ျမန္မာႏိုင္ငံမွ ထူးဆန္းေသာပုဂၢိဳလ္မ်ား

Posted on

မပုပ္မသိုးေသာ ဆရာေတာ္မ်ား
ျမန္မာႏိုင္ငံတြင္ ထူးဆန္းေသာ ပုဂၢိဳလ္မ်ားစြာေပၚထြက္လၽွက္ရွိရာ ထိုပဂၢိဳလ္မ်ားစြာအနက္မွ ပ်ံလြန္ေတာ္မူသည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာေသာ္လည္း ႐ုပ္ကလပ္ေတာ္မွာ မပုပ္မပြ ၊မပုပ္မသိုးဘဲ တည္ရွိေနေသာ ဆရာေတာ္မ်ားကို ဆိုလိုပါသည္။

ဆရာေတာ္ ဦးကဝိ(စြန္းလြန္း ဆရာေတာ္ဘုရားႀကီး)

ဆရာေတာ္ ဦးကဝိ (စြန္းလြန္းဆရာေတာ္) ဆရာေတာ္ဘုရားႀကီးသည္ သကၠရာဇ္ ၁၂၃၉ ခုႏွစ္၊ တစ္ေပါင္းလဆန္း ၂ ရက္၊ တနလၤာေန႔ နံနက္ ၃ ခ်က္တီးေက်ာ္အခ်ိန္၌ အထက္ျမန္မာျပည္၊ျမင္းၿခံၿမိဳ႕အနီး စြန္းလြန္း႐ြာ အဖဦးသန္႔၊ အမိ ေဒၚတုတ္တို႔မွ မီး႐ႉးသန္႔စင္ ဖြားျမင္ေတာ္မူသည္။ ဆရာေတာ္ဘုရားႀကီးသည္ထြက္သက္၊ ဝင္သက္၊ အာနာပါဏ မွစ၍ ထိ၊ သိ၊ သတိ အစရွိေသာ တရားအားထုတ္မႈမ်ားကို သဒၶါဝိရိယ၊ ဇြဲသန္သန္ႏွင့္ ေန႔ညမျပတ္ အားထုတ္သြားရာ ၁၂၈၂ ခုႏွစ္၊ ဝါဆိုလျပည့္ေက်ာ္ ၁၃ ရက္၊ ၾကာသပေတးေန႔ ည ၁ဝနာရီအခ်ိန္တြင္ ပထမအႀကိမ္ တရားထူးကို ေတြ႕ရေလ သည္။

၁၂၈၂ ခုႏွစ္ ဝါေခါင္လျပည့္ေက်ာ္ ၁၃ ရက္၊ စေနေန႔ည ၁ဝ နာရီအခ်ိန္တြင္ ဒုတိယအႀကိမ္ တရားထူးကို ေတြ႕ရျပန္သည္။ ၁၂၈၂ ခုႏွစ္ ေတာ္သလင္းလျပည့္ ေက်ာ္ ၁၃ ရက္၊ တနလၤာေန႔ည ၁ဝ နာရီအခ်ိန္တြင္ မိမိခႏၶာ ကိုယ္၌ ျပင္းျပလွေသာ ေဝဒနာမ်ားကို ခံစားရၿပီးေနာက္ တတိယအႀကိမ္ေျမာက္ တရားထူးကို ေတြ႕ရျပန္၏။၁၂၈၂ ခုႏွစ္၊ သီတင္းကၽြတ္လျပည့္ေက်ာ္ ၁၃ ရက္၊ အဂၤါေန႔ ည ၁ဝ နာရီအခ်ိန္တြင္ စတုတၳအႀကိမ္ေျမာက္ တရား ထူးကို ေတြ႕ရျပန္ေလသည္။၁၃၁၄ ခုႏွစ္၊ ကဆုန္လျပည့္ေက်ာ္ ၉ ရက္ စေနေန႔ညေန၄:၄၅ အခ်ိန္တြင္ ပ်ံလြန္ေတာ္မူသည္မွာ ႏွစ္ေပါင္း ၆၀ ေက်ာ္ရွိၿပီျဖစ္ေသာ္လည္း ယခုတိုင္မပုပ္မသိုးတည္ရွိေနပါသည္။

