သမုဒၵရာေရေအာက္က ၀ံပုေလြငါးရွဥ့္အေၾကာင္း တေစ့တေစာင္း

Posted on

၀ံပုေလြငါးရွဥ့္(wolf eel ) ေတြဟာ ၀ံပုေလြငါး( wolffish) မ်ဳိးႏြယ္၀င္ျဖစ္ၿပိး ပစိဖိတ္သမုဒၵရာေျမာက္ပုိင္းမွာ ေတြ႔ရေလ့ရွိပါတယ္။ ငါးမ်ဳိးႏြယ္၀င္ဖစ္ေပမယ့္ အလြန္ရွည္လ်ားတဲ့ ခႏၶာကိုယ္ရွိတာေၾကာင့္ ငါးရွဥ့္နဲ႔ပုိတူၿပီး Wolf Eel လုိ႔ေပးထားရျခင္းျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ ၄ေပ၀န္းက်င္ခန္႔ရွိတတ္ၿပီး အရွည္ဆုံးေကာင္ေတြကေတာ့ ၇ေပအထိရွိတတ္ပါတယ္။ ပ်မ္းမွ်အေလးခ်ိန္က ၄၁ေပါင္ျဖစ္ၿပီး သူတုိ႔ရဲ႕သက္တမ္းကေတာ့ ၂၅ႏွစ္ ျဖစ္ပါတယ္။ ငါးအမ်ားစုကဲ့သုိ႔ သိသာတဲ့အေၾကးခြံေတြမရွိပါဘူး။ သူတုိ႔ရဲ႕အေၾကးခြံေတြဟာ အလြန္ေသးၿပီး ခႏၶာကိုယ္ထဲမွာနစ္ျမဳပ္ေနကာ ေခ်ာေမြ႔ေနေလ့ရွိပါတယ္။

ေရေအာက္က ဂူေတြထဲ ၊ ေက်ာက္ေဆာင္ေတြၾကား နဲ႔ သႏၱာေက်ာက္တန္းေတြၾကားမွာေနထုိင္ၾကၿပီး ေရေအာက္ အနက္ေပ ၇၀၀ေက်ာ္ အထိသြားေရာက္ႏုိင္ၾကပါတယ္။ ဂ်ပန္ပင္လယ္ ၊ Aleutian နဲ႔ ကယ္လီဖုိးနီးယားေတာင္ပုိင္းေတြမွာ ရံဖန္ရံခါေတြ႔ရတတ္ပါတယ္။ ပုံမွန္အားျဖင့္ေတာ့ လူေတြကို အႏၱရာယ္ျပဳေလ့မရွိပါဘူး။ ဒါေပမယ့္ ရံဖန္ရံခါေတာ့ ကုိက္တတ္ၿပီး အဲဒီအခါမ်ဳိးမွာ အလြန္အမင္းနာက်င္စြာခံစားရတတ္ပါတယ္။ ကူးေခတ္ရာမွာ အလြန္ေႏွးေကြးၿပီး ေရငုပ္သူေတြနဲ႔ အကြ်မ္းတ၀င္ရွိတဲ့ငါးေတြျဖစ္ပါတယ္။ အထီး အမ ႏွစ္ေကာင္အၿမဲတပူးပူးတတြဲတြဲေနေလ့ရွိပါတယ္။ ဥေတြဥတဲ့အခါမ်ဳိးမွာေတာ့ တစ္ေကာင္က ဥေတြကုိေစာင့္ေရွာက္ၿပီး က်န္တစ္ေကာင္က အစာသြားရွာေလ့ရွိပါတယ္။ တစ္ခါဥရင္ ဥေပါင္း ၁ေသာင္း၀န္းက်င္ခန္႔ဥတတ္ၿပီး ဥေပါက္ဖုိ႔ေတာ့ ၁၃ပတ္ကေန ၁၆ပတ္ခန္႔ၾကာေလ့ရွိပါတယ္။

ပုဇြန္ထုပ္ ၊ သံပျခဳပ္ေကာင္ ၊ ဂုံး နဲ႔ ငါးအေသးစားေလးေတြဟာ သူတုိ႔ရဲ႕အစာျဖစ္ပါတယ္။ အလြန္သန္မာတဲ့သြားနဲ႔ ခုိင္ခန္႔တဲ့ေမးရုိးေတြနဲ႔ အစာေတြကုိ ႀကိတ္ေခ်စားေလ့ရွိပါတယ္။ ဒီငါးေတြရဲ႕ပုံစံဟာ အလြန္ေၾကာက္မက္ဖြယ္ရာျဖစ္ေပမယ့္ လူေတြကေတာ့ အစားအစာတစ္ခုအျဖစ္ ခ်က္ျပဳတ္ စားေသာက္ေလ့ရွိပါတယ္။ အေမရိကအေနာက္ေျမာက္ပိုင္းကမ္းရုိးတန္းက လူမ်ဳိးစုေတြကေတာ့ ဒီငါးေတြကို ဆရာ၀န္ငါးလုိ႔ေခၚေလ့ရွိပါတယ္။ သူတုိ႔ရဲ႕ရုိးရာေဆးဆရာေတြက ဒီငါးေတြဟာ ေရာဂါေတြကို ေပ်ာက္ကင္းဖုိ႔ အေထာက္အကူေပးတာေၾကာင့္ မ်ားမ်ားစားဖုိ႔ တုိက္တြန္းေလ့ရွိပါတယ္။

