စိတ္၀င္စားဖြယ္ ပုဏၰကတိုက္ျခင္း အေၾကာင္း

Posted on

Written by Phyo Aung

ပုဏၰကတိုက္ျခင္းသည္ ေရွးပေဝသဏီမွစ၍ ယေန႕အထိ ကမာၻအရပ္ရပ္၌ ျဖစ္ပြားေလ့ရွိၿပီး အေနာက္နိုင္ငံသတင္းစာမ်ား၌ တခါတရံ ေရးသားေဖာ္ျပတတ္ၾက၏။ ပုဏၰကတုိက္ျခင္း(Poltergeist) သည္ မူရင္း အဂၤလိပ္စကားမဟုတ္ပဲ ဂ်ာမန္စကားမွ ဆင္းသက္လာခဲ့ျခင္းျဖစ္သည္။ ဆူညံေသာ၀ိဥာဥ္ ဟု အဓိပၸါယ္ရသည္။ ျမန္မာ အဂၤလိပ္အဘိဓာန္ျပဳစုသူ ေဒါက္တာဘဟန္ က သူ၏အဘိဓာန္တြင္ “ပုဏၰက” ဟု ေဖာ္ျပသည္။ ႏုိင္ငံတုိင္းတြင္ ပုဏၰကတုိက္ေလ့ရွိသည္။ ကမာၻေက်ာ္ဂမီၻရပညာရွင္ Nandor Fodor က သူ၏စာအုပ္တြင္ ကမာၻ႔ႏုိင္ငံအသီးသီးတြင္ျဖစ္ပြားခဲ့ေသာ ပုဏၰကတုိက္မႈစာရင္းကုိ ေအာက္ပါအတုိင္းျပဳစုထားသည္။

(၁) အဂၤလန္ႏိုင္ငံ – ၁၂၇ ႀကိမ္
(၂) ျပင္သစ္ႏိုင္ငံ – ၅၈ ႀကိမ္
(၃) အေမရိကန္ ျပည္ေထာင္စု – ၅၆ ႀကိမ္
(၄) ဂ်ာမနီႏိုင္ငံ – ၂၉ ႀကိမ္

(၅) အီတလီႏိုင္ငံ – ၁၅ ႀကိမ္
(၆) ကေနဒါႏိုင္ငံ – ၁၃ ႀကိမ္
(၇) အိႏၵိယႏိုင္ငံ – ၈ ႀကိမ္
(၈) ႐ုရွားႏိုင္ငံ – ၇ ႀကိမ္

ပုဏၰကတိုက္မႈ၏ လကၡဏာမ်ား

ပုဏၰကတိုက္မႈမ်ား၏ လကၡဏာျခင္းရာမ်ားမွာ တစ္ပုံစံတည္းလိုျဖစ္၏။ ထိုသို႔ျဖစ္ပြားေသာ အိမ္မ်ား၌ တံခါးေခါက္သံ ၊ ထုသံ ၊ ရိုက္သံ၊ ေလးလံေသာ အရာဝတၳဳမ်ား ၾကမ္းေပၚသို႔ က်လာေသာ အသံမ်ားကို ၾကားရ၏။ အိပ္ရာ ၊ ခုတင္၊ စားပြဲ၊ ကုလားထိုင္ ႏွင့္ အျခားပစၥည္းမ်ား သြက္သြက္ခါ ေအာင္လႈပ္ရွားျခင္း၊ တစ္စုံတစ္ေယာက္က ဆြဲယူသြားသလို ေ႐ြ႕လ်ားသြားျခင္း၊ အဝတ္မ်ားကို မီးစြဲေလာင္ျခင္း၊ ေက်ာက္ခဲမ်ား ႏွင့္သဲမ်ား မ်က္ႏွာက်က္မွေသာ္လည္းေကာင္း ၊ အိမ္ေခါင္းမိုးေပၚသို႔လည္း ေကာင္း ဘယ္ကမွန္း မသိ က်လာတတ္ျခင္း စေသာ ထူးဆန္းသည့္ အျခင္းအရာမ်ား ျဖစ္ပြားတတ္၏။