မန္လည္ဆရာေတာ္

မန္လည္ဆရာေတာ္ ရွင္ဇ၀န အား မန္လည္ၿမဳိ႕၀န္ မင္းထင္မင္းလွက ဘံုခုနစ္ဆင့္႐ွိေသာ ျပာသာဒ္ေက်ာင္းႀကီးကို ေဆာက္လုပ္လွဴဒါန္းၿပီးေနာက္ ထုိေက်ာင္းကိုအစြဲျပဳကာ မန္လည္ဆရာေတ္ာဟု ေက်ာ္ၾကားခဲ့ျခင္းျဖစ္သည္။ လယ္တီဆရာေတာ္ႀကီး၏ ေတာင္းပန္ေလွ်ာက္ထားခ်က္အရ ဆန္းသံခိပ္ ႏွင့္ အလကၤာသံခိပ္က်မ္းမ်ားကို စီရင္ေရးသားေနဆဲကာလတြင္ ပ်ံလြန္ေတာ္မူခဲ့သည္။ ပ်ံလြန္သည့္အခ်ိန္မွာ ၁၂၈၂ ခုႏွစ္ ၊ ေတာ္သလင္း လဆန္း ၁၃ ရက္ ၊ နံနက္ ၁နာရီ ၃၀ မိနစ္ျဖစ္ၿပီး ထုိအခ်ိန္တြင္ ဆရာေတာ္၏ အသက္မွာ သက္ေတာ္ ၇၉ ၀ါေတာ္ ၅၆ ၀ါ ရွိၿပီျဖစ္သည္။

မန္လည္ဆရာေတာ္ဘုရားႀကီး ပ်ံလြန္ေတာ္မူၿပီးေနာက္ ထုံးစံအတုိင္း ေက်ာင္းေတာ္ႀကီးနံေဘးတြင္ ေစတီတစ္ဆူ၌ ဂူသြင္းျမဳပ္ႏွံ သၿဂၤဳိဟ္ခဲ့သည္။ ထုိသုိ႔ျမဳပ္ႏွံၿပီး ၃ လ ခန္႔အၾကာတြင္ ဆရာေတာ္ႀကီး၏ တပည့္ရင္း ကပၸိယ ဦးဘရင္က ဆရာေတာ္ႀကီးအား အိပ္မက္ျမင္မက္ေၾကာင္း ဂူတြင္းမွ ထုတ္ယူ၍ ၾကည့္ရႈခြင့္ေပးပါရန္ ငုိယုိေျပာၾကားသည္။ ဒုတိယ မန္လည္ဆရာေတာ္က မသင့္ေတာ္ေၾကာင္း တားေသာ္လည္း ဒကာရင္းျဖစ္သူမွာ ရႈိက္ႀကီးတငင္ငိုယုိေျပာဆုိေနသည့္အတြက္ ေနာက္ဆုံးတြင္ ဂူကုိဖြင့္ကာ အေလာင္းေတာ္အား ထုတ္ၾကည့္ၾကေလသည္။

ဤတြင္ အံၾသဖြယ္ေကာင္းေလာက္ေအာင္ ဆရာေတာ္၏ ရုပ္အေလာင္းသည္ ပ်က္စီးျခင္း ၊ ပုပ္သုိးနံေစာ္ျခင္း မရွိပဲ ပကတိက်ိန္းစက္ေနသည့္အလား ဖူးေမွ်ာ္လုိက္ၾကရသည္။ ထုိအခါမွ လူအေပါင္းတုိ႔ အုံးအုံးကြ်တ္ကြ်န္ျဖစ္လာၿပီး အေလာင္းေတာ္ကုိ မွန္ေခါင္းျဖင့္ ေျပာင္းထည့္၍ အပူေဇာ္ခံ ထားရွိၾကေပသည္။ သစ္ေစးကုိင္၍ ေရႊခ်ထားေသာ ဆရာေတာ္ႀကီး၏ ၾကြင္းက်န္ေသာရုပ္ကလာပ္ကုိ ယေန႔တုိင္ စံေက်ာင္းေတာ္တြင္ ဖူးေမွ်ာ္ႏုိင္ေပသည္။