VIDEO

———

သမုဒ္ဒရာရေအောက်က ဝံပုလွေငါးရှဉ့်အကြောင်း တစေ့တစောင်း (unicode)

ဝံပုလွေငါးရှဉ့်(wolf eel ) တွေဟာ ဝံပုလွေငါး( wolffish) မျိုးနွယ်ဝင်ဖြစ်ပြိး ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းမှာ တွေ့ရလေ့ရှိပါတယ်။ ငါးမျိုးနွယ်ဝင်ဖစ်ပေမယ့် အလွန်ရှည်လျားတဲ့ ခန္ဓာကိုယ်ရှိတာကြောင့် ငါးရှဉ့်နဲ့ပိုတူပြီး Wolf Eel လို့ပေးထားရခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၄ပေဝန်းကျင်ခန့်ရှိတတ်ပြီး အရှည်ဆုံးကောင်တွေကတော့ ၇ပေအထိရှိတတ်ပါတယ်။ ပျမ်းမျှအလေးချိန်က ၄၁ပေါင်ဖြစ်ပြီး သူတို့ရဲ့သက်တမ်းကတော့ ၂၅နှစ် ဖြစ်ပါတယ်။ ငါးအများစုကဲ့သို့ သိသာတဲ့အကြေးခွံတွေမရှိပါဘူး။ သူတို့ရဲ့အကြေးခွံတွေဟာ အလွန်သေးပြီး ခန္ဓာကိုယ်ထဲမှာနစ်မြုပ်နေကာ ချောမွေ့နေလေ့ရှိပါတယ်။

ရေအောက်က ဂူတွေထဲ ၊ ကျောက်ဆောင်တွေကြား နဲ့ သန္တာကျောက်တန်းတွေကြားမှာနေထိုင်ကြပြီး ရေအောက် အနက်ပေ ၇၀၀ကျော် အထိသွားရောက်နိုင်ကြပါတယ်။ ဂျပန်ပင်လယ် ၊ Aleutian နဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းတွေမှာ ရံဖန်ရံခါတွေ့ရတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ လူတွေကို အန္တရာယ်ပြုလေ့မရှိပါဘူး။ ဒါပေမယ့် ရံဖန်ရံခါတော့ ကိုက်တတ်ပြီး အဲဒီအခါမျိုးမှာ အလွန်အမင်းနာကျင်စွာခံစားရတတ်ပါတယ်။ ကူးခေတ်ရာမှာ အလွန်နှေးကွေးပြီး ရေငုပ်သူတွေနဲ့ အကျွမ်းတဝင်ရှိတဲ့ငါးတွေဖြစ်ပါတယ်။ အထီး အမ နှစ်ကောင်အမြဲတပူးပူးတတွဲတွဲနေလေ့ရှိပါတယ်။ ဥတွေဥတဲ့အခါမျိုးမှာတော့ တစ်ကောင်က ဥတွေကိုစောင့်ရှောက်ပြီး ကျန်တစ်ကောင်က အစာသွားရှာလေ့ရှိပါတယ်။ တစ်ခါဥရင် ဥပေါင်း ၁သောင်းဝန်းကျင်ခန့်ဥတတ်ပြီး ဥပေါက်ဖို့တော့ ၁၃ပတ်ကနေ ၁၆ပတ်ခန့်ကြာလေ့ရှိပါတယ်။

ပုဇွန်ထုပ် ၊ သံပခြုပ်ကောင် ၊ ဂုံး နဲ့ ငါးအသေးစားလေးတွေဟာ သူတို့ရဲ့အစာဖြစ်ပါတယ်။ အလွန်သန်မာတဲ့သွားနဲ့ ခိုင်ခန့်တဲ့မေးရိုးတွေနဲ့ အစာတွေကို ကြိတ်ချေစားလေ့ရှိပါတယ်။ ဒီငါးတွေရဲ့ပုံစံဟာ အလွန်ကြောက်မက်ဖွယ်ရာဖြစ်ပေမယ့် လူတွေကတော့ အစားအစာတစ်ခုအဖြစ် ချက်ပြုတ် စားသောက်လေ့ရှိပါတယ်။ အမေရိကအနောက်မြောက်ပိုင်းကမ်းရိုးတန်းက လူမျိုးစုတွေကတော့ ဒီငါးတွေကို ဆရာဝန်ငါးလို့ခေါ်လေ့ရှိပါတယ်။ သူတို့ရဲ့ရိုးရာဆေးဆရာတွေက ဒီငါးတွေဟာ ရောဂါတွေကို ပျောက်ကင်းဖို့ အထောက်အကူပေးတာကြောင့် များများစားဖို့ တိုက်တွန်းလေ့ရှိပါတယ်။

Leave a Reply