ခင္ပြန္းျဖစ္သူက အိမ္မႈကိစၥဒုိင္ခံလုပ္လုိ႔ ကြာရွင္းခဲ့တဲ့ အမ်ဳိးသမီး

Posted on

ဒီလိုထူးထူးျခားျခား အျဖစ္ကေတာ့ အီဂ်စ္ႏုိင္ငံ ကုိင္ရုိၿမဳိ႕မွာျဖစ္ခဲ့တာပါ။ ပုံမွန္ဆုိရင္ မိန္းကေလးအမ်ားစုဟာ စီးပြားေရးေအာင္ျမင္ၿပီး အိမ္မႈကိစၥကူလုပ္ေပးတဲ့ေယာက်ၤားမ်ဳိးကို အလုိရွိၾကတာပါ။ အသက္ ၂၈ႏွစ္ အရြယ္ Samar ဆုိတဲ့ အမ်ဳိးသမီးကေတာ့ ေယာက်ၤားက အိမ္မႈကိစၥမလုပ္ခုိင္းတာေၾကာင့္ အႀကီးအက်ယ္ေပါက္ကြဲခဲ့ၿပီး ကြာရွင္းဖုိ႔ အထိျဖစ္ခဲ့တာပါ။

သူမရဲ႕ ေယာက်ၤားဟာ ေအာင္ျမင္တဲ့အ၀တ္အထည္စတုိးဆုိင္ တစ္ခုကို ပုိင္ဆုိင္ထားသူပါ။ ၀န္ထမ္းမ်ားစြာငွားထားတာေၾကာင့္ ဆုိင္မွာရံဖန္ရံခါမွသာ ရွိတတ္ၿပီး အိမ္မွာပဲ အၿမဲေနေလ့ရွိသူပါ။ သူမတုိ႔ လက္ထပ္တဲ့ႏွစ္ပတ္အတြင္းမွာ ေယာက်ၤားျဖစ္သူဟာ အိမ္မွာပဲေနၿပီး အိမ္သန္႔ရွင္းေရး နဲ႔ ပရိေဘာဂေတြ ေနရာခ်တဲ့အလုပ္သာ လုပ္ေနေတာ့ပါတယ္။ သူမက ကူညီလုပ္ေပးဖုိ႔ ႀကဳိးစားေပမယ့္ သူမကို လုံး၀မလုပ္ခုိင္းခဲ့ပါဘူး။ အတင္းလုပ္တဲ့အခါမွာေတာ့ “မင္းငါ့အိမ္မွာေနမယ္ဆုိရင္ ငါ့စည္းမ်ဥ္းေတြနားေထာင္ရမယ္ ၊ အိမ္မႈကိစၥလုံး၀ မလုပ္ရဘူး” ဆုိတဲ့ အမိန္႔သာရခဲ့ပါတယ္။

” ကြ်န္မတုိ႔လက္ထပ္တာ ၂ပတ္ပဲ ရွိပါေသးတယ္။ ခ်စ္သူသက္တမ္းကေတာ့ ၂ႏွစ္ေက်ာ္ရွိပါၿပီ။ ဒါေပမယ့္ အခုကြ်န္မသူ႔ကုိ အရမ္းမုန္းေနပါၿပီ။ ေယာက်ၤားရတာနဲ႔ မတူပဲ အိမ္ေထာင္ရွင္မ တစ္ေယာက္ကုိ ယူလုိက္ရသလုိပါပဲ။ အ၀တ္ေလွ်ာ္တာ ၊ အိမ္သန္႔ရွင္းေရးလုပ္တာေတြကုိ လုံး၀လုပ္ခြင့္မျပဳတဲ့အျပင္ အိမ္ကတီဗီကိုေတာင္ ႀကဳိက္တဲ့ေနရာထားခြင့္မရွိပါဘူး။ ကြ်န္မအရမ္းပ်င္းေနပါၿပီ” လုိ႔ သူကြာရွင္းရတဲ့အေၾကာင္းအရင္းကိုေျပာပါတယ္။