ဆရာေတာ္ ဦးေကသရ

ဆရာေတာ္အရွင္ေကသရသည္ ရန္ကုန္တိုင္း၊ ထန္းတစ္ပင္ၿမိဳ႕နယ္၊ နဲသမိန္စံျပေက်း႐ြာ ေျမာက္ဘက္ေက်ာင္းတြင္ ျမန္မာသကၠရာဇ္ ၁၃၃၃ ခုႏွစ္ သက္ေတာ္ ၇၇ ႏွစ္၌ ပ်ံလြန္ေတာ္မူသည္မွာ ႏွစ္ေပါင္း ၄၀ ေက်ာ္ရွိၿပီျဖစ္ေသာ္လည္း ယခုတိုင္မပုပ္မသိုး တည္ရွိေနပါသည္။



VIDEO

ဆရာေတာ္ ဦးသုဇာတ

ဆရာေတာ္ဦးသုဇာတသည္ ရခိုင္ျပည္နယ္ ၊ သံတြဲၿမိဳ႕ ၊ သံတြဲ – ဂြလမ္းေပၚရွိ ဇလြန္-မေဒး ေက်ာင္းတိုက္တြင္တည္ရွိၿပီး သက္ေတာ္ ၈၀ ၊ဝါေတာ္ ၆၀ ၊ ၁၉၈၄ ခုႏွစ္၊ ေအာက္တိုဘာ ၂၅ ၊မြန္းလြဲ ၂ နာရီ ၄၅ မိနစ္တြင္ ပ်ံလြန္ေတာ္မူသည္မွာ ႏွစ္ေပါင္း ၃၀ ရွိၿပီ ျဖစ္ေသာ္လည္း ယခုတိုင္မပုပ္မသိုး တည္ရွိေနပါသည္။



VIDEO

ဒလၿမဳိ႕က ဆရာေတာ္ဦးလိပ္

ရန္ကုန္ၿမိဳ႕ တစ္ဖက္ကမ္း ဒလၿမိဳ႕ ကားဂိတ္ႏွင့္မနီးမေဝးရွိ ၿမိဳ႕မေဇယ်ဝတီ စာသင္တိုက္ နဲ႔ ေရႊစာရံေစတီတြင္ လြန္ခဲ့ေသာႏွစ္ေပါင္း ၁၀ဝေက်ာ္က ခႏၶာဝန္ခ်ခဲ့ေသာ ရဟႏၲာ တစ္ပါး၏ ႐ုပ္ကလာပ္ေတာ္ကို ယေန႔ တိုင္ ဖူးေတြ႕ႏိုင္ပါသည္။ ရဟႏၲာကိုယ္ေတာ္မွာ ဦးပညာျဖစ္၍ လူအမည္မွာ ဦးလိပ္ျဖစ္သည္။ ငယ္စဥ္ ကေလးေပါက္စအရြယ္၌ ဆန္ေကာႀကီးထဲ တြင္ အႏွီးခင္း၍သိပ္ထားစဥ္ ဆန္ေကာ ေအာက္၌ လိပ္ႀကီးတစ္ေကာင္ ေရာက္ ေနသည္ကိုအေၾကာင္းျပဳ၍ ေမာင္လိပ္ဟု အမည္မွည့္ေခၚခဲ့ရျခင္းျဖစ္သည္။ ရဟန္း အျဖစ္သို႔ေရာက္ေသာအခါ ဆရာေတာ္ ဦးလိပ္ဟူ၍ ေခၚဆိုၾကသည္။