ရန္ကုန္ၿမိဳ႕က ပုဏၰကတိုက္မႈ ႏွစ္ခု

၂၀၁၀ ခုႏွစ္ကုန္ပိုင္းႏွင့္ ၂၀၁၁ ေႏွာင္းပိုင္းမ်ားက ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္ႏွစ္ခု၌ ေနအိမ္တိုက္ခန္းအတြင္းမွ အဝတ္အစားမ်ား၊ အိပ္ယာခင္းမ်ား ၊ အရာဝတၳဳမ်ား ထူးဆန္းစြာ မီး မ်ား႐ုတ္တရက္ စြဲလာေသာေၾကာင့္ မီးသတ္ကားမ်ားႏွင့္ ရပ္ကြက္လူႀကီးမ်ား က ၎အိမ္မ်ား၌ ေန႕ေရာညပါ ရက္အေတာ္ၾကာေစာင့္ၾကည့္ခဲ့ၾကရသည္။ ထိုအိမ္မ်ား၌ အံ့ဖြယ္သရဲ မီးထေလာင္တိုင္း ဝိုင္းဝန္းၿငိမ္းသတ္ေပးခဲ့ရေသာ သတင္းမ်ားကို Eleven သတင္းမ်ားႏွင့္ အျခား ျပည္တြင္းသတင္းစာ၊ ဂ်ာနယ္မ်ားမွ ေဖာ္ျပခဲ့ၾကသည္ကို ထူးထူးျခားျခား ဖတ္ရႈခဲ့ရ၏။

အိပ္ေနသူကို မယူသြားေသာ ပုဏၰကတိုက္မႈ

ပုဏၰကတိုက္ျခင္းကို စူးစမ္းေလ့လာခဲ့ေသာ စိတ္ပညာရွင္ ဆာဝီလီယံ ဘာရက္ ၏ အဆိုအရ အရာဝတၳဳမ်ားသည္ ဓမၼတာ အတိုင္းမဟုတ္ဘဲ ေလထဲသို႔ပ်ံတက္ၿပီး ေႏွးေကြးစြာ ေဝွ႕ဝိုက္ ေ႐ြ႕လ်ားေနတတ္၏။ ေအာက္သို႔ က်ေသာအခါ ၾကည့္ေနသူမ်ားကို မထိခိုက္ဘဲ ညင္သာစြာ က်လာတတ္၏။ တခါတရံ ပန္းကန္ခြက္ေယာက္မ်ားမွာတစ္စုံတစ္ေယာက္ ကပစ္ေပါက္လိုက္သလို ျပန႔္က်ဲ၍ ကြဲအက္ပ်က္စီးသြား၏။ အိပ္ရာေပၚ၌ အိပ္ေနသူမ်ားကို ညင္သာစြာ မယူဆြဲခ်ၿပီး အိပ္ရာခင္း၊ ေခါင္းအုံးမ်ားကို ဆြဲယူသြား၏။

ေနမိႏၵရ ေတာင္ေပၚက အေစာင့္အၾကပ္မ်ား

၁၉၀၀ ျပည့္လြန္ႏွစ္မ်ားက သထုံၿမိဳ႕၊ ေနမိႏၵရ ေတာင္ေပၚ၌ သိမ္ေဆာက္ရန္ ေက်ာက္တိုင္မ်ား၊ သစ္ဝါးမ်ား ကို အစုအလိုက္အပုံအလိုက္ ေတာင္ေပၚသို႔ပို႔ေဆာင္ ထားၾကၿပီးေနာက္လူအင္အား ဆယ္ေယာက္ ေက်ာ္ျဖင့္ ညေရာက္တိုင္း အထူးေစာင့္ၾကပ္ၾက၏။
သို႔ေသာ္ ေနာက္တေန႕နံနက္မိုးလင္းတိုင္း သိမ္ေဆာက္ရန္ပစၥည္းမ်ားႏွင့္တကြ အေစာင့္အၾကပ္မ်ားအားလုံးသည္ သူတို႔၏ပစၥည္းမ်ား၊ ႐ြက္ဖ်င္တဲမ်ား ႏွင့္အတူ ေတာင္ေအာက္သို႔ထူးဆန္းစြာ ေရာက္ေနၾကသည္ကို အံ့ဖြယ္သရဲ အႀကိမ္ႀကိမ္ႀကဳံခဲ့ၾကရေၾကာင္း စြန္းလြန္းဆရာေတာ္ဘုရား၏ ေထ႐ုပၸတိၱ စာအုပ္တြင္ေရးသား ေဖာ္ျပထားသည္။

