မ်ဳိးတုံးခဲ့တဲ့ အေမႊးရွည္ဆင္ႀကီး ေတြအေၾကာင္း

Posted on

သမုိင္းမစတင္မီေခတ္က သတၱ၀ါလုိ႔ ဆုိလုိက္ရင္ ကြ်န္ေတာ္တုိ႔အမ်ားဆုံးသိၾကတာကေတာ့ ဒုိင္ႏုိေဆာပါ။ အဲဒီေနာက္ေတာ့ အေမႊးရွည္ဆင္ႀကီး (Woolly mammoth) ေတြပါ။ ယခုေခတ္ဆင္ေတြမွာ အေမႊးအမွ်င္ေတြမရွိေတာ့ေပမယ့္ တစ္ခ်ိန္ကေတာ့ ကမာၻမွာ အေမႊးရွည္ဆင္ႀကီးေတြရွိခဲ့ဖူးပါတယ္။ အေမႊးရွည္ဆင္ႀကီးေတြအေၾကာင္းကို သိခ်င္ေနတဲ့ သုတဇုန္ရဲ႕မိတ္ေဆြမ်ားအတြက္ ျပန္လည္ေ၀မွ်လုိက္ပါတယ္။
အေမႊးရွည္ဆင္ႀကီးအမ်ားစုကေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁ေသာင္း၀န္းက်င္ေလာက္တည္းက ေသဆုံးခဲ့ၾကပါတယ္။ ဒါေပမယ့္ အေကာင္ ၅၀၀ ကေန ၁၀၀၀ အတြင္းကေတာ့ ဘီစီ ၂၅၀၀ ၀န္းက်င္အထိ အာတိတ္ေဒသက Wrangel ကြ်န္းမွာ ရွိခဲ့ၿပီးေနာက္မွ မ်ဳိးတုံးေပ်ာက္ကြယ္ခဲ့တာပဲျဖစ္ပါတယ္။ မ်ဳိးတုံးခဲ့ရတဲ့အေၾကာင္းကေတာ့ ျပင္းထန္တဲ့ရာသီဥတုေျပာင္းလဲမႈေတြနဲ႔ လူေတြရဲ႕အမဲလုိက္ျခင္းေၾကာင့္ျဖစ္ပါတယ္။ သူတုိ႔ေတြရွိခဲ့မွန္းသိခဲ့ရတဲ့အေၾကာင္းအရင္းကေတာ့ အေမႊးရွည္ဆင္ႀကီးေတြရဲ႕ မ်ားျပားလွစြာေသာ ေက်ာက္ျဖစ္ရုပ္ၾကြင္းေတြေၾကာင့္ျဖစ္ပါတယ္။

အေမႊးရွည္ဆင္ႀကီးေတြရဲ႕ အရြယ္အစားဟာ အရွည္အားျဖင့္ ၉ေပကေန ၁၁ေပခန္႔အထိရွိၿပီး အေလးခ်ိန္ကေတာ့ ၅တန္ ကေန ၇တန္ ၀န္းက်င္ရွိပါတယ္။ အာရွဆင္ေတြဟာ အေမႊးရွည္ဆင္ႀကီးေတြရဲ႕ အနီးစပ္ဆုံးမ်ဳိးဆက္ေတြလုိ႔ ဆုိႏုိင္ပါတယ္။ အေမႊးရွည္ဆင္ႀကီးေတြမွာ ၾကမ္းတမ္းရွည္လားတဲ့အေမႊးေတြရွိၿပီး အေရာင္ကေတာ့ အညဳိေဖ်ာ့ေရာင္ (သုိ႔) အနက္ေရာင္ျဖစ္ပါတယ္။ အေမႊးေတြေအာက္မွာေတာ့ ၄လက္မခန္႔ထူတဲ့ အဆီျပင္ရွိပါတယ္။ ဒါဟာ အလြန္အမင္းေအးခဲတဲ့ေဒသမွာ ေနထုိင္ေစဖုိ႔အတြက္ အကူအညီေပးပါတယ္။