ဆရာေတာ္ပ်ံလြန္ေတာ္မူခါနီးအခ်ိန္ တြင္ ”ဒလၿမိဳ႕ ေရႊေပါက္ပင္ေက်ာင္း ဆရာေတာ္ဦးပညာ လူအမည္ဦးလိပ္ သည္ ရဟႏၲာျဖစ္သည္”ဟူေသာ အိပ္ မက္အရ ရပ္ေဝးရပ္နီးမွ လူေပါင္းမ်ားစြာ လာေရာက္ဖူးေျမာ္ၾကသည္။ တစ္ဆင့္ စကားတစ္ဆင့္ၾကားၿပီး လာေရာက္ဖူးေျမာ္ ၾကရာ ေန႔စဥ္တိုးမေပါက္ေအာင္ စည္ ကားလွသည္။ လူမ်ားသာမက ႏြားမ်ား၊ ျမင္းမ်ား၊ ေျမြသတၱဝါမ်ားကပင္ အုပ္ လိုက္ေက်ာင္းေပၚသို႔ တက္ေရာက္ဖူး ေျမာ္ၾကသည္။ ထိုသို႔လာဖူးေျမာ္ၾကသူ မ်ား မစဲမီမွာပင္ ဆရာေတာ္ဦးလိပ္ (ဦး ပညာ)ပ်ံလြန္ေတာ္မူခဲ့သည္။

ဆရာေတာ္၏ ႐ုပ္ကလာပ္ေတာ္ကို ေၾကးေခါင္းတြင္ ထည့္သြင္း၍ ေၾကး ပုခက္ကို ကြၽန္းတိုင္ႀကီးမ်ားျဖင့္ အခိုင္ အမာေဆာက္လုပ္ထားေသာနိဗၺာန္ေက်ာင္း ၌ သံဝရန္တာျပဳလုပ္၍ ခ်ိတ္ျဖင့္ပူေဇာ္ ထားခဲ့သည္။ မည္မွ်ၾကာသည္အထိ ပူေဇာ္ထားေၾကာင္း မသိရေခ်။ ထို႔ေနာက္ နိဗၺာန္ေက်ာင္းမွခ်၍ ေရႊစာရံေစတီေတာ္ ဝင္းအနီးတြင္ အုတ္ဂူႀကီးတည္ေဆာက္ ၿပီး ထည့္သြင္းပူေဇာ္ခဲ့ၾကသည္။ အုတ္ဂူ ႀကီး၏ပမာဏမွာ အလ်ား ေပ၂၃၊ အနံ၁၈ေပ ၊ အျမင့္ ၂၃ေပရွိသည္။ ေရွးအႏုပညာလက္ရာမ်ား ျဖင့္ အလြန္တင့္တယ္သည္ဟု ဆိုသည္။ ဒုတိယကမၻာစစ္ႀကီးျဖစ္ေသာအခါ ဗုံးဒဏ္ေၾကာင့္ ဂူႀကီးမွာလည္း ပ်က္စီး သြားခဲ့သည္။ ၁၈ႏွစ္တိုင္ ျပဳျပင္ႏိုင္ျခင္း မရွိဘဲ ဂူပ်က္ႀကီးအျဖစ္ ရွိေနခဲ့သည္။

၁၃၂၃ခုႏွစ္ တေပါင္းလျပည့္ (၁၁-၃-၁၉၆ဝ)ရက္ေန႔တြင္ ဒလၿမိဳ႕ေစ်းလမ္း ရပ္ေန ဒကာမႀကီးေဒၚတင္က ဂူႀကီးကို ျပဳျပင္ရန္ ေငြလွဴဒါန္းခဲ့သည္။ တေပါင္း လျပည့္ေက်ာ္၁၂ရက္(၂၃-၃-၁၉၆ဝ)ရက္ ေန႔တြင္ လူေပါင္းမ်ားစြာျဖင့္ ဂူႀကီးကို တူးၿဖိဳရွင္းလင္းသည္။ တန္ခူးလဆန္း ၄ ရက္၊ (၃ဝ-၃-၁၉၆ဝ)ရက္ေန႔တြင္ ဂူ အတြင္းမွ ေၾကးေခါင္းႀကီးကို ထုတ္ယူ ရရွိသည္။ေၾကးေခါင္းႀကီးကိုတန္ေဆာင္း အတြင္း ေခတၱထားရာ လူအမ်ား ညသန္း ေခါင္ေက်ာ္အခ်ိန္အထိ ႀကိတ္ႀကိတ္တိုး လာေရာက္ဖူးေျမာ္ၾကသည္။

