သင္မသိေလာက္ေသးတဲ့ Mr.Bean ရဲ႕ အေၾကာင္းမ်ား

Posted on

Mr.Bean ရဲ႕ နာမည္အရင္းက Rowan Atkinson ျဖစ္ပါတယ္။ အဖုိးျဖစ္သူ Atkinson နဲ႔ အေဖျဖစ္သူ Rowan ရဲ႕နာမည္ကုိေပါင္းၿပီး ေပးခဲ့တာပါ။ Mr. Bean ကုိ အဂၤလန္ႏုိင္ငံ Consett ျမိဳ႕မွာ ၁၉၅၅ခုႏွစ္ ဇန္န၀ါရီလ ၆ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး လက္ရွိအခ်ိန္မွာ အသက္ ၆၂ႏွစ္ ရွိပါၿပီ။ သူ႔ရဲ႕အရပ္အျမင့္ကေတာ့ ၅ေပ၁၁လက္မ ရွိပါတယ္။

ငယ္စဥ္က Durham Choristers ေက်ာင္းမွာတက္ခဲ့ပါတယ္။ အဲဒီတုန္းက ေက်ာင္းေနဖက္သူငယ္ခ်င္းကေတာ့ ေနာင္တစ္ခ်ိန္အဂၤလန္ ၀န္ႀကီးခ်ဳပ္ျဖစ္လာမယ့္ တုိနီဘလဲ ျဖစ္ပါတယ္။

M.Bean ဟာ ဥာဏ္အလြန္ေကာင္းသလုိ ပညာအလြန္ထူးခြ်န္သူတစ္ေယာက္လည္းျဖစ္ပါတယ္။ နယူးကက္ဆဲတကၠသုိလ္ ကေန လ်ွပ္စစ္အင္ဂ်င္နီယာဘြဲ႕ကုိ ရရွိခဲ့တဲ့ အထူးခြ်န္ဆုံးေက်ာင္းသားတစ္ေယာက္ျဖစ္သလုိ ကမာၻေက်ာ္ေအာက္စ္ဖုိ႔တကၠသုိလ္က Queen’s College ေန မဟာအင္ဂ်င္နီယာဘြဲ႕ကုိရယူႏိုင္ခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ သူ႔ျပဳစုခဲ့တဲ့ စာတမ္းကေတာ့ self-tuning control system ျဖစ္ပါတယ္။

ကာတြန္းရုပ္ရွင္ေလာကမွာ အေအာင္ျမင္ဆုံးကားေတြထဲက တစ္ကားျဖစ္တဲ့ The Lion King ဇာတ္ကားမွာ အသံသရုပ္ေဆာင္ခဲ့သူပါ။ ေအာက္ခ်င္းငွက္ကေလး Zazu ေနရာက သရုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

Mr. Bean ဇာတ္ကားကုိ စရိုက္ေတာ့ ထုတ္လုပ္သူက အျပည့္အ၀ကုန္က်မခံႏိုင္တဲ့အတြက္ သူ႔ရဲ႕တုိက္ခန္း နဲ႔ ကားကုိ ေရာင္းခ်ၿပီး ျဖည့္ကာ ရုိက္ကူးခဲ့ရပါတယ္။ အႏုပညာလုပ္ခဲ့တာ ႏွစ္ေပါင္း ၂၀နီးပါးရွိခဲ့ေပမယ့္ လူသိပ္မသိခဲ့တဲ့သူ႔ကုိ ဒီကားမွာ စသိလာသလုိ Mr.Bean ဇာတ္ကားဟာလည္း စံခ်ိန္တင္၀င္ေငြနဲ႔ အေအာင္ျမင္ဆုံးဟာသဇာတ္ကားတစ္ကား ျဖစ္လာခဲ့ပါတယ္။ အဲဒီဇာတ္ကားအၿပီးမွာ Rowan ဆုိတဲ့နာမည္ေပ်ာက္သြားၿပီး အားလုံးက Mr.Bean လုိ႔သာေခၚၾကပါေတာ့တယ္။ သူ႔ရဲ႕Teddy Bear အရုပ္ဟာလည္း အဲဒီႏွစ္ရဲ႕ အေရာင္းရဆုံးရုပ္ျဖစ္ခဲ့ပါတယ္။