ဦးေခါင္းနဲ႔ ခႏၶာကုိယ္ေတြဟာ အလြန္ႀကီးမားေပမယ့္ နားေတြဟာ အလြန္ေသးငယ္ပါတယ္။ ပုံမွန္ဆင္ေတြထက္ တုိတဲ့အၿမီးလည္းရွိပါတယ္။ ေက်ာကုန္းေပၚမွာေတာ့ အလြန္ႀကီးမားတဲ့ အဖု(ဘုိ႔) ႀကီးေတြရွိပါတယ္။ ႀကီးမား ေကြးေကာက္ၿပီးေတာ့ အခ်ဳိးအစားမညီတဲ့ ဆင္စြယ္ေတြပါရွိပါတယ္။ ဆင္စြယ္ေတြဟာ အလြန္ရွည္လ်ားၿပီး ၁၀ေပကေန ၁၅ေပ ခန္႔အထိ ရွိတတ္ပါတယ္။ ဆင္စြယ္ေတြကုိ တုိက္ခိုက္ဖုိ႔အတြက္ သုံးၿပီး သူတုိ႔ကုိ အဓိကရန္ျပဳေလ့ရွိတဲ့အေကာင္ေတြကေတာ့ ၀ံပုေလြ ၊ ေတာေၾကာင္ နဲ႔ ေခြးအေတြပဲျဖစ္ပါတယ္။

အေမႊးရွည္ဆင္ႀကီးေတြရဲ႕ ဆင္စြယ္ကိုၾကည့္ၿပီးေတာ့ အဲဒီဆင္ရဲ႕အသက္ကုိ ဆုံးျဖတ္ႏုိင္ပါတယ္။ ဆင္စြယ္ေပၚမွာ ကန္႔လန္႔ျဖတ္ျဖစ္ေနတဲ့ အေရးအေၾကာင္း အရစ္ေတြကို ၾကည့္ၿပီးဆုံးျဖတ္ျခင္းျဖစ္ပါတယ္။ အေမႊးရွည္ဆင္ႀကီးေတြဟာ သစ္ရြက္ ၊ သစ္သီး ၊ ဘယ္ရီသီး ၊ အခြံမာသီး နဲ႔သစ္ကိုင္းငယ္ေတြကိုသာ စားေသာက္ေလ့ရွိပါတယ္။ အေမႊးရွည္ဆင္ႀကီးေတြဟာ အုပ္စုလုိက္ေနထုိင္ ၊ ခရီးသြားေလ့ရွိၿပီး ေခါင္းေဆာင္ကေတာ့ အသက္အႀကီးဆုံးဆင္မျဖစ္ပါတယ္။

အေမႊးရွည္ဆင္ႀကီးေတြရဲ႕ ပ်မ္းမွ်အသက္ဟာ ႏွစ္ေပါင္း ၆၀ ျဖစ္ပါတယ္။ ပထမဆုံး အျပည့္အစုံၾကြင္းက်န္တဲ့ အေမႊးရွည္ဆင္ႀကီးရဲ႕ အရုိးစုကုိ ၁၇၉၉ခုႏွစ္က ဂ်ာမန္သဘာ၀ေလ့လာေရးပညာရွင္ Gottlieb Tilesius von Tilenau က ရွာေတြ႔ခဲ့တာပဲျဖစ္ပါတယ္။ ယေန႔ဆင္စြယ္ေရာင္း၀ယ္ျခင္းကို ပိတ္ပင္ထားေပမယ့္ အေမႊးရွည္ဆင္ႀကီးေတြရဲ႕ ဆင္စြယ္ေတြကိုေတာ့ တရား၀င္ေရာင္းခ်ႏုိင္ပါတယ္။ ေစ်းႏႈန္းကေတာ့ ၁ေပါင္ကို ေဒၚလာ ၄၀၀ ခန္႔ရွိပါတယ္။ ဆင္မုဆုိးေတြရဲ႕ ေစ်းကြက္မွာေတာ့ အေမႊးရွည္ဆင္အစြယ္ဟာ အလြန္ေက်ာ္ၾကားပါတယ္။

ေက်ာက္ေခတ္မွာ ပန္းခ်ီဆြဲခဲ့တဲ့သူေတြဟာ အေမႊးရွည္ဆင္ႀကီးေတြရဲ႕ပုံေတြကုိ အမ်ားဆုံးဆြဲေလ့ရွိပါတယ္။ ျပင္သစ္က Rouffignac ဂူတစ္ခုတည္းမွာတင္ အေမႊးရွည္ဆင္ႀကီးေတြရဲ႕ပုံေပါင္း ၁၅၈ပုံ ရွိပါတယ္။ အဲဒီေခတ္မွာရွိတဲ့ ေရွးဦးလူသားေတြအတြက္ေတာ့ အေမႊးရွည္ဆင္ႀကီးေတြဟာ အလြန္အေရးႀကီးပါတယ္။ အမဲလုိက္ၿပီးတဲ့ေနာက္ အသားကို အစားအစာအျဖစ္အသုံးျပဳၿပီး ၊ အရုိးနဲ႔ ဆင္စြယ္ေတြကိုေတာ့ လက္လုပ္တူရိယာ ၊ အႏုပညာ ၊ လက္နက္ ၊ အိမ္အသုံးအေဆာင္ နဲ႔ တဲအိမ္ေတြေဆာက္လုပ္တဲ့ေနရာ ေတြမွာသုံးခဲ့ၾကပါတယ္။ အေမရိကန္ သဘာ၀သမုိင္းျပတုိက္မွာေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၁၀၀၀ ၀န္းက်င္က အသက္ရွင္ေနထုိင္ခဲ့တဲ့ အေမႊးရွည္ဆင္ႀကီးတစ္ေကာင္ရဲ႕ အရုိးကိုျပသထားပါတယ္။ ေတြ႔ရွိခဲ့တဲ့ေနရာကေတာ့ အင္ဒီယားနားျပည္နယ္က ျဖစ္ပါတယ္။