ေၾကးေခါင္းႀကီးကိုဖြင့္လိုက္ေသာအခါ ဦးေခါင္းေတာ္ကို ေရႊအျပည့္ခ်ထားၿပီး မ်က္ႏွာေတာ္ကိုပါ ပုံမပ်က္ဖူးေျမာ္ၾက ရေသာေၾကာင့္ အံ့ၾသမဆုံးျဖစ္ၾကသည္။ ဂူအတြင္းမွ ေၾကးနီပိုက္ဆံျပား ၁၇၅ေစ့၊ ေငြဒဂၤါးႏွစ္ျပား၊ ေငြမတ္ေစ့ ၃၅ေစ့၊ ေငြ မူးေစ့ ၇၆ေစ့တို႔ေတြ႕ရသည္။ အေလာင္း ေတာ္၏ခံတြင္းပါးစပ္မွ ေမာင္းကြင္းလက္ စြပ္ေခၚ မိုးႀကိဳးလက္စြပ္ ၇၁ ခု ကိုေတြ႕ ရသည္။ ၁၃၆၆ ခုႏွစ္ ေတာ္သလင္းလျပည့္ေက်ာ္ ၁၅ ရက္ေန႔ (၂၀၁၄ ခုႏွစ္ ေအာက္တိုဘာ ၁၅) တို႔တြင္ ေနာက္ဆုံးအႀကိမ္ မ်က္လုံးေတာ္ ႏွစ္ႀကိမ္ပြင့္ခဲ့သည္ ဟုသိရသည္။ ယခုအခါ စံေက်ာင္းေတာ္ ေဆာက္ လုပ္ၿပီး အမ်ားျပည္သူဖူးေျမာ္ႏိုင္ရန္ မွန္ ေခါင္းတြင္ထည့္၍ ပူေဇာ္ထားသည္။

Online Wikipedia

————

မြန်မာနိုင်ငံမှ ထူးဆန်းသောပုဂ္ဂိုလ်များ (unicode)

မပုပ်မသိုးသော ဆရာတော်များ
မြန်မာနိုင်ငံတွင် ထူးဆန်းသော ပုဂ္ဂိုလ်များစွာပေါ်ထွက်လျှက်ရှိရာ ထိုပဂ္ဂိုလ်များစွာအနက်မှ ပျံလွန်တော်မူသည်မှာ နှစ်ပေါင်းများစွာကြာသော်လည်း ရုပ်ကလပ်တော်မှာ မပုပ်မပွ ၊မပုပ်မသိုးဘဲ တည်ရှိနေသော ဆရာတော်များကို ဆိုလိုပါသည်။

ဆရာတော် ဦးကဝိ(စွန်းလွန်း ဆရာတော်ဘုရားကြီး)
ဆရာတော် ဦးကဝိ (စွန်းလွန်းဆရာတော်) ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၂၃၉ ခုနှစ်၊ တစ်ပေါင်းလဆန်း ၂ ရက်၊ တနင်္လာနေ့ နံနက် ၃ ချက်တီးကျော်အချိန်၌ အထက်မြန်မာပြည်၊မြင်းခြံမြို့အနီး စွန်းလွန်းရွာ အဖဦးသန့်၊ အမိ ဒေါ်တုတ်တို့မှ မီးရှူးသန့်စင် ဖွားမြင်တော်မူသည်။ ဆရာတော်ဘုရားကြီးသည်ထွက်သက်၊ ဝင်သက်၊ အာနာပါဏ မှစ၍ ထိ၊ သိ၊ သတိ အစရှိသော တရားအားထုတ်မှုများကို သဒ္ဓါဝိရိယ၊ ဇွဲသန်သန်နှင့် နေ့ညမပြတ် အားထုတ်သွားရာ ၁၂၈၂ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ကြာသပတေးနေ့ ည ၁ဝနာရီအချိန်တွင် ပထမအကြိမ် တရားထူးကို တွေ့ရလေ သည်။ ၁၂၈၂ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၃ ရက်၊ စနေနေ့ည ၁ဝ နာရီအချိန်တွင် ဒုတိယအကြိမ် တရားထူးကို တွေ့ရပြန်သည်။ ၁၂၈၂ ခုနှစ် တော်သလင်းလပြည့် ကျော် ၁၃ ရက်၊ တနင်္လာနေ့ည ၁ဝ နာရီအချိန်တွင် မိမိခန္ဓာ ကိုယ်၌ ပြင်းပြလှသော ဝေဒနာများကို ခံစားရပြီးနောက် တတိယအကြိမ်မြောက် တရားထူးကို တွေ့ရပြန်၏။၁၂၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အင်္ဂါနေ့ ည ၁ဝ နာရီအချိန်တွင် စတုတ္ထအကြိမ်မြောက် တရား ထူးကို တွေ့ရပြန်လေသည်။၁၃၁၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် စနေနေ့ညနေ၄:၄၅ အချိန်တွင် ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီဖြစ်သော်လည်း ယခုတိုင်မပုပ်မသိုးတည်ရှိနေပါသည်။