ဆယ္ေက်ာ္သက္မ်ားရွိေနစဥ္ ပုဏၰကတိုက္မႈမ်ား

ပုဏၰကတိုက္ေသာ ေနရာမ်ား၌ ဆယ္ေက်ာက္သက္ အ႐ြယ္ အပ်ိဳေပါက္၊ လူပ်ိဳေပါက္ တစ္ဦးဦးရွိေနတတ္ သည္ဟုသိရ၏။ ၎တို႔မရွိေသာ အခါ အံ့ဖြယ္သရဲ အျဖစ္အပ်က္မ်ား မွာရပ္စဲသြားေလ့ရွိသည္။ ၎တို႔၏ လက္ခ်က္မဟုတ္ေသာ္လည္း ၎တို႔ကိုအေၾကာင္းျပဳ၍ ျဖစ္ပြားသည္ဟု ယူဆထားၾက၏။ ပုဏၰကတိုက္ေသာ အိမ္မ်ား၌ ေတြ႕ရေသာ ဆယ္ေက်ာ္သက္လူငယ္မ်ားမွာ အမ်ားအားျဖင့္ စိတ္ပုံမမွန္ေသာ သူမ်ား၊ စိတ္မတည္ၿငိမ္ေသာသူမ်ား ျဖစ္ေနေလ့ရွိသည္။

ဆယ္ေက်ာ္သက္၏ အိပ္ယာမွ ထူးဆန္းေသာအသံမ်ား

ပုဏၰကတိုက္ေသာအိမ္မွ အသက္၁၄ ႏွစ္အ႐ြယ္မိန္းကေလးတစ္ဦးမွာ စိတ္ပုံမွန္မဟုတ္ေသာသူ ျဖစ္၏။ သူ အိပ္ေပ်ာ္ေနစဥ္ သုေတသီမ်ားက ေစာင့္ၾကည့္ခဲ့ၾကရာ အိပ္ယာမွာ ျပင္းထန္စြာ တုန္ခါ၍ ထူးဆန္းေသာအသံမ်ား ထြက္ေပၚလာသည္ကို ႀကဳံခဲ့ၾကရသည္။

ဖန္ခြက္မ်ားကို ကြဲေစေသာ ၁၆ႏွစ္သား

ဖရိဗတ္တကၠသိုလ္မွ စိတ္ဝိညာဥ္သုေတသီ ဆရာတစ္ဦးႏွင့္ စိတ္ပညာရွင္တစ္ဦး တို႔သည္ ဂ်ာမဏီ ၊ ဟမ္းဘတ္ၿမိဳ႕ ရွိ ဖန္ႏွင့္ မွန္ပစၥည္းမ်ားအေရာင္းဆိုင္၌ လုပ္ကိုင္ေနေသာ အသက္၁၆ႏွစ္ လူငယ္တစ္ဦးကို ေစာင့္ၾကည့္ေလ့လာခဲ့ၾကသည္။ ထိုလူငယ္ ရွိေနစဥ္ တခါတရံ၌ ဆိုင္ရွိ ဖန္ခြက္မ်ား ၊ ပန္းကန္ျပားမ်ား ထူးဆန္းစြာ အလိုလိုၾကမ္းျပင္ေပၚ သို႔က်၍ ကြဲကုန္၏။
ထိုလူငယ္အား စိတ္ပညာရွင္၏ ႐ုံးခန္းထဲသို႔ ေခၚလာရာ ႐ုံးခန္းထဲရွိ ဖန္ခြက္မ်ား အလိုလိုကြဲၾကကုန္၏။

