မပိတ္ပင္ႏုိင္ေသးတဲ့ ဒိန္းမတ္က ေ၀လငါးသတ္ပြဲေတာ္

Posted on

ပင္လယ္ေရသတၱ၀ါ ထိမ္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔ဟာ ၿပီးခဲ့တဲ့ရက္ ဒိန္းမတ္ ဖာရုိးကြ်န္းစုက ေ၀လငါးသတ္ပြဲေတာ္ရဲ႕ပုံရိပ္ေတြကို ထုတ္ျပန္ကာ ကန္႔ကြက္ခဲ့ပါတယ္။ ေ၀လငါးသတ္ပြဲေတာ္ဟာ ဖာရုိးကြ်န္းစုမွာ ၁၆ရာစု၀န္းက်င္တည္းက စတင္က်င့္သုံးခဲ့တဲ့ အစဥ္အလာတစ္ခုျဖစ္ပါတယ္။ သြားေရာက္ခဲ့သူေတြရဲ႕ေျပာၾကားခ်က္အရ ဖာရုိးကြ်န္းေဒသခံေတြဟာ ေ၀လငါးေတြကို ေရတိမ္ပိုင္းကေန ကမ္းေျခအထိဆြဲတင္လာၾကၿပီး ကမ္းေျခေရာက္တဲ့အခါမွာေတာ့ ဒါးေတြနဲ႔ ၀ုိင္းခုတ္သတ္ျဖတ္ၾကတယ္ လုိ႔သိရပါတယ္။ ေ၀လငါးေတြတင္မကပါဘူး လင္းပိုင္ေတြကလည္း ဒီအထဲမွာပါ၀င္ပါတယ္။ လင္းပိုင္ ၁၉၈ေကာင္ နဲ႔ ပုိင္းေလာ့ေ၀လငါး ၄၃၆ေကာင္တုိ႔ဟာ ပြဲေတာ္က်င္းပဖုိ႔အတြက္ ရက္ရက္စက္စက္သတ္ျဖတ္ျခင္းကုိ ခံခဲ့ရပါတယ္။ ဒီလုိသတ္ျဖတ္မႈေၾကာင့္ ပင္လယ္ျပင္တစ္ခုလုံး ေ၀လငါးေတြရဲ႕ေသြးေတြနဲ႔ ခ်င္းခ်င္းနီေနပါတယ္။

ဒီလုိေ၀လငါးေတြကို အမဲလုိက္သတ္ျဖတ္တဲ့ပြဲေတာ္ကုိ grindadráp လုိ႔ေခၚပါတယ္။ Bøur နဲ႔ Tórshavn ကမ္းေျခႏွစ္ခုမွာ ႏွစ္စဥ္ျပဳလုပ္ေလ့ရွိတဲ့ပြဲေတာ္ျဖစ္ပါတယ္။ အဲဒီအခ်ိန္အခါမ်ဳိးမွာ ငါးဖမ္းစက္ေလွ နဲ႔ ေမာ္ေတာ္ဘုတ္ေတြဟာ ပင္လယ္ထဲကေန ကမ္းေျခဘက္ကိုေရာက္ေအာင္ ေ၀လငါးေတြကိုေျခာက္လွန္႔ပါတယ္။ ကမ္းေျခေရတိမ္ပိုင္းကိုေရာက္တဲ့အခါမွာေတာ့ ႀကဳိးနဲ႔၀ိုင္းဆြဲတင္ၾကၿပီးပါလာတဲ့ ေ၀လငါးဟာ လူအုပ္ႀကီးရဲ႕မ်ားစြာေသာလက္နက္ေတြနဲ႔ ရက္ရက္စက္စက္ သတ္ျဖတ္ျခင္းကို ခံၾကရပါတယ္။

ဒီရုိးရာပြဲေတာ္ကုိ ရပ္တန္႔ဖုိ႔အတြက္ အဏၰ၀ါသတၱ၀ါထိမ္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔က ဟန္႔တားဖုိ႔နည္းမ်ဳိးစုံနဲ႔ တားခဲ့သလုိ ဒီလုပ္ရပ္ပုံရိပ္ေတြ ရုပ္သံမွတ္တမ္းေတြကို ျဖန္႔ေစျခင္းအားျဖင့္ ကမာၻကိုသိေစခဲ့ပါတယ္။ ကမာၻ႔ႏုိင္ငံအသီးသီးက ကန္႔ကြက္ၾကေပမယ့္ ဖာရုိးကြ်န္းက ေဒသခံေတြကေတာ့ ဒီပြဲေတာ္ကို က်င္းပဆဲျဖစ္ပါတယ္။ ဒီပြဲကုိ တစ္ေယာက္ေယာက္က ဟန္႔တားဖုိ႔ႀကဳိးစားရင္ အဲဒီသူဟာ ဖမ္းဆီးထိမ္းသိမ္းခံရမွာျဖစ္ပါတယ္။ ဒိန္းမတ္ဟာ ေ၀လငါးမဖမ္းေရးအဖြဲ႔၀င္ႏုိင္ငံျဖစ္ေပမယ့္ ဒီျဖစ္ရပ္ကုိေတာ့ လက္လြတ္ထားသလုိျဖစ္ေနတဲ့အျပင္ ဒီပြဲက်င္းပၿပီဆုိတာနဲ႔ ေရတပ္ေရယာဥ္နဲ႔ေတာင္ ေစာင့္ေရွာက္အကာအကြယ္ေပးထားပါေသးတယ္။