မန်လည်ဆရာတော်
မန်လည်ဆရာတော် ရှင်ဇဝန အား မန်လည်မြို့ဝန် မင်းထင်မင်းလှက ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်ကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းပြီးနောက် ထိုကျောင်းကိုအစွဲပြုကာ မန်လည်ဆရာတော်ဟု ကျော်ကြားခဲ့ခြင်းဖြစ်သည်။ လယ်တီဆရာတော်ကြီး၏ တောင်းပန်လျှောက်ထားချက်အရ ဆန်းသံခိပ် နှင့် အလင်္ကာသံခိပ်ကျမ်းများကို စီရင်ရေးသားနေဆဲကာလတွင် ပျံလွန်တော်မူခဲ့သည်။ ပျံလွန်သည့်အချိန်မှာ ၁၂၈၂ ခုနှစ် ၊ တော်သလင်း လဆန်း ၁၃ ရက် ၊ နံနက် ၁နာရီ ၃၀ မိနစ်ဖြစ်ပြီး ထိုအချိန်တွင် ဆရာတော်၏ အသက်မှာ သက်တော် ၇၉ ဝါတော် ၅၆ ဝါ ရှိပြီဖြစ်သည်။
မန်လည်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် ထုံးစံအတိုင်း ကျောင်းတော်ကြီးနံဘေးတွင် စေတီတစ်ဆူ၌ ဂူသွင်းမြုပ်နှံ သင်္ဂြိုဟ်ခဲ့သည်။ ထိုသို့မြုပ်နှံပြီး ၃ လ ခန့်အကြာတွင် ဆရာတော်ကြီး၏ တပည့်ရင်း ကပ္ပိယ ဦးဘရင်က ဆရာတော်ကြီးအား အိပ်မက်မြင်မက်ကြောင်း ဂူတွင်းမှ ထုတ်ယူ၍ ကြည့်ရှုခွင့်ပေးပါရန် ငိုယိုပြောကြားသည်။ ဒုတိယ မန်လည်ဆရာတော်က မသင့်တော်ကြောင်း တားသော်လည်း ဒကာရင်းဖြစ်သူမှာ ရှိုက်ကြီးတငင်ငိုယိုပြောဆိုနေသည့်အတွက် နောက်ဆုံးတွင် ဂူကိုဖွင့်ကာ အလောင်းတော်အား ထုတ်ကြည့်ကြလေသည်။
ဤတွင် အံဩဖွယ်ကောင်းလောက်အောင် ဆရာတော်၏ ရုပ်အလောင်းသည် ပျက်စီးခြင်း ၊ ပုပ်သိုးနံစော်ခြင်း မရှိပဲ ပကတိကျိန်းစက်နေသည့်အလား ဖူးမျှော်လိုက်ကြရသည်။ ထိုအခါမှ လူအပေါင်းတို့ အုံးအုံးကျွတ်ကျွန်ဖြစ်လာပြီး အလောင်းတော်ကို မှန်ခေါင်းဖြင့် ပြောင်းထည့်၍ အပူဇော်ခံ ထားရှိကြပေသည်။ သစ်စေးကိုင်၍ ရွှေချထားသော ဆရာတော်ကြီး၏ ကြွင်းကျန်သောရုပ်ကလာပ်ကို ယနေ့တိုင် စံကျောင်းတော်တွင် ဖူးမျှော်နိုင်ပေသည်။

