္ျပင္းထန္ၿပီး ေရခဲမွတ္ေအာက္ကိုေရာက္ေနလုိ႔ပါ။ ေအးလြန္းတာေၾကာင့္ မုိင္းတြင္းမွာသုံးတဲ့ ကားဘီတာယာေတြကြဲထြက္သလုိ ေလာင္စာဆီေတြခဲတဲ့အထိျဖစ္ပါတယ္။ တူးေဖာ္ေရးအလုပ္သမားေတြဟာ ဂ်က္အင္ဂ်င္ေတြ နဲ႔ ဒုိင္းနမုိက္ေတြကို အဓိကသုံးကာ တူးခဲ့ၾကပါတယ္။

ဒီစိန္တြင္းဟာ ဆုိဗီယက္ႏုိင္ငံရဲ႕အႀကီးဆုံးသတၱဳတြင္းျဖစ္ၿပီး စိန္အမ်ားဆုံးထြက္ရာမုိင္းတြင္းလည္းျဖစ္ပါတယ္။ ပ်မ္းမွ်အေနနဲ႔ တစ္ႏွစ္ကုိ အရည္အေသြးျပည့္မီတဲ့ စိန္ကီလုိဂရမ္ေပါင္း ၂ေထာင္(ကာရက္ ၁၀သန္း) ခန္႔ တူးေဖာ္ႏုိင္ခဲ့ပါတယ္။

တူးေဖာ္ခ်ိန္ကစလုိ႔ ၄၅ႏွစ္ၾကာ အေရအေသြးျပည့္မီတဲ့စိန္မ်ားကိုထုတ္လုပ္ေပးခဲ့ၿပီး ေနာက္ထြက္တဲ့စိန္ေတြကေတာ့ အရည္အေသြးျပည့္မီျခင္းမရွိေတာ့ပါဘူး။ ဒီစိန္တြင္းႀကီးက စိန္မ်ား မ်ားျပားစြာထုတ္လုပ္တဲ့အတြက္ ရုရွားဟာ တတိယ စိန္အထြက္ဆုံးႏုိင္ငံျဖစ္လာခဲ့ပါတယ္။

၁၉၈၀ခုႏွစ္ ဒီဇင္ဘာလ ၂၃ရက္ေန႔မွာေတာ့ ဒီစိန္တြင္းရဲ႕အႀကီးဆုံးစိန္ကုိ တူးေဖာ္ရရွိခဲ့ပါတယ္။ အေလးခ်ိန္ ၃၄၂.၅ကာရက္(၆၈ဂရမ္) ရွိၿပီး 26th Congress CPSU လုိ႔ အမည္ေပးလုိက္ၾကပါတယ္။

မာနီစိန္တြင္းေပၚကုိ ေလယာဥ္ပ်ံမ်ား ဟယ္ရီေကာ္ပတာမ်ားျဖတ္ပ်ံသန္းျခင္းကို တားျမစ္ထားပါတယ္။ ဒီတြင္းဟာေလယာဥ္ေတြကို ဆြဲငင္တယ္လုိ႔ ယူဆခဲ့ၾကၿပီး ျဖတ္ပ်ံသန္းခဲ့တဲ့ရဟတ္ယာဥ္တစ္စင္းဟာလည္း တြင္းထဲကို ပ်က္က်ခဲ့ဖူးပါတယ္။

ဆုိဗီယက္ၿပဳိကြဲစဥ္ကာလမွာ ၁ႏွစ္ခန္႔နားခဲ့ေသးၿပီး အဲဒီေနာက္မွာေတာ့ ရုရွားႏုိင္ငံဟာ ျပည္တြင္းကုမၸဏီအနည္းငယ္ကို တူးေဖာ္ခြင့္ေပးခဲ့ကာ စိန္မ်ားဆက္လက္တူးခဲ့ၿပီး ၂၀၀၄ခုႏွစ္မွာေတာ့ အရည္အေသြးမျပည့္တဲ့စိန္ေတြသာ တူးေဖာ္ရရွိတာအျပင္ သဘာ၀ပတ္၀န္းက်င္ကုိလည္း အလြန္အမင္းထိခုိက္လာတာေၾကာင့္ မာနီစိန္တြင္းႀကီးကို အၿပီးတုိင္ပိတ္သိမ္းလုိက္ပါေတာ့တယ္။


ရုရှားက မာနီစိန်တွင်းကြီးအကြောင်း (unicode)

ကမ္ဘာကျော် မာနီ စိန်တွင်းကြီးဟာ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားအရှေ့ပိုင်း Sakha ဒေသက မာနီ(Mirny ) မြို့အနီးမှာတည်ရှိပါတယ်။ သူ့ကို Mirny mine လို့ခေါ်သလို Mir mine လို့လည်းခေါ်ပါတယ်။ တွင်းဝင်အကျယ် ၃၉၀၀ပေ ရှိပြီး အနက်ကတော့ ၁၇၂၂ပေ ရှိပါတယ်။ ကမ္ဘာပေါ်က လူတွေတူးဖေါ်ခဲ့သမျှတွင်းကြီးတွေထဲမှာ ဒုတိယအကြီးဆုံးဖြစ်ပြီး စတုတ္တအနက်ဆုံးတွင်းလည်းဖြစ်ပါတယ်။ ပထမအကြီးဆုံးမိုင်းတွင်းကတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ အကျယ် ၂.၅မိုင်ရှိပြီး မိုဝက်ခန့်နက်တဲ့ Bingham Canyon Mine ဖြစ်ပါတယ်။

