ဂ်ပန္လူမ်ဳိးေတြရဲ႕ မွတ္တုိင္တစ္ခု (သုိ႔) ကမာၻေက်ာ္ေရေအာက္ကားလမ္း Tokyo Bay Aqua Line

Posted on

ဒီေနရာကေတာ့ ဂ်ပန္ႏုိင္ငံတုိက်ဳိပင္လယ္ေအာ္မွာ ရွိတဲ့ Tokyo Bay Aqua Line ဆုိတဲ့ကားလမ္းတစ္ခုျဖစ္ပါတယ္။ Trans-Tokyo Bay Highway လို႔လည္း လူသိမ်ားပါတယ္။

ဒီလမ္းဟာ aqua တံတား နဲ႔ ေရေအာက္တူးေျမာင္းကို ေပါင္းစပ္တည္ေဆာက္ထားတာျဖစ္ပါတယ္။ Kawasaki ၿမိဳ႕ႏွင့္ Kisarazu ၿမိဳ႕တုိ႔ကုိ ဆက္သြယ္ထားတဲ့လမ္းျဖစ္ၿပီး အရွည္ ၉မုိင္ရွိပါတယ္။

Kisarazu ၿမဳိ႕ဘက္ျခမ္း ၃မိုင္ ကို တံတားထိုးထားၿပီး Kawasaki ၿမဳိ႕ ဘက္ျခမ္း ၆မိုင္ကို ေတာ့ ပင္လယ္ေရေအာက္ ေျမႀကီးကို ဥမင္လႈိင္ေခါင္းတူးကာ ဆက္သြယ္ထားျခင္းျဖစ္ပါတယ္။

တံတားတစ္ဆက္တည္းထုိးရင္ ရပါလွ်က္နဲ႔ မထုိးပဲ ဥမင္ေဖာက္တဲ့အေၾကာင္းကေတာ့ ပင္လယ္ကူးသေဘၤာေတြလြတ္လပ္စြာ သြားလာႏိုင္ေအာင္လုိ႔ပါတဲ့။

၁၉၈၈ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၿပီး ၁၉၉၇ ခုႏွစ္မွာ ဖြင့္လွစ္ႏုိင္ခဲ့တဲ့အတြက္ စုစုေပါင္း ေဆာက္လုပ္ခ်ိန္ ၉ႏွစ္ယူၿပီးတည္ေဆာက္ခဲ့ရပါတယ္။

ကုန္က်စရိတ္အေနနဲ႔ အေမရိကန္ေဒၚလာ ၁၁.၂ ဘီလ်ံ ကုန္က်ခဲ့ပါတယ္။ တံတားနဲ႔ ဥမင္လႈိင္ေခါင္းဆုံရာေနရာမွာေတာ့ လူလုပ္ကြ်န္းေလးတစ္ခုကို ထည့္သြင္းဖန္တီးထားပါတယ္။

ဒီလမ္းကိုျဖတ္သန္းသူေတြ ခရီးတစ္ေထာက္နားရင္း ပင္လယ္ျပင္ရႈ႕ခင္းေတြကိုၾကည့္ကာ အပန္းေျဖေစဖုိ႔ျဖစ္ပါတယ္။ ဒီကြ်န္းေလးေပၚမွာ ကားရပ္နားတဲ့ေနရာ နဲ႔ အတူ ငါးထပ္အေဆာက္အဦီးတစ္ခုရွိပါတယ္။

ဒီေနရာကိုေတာ့ Umihotaru(ပင္လယ္ပုိးစုန္းၾကဴး) လုိ႔ေခၚၿပီး စားေသာက္ခန္းမ ၊ ဂိမ္းကစားတဲ့ေနရာေတြ ၊ အမွတ္တရစတုိင္းဆုိင္ နဲ႔ ပန္းၿခံေတြပါရွိပါတယ္။

Tokyo Bay Aqua Line ျဖစ္ေပၚလာပုံသမုိင္းနဲ႔ တည္ေဆာက္ခဲ့ပုံအေၾကာင္းကို ဒီေနရာမွာ ျပတုိက္အေနနဲ႔ ျပသထားပါေသးတယ္။

တံတားကိုျဖတ္ ခရီးတစ္ေထာက္နားၿပီးရင္ေတာ့ ဥပင္လႈိဏ္ေခါင္းထဲကို ျဖတ္ရမွာပါ။ ပင္လယ္ေရေအာက္ေျမႀကီးကို တူးထားတာျဖစ္လုိ႔ အႏၱရာယ္ျဖစ္မွာ အသက္ရႈက်ပ္မွာေတြကို ပူဖုိ႔မလုိေအာင္ျပဳလုပ္ေပးထားပါတယ္။

ထိမ္းခ်ဳပ္ေရးစခန္းကေန တူးေျမာင္းထဲက ေလေတြကို အၿမဲသန္႔စင္ေပးေနၿပီး ဖုန္းလုိင္း ၊ အင္တာနက္လုိင္းနဲ႔ မီးအလင္းေတြကိုလည္း ျပတ္ေတာက္မသြားေအာင္ ၂၄နာရီေဆာင္ရြက္လွ်က္ရွိပါတယ္။