ဆရာတော် ဦးကေသရ
ဆရာတော်အရှင်ကေသရသည် ရန်ကုန်တိုင်း၊ ထန်းတစ်ပင်မြို့နယ်၊ နဲသမိန်စံပြကျေးရွာ မြောက်ဘက်ကျောင်းတွင် မြန်မာသက္ကရာဇ် ၁၃၃၃ ခုနှစ် သက်တော် ၇၇ နှစ်၌ ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သော်လည်း ယခုတိုင်မပုပ်မသိုး တည်ရှိနေပါသည်။

ဆရာတော် ဦးသုဇာတ
ဆရာတော်ဦးသုဇာတသည် ရခိုင်ပြည်နယ် ၊ သံတွဲမြို့ ၊ သံတွဲ – ဂွလမ်းပေါ်ရှိ ဇလွန်-မဒေး ကျောင်းတိုက်တွင်တည်ရှိပြီး သက်တော် ၈၀ ၊ဝါတော် ၆၀ ၊ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ၊မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၃၀ ရှိပြီ ဖြစ်သော်လည်း ယခုတိုင်မပုပ်မသိုး တည်ရှိနေပါသည်။

ဒလမြို့က ဆရာတော်ဦးလိပ်

ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလမြို့ ကားဂိတ်နှင့်မနီးမဝေးရှိ မြို့မဇေယျဝတီ စာသင်တိုက် နဲ့ ရွှေစာရံစေတီတွင် လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝကျော်က ခန္ဓာဝန်ချခဲ့သော ရဟန္တာ တစ်ပါး၏ ရုပ်ကလာပ်တော်ကို ယနေ့ တိုင် ဖူးတွေ့နိုင်ပါသည်။ ရဟန္တာကိုယ်တော်မှာ ဦးပညာဖြစ်၍ လူအမည်မှာ ဦးလိပ်ဖြစ်သည်။ ငယ်စဉ် ကလေးပေါက်စအရွယ်၌ ဆန်ကောကြီးထဲ တွင် အနှီးခင်း၍သိပ်ထားစဉ် ဆန်ကော အောက်၌ လိပ်ကြီးတစ်ကောင် ရောက် နေသည်ကိုအကြောင်းပြု၍ မောင်လိပ်ဟု အမည်မှည့်ခေါ်ခဲ့ရခြင်းဖြစ်သည်။ ရဟန်း အဖြစ်သို့ရောက်သောအခါ ဆရာတော် ဦးလိပ်ဟူ၍ ခေါ်ဆိုကြသည်။

ဆရာတော်ပျံလွန်တော်မူခါနီးအချိန် တွင် ”ဒလမြို့ ရွှေပေါက်ပင်ကျောင်း ဆရာတော်ဦးပညာ လူအမည်ဦးလိပ် သည် ရဟန္တာဖြစ်သည်”ဟူသော အိပ် မက်အရ ရပ်ဝေးရပ်နီးမှ လူပေါင်းများစွာ လာရောက်ဖူးမြော်ကြသည်။ တစ်ဆင့် စကားတစ်ဆင့်ကြားပြီး လာရောက်ဖူးမြော် ကြရာ နေ့စဉ်တိုးမပေါက်အောင် စည် ကားလှသည်။ လူများသာမက နွားများ၊ မြင်းများ၊ မြွေသတ္တဝါများကပင် အုပ် လိုက်ကျောင်းပေါ်သို့ တက်ရောက်ဖူး မြော်ကြသည်။ ထိုသို့လာဖူးမြော်ကြသူ များ မစဲမီမှာပင် ဆရာတော်ဦးလိပ် (ဦး ပညာ)ပျံလွန်တော်မူခဲ့သည်။