တစ္ခါတုန္းက ကင္ညာႏိုင္ငံကုိ မိသားစုလုိက္ ေလယာဥ္နဲ႔ အပန္းေျဖခရီးထြက္ခဲ့ပါတယ္။ က်န္းမာေရးေဖာက္ၿပီး ရုတ္တရက္ ေလယာဥ္မွဴး ေမ့လဲသြားတဲ့အခါ Mr.Bean ဟာ ေလယာဥ္မွဴးကုိယ္စား ေလယာဥ္ကုိ အႏၱရာယ္ကင္းစြာ ေမာင္းႏွင္ဆင္းသက္ခဲ့ပါတယ္။ ဘယ္တုန္းက ေလယာဥ္ေမာင္းသင္ထားတာလဲလုိ႔ေမးတဲ့အခါ တစ္ခါမွမေမာင္းဖူးပဲ ေမာင္းနည္းစာအုပ္သာ ဖတ္ဖူးေၾကာင္း ၊ ဖတ္ထားတဲ့အထဲက မွတ္မိသလုုိလုပ္ခဲ့တာလုိ႔ သူကျပန္ေျဖခဲ့ပါတယ္။

Mr.Bean ဇာတ္ေကာင္ရဲ႕နာမည္ဟာ အစက Mr. White ျဖစ္ပါတယ္။ ေနာက္ေတာ့ Mr. Cauliflower လုိ႔ေျပာင္းခဲ့ျပန္ပါတယ္။ ေနာက္ဆုံးမွာေတာ့ Mr.Bean ဆုိတဲ့နာမည္ အတည္ျဖစ္သြားခဲ့ျခင္းပါ။ Mr.Bean ဇာတ္လမ္းတြဲဟာ စုစုေပါင္း ၁၄ခုသာရွိၿပီး တစ္ခုကုိၾကာခ်ိန္ ၂၅မိနစ္သာ ရွိပါတယ္။ Mr.Bean ဇာတ္လမ္းတြဲေတြကို ႏိုင္ငံေပါင္း ၂၀၀ ေက်ာ္မွာ ထပ္ခါထပ္ခါ ျပသခဲ့ပါတယ္။ သူဟာ Mr.Bean ဇာတ္လမ္းတြဲေတြကို ၂၀၁၂ခုႏွစ္မွာ ရပ္နားခဲ့ၿပီး ဒီလုိရပ္နားရျခင္းဟာ သူ႔အသက္အရြယ္နဲ႔ ဆက္ရုိက္လုိ႔မသင့္ေတာ့တာေၾကာင့္ လုိ႔ဆုိပါတယ္။ ဇာတ္လမ္းတြဲေတြရပ္သြားေပမယ့္ ေႀကာ္ျငာနဲ႔ အျခားဇာတ္ကားတခ်ဳိ႕မွာေတာ့ Mr.Bean ဇာတ္ေကာင္ဟာ ပါ၀င္ေလ့ရွိပါတယ္။ ဟာသသရုပ္ေဆာင္ျဖစ္တဲ့သူဟာ စုံေထာက္ Maigret ဇာတ္ကားလုိ အတည္အခန္႔ဇာတ္လမ္းေတြလည္း ရုိက္ကူးခဲ့ဖူးပါတယ္။

ကားကို အလြန္၀ါသနာပါသလုိ ကားေမာင္းအလြန္ကြ်မ္းက်င္သူလည္းျဖစ္ပါတယ္။ ကားေမာင္းၿပဳိင္ပြဲတစ္ခုမွာ ဒုတိယ ရဖူးသလုိ ကားဂ်ာနယ္ မဂၢဇင္းေတြဟာ ကားနဲ႔ပတ္သတ္တဲ့ေဆာင္းပါးေတြ ေရးေလ့ရွိသူ လည္းျဖစ္ပါတယ္။ ကား crazy တစ္ဦးျဖစ္ၿပီး enault 5 GT Turbo, McLaren F1, Honda Civic Hybrid, Austin Metro, Audi A8 နဲ႔ Škoda Superb စတဲ့ကားေတြကို ပိုင္ဆုိင္ထားသူပါ။ လူေတြကိုေပ်ာ္ရႊင္ေအာင္လုပ္ခဲ့တဲ့အတြက္ ၂၀၁၃မွာ ၿဗိတိသွ်အင္ပါယာရဲ႕ Commander of the Order ဆုကိုရရွိခဲ့ပါတယ္။