သံဝက္အူမ်ားလည္း မခံနိုင္ပါ

ထိုလူငယ္အား အျခားစက္႐ုံတစ္ခုသို႔ ေခၚေဆာင္၍ ေလ့လာၾကည့္ရာ လူငယ္၏ အနီးနားရွိ သံဝက္အူမ်ားသည္ ထူးဆန္းစြာ အလိုအေလ်ာက္ ေခ်ာင္က်လာသည္ကို ေတြ႕ၾကရျပန္သည္။

အေျဖရွာမရေသာ စိတ္၏စြမ္းရည္ထူးမ်ား

ေလ့လာခဲ့ၾကေသာအေနာက္တိုင္းမွ သုေတသီဆရာတို႔၏ အဆိုအရ ၎အျဖစ္အပ်က္မ်ားမွာ ေသသူတစ္ဦးဦးနဲ႕ ပတ္သက္မႈမရွိ။ အာ႐ုံထင္ျခင္းမ်ိဳးလည္းမဟုတ္။ ၾကည့္ရႈသူမ်ားအားလုံး က အရာဝတၳဳမ်ား ထူးဆန္းစြာ ေ႐ြ႕လ်ားေနသည္ကို အထင္အရွား ေတြ႕ျမင္ၾကရ၏။
အထက္ပါသတင္းမွတ္တမ္းမ်ား ႏွင့္ စိတ္ဝိညာဥ္သုေတသီတို႔ ၏ ေတြ႕ရွိခ်က္မ်ားအရ ေရွးက ျမန္မာတို႔ ယုံၾကည္ခဲ့ၾကသလို ပေယာဂဆရာတို႔၏ ေအာက္လမ္းပညာအစြမ္းေၾကာင့္မဟုတ္ဘဲ စိတ္ဂဏွာ မၿငိမ္ျဖစ္ေနေသာ လူပ်ိဳ ၊ အပ်ိဳေပါက္တို႔၏ စိတ္ဝိညာဥ္က ႐ုပ္ဝတၳဳမ်ားကို အံ့ဖြယ္သရဲ လႈပ္ရွားသြားလာနိုင္ေအာင္ ျပဳလုပ္ ဖန္တီးျခင္း ျဖစ္ေၾကာင္း(သို႔မဟုတ္)သိပၸံပညာျဖင့္ ရွင္းျပ၍မရအပ္ေသာ ႐ုပ္ကိုစိတ္ကေစစား ျခင္းျဖစ္ေၾကာင္း ထင္ရွားေပသည္။

ကမာၻတစ္လႊားက ပုဏၰကတုိက္ျခင္း ဗီဒီယုိကိုေအာက္မွာ ၾကည့္ႏုိင္ပါတယ္။

ကိုးကား။ ။ စိတ္ဝိညာဥ္ဆိုင္ရာ ေလ့လာေတြ႕ရွိခ်က္မ်ား (ဦးေအးေမာင္)

————

စိတ်ဝင်စားဖွယ် ပုဏ္ဏကတိုက်ခြင်း အကြောင်း (unicode)

Written by Phyo Aung

ပုဏ္ဏကတိုက်ခြင်းသည် ရှေးပဝေသဏီမှစ၍ ယနေ့အထိ ကမ္ဘာအရပ်ရပ်၌ ဖြစ်ပွားလေ့ရှိပြီး အနောက်နိုင်ငံသတင်းစာများ၌ တခါတရံ ရေးသားဖော်ပြတတ်ကြ၏။ ပုဏ္ဏကတိုက်ခြင်း(Poltergeist) သည် မူရင်း အင်္ဂလိပ်စကားမဟုတ်ပဲ ဂျာမန်စကားမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ဆူညံသောဝိဥာဉ် ဟု အဓိပ္ပါယ်ရသည်။ မြန်မာ အင်္ဂလိပ်အဘိဓာန်ပြုစုသူ ဒေါက်တာဘဟန် က သူ၏အဘိဓာန်တွင် “ပုဏ္ဏက” ဟု ဖော်ပြသည်။ နိုင်ငံတိုင်းတွင် ပုဏ္ဏကတိုက်လေ့ရှိသည်။ ကမ္ဘာကျော်ဂမ္ဘီရပညာရှင် Nandor Fodor က သူ၏စာအုပ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ဖြစ်ပွားခဲ့သော ပုဏ္ဏကတိုက်မှုစာရင်းကို အောက်ပါအတိုင်းပြုစုထားသည်။