ဆရာတော်၏ ရုပ်ကလာပ်တော်ကို ကြေးခေါင်းတွင် ထည့်သွင်း၍ ကြေး ပုခက်ကို ကျွန်းတိုင်ကြီးများဖြင့် အခိုင် အမာဆောက်လုပ်ထားသောနိဗ္ဗာန်ကျောင်း ၌ သံဝရန်တာပြုလုပ်၍ ချိတ်ဖြင့်ပူဇော် ထားခဲ့သည်။ မည်မျှကြာသည်အထိ ပူဇော်ထားကြောင်း မသိရချေ။ ထို့နောက် နိဗ္ဗာန်ကျောင်းမှချ၍ ရွှေစာရံစေတီတော် ဝင်းအနီးတွင် အုတ်ဂူကြီးတည်ဆောက် ပြီး ထည့်သွင်းပူဇော်ခဲ့ကြသည်။ အုတ်ဂူ ကြီး၏ပမာဏမှာ အလျား ပေ၂၃၊ အနံ၁၈ပေ ၊ အမြင့် ၂၃ပေရှိသည်။ ရှေးအနုပညာလက်ရာများ ဖြင့် အလွန်တင့်တယ်သည်ဟု ဆိုသည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်သောအခါ ဗုံးဒဏ်ကြောင့် ဂူကြီးမှာလည်း ပျက်စီး သွားခဲ့သည်။ ၁၈နှစ်တိုင် ပြုပြင်နိုင်ခြင်း မရှိဘဲ ဂူပျက်ကြီးအဖြစ် ရှိနေခဲ့သည်။

၁၃၂၃ခုနှစ် တပေါင်းလပြည့် (၁၁-၃-၁၉၆ဝ)ရက်နေ့တွင် ဒလမြို့ဈေးလမ်း ရပ်နေ ဒကာမကြီးဒေါ်တင်က ဂူကြီးကို ပြုပြင်ရန် ငွေလှူဒါန်းခဲ့သည်။ တပေါင်း လပြည့်ကျော်၁၂ရက်(၂၃-၃-၁၉၆ဝ)ရက် နေ့တွင် လူပေါင်းများစွာဖြင့် ဂူကြီးကို တူးဖြိုရှင်းလင်းသည်။ တန်ခူးလဆန်း ၄ ရက်၊ (၃ဝ-၃-၁၉၆ဝ)ရက်နေ့တွင် ဂူ အတွင်းမှ ကြေးခေါင်းကြီးကို ထုတ်ယူ ရရှိသည်။ကြေးခေါင်းကြီးကိုတန်ဆောင်း အတွင်း ခေတ္တထားရာ လူအများ ညသန်း ခေါင်ကျော်အချိန်အထိ ကြိတ်ကြိတ်တိုး လာရောက်ဖူးမြော်ကြသည်။

ကြေးခေါင်းကြီးကိုဖွင့်လိုက်သောအခါ ဦးခေါင်းတော်ကို ရွှေအပြည့်ချထားပြီး မျက်နှာတော်ကိုပါ ပုံမပျက်ဖူးမြော်ကြ ရသောကြောင့် အံ့ဩမဆုံးဖြစ်ကြသည်။ ဂူအတွင်းမှ ကြေးနီပိုက်ဆံပြား ၁၇၅စေ့၊ ငွေဒင်္ဂါးနှစ်ပြား၊ ငွေမတ်စေ့ ၃၅စေ့၊ ငွေ မူးစေ့ ၇၆စေ့တို့တွေ့ရသည်။ အလောင်း တော်၏ခံတွင်းပါးစပ်မှ မောင်းကွင်းလက် စွပ်ခေါ် မိုးကြိုးလက်စွပ် ၇၁ ခု ကိုတွေ့ ရသည်။ ၁၃၆၆ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၅ ရက်နေ့ (၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၅) တို့တွင် နောက်ဆုံးအကြိမ် မျက်လုံးတော် နှစ်ကြိမ်ပွင့်ခဲ့သည် ဟုသိရသည်။ ယခုအခါ စံကျောင်းတော် ဆောက် လုပ်ပြီး အများပြည်သူဖူးမြော်နိုင်ရန် မှန် ခေါင်းတွင်ထည့်၍ ပူဇော်ထားသည်။

Online Wikipedia

Leave a Reply