မျိုးတုံးခဲ့တဲ့ အမွှေးရှည်ဆင်ကြီး တွေအကြောင်း (unicode)

သမိုင်းမစတင်မီခေတ်က သတ္တဝါလို့ ဆိုလိုက်ရင် ကျွန်တော်တို့အများဆုံးသိကြတာကတော့ ဒိုင်နိုဆောပါ။ အဲဒီနောက်တော့ အမွှေးရှည်ဆင်ကြီး (Woolly mammoth) တွေပါ။ ယခုခေတ်ဆင်တွေမှာ အမွှေးအမျှင်တွေမရှိတော့ပေမယ့် တစ်ချိန်ကတော့ ကမ္ဘာမှာ အမွှေးရှည်ဆင်ကြီးတွေရှိခဲ့ဖူးပါတယ်။ အမွှေးရှည်ဆင်ကြီးတွေအကြောင်းကို သိချင်နေတဲ့ သုတဇုန်ရဲ့မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။

အမွှေးရှည်ဆင်ကြီးအများစုကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁သောင်းဝန်းကျင်လောက်တည်းက သေဆုံးခဲ့ကြပါတယ်။ ဒါပေမယ့် အကောင် ၅၀၀ ကနေ ၁၀၀၀ အတွင်းကတော့ ဘီစီ ၂၅၀၀ ဝန်းကျင်အထိ အာတိတ်ဒေသက Wrangel ကျွန်းမှာ ရှိခဲ့ပြီးနောက်မှ မျိုးတုံးပျောက်ကွယ်ခဲ့တာပဲဖြစ်ပါတယ်။ မျိုးတုံးခဲ့ရတဲ့အကြောင်းကတော့ ပြင်းထန်တဲ့ရာသီဥတုပြောင်းလဲမှုတွေနဲ့ လူတွေရဲ့အမဲလိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ သူတို့တွေရှိခဲ့မှန်းသိခဲ့ရတဲ့အကြောင်းအရင်းကတော့ အမွှေးရှည်ဆင်ကြီးတွေရဲ့ များပြားလှစွာသော ကျောက်ဖြစ်ရုပ်ကြွင်းတွေကြောင့်ဖြစ်ပါတယ်။

အမွှေးရှည်ဆင်ကြီးတွေရဲ့ အရွယ်အစားဟာ အရှည်အားဖြင့် ၉ပေကနေ ၁၁ပေခန့်အထိရှိပြီး အလေးချိန်ကတော့ ၅တန် ကနေ ၇တန် ဝန်းကျင်ရှိပါတယ်။ အာရှဆင်တွေဟာ အမွှေးရှည်ဆင်ကြီးတွေရဲ့ အနီးစပ်ဆုံးမျိုးဆက်တွေလို့ ဆိုနိုင်ပါတယ်။ အမွှေးရှည်ဆင်ကြီးတွေမှာ ကြမ်းတမ်းရှည်လားတဲ့အမွှေးတွေရှိပြီး အရောင်ကတော့ အညိုဖျော့ရောင် (သို့) အနက်ရောင်ဖြစ်ပါတယ်။ အမွှေးတွေအောက်မှာတော့ ၄လက်မခန့်ထူတဲ့ အဆီပြင်ရှိပါတယ်။ ဒါဟာ အလွန်အမင်းအေးခဲတဲ့ဒေသမှာ နေထိုင်စေဖို့အတွက် အကူအညီပေးပါတယ်။ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေဟာ အလွန်ကြီးမားပေမယ့် နားတွေဟာ အလွန်သေးငယ်ပါတယ်။ ပုံမှန်ဆင်တွေထက် တိုတဲ့အမြီးလည်းရှိပါတယ်။ ကျောကုန်းပေါ်မှာတော့ အလွန်ကြီးမားတဲ့ အဖု(ဘို့) ကြီးတွေရှိပါတယ်။