————-

သင်မသိလောက်သေးတဲ့ Mr.Bean ရဲ့ အကြောင်းများ (unicode)

Mr.Bean ရဲ့ နာမည်အရင်းက Rowan Atkinson ဖြစ်ပါတယ်။ အဖိုးဖြစ်သူ Atkinson နဲ့ အဖေဖြစ်သူ Rowan ရဲ့နာမည်ကိုပေါင်းပြီး ပေးခဲ့တာပါ။ Mr. Bean ကို အင်္ဂလန်နိုင်ငံ Consett မြို့မှာ ၁၉၅၅ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့မှာ မွေးဖွားခဲ့ပြီး လက်ရှိအချိန်မှာ အသက် ၆၂နှစ် ရှိပါပြီ။ သူ့ရဲ့အရပ်အမြင့်ကတော့ ၅ပေ၁၁လက်မ ရှိပါတယ်။

ငယ်စဉ်က Durham Choristers ကျောင်းမှာတက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျောင်းနေဖက်သူငယ်ချင်းကတော့ နောင်တစ်ချိန်အင်္ဂလန် ဝန်ကြီးချုပ်ဖြစ်လာမယ့် တိုနီဘလဲ ဖြစ်ပါတယ်။

M.Bean ဟာ ဥာဏ်အလွန်ကောင်းသလို ပညာအလွန်ထူးချွန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ နယူးကက်ဆဲတက္ကသိုလ် ကနေ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့တဲ့ အထူးချွန်ဆုံးကျောင်းသားတစ်ယောက်ဖြစ်သလို ကမ္ဘာကျော်အောက်စ်ဖို့တက္ကသိုလ်က Queen’s College နေ မဟာအင်ဂျင်နီယာဘွဲ့ကိုရယူနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ပြုစုခဲ့တဲ့ စာတမ်းကတော့ self-tuning control system ဖြစ်ပါတယ်။

ကာတွန်းရုပ်ရှင်လောကမှာ အအောင်မြင်ဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ The Lion King ဇာတ်ကားမှာ အသံသရုပ်ဆောင်ခဲ့သူပါ။ အောက်ချင်းငှက်ကလေး Zazu နေရာက သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Mr. Bean ဇာတ်ကားကို စရိုက်တော့ ထုတ်လုပ်သူက အပြည့်အဝကုန်ကျမခံနိုင်တဲ့အတွက် သူ့ရဲ့တိုက်ခန်း နဲ့ ကားကို ရောင်းချပြီး ဖြည့်ကာ ရိုက်ကူးခဲ့ရပါတယ်။ အနုပညာလုပ်ခဲ့တာ နှစ်ပေါင်း ၂ဝနီးပါးရှိခဲ့ပေမယ့် လူသိပ်မသိခဲ့တဲ့သူ့ကို ဒီကားမှာ စသိလာသလို Mr.Bean ဇာတ်ကားဟာလည်း စံချိန်တင်ဝင်ငွေနဲ့ အအောင်မြင်ဆုံးဟာသဇာတ်ကားတစ်ကား ဖြစ်လာခဲ့ပါတယ်။ အဲဒီဇာတ်ကားအပြီးမှာ Rowan ဆိုတဲ့နာမည်ပျောက်သွားပြီး အားလုံးက Mr.Bean လို့သာခေါ်ကြပါတော့တယ်။ သူ့ရဲ့Teddy Bear အရုပ်ဟာလည်း အဲဒီနှစ်ရဲ့ အရောင်းရဆုံးရုပ်ဖြစ်ခဲ့ပါတယ်။