အႏၱရာယ္တစ္ခုခုျဖစ္တာနဲ႔ ခ်က္ခ်င္းထြက္ႏုိင္ေအာင္ အေရးေပၚထြက္ေပါက္ေတြကိုထားရွိၿပီး ကယ္ဆယ္ေရး၀န္ထမ္းေတြကလည္း အဆင္သင့္ရွိေနပါတယ္။

ဥမင္ထဲမွာပဲ ပုံမွန္သြားေနတဲ့ လမ္းမရယ္ အေရးေပၚကယ္ဆယ္ဖို႔အတြက္လမ္းရယ္ဆိုၿပီး ႏွစ္ထပ္လမ္းကိုေဆာက္လုပ္ထားတာျဖစ္ပါတယ္။

၉ မုိင္အရွည္ရွိတဲ့ ဒီလမ္းက တံတား နဲ႔ ဥမင္တုိ႔ကိုျဖတ္သန္းခ်ိန္ဟာ ပ်မ္းမွ်အားျဖင့္ ၁၅ မိနစ္ခန္႔ၾကာျမင့္မွာျဖစ္ပါတယ္။

ဒီလမ္းမရွိခင္ကဆုိရင္ေတာ့ Kawasaki ၿမိဳ႕ကေန Kisarazu ၿမိဳ႕ကိုေရာက္ဖုိ႔ ၁နာရီခြဲၾကာျမင့္ခဲ့ပါတယ္။

ေန႔စဥ္နဲ႔အမွ် ကားႀကီးကားေသး ေျမာက္မ်ားစြာဟာ ဒီလမ္းကိုျဖတ္သန္းၿပီးေတာ့ Yokohama ဘူတာ ၊ Haneda ေလဆိပ္ ၊ Tokyo ဘူတာ နဲ႔ အဓိက စက္မႈဇုန္ေတြျဖစ္တဲ့ Chiba ခ႐ိုင္ နဲ႔ Kanagawa ခ႐ိုင္က စက္မႈဇုန္ေတြဆီကို သြားလာလွ်က္ရွိပါတယ္။

ဒီကမာၻေက်ာ္လမ္းဟာ ဂ်ပန္လူမ်ဳိးေတြရဲ႕ မွတ္တိုင္တစ္ခုျဖစ္သလုိ ဂ်ပန္တုိ႔ရဲ႕နည္းပညာျမင့္မားမႈ နဲ႔ ႀကဳိးစားအားထုတ္မႈတုိ႔ကို ကမာၻကေလးစားခဲ့ရတဲ့လမ္းဆိုရင္လည္း မမွားပါဘူး။

VIDEO

 

 

 

 

———————————-
ဂျပန်လူမျိုးတွေရဲ့ မှတ်တိုင်တစ်ခု (သို့) ကမ္ဘာကျော်ရေအောက်ကားလမ်း Tokyo Bay Aqua Line (unicode)

ဒီနေရာကတော့ ဂျပန်နိုင်ငံတိုကျိုပင်လယ်အော်မှာ ရှိတဲ့ Tokyo Bay Aqua Line ဆိုတဲ့ကားလမ်းတစ်ခုဖြစ်ပါတယ်။ Trans-Tokyo Bay Highway လို့လည်း လူသိများပါတယ်။ ဒီလမ်းဟာ aqua တံတား နဲ့ ရေအောက်တူးမြောင်းကို ပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ Kawasaki မြို့နှင့် Kisarazu မြို့တို့ကို ဆက်သွယ်ထားတဲ့လမ်းဖြစ်ပြီး အရှည် ၉မိုင်ရှိပါတယ်။ Kisarazu မြို့ဘက်ခြမ်း ၃မိုင် ကို တံတားထိုးထားပြီး Kawasaki မြို့ ဘက်ခြမ်း ၆မိုင်ကို တော့ ပင်လယ်ရေအောက် မြေကြီးကို ဥမင်လှိုင်ခေါင်းတူးကာ ဆက်သွယ်ထားခြင်းဖြစ်ပါတယ်။ တံတားတစ်ဆက်တည်းထိုးရင် ရပါလျှက်နဲ့ မထိုးပဲ ဥမင်ဖောက်တဲ့အကြောင်းကတော့ ပင်လယ်ကူးသင်္ဘောတွေလွတ်လပ်စွာ သွားလာနိုင်အောင်လို့ပါတဲ့။