(၁) အင်္ဂလန်နိုင်ငံ – ၁၂၇ ကြိမ်
(၂) ပြင်သစ်နိုင်ငံ – ၅၈ ကြိမ်
(၃) အမေရိကန် ပြည်ထောင်စု – ၅၆ ကြိမ်
(၄) ဂျာမနီနိုင်ငံ – ၂၉ ကြိမ်

(၅) အီတလီနိုင်ငံ – ၁၅ ကြိမ်
(၆) ကနေဒါနိုင်ငံ – ၁၃ ကြိမ်
(၇) အိန္ဒိယနိုင်ငံ – ၈ ကြိမ်
(၈) ရုရှားနိုင်ငံ – ၇ ကြိမ်

ပုဏ္ဏကတိုက်မှု၏ လက္ခဏာများ
ပုဏ္ဏကတိုက်မှုများ၏ လက္ခဏာခြင်းရာများမှာ တစ်ပုံစံတည်းလိုဖြစ်၏။ ထိုသို့ဖြစ်ပွားသော အိမ်များ၌ တံခါးခေါက်သံ ၊ ထုသံ ၊ ရိုက်သံ၊ လေးလံသော အရာဝတ္ထုများ ကြမ်းပေါ်သို့ ကျလာသော အသံများကို ကြားရ၏။ အိပ်ရာ ၊ ခုတင်၊ စားပွဲ၊ ကုလားထိုင် နှင့် အခြားပစ္စည်းများ သွက်သွက်ခါ အောင်လှုပ်ရှားခြင်း၊ တစ်စုံတစ်ယောက်က ဆွဲယူသွားသလို ရွေ့လျားသွားခြင်း၊ အဝတ်များကို မီးစွဲလောင်ခြင်း၊ ကျောက်ခဲများ နှင့်သဲများ မျက်နှာကျက်မှသော်လည်းကောင်း ၊ အိမ်ခေါင်းမိုးပေါ်သို့လည်း ကောင်း ဘယ်ကမှန်း မသိ ကျလာတတ်ခြင်း စသော ထူးဆန်းသည့် အခြင်းအရာများ ဖြစ်ပွားတတ်၏။

ရန်ကုန်မြို့က ပုဏ္ဏကတိုက်မှု နှစ်ခု
၂၀၁၀ ခုနှစ်ကုန်ပိုင်းနှင့် ၂၀၁၁ နှောင်းပိုင်းများက ရန်ကုန်မြို့ရှိ မြို့နယ်နှစ်ခု၌ နေအိမ်တိုက်ခန်းအတွင်းမှ အဝတ်အစားများ၊ အိပ်ယာခင်းများ ၊ အရာဝတ္ထုများ ထူးဆန်းစွာ မီး များရုတ်တရက် စွဲလာသောကြောင့် မီးသတ်ကားများနှင့် ရပ်ကွက်လူကြီးများ က ၎င်းအိမ်များ၌ နေ့ရောညပါ ရက်အတော်ကြာစောင့်ကြည့်ခဲ့ကြရသည်။ ထိုအိမ်များ၌ အံ့ဖွယ်သရဲ မီးထလောင်တိုင်း ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့ရသော သတင်းများကို Eleven သတင်းများနှင့် အခြား ပြည်တွင်းသတင်းစာ၊ ဂျာနယ်များမှ ဖော်ပြခဲ့ကြသည်ကို ထူးထူးခြားခြား ဖတ်ရှုခဲ့ရ၏။