တစ်ခါတုန်းက ကင်ညာနိုင်ငံကို မိသားစုလိုက် လေယာဉ်နဲ့ အပန်းဖြေခရီးထွက်ခဲ့ပါတယ်။ ကျန်းမာရေးဖောက်ပြီး ရုတ်တရက် လေယာဉ်မှူး မေ့လဲသွားတဲ့အခါ Mr.Bean ဟာ လေယာဉ်မှူးကိုယ်စား လေယာဉ်ကို အန္တရာယ်ကင်းစွာ မောင်းနှင်ဆင်းသက်ခဲ့ပါတယ်။ ဘယ်တုန်းက လေယာဉ်မောင်းသင်ထားတာလဲလို့မေးတဲ့အခါ တစ်ခါမှမမောင်းဖူးပဲ မောင်းနည်းစာအုပ်သာ ဖတ်ဖူးကြောင်း ၊ ဖတ်ထားတဲ့အထဲက မှတ်မိသလိုလုပ်ခဲ့တာလို့ သူကပြန်ဖြေခဲ့ပါတယ်။

Mr.Bean ဇာတ်ကောင်ရဲ့နာမည်ဟာ အစက Mr. White ဖြစ်ပါတယ်။ နောက်တော့ Mr. Cauliflower လို့ပြောင်းခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာတော့ Mr.Bean ဆိုတဲ့နာမည် အတည်ဖြစ်သွားခဲ့ခြင်းပါ။ Mr.Bean ဇာတ်လမ်းတွဲဟာ စုစုပေါင်း ၁၄ခုသာရှိပြီး တစ်ခုကိုကြာချိန် ၂၅မိနစ်သာ ရှိပါတယ်။ Mr.Bean ဇာတ်လမ်းတွဲတွေကို နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ထပ်ခါထပ်ခါ ပြသခဲ့ပါတယ်။ သူဟာ Mr.Bean ဇာတ်လမ်းတွဲတွေကို ၂၀၁၂ခုနှစ်မှာ ရပ်နားခဲ့ပြီး ဒီလိုရပ်နားရခြင်းဟာ သူ့အသက်အရွယ်နဲ့ ဆက်ရိုက်လို့မသင့်တော့တာကြောင့် လို့ဆိုပါတယ်။ ဇာတ်လမ်းတွဲတွေရပ်သွားပေမယ့် ကြော်ငြာနဲ့ အခြားဇာတ်ကားတချို့မှာတော့ Mr.Bean ဇာတ်ကောင်ဟာ ပါဝင်လေ့ရှိပါတယ်။ ဟာသသရုပ်ဆောင်ဖြစ်တဲ့သူဟာ စုံထောက် Maigret ဇာတ်ကားလို အတည်အခန့်ဇာတ်လမ်းတွေလည်း ရိုက်ကူးခဲ့ဖူးပါတယ်။

ကားကို အလွန်ဝါသနာပါသလို ကားမောင်းအလွန်ကျွမ်းကျင်သူလည်းဖြစ်ပါတယ်။ ကားမောင်းပြိုင်ပွဲတစ်ခုမှာ ဒုတိယ ရဖူးသလို ကားဂျာနယ် မဂ္ဂဇင်းတွေဟာ ကားနဲ့ပတ်သတ်တဲ့ဆောင်းပါးတွေ ရေးလေ့ရှိသူ လည်းဖြစ်ပါတယ်။ ကား crazy တစ်ဦးဖြစ်ပြီး enault 5 GT Turbo, McLaren F1, Honda Civic Hybrid, Austin Metro, Audi A8 နဲ့ Škoda Superb စတဲ့ကားတွေကို ပိုင်ဆိုင်ထားသူပါ။ လူတွေကိုပျော်ရွှင်အောင်လုပ်ခဲ့တဲ့အတွက် ၂၀၁၃မှာ ဗြိတိသျှအင်ပါယာရဲ့ Commander of the Order ဆုကိုရရှိခဲ့ပါတယ်။

Leave a Reply