ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ကို ပြန်လည်မျှဝေချင်ပါတယ်။
တစ်ခါတုန်းက ဒိသာပါမောက္ခဆရာကြီးဆီမှာ တပည့်တွေ ပညာသင်ကြတယ်၊ အဲဒီဆရာကြီးမှာ အရမ်းချောတယ် သမီးတစ်ယောက် ရှိတယ်ဆိုပါတော့။ သူရဲ့ တပည့်တွေထဲက ၂ ယောက်က သူတို့ဆရာကြီးရဲ့ သမီးကို စိတ်ဝင်စားလို့ သင်ကြားမှုတွေ ပြီးတဲ့အခါမှာ ဖွင့်ပြောကြတယ်။ အဲဒီမှာ သူတို့ဆရာကြီးက တပည့် ၂ ယောက်ကို မန်ကျည်းပင်ပေါက်လေး တစ်ပင်စီ ပေးပြီး စိုက်ခိုင်းပါတယ်။
ဒီလိုနဲ့ တပည့် ၂ ယောက်လုံးက သူတို့အိမ်တွေ ပြန်ရောက်ကြတော့ အပင်ပေါက်လေးတွေကို အိမ်အရှေ့မှာ စိုက်ကြတယ်။ ပြုစုပျိုးထောင်ကြတယ်။ အချိန်ကာလအနည်းငယ်ကြာတဲ့အခါ မန်ကျည်းပင်ကနေ အရွက်နုလေးတွေ ရှိလာတဲ့အခါမှာ ပထမတပည့်တစ်ယောက်က စားချင်စိတ်ကို မအောင့်နိုင်ပဲ နည်းနည်းစားကြည့်ချင်လာတယ်။ ဒါနဲ့ သူက နည်းနည်းခူးပြီး သုပ်စားကြည့်လိုက်တယ်။ တစ်ချိန်တည်းမှာ နောက်တပည့်တစ်ယောက်ကတော့ အပင်ငယ်လေးက အရွက်တွေကို မစားရက်ပဲ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်လို့နေပါတယ်။
ပထမလူငယ်ကတော့ မကြာခဏအရွက်တွေ နည်းနည်းထွက်လာလိုက် ခူးစားလိုက်လုပ်နေတော့ အိမ်နီးချင်းတွေကလည်း လစ်ရင် လစ်သလို လာလာခူးစားကြတယ်။ ဒုတိယလူငယ်ကတော့ သူကိုယ်တိုင်လည်း မစားသလို အဲဒီအချိန်မှာ မန်ကျည်းပင်အတွက် အိမ်နီးချင်းတွေနဲ့ မကြာခဏ ရန်ဖြစ်နေပါပြီ ဖြစ်ပါတယ်။ သူကတော့ မန်ကျည်းရွက်တွေကို သူလည်းမစားသလို အခြားသူတွေကိုလည်း ပေးမစားပါဘူး။
ဒီလိုနဲ့ အချိန်ကာလအတန်ကြာလာတဲ့အခါမှာ ပထမလူငယ်ရဲ့ မန်ကျည်းပင်က ဆက်လက်ရှင်သန်ဖို့ကို အခွင့်အလမ်းမသာတော့ပဲ သေဆုံးသွားခဲ့ပြီး ဒုတိယလူငယ်ရဲ့ မန်ကျည်းပင်ကတော့ စိမ်းစိမ်းစိုစိုနဲ့ အပင်ကြီးတစ်ပင်အရွယ်ကို ရောက်လို့လာပါတယ်။ အဲဒီအခါမှာ အဲဒီလူငယ်က ပတ်ဝန်းကျင်ကို ဖိတ်ခေါ်ပြီး မန်ကျည်းရွက်နုလေးတွေ ဝေပေးရင်း သူအရင်က ခွင့်မပြုခဲ့တာကို ခွင့်လွှတ်ပါရန်နဲ့ အချိန်မတန်ခင် ခူးစားခဲ့ရင် ဒီလိုအပင်ကြီး ဖြစ်မလာနိုင်ကြောင်း အခုလည်း စည်းနဲ့ကမ်းနဲ့ ခူးတန်သလောက်သာ ခူးစားရမည်ဖြစ်ကြောင်း ရှင်းပြပါတယ်။
ဒီလိုနဲ့ ဇာတ်ပေါင်းတော့ သူတို့ဆရာကြီးရဲ့ သမီးလေးကိုပါ ဒုတိယလူငယ်က အိမ်ထောင်ပြုခွင့်ရသွားခဲ့တယ်ဆိုပါစို့။ Delay Gratification ဆိုတာကတော့ စောစောစီးစီး ဇိမ်ခံပစ္စည်းတွေ ဝယ်ဖို့ စဉ်းစားမယ့် အစား Financial Freedom ရတဲ့အထိကိုပဲ Focus လုပ်ဖို့ကို ဆိုလိုပါတယ်။ လူအများစုဟာ ပန်းတိုင်မရောက်ခင် ဇိမ်ခံချင်ကြတယ်။ အဲဒါကြောင့်ကို ပန်းတိုင်နဲ့ လွဲချော်တတ်ကြတယ်။ ကိုယ်အနေအထားတစ်ခုအထိ ခိုင်မာတဲ့ဝင်ငွေမရှိပဲ ကားတွေ၊ ဖုန်းအကောင်းစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေ ဝယ်လို့ရှိရင် အကုန်အကျများတဲ့ခရီးတွေသွားလို့ရှိရင်တော့ ငွေကြေးလွတ်မြောက်မှု (Financial Freedom) ကို လွယ်လွယ်နဲ့ မရနိုင်ပါဘူး။
——-
တချို့တွေ သင့်တော်တဲ့ဝင်ငွေတွေ ၊ လခတွေရတယ်။ ဒါပေမယ့် ဝင်ငွေရလာလိုက် ဝယ်လိုက် သုံးလိုက် ၊ ရလာလိုက် ဝယ်လိုက် သုံးလိုက်နဲ့ နှစ်ပေါင်းများစွာကြာတဲ့အထိ ဒုံရင်းက မတက်တာကို မြင်ဖူးကြမှာပါ။
တချို့ကြတော့ ရလာတဲ့ ဝင်ငွေတွေ ၊ လခတွေထဲက သုံးသင့်သလောက်ပဲသုံးပြီး ခြိုးခြံတယ်။ ကျန်တာကို စုတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အခါစုထားတဲ့ငွေ က များပြားလာပြီး ကိုယ့်ရဲ့ကြိုးစားမှုနဲ့ပေါင်းစပ်ပြီး အလုပ်လုပ်တဲ့အခါ ချမ်းသာသွားတယ်။ ငွေကြေးလွတ်မြောက်မှုကနေ လွတ်သွားတယ်
အဲဒီတော့ ပထမလူလို ရရင်း စားရင်း သုံးရင်း ဒုံရင်းဘဝမှာပဲနေမလား..
ဒုတိယလူလို သုံးသင့်သလောက်သုံးရင်း ကြိုးစားပြီး အမြင့်ကိုတက်မလား..
မိတ်ဆွေ ဘာကို ရွေးမလဲ..
ဆရာ Naing Win Aung – Executive Coach ရဲ့ပိုစ့်ကို အနည်းငယ်ထပ်ပြီး ဖြည့်ရင်း ပြန်လည်ဝေမျှပါတယ်
oach ရဲ့ပိုစ့်ကို အနည်းငယ်ထပ်ပြီး ဖြည့်ရင်း ပြန်လည်ဝေမျှပါတယ်
Discussion about this post