ဂြိုဟ်တွေထဲက အကြီးဆုံးဂြိုဟ်ကြီး (သို့) ဂျူပီတာ ရဲ့ ထူးခြားချက်များ

Posted on

ဒီတစ်ခါတော့ ကျွန်တော်တို့ ကြာသပတေးဂြိုဟ်လို့ သိကြတဲ့ ဂျူပီတာဂြိုဟ်ကြီးရဲ့အကြောင်းကို သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတ အဖြစ်မျှဝေလိုက်ပါတယ်။

နေမှလွဲလျှင် ကြာသပတေးဂြိုဟ်သည် ဂြိုဟ်များတွင် အကြီးဆုံး ဖြစ်သည်။ ထိုဂြိုဟ်ကို အနောက်တိုင်း နက္ခတ်ဆိုင်ရာတွင် ဂျူပီတာဟု ခေါ်သည်။ ဂျူပီတာမှာ ရောမဒဏ္ဍာရီထဲမှ နတ်ဘုရား ဇုစ်နတ်မင်းကြီးကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။

ထိုဂြိုဟ်ကြီးသည် ကျွန်ုပ်တို့ကမ္ဘာမှ မိုင်ပေါင်းကုဋေ ၆ဝ ကွာဝေး၍ ထုထည်အားဖြင့် ကမ္ဘာထက် အဆပေါင်း ၁၃ဝဝ ပို၍ ကြီး၏။ သို့ရာတွင် အလေးချိန်အားဖြင့် ၃၁၇ ဆ သာ ပိုသည်။

ထိုဂြိုဟ်မှာ အလွန်ကြီးမားသည့်အတွက် အခြားဂြိုဟ် ၇ လုံးကို ပေါင်းစပ်ထားသော ဒြပ်ထုထက်ပင် ပို၍ ကြီးမားသေးသည်။

ကြာသပတေးဂြိုဟ်သည် ဓာတ်ငွေ့များဖြင့် ပေါင်းစပ်ထားသော ဓာတ်ငွေ့ အစိုင်အခဲကြီးတစ်ခုဖြစ်သည်။

ကြာသပတေးဂြိုဟ်၏ ဂြိုဟ်ရံလပေါင်း (၆၇) စင်းရှိသည်။

လများ၏ နာမည်များကို ဂျူပီတာနတ်မင်းကြီး၏ မိဖုရားနာမည်များကိုပေးထားသည်။

လ ၁၆ စင်းမှာ ကြီးမားသော လများဖြစ်သည်။အကြီးဆုံးဂြိုဟ်ရံလ ၄ လုံးမှာ လို (Io)၊ ယူရိုပါ (Europa)၊ ဂေနီမိဒ်(Ganymede) နှင့် ကယ်လီစတို(Callisto) တို့ဖြစ်ပြီး ဂယ်လီလီယန်လများ (Galilean moons) ဟုခေါ်သည်။

ထိုလများကို အီတလီလူမျိုး အာကာသပညာရှင် ဂယ်လီလီယို ဂယ်လီလီ(Galileo Galilei)က ၁၆၁၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ကြာသပတေးဂြိုဟ်၏ လေထုနှင့် အရွယ်အစားတို့ကြောင့် မြေပြင်ဖိအားမှာ အလွန်ပင်ကြီးမားသည်။

အကယ်၍ အာကာသယာဉ်တစ်စင်းကို ကြာသပတေးဂြိုဟ်သို့ ပို့လွှတ်မည်ဆိုပါက စက္ကန့်ပိုင်းအတွင်းမှာပင် ပျက်စီးသွားနိုင်သည်။

နေအဖွဲ့အစည်းမှာ အကြီးဆုံး လ ကတော့ ဂျူပီတာဂြိုဟ်ရဲ့ဂြိုဟ်ရံလ ဂန်မီဒီ (Ganymede) ဖြစ်သည် ။ အီကွေတာအချင်း ၅၂၆၈ ကီလိုမီတာရှိပြီး မာကျူရီဂြိုဟ် နဲ့ ပလူတိုဂြိုဟ်များထက် ကြီးမားပြီး ကမ္ဘာဂြိုဟ်ရဲ့‘လ’ ထက် သုံးဆ ပိုကြီးသည်။

နာဆာမှ ပြောပြချက်အရဆိုလျှင် ဂန်မီဒီ ကို ဂျူပီတာဂြိုဟ်ကသာ ဆွဲငင်မထားရင် သူ့ကို ဂြိုဟ်တစ်ခု အနေနဲ့တောင် သတ်မှတ်လို့ ရကြောင်း သိရသည်။ ဂန်မီဒီ အတွင်းပိုင်းကို သံမဏိ ကျောက်သားများဖြင့် ဖွဲ့စည်းထားပြီး သံလိုက်စက်ကွင်းများလည်း ပစ်လွှတ်လျှက် ရှိသည်။