၁၉၈၈ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ဆောက်လုပ်ချိန် ၉နှစ်ယူပြီးတည်ဆောက်ခဲ့ရပါတယ်။ ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလျံ ကုန်ကျခဲ့ပါတယ်။ တံတားနဲ့ ဥမင်လှိုင်ခေါင်းဆုံရာနေရာမှာတော့ လူလုပ်ကျွန်းလေးတစ်ခုကို ထည့်သွင်းဖန်တီးထားပါတယ်။ ဒီလမ်းကိုဖြတ်သန်းသူတွေ ခရီးတစ်ထောက်နားရင်း ပင်လယ်ပြင်ရှု့ခင်းတွေကိုကြည့်ကာ အပန်းဖြေစေဖို့ဖြစ်ပါတယ်။ ဒီကျွန်းလေးပေါ်မှာ ကားရပ်နားတဲ့နေရာ နဲ့ အတူ ငါးထပ်အဆောက်အဦးတစ်ခုရှိပါတယ်။ ဒီနေရာကိုတော့ Umihotaru(ပင်လယ်ပိုးစုန်းကြူး) လို့ခေါ်ပြီး စားသောက်ခန်းမ ၊ ဂိမ်းကစားတဲ့နေရာတွေ ၊ အမှတ်တရစတိုင်းဆိုင် နဲ့ ပန်းခြံတွေပါရှိပါတယ်။ Tokyo Bay Aqua Line ဖြစ်ပေါ်လာပုံသမိုင်းနဲ့ တည်ဆောက်ခဲ့ပုံအကြောင်းကို ဒီနေရာမှာ ပြတိုက်အနေနဲ့ ပြသထားပါသေးတယ်။

တံတားကိုဖြတ် ခရီးတစ်ထောက်နားပြီးရင်တော့ ဥပင်လှိုဏ်ခေါင်းထဲကို ဖြတ်ရမှာပါ။ ပင်လယ်ရေအောက်မြေကြီးကို တူးထားတာဖြစ်လို့ အန္တရာယ်ဖြစ်မှာ အသက်ရှုကျပ်မှာတွေကို ပူဖို့မလိုအောင်ပြုလုပ်ပေးထားပါတယ်။ ထိမ်းချုပ်ရေးစခန်းကနေ တူးမြောင်းထဲက လေတွေကို အမြဲသန့်စင်ပေးနေပြီး ဖုန်းလိုင်း ၊ အင်တာနက်လိုင်းနဲ့ မီးအလင်းတွေကိုလည်း ပြတ်တောက်မသွားအောင် ၂၄နာရီဆောင်ရွက်လျှက်ရှိပါတယ်။ အန္တရာယ်တစ်ခုခုဖြစ်တာနဲ့ ချက်ချင်းထွက်နိုင်အောင် အရေးပေါ်ထွက်ပေါက်တွေကိုထားရှိပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေကလည်း အဆင်သင့်ရှိနေပါတယ်။ ဥမင်ထဲမှာပဲ ပုံမှန်သွားနေတဲ့ လမ်းမရယ် အရေးပေါ်ကယ်ဆယ်ဖို့အတွက်လမ်းရယ်ဆိုပြီး နှစ်ထပ်လမ်းကိုဆောက်လုပ်ထားတာဖြစ်ပါတယ်။

၉ မိုင်အရှည်ရှိတဲ့ ဒီလမ်းက တံတား နဲ့ ဥမင်တို့ကိုဖြတ်သန်းချိန်ဟာ ပျမ်းမျှအားဖြင့် ၁၅ မိနစ်ခန့်ကြာမြင့်မှာဖြစ်ပါတယ်။ ဒီလမ်းမရှိခင်ကဆိုရင်တော့ Kawasaki မြို့ကနေ Kisarazu မြို့ကိုရောက်ဖို့ ၁နာရီခွဲကြာမြင့်ခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ ကားကြီးကားသေး မြောက်များစွာဟာ ဒီလမ်းကိုဖြတ်သန်းပြီးတော့ Yokohama ဘူတာ ၊ Haneda လေဆိပ် ၊ Tokyo ဘူတာ နဲ့ အဓိက စက်မှုဇုန်တွေဖြစ်တဲ့ Chiba ခရိုင် နဲ့ Kanagawa ခရိုင်က စက်မှုဇုန်တွေဆီကို သွားလာလျှက်ရှိပါတယ်။ ဒီကမ္ဘာကျော်လမ်းဟာ ဂျပန်လူမျိုးတွေရဲ့ မှတ်တိုင်တစ်ခုဖြစ်သလို ဂျပန်တို့ရဲ့နည်းပညာမြင့်မားမှု နဲ့ ကြိုးစားအားထုတ်မှုတို့ကို ကမ္ဘာကလေးစားခဲ့ရတဲ့လမ်းဆိုရင်လည်း မမှားပါဘူး။

One thought on “ဂ်ပန္လူမ်ဳိးေတြရဲ႕ မွတ္တုိင္တစ္ခု (သုိ႔) ကမာၻေက်ာ္ေရေအာက္ကားလမ္း Tokyo Bay Aqua Line

  1. ျမန္​မာႏုိင္​ငံရဲ႕ ခရီးသြားအ​ေၾကာင္​း​ေလးတင္​​ေပးပါဗ်ာ… မင္​မင္​

Leave a Reply