အျပစ္ကင္းတဲ့ စစ္ပြဲ (သို႔) ဒိန္းမတ္ – ကေနဒါ ဟန္ကြ်န္းလုပြဲ

Posted on

ဟန္(hans) ကြ်န္းဟာ ဂရင္းလန္ကြ်န္းနဲ႔ ကေနဒါႏုိင္ငံၾကားက ကေနဒီတူးေျမာင္းအလယ္မွာ တည္ရွိတဲ့ ကြ်န္းငယ္ေလးတစ္ခုျဖစ္ပါတယ္။ အက်ယ္အ၀န္းအားျဖင့္ ၀.၅ စတုရန္းမုိင္ပတ္လည္သာ က်ယ္၀န္းတဲ့ကြ်န္းေသးေသးေလးတစ္ခုျဖစ္ပါတယ္။ ဂရင္းလန္ေျမာက္ပုိင္း Ellesmere ကြ်န္းက ခြဲထြက္လာတဲ့အစိတ္အပိုင္းျဖစ္ပါတယ္။ ေက်ာက္သားျပင္ျဖစ္ၿပီး သီးႏွံမ်ားစိုက္ပ်ဳိးရန္မျဖစ္ႏုိင္တဲ့အျပင္ သဘာ၀အရင္းအျမစ္မ်ားမရႏုိင္တာေၾကာင့္ လူမေနတဲ့ကြ်န္းတစ္ခုျဖစ္ခဲ့ပါတယ္။

ကေနဒါေတြက ဒီကြ်န္းကို သူတုိ႔ပုိင္ကြ်န္းလုိ႔သတ္မွတ္ခဲ့ပါတယ္။ ဒိန္းမတ္ကလည္း သူတုိ႔ပိုင္ဆုိင္ရာ ဂရင္းလန္ကြ်န္းရဲ႕ အစိတ္အပုိင္းျဖစ္တဲ့အတြက္ ဒီကြ်န္းကုိသူတုိ႔သာပုိင္ေၾကာင္း သတ္မွတ္ပါတယ္။ ဒီႏုိင္ငံ ႏွစ္ႏုိင္ငံံ ဟာ ဒီကြ်န္းကို သူပုိင္ငါပုိင္ေၾကာင္း အျငင္းအခုန္လုပ္ခဲ့တာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ၿပီး ကြ်န္းလုစစ္ပြဲဆင္ႏြဲဖုိ႔ အထိျဖစ္ခဲ့ပါတယ္။ ၁၉၈၄ခုႏွစ္မွာေတာ့ ဒိန္းမတ္၀န္ႀကီးနဲ႔ ေရတပ္သားေတြဟာဒီကြ်န္းကိုေရာက္လာခဲ့ၿပီး ကြ်န္းမွာ ဒိန္းမတ္အလုံကုိ စုိက္ၿပီး ‘ဒိန္းမတ္ႏုိင္ငံမွႀကဳိဆုိပါသည္’ ဆုိတဲ့စာတမ္းကို ခ်ိတ္ခဲ့ပါတယ္။ အဲဒီေနာက္ ဒိန္းမတ္ထုတ္ ဘရန္ဒီအရက္ေသတၱာေတြကုိ ထားကာျပန္သြားခဲ့ပါတယ္။

လအနည္းငယ္အၾကာမွာေတာ့ ကေနဒါရဲ႕ ေရတပ္သားေတြဟာ ဒီကြ်န္းကုိလာခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ကြ်န္းမွာစုိက္ထားတဲ့ ဒိန္းမတ္အလံကုိ ျဖဳတ္ၿပီး သူတုိ႔ကေနဒါအလံကို လႊင့္ထူခဲ့ပါတယ္။ ၿပီးတဲ့အခါမွာေတာ့ ကေနဒါစစ္သားေတြဟာ ေအာင္ပြဲခံတဲ့အေနနဲ႔ အရက္ေတြေသာက္ခဲ့ၾကၿပီး ကေနဒါထုတ္၀ီစကီပုလင္းေပါင္းမ်ားစြာထည့္ထားတဲ့ ေသတၱာပုံးေတြကိုလည္း ကြ်န္းေပၚမွာ ခ်န္ထားခဲ့ကာ ထြက္ခြာသြားၾကပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ ဒိန္းမတ္စစ္သားေတြလာတဲ့အခါ ေသာက္ဖုိ႔ပါတဲ့။

လေပါင္းမ်ားစြာၾကာၿပီးတဲ့ေနာက္မွာ ဒိန္းမတ္စစ္သားေတြဟာ ဒီကြ်န္းကိုေနာက္တစ္ေခါက္ျပန္ေရာက္လာခဲ့ၾကပါတယ္။ ကေနဒါအလံကို ဖယ္ၿပီး သူတုိ႔ဒိန္းမတ္ႏုိင္ငံ အလံကိုစုိက္လိုက္တယ္။ ၿပီးတဲ့ေနာက္ ကေနဒါစစ္သားေတြထားခဲ့တဲ့ အရက္ေတြကုိ ေသာက္ၿပီး ေအာင္ပြဲခံၾကတယ္။ အဲဒီေနာက္ေတာ့ ဒိန္းမတ္ထြက္ ရွန္ပိန္ပုလင္းထည့္ထားတဲ့ ေသတၱာေတြကိုကေနဒါစစ္သားေတြအတြက္ ထားကာ ျပန္သြားၾကပါတယ္။ တစ္ႏုိင္ငံနဲ႔ တစ္ႏုိင္ငံ ကိုယ့္အလံေတြစုိက္ အရက္ေသတၱာေတြ ထားၿပီး ဒီလုိလုပ္ခဲ့တာ အႀကိမ္ေပါင္းမ်ားစြာပါပဲ။ ဒါေၾကာင့္ ဒီစစ္ပြဲကို အျပစ္ကင္းတဲ့စစ္ပြဲ (သုိ႔) ၀ီစကီစစ္ပြဲလုိ႔ ကမာၻက သိၾကပါတယ္။

၂၀၀၅ ခုႏွစ္မွာေတာ့ ကေနဒါေတြဟာ ဒီကြ်န္းကိုလာေရာက္ကာ သူတုိ႔ပုိင္ဆုိင္ေၾကာင္း သတၱဳျပားကပ္ခဲ့ပါတယ္။ ဒီအေၾကာင္းကို ဒိန္းမတ္ေတြသိေပမယ့္ ဘာမွမတုန္႔ျပန္ခဲ့ပါဘူး။ ဒိန္းမတ္ႏိုင္ငံျခားေရး၀န္ႀကီးကေတာ့ “ဘာမွမထြက္တဲ့ အက်ဳိအျမတ္မရွိတဲ့ကြ်န္းကို လုေနၾကတာဟာ ကေလးဆန္လြန္းပါတယ္။ အဲဒီထက္ပုိဆုိးတာက အခ်င္းခ်င္း ေနတုိးအဖြဲ႔၀င္ မဟာမိတ္ႏုိင္ငံေတြျဖစ္ေနရက္သားနဲ႔ လုေနၾကတာပါပဲ” လုိ႔ ဆုိပါတယ္။ အဲဒီေနာက္ေတာ့ ဘယ္သူမွဆက္မလုပ္ၾကေတာ့ပဲ ၀ီစကီစစ္ပြဲလည္း အဆုံးသတ္သြားပါေတာ့တယ္။

———–

အပြစ်ကင်းတဲ့ ဝီစကီစစ်ပွဲ (သို့) ဒိန်းမတ် – ကနေဒါ ဟန်ကျွန်းလုပွဲ (unicode)

ဟန်(hans) ကျွန်းဟာ ဂရင်းလန်ကျွန်းနဲ့ ကနေဒါနိုင်ငံကြားက ကနေဒီတူးမြောင်းအလယ်မှာ တည်ရှိတဲ့ ကျွန်းငယ်လေးတစ်ခုဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၀.၅ စတုရန်းမိုင်ပတ်လည်သာ ကျယ်ဝန်းတဲ့ကျွန်းသေးသေးလေးတစ်ခုဖြစ်ပါတယ်။ ဂရင်းလန်မြောက်ပိုင်း Ellesmere ကျွန်းက ခွဲထွက်လာတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ ကျောက်သားပြင်ဖြစ်ပြီး သီးနှံများစိုက်ပျိုးရန်မဖြစ်နိုင်တဲ့အပြင် သဘာဝအရင်းအမြစ်များမရနိုင်တာကြောင့် လူမနေတဲ့ကျွန်းတစ်ခုဖြစ်ခဲ့ပါတယ်။

ကနေဒါတွေက ဒီကျွန်းကို သူတို့ပိုင်ကျွန်းလို့သတ်မှတ်ခဲ့ပါတယ်။ ဒိန်းမတ်ကလည်း သူတို့ပိုင်ဆိုင်ရာ ဂရင်းလန်ကျွန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် ဒီကျွန်းကိုသူတို့သာပိုင်ကြောင်း သတ်မှတ်ပါတယ်။ ဒီနိုင်ငံ နှစ်နိုင်ငံ ဟာ ဒီကျွန်းကို သူပိုင်ငါပိုင်ကြောင်း အငြင်းအခုန်လုပ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီး ကျွန်းလုစစ်ပွဲဆင်နွဲဖို့ အထိဖြစ်ခဲ့ပါတယ်။ ၁၉၈၄ခုနှစ်မှာတော့ ဒိန်းမတ်ဝန်ကြီးနဲ့ ရေတပ်သားတွေဟာဒီကျွန်းကိုရောက်လာခဲ့ပြီး ကျွန်းမှာ ဒိန်းမတ်အလုံကို စိုက်ပြီး ‘ဒိန်းမတ်နိုင်ငံမှကြိုဆိုပါသည်’ ဆိုတဲ့စာတမ်းကို ချိတ်ခဲ့ပါတယ်။ အဲဒီနောက် ဒိန်းမတ်ထုတ် ဘရန်ဒီအရက်သေတ္တာတွေကို ထားကာပြန်သွားခဲ့ပါတယ်။ လအနည်းငယ်အကြာမှာတော့ ကနေဒါရဲ့ ရေတပ်သားတွေဟာ ဒီကျွန်းကိုလာခဲ့ပါတယ်။ အဲဒီနောက်တော့ ကျွန်းမှာစိုက်ထားတဲ့ ဒိန်းမတ်အလံကို ဖြုတ်ပြီး သူတို့ကနေဒါအလံကို လွှင့်ထူခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ ကနေဒါစစ်သားတွေဟာ အောင်ပွဲခံတဲ့အနေနဲ့ အရက်တွေသောက်ခဲ့ကြပြီး ကနေဒါထုတ်ဝီစကီပုလင်းပေါင်းများစွာထည့်ထားတဲ့ သေတ္တာပုံးတွေကိုလည်း ကျွန်းပေါ်မှာ ချန်ထားခဲ့ကာ ထွက်ခွာသွားကြပါတယ်။ ရည်ရွယ်ချက်ကတော့ ဒိန်းမတ်စစ်သားတွေလာတဲ့အခါ သောက်ဖို့ပါတဲ့။

လပေါင်းများစွာကြာပြီးတဲ့နောက်မှာ ဒိန်းမတ်စစ်သားတွေဟာ ဒီကျွန်းကိုနောက်တစ်ခေါက်ပြန်ရောက်လာခဲ့ကြပါတယ်။ ကနေဒါအလံကို ဖယ်ပြီး သူတို့ဒိန်းမတ်နိုင်ငံ အလံကိုစိုက်လိုက်တယ်။ ပြီးတဲ့နောက် ကနေဒါစစ်သားတွေထားခဲ့တဲ့ အရက်တွေကို သောက်ပြီး အောင်ပွဲခံကြတယ်။ အဲဒီနောက်တော့ ဒိန်းမတ်ထွက် ရှန်ပိန်ပုလင်းထည့်ထားတဲ့ သေတ္တာတွေကိုကနေဒါစစ်သားတွေအတွက် ထားကာ ပြန်သွားကြပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကိုယ့်အလံတွေစိုက် အရက်သေတ္တာတွေ ထားပြီး ဒီလိုလုပ်ခဲ့တာ အကြိမ်ပေါင်းများစွာပါပဲ။ ဒါကြောင့် ဒီစစ်ပွဲကို အပြစ်ကင်းတဲ့စစ်ပွဲ (သို့) ဝီစကီစစ်ပွဲလို့ ကမ္ဘာက သိကြပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ ကနေဒါတွေဟာ ဒီကျွန်းကိုလာရောက်ကာ သူတို့ပိုင်ဆိုင်ကြောင်း သတ္တုပြားကပ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဒိန်းမတ်တွေသိပေမယ့် ဘာမှမတုန့်ပြန်ခဲ့ပါဘူး။ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးကတော့ “ဘာမှမထွက်တဲ့ အကျိုအမြတ်မရှိတဲ့ကျွန်းကို လုနေကြတာဟာ ကလေးဆန်လွန်းပါတယ်။ အဲဒီထက်ပိုဆိုးတာက အချင်းချင်း နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေဖြစ်နေရက်သားနဲ့ လုနေကြတာပါပဲ” လို့ ဆိုပါတယ်။ အဲဒီနောက်တော့ ဘယ်သူမှဆက်မလုပ်ကြတော့ပဲ ဝီစကီစစ်ပွဲလည်း အဆုံးသတ်သွားပါတော့တယ်။

Leave a Reply