ဒီအေၾကာင္းကို ေယာက်ၤားျဖစ္သူရဲ႕ မိဘေတြကိုေျပာျပတဲ့အခါမွာေတာ့ အံၾသကုန္ၾကပါတယ္။ သူတုိ႔ရဲ႕သားျဖစ္သူဟာ မိဘေတြနဲ႔ ေနစဥ္တစ္ေလွ်ာက္မွာ အိမ္မႈကိစၥေတြကို တစ္ခါမွ မလုပ္ဖူးလုိ႔ပါတဲ့။ Samar ေရွ႕မွာေတာ့ ေယာက်ၤားျဖစ္သူဟာ အိမ္အလုပ္ေတြကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္လုပ္ေနပါတယ္။
“သူက အိမ္ရွင္မလား ကြ်န္မက အိမ္ရွင္မလား ၊ ဒီအလုပ္ေတြဟာ ကြ်န္မတစ္သက္လုံးလုပ္လာတဲ့ အလုပ္ေတြပါ။ အခုဘာမွ မလုပ္ရေတာ့ဘူး။ ဟင္းခ်က္တာ ၊ အ၀တ္ေလွ်ာ္တာက အစ ေစ်း၀ယ္တာ ေရခဲေသတၱာထဲပစၥည္းေတြေနရာခ်တာက အစ သူပဲလုပ္ပါတယ္။ အဲဒီေတာ့ ဘာမွလုပ္ခြင့္မရွိတဲ့ ကြ်န္မက ဧည့္သည္တစ္ေယာက္နဲ႔ ဘာမ်ားထူးဦးမွာလဲ” လုိ႔ Samar က ဆုိပါတယ္။

လြတ္လပ္စြာ အိမ္မႈကိစၥေတြလုပ္ခြင့္မျပဳတဲ့အေၾကာင္းျပခ်က္နဲ႔ ကိုင္ရုိ တရားရုံးမွာ ကြာရွင္းခြင့္ေတာင္းခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ မကြာရွင္းရေသးပဲ တရားရင္ဆုိင္ေနဆဲျဖစ္ပါတယ္။ ကြာရွင္းမယ္ဆုိရင္ေတာ့ လက္ထပ္စဥ္ ေယာက်ၤားျဖစ္သူက သူမကို တင္ေတာင္းခဲ့တဲ့ ပစၥည္းေတြအားလုံးကို ျပန္ေပးရမွာျဖစ္ပါတယ္။

———–

ခင်ပွန်းဖြစ်သူက အိမ်မှုကိစ္စဒိုင်ခံလုပ်လို့ ကွာရှင်းခဲ့တဲ့ အမျိုးသမီး (unicode)

ဒီလိုထူးထူးခြားခြား အဖြစ်ကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာဖြစ်ခဲ့တာပါ။ ပုံမှန်ဆိုရင် မိန်းကလေးအများစုဟာ စီးပွားရေးအောင်မြင်ပြီး အိမ်မှုကိစ္စကူလုပ်ပေးတဲ့ယောင်္ကျားမျိုးကို အလိုရှိကြတာပါ။ အသက် ၂၈နှစ် အရွယ် Samar ဆိုတဲ့ အမျိုးသမီးကတော့ ယောင်္ကျားက အိမ်မှုကိစ္စမလုပ်ခိုင်းတာကြောင့် အကြီးအကျယ်ပေါက်ကွဲခဲ့ပြီး ကွာရှင်းဖို့ အထိဖြစ်ခဲ့တာပါ။

သူမရဲ့ ယောင်္ကျားဟာ အောင်မြင်တဲ့အဝတ်အထည်စတိုးဆိုင် တစ်ခုကို ပိုင်ဆိုင်ထားသူပါ။ ဝန်ထမ်းများစွာငှားထားတာကြောင့် ဆိုင်မှာရံဖန်ရံခါမှသာ ရှိတတ်ပြီး အိမ်မှာပဲ အမြဲနေလေ့ရှိသူပါ။ သူမတို့ လက်ထပ်တဲ့နှစ်ပတ်အတွင်းမှာ ယောင်္ကျားဖြစ်သူဟာ အိမ်မှာပဲနေပြီး အိမ်သန့်ရှင်းရေး နဲ့ ပရိဘောဂတွေ နေရာချတဲ့အလုပ်သာ လုပ်နေတော့ပါတယ်။ သူမက ကူညီလုပ်ပေးဖို့ ကြိုးစားပေမယ့် သူမကို လုံးဝမလုပ်ခိုင်းခဲ့ပါဘူး။ အတင်းလုပ်တဲ့အခါမှာတော့ “မင်းငါ့အိမ်မှာနေမယ်ဆိုရင် ငါ့စည်းမျဉ်းတွေနားထောင်ရမယ် ၊ အိမ်မှုကိစ္စလုံး၀ မလုပ်ရဘူး” ဆိုတဲ့ အမိန့်သာရခဲ့ပါတယ်။

