လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၄၀၀ က စစ္ရထားလုံး၄စီး နဲ႔ ျမင္းအေကာင္ေပါင္း ၁၀၀ခန္႔ ကုိ တူးေဖာ္ရရွိ

Posted on

ဘီစီ ၇၇၀ နဲ႔ ၄၇၆ ၾကားက စစ္ရထားလုံး ၄စီး နဲ႔အတူ ျမင္းအေကာင္ေပါင္း ၁၀၀ ၀န္းက်င္ရဲ႕ အရုိးစုေတြ ကုိ တရုတ္ႏုိင္ငံေျမာက္ပိုင္း ဟီနန္ျပည္နယ္ Xinzeng ၿမဳိ႕ကေန တူးေဖာ္ရရွိခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၁၆ႏွစ္ေလာက္တည္းက ရပ္ဆုိင္းခဲ့တဲ့ တူးေဖာ္ေရးလုပ္ငန္းေတြကုိ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလကုန္က ျပန္စခဲ့တာပဲျဖစ္ပါတယ္။ ဒီေနရာမွာ ေတာ္၀င္မ်ဳိးႏြယ္တစ္ဦး ပိုင္ဆုိင္တဲ့ စစ္ရထားလုံးေတြနဲ႔ အတူ ျမင္းအေကာင္ေပါင္း ၁၀၀ ခန္႔ ဟာလည္း ျမဳပ္ႏွံထားတာပဲျဖစ္ပါတယ္။

ဒီေနရာကိုေတာ့ အမွတ္(၃) ျမင္း နဲ႔ ရထားလုံးခ်ဳိင့္၀ွမ္း လုိ႔ေခၚၿပီး ဒီလုိေနရာ ၃ခုရွိတဲ့အထဲမွာ အႀကီးဆုံးျဖစ္ပါတယ္။ ဒီတူးေဖာ္မႈကိုဦးေဆာင္ခဲ့တဲ့ ယဥ္ေက်းမႈ အေမြအႏွစ္ ထိမ္းသိမ္းေရးနဲ႔ သုေတသနပညာရွင္ Ma Juncai ကေတာ့ “ဒီတူးေဖာ္မႈအရ မ်ားျပားလွစြာေသာရထားလုံးေတြနဲ႔ အတူျမင္းေတြကိုေတြ႔ရေပမယ့္ ဒီဥစၥာေတြရဲ႕ပုိင္ရွင္ဟာ ဘယ္သူလဲဆုိတာကိုေတာ့ သက္ေသျပဖုိ႔ခက္ခဲလွပါတယ္ ၊ ကြ်န္ေတာ့္အထင္ေတာ့ ေႏြဦးႏွင့္ ေဆာင္းဦးေခတ္ေႏွာင္းပုိင္းက ဘုရင္တစ္ပါးရဲ႕ ဂူသခၤ်ဳိင္းျဖစ္ႏုိင္ပါတယ္။ ဘယ္သူဘယ္၀ါဆုိတာကိုသိရဖုိ႔ေတာ့ ဆက္ၿပီး တူးေဖာ္ရင္းသုေတသနေတြ လုပ္ရပါဦးမယ္” လုိ႔ ဆုိပါတယ္။

ဒီအထဲမွာ ႀကီးမားတဲ့ရထားလုံးတစ္စီးပါ၀င္ပါတယ္။ အတုိင္းအတာအားျဖင့္ အရွည္ ၈.၄ေပ ၊ အနံ ၅.၄ေပ ရွိတဲ့ရထားလုံးပါ။ ေနကာ မုိးကာ ေဆာက္လုပ္ထားတဲ့အျပင္ ေၾကးအႏုပညာနဲ႔အလွဆင္ထားပါေသးတယ္။ ဒါဟာ ဘုရင္ နဲ႔ မိဖုရားစီးတဲ့ရထားလုံးျဖစ္ႏုိင္တယ္လုိ႔ ဆုိပါတယ္။ ဦးေဆာင္ဒါရုိက္တာ Li Hongchang ျမင္းေတြဟာ ရွင္လွ်က္နဲ႔အျမဳပ္ခံရျခင္းမဟုတ္ပဲ ၊ အရင္သတ္ၿပီးမွ အျမဳပ္ခံရတာျဖစ္ေၾကာင္း ၊ သူ႔အရွင္သခင္အုတ္ဂူနဲ႔ ေဘးမွာ ရထားလုံးေတြနဲ႔အတူ အဲဒီျမင္းေတြကုိျမဳပ္ႏွံထားျခင္းျဖစ္ႏိုင္ေၾကာင္း ဆုိပါတယ္။ ဒီ ရထားလုံးေတြ ၊ ျမင္းအရုိးစုေတြ ၊ အုတ္ဂူေတြရဲ႕ သက္တမ္းကေတာ့ ႏွစ္ေပါင္း ၂၄၀၀ ေက်ာ္ရွိၿပီျဖစ္ပါတယ္။

Zheng ျပည္နယ္အတြင္းမွာ အနည္းဆုံး ျမင္းနဲ႔ ရထားလုံးေတြကိုျမဳပ္ႏွံထားရာက်င္းေပါင္း ၁၈ခုကို တူးေဖာ္ခဲ့ၿပီး အုတ္ဂူေပါင္း ၃၀၀၀ ထက္မနည္းကိုလည္း တူးေဖာ္ေတြ႔ရွိခဲ့ပါတယ္။ Zheng ျပည္နယ္ဟာ Qin မင္းဆက္နဲ႔ စစ္ပြဲျဖစ္ပြားၿပီး ပ်က္စီးခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ၂၂၁ဘီစီမွာ Qin မင္းဆက္ရဲ႕လက္ေအာက္ကို ေရာက္ရွိခဲ့ရပါတယ္။