ေ၀လငါးေတြကို ဖမ္းဆီးသတ္ျဖတ္ၿပီးတဲ့အခါမွာ ေဒသခံေတြဟာ ရဲတပ္ဖြဲ႔၀င္ေတြပါ အသားေတြခြဲေ၀ေပးေလ့ရွိပါတယ္။ ေဒသခံေတြအတြက္ေတာ့ ဒီလုိသတ္ျဖတ္ၿပီး အသားေတြကို စားသုံးျခင္းဟာ သူ႔တုိ႔ဘ၀လုိျဖစ္ေနပါတယ္။ သူတုိ႔ရဲ႕လုပ္ရပ္အေပၚအျခားသူေတြက ဆန္႔က်င္ၾကတာကုိလည္း မလုိလားၾကပါဘူး။ ဒိန္းမတ္ႏုိင္ငံအေနနဲ႔လည္း အျခားေ၀လငါးမဖမ္းေရးႏုိင္ငံေတြရဲ႕ ကန္႔ကြက္မႈေတြကို ဂရုစုိက္ေနၿပီး ဒီပြဲေတာ္ကုိ ရပ္တန္႔ဖုိ႔ႀကဳိးစားေနပါတယ္။ သုိ႔ေသာ္လည္း ယခုထက္ထိေတာ့ ေဒသခံေတြရဲ႕ ရုိးရာအစြဲအလန္းကို မခြ်တ္ႏုိင္ေသးပါဘူး။ အဏၰ၀ါသတၱ၀ါထိမ္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔ကေတာ့ ဒီလုပ္ရပ္ေၾကာင့္ ေရရွည္မွာေ၀လငါးေတြမ်ဳိးတုံးသြားႏုိင္ၿပီး ၊ ဒီလုပ္ရပ္ကို ပိတ္ပင္ဖုိ႔ ဒိန္းမတ္ႏုိင္ငံအေပၚ လုံး၀တာ၀န္ရွိေနတယ္လုိ႔ စြဲဆုိထားၿပီး အျခားတိရစာၦန္ခ်စ္သူမ်ားကလည္း ဒီလုပ္ရပ္အေပၚ အျပင္းအထန္ကန္႔ကြက္လွ်က္ရွိပါတယ္။

VIDEO


—————

မပိတ်ပင်နိုင်သေးတဲ့ ဒိန်းမတ်က ဝေလငါးသတ်ပွဲတော် (unicode)

ပင်လယ်ရေသတ္တဝါ ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ရက် ဒိန်းမတ် ဖာရိုးကျွန်းစုက ဝေလငါးသတ်ပွဲတော်ရဲ့ပုံရိပ်တွေကို ထုတ်ပြန်ကာ ကန့်ကွက်ခဲ့ပါတယ်။ ဝေလငါးသတ်ပွဲတော်ဟာ ဖာရိုးကျွန်းစုမှာ ၁၆ရာစုဝန်းကျင်တည်းက စတင်ကျင့်သုံးခဲ့တဲ့ အစဉ်အလာတစ်ခုဖြစ်ပါတယ်။ သွားရောက်ခဲ့သူတွေရဲ့ပြောကြားချက်အရ ဖာရိုးကျွန်းဒေသခံတွေဟာ ဝေလငါးတွေကို ရေတိမ်ပိုင်းကနေ ကမ်းခြေအထိဆွဲတင်လာကြပြီး ကမ်းခြေရောက်တဲ့အခါမှာတော့ ဒါးတွေနဲ့ ဝိုင်းခုတ်သတ်ဖြတ်ကြတယ် လို့သိရပါတယ်။ ဝေလငါးတွေတင်မကပါဘူး လင်းပိုင်တွေကလည်း ဒီအထဲမှာပါဝင်ပါတယ်။ လင်းပိုင် ၁၉၈ကောင် နဲ့ ပိုင်းလော့ဝေလငါး ၄၃၆ကောင်တို့ဟာ ပွဲတော်ကျင်းပဖို့အတွက် ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ဒီလိုသတ်ဖြတ်မှုကြောင့် ပင်လယ်ပြင်တစ်ခုလုံး ဝေလငါးတွေရဲ့သွေးတွေနဲ့ ချင်းချင်းနီနေပါတယ်။