ကြီးမား ကွေးကောက်ပြီးတော့ အချိုးအစားမညီတဲ့ ဆင်စွယ်တွေပါရှိပါတယ်။ ဆင်စွယ်တွေဟာ အလွန်ရှည်လျားပြီး ၁၀ပေကနေ ၁၅ပေ ခန့်အထိ ရှိတတ်ပါတယ်။ ဆင်စွယ်တွေကို တိုက်ခိုက်ဖို့အတွက် သုံးပြီး သူတို့ကို အဓိကရန်ပြုလေ့ရှိတဲ့အကောင်တွေကတော့ ဝံပုလွေ ၊ တောကြောင် နဲ့ ခွေးအတွေပဲဖြစ်ပါတယ်။ အမွှေးရှည်ဆင်ကြီးတွေရဲ့ ဆင်စွယ်ကိုကြည့်ပြီးတော့ အဲဒီဆင်ရဲ့အသက်ကို ဆုံးဖြတ်နိုင်ပါတယ်။ ဆင်စွယ်ပေါ်မှာ ကန့်လန့်ဖြတ်ဖြစ်နေတဲ့ အရေးအကြောင်း အရစ်တွေကို ကြည့်ပြီးဆုံးဖြတ်ခြင်းဖြစ်ပါတယ်။ အမွှေးရှည်ဆင်ကြီးတွေဟာ သစ်ရွက် ၊ သစ်သီး ၊ ဘယ်ရီသီး ၊ အခွံမာသီး နဲ့သစ်ကိုင်းငယ်တွေကိုသာ စားသောက်လေ့ရှိပါတယ်။ အမွှေးရှည်ဆင်ကြီးတွေဟာ အုပ်စုလိုက်နေထိုင် ၊ ခရီးသွားလေ့ရှိပြီး ခေါင်းဆောင်ကတော့ အသက်အကြီးဆုံးဆင်မဖြစ်ပါတယ်။

အမွှေးရှည်ဆင်ကြီးတွေရဲ့ ပျမ်းမျှအသက်ဟာ နှစ်ပေါင်း ၆၀ ဖြစ်ပါတယ်။ ပထမဆုံး အပြည့်အစုံကြွင်းကျန်တဲ့ အမွှေးရှည်ဆင်ကြီးရဲ့ အရိုးစုကို ၁၇၉၉ခုနှစ်က ဂျာမန်သဘာ၀လေ့လာရေးပညာရှင် Gottlieb Tilesius von Tilenau က ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။ယနေ့ဆင်စွယ်ရောင်းဝယ်ခြင်းကို ပိတ်ပင်ထားပေမယ့် အမွှေးရှည်ဆင်ကြီးတွေရဲ့ ဆင်စွယ်တွေကိုတော့ တရားဝင်ရောင်းချနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၁ပေါင်ကို ဒေါ်လာ ၄၀၀ ခန့်ရှိပါတယ်။ ဆင်မုဆိုးတွေရဲ့ ဈေးကွက်မှာတော့ အမွှေးရှည်ဆင်အစွယ်ဟာ အလွန်ကျော်ကြားပါတယ်။

ကျောက်ခေတ်မှာ ပန်းချီဆွဲခဲ့တဲ့သူတွေဟာ အမွှေးရှည်ဆင်ကြီးတွေရဲ့ပုံတွေကို အများဆုံးဆွဲလေ့ရှိပါတယ်။ ပြင်သစ်က Rouffignac ဂူတစ်ခုတည်းမှာတင် အမွှေးရှည်ဆင်ကြီးတွေရဲ့ပုံပေါင်း ၁၅၈ပုံ ရှိပါတယ်။ အဲဒီခေတ်မှာရှိတဲ့ ရှေးဦးလူသားတွေအတွက်တော့ အမွှေးရှည်ဆင်ကြီးတွေဟာ အလွန်အရေးကြီးပါတယ်။ အမဲလိုက်ပြီးတဲ့နောက် အသားကို အစားအစာအဖြစ်အသုံးပြုပြီး ၊ အရိုးနဲ့ ဆင်စွယ်တွေကိုတော့ လက်လုပ်တူရိယာ ၊ အနုပညာ ၊ လက်နက် ၊ အိမ်အသုံးအဆောင် နဲ့ တဲအိမ်တွေဆောက်လုပ်တဲ့နေရာ တွေမှာသုံးခဲ့ကြပါတယ်။ အမေရိကန် သဘာဝသမိုင်းပြတိုက်မှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၀၀၀ ဝန်းကျင်က အသက်ရှင်နေထိုင်ခဲ့တဲ့ အမွှေးရှည်ဆင်ကြီးတစ်ကောင်ရဲ့ အရိုးကိုပြသထားပါတယ်။ တွေ့ရှိခဲ့တဲ့နေရာကတော့ အင်ဒီယားနားပြည်နယ်က ဖြစ်ပါတယ်။

Leave a Reply