ကမာၻေက်ာ္ ကုိဟီးႏူးစိန္ႀကီးအေၾကာင္း

Posted on

ကုိဟီးႏူး (အဂၤလိပ္: Koh-i-Noor) စိန္ႀကီးကို ၁၄၇၁-ခုႏွစ္က အိႏၵိယႏုိင္ငံ Karnataka ကေတြ႔ရွိခဲ့တယ္လုိ႔ဆုိပါတယ္။ ကမၻာ့ အႀကီးဆုံးစိန္စာရင္း၀င္ျဖစ္ၿပီး ပါရွန္းဘာသာျဖင့္ အလင္းေတာင္ႀကီးဟူ၍ အဓိပၸါယ္ရပါတယ္။ ( ဟိႏၵဴက်မ္းဂန္မ်ေတြမွာေတာ့ ေရွးနွစ္ေပါင္း ၅ဝဝဝ ခန္႔က အိႏၵိယနိုင္ငံ ῾ ေဂါဒဗရီ ᾽ (Godaveri) ျမစ္အနီးမွ ရရွိခဲ့တယ္လုိ႔ ဆုိပါတယ္)။ အရြယ္အစားနွင့္ အခ်ိဳးမွ်တမွဳေၾကာင့္ အလွဆုံးစာရင္း၀င္စိန္ႀကီးလည္းျဖစ္ပါတယ္။

စတင္ေတြ႔ရွိခ်ိန္က ၇၉၃ ကာရက္ ရွိခဲ႔တာေၾကာင္႔ ကမၻာ႔အၾကီးဆံုး စိန္ပြင္႕ၾကီးအျဖစ္ မွတ္တမ္း၀င္ခဲ႔ပါတယ္။ ဒီစိန္ကိုရဖို႔ ေရွးေဟာင္း ဆစ္ခ္၊ မဂို နဲ႔ ပါရွန္းလူမ်ိဳးေတြဟာ ႏွစ္ေပါင္းမ်ားစြာတုိက္ခုိက္ခဲ့ၾကပါတယ္။

မဂုိဘုရင္ မုိဟာမက္ရွား ထံမေရာက္မီ အခ်ိန္အထိ စိန္ႀကီးဟာ မ်ားျပားလွစြာေသာဘုရင္ေတြလက္ထဲကုိ ေရာက္ခဲ့ၿပီးပါၿပီ။ မုိဟာမက္ရွားစစ္ရႈံးၿပီးတဲ့ေနာက္ ၁၇၃၉ ခုနွစ္တြင္ ပါရွန္းဘုရင္ နဒီရွားထံသို႔ေရာက္ရွိခဲ့ပါတယ္။ ပါရွန္းဘုရင္ နဒီရွားဟာ အိႏၵိယေဒလီကိုသိမ္းပိုက္ၿပီးတဲ့ေနာက္ အလြန္ေတာက္ပတဲ့စိန္ႀကီးကိုပထမဆုံးျမင္လုိက္တဲ့အခ်ိန္မွာ ပါရွန္းဘာသာနဲ႔ အလင္းေတာင္ႀကီး(Kohinoor) လုိ႔ ေအာ္ဟစ္ခဲ့ရာကေန စိန္ႀကီးရဲ႕နာမည္ဟာ ကုိဟီးႏူးစိန္ရယ္လုိ႔ျဖစ္လာခဲ့တာပါ။ နဒီရွားဟာ လူယုံေတာ္ေတြရဲ႕လုပ္ႀကံရျခင္းကိုခံခဲ့ရၿပီးတဲ့ေနာက္ စိန္ႀကီးကို ေျမးျဖစ္သူ Shah Rukh Mirza က သိမ္းပုိက္ခဲ့ပါတယ္။ ဘုရင္ျဖစ္လာတဲ့ Shah Rukh Mirza ဟာ ျပသနာမ်ဳိးစုံကိုႀကဳံေတြ႕ခဲ့ရၿပီး သူ႔ရဲ႕အခက္အခဲေတြကို Durrani(ေနာင္ အာဖကန္နစၥတန္) ဘုရင္ Ahmad Shah Durrani က ကူညီေျဖရွင္းေပးခဲ့ပါတယ္။ ဒါေၾကာင့္ ေက်းဇူးတင္တဲ့အေနနဲ႔ စိန္ႀကီးကို Ahmad Shah Durrani ဆီ လက္ေဆာင္ေပးခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ စိန္ႀကီးကုိ Durrani ဘုရင္ဆီကေန ပန္ဂ်ပ္ျပည္က ဆစ္ခ္အင္ပါယာေခါင္းေဆာင္ Ranjit Singh က ျပန္လည္သိမ္းပုိက္ခဲ့ျပန္ပါတယ္။ သူဟာ စိန္ႀကီးကို အလြန္ႏွစ္သက္ခဲ့ၿပီး အျခားစိန္အေသးႏွစ္လုံးနဲ႔အတူ သူ႔ရဲ႕လည္ပင္းမွာ အၿမဲခ်ိတ္ဆြဲထားခဲ့ပါတယ္။ ၁၈၄၉ မွာေတာ့ ၿဗိတိသွ်ေတြဟာ ပန္ဂ်ပ္ျပည္ကုိ သိမ္းပုိက္ခဲ့ၿပီးေနာက္မွာေတာ့ စိန္ႀကီးဟာလည္း အေရွ႕အိႏၵိယကုမၸဏီမွတစ္ဆင့္ ၀ိတုိရိယဘုရင္မႀကီးရဲ႕ သိမ္းယူျခင္းကုိ ခံလုိက္ရပါေတာ့တယ္။

အမ်ားနဲ႕မတူ တမူထူးျခားတဲ႔ ဒီစိန္ၾကီးဟာ က်ိန္စာသင္႔တဲ႔စိန္လို႕လည္း ဆိုၾကပါေသးတယ္။ ဒီစိန္ၾကီးကို စစ္ႏိုင္သူက အဆင္႔ဆင္႔ သိမ္းပိုက္ခဲ႔ၾကတာေၾကာင္႔ ေခတ္အဆက္ဆက္ ပိုင္ဆိုင္ခဲ႕ၾကတဲ႕ ဟိႏၵဴ၊ မဂိုရ္၊ အာဖဂန္၊ ဆခ္ ဘုရင္ မင္းညီမင္းသားမ်ား၊ မဟာရာဇာ ေစာ္ဘြားမ်ား၊ ပါးရွန္းဘုရင္မ်ားဟာ ထီးနန္းလက္လြတ္ ဆံုးရွႈံးရတာေတြ ကံဆိုးမိုးေမွာင္က်ခဲ႔တာေတြ ထူးဆန္းစြာ တုိက္ဆိုင္မႈ ရွိခဲ႕ၾကေတာ႔ ကိုဟီးႏူးစိန္ဟာ ပိုင္ဆိုင္ထားတဲ႔သူ (အမ်ိဳးသားမ်ား) ကို ခိုက္ေစတယ္ဆိုတဲ႔ ယံုၾကည္မႈေတြ ျပင္းထန္ခဲ႔ၾကပါတယ္။ ၎စိန္ကို လက္၀ယ္ပိုင္ဆိုင္ထားသူ၊ ၀တ္ဆင္သူဟာ အမ်ိဳးသမီးျဖစ္ခဲ႔ရင္ေတာ႔ က်ိန္စာဟာ အက်ိဳးသက္ေရာက္မႈ မရွိဘူး လို႔လည္း ဆိုၾကပါတယ္။

၀ိတိုရိယဘုရင္မဟာ ဒီ ကိုဟီးႏူးစိန္ တပ္ဆင္ထားတဲ႔ သရဖူကို ေဆာင္းခဲ့တဲ့ ပထမဆုံးေသာ အမ်ိဳးသမီးဧကရာဇ္ျဖစ္ပါတယ္။၀ိတုိရိယဘုရင္မၾကီး ကြယ္လြန္ျပီးေနာက္ အဲလီဇဘက္ ဘုရင္မၾကီးဟာ ဒီသရဖူကို ဆက္ခံခဲ့ပါတယ္။ ကိုဟီးႏူး စိန္ၾကီးဟာ အရည္အေသြးအားျဖင္႔ေရာ သမိုင္း၀င္ ရတနာအျဖစ္ပါ တန္ဖိုးၾကီးမားလွတာေၾကာင္႔ ဘယ္ေရြ႔ ဘယ္မွ်ရယ္လို႔ တန္ဖိုးျဖတ္မရတဲ႔ ကမၻာ႔ အဖိုးထိုက္တန္ဆံုး စိန္ၾကီးတစ္ပြင္႔အျဖစ္ သတ္မွတ္ထားၾကရပါတယ္။

၁၈၆၂ ခုႏွစ္မွာ ရတနာကုန္သည္ႀကီး Borgio က ကာရက္ခ်ိန္ ၁၉၁ရွိ ထိုစိန္တံုးႀကီးကုိေသြးရာ ၁ဝ၅ ဒသမ၆၀ ကာရက္သာ က်န္ပါေတာ့တယ္။ အယ္လိဇဘတ္ဘုရင္မၾကီး ေသဆုံးျပီးေနာက္မွာေတာ့ ၿဗိတိန္နိုင္ငံ နန္းစဥ္ရတနာအျဖစ္ လန္ဒန္ေမွ်ာ္စင္(Tower of London)တြင္ ျပသထားပါတယ္။

အိႏၵိယလြတ္လပ္ေရးရၿပီးတဲ့အခါမွာေတာ့ စိန္ႀကီးကိုျပန္ေပးဖုိ႔ ၿဗိတိန္ဘုရင္မႀကီးထံေတာင္းဆုိခဲ့ေပမယ့္ ျပန္ေပးဖုိ႔ ျငင္းဆန္ခဲ့ပါတယ္။ ၁၉၅၃ခုႏွစ္မွာ ေနာက္တစ္ႀကိမ္ထပ္ေတာင္းပါတယ္။ ဒါေပမယ့္ ထပ္ျငင္းဆန္ခဲ့ပါတယ္။ အႀကိမ္ေပါင္းမ်ားစြာေတာင္းဆုိခဲ့ေသာ္ျငား ျငင္းပယ္ျခင္းကိုသာခံခဲ့ရပါတယ္။ ၿဗိတိသွ်တုိ႔ဟာ လက္ေအာက္ခံႏုိင္ငံေတြက လုယူသိမ္းပုိက္ခဲ့တဲ့ မည္သည့္ရတနာကုိမွ ျပန္လည္ေပးအပ္ျခင္းမရွိခဲ့ပါဘူး။

VIDEO


ကမ္ဘာကျော် ကိုဟီးနူးစိန်ကြီးအကြောင်း (unicode)

ကိုဟီးနူး (အင်္ဂလိပ်: Koh-i-Noor) စိန်ကြီးကို ၁၄၇၁-ခုနှစ်က အိန္ဒိယနိုင်ငံ Karnataka ကတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ အကြီးဆုံးစိန်စာရင်းဝင်ဖြစ်ပြီး ပါရှန်းဘာသာဖြင့် အလင်းတောင်ကြီးဟူ၍ အဓိပ္ပါယ်ရပါတယ်။ ( ဟိန္ဒူကျမ်းဂန်မျတွေမှာတော့ ရှေးနှစ်ပေါင်း ၅ဝဝဝ ခန့်က အိန္ဒိယနိုင်ငံ ῾ ဂေါဒဗရီ ᾽ (Godaveri) မြစ်အနီးမှ ရရှိခဲ့တယ်လို့ ဆိုပါတယ်)။ အရွယ်အစားနှင့် အချိုးမျှတမှုကြောင့် အလှဆုံးစာရင်းဝင်စိန်ကြီးလည်းဖြစ်ပါတယ်။

စတင်တွေ့ရှိချိန်က ၇၉၃ ကာရက် ရှိခဲ့တာကြောင့် ကမ္ဘာ့အကြီးဆုံး စိန်ပွင့်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီစိန်ကိုရဖို့ ရှေးဟောင်း ဆစ်ခ်၊ မဂို နဲ့ ပါရှန်းလူမျိုးတွေဟာ နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ကြပါတယ်။

မဂိုဘုရင် မိုဟာမက်ရှား ထံမရောက်မီ အချိန်အထိ စိန်ကြီးဟာ များပြားလှစွာသောဘုရင်တွေလက်ထဲကို ရောက်ခဲ့ပြီးပါပြီ။ မိုဟာမက်ရှားစစ်ရှုံးပြီးတဲ့နောက် ၁၇၃၉ ခုနှစ်တွင် ပါရှန်းဘုရင် နဒီရှားထံသို့ရောက်ရှိခဲ့ပါတယ်။ ပါရှန်းဘုရင် နဒီရှားဟာ အိန္ဒိယဒေလီကိုသိမ်းပိုက်ပြီးတဲ့နောက် အလွန်တောက်ပတဲ့စိန်ကြီးကိုပထမဆုံးမြင်လိုက်တဲ့အချိန်မှာ ပါရှန်းဘာသာနဲ့ အလင်းတောင်ကြီး(Kohinoor) လို့ အော်ဟစ်ခဲ့ရာကနေ စိန်ကြီးရဲ့နာမည်ဟာ ကိုဟီးနူးစိန်ရယ်လို့ဖြစ်လာခဲ့တာပါ။ နဒီရှားဟာ လူယုံတော်တွေရဲ့လုပ်ကြံရခြင်းကိုခံခဲ့ရပြီးတဲ့နောက် စိန်ကြီးကို မြေးဖြစ်သူ Shah Rukh Mirza က သိမ်းပိုက်ခဲ့ပါတယ်။ ဘုရင်ဖြစ်လာတဲ့ Shah Rukh Mirza ဟာ ပြသနာမျိုးစုံကိုကြုံတွေ့ခဲ့ရပြီး သူ့ရဲ့အခက်အခဲတွေကို Durrani(နောင် အာဖကန်နစ္စတန်) ဘုရင် Ahmad Shah Durrani က ကူညီဖြေရှင်းပေးခဲ့ပါတယ်။ ဒါကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ စိန်ကြီးကို Ahmad Shah Durrani ဆီ လက်ဆောင်ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စိန်ကြီးကို Durrani ဘုရင်ဆီကနေ ပန်ဂျပ်ပြည်က ဆစ်ခ်အင်ပါယာခေါင်းဆောင် Ranjit Singh က ပြန်လည်သိမ်းပိုက်ခဲ့ပြန်ပါတယ်။ သူဟာ စိန်ကြီးကို အလွန်နှစ်သက်ခဲ့ပြီး အခြားစိန်အသေးနှစ်လုံးနဲ့အတူ သူ့ရဲ့လည်ပင်းမှာ အမြဲချိတ်ဆွဲထားခဲ့ပါတယ်။ ၁၈၄၉ မှာတော့ ဗြိတိသျှတွေဟာ ပန်ဂျပ်ပြည်ကို သိမ်းပိုက်ခဲ့ပြီးနောက်မှာတော့ စိန်ကြီးဟာလည်း အရှေ့အိန္ဒိယကုမ္ပဏီမှတစ်ဆင့် ဝိတိုရိယဘုရင်မကြီးရဲ့ သိမ်းယူခြင်းကို ခံလိုက်ရပါတော့တယ်။

အများနဲ့မတူ တမူထူးခြားတဲ့ ဒီစိန်ကြီးဟာ ကျိန်စာသင့်တဲ့စိန်လို့လည်း ဆိုကြပါသေးတယ်။ ဒီစိန်ကြီးကို စစ်နိုင်သူက အဆင့်ဆင့် သိမ်းပိုက်ခဲ့ကြတာကြောင့် ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြတဲ့ ဟိန္ဒူ၊ မဂိုရ်၊ အာဖဂန်၊ ဆခ် ဘုရင် မင်းညီမင်းသားများ၊ မဟာရာဇာ စော်ဘွားများ၊ ပါးရှန်းဘုရင်များဟာ ထီးနန်းလက်လွတ် ဆုံးရှုံးရတာတွေ ကံဆိုးမိုးမှောင်ကျခဲ့တာတွေ ထူးဆန်းစွာ တိုက်ဆိုင်မှု ရှိခဲ့ကြတော့ ကိုဟီးနူးစိန်ဟာ ပိုင်ဆိုင်ထားတဲ့သူ (အမျိုးသားများ) ကို ခိုက်စေတယ်ဆိုတဲ့ ယုံကြည်မှုတွေ ပြင်းထန်ခဲ့ကြပါတယ်။ ၎င်းစိန်ကို လက်ဝယ်ပိုင်ဆိုင်ထားသူ၊ ဝတ်ဆင်သူဟာ အမျိုးသမီးဖြစ်ခဲ့ရင်တော့ ကျိန်စာဟာ အကျိုးသက်ရောက်မှု မရှိဘူး လို့လည်း ဆိုကြပါတယ်။

ဝိတိုရိယဘုရင်မဟာ ဒီ ကိုဟီးနူးစိန် တပ်ဆင်ထားတဲ့ သရဖူကို ဆောင်းခဲ့တဲ့ ပထမဆုံးသော အမျိုးသမီးဧကရာဇ်ဖြစ်ပါတယ်။ဝိတိုရိယဘုရင်မကြီး ကွယ်လွန်ပြီးနောက် အဲလီဇဘက် ဘုရင်မကြီးဟာ ဒီသရဖူကို ဆက်ခံခဲ့ပါတယ်။ ကိုဟီးနူး စိန်ကြီးဟာ အရည်အသွေးအားဖြင့်ရော သမိုင်းဝင် ရတနာအဖြစ်ပါ တန်ဖိုးကြီးမားလှတာကြောင့် ဘယ်ရွေ့ ဘယ်မျှရယ်လို့ တန်ဖိုးဖြတ်မရတဲ့ ကမ္ဘာ့ အဖိုးထိုက်တန်ဆုံး စိန်ကြီးတစ်ပွင့်အဖြစ် သတ်မှတ်ထားကြရပါတယ်။

၁၈၆၂ ခုနှစ်မှာ ရတနာကုန်သည်ကြီး Borgio က ကာရက်ချိန် ၁၉၁ရှိ ထိုစိန်တုံးကြီးကိုသွေးရာ ၁ဝ၅ ဒသမ၆၀ ကာရက်သာ ကျန်ပါတော့တယ်။ အယ်လိဇဘတ်ဘုရင်မကြီး သေဆုံးပြီးနောက်မှာတော့ ဗြိတိန်နိုင်ငံ နန်းစဉ်ရတနာအဖြစ် လန်ဒန်မျှော်စင်(Tower of London)တွင် ပြသထားပါတယ်။

အိန္ဒိယလွတ်လပ်ရေးရပြီးတဲ့အခါမှာတော့ စိန်ကြီးကိုပြန်ပေးဖို့ ဗြိတိန်ဘုရင်မကြီးထံတောင်းဆိုခဲ့ပေမယ့် ပြန်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၁၉၅၃ခုနှစ်မှာ နောက်တစ်ကြိမ်ထပ်တောင်းပါတယ်။ ဒါပေမယ့် ထပ်ငြင်းဆန်ခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာတောင်းဆိုခဲ့သော်ငြား ငြင်းပယ်ခြင်းကိုသာခံခဲ့ရပါတယ်။ ဗြိတိသျှတို့ဟာ လက်အောက်ခံနိုင်ငံတွေက လုယူသိမ်းပိုက်ခဲ့တဲ့ မည်သည့်ရတနာကိုမှ ပြန်လည်ပေးအပ်ခြင်းမရှိခဲ့ပါဘူး။

 

Leave a Reply