” ကျွန်မတို့လက်ထပ်တာ ၂ပတ်ပဲ ရှိပါသေးတယ်။ ချစ်သူသက်တမ်းကတော့ ၂နှစ်ကျော်ရှိပါပြီ။ ဒါပေမယ့် အခုကျွန်မသူ့ကို အရမ်းမုန်းနေပါပြီ။ ယောင်္ကျားရတာနဲ့ မတူပဲ အိမ်ထောင်ရှင်မ တစ်ယောက်ကို ယူလိုက်ရသလိုပါပဲ။ အဝတ်လျှော်တာ ၊ အိမ်သန့်ရှင်းရေးလုပ်တာတွေကို လုံးဝလုပ်ခွင့်မပြုတဲ့အပြင် အိမ်ကတီဗီကိုတောင် ကြိုက်တဲ့နေရာထားခွင့်မရှိပါဘူး။ ကျွန်မအရမ်းပျင်းနေပါပြီ” လို့ သူကွာရှင်းရတဲ့အကြောင်းအရင်းကိုပြောပါတယ်။

ဒီအကြောင်းကို ယောင်္ကျားဖြစ်သူရဲ့ မိဘတွေကိုပြောပြတဲ့အခါမှာတော့ အံဩကုန်ကြပါတယ်။ သူတို့ရဲ့သားဖြစ်သူဟာ မိဘတွေနဲ့ နေစဉ်တစ်လျှောက်မှာ အိမ်မှုကိစ္စတွေကို တစ်ခါမှ မလုပ်ဖူးလို့ပါတဲ့။ Samar ရှေ့မှာတော့ ယောင်္ကျားဖြစ်သူဟာ အိမ်အလုပ်တွေကို ပျော်ပျော်ရွှင်ရွှင်လုပ်နေပါတယ်။
“သူက အိမ်ရှင်မလား ကျွန်မက အိမ်ရှင်မလား ၊ ဒီအလုပ်တွေဟာ ကျွန်မတစ်သက်လုံးလုပ်လာတဲ့ အလုပ်တွေပါ။ အခုဘာမှ မလုပ်ရတော့ဘူး။ ဟင်းချက်တာ ၊ အဝတ်လျှော်တာက အစ ဈေးဝယ်တာ ရေခဲသေတ္တာထဲပစ္စည်းတွေနေရာချတာက အစ သူပဲလုပ်ပါတယ်။ အဲဒီတော့ ဘာမှလုပ်ခွင့်မရှိတဲ့ ကျွန်မက ဧည့်သည်တစ်ယောက်နဲ့ ဘာများထူးဦးမှာလဲ” လို့ Samar က ဆိုပါတယ်။

လွတ်လပ်စွာ အိမ်မှုကိစ္စတွေလုပ်ခွင့်မပြုတဲ့အကြောင်းပြချက်နဲ့ ကိုင်ရို တရားရုံးမှာ ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။ လောလောဆယ်မှာတော့ မကွာရှင်းရသေးပဲ တရားရင်ဆိုင်နေဆဲဖြစ်ပါတယ်။ ကွာရှင်းမယ်ဆိုရင်တော့ လက်ထပ်စဉ် ယောင်္ကျားဖြစ်သူက သူမကို တင်တောင်းခဲ့တဲ့ ပစ္စည်းတွေအားလုံးကို ပြန်ပေးရမှာဖြစ်ပါတယ်။

Leave a Reply