၎င်းကိုယ်တွင်းပိုင်းကို ကျောက်သားများဖြင့် ထပ်မံဖုံးအုပ်ထားပြီး အပေါ်မှာတော့ ရေခဲနှင့် ကျောက်ဆောင်များ တည်ရှိနေသည်။

ဟာဘယ် တယ်လီစကုပ်နှင့် ရိုက်ကူးထားသော ပုံများအရ ဂန်မီဒီ မှာ ပါးလွှာပြီး အောက်ဆီဂျင်ပါသော လေထုတစ်ခု ရှိကြောင်းသိရသော်လည်း သက်ရှိတွေ နေနိုင်လောက်တဲ့အထိတော့ အထောက်အကူ မဖြစ်နိုင်ပါချေ။

နေမှ အကွာအဝေး အလိုက် ဂျူပီတာသည် ပဉ္စမမြောက် ဂြိုဟ်ကြီးဖြစ်၍ နေကို ၁၂ နှစ်ခန့်တွင်မှ တစ်ပတ်ပတ်မိအောင် လှည့်လည်ရသည်။

ကြာသပတေးဂြိုဟ်သည် တနင်္ဂနွေဂြိုဟ်ဖြစ်သော နေမှ မိုင်ပေါင်း ၄၈၃၂ဝဝဝဝဝ ကျော်မျှ ကွာဝေးသည်။

ကမ္ဘာနှင့် နေ၏အကွာအဝေး ၅ ဆကျော်မျှ ဖြစ်သည်။

ထိုဂြိုဟ်သည် မိမိဝင်ရိုးပေါ်တွင် အလိုအလျောက် လှည့်ပတ်နေရာ ၉ နာရီ နှင့် မိနစ် ၅ဝ တွင် တစ်ပတ်ပြည်ပြီး လည်ပတ်မှုအမြန်ဆုံးဂြိုဟ်ဖြစ်သည်။

အောက်ကအချက်တွေကတော့ လူအများစုမသိကြတဲ့ ဂျူပီတာဂြိုဟ်ရဲ့ ထူးခြားချက်တွေဖြစ်ပါတယ်။

– ဂျူပီတာဂြိုရှိကြောင်း ပထမဆုံးမှတ်တမ်းတင်ခဲ့သူတွေကတော့ ဘီစီ၇ရာစုဝန်းကျင်က ဘေဘီလုံနက္ခတ်ပညာရှင်တွေဖြစ်ပါတယ်။ – ဂျူပီတာဂြိုဟ်မှ တိမ်တိုက်များသည် အထူ ၅၀ကီလိုမီတာဝန်းကျင် ရှိတတ်ပါတယ်။

– ဗီးနပ်စ်ဂြိုဟ် နှင့် လမှ လွဲလျှင် ဂြိုလ်များအနက် အတောက်ပဆုံးဖြစ်ပါတယ်။ အဝေးကြည့်မှန်ပြောင်းအငယ်စားနဲ့ကြည့်ရင်တောင် ဂျူပီတာဂြိုဟ်ကိုမြင်နိုင်ပါတယ်။

– ကမ္ဘာမြေပေါ်မှာ ပေါင် ၁၀၀ လေးတဲ့ အရာဝထ္ထုဟာ ဂျူပီတာဂြိုဟ်ပေါ်မှာဆိုရင် ၂၆၄ပေါင် လေးပါလိမ့်မယ်။

– ဂျူပီတာဂြိုဟ်ရဲ့ မျက်နှာပြင်အပူချိန်ဟာ အနုတ် ၁၀၈ ဒီဂရီဆဲစီးယပ်ဖြစ်ပါတယ်။

– ဂျူပီတာဂြိုဟ်ရဲ့ သံလိုက်စက်ကွင်းဟာ ကမ္ဘာဂြိုဟ်ရဲ့သံလိုက်စက်ကွင်းထက် အဆ၂၀ ခန့်ပိုပြင်းပါတယ်။

– ဂျူပီတာ မှာ စိန်မိုးရွာလေ့ရှိပါတယ်။ အကြောင်း ကတော့ ဂျူပီတာဂြိုဟ်ပေါ်မှာ ဖြစ်ပွားတဲ့ မိုးကြိုး မုန်တိုင်းများက methane ကို ကာ- ဘွန် အဖြစ် ပြောင်းလဲပေးပြီး အောက်ကို စိန်တုံးအဖြစ် ကျဆင်းစေလို့ဖြစ်ပါတယ်။

– ဂျူပီတာဂြိုဟ်မှာ မြင်ရတဲ့ အနီရောင်အစက်ကြီးကတော့ အလွန်အင်အားပြင်းထန်တဲ့မုန်တိုင်းကြီးဖြစ်ပါတယ်။
ဒီမုန်တိုင်းကြီး အဆက်မပြတ်တိုက်ခတ်နေခဲ့တာဖြစ်ပြီး ပြင်းအား ၁နာရီကို ၂၇၀မိုင်နှုန်းနဲ့ တိုက်ခတ်နေတယ်လို့ ဆိုပါတယ်။

Leave a Reply