ဒီလိုဝေလငါးတွေကို အမဲလိုက်သတ်ဖြတ်တဲ့ပွဲတော်ကို grindadráp လို့ခေါ်ပါတယ်။ Bøur နဲ့ Tórshavn ကမ်းခြေနှစ်ခုမှာ နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ပွဲတော်ဖြစ်ပါတယ်။ အဲဒီအချိန်အခါမျိုးမှာ ငါးဖမ်းစက်လှေ နဲ့ မော်တော်ဘုတ်တွေဟာ ပင်လယ်ထဲကနေ ကမ်းခြေဘက်ကိုရောက်အောင် ဝေလငါးတွေကိုခြောက်လှန့်ပါတယ်။ ကမ်းခြေရေတိမ်ပိုင်းကိုရောက်တဲ့အခါမှာတော့ ကြိုးနဲ့ဝိုင်းဆွဲတင်ကြပြီးပါလာတဲ့ ဝေလငါးဟာ လူအုပ်ကြီးရဲ့များစွာသောလက်နက်တွေနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံကြရပါတယ်။ ဒီရိုးရာပွဲတော်ကို ရပ်တန့်ဖို့အတွက် အဏ္ဏဝါသတ္တဝါထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဟန့်တားဖို့နည်းမျိုးစုံနဲ့ တားခဲ့သလို ဒီလုပ်ရပ်ပုံရိပ်တွေ ရုပ်သံမှတ်တမ်းတွေကို ဖြန့်စေခြင်းအားဖြင့် ကမ္ဘာကိုသိစေခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ကန့်ကွက်ကြပေမယ့် ဖာရိုးကျွန်းက ဒေသခံတွေကတော့ ဒီပွဲတော်ကို ကျင်းပဆဲဖြစ်ပါတယ်။ ဒီပွဲကို တစ်ယောက်ယောက်က ဟန့်တားဖို့ကြိုးစားရင် အဲဒီသူဟာ ဖမ်းဆီးထိမ်းသိမ်းခံရမှာဖြစ်ပါတယ်။ ဒိန်းမတ်ဟာ ဝေလငါးမဖမ်းရေးအဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် ဒီဖြစ်ရပ်ကိုတော့ လက်လွတ်ထားသလိုဖြစ်နေတဲ့အပြင် ဒီပွဲကျင်းပပြီဆိုတာနဲ့ ရေတပ်ရေယာဉ်နဲ့တောင် စောင့်ရှောက်အကာအကွယ်ပေးထားပါသေးတယ်။

ဝေလငါးတွေကို ဖမ်းဆီးသတ်ဖြတ်ပြီးတဲ့အခါမှာ ဒေသခံတွေဟာ ရဲတပ်ဖွဲ့ဝင်တွေပါ အသားတွေခွဲဝေပေးလေ့ရှိပါတယ်။ ဒေသခံတွေအတွက်တော့ ဒီလိုသတ်ဖြတ်ပြီး အသားတွေကို စားသုံးခြင်းဟာ သူ့တို့ဘဝလိုဖြစ်နေပါတယ်။ သူတို့ရဲ့လုပ်ရပ်အပေါ်အခြားသူတွေက ဆန့်ကျင်ကြတာကိုလည်း မလိုလားကြပါဘူး။ ဒိန်းမတ်နိုင်ငံအနေနဲ့လည်း အခြားဝေလငါးမဖမ်းရေးနိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေကို ဂရုစိုက်နေပြီး ဒီပွဲတော်ကို ရပ်တန့်ဖို့ကြိုးစားနေပါတယ်။ သို့သော်လည်း ယခုထက်ထိတော့ ဒေသခံတွေရဲ့ ရိုးရာအစွဲအလန်းကို မချွတ်နိုင်သေးပါဘူး။ အဏ္ဏဝါသတ္တဝါထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကတော့ ဒီလုပ်ရပ်ကြောင့် ရေရှည်မှာဝေလငါးတွေမျိုးတုံးသွားနိုင်ပြီး ၊ ဒီလုပ်ရပ်ကို ပိတ်ပင်ဖို့ ဒိန်းမတ်နိုင်ငံအပေါ် လုံးဝတာဝန်ရှိနေတယ်လို့ စွဲဆိုထားပြီး အခြားတိရစ္ဆာန်ချစ်သူများကလည်း ဒီလုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်လျှက်ရှိပါတယ်။

Leave a Reply