ဒီနေရာမှာစိန်တွေရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ဆိုဗီယက်ဘူမိဗေဒပညာရှင်တွေကတော့ Ekaterina Elagina, Yuri Khabardin, နဲ့ Viktor Avdeenko တို့ဖြစ်ပါတယ်။ မာနီ စိန်တွင်း ကို ၁၉၅၇ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီး စိန်များတူးဖော်ခဲ့ပါတယ်။ ဒီလိုစတင်တူးဖော်တဲ့ ၇လမှာတော့ တော်တော်ဒုက္ခရောက်ခဲ့ရပါတယ်။ ဆောင်းတွင်းရာသီဥတုအလွန်ပြင်းထန်ပြီး ရေခဲမှတ်အောက်ကိုရောက်နေလို့ပါ။ အေးလွန်းတာကြောင့် မိုင်းတွင်းမှာသုံးတဲ့ ကားဘီတာယာတွေကွဲထွက်သလို လောင်စာဆီတွေခဲတဲ့အထိဖြစ်ပါတယ်။ တူးဖော်ရေးအလုပ်သမားတွေဟာ ဂျက်အင်ဂျင်တွေ နဲ့ ဒိုင်းနမိုက်တွေကို အဓိကသုံးကာ တူးခဲ့ကြပါတယ်။

ဒီစိန်တွင်းဟာ ဆိုဗီယက်နိုင်ငံရဲ့အကြီးဆုံးသတ္တုတွင်းဖြစ်ပြီး စိန်အများဆုံးထွက်ရာမိုင်းတွင်းလည်းဖြစ်ပါတယ်။ ပျမ်းမျှအနေနဲ့ တစ်နှစ်ကို အရည်အသွေးပြည့်မီတဲ့ စိန်ကီလိုဂရမ်ပေါင်း ၂ထောင်(ကာရက် ၁ဝသန်း) ခန့် တူးဖော်နိုင်ခဲ့ပါတယ်။ တူးဖော်ချိန်ကစလို့ ၄၅နှစ်ကြာ အရေအသွေးပြည့်မီတဲ့စိန်များကိုထုတ်လုပ်ပေးခဲ့ပြီး နောက်ထွက်တဲ့စိန်တွေကတော့ အရည်အသွေးပြည့်မီခြင်းမရှိတော့ပါဘူး။ ဒီစိန်တွင်းကြီးက စိန်များ များပြားစွာထုတ်လုပ်တဲ့အတွက် ရုရှားဟာ တတိယ စိန်အထွက်ဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ ၁၉၈ဝခုနှစ် ဒီဇင်ဘာလ ၂၃ရက်နေ့မှာတော့ ဒီစိန်တွင်းရဲ့အကြီးဆုံးစိန်ကို တူးဖော်ရရှိခဲ့ပါတယ်။ အလေးချိန် ၃၄၂.၅ကာရက်(၆၈ဂရမ်) ရှိပြီး
26th Congress CPSU လို့ အမည်ပေးလိုက်ကြပါတယ်။

မာနီစိန်တွင်းပေါ်ကို လေယာဉ်ပျံများ ဟယ်ရီကော်ပတာများဖြတ်ပျံသန်းခြင်းကို တားမြစ်ထားပါတယ်။ ဒီတွင်းဟာလေယာဉ်တွေကို ဆွဲငင်တယ်လို့ ယူဆခဲ့ကြပြီး ဖြတ်ပျံသန်းခဲ့တဲ့ရဟတ်ယာဉ်တစ်စင်းဟာလည်း တွင်းထဲကို ပျက်ကျခဲ့ဖူးပါတယ်။ ဆိုဗီယက်ပြိုကွဲစဉ်ကာလမှာ ၁နှစ်ခန့်နားခဲ့သေးပြီး အဲဒီနောက်မှာတော့ ရုရှားနိုင်ငံဟာ ပြည်တွင်းကုမ္ပဏီအနည်းငယ်ကို တူးဖော်ခွင့်ပေးခဲ့ကာ စိန်များဆက်လက်တူးခဲ့ပြီး ၂၀၀၄ခုနှစ်မှာတော့ အရည်အသွေးမပြည့်တဲ့စိန်တွေသာ တူးဖော်ရရှိတာအပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း အလွန်အမင်းထိခိုက်လာတာကြောင့် မာနီစိန်တွင်းကြီးကို အပြီးတိုင်ပိတ်သိမ်းလိုက်ပါတော့တယ်။

Leave a Reply