————

လွန်ခဲ့သော နှစ်ပေါင်း ၂၄၀၀ က စစ်ရထားလုံး၄စီး နဲ့ မြင်းအကောင်ပေါင်း ၁၀ဝခန့် ကို တူးဖော်ရရှိ (unicode)

ဘီစီ ၇၇၀ နဲ့ ၄၇၆ ကြားက စစ်ရထားလုံး ၄စီး နဲ့အတူ မြင်းအကောင်ပေါင်း ၁၀၀ ဝန်းကျင်ရဲ့ အရိုးစုတွေ ကို တရုတ်နိုင်ငံမြောက်ပိုင်း ဟီနန်ပြည်နယ် Xinzeng မြို့ကနေ တူးဖော်ရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၆နှစ်လောက်တည်းက ရပ်ဆိုင်းခဲ့တဲ့ တူးဖော်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်က ပြန်စခဲ့တာပဲဖြစ်ပါတယ်။ ဒီနေရာမှာ တော်ဝင်မျိုးနွယ်တစ်ဦး ပိုင်ဆိုင်တဲ့ စစ်ရထားလုံးတွေနဲ့ အတူ မြင်းအကောင်ပေါင်း ၁၀၀ ခန့် ဟာလည်း မြုပ်နှံထားတာပဲဖြစ်ပါတယ်။

ဒီနေရာကိုတော့ အမှတ်(၃) မြင်း နဲ့ ရထားလုံးချိုင့်ဝှမ်း လို့ခေါ်ပြီး ဒီလိုနေရာ ၃ခုရှိတဲ့အထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ဒီတူးဖော်မှုကိုဦးဆောင်ခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိမ်းသိမ်းရေးနဲ့ သုတေသနပညာရှင် Ma Juncai ကတော့ “ဒီတူးဖော်မှုအရ များပြားလှစွာသောရထားလုံးတွေနဲ့ အတူမြင်းတွေကိုတွေ့ရပေမယ့် ဒီဥစ္စာတွေရဲ့ပိုင်ရှင်ဟာ ဘယ်သူလဲဆိုတာကိုတော့ သက်သေပြဖို့ခက်ခဲလှပါတယ် ၊ ကျွန်တော့်အထင်တော့ နွေဦးနှင့် ဆောင်းဦးခေတ်နှောင်းပိုင်းက ဘုရင်တစ်ပါးရဲ့ ဂူသင်္ချိုင်းဖြစ်နိုင်ပါတယ်။ ဘယ်သူဘယ်ဝါဆိုတာကိုသိရဖို့တော့ ဆက်ပြီး တူးဖော်ရင်းသုတေသနတွေ လုပ်ရပါဦးမယ်” လို့ ဆိုပါတယ်။

ဒီအထဲမှာ ကြီးမားတဲ့ရထားလုံးတစ်စီးပါဝင်ပါတယ်။ အတိုင်းအတာအားဖြင့် အရှည် ၈.၄ပေ ၊ အနံ ၅.၄ပေ ရှိတဲ့ရထားလုံးပါ။ နေကာ မိုးကာ ဆောက်လုပ်ထားတဲ့အပြင် ကြေးအနုပညာနဲ့အလှဆင်ထားပါသေးတယ်။ ဒါဟာ ဘုရင် နဲ့ မိဖုရားစီးတဲ့ရထားလုံးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဦးဆောင်ဒါရိုက်တာ Li Hongchang မြင်းတွေဟာ ရှင်လျှက်နဲ့အမြုပ်ခံရခြင်းမဟုတ်ပဲ ၊ အရင်သတ်ပြီးမှ အမြုပ်ခံရတာဖြစ်ကြောင်း ၊ သူ့အရှင်သခင်အုတ်ဂူနဲ့ ဘေးမှာ ရထားလုံးတွေနဲ့အတူ အဲဒီမြင်းတွေကိုမြုပ်နှံထားခြင်းဖြစ်နိုင်ကြောင်း ဆိုပါတယ်။ ဒီ ရထားလုံးတွေ ၊ မြင်းအရိုးစုတွေ ၊ အုတ်ဂူတွေရဲ့ သက်တမ်းကတော့ နှစ်ပေါင်း ၂၄၀၀ ကျော်ရှိပြီဖြစ်ပါတယ်။

Zheng ပြည်နယ်အတွင်းမှာ အနည်းဆုံး မြင်းနဲ့ ရထားလုံးတွေကိုမြုပ်နှံထားရာကျင်းပေါင်း ၁၈ခုကို တူးဖော်ခဲ့ပြီး အုတ်ဂူပေါင်း ၃၀၀၀ ထက်မနည်းကိုလည်း တူးဖော်တွေ့ရှိခဲ့ပါတယ်။ Zheng ပြည်နယ်ဟာ Qin မင်းဆက်နဲ့ စစ်ပွဲဖြစ်ပွားပြီး ပျက်စီးခဲ့ပါတယ်။ အဲဒီနောက်တော့ ၂၂၁ဘီစီမှာ Qin မင်းဆက်ရဲ့လက်အောက်ကို ရောက်ရှိခဲ့ရပါတယ်။

Leave a Reply