တစ္ခ်ိန္က ကမာၻေက်ာ္ ဘာလင္တံတုိင္းႀကီးအေၾကာင္း သိေကာင္းစရာ

Posted on


ဒုတိယကမာၻစစ္ၿပီးတဲ့ေနာက္ နာဇီဂ်ာမဏီရဲ႕ နယ္ေျမမ်ားကို အေမရိကန္ ၊ အဂၤလန္ ၊ ျပင္သစ္ ႏွင့္ ဆုိဗီယက္တုိ႔က အပုိင္း ၄ပိုင္း ခြဲျခမ္းခဲ့ၾကပါတယ္။

ဆုိဗီယက္က အေရွ႕ဂ်ာမဏီကို ထူေထာင္ကာ ျပင္သစ္ ၊ အေမရိကန္ ႏွင့္ အဂၤလိပ္တုိ႔က အေနာက္ဂ်ာမဏီကိုထူေထာင္ေပးၿပီး စစ္ေအးတုိက္ပြဲ ကာလကို စတင္ခဲ့ပါတယ္။

၁၉၅၂ခုႏွစ္အထိ အေရွ႕အေနာက္ ဂ်ာမဏီကုိ လြယ္ကူစြာ ျဖတ္ေက်ာ္ႏုိင္ရန္ခြင့္ျပဳခဲ့ၿပီး ၁၉၅၂ခုႏွစ္ ဧၿပီ ၁တြင္မူ သံဆူးႀကဳိးျဖင့္ကာရံကာ ျဖတ္သန္းခြင့္မ်ားကို တင္းၾကပ္ခဲ့ပါတယ္။

ဆုိဗီယက္ဟာ ကြန္ျမဴနစ္ႏုိင္ငံျဖစ္တဲ့အတြက္ အေရွ႕ဂ်ာမဏီဟာလည္း အလုိုလို ကြန္ျမဴနစ္ႏုိင္ငံျဖစ္သြားပါတယ္။

အေရွ႕ဂ်ာမဏီေနသူေတြဟာ အေရွ႕ဂ်ာမဏီအစုိးရက အလြန္တင္းက်ပ္စြာအုပ္ခ်ဳပ္တဲ့အျပင္ တုိးတက္မႈကလည္းေနာက္က်တာေၾကာင့္ လြတ္လပ္ၿပီးတုိးတက္တဲ့အေနာက္ဂ်ာမဏီကိုအလုံးအရင္းေျပာင္းေျပးခဲ့ၾကပါတယ္။

စုစုေပါင္း ေျပာင္းေရႊ႕သူ ၃သန္းခန္႔အထိရွိခဲ့ပါတယ္။ ဒါကုိရပ္တန္႔ဖုိ႔အတြက္ အေရွ႕ဂ်ာမဏီအစုိးရက ဘာလင္တံတုိင္းကုိ ၁၉၆၁ခုႏွစ္ ၾသဂုတ္လ ၁၃ရက္ေန႔မွာ စတင္တည္ေဆာက္ခဲ့ပါတယ္။

ဘာလင္တံတုိင္းကို သံကန္႔လန္႔ကာ(Iron Curtain) လုိ႔လည္းေခၚၾကပါတယ္။ ဘာလင္တံတုိင္းဟာ ၁၀၃မုိင္အရွည္ရွိၿပီး အေရွ႕ဂ်ာမဏီ နဲ႔ အေနာက္ဂ်ာမဏီကို ပိုင္းျခားထားၿပီးေနရာအႏွံ႔မွာ လွ်ပ္စစ္ဓာတ္လႊတ္ထားတဲ့၀ါယာႀကဳိးေတြကိုတပ္ဆင္ထားပါတယ္။

ျဖတ္ကူး၍ ရသည့္ေနရာဟူ၍ အေစာင့္ခ်ထားတဲ့ေနရာ ႏွစ္ေနရာသာရွိပါတယ္။

အျမင့္ ၁၂ေပ ရွိၿပီး အထူ ၁ေပခြဲရွိတဲ့ ဘာလင္တံတုိင္းႀကီးဟာ အေရွ႕ဂ်ာမဏီနဲ႔ အေနာက္ဂ်ာမဏီကုိ ၁၉၆၁ခုႏွစ္မွ ၁၉၈၉ခုႏွစ္ အထိ အႏွစ္ ၃၀နီးပါး ပုိင္းျခားထားခဲ့ပါတယ္။

အစုိးရရဲ႕ရက္စက္မႈေၾကာင့္ ျပည္သူေတြရဲ႕ ေသြးေခြ်းေတြေျမခခဲ့ရပါတယ္။

အေရွ႕ဂ်ာမဏီအစုိးရက အေနာက္ဂ်ာမဏီအစိုးရအား ဘာလင္တံတိုင္းအား တရားမ၀င္ျဖတ္ေက်ာ္သူ မွန္သမွ်ကိုျပစ္သတ္ေစခဲ့ပါတယ္။

ျဖတ္ေက်္ာေျပးခဲ့တဲ့ ေထာင္ေသာင္းနဲ႔ခ်ီတဲ့ အေ႐ွ႕ဂ်ာမနီသားေတြဟာ ဖမ္းမိခဲ့ၿပီး ေထာင္ထဲမွာႏွိပ္စက္ခံခဲ့ရတယ္။

လြတ္ေျမာက္ဖို႔ႀကိဳးပမ္းစဥ္ တံတိုင္းေပၚက ၀ါယာႀကိဳးေတြေၾကာင့္ေသဆုံးခဲ့သူ၁၉၁ေယာက္႐ွိခဲ့တယ္လို ့မွတ္တမ္းေတြကဆုိပါတယ္။

လြတ္ေျမာက္ခဲ့သူကေတာ့ အေယာက္ ၅၀၀၀ ခန္႔ရွိပါတယ္။

၁၉၆၃ ခုႏွစ္မွာ အေရွ႕ဂ်ာမန္စစ္သားတစ္ေယာက္ဟာ လြတ္ေျမာက္ခ်င္တာေၾကာင့္ ဘာလင္နံရံကိုေက်ာ္ျဖတ္ကာ တင့္ကားတစ္စီးကို ခုိးယူေမာင္းႏွင္ ကာထြက္ေျပးခဲ့ပါတယ္။

ဘာလင္တံတုိင္းကို ေနာက္ဆုံးေက်ာ္ျဖတ္ထြက္ေျပးခဲ့သူကေတာ့ ေလေဘာလုံးနဲ႔ထြက္ေျပးခဲ့ပါတယ္။ ဒါေပမယ့္ ကံဆုိးစြာပဲ ျပဳတ္က်ေသဆုံးခဲ့ပါတယ္။

အေနာက္ဂ်ာမဏီဘက္ ဘာလင္တံတုိင္းနံရံမွာေတာ့ ကာတြန္းရုပ္ေျပာင္ေတြေရးဆြဲထားၿပီး အေရွ႕ဂ်ာမဏီဘက္ျခမ္းမွာေတာ့ ဘာမွေရးထားျခင္းမရွိပါဘူး။

၁၉၈၉ ခုႏွစ္မွာေတာ့ ဟန္ေဂရီႏုိင္ငံဟာ အေရွ႕ဂ်ာမဏီတြင္ေနထုိင္သူမ်ားအား ဟန္ေဂရီမွတစ္ဆင့္ ၾသစႀတီးယားကုိျဖတ္ကာ အေနာက္ဂ်ာမဏီသို႔ သြားရန္လမ္းဖြင့္ေပးခဲ့တဲ့အတြက္ အလြယ္တကူသြားႏုိင္ခဲ့ၾကပါတယ္။

၁၉၈၉ ႏို၀င္ဘာလ ၉ရက္ေန႔မွာ အစုိးရရဲ႕တားျမစ္မိန္႔ကုိ လူထုႀကီးက ဆႏၵျပခဲ့ပါတယ္။

အစပိုင္းတားဆီးရန္ႀကဳိးစားခဲ့ေသာ္လည္း လူအုပ္က တျဖည္းျဖည္မ်ားျပားလာၿပီး အဆမတန္ႀကီးမားလာတဲ့အခါ အေစာင့္ေတြဟာ ဂိတ္ေပါက္ေတြကိုဖြင့္ေပးခဲ့ရပါတယ္။

ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူေတြဟာ စုတ္တံေတြ ေဆးဘူးေတြကုိင္ကာ နံရံမွာ အစုိးရကုိဆန္က်င္ေၾကာင္း ရုပ္ပုံမ်ား စာသားမ်ားေရးထုိးၾကပါတယ္။ အဲဒီေနာက္ေတာ့ ရရာလက္နက္ေတြနဲ႔ တံတုိင္းႀကီးကို ၿဖဳိဖ်က္ပစ္ခဲ့ပါတယ္။

ေနာက္တစ္ေန႔မွာေတာ့ အေရွ႕ဂ်ာမဏီရဲ႕စစ္တပ္ကပါ ျပည္သူေတြနဲ႔အတူလက္တြဲကာ တံတုိင္းႀကီးကို တစ္စစီျဖဳိဖ်က္လုိက္ၿပီးေနာက္ အေရွ႕ နဲ႔ အေနာက္ဂ်ာမဏီကုိေပါင္းစည္းႏုိင္ခဲ့ပါတယ္။

အဲဒီေနာက္ေတာ့ Federal Republic of Germany ဟူ၍ျဖစ္လာခဲ့ပါတယ္။

တံတုိင္းႀကီးရဲ႕ အပုိင္းအစေတြကို ဘာလင္ၿမဳိ႕လယ္ေခါင္က စားေသာက္ဆုိင္ေတြ ၊ ေစ်းဆုိင္ေတြ ၊ အိမ္ေတြမွာ ယေန႔ထက္တုိင္ အမွတ္တရ တစ္ခုအေနနဲ႔ ခ်ိတ္ဆြဲထားလွ်က္ရွိပါတယ္။

VIDEO

——–

တစ်ချိန်က ကမ္ဘာကျော် ဘာလင်တံတိုင်းကြီးအကြောင်း သိကောင်းစရာ (unicode)

ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် နာဇီဂျာမဏီရဲ့ နယ်မြေများကို အမေရိကန် ၊ အင်္ဂလန် ၊ ပြင်သစ် နှင့် ဆိုဗီယက်တို့က အပိုင်း ၄ပိုင်း ခွဲခြမ်းခဲ့ကြပါတယ်။ ဆိုဗီယက်က အရှေ့ဂျာမဏီကို ထူထောင်ကာ ပြင်သစ် ၊ အမေရိကန် နှင့် အင်္ဂလိပ်တို့က အနောက်ဂျာမဏီကိုထူထောင်ပေးပြီး စစ်အေးတိုက်ပွဲ ကာလကို စတင်ခဲ့ပါတယ်။ ၁၉၅၂ခုနှစ်အထိ အရှေ့အနောက် ဂျာမဏီကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ရန်ခွင့်ပြုခဲ့ပြီး ၁၉၅၂ခုနှစ် ဧပြီ ၁တွင်မူ သံဆူးကြိုးဖြင့်ကာရံကာ ဖြတ်သန်းခွင့်များကို တင်းကြပ်ခဲ့ပါတယ်။ ဆိုဗီယက်ဟာ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့အတွက် အရှေ့ဂျာမဏီဟာလည်း အလိုလို ကွန်မြူနစ်နိုင်ငံဖြစ်သွားပါတယ်။

အရှေ့ဂျာမဏီနေသူတွေဟာ အရှေ့ဂျာမဏီအစိုးရက အလွန်တင်းကျပ်စွာအုပ်ချုပ်တဲ့အပြင် တိုးတက်မှုကလည်းနောက်ကျတာကြောင့် လွတ်လပ်ပြီးတိုးတက်တဲ့အနောက်ဂျာမဏီကိုအလုံးအရင်းပြောင်းပြေးခဲ့ကြပါတယ်။ စုစုပေါင်း ပြောင်းရွှေ့သူ ၃သန်းခန့်အထိရှိခဲ့ပါတယ်။ ဒါကိုရပ်တန့်ဖို့အတွက် အရှေ့ဂျာမဏီအစိုးရက ဘာလင်တံတိုင်းကို ၁၉၆၁ခုနှစ် ဩဂုတ်လ ၁၃ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ ဘာလင်တံတိုင်းကို သံကန့်လန့်ကာ(Iron Curtain) လို့လည်းခေါ်ကြပါတယ်။ ဘာလင်တံတိုင်းဟာ ၁၀၃မိုင်အရှည်ရှိပြီး အရှေ့ဂျာမဏီ နဲ့ အနောက်ဂျာမဏီကို ပိုင်းခြားထားပြီးနေရာအနှံ့မှာ လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ဝါယာကြိုးတွေကိုတပ်ဆင်ထားပါတယ်။ ဖြတ်ကူး၍ ရသည့်နေရာဟူ၍ အစောင့်ချထားတဲ့နေရာ နှစ်နေရာသာရှိပါတယ်။ အမြင့် ၁၂ပေ ရှိပြီး အထူ ၁ပေခွဲရှိတဲ့ ဘာလင်တံတိုင်းကြီးဟာ အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီကို ၁၉၆၁ခုနှစ်မှ ၁၉၈၉ခုနှစ် အထိ အနှစ် ၃ဝနီးပါး ပိုင်းခြားထားခဲ့ပါတယ်။ အစိုးရရဲ့ရက်စက်မှုကြောင့် ပြည်သူတွေရဲ့ သွေးချွေးတွေမြေခခဲ့ရပါတယ်။

အရှေ့ဂျာမဏီအစိုးရက အနောက်ဂျာမဏီအစိုးရအား ဘာလင်တံတိုင်းအား တရားမဝင်ဖြတ်ကျော်သူ မှန်သမျှကိုပြစ်သတ်စေခဲ့ပါတယ်။ ဖြတ်ကျေ်ာပြေးခဲ့တဲ့ ထောင်သောင်းနဲ့ချီတဲ့ အရှေ့ဂျာမနီသားတွေဟာ ဖမ်းမိခဲ့ပြီး ထောင်ထဲမှာနှိပ်စက်ခံခဲ့ရတယ်။ လွတ်မြောက်ဖို့ကြိုးပမ်းစဉ် တံတိုင်းပေါ်က ဝါယာကြိုးတွေကြောင့်သေဆုံးခဲ့သူ၁၉၁ယောက်ရှိခဲ့တယ်လို့မှတ်တမ်းတွေကဆိုပါတယ်။ လွတ်မြောက်ခဲ့သူကတော့ အယောက် ၅၀၀၀ ခန့်ရှိပါတယ်။ ၁၉၆၃ ခုနှစ်မှာ အရှေ့ဂျာမန်စစ်သားတစ်ယောက်ဟာ လွတ်မြောက်ချင်တာကြောင့် ဘာလင်နံရံကိုကျော်ဖြတ်ကာ တင့်ကားတစ်စီးကို ခိုးယူမောင်းနှင် ကာထွက်ပြေးခဲ့ပါတယ်။ ဘာလင်တံတိုင်းကို နောက်ဆုံးကျော်ဖြတ်ထွက်ပြေးခဲ့သူကတော့ လေဘောလုံးနဲ့ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ ပြုတ်ကျသေဆုံးခဲ့ပါတယ်။

အနောက်ဂျာမဏီဘက် ဘာလင်တံတိုင်းနံရံမှာတော့ ကာတွန်းရုပ်ပြောင်တွေရေးဆွဲထားပြီး အရှေ့ဂျာမဏီဘက်ခြမ်းမှာတော့ ဘာမှရေးထားခြင်းမရှိပါဘူး။ ၁၉၈၉ ခုနှစ်မှာတော့ ဟန်ဂေရီနိုင်ငံဟာ အရှေ့ဂျာမဏီတွင်နေထိုင်သူများအား ဟန်ဂေရီမှတစ်ဆင့် ဩစတြီးယားကိုဖြတ်ကာ အနောက်ဂျာမဏီသို့ သွားရန်လမ်းဖွင့်ပေးခဲ့တဲ့အတွက် အလွယ်တကူသွားနိုင်ခဲ့ကြပါတယ်။

၁၉၈၉ နိုဝင်ဘာလ ၉ရက်နေ့မှာ အစိုးရရဲ့တားမြစ်မိန့်ကို လူထုကြီးက ဆန္ဒပြခဲ့ပါတယ်။ အစပိုင်းတားဆီးရန်ကြိုးစားခဲ့သော်လည်း လူအုပ်က တဖြည်းဖြည်များပြားလာပြီး အဆမတန်ကြီးမားလာတဲ့အခါ အစောင့်တွေဟာ ဂိတ်ပေါက်တွေကိုဖွင့်ပေးခဲ့ရပါတယ်။ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ စုတ်တံတွေ ဆေးဘူးတွေကိုင်ကာ နံရံမှာ အစိုးရကိုဆန်ကျင်ကြောင်း ရုပ်ပုံများ စာသားများရေးထိုးကြပါတယ်။ အဲဒီနောက်တော့ ရရာလက်နက်တွေနဲ့ တံတိုင်းကြီးကို ဖြိုဖျက်ပစ်ခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ အရှေ့ဂျာမဏီရဲ့စစ်တပ်ကပါ ပြည်သူတွေနဲ့အတူလက်တွဲကာ တံတိုင်းကြီးကို တစ်စစီဖြိုဖျက်လိုက်ပြီးနောက် အရှေ့ နဲ့ အနောက်ဂျာမဏီကိုပေါင်းစည်းနိုင်ခဲ့ပါတယ်။ အဲဒီနောက်တော့ Federal Republic of Germany ဟူ၍ဖြစ်လာခဲ့ပါတယ်။ တံတိုင်းကြီးရဲ့ အပိုင်းအစတွေကို ဘာလင်မြို့လယ်ခေါင်က စားသောက်ဆိုင်တွ ၊ ဈေးဆိုင်တွေ ၊ အိမ်တွေမှာ ယနေ့ထက်တိုင် အမှတ်တရ တစ်ခုအနေနဲ့ ချိတ်ဆွဲထားလျှက်ရှိပါတယ်။

Leave a Reply