အိပ်နေသူကို မယူသွားသော ပုဏ္ဏကတိုက်မှု
ပုဏ္ဏကတိုက်ခြင်းကို စူးစမ်းလေ့လာခဲ့သော စိတ်ပညာရှင် ဆာဝီလီယံ ဘာရက် ၏ အဆိုအရ အရာဝတ္ထုများသည် ဓမ္မတာ အတိုင်းမဟုတ်ဘဲ လေထဲသို့ပျံတက်ပြီး နှေးကွေးစွာ ဝှေ့ဝိုက် ရွေ့လျားနေတတ်၏။ အောက်သို့ ကျသောအခါ ကြည့်နေသူများကို မထိခိုက်ဘဲ ညင်သာစွာ ကျလာတတ်၏။ တခါတရံ ပန်းကန်ခွက်ယောက်များမှာတစ်စုံတစ်ယောက် ကပစ်ပေါက်လိုက်သလို ပြန့်ကျဲ၍ ကွဲအက်ပျက်စီးသွား၏။ အိပ်ရာပေါ်၌ အိပ်နေသူများကို ညင်သာစွာ မယူဆွဲချပြီး အိပ်ရာခင်း၊ ခေါင်းအုံးများကို ဆွဲယူသွား၏။

နေမိန္ဒရ တောင်ပေါ်က အစောင့်အကြပ်များ
၁၉၀၀ ပြည့်လွန်နှစ်များက သထုံမြို့၊ နေမိန္ဒရ တောင်ပေါ်၌ သိမ်ဆောက်ရန် ကျောက်တိုင်များ၊ သစ်ဝါးများ ကို အစုအလိုက်အပုံအလိုက် တောင်ပေါ်သို့ပို့ဆောင် ထားကြပြီးနောက်လူအင်အား ဆယ်ယောက် ကျော်ဖြင့် ညရောက်တိုင်း အထူးစောင့်ကြပ်ကြ၏။
သို့သော် နောက်တနေ့နံနက်မိုးလင်းတိုင်း သိမ်ဆောက်ရန်ပစ္စည်းများနှင့်တကွ အစောင့်အကြပ်များအားလုံးသည် သူတို့၏ပစ္စည်းများ၊ ရွက်ဖျင်တဲများ နှင့်အတူ တောင်အောက်သို့ထူးဆန်းစွာ ရောက်နေကြသည်ကို အံ့ဖွယ်သရဲ အကြိမ်ကြိမ်ကြုံခဲ့ကြရကြောင်း စွန်းလွန်းဆရာတော်ဘုရား၏ ထေရုပ္ပတ္တိ စာအုပ်တွင်ရေးသား ဖော်ပြထားသည်။

ဆယ်ကျော်သက်များရှိနေစဉ် ပုဏ္ဏကတိုက်မှုများ
ပုဏ္ဏကတိုက်သော နေရာများ၌ ဆယ်ကျောက်သက် အရွယ် အပျိုပေါက်၊ လူပျိုပေါက် တစ်ဦးဦးရှိနေတတ် သည်ဟုသိရ၏။ ၎င်းတို့မရှိသော အခါ အံ့ဖွယ်သရဲ အဖြစ်အပျက်များ မှာရပ်စဲသွားလေ့ရှိသည်။ ၎င်းတို့၏ လက်ချက်မဟုတ်သော်လည်း ၎င်းတို့ကိုအကြောင်းပြု၍ ဖြစ်ပွားသည်ဟု ယူဆထားကြ၏။ ပုဏ္ဏကတိုက်သော အိမ်များ၌ တွေ့ရသော ဆယ်ကျော်သက်လူငယ်များမှာ အများအားဖြင့် စိတ်ပုံမမှန်သော သူများ၊ စိတ်မတည်ငြိမ်သောသူများ ဖြစ်နေလေ့ရှိသည်။

ဆယ်ကျော်သက်၏ အိပ်ယာမှ ထူးဆန်းသောအသံများ
ပုဏ္ဏကတိုက်သောအိမ်မှ အသက်၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦးမှာ စိတ်ပုံမှန်မဟုတ်သောသူ ဖြစ်၏။ သူ အိပ်ပျော်နေစဉ် သုတေသီများက စောင့်ကြည့်ခဲ့ကြရာ အိပ်ယာမှာ ပြင်းထန်စွာ တုန်ခါ၍ ထူးဆန်းသောအသံများ ထွက်ပေါ်လာသည်ကို ကြုံခဲ့ကြရသည်။

ဖန်ခွက်များကို ကွဲစေသော ၁၆နှစ်သား
ဖရိဗတ်တက္ကသိုလ်မှ စိတ်ဝိညာဉ်သုတေသီ ဆရာတစ်ဦးနှင့် စိတ်ပညာရှင်တစ်ဦး တို့သည် ဂျာမဏီ ၊ ဟမ်းဘတ်မြို့ ရှိ ဖန်နှင့် မှန်ပစ္စည်းများအရောင်းဆိုင်၌ လုပ်ကိုင်နေသော အသက်၁၆နှစ် လူငယ်တစ်ဦးကို စောင့်ကြည့်လေ့လာခဲ့ကြသည်။ ထိုလူငယ် ရှိနေစဉ် တခါတရံ၌ ဆိုင်ရှိ ဖန်ခွက်များ ၊ ပန်းကန်ပြားများ ထူးဆန်းစွာ အလိုလိုကြမ်းပြင်ပေါ် သို့ကျ၍ ကွဲကုန်၏။
ထိုလူငယ်အား စိတ်ပညာရှင်၏ ရုံးခန်းထဲသို့ ခေါ်လာရာ ရုံးခန်းထဲရှိ ဖန်ခွက်များ အလိုလိုကွဲကြကုန်၏။

သံဝက်အူများလည်း မခံနိုင်ပါ
ထိုလူငယ်အား အခြားစက်ရုံတစ်ခုသို့ ခေါ်ဆောင်၍ လေ့လာကြည့်ရာ လူငယ်၏ အနီးနားရှိ သံဝက်အူများသည် ထူးဆန်းစွာ အလိုအလျောက် ချောင်ကျလာသည်ကို တွေ့ကြရပြန်သည်။

အဖြေရှာမရသော စိတ်၏စွမ်းရည်ထူးများ
လေ့လာခဲ့ကြသောအနောက်တိုင်းမှ သုတေသီဆရာတို့၏ အဆိုအရ ၎င်းအဖြစ်အပျက်များမှာ သေသူတစ်ဦးဦးနဲ့ ပတ်သက်မှုမရှိ။ အာရုံထင်ခြင်းမျိုးလည်းမဟုတ်။ ကြည့်ရှုသူများအားလုံး က အရာဝတ္ထုများ ထူးဆန်းစွာ ရွေ့လျားနေသည်ကို အထင်အရှား တွေ့မြင်ကြရ၏။
အထက်ပါသတင်းမှတ်တမ်းများ နှင့် စိတ်ဝိညာဉ်သုတေသီတို့ ၏ တွေ့ရှိချက်များအရ ရှေးက မြန်မာတို့ ယုံကြည်ခဲ့ကြသလို ပယောဂဆရာတို့၏ အောက်လမ်းပညာအစွမ်းကြောင့်မဟုတ်ဘဲ စိတ်ဂဏှာ မငြိမ်ဖြစ်နေသော လူပျို ၊ အပျိုပေါက်တို့၏ စိတ်ဝိညာဉ်က ရုပ်ဝတ္ထုများကို အံ့ဖွယ်သရဲ လှုပ်ရှားသွားလာနိုင်အောင် ပြုလုပ် ဖန်တီးခြင်း ဖြစ်ကြောင်း(သို့မဟုတ်)သိပ္ပံပညာဖြင့် ရှင်းပြ၍မရအပ်သော ရုပ်ကိုစိတ်ကစေစား ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

ကိုးကား။ ။ စိတ်ဝိညာဉ်ဆိုင်ရာ လေ့လာတွေ့ရှိချက်များ (ဦးအေးမောင်)
Written by Phyo Aung

 

Leave a Reply