ရထားသံလမ္း မပါတဲ့ ေမာင္းသူမဲ့ရထား(ပထမဆုံး Smart Train) ကုိ  ေျပးဆြဲေတာ့မည္

Posted on

ထူးထူးျခားျခားေတြ ထြင္ေလ့ရွိတဲ့ တရုတ္ႏုိင္ငံဟာ ART ဆုိတဲ့ ပထမဆုံး Smart Train စတီထြင္လုိက္ျပန္ပါၿပီ။ ဘတ္စ္ကား ၊ ဓာတ္ရထား နဲ႔ မီးရထား သုံးမ်ဳိးကိုေပါင္းစပ္ၿပီး ဒီဇုိင္းထုတ္ထားတယ္လုိ႔ ဆုိပါတယ္။ ဒီေနရာမွာ ထူးျခားတာကေတာ့ ပုံမွန္မဟုတ္တဲ့ ရထားလမ္းကို သုံးထားတာပဲျဖစ္ပါတယ္။ ART ရထား ဆုိတာ အလုိေလွ်ာက္ေမာင္းႏွင္ေပးၿပီး လွ်င္ျမန္လြန္းတဲ့ သယ္ယူပုိ႔ေဆာင္ေရးရထား( Autonomous Rail Rapid Transit) လုိ႔ အဓိပၸါယ္ရပါတယ္။ ရထားလုိ႔ေခၚေပမယ့္ စမတ္ဘတ္စ္လုိ႔လည္းေခၚၾကပါတယ္။ ဘတ္စ္ကားေတြကုိတြဲထားတာနဲ႔ ပုံစံတူပါတယ္။ ဒီေမာင္းသူမဲ့ ဘတ္စ္ကားဟာ လွ်ပ္စစ္အားကုိ အဓိကအသုံးျပဳထားတာျဖစ္ၿပီး အားအျပည့္ျဖည့္ထားပါက ၄၀ကီလုိမီတာ အကြာအေ၀းကို သြားႏုိင္မွာျဖစ္ပါတယ္။

ထူးျခားတာကေတာ့ ရထားလမ္းဟာ ပုံမွန္ရထားလမ္းမဟုတ္ပဲ အျဖဴေရာင္အစက္ေတြသာျဖစ္ပါတယ္။ ရထားရဲ႕ အာရုံခံကိရိယာ( sensor ) ေတြကတစ္ဆင့္ အျဖဴေရာင္အစက္ေတြကုိ ေထာက္လွမ္းၿပီး အဲဒီလမ္းေၾကာင္းအတုိင္း သြားေစမွာျဖစ္ပါတယ္။ ပထမဆုံး ဒီဇုိင္းထုတ္ထားတဲ့အမ်ဳိးအစားဟာ ၃၀မီတာရွည္လ်ားၿပီး ခရီးသည္ေပါင္း ၃၀၀ေက်ာ္ ကုိ တင္ေဆာင္ႏုိင္မွာျဖစ္ပါတယ္။ မၾကာခင္မွာ ၅၀၀ အထိတင္ေဆာင္ႏုိင္ေအာင္ တုိးျမွင့္ဖန္တီးသြားမယ္လုိ႔ သိရပါတယ္။ ရထားလမ္းဟာ သတၱဳကို မသုံးပဲ ရာဘာတာယာေတြကို ပဲ သုံးထားပါတယ္။ ဘက္ထရီအမ်ဳိးအစားက Lithium titanate ျဖစ္ၿပီး ၁၀မိနစ္အားသြင္းထားရင္ ၂၅ကီလုိမီတာေျပးဆြဲႏုိင္မယ္လုိ႔ သိရပါတယ္။ အျမန္ႏႈန္းကေတာ့ ၁နာရီကို ၇၀ကီလုိမီတာ ျဖစ္ပါတယ္။

ဒီ ဒီဇုိင္းရဲ႕ေကာင္းက်ဳိးကေတာ့ ယာဥ္ေၾကာပိတ္ဆုိ႔မႈကိုပူစရာမလုိတဲ့အျပင္ ပုံမွန္ရထား ရဲ႕ ရထားလမ္းတည္ေဆာက္စရိတ္ထက္ အဆေပါင္းမ်ားစြာ သက္သာေစတာပဲျဖစ္ပါတယ္။ ဥပမာေျပာရရင္ ပုံမွန္ ရထားနဲ႔ ရထားလမ္းအတြက္ ေဒၚလာ ၁၀၂သန္း ကုန္က်ခ်ိန္မွာ အခုထုတ္ထားတဲ့ ဒီဇုိင္းသစ္ရထားနဲ႔ ရထားလမ္းအတြက္ ေဒၚလာ ၂သန္းပဲ ကုန္က်ေစပါတယ္။ ဒါအျပင္ ရထားလမ္း တည္ေဆာက္ဖုိ႔ခက္ခဲတဲ့ ၿမဳိ႕ေတြ ရြာေတြအတြက္လည္း အဆင္ေျပစြာတည္ေဆာက္ႏုိင္မယ္လုိ႔ ဆုိပါတယ္။ ဒီရထားလမ္းကုိ တရုတ္ႏုိင္ငံ Zhuzhou ၿမဳိ႕ မွာ CRRC ကုမၸဏီက ဇြန္လကတည္းက စတင္တည္ေဆာက္ေနၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အပတ္က ပထမဆုံးအႀကိမ္ စမ္းသပ္ေျပးဆြဲႏုိင္ခဲ့ရာမွာ အဆင္ေျပခဲ့ပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ ၃.၁ကီလုိမီတာအကြာအေ၀းနဲ႔ ဘူတာ ၄ရုံသာၿပီးစီးပါေသးတယ္။ ရထားကို ဆက္လက္စမ္းသပ္ဦးမွာျဖစ္ၿပီး လုံး၀စိတ္ခ်ရတယ္ဆုိရင္ေတာ့ ၂၀၁၈ခုႏွစ္ အစပိုင္းမွာ Public အေနနဲ႔ စတင္ေျပးဆြဲေတာ့မွာပဲျဖစ္ပါတယ္။

VIDEO

———-

ရထားသံလမ်း မပါတဲ့ မောင်းသူမဲ့ရထား(ပထမဆုံး Smart Train) ကို ပြေးဆွဲတော့မည် (unicode)

ထူးထူးခြားခြားတွေ ထွင်လေ့ရှိတဲ့ တရုတ်နိုင်ငံဟာ ART ဆိုတဲ့ ပထမဆုံး Smart Train စတီထွင်လိုက်ပြန်ပါပြီ။ ဘတ်စ်ကား ၊ ဓာတ်ရထား နဲ့ မီးရထား သုံးမျိုးကိုပေါင်းစပ်ပြီး ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ထူးခြားတာကတော့ ပုံမှန်မဟုတ်တဲ့ ရထားလမ်းကို သုံးထားတာပဲဖြစ်ပါတယ်။ ART ရထား ဆိုတာ အလိုလျှောက်မောင်းနှင်ပေးပြီး လျှင်မြန်လွန်းတဲ့ သယ်ယူပို့ဆောင်ရေးရထား( Autonomous Rail Rapid Transit) လို့ အဓိပ္ပါယ်ရပါတယ်။ ရထားလို့ခေါ်ပေမယ့် စမတ်ဘတ်စ်လို့လည်းခေါ်ကြပါတယ်။ ဘတ်စ်ကားတွေကိုတွဲထားတာနဲ့ ပုံစံတူပါတယ်။ ဒီမောင်းသူမဲ့ ဘတ်စ်ကားဟာ လျှပ်စစ်အားကို အဓိကအသုံးပြုထားတာဖြစ်ပြီး အားအပြည့်ဖြည့်ထားပါက ၄ဝကီလိုမီတာ အကွာအဝေးကို သွားနိုင်မှာဖြစ်ပါတယ်။

ထူးခြားတာကတော့ ရထားလမ်းဟာ ပုံမှန်ရထားလမ်းမဟုတ်ပဲ အဖြူရောင်အစက်တွေသာဖြစ်ပါတယ်။ ရထားရဲ့ အာရုံခံကိရိယာ( sensor ) တွေကတစ်ဆင့် အဖြူရောင်အစက်တွေကို ထောက်လှမ်းပြီး အဲဒီလမ်းကြောင်းအတိုင်း သွားစေမှာဖြစ်ပါတယ်။ ပထမဆုံး ဒီဇိုင်းထုတ်ထားတဲ့အမျိုးအစားဟာ ၃ဝမီတာရှည်လျားပြီး ခရီးသည်ပေါင်း ၃၀၀ကျော် ကို တင်ဆောင်နိုင်မှာဖြစ်ပါတယ်။ မကြာခင်မှာ ၅၀၀ အထိတင်ဆောင်နိုင်အောင် တိုးမြှင့်ဖန်တီးသွားမယ်လို့ သိရပါတယ်။ ရထားလမ်းဟာ သတ္တုကို မသုံးပဲ ရာဘာတာယာတွေကို ပဲ သုံးထားပါတယ်။ ဘက်ထရီအမျိုးအစားက Lithium titanate ဖြစ်ပြီး ၁ဝမိနစ်အားသွင်းထားရင် ၂၅ကီလိုမီတာပြေးဆွဲနိုင်မယ်လို့ သိရပါတယ်။ အမြန်နှုန်းကတော့ ၁နာရီကို ၇ဝကီလိုမီတာ ဖြစ်ပါတယ်။

ဒီ ဒီဇိုင်းရဲ့ကောင်းကျိုးကတော့ ယာဉ်ကြောပိတ်ဆို့မှုကိုပူစရာမလိုတဲ့အပြင် ပုံမှန်ရထား ရဲ့ ရထားလမ်းတည်ဆောက်စရိတ်ထက် အဆပေါင်းများစွာ သက်သာစေတာပဲဖြစ်ပါတယ်။ ဥပမာပြောရရင် ပုံမှန် ရထားနဲ့ ရထားလမ်းအတွက် ဒေါ်လာ ၁၀၂သန်း ကုန်ကျချိန်မှာ အခုထုတ်ထားတဲ့ ဒီဇိုင်းသစ်ရထားနဲ့ ရထားလမ်းအတွက် ဒေါ်လာ ၂သန်းပဲ ကုန်ကျစေပါတယ်။ ဒါအပြင် ရထားလမ်း တည်ဆောက်ဖို့ခက်ခဲတဲ့ မြို့တွေ ရွာတွေအတွက်လည်း အဆင်ပြေစွာတည်ဆောက်နိုင်မယ်လို့ ဆိုပါတယ်။ ဒီရထားလမ်းကို တရုတ်နိုင်ငံ Zhuzhouမြို့ မှာ CRRC ကုမ္ပဏီက ဇွန်လကတည်းက စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲနိုင်ခဲ့ရာမှာ အဆင်ပြေခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ ၃.၁ကီလိုမီတာအကွာအဝေးနဲ့ ဘူတာ ၄ရုံသာပြီးစီးပါသေးတယ်။ ရထားကို ဆက်လက်စမ်းသပ်ဦးမှာဖြစ်ပြီး လုံးဝစိတ်ချရတယ်ဆိုရင်တော့ ၂၀၁၈ခုနှစ် အစပိုင်းမှာ Public အနေနဲ့ စတင်ပြေးဆွဲတော့မှာပဲဖြစ်ပါတယ်။

Leave a Reply