စေနၿဂဳိဟ္ (သုိ႔) ေစတန္ ၊ ဆက္တန္ၿဂဳိဟ္ ရဲ႕ ထူးျခားခ်က္မ်ား

Posted on

အရင္ရက္ေတြက ၾကသပေတးၿဂဳိဟ္ နဲ႔ အဂၤါၿဂဳိဟ္အေၾကာင္းကိုေရးခဲ့ၿပီးပါၿပီ။ ဒီတစ္ခါ သုတဇုန္မိတ္ေဆြေတြကို မွ်ေ၀ခ်င္တာကေတာ့ စေနၿဂဳိဟ္ (သုိ႔) ဆက္တန္ၿဂဳိဟ္ရဲ႕အေၾကာင္းျဖစ္ပါတယ္။

ဆက္တန္(စေန) ၿဂဳိဟ္ ဟာ ေနမွေျခာက္ခုေျမာက္ၿဂဳိဟ္ျဖစ္ၿပီး ဂ်ဴပီတာ(ၾကသပေတးၿဂဳိဟ္) ၿပီးလွ်င္ အႀကီးဆုံးျဖစ္ပါတယ္။

ဆက္တန္(Saturn) ဆုိတဲ့အမည္ကေတာ့ ေရာမရဲ႕ စုိက္ပ်ဳိးေရးကိုထိမ္းခ်ဳပ္တဲ့နတ္ဘုရား Saturn ကေန ဆင္းသက္လာတာျဖစ္ပါတယ္။

ဂရိမွာေတာ့ သူ႔ကုိ ဂရိနတ္ဘုရား Chronus လုိ႔ေခၚၿပီး သူဟာ ေရာမနတ္ဘုရား ဂ်ဴပီတာရဲ႕ ဖခင္ျဖစ္ပါတယ္။

ဆက္တန္ၿဂဳိဟ္ရဲ႕မ်က္ႏွာျပင္ဟာ ကမာၻ႔မ်က္ႏွာျပင္ထက္ အဆေပါင္း ၈၀ခန္႔ ပိုႀကီးပါတယ္။ သိပ္သည္းဆမွာမႈ ကမာၻရဲ႕ ၈ပုံ ၁ပုံသာရွိတာေၾကာင့္ ေစတန္ၿဂဳိဟ္ကို ေရထဲ်လွ်င္ေပၚေနမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

ေစတန္ၿဂဳိဟ္မွာ သက္ရွိမ်ားမေနႏုိင္ပါဘူး။ အေၾကာင္းကေတာ့ ၿဂဳိဟ္ရဲ႕ပ်မ္းမွ်အပူခ်ိန္ဟာ -၁၅၆ဒီဂရီ ဆဲစီးယပ္စ္အထိရွိေနတဲ့အျပင္ ေစတန္ၿဂဳိဟ္ရဲ႕ေလထုဟာလည္း သက္ရွိတုိ႔အသက္ရွင္ႏုိင္ေအာင္ လုံေလာက္တဲ့ေအာက္ဆီဂ်င္ မရွိလုိ႔ျဖစ္ပါတယ္။

ဘီစီ ၅ရာစု၀န္းက်င္က အိႏၵိယနကၡတ္ပညာရွင္ Surya Siddhanta က ေစတန္ၿဂဳိဟ္ရဲ႕အခ်င္းဟာ ၇၃၅၈၀မုိင္ရွိမယ္လုိ႔ ခန္႔မွန္းခဲ့ပါတယ္။

လက္ရွိအခ်ိန္သိပၸံပညာနဲ႔တုိင္းတာမႈအရ ေစတန္ၿဂဳိဟ္ရဲ႕အခ်င္းဟာ ၇၄၅၈၀မုိင္ ရွိတာေၾကာင့္ Surya Siddhanta ရဲ႕တြက္ခ်က္မႈဟာ ၁% ပဲ လြဲခဲ့ပါတယ္။

ေစတန္ၿဂဳိဟ္သည္ ေနမွ မုိင္ေပါင္း ၈၈၆သန္း ကြာေ၀းၿပီး ကမာၻမွ မုိင္ေပါင္း သန္း ၇၅၀ ကြာေ၀းပါတယ္။

ေနကို တစ္ပတ္အျပည့္ပတ္ရန္ အခ်ိန္ ၂၉ႏွစ္ခြဲ ခန္႔ၾကာပါတယ္။ ဒါေၾကာင့္ ေစတန္ၿဂဳိဟ္ရဲ႕ တစ္ႏွစ္ဟာ ကမာၻၿဂဳိဟ္ရဲ႕ ၂၉ႏွစ္ခြဲနဲ႔ ညီပါတယ္။

မိမိဝင္႐ိုးေပၚတြင္ အလိုအေလ်ာက္ လွည့္ပတ္ၿပီး တစ္ပတ္ျပည့္ရန္ ၁၀.၂၅နာရီသာ ၾကာပါတယ္။ ဒါေၾကာင့္ ကမာၻၿဂဳိဟ္ရဲ႕တစ္ရက္ဟာ ၂၄နာရီျဖစ္ၿပီး ေစတန္ၿဂဳိဟ္အတြက္ တစ္ရက္ဟာ ၁၀နာရီနဲ႔ ၃၉မိနစ္သာ ရွိပါလိမ့္မယ္။

ေစတန္ၿဂဳိဟ္ကုိ ၿဂဳိဟ္ကြင္း သုံးကြင္းႏွင့္အတူ ၁၆၁၀ျပည့္ႏွစ္ကပင္ ဂယ္လီလီယုိက ျမင့္ခဲ့ျခင္းျဖစ္ပါတယ္။ စေနၿဂဳိဟ္လုိပဲ ၿဂဳိဟ္ကြင္းေတြရွိတဲ့အျခားၿဂဳိဟ္ေတြကေတာ့ ဂ်ဴပီတာ ၊ ယူေရးနပ္စ္ နဲ႔ နက္ပကြ်န္းၿဂဳိဟ္တုိ႔ျဖစ္ပါတယ္။

ၿဂဳိဟ္ကြင္းေတြျဖစ္လာတဲ့အေၾကာင္းကေတာ့ ၿဂဳိဟ္ပဲ့ေလးေတြနဲ႔ အကာသထဲက ဖုန္မႈန္႔ေလးေတြေပါင္းစုထားတာကို သက္ဆုိင္ရာၿဂဳိဟ္ရဲ႕ဆြဲငင္အားေၾကာင့္ စုမိသြားၿပီး ၿဂဳိဟ္ကိုလွည့္ပတ္ေနျခင္းျဖစ္ပါတယ္။

ေစတန္ၿဂဳိဟ္တြင္ ၿဂဳိဟ္ရံလေပါင္း ၆၂ခုရွိၿပီး အထင္ရွားဆုံးၿဂဳိဟ္ရံလမ်ားမွာ Titan, Enceladus, Iapetus ႏွင့္ Rhea တုိ႔ျဖစ္ပါတယ္။ ေစတန္ၿဂဳိဟ္ဟာ ေနစၾက၀ဠာမွာ ပဥၥမေျမာက္ အေတာက္ပဆုံးၿဂဳိဟ္ျဖစ္ၿပီး အားေကာင္းတဲ့မ်က္စိ (သုိ႔) မွန္ေျပာင္းအငယ္စားေတြနဲ႔ ၾကည့္လုိ႔ျမင္ႏုိင္ပါတယ္။

ေစတန္ၿဂဳိဟ္ဟာ အရာ၀ထၳဳအစုိင္အခဲမ်ားထက္ ဓာတ္ေငြ႔မ်ားျဖင့္သာ ပါ၀င္ဖြဲ႔စည္းထားျခင္းျဖစ္ပါတယ္။

ဟုိက္ဒရုိဂ်င္ဓာတ္ေငြ႔အမ်ားဆုံးပါ၀င္ပါတယ္။ ေက်ာက္ခဲမ်ား ၊ အမႈန္မ်ား ပါ၀င္တဲ့ ႀကီးမားေသာ ေရခဲပတ္လမ္းေၾကာင္းႀကီးေတြလည္း ဒီၿဂဳိဟ္မွာရွိပါတယ္။

ေစတန္ၿဂဳိဟ္ကိုေလ့လာဖုိ႔ လႊတ္ခဲ့တဲ့ အာကာသယာဥ္ေတြကေတာ့ Pioneer 11, Voyager 1 and 2 နဲ႔ the Cassini-Huygens တို႔ ျဖစ္ပါတယ္။ ပထမဆုံး အာကသယာဥ္ Pioneer 11 ကို ၁၉၇၃ခုႏွစ္မွာ ေစလႊတ္ခဲ့ၿပီး ၁၉၇၉မွာ ေစတန္ၿဂဳိဟ္ကိုေရာက္ရွိခဲ့ျခင္းျဖစ္ပါတယ္။

Voyagers 1 နဲ႔ 2 ကိုေတာ့ ၁၉၈၀ နဲ႔ ၈၁ခုႏွစ္မွာ ေစလႊတ္ခဲ့ျခင္းျဖစ္ပါတယ္။ ၁၉၉၉ ခုႏွစ္မွာ စတင္လႊတ္တင္ကာ ၂၀၁၄မွာ ေစတန္ၿဂဳိဟ္ကုိေရာက္ရွိခဲ့တဲ့ Cassini-Huygens ကေတာ့ စေနၿဂိဳဟ္ရဲ႕ၿဂဳိဟ္ပတ္လမ္းေၾကာင္းမွာ လွည့္ပတ္ကာ ေလ့လာေနရင္း September 15, 2017 မွာ အဆုံးသတ္သြားခဲ့ပါၿပီ။

ဒီယာဥ္ဟာ မုိင္ေပါင္း သန္း ၂၀၀၀ ခန္႔ခရီးသြားခဲ့ၿပီးျဖစ္ၿပီး အျမန္ႏႈန္းကေတာ့ တစ္နာရီကုိ ၇၀၇၀၀မုိင္ ျဖစ္ပါတယ္။

ေစတန္ၿဂဳိဟ္ နဲ႔ ကမာၻၿဂဳိဟ္အနီးကပ္ဆုံးအခ်ိန္မွာ တစ္နာရီမုိင္ ၇၀ႏႈန္း ကားနဲ႔ေမာင္းသြားမယ္ဆုိရင္ ႏွစ္ေပါင္း ၁၂၉၂ႏွစ္ၾကာမွ ေစတန္ၿဂဳိဟ္ကိုေရာက္ပါလိမ့္မယ္။

သိပၸံပညာရွင္ နဲ႔ နကၡတပညာရွင္ေတြကေတာ့ ေနစၾက၀ဠာမွာ ေစတန္ၿဂဳိဟ္ကို အလွဆုံးလို႔သတ္မွတ္ထားၾကပါတယ္။ သူ႔ရဲ႕ဆန္းျပားေသာ ၿဂဳိဟ္ကြင္းေတြေၾကာင့္ျဖစ္ၿပီး ေနစၾက၀ဠာရဲ႕ ရတနာ(jewel of the solar system) လုိ႔ အမည္မွည့္ေခၚေလ့ရွိပါတယ္။

ဂ်ဴပီတာၿဂဳိဟ္လုိပဲ ေစတန္ၿဂဳိဟ္မွာလည္း စိန္မုိးေတြရြာေလ့ရွိပါတယ္။ အေၾကာင္းကေတာ့ ေစတန္ၿဂဳိဟ္ေပၚမွာ ျဖစ္ပြားတဲ့ မိုးၾကိဳး မုန္တိုင္းမ်ားက methane ကို ကာဘြန္ အျဖစ္ ေျပာင္းလဲေပးျပီး ေအာက္ကို စိန္တံုးအျဖစ္ က်ဆင္းေစလုိ႔ျဖစ္ပါတယ္။

အနာဂါတ္မွာ ေစတန္ၿဂဳိဟ္နဲ႔ အတူ သူ႔ရဲ႕ၿဂဳိဟ္ရံလေတြျဖစ္တဲ့ Titan နဲ႔ Enceladus တုိ႔ကိုပါေလ့လာမယ့္ (TSSM) ဆုိတဲ့ ပေရာဂ်က္တစ္ခုကို ျပဳလုပ္သြားမွာျဖစ္ပါတယ္။

ကုန္က်စရိတ္အေနနဲ႔ အေမရိကန္ေဒၚလာ ၂.၅ဘီလ်ံ၀န္းက်င္ လုိ႔ခန္႔မွန္းထားၿပီး အစီအစဥ္ကုိ ၂၀၂၀ခုႏွစ္ မွာ စတင္မယ္လုိ႔ သိရပါတယ္။

——————

စနေဂြိုဟ် (သို့) စေတန် ၊ ဆက်တန်ဂြိုဟ် ရဲ့ ထူးခြားချက်များ (unicode)

အရင်ရက်တွေက ကြသပတေးဂြိုဟ် နဲ့ အင်္ဂါဂြိုဟ်အကြောင်းကိုရေးခဲ့ပြီးပါပြီ။ ဒီတစ်ခါ သုတဇုန်မိတ်ဆွေတွေကို မျှဝေချင်တာကတော့ စနေဂြိုဟ် (သို့) ဆက်တန်ဂြိုဟ်ရဲ့အကြောင်းဖြစ်ပါတယ်။

ဆက်တန်(စနေ) ဂြိုဟ် ဟာ နေမှခြောက်ခုမြောက်ဂြိုဟ်ဖြစ်ပြီး ဂျူပီတာ(ကြသပတေးဂြိုဟ်) ပြီးလျှင် အကြီးဆုံးဖြစ်ပါတယ်။ ဆက်တန်(Saturn) ဆိုတဲ့အမည်ကတော့ ရောမရဲ့ စိုက်ပျိုးရေးကိုထိမ်းချုပ်တဲ့နတ်ဘုရား Saturn ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဂရိမှာတော့ သူ့ကို ဂရိနတ်ဘုရား Chronus လို့ခေါ်ပြီး သူဟာ ရောမနတ်ဘုရား ဂျူပီတာရဲ့ ဖခင်ဖြစ်ပါတယ်။

ဆက်တန်ဂြိုဟ်ရဲ့မျက်နှာပြင်ဟာ ကမ္ဘာ့မျက်နှာပြင်ထက် အဆပေါင်း ၈ဝခန့် ပိုကြီးပါတယ်။ သိပ်သည်းဆမှာမှု ကမ္ဘာရဲ့ ၈ပုံ ၁ပုံသာရှိတာကြောင့် စေတန်ဂြိုဟ်ကို ရေထျဲလျှင်ပေါ်နေမှာ ဖြစ်တယ်လို့ သိရပါတယ်။ စေတန်ဂြိုဟ်မှာ သက်ရှိများမနေနိုင်ပါဘူး။ အကြောင်းကတော့ ဂြိုဟ်ရဲ့ပျမ်းမျှအပူချိန်ဟာ -၁၅၆ဒီဂရီ ဆဲစီးယပ်စ်အထိရှိနေတဲ့အပြင် စေတန်ဂြိုဟ်ရဲ့လေထုဟာလည်း သက်ရှိတို့အသက်ရှင်နိုင်အောင် လုံလောက်တဲ့အောက်ဆီဂျင် မရှိလို့ဖြစ်ပါတယ်။ ဘီစီ ၅ရာစုဝန်းကျင်က အိန္ဒိယနက္ခတ်ပညာရှင် Surya Siddhanta က စေတန်ဂြိုဟ်ရဲ့အချင်းဟာ ၇၃၅၈ဝမိုင်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ လက်ရှိအချိန်သိပ္ပံပညာနဲ့တိုင်းတာမှုအရ စေတန်ဂြိုဟ်ရဲ့အချင်းဟာ ၇၄၅၈ဝမိုင် ရှိတာကြောင့် Surya Siddhanta ရဲ့တွက်ချက်မှုဟာ ၁% ပဲ လွဲခဲ့ပါတယ်။

စေတန်ဂြိုဟ်သည် နေမှ မိုင်ပေါင်း ၈၈၆သန်း ကွာဝေးပြီး ကမ္ဘာမှ မိုင်ပေါင်း သန်း ၇၅၀ ကွာဝေးပါတယ်။ နေကို တစ်ပတ်အပြည့်ပတ်ရန် အချိန် ၂၉နှစ်ခွဲ ခန့်ကြာပါတယ်။ ဒါကြောင့် စေတန်ဂြိုဟ်ရဲ့ တစ်နှစ်ဟာ ကမ္ဘာဂြိုဟ်ရဲ့ ၂၉နှစ်ခွဲနဲ့ ညီပါတယ်။ မိမိဝင်ရိုးပေါ်တွင် အလိုအလျောက် လှည့်ပတ်ပြီး တစ်ပတ်ပြည့်ရန် ၁၀.၂၅နာရီသာ ကြာပါတယ်။ ဒါကြောင့် ကမ္ဘာဂြိုဟ်ရဲ့တစ်ရက်ဟာ ၂၄နာရီဖြစ်ပြီး စေတန်ဂြိုဟ်အတွက် တစ်ရက်ဟာ ၁ဝနာရီနဲ့ ၃၉မိနစ်သာ ရှိပါလိမ့်မယ်။ စေတန်ဂြိုဟ်ကို ဂြိုဟ်ကွင်း သုံးကွင်းနှင့်အတူ ၁၆၁၀ပြည့်နှစ်ကပင် ဂယ်လီလီယိုက မြင့်ခဲ့ခြင်းဖြစ်ပါတယ်။ စနေဂြိုဟ်လိုပဲ ဂြိုဟ်ကွင်းတွေရှိတဲ့အခြားဂြိုဟ်တွေကတော့ ဂျူပီတာ ၊ ယူရေးနပ်စ် နဲ့ နက်ပကျွန်းဂြိုဟ်တို့ဖြစ်ပါတယ်။ ဂြိုဟ်ကွင်းတွေဖြစ်လာတဲ့အကြောင်းကတော့ ဂြိုဟ်ပဲ့လေးတွေနဲ့ အကာသထဲက ဖုန်မှုန့်လေးတွေပေါင်းစုထားတာကို သက်ဆိုင်ရာဂြိုဟ်ရဲ့ဆွဲငင်အားကြောင့် စုမိသွားပြီး ဂြိုဟ်ကိုလှည့်ပတ်နေခြင်းဖြစ်ပါတယ်။

စေတန်ဂြိုဟ်တွင် ဂြိုဟ်ရံလပေါင်း ၆၂ခုရှိပြီး အထင်ရှားဆုံးဂြိုဟ်ရံလများမှာ Titan, Enceladus, Iapetus နှင့် Rhea တို့ဖြစ်ပါတယ်။ စေတန်ဂြိုဟ်ဟာ နေစကြဝဠာမှာ ပဥ္စမမြောက် အတောက်ပဆုံးဂြိုဟ်ဖြစ်ပြီး အားကောင်းတဲ့မျက်စိ (သို့) မှန်ပြောင်းအငယ်စားတွေနဲ့ ကြည့်လို့မြင်နိုင်ပါတယ်။ စေတန်ဂြိုဟ်ဟာ အရာဝထ္ထုအစိုင်အခဲများထက် ဓာတ်ငွေ့များဖြင့်သာ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့အများဆုံးပါဝင်ပါတယ်။ ကျောက်ခဲများ ၊ အမှုန်များ ပါဝင်တဲ့ ကြီးမားသော ရေခဲပတ်လမ်းကြောင်းကြီးတွေလည်း ဒီဂြိုဟ်မှာရှိပါတယ်။

စေတန်ဂြိုဟ်ကိုလေ့လာဖို့ လွှတ်ခဲ့တဲ့ အာကာသယာဉ်တွေကတော့ Pioneer 11, Voyager 1 and 2 နဲ့ the Cassini-Huygens တို့ ဖြစ်ပါတယ်။ ပထမဆုံး အာကသယာဉ် Pioneer 11 ကို ၁၉၇၃ခုနှစ်မှာ စေလွှတ်ခဲ့ပြီး ၁၉၇၉မှာ စေတန်ဂြိုဟ်ကိုရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ Voyagers 1 နဲ့ 2 ကိုတော့ ၁၉၈၀ နဲ့ ၈၁ခုနှစ်မှာ စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ စတင်လွှတ်တင်ကာ ၂၀၁၄မှာ စေတန်ဂြိုဟ်ကိုရောက်ရှိခဲ့တဲ့ Cassini-Huygens ကတော့ စနေဂြိုဟ်ရဲ့ဂြိုဟ်ပတ်လမ်းကြောင်းမှာ လှည့်ပတ်ကာ လေ့လာနေရင်း September 15, 2017 မှာ အဆုံးသတ်သွားခဲ့ပါပြီ။ ဒီယာဉ်ဟာ မိုင်ပေါင်း သန်း ၂၀၀၀ ခန့်ခရီးသွားခဲ့ပြီးဖြစ်ပြီး အမြန်နှုန်းကတော့ တစ်နာရီကို ၇၀၇၀ဝမိုင် ဖြစ်ပါတယ်။ စေတန်ဂြိုဟ် နဲ့ ကမ္ဘာဂြိုဟ်အနီးကပ်ဆုံးအချိန်မှာ တစ်နာရီမိုင် ၇၀နှုန်း ကားနဲ့မောင်းသွားမယ်ဆိုရင် နှစ်ပေါင်း ၁၂၉၂နှစ်ကြာမှ စေတန်ဂြိုဟ်ကိုရောက်ပါလိမ့်မယ်။

သိပ္ပံပညာရှင် နဲ့ နက္ခတပညာရှင်တွေကတော့ နေစကြဝဠာမှာ စေတန်ဂြိုဟ်ကို အလှဆုံးလို့သတ်မှတ်ထားကြပါတယ်။ သူ့ရဲ့ဆန်းပြားသော ဂြိုဟ်ကွင်းတွေကြောင့်ဖြစ်ပြီး နေစကြဝဠာရဲ့ ရတနာ(jewel of the solar system) လို့ အမည်မှည့်ခေါ်လေ့ရှိပါတယ်။ ဂျူပီတာဂြိုဟ်လိုပဲ စေတန်ဂြိုဟ်မှာလည်း စိန်မိုးတွေရွာလေ့ရှိပါတယ်။ အကြောင်းကတော့ စေတန်ဂြိုဟ်ပေါ်မှာ ဖြစ်ပွားတဲ့ မိုးကြိုး မုန်တိုင်းများက methane ကို ကာဘွန် အဖြစ် ပြောင်းလဲပေးပြီး အောက်ကို စိန်တုံးအဖြစ် ကျဆင်းစေလို့ဖြစ်ပါတယ်။ အနာဂါတ်မှာ စေတန်ဂြိုဟ်နဲ့ အတူ သူ့ရဲ့ဂြိုဟ်ရံလတွေဖြစ်တဲ့ Titan နဲ့ Enceladus တို့ကိုပါလေ့လာမယ့် (TSSM) ဆိုတဲ့ ပရောဂျက်တစ်ခုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၂.၅ဘီလျံဝန်းကျင် လို့ခန့်မှန်းထားပြီး အစီအစဉ်ကို ၂၀၂ဝခုနှစ် မှာ စတင်မယ်လို့ သိရပါတယ်။